ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, February 5, 2017

အမ်ားလန္႕တဲ႕ ေဒၚနယ္ထရမ္႕

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )


.
" ခင္မ်ားတို႕စက္ရံုေတြ အေမရိကန္ေျမေပၚမွာေဆာက္ရင္ေဆာက္၊ အိမ္နီးနားခ်င္းႏုိင္ငံမွာသြားေဆာက္ရင္ နယ္ျဖတ္ခအခြန္ၾကီးၾကီးမားမားေဆာင္ " လို႕ေျပာလုိက္တဲ႕ ေရြးေကာက္ခံသမၼတေဒၚနယ္ထရမ္႕ရဲ႕ေဟာက္စားမႈဟာ ေထာက္တံရွည္ထီးတစ္ေခ်ာင္းလို စီးပြားေရးမိုးယုိေပါက္ေတြအားလံုးကို လံုေအာင္ေဆာင္းေပးဖို႕မျဖစ္ႏုိင္ပါဘူး။
.
အထူးသျဖင္႕ အစုိးရအကူအညီယူရခဲ႕ရတဲ႕အေမရိကန္ကားကုမၼဏီေတြရွိခဲ႕သလို ႏုိင္ငံတကာမွာ သံထည္အထူစားနဲ႕အေမရိကန္ကားေတြေရာင္းခ်ရမႈက်ဆင္းခဲ႕တာေၾကာင္႕ သမၼတက စီးပြားေရးလုပ္ျပီးေစ်းဝင္ေရာင္းမွာလား? ႏုိင္ငံတကာနဲ႕တည္႕ေအာင္ေပါင္းျပီး အေမရိကားကိုေနာက္တစ္ေခါက္ၾကီးျမတ္ေအာင္လုပ္မွာလား? ဆိုတာ ႏိုင္ငံမ်ားစြာကေမးေနၾကပါျပီ။
.
.
လက္ရွိသမၼတဘရက္အိုဘားမားဟာ ေနာက္လူကိုမၾကိဳက္ေပမယ္႕ ဒီမိုကေရစီစံႏႈန္းအရ မဲႏိုင္သူကို အာဏာဆုပ္ကုိင္ခြင္႕လႊဲေျပာင္းေပးရမွာျဖစ္ပါတယ္။ သုိ႕ေပမယ္႕ " အေမရိကန္သမၼတအလုပ္ဆိုတာ ေငြသန္းေပါင္းမ်ားစြာလည္ပတ္ေနတဲ႕ကုမၸဏီေတြကိုစီမံရသလိုလြယ္ကူတဲ႕အလုပ္မဟုတ္ဘူး " လို႕ သတိေပးတာကိုနားေထာင္ၾကည္႕ရင္ စိတ္မခ်ႏုိင္ပဲ ေနာက္လွည္႕တစ္ၾကည္႕ၾကည္႕ျဖစ္ေနတာသိသာပါတယ္။


.
အမွန္တကယ္စဥ္းစားၾကည္႕ရင္ ေဒၚနယ္ထရမ္႕မွာ လူအရမ္းသိတဲ႕ပစ္ခ်က္ေတြရွိေပမယ္႕ လူသိပ္မသိတဲ႕သူ႕ရဲ႕ပင္ကုိယ္စြမ္းရည္ေတြနဲ႕ မားကက္တင္းပညာေတြက သူ႕ကုိအေမရိကန္ရဲ႕အျမင္႕ဆံုးႏုိင္ငံေရးေခါင္းေဆာင္မႈဆီကုိ တိတ္တိတ္ေလးပို႕ေဆာင္ေပးခဲ႔တယ္လို႕ေျပာရင္ ျငင္းႏုိင္တဲ႕သူရွားပါလိမ္႕မယ္။
.
.
ေဒၚနယ္ထရမ္႕ဟာ ျပိဳက္ဘက္က မီဒီယာေတြကုိသူတုိ႕ကင္ပိန္းအေၾကာင္းေၾကာ္ျငာဝင္ေပးဖို႕ ေဒၚလာေသာက္ေသာက္လဲေပးေနရတဲ႕အခ်ိန္ သူက လူေတြခံရခက္တဲ႕စကားတစ္ခြန္းေျပာလုိက္တာနဲ႕ ကင္မရာမင္းေတြသူ႕ဘက္ကိုအခမဲ႕ေၾကာ္ျငာေပးသလိုျဖစ္ေအာင္ " မီဒီယာလမ္းၾကံဳ " လုိက္ႏုိင္ခဲ႕တယ္။
.
အခုလည္း ရင္းႏွီးျမဳပ္ႏွံမႈၾကီးျပီး အေမရိကန္ေတြဗိုလ္က်လုိ႕မရတဲ႕ကားေလာကကိုပစ္မွတ္ထားျပီး နယူးေယာက္မွာသတင္းေထာက္ေတြကိုေမးခဲ႕တယ္ " အေမရိကားမွာ ဘာလို႕ ဂ်ာမန္လုပ္ကားေတြမ်ားေနျပီး ဂ်ာမဏီမွာ အေမရိကန္ကားေတြဘာလို႕နည္းေနရတာလဲ " ဆုိပဲ..။
.
.
ဒါက တစ္ဖက္လွည္႕နဲ႕ ဒုိင္မလာ - Daimler နဲ႕ BMW တုိ႕ကုိေစာင္းေျပာလိုက္တာျဖစ္သလို အေမရိကန္ႏုိ္င္ငံျပင္ပမွာစက္ရံုထပ္တည္ရင္ တင္သြင္းခြန္ကုိ ( ၃၅ % ) အထိျမွင္႕ပစ္လိုက္မယ္လုိ႕ တည္႕တည္႕ေျပာခဲ႕တယ္။ သူ႕ရည္ရြယ္ခ်က္က အေမရိကန္ေတြအလုပ္အကိုင္ပိုရဖို႕ စက္ရံုေတြျပည္တြင္းျပန္ဝင္ေအာင္ ေရြးေကာက္ပြဲတုန္းကနည္းအတိုင္း " စီးပြားေရးလမ္းၾကံဳလိုက္တယ္ " ဆိုတာကို ျမင္ေအာင္ၾကည္႕ရပါမယ္။
.
ဒီစကားကို " အေမရိကန္ကားလုပ္ငန္းဟာ အေျခအေနဆိုးလာရံုမက အားကလည္းနည္း ေစ်းကလည္းၾကီး " ဆုိတဲ႕မွတ္ခ်က္နဲ႕ ဂ်ာမန္ကုန္သြယ္ေရးဝန္ၾကီးက ျပန္ပက္တယ္။ တစ္ဆက္တည္း " အေမရိကားဟာ ပုိေကာင္းတဲ႕ကားေတြဆင္တတ္ဖို႕လိုအပ္ေနျပီ " ဆုိျပီး အပုိင္ေျပာခ်လုိက္ပါတယ္။
.
.
ဒါေလာက္ေလးနဲ႕ေတာ႕ ေအာက္ေျခကေနတက္လာတဲ႕ မစၥတာေဒၚနယ္ထရမ္႕နာဖို႕မရွိပါဘူး .. ျဖံဳေတာင္ျဖံဳမွာမဟုတ္ဘူး။ ဒီယံုျမင္လုိ႕ဒီခ်ံဳထြင္တဲ႕စီးပြားေရးသမားပါ။ အေမရိကတိုက္ဟာ ကမၻာမွာဥေရာပထုတ္ကားေတြကိုအမ်ားဆံုးတင္သြင္းတဲ႕ႏိုင္ငံပါ။ ေျပာရရင္ ျပည္တြင္းမွာလည္း ဥေရာပကားအုပ္စုၾကီးရဲ႕ရွိႏွင္႕ျပီးသားရင္းႏွီးျမႈပ္ႏွံမႈက နည္းနည္းေနာေနာမဟုတ္ဘူး။ ဒါေတြအားလံုး အိပ္ကပ္ထဲေရာက္ျပီးသားေတြပါ
.
သမိုင္းကုိျပန္ၾကည္႕ရင္ သမၼတေရာ္နယ္ေရဂင္ ( ကြယ္လြန္ ) လက္ထက္ အေမရိကန္နဲ႕ဂ်ပန္ကုန္သြယ္ေရးမညီမွ်မႈကိုေျဖေလ်ာ႕ေပးခဲ႕တာကစျပီး သမၼတေဂ်ာ႕ဘုတ္လက္ထက္မွာဂ်ပန္ကားကုမၸဏီေတြ မ်က္ႏွာလုပ္ေစ်းကြက္ခ်ဲ႕ျပလို႕ အေမရိကန္ႏိုင္ငံထဲမွာစက္ရံုေတြဝင္တည္လာတယ္။ ေငြမ်ားတဲ႕လုပ္ငန္းျဖစ္လို႕ ယန္းေငြနဲ႕ေဒၚလာမွ်ေျခကို ျမန္ျမန္ဆန္ဆန္ရွာေဖြႏုိင္ခဲ႕တယ္။
.
.
တစ္ကယ္ေတာ႕ ေစ်းကြက္က အေမရိကန္ေတြရဲ႕စကားကုိနားမေထာင္ခဲ႕တာ ( ၁၉၈ဝ ) ခုႏွစ္ကတည္းကပါ။ တစ္ဘက္မွာ ဂ်ပန္နဲ႕ကုန္သြယ္ေနရသလို တစ္ဘက္မွာ ရွရွားနဲ႕ ႏ်ဴကလီးယားကိစၥေထြျပားေနတယ္။ ဒီအေျခအေနကိုအခြင္႕ေကာင္းယူစီးပြားရွာခဲ႕တာက တရုတ္ႏုိင္ငံပါ။ ကားေတြကို " အေမရိကားမွာတပ္ဆင္သည္ - Made in U.S.A " လို႕သာေျပာတာ ကားတစ္စီးျဖစ္တည္ဖို႕ပါဝင္အစိတ္အပိုင္း - Part မ်ားစြာကို တရုတ္ျပည္ကေန ေစ်းၾကီးၾကီးေပးျပန္ဝယ္ေနရတယ္။ အခုလက္ရွိထိကိုပဲ ကားအပိုပစၥည္းေတြရဲ႕ထုတ္လုပ္မႈကို တရုတ္လက္ထဲက ဆြဲမထုတ္ႏုိင္ေသးပါဘူး။
.
ဒီအခ်ိန္မွာ ကမၻာၾကီးက အေမရိကားကိုေမးခြန္းတစ္ခုေမးေနတယ္။ ဒါနဲ႕အတူ အေမရိကားနဲ႕ဆုိင္သူေရာ၊ မဆုိင္သူေတြပါ ျပိဳင္တူေျဖေပးရမယ္႕ေမးခြန္းတစ္ခု ရွိေနတယ္။ အဲဒါကေတာ႕ " အေမရိကားကို ႏုိင္ငံေရးအေျခခံျပီးစီးပြားေရးတည္ေဆာက္မလား ? ဒါမွမဟုတ္ စီးပြားေရးအေျခခံျပီး ႏိုင္ငံေကာင္းေအာင္လုပ္မလား ? " ဆုိတာပါပဲ..။ ေရြးေကာက္ခံ ေဒၚနယ္ထရမ္႕အေနနဲ႕ " ႏုိင္ငံေရးလမ္းၾကံဳလိုက္မလိုက္ " ဆုိတာကုိေတာ႕ သူ အိမ္္ျဖဴေတာ္မွာ သမၼတက်မ္းက်ိန္ျပီးမၾကာခင္အားလံုးျမင္ေတြ႕ရပါလိမ္႕မယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
01-17-2017
.
မွတ္ခ်က္။ ။ ဖတ္မိသမွ်ႏွင္႕အေတြ႕အၾကံဳမ်ားအားလံုးေရာၾကိတ္ေမႊေႏွာက္အကုန္ထည္႕ေရးသည္။
.
.
.
Unicode Version:
.
.
ွ" အများလန့်တဲ့ ဒေါ်နယ်ထရမ့် "
.
" ခင်များတို့စက်ရုံတွေ အမေရိကန်မြေပေါ်မှာဆောက်ရင်ဆောက်၊ အိမ်နီးနားချင်းနိုင်ငံမှာသွားဆောက်ရင် နယ်ဖြတ်ခအခွန်ကြီးကြီးမားမားဆောင် " လို့ပြောလိုက်တဲ့ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့ဟောက်စားမှုဟာ ထောက်တံရှည်ထီးတစ်ချောင်းလို စီးပွားရေးမိုးယိုပေါက်တွေအားလုံးကို လုံအောင်ဆောင်းပေးဖို့မဖြစ်နိုင်ပါဘူး။
.
အထူးသဖြင့် အစိုးရအကူအညီယူရခဲ့ရတဲ့အမေရိကန်ကားကုမ္မဏီတွေရှိခဲ့သလို နိုင်ငံတကာမှာ သံထည်အထူစားနဲ့အမေရိကန်ကားတွေရောင်းချရမှုကျဆင်းခဲ့တာကြောင့် သမ္မတက စီးပွားရေးလုပ်ပြီးစျေးဝင်ရောင်းမှာလား? နိုင်ငံတကာနဲ့တည့်အောင်ပေါင်းပြီး အမေရိကားကိုနောက်တစ်ခေါေက်ကြီးမြတ်အောင်လုပ်မှာလား? ဆိုတာ နိုင်ငံများစွာကမေးနေကြပါပြီ။
.
.
လက်ရှိသမ္မတဘရက်အိုဘားမားဟာ နောက်လူကိုမကြိုက်ပေမယ့် ဒီမိုကရေစီစံနှုန်းအရ မဲနိုင်သူကို အာဏာဆုပ်ကိုင်ခွင့်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ သို့ပေမယ့် " အမေရိကန်သမ္မတအလုပ်ဆိုတာ ငွေသန်းပေါင်းများစွာလည်ပတ်နေတဲ့ကုမ္ပဏီတွေကိုစီမံရသလိုလွယ်ကူတဲ့အလုပ်မဟုတ်ဘူး " လို့ သတိပေးတာကိုနားထောင်ကြည့်ရင် စိတ်မချနိုင်ပဲ နောက်လှည့်တစ်ကြည့်ကြည့်ဖြစ်နေတာသိသာပါတယ်။
.
အမှန်တကယ်စဉ်းစားကြည့်ရင် ဒေါ်နယ်ထရမ့်မှာ လူအရမ်းသိတဲ့ပစ်ချက်တွေရှိပေမယ့် လူသိပ်မသိတဲ့သူ့ရဲ့ပင်ကိုယ်စွမ်းရည်တွေနဲ့ မားကက်တင်းပညာတွေက သူ့ကိုအမေရိကန်ရဲ့အမြင့်ဆုံးနိုင်ငံရေးခေါင်းဆောင်မှုဆီကို တိတ်တိတ်လေးပို့ဆောင်ပေးခဲ့တယ်လို့ပြောရင် ငြင်းနိုင်တဲ့သူရှားပါလိမ့်မယ်။
.
.
ဒေါ်နယ်ထရမ့်ဟာ ပြိုက်ဘက်က မီဒီယာတွေကိုသူတို့ကင်ပိန်းအကြောင်းကြော်ငြာဝင်ပေးဖို့ ဒေါ်လာသောက်သောက်လဲပေးနေရတဲ့အချိန် သူက လူတွေခံရခက်တဲ့စကားတစ်ခွန်းပြောလိုက်တာနဲ့ ကင်မရာမင်းတွေသူ့ဘက်ကိုအခမဲ့ကြော်ငြာပေးသလိုဖြစ်အောင် " မီဒီယာလမ်းကြုံ " လိုက်နိုင်ခဲ့တယ်။
.
အခုလည်း ရင်းနှီးမြုပ်နှံမှုကြီးပြီး အမေရိကန်တွေဗိုလ်ကျလို့မရတဲ့ကားလောကကိုပစ်မှတ်ထားပြီး နယူးယောက်မှာသတင်းထောက်တွေကိုမေးခဲ့တယ် " အမေရိကားမှာ ဘာလို့ ဂျာမန်လုပ်ကားတွေများနေပြီး ဂျာမဏီမှာ အမေရိကန်ကားတွေဘာလို့နည်းနေရတာလဲ " ဆိုပဲ..။
.
.
ဒါက တစ်ဖက်လှည့်နဲ့ ဒိုင်မလာ - Daimler နဲ့ BMW တို့ကိုစောင်းပြောလိုက်တာဖြစ်သလို အမေရိကန်နို်င်ငံပြင်ပမှာစက်ရုံထပ်တည်ရင် တင်သွင်းခွန်ကို ( ၃၅ % ) အထိမြှင့်ပစ်လိုက်မယ်လို့ တည့်တည့်ပြောခဲ့တယ်။ သူ့ရည်ရွယ်ချက်က အမေရိကန်တွေအလုပ်အကိုင်ပိုရဖို့ စက်ရုံတွေပြည်တွင်းပြန်ဝင်အောင် ရွေးကောက်ပွဲတုန်းကနည်းအတိုင်း " စီးပွားရေးလမ်းကြုံလိုက်တယ် " ဆိုတာကို မြင်အောင်ကြည့်ရပါမယ်။
.
ဒီစကားကို " အမေရိကန်ကားလုပ်ငန်းဟာ အခြေအနေဆိုးလာရုံမက အားကလည်းနည်း စျေးကလည်းကြီး " ဆိုတဲ့မှတ်ချက်နဲ့ ဂျာမန်ကုန်သွယ်ရေးဝန်ကြီးက ပြန်ပက်တယ်။ တစ်ဆက်တည်း " အမေရိကားဟာ ပိုကောင်းတဲ့ကားတွေဆင်တတ်ဖို့လိုအပ်နေပြီ " ဆိုပြီး အပိုင်ပြောချလိုက်ပါတယ်။
.
.
ဒါလောက်လေးနဲ့တော့ အောက်ခြေကနေတက်လာတဲ့ မစ္စတာဒေါ်နယ်ထရမ့်နာဖို့မရှိပါဘူး .. ဖြုံတောင်ဖြုံမှာမဟုတ်ဘူး။ ဒီယုံမြင်လို့ဒီချုံထွင်တဲ့စီးပွားရေးသမားပါ။ အမေရိကတိုက်ဟာ ကမ္ဘာမှာဥရောပထုတ်ကားတွေကိုအများဆုံးတင်သွင်းတဲ့နိုင်ငံပါ။ ပြောရရင် ပြည်တွင်းမှာလည်း ဥရောပကားအုပ်စုကြီးရဲ့ရှိနှင့်ပြီးသားရင်းနှီးမြှုပ်နှံမှုက နည်းနည်းနောနောမဟုတ်ဘူး။ ဒါတွေအားလုံး အိပ်ကပ်ထဲရောက်ပြီးသားတွေပါ
.
သမိုင်းကိုပြန်ကြည့်ရင် သမ္မတရော်နယ်ရေဂင် ( ကွယ်လွန် ) လက်ထက် အမေရိကန်နဲ့ဂျပန်ကုန်သွယ်ရေးမညီမျှမှုကိုဖြေလျော့ပေးခဲ့တာကစပြီး သမ္မတဂျော့ဘုတ်လက်ထက်မှာဂျပန်ကားကုမ္ပဏီတွေ မျက်နှာလုပ်စျေးကွက်ချဲ့ပြလို့ အမေရိကန်နိုင်ငံထဲမှာစက်ရုံတွေဝင်တည်လာတယ်။ ငွေများတဲ့လုပ်ငန်းဖြစ်လို့ ယန်းငွေနဲ့ဒေါ်လာမျှခြေကို မြန်မြန်ဆန်ဆန်ရှာဖွေနိုင်ခဲ့တယ်။
.
.
တစ်ကယ်တော့ စျေးကွက်က အမေရိကန်တွေရဲ့စကားကိုနားမထောင်ခဲ့တာ ( ၁၉၈ဝ ) ခုနှစ်ကတည်းကပါ။ တစ်ဘက်မှာ ဂျပန်နဲ့ကုန်သွယ်နေရသလို တစ်ဘက်မှာ ရှရှားနဲ့ နျူကလီးယားကိစ္စထွေပြားနေတယ်။ ဒီအခြေအနေကိုအခွင့်ကောင်းယူစီးပွားရှာခဲ့တာက တရုတ်နိုင်ငံပါ။ ကားတွေကို " အမေရိကားမှာတပ်ဆင်သည် - Made in U.S.A " လို့သာပြောတာ ကားတစ်စီးဖြစ်တည်ဖို့ပါဝင်အစိတ်အပိုင်း - Part များစွာကို တရုတ်ပြည်ကနေ စျေးကြီးကြီးပေးပြန်ဝယ်နေရတယ်။ အခုလက်ရှိထိကိုပဲ ကားအပိုပစ္စည်းတွေရဲ့ထုတ်လုပ်မှုကို တရုတ်လက်ထဲက ဆွဲမထုတ်နိုင်သေးပါဘူး။
.
ဒီအချိန်မှာ ကမ္ဘာကြီးက အမေရိကားကိုမေးခွန်းတစ်ခုမေးနေတယ်။ ဒါနဲ့အတူ အမေရိကားနဲ့ဆိုင်သူရော၊ မဆိုင်သူတွေပါ ပြိုင်တူဖြေပေးရမယ့်မေးခွန်းတစ်ခု ရှိနေတယ်။ အဲဒါကတော့ " အမေရိကားကို နိုင်ငံရေးအခြေခံပြီးစီးပွားရေးတည်ဆောက်မလား ? ဒါမှမဟုတ် စီးပွားရေးအခြေခံပြီး နိုင်ငံကောင်းအောင်လုပ်မလား ? " ဆိုတာပါပဲ..။ ရွေးကောက်ခံ ဒေါ်နယ်ထရမ့်အနေနဲ့ " နိုင်ငံရေးလမ်းကြုံလိုက်မလိုက် " ဆိုတာကိုတော့ သူ အိမ််ဖြူတော်မှာ သမ္မတကျမ်းကျိန်ပြီးမကြာခင်အားလုံးမြင်တွေ့ရပါလိမ့်မယ်
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
01-17-2017
.
မှတ်ချက်။ ။ ဖတ်မိသမျှနှင့်အတွေ့အကြုံများအားလုံးရောကြိတ်မွှေနှောက်အကုန်ထည့်ရေးသည်။

No comments: