ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, August 21, 2016

ေသမထူး ေနမထူးတဲ႕ K2


ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကမၻာေျမေပၚမွာ သင္ နဲ႕ သင္႕မိသားစုဘယ္ေနရာပဲေရာက္ေနေန ရန္သူမ်ိဳး ( ၅ ) ပါးအျပင္ အနီးကပ္ရန္သူတစ္မ်ိဳးကို ရင္ဆုိင္ရဖို႕ရွိေနပါတယ္။ အဲဒါကေတာ႕ အသြင္အမ်ိဳးမ်ိဳး နဲ႕ ယွဥ္ကာတိုး မ်ိဳးဖ်က္မယ္႕ မရုိးႏိုင္တဲ႕ အဆိုးတိုင္မူးယစ္ေဆးပါပဲ။
.
မူးယစ္ေစတတ္ေသာပစၥည္းဆုိတာ လူေတြရဲ႕အေဝးမွာထားသင္႕တယ္လို႕ ယူဆသူေတြရွိသလို မူးယစ္ေဆးဝါးရဲ႕မေကာင္းက်ိဳးကို လူေတြရဲ႕မနက္ခင္း၊ ေန႕လည္၊ ညေန၊ အလုပ္တက္၊ အလုပ္ဆင္း ဘယ္အခ်ိန္မွာမဆို သိထားသင္႕ရံုမက အျမဲပညာေပးသင္႕တယ္လို႕ ယူဆသူေတြလည္းရွိၾကတယ္။ ေရရွည္က်ေတာ႕ မသိေအာင္ေနသူက ကင္းေဝးတာလား? ေကာင္းက်ိဳးမေပးတာကိုသိေအာင္ေနျပီး မပတ္သက္သူက ကင္းေဝးတာလား? ဆုိတာ အခ်ိန္ကာလက အဆံုးအျဖတ္ေပးလာပါတယ္။
.
.
အရင္က အရက္၊ ေနာက္ပိုင္း ေဆးေျခာက္၊ ဘိန္းျဖဴ၊ ဘိန္းစိမ္း၊ ဘိန္းေခ်း၊ ပိုျပီးေခတ္မီလာေတာ႕ ဓါတုေဗဒပစၥည္းအားကိုးနဲ႕ ေဆးျပား၊ မီးရွိဳ႕ျပီးျပန္ရွဴရတဲ႕ အမ်ိဳးမ်ိဳးေသာ အသြင္ေျပာင္းမီးခိုးေငြ႕ေတြေၾကာင္႕ စေတးခဲ႕ရတဲ႕ လူ႕အသက္ဝိဥာဥ္ေတြမွာ ဘာအသိဥာဏ္မွမရသြားသလို ဘယ္လိုအေျဖမွလည္း ထုတ္မသြားႏိုင္ခဲ႕ၾကပါဘူး။
.
ဒီေလာက္ဆိုးဝါးတဲ႕ မူးယစ္ေဆးဝါးကို လူသားအက်ိဳးအတြက္ေကာင္းမြန္စြာအသံုးျပဳသူလက္ထဲေရာက္တဲ႕အခါ ေဟာ .. လူ႕အသက္ကိုကယ္ျပန္ပါတယ္။ ဒါေၾကာင္႕ ေဆးေျခာက္ကို က်န္းမာေရးအေထာက္အကူျပဳပစၥည္းအျဖစ္ အေမရိကန္ႏုိင္ငံရဲ႕ျပည္နယ္တစ္ခ်ိဳ႕မွာ တရားဝင္ဘယေဆးအျဖစ္ခြင္႕ျပဳေပးေနတာက မတတ္သာလို႕လုပ္ေနရတာျဖစ္သလို ကုန္တိုက္ကပစၥည္းဝယ္သလို ေကာင္းက်ိဳးနဲ႕ဆိုးက်ိဳးကို အုတ္အေရာေရာ ေက်ာက္အေရာေရာ သယ္ယူလက္ခံေနရတာနဲ႕တူေနပါတယ္။
.
.
ေနာက္ဆံုးမွထြက္ေပၚလာတဲ႕ Weed အႏြယ္ဝင္ေဆးတစ္မ်ိဳးက အေမရိကန္ႏုိင္ငံျပည္နယ္တစ္ခ်ိဳ႕ရဲ႕အေမွာင္လမ္းေတြမွာ လူေတြကို နည္းသစ္တစ္မ်ိဳးနဲ႕ႏွိပ္စက္လာေနတဲ႕သတင္းကိုဖတ္မိတဲ႕အခါ ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံဘက္မေရာက္ေရးကို ေတြးပူမိတယ္။
.
“ အေမရိကန္ နဲ႕ ျမန္မာႏိုင္ငံအေဝးၾကီး .. မင္းက .. ဘာစိတ္ပူေနတာလဲ? ” လို႕ေတာ႕ မေမးလိုက္ပါနဲ႕..။ အခုအသစ္ေပၚလာေနတဲ႕ “ ေဆးေျခာက္အတု - K2 ” ကိုျပဳလုပ္တဲ႕ ဓါတုကုန္ၾကမ္းက ကြ်န္ေတာ္တုိ႕ရဲ႕ေခါင္းရင္းအိမ္ၾကီး တရုတ္ျပည္ကေန အေမရိကတိုက္ကို တရားမဝင္သယ္ေနၾကတာျဖစ္လို႕ပါ။

.
.
“ K2 ”  ဟာ အခုမွေပၚတာမဟုတ္ပါဘူး။ လူသူမသိတဲ႕ အိမ္တြင္းဓါတ္ခြဲခန္းေတြထဲမွာ မသမာသူေတြ စမ္းသပ္လာတာႏွစ္အနည္းငယ္ရွိပါျပီ။ နာမယ္ကြဲအေနနဲ႕ K2 ကုိ ဘယ - Spice ၊ လမင္းဥကၠာ - Moon Rocks နဲ႕ အနံ႕အသက္ဆိုးတဲ႕အေမရိကားကအေကာင္တစ္မ်ိဳး - Skunk လို႕လည္းေခၚၾကတယ္။
.
မေကာင္းမႈဟာ ဆင္႕ကဲျဖစ္ေပၚတတ္တဲ႕  - Clustered Substances လို႕ အေနာက္ႏုိင္ငံမွာ အမ်ားေျပာၾကတယ္။ အခု K2 ရဲ႕ျပန္႕ႏွံ႕မႈဟာ အေမရိကန္အဆိပ္တားဆီးေရးစင္တာရဲ႕စာရင္းအရ ျပီးခဲ႕တဲ႕ႏွစ္ထက္စာရင္ ( ၃၃ဝ % ) တိုးလာတယ္ဆုိတာ သိရတယ္။ သူ႕ရဲ႕အဓိက မားကက္တင္းကေတာ႕ ေဆးေျခာက္ဝယ္ရခက္တဲ႕ေနရာေတြမွာ အစားထုိးေဆးေျခာက္ပံုစံနဲ႕ ဆင္တူယိုးမွာရုိက္ဖို႕ပဲျဖစ္ပါတယ္။
.
.
ဓါတုေဗဒနဲ႕အာနိသင္ဆင္တူေအာင္ျပဳျပင္ထားတဲ႕ Synthetic Marijuana ဟာ ( ၂ဝ၁ဝ ) ခုႏွစ္ကစ မိတ္ဆက္ခဲ႕ေပမယ္႕ ဘယေဆးဝင္ ေဆးေျခာက္ထက္ “ အဆ = ၁ဝဝ ” ဆိုးဝါးပါတယ္။ ေဆးေျခာက္က လူကိုကယ္ေပးတဲ႕ေကာင္းက်ိဳးရွိေနေသးေပမယ္႕ K2 က အဆတစ္ရာျမန္ေအာင္ လူကိုသတ္ပစ္တယ္။
.
K2 ဟာ တရုတ္ႏုိင္ငံက ေမွာင္ခိုဓါတ္ခြဲခန္းေတြကေနလာတုန္းကေတာ႕ အမႈန္႕ - Powder အေနနဲ႕ပါ။ ဒီဘက္ေျမေရာက္ေတာ႕မွ အရည္ေဖ်ာ္ၾကတယ္။ ဒါကို ေပါင္းေဆးေတြထည္႕ျပီး ေဆးေျခာက္ပင္နဲ႕ဆင္တူတဲ႕အပင္ေျခာက္တစ္မ်ိဳးမ်ိဳးကိုရွာျပီး အရည္ေဖ်ာ္ထားတဲ႕ K2 ကုန္ၾကမ္းကို မႈတ္ေဆး - Spray နဲ႕ မႈတ္လိုက္တာ ျဖစ္ပါတယ္။  စဝင္ခါစကေတာ႕ အပင္အားတိုးအစာ - Magic Plant Food ဆုိျပီး ဖားပံုပါတဲ႕တံဆိပ္နဲ႕ဝင္ခဲ႕ပါတယ္။
.

.
တစ္ကယ္လို႕ တက္ - Seizure တတ္သူ မိမိရဲ႕ရင္ေသြး၊ သားခ်င္း၊ ညီအစ္ကိုေမာင္ႏွမကေလးငယ္တစ္ေယာက္ကို ေဆးေျခာက္အစစ္ - Cannabinoid အစား K2 နဲ႕ ကုသ - Treatment ေပးမိတယ္ဆုိရင္ ဘယ္လိုအေျခအေနထိဆိုက္ေရာက္သြားမယ္ဆုိတာ စဥ္းစားသာၾကည္႕ၾကပါေတာ႕..။
.
တစ္ကယ္ေရာဂါခံစားရသူကုိ ေဆးေပးမွားလို႕ ဒုကၡေရာက္တာကတစ္မ်ိဳး၊ တစ္လြဲသံုးသူေတြကို အတုေပးမိတာကတစ္ဖံု .. K2 ဟာ ေကာင္းေကာင္းၾကီး ဒုကၡဆက္တိုက္ေပးပါတယ္။ အဲဒါက တရားဝင္ေရာင္းခြင္႕ရွိတဲ႕ ေဆးေျခာက္ကို ေဆးစာ - Presctiption ပါမွဝယ္လို႕ရေအာင္ထိန္းခ်ဳပ္ထားတာေၾကာင္႕ ေစ်းေကာင္းလို႕ အိမ္နီးနားခ်င္းႏုိင္ငံေတြကေနဝင္ဖို႕ လမ္းေၾကာင္းထြင္ေပးေနသလိုျဖစ္လာေနပါတယ္။
.
.
မူးယစ္ေမွာင္ခိုေတြဟာ ေဆးေျခာက္ပင္အစစ္ေတြကိုေအးခဲျပီး တစ္ျခားေဆးဝါးအသြင္၊ ဟင္းသီးဟင္းရြက္အတြင္း မုံလာဥထဲ၊ ေအးခဲထားတဲ႕အုန္းသီးထဲ၊ ဖရဲသီးအတြင္းထဲ၊ နာနတ္သီးထဲ သြပ္သြင္းထားတဲ႕အသြင္ နဲ႕ တိတ္တိတ္ပုန္းတင္သြင္းလာၾကတယ္။ ဒါေၾကာင္႕ လမ္းေပၚကေနရတဲ႕ ဓါတုေဗဒနဲ႕ အိမ္ကမီးဖိုေခ်ာင္မွာခ်က္လို႕ရတဲ႕ K2 ရဲ႕ ေစ်းကြက္ဟာ မူးယစ္ထိန္းခ်ဳပ္ေရးအာဏာပိုင္ေတြရဲ႕ မ်က္စိတစ္မွိတ္အတြင္းမွာ အတိုင္းအဆမဲ႕ၾကီးထြားလာခဲ႕တယ္။
.
လက္ရွိမွာ ဘယ္ေလာက္အထိအျမစ္တြယ္လာရသလဲဆိုရင္ နယူးေယာက္ျမိဳ႕မွာ အေမရိကန္မူးယစ္ကင္းစင္ေရးအဖြဲ႕ - DEA က ဝင္စီးလိုက္တဲ႕အခါ စီးကရက္ဆိုင္၊ အရက္ဆိုင္၊ ထမင္းဆိုင္၊ ဂုိေဒါင္ေဟာင္း နဲ႕ ကုန္စံုလက္လီဆိုင္ စတဲ႕  ( ၉၃ ) ေနရာမွာ K2 ကို မိပါတယ္။ အားလံုးက အေရွ႕ဟာလမ္ရပ္ကြက္ရဲ႕ ( ၁၂၄ ) လမ္း နဲ႕ ( ၁၂၅ ) လမ္း မွာလို႕ သိရပါတယ္။
.
.
တစ္ဆက္တည္း တီဗီ နဲ႕ အင္တာနက္ရုပ္ျမင္သံၾကားသတင္းမွာလာသြားတဲ႕ ရဲဖမ္းဆီးမႈသတင္းတစ္ခုမွာ အိမ္ေျခမဲ႕တစ္ေယာက္က ..
.
“ ကြ်န္ေတာ္ဗ်ာ .. တစ္ခါမွမစမ္းဖူးတဲ႕ K2 ကို ကိုင္ထည္႕လိုက္တာ..။ ဘယ္ေျပာေကာင္းမလဲ? ”
.
“ ေကာင္းကင္ေပၚ ပ်ံလို႕၊ ေလထဲမွာ ဝဲလို႕၊ ပင္လယ္ထဲမွာ ရြက္လႊင္႕လို႕ .. တစ္ကယ္႕ေလာကၾကီးရဲ႕ အေဝးၾကီးမွာ ပ်ံဝဲေနတာဗ်ာ ”
.
“ ဘာနဲ႕တူသလဲဆုိေတာ႕ ကြ်န္ေတာ႕ကို စူပါမင္းက ခ်ီသြားသလိုမ်ိဳးဗ် .. သိလား ”
.
“ ကြ်န္ေတာ႕ဘဝမွာမၾကံဳဖူးဘူး။ ပံုမွန္ေဆးေျခာက္ထက္ အဆ ( ၃ဝ ) ေလာက္ အတက္ - High တာ ျမန္တယ္။ အရမ္း .. အရမ္း .. မိုက္တယ္ ” လို႕ ရဲကဖမ္းေနတုန္း လက္ထိပ္ၾကီးနဲ႕ တီဗီသတင္း႒ာနကို ေအာ္ေျပာသြားပါတယ္။
.
.
အမွန္တစ္ကယ္ သူျမင္လိုက္တယ္ဆုိတဲ႕ စူပါမင္းက ေလထဲ၊ တိမ္တိုက္ထဲ၊ ပင္လယ္ထဲေခၚသြားတာမဟုတ္ေလာက္ပါဘူး။ သူ႕ရဲ႕စိတ္အေယာင္ေဆာင္က ဒီလိုထင္ေစခ်င္တာ ေသခ်ာပါတယ္။ တစ္ကယ္ေတာ႕ စူပါမင္းက အဝီစိငရဲကုိ ေဇာက္ထုိးၾကီး ထုိးဆင္းျပီး သူ႕ကုိထားခဲ႕တဲ႕အခ်ိန္ သိေတာင္သိလိုက္မွာ မဟုတ္ပါဘူး..။
.
ဒါေပမယ္႕ အဲဒီကာယကံရွင္က်ဴးလြန္တဲ႕ မူးယစ္ေဆးဝါးပူးကပ္တဲ႕အေယာင္ေဆာင္စိတ္အစြဲေဆးဝါး  - Mind-Altering Drug ျဖစ္တဲ႕ K2 ဟာ သူထင္ထားသလို အဆ ( ၃ဝ ) ျမန္တာ မဟုတ္ပါဘူး။ အဆ ( ၁ဝဝ ) အဖ်က္စြမ္းအား ပိုတာ ျဖစ္ပါတယ္။
.
.
ဒါေၾကာင္႕ သမီးရွင္ သားရွင္မိဘေတြအေနနဲ႕ မိမိသားသမီးေတြကုိ “ မူးယစ္ေဆးဆုိေဝးေဝးေရွာင္ ” ဆိုျပီး မျမင္ရ၊ မသိရ၊ မၾကားရေအာင္ထားမလား? လူ႕ေလာကမွာ ကုိယ္မၾကံဳခ်င္ေပမယ္႕ စိတ္လွည္႕ဖ်ားမႈအမ်ိဳးမ်ိဳးနဲ႕လာေရာက္ပတ္သက္တတ္တဲ႕ “ ဆုိးရြားလွတဲ႕မူးယစ္ေဆးဝါးေတြ ” ဆုိတာ ဒီလို .. ဆုိျပီး အသိပညာေပးမလား? ဆုိတာ ေသေသခ်ာခ်ာသံုးသပ္ရမယ္႕အခ်ိန္ေရာက္ျပီလို႕ တုိက္တြန္းေရးသားလိုက္ရပါတယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
08-21-2016
.
ရည္ညြန္းကိုးကား - Business Insider, NowThis TV
.

.
Unicode Version:
.
.
“ သေမထူး နေမထူးတဲ့ K2 ”
.
ကမ္ဘာမြေပေါ်မှာ သင် နဲ့ သင့်မိသားစုဘယ်နေရာပဲရောက်နေနေ ရန်သူမျိုး ( ၅ ) ပါးအပြင် အနီးကပ်ရန်သူတစ်မျိုးကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။ အဲဒါကတော့ အသွင်အမျိုးမျိုး နဲ့ ယှဉ်ကာတိုး မျိုးဖျက်မယ့် မရိုးနိုင်တဲ့ အဆိုးတိုင်မူးယစ်ဆေးပါပဲ။
.
မူးယစ်စေတတ်သောပစ္စည်းဆိုတာ လူတွေရဲ့အဝေးမှာထားသင့်တယ်လို့ ယူဆသူတွေရှိသလို မူးယစ်ဆေးဝါးရဲ့မကောင်းကျိုးကို လူတွေရဲ့မနက်ခင်း၊ နေ့လည်၊ ညနေ၊ အလုပ်တက်၊ အလုပ်ဆင်း ဘယ်အချိန်မှာမဆို သိထားသင့်ရုံမက အမြဲပညာပေးသင့်တယ်လို့ ယူဆသူတွေလည်းရှိကြတယ်။ ရေရှည်ကျတော့ မသိအောင်နေသူက ကင်းဝေးတာလား? ကောင်းကျိုးမပေးတာကိုသိအောင်နေပြီး မပတ်သက်သူက ကင်းဝေးတာလား? ဆိုတာ အချိန်ကာလက အဆုံးအဖြတ်ပေးလာပါတယ်။
.
.
အရင်က အရက်၊ နောက်ပိုင်း ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းချေး၊ ပိုပြီးခေတ်မီလာတော့ ဓါတုဗေဒပစ္စည်းအားကိုးနဲ့ ဆေးပြား၊ မီးရှို့ပြီးပြန်ရှူရတဲ့ အမျိုးမျိုးသော အသွင်ပြောင်းမီးခိုးငွေ့တွေကြောင့် စတေးခဲ့ရတဲ့ လူ့အသက်ဝိဥာဉ်တွေမှာ ဘာအသိဥာဏ်မှမရသွားသလို ဘယ်လိုအဖြေမှလည်း ထုတ်မသွားနိုင်ခဲ့ကြပါဘူး။
.
ဒီလောက်ဆိုးဝါးတဲ့ မူးယစ်ဆေးဝါးကို လူသားအကျိုးအတွက်ကောင်းမွန်စွာအသုံးပြုသူလက်ထဲရောက်တဲ့အခါ ဟော .. လူ့အသက်ကိုကယ်ပြန်ပါတယ်။ ဒါကြောင့် ဆေးခြောက်ကို ကျန်းမာရေးအထောက်အကူပြုပစ္စည်းအဖြစ် အမေရိကန်နိုင်ငံရဲ့ပြည်နယ်တစ်ချို့မှာ တရားဝင်ဘယဆေးအဖြစ်ခွင့်ပြုပေးနေတာက မတတ်သာလို့လုပ်နေရတာဖြစ်သလို ကုန်တိုက်ကပစ္စည်းဝယ်သလို ကောင်းကျိုးနဲ့ဆိုးကျိုးကို အုတ်အရောရော ကျောက်အရောရော သယ်ယူလက်ခံနေရတာနဲ့တူနေပါတယ်။
.
.
နောက်ဆုံးမှထွက်ပေါ်လာတဲ့ Weed အနွယ်ဝင်ဆေးတစ်မျိုးက အမေရိကန်နိုင်ငံပြည်နယ်တစ်ချို့ရဲ့အမှောင်လမ်းတွေမှာ လူတွေကို နည်းသစ်တစ်မျိုးနဲ့နှိပ်စက်လာနေတဲ့သတင်းကိုဖတ်မိတဲ့အခါ ကျွန်တော်တို့မြန်မာနိုင်ငံဘက်မရောက်ရေးကို တွေးပူမိတယ်။
.
အမေရိကန် နဲ့ မြန်မာနိုင်ငံအဝေးကြီး .. မင်းက .. ဘာစိတ်ပူနေတာလဲ? ” လို့တော့ မမေးလိုက်ပါနဲ့..။ အခုအသစ်ပေါ်လာနေတဲ့ “ ဆေးခြောက်အတု - K2 ” ကိုပြုလုပ်တဲ့ ဓါတုကုန်ကြမ်းက ကျွန်တော်တို့ရဲ့ခေါင်းရင်းအိမ်ကြီး တရုတ်ပြည်ကနေ အမေရိကတိုက်ကို တရားမဝင်သယ်နေကြတာဖြစ်လို့ပါ။
.
.
“ K2 ”  ဟာ အခုမှပေါ်တာမဟုတ်ပါဘူး။ လူသူမသိတဲ့ အိမ်တွင်းဓါတ်ခွဲခန်းတွေထဲမှာ မသမာသူတွေ စမ်းသပ်လာတာနှစ်အနည်းငယ်ရှိပါပြီ။ နာမယ်ကွဲအနေနဲ့ K2 ကို ဘယ - Spice ၊ လမင်းဥက္ကာ - Moon Rocks နဲ့ အနံ့အသက်ဆိုးတဲ့အမေရိကားကအကောင်တစ်မျိုး - Skunk လို့လည်းခေါ်ကြတယ်။
.
မကောင်းမှုဟာ ဆင့်ကဲဖြစ်ပေါ်တတ်တဲ့  - Clustered Substances လို့ အနောက်နိုင်ငံမှာ အများပြောကြတယ်။ အခု K2 ရဲ့ပြန့်နှံ့မှုဟာ အမေရိကန်အဆိပ်တားဆီးရေးစင်တာရဲ့စာရင်းအရ ပြီးခဲ့တဲ့နှစ်ထက်စာရင် ( ၃၃ဝ % ) တိုးလာတယ်ဆိုတာ သိရတယ်။ သူ့ရဲ့အဓိက မားကက်တင်းကတော့ ဆေးခြောက်ဝယ်ရခက်တဲ့နေရာတွေမှာ အစားထိုးဆေးခြောက်ပုံစံနဲ့ ဆင်တူယိုးမှာရိုက်ဖို့ပဲဖြစ်ပါတယ်။
.
.
ဓါတုဗေဒနဲ့အာနိသင်ဆင်တူအောင်ပြုပြင်ထားတဲ့ Synthetic Marijuana ဟာ ( ၂ဝ၁ဝ ) ခုနှစ်ကစ မိတ်ဆက်ခဲ့ပေမယ့် ဘယဆေးဝင် ဆေးခြောက်ထက် “ အဆ = ၁ဝဝ ” ဆိုးဝါးပါတယ်။ ဆေးခြောက်က လူကိုကယ်ပေးတဲ့ကောင်းကျိုးရှိနေသေးပေမယ့် K2 က အဆတစ်ရာမြန်အောင် လူကိုသတ်ပစ်တယ်။
.
K2 ဟာ တရုတ်နိုင်ငံက မှောင်ခိုဓါတ်ခွဲခန်းတွေကနေလာတုန်းကတော့ အမှုန့် - Powder အနေနဲ့ပါ။ ဒီဘက်မြေရောက်တော့မှ အရည်ဖျော်ကြတယ်။ ဒါကို ပေါင်းဆေးတွေထည့်ပြီး ဆေးခြောက်ပင်နဲ့ဆင်တူတဲ့အပင်ခြောက်တစ်မျိုးမျိုးကိုရှာပြီး အရည်ဖျော်ထားတဲ့ K2 ကုန်ကြမ်းကို မှုတ်ဆေး - Spray နဲ့ မှုတ်လိုက်တာ ဖြစ်ပါတယ်။  စဝင်ခါစကတော့ အပင်အားတိုးအစာ - Magic Plant Food ဆိုပြီး ဖားပုံပါတဲ့တံဆိပ်နဲ့ဝင်ခဲ့ပါတယ်။
.
.
တစ်ကယ်လို့ တက် - Seizure တတ်သူ မိမိရဲ့ရင်သွေး၊ သားချင်း၊ ညီအစ်ကိုမောင်နှမကလေးငယ်တစ်ယောက်ကို ဆေးခြောက်အစစ် - Cannabinoid အစား K2 နဲ့ ကုသ - Treatment ပေးမိတယ်ဆိုရင် ဘယ်လိုအခြေအနေထိဆိုက်ရောက်သွားမယ်ဆိုတာ စဉ်းစားသာကြည့်ကြပါတော့..။
.
တစ်ကယ်ရောဂါခံစားရသူကို ဆေးပေးမှားလို့ ဒုက္ခရောက်တာကတစ်မျိုး၊ တစ်လွဲသုံးသူတွေကို အတုပေးမိတာကတစ်ဖုံ .. K2 ဟာ ကောင်းကောင်းကြီး ဒုက္ခဆက်တိုက်ပေးပါတယ်။ အဲဒါက တရားဝင်ရောင်းခွင့်ရှိတဲ့ ဆေးခြောက်ကို ဆေးစာ - Presctiption ပါမှဝယ်လို့ရအောင်ထိန်းချုပ်ထားတာကြောင့် ဈေးကောင်းလို့ အိမ်နီးနားချင်းနိုင်ငံတွေကနေဝင်ဖို့ လမ်းကြောင်းထွင်ပေးနေသလိုဖြစ်လာနေပါတယ်။
.
.
မူးယစ်မှောင်ခိုတွေဟာ ဆေးခြောက်ပင်အစစ်တွေကိုအေးခဲပြီး တစ်ခြားဆေးဝါးအသွင်၊ ဟင်းသီးဟင်းရွက်အတွင်း မုံလာဥထဲ၊ အေးခဲထားတဲ့အုန်းသီးထဲ၊ ဖရဲသီးအတွင်းထဲ၊ နာနတ်သီးထဲ သွပ်သွင်းထားတဲ့အသွင် နဲ့ တိတ်တိတ်ပုန်းတင်သွင်းလာကြတယ်။ ဒါကြောင့် လမ်းပေါ်ကနေရတဲ့ ဓါတုဗေဒနဲ့ အိမ်ကမီးဖိုချောင်မှာချက်လို့ရတဲ့ K2 ရဲ့ ဈေးကွက်ဟာ မူးယစ်ထိန်းချုပ်ရေးအာဏာပိုင်တွေရဲ့ မျက်စိတစ်မှိတ်အတွင်းမှာ အတိုင်းအဆမဲ့ကြီးထွားလာခဲ့တယ်။
.
လက်ရှိမှာ ဘယ်လောက်အထိအမြစ်တွယ်လာရသလဲဆိုရင် နယူးယောက်မြို့မှာ အမေရိကန်မူးယစ်ကင်းစင်ရေးအဖွဲ့ - DEA က ဝင်စီးလိုက်တဲ့အခါ စီးကရက်ဆိုင်၊ အရက်ဆိုင်၊ ထမင်းဆိုင်၊ ဂိုဒေါင်ဟောင်း နဲ့ ကုန်စုံလက်လီဆိုင် စတဲ့  ( ၉၃ ) နေရာမှာ K2 ကို မိပါတယ်။ အားလုံးက အရှေ့ဟာလမ်ရပ်ကွက်ရဲ့ ( ၁၂၄ ) လမ်း နဲ့ ( ၁၂၅ ) လမ်း မှာလို့ သိရပါတယ်။
.
.
တစ်ဆက်တည်း တီဗီ နဲ့ အင်တာနက်ရုပ်မြင်သံကြားသတင်းမှာလာသွားတဲ့ ရဲဖမ်းဆီးမှုသတင်းတစ်ခုမှာ အိမ်ခြေမဲ့တစ်ယောက်က ..
.
ကျွန်တော်ဗျာ .. တစ်ခါမှမစမ်းဖူးတဲ့ K2 ကို ကိုင်ထည့်လိုက်တာ..။ ဘယ်ပြောကောင်းမလဲ? ”
.
ကောင်းကင်ပေါ် ပျံလို့၊ လေထဲမှာ ဝဲလို့၊ ပင်လယ်ထဲမှာ ရွက်လွှင့်လို့ .. တစ်ကယ့်လောကကြီးရဲ့ အဝေးကြီးမှာ ပျံဝဲနေတာဗျာ ”
.
ဘာနဲ့တူသလဲဆိုတော့ ကျွန်တော့ကို စူပါမင်းက ချီသွားသလိုမျိုးဗျ .. သိလား ”
.
ကျွန်တော့ဘဝမှာမကြုံဖူးဘူး။ ပုံမှန်ဆေးခြောက်ထက် အဆ ( ၃ဝ ) လောက် အတက် - High တာ မြန်တယ်။ အရမ်း .. အရမ်း .. မိုက်တယ် ” လို့ ရဲကဖမ်းနေတုန်း လက်ထိပ်ကြီးနဲ့ တီဗီသတင်းဋ္ဌာနကို အော်ပြောသွားပါတယ်။
.
.
အမှန်တစ်ကယ် သူမြင်လိုက်တယ်ဆိုတဲ့ စူပါမင်းက လေထဲ၊ တိမ်တိုက်ထဲ၊ ပင်လယ်ထဲခေါ်သွားတာမဟုတ်လောက်ပါဘူး။ သူ့ရဲ့စိတ်အယောင်ဆောင်က ဒီလိုထင်စေချင်တာ သေချာပါတယ်။ တစ်ကယ်တော့ စူပါမင်းက အဝီစိငရဲကို ဇောက်ထိုးကြီး ထိုးဆင်းပြီး သူ့ကိုထားခဲ့တဲ့အချိန် သိတောင်သိလိုက်မှာ မဟုတ်ပါဘူး..။
.
ဒါပေမယ့် အဲဒီကာယကံရှင်ကျူးလွန်တဲ့ မူးယစ်ဆေးဝါးပူးကပ်တဲ့အယောင်ဆောင်စိတ်အစွဲဆေးဝါး  - Mind-Altering Drug ဖြစ်တဲ့ K2 ဟာ သူထင်ထားသလို အဆ ( ၃ဝ ) မြန်တာ မဟုတ်ပါဘူး။ အဆ ( ၁ဝဝ ) အဖျက်စွမ်းအား ပိုတာ ဖြစ်ပါတယ်။
.
.
ဒါကြောင့် သမီးရှင် သားရှင်မိဘတွေအနေနဲ့ မိမိသားသမီးတွေကို “ မူးယစ်ဆေးဆိုဝေးဝေးရှောင် ” ဆိုပြီး မမြင်ရ၊ မသိရ၊ မကြားရအောင်ထားမလား? လူ့လောကမှာ ကိုယ်မကြုံချင်ပေမယ့် စိတ်လှည့်ဖျားမှုအမျိုးမျိုးနဲ့လာရောက်ပတ်သက်တတ်တဲ့ “ ဆိုးရွားလှတဲ့မူးယစ်ဆေးဝါးတွေ ” ဆိုတာ ဒီလို .. ဆိုပြီး အသိပညာပေးမလား? ဆိုတာ သေသေချာချာသုံးသပ်ရမယ့်အချိန်ရောက်ပြီလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
08-21-2016
.
ရည်ညွန်းကိုးကား - Business Insider, NowThis TV


No comments: