ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, August 30, 2017

အေမမလိမ္ခဲ႕ပါဘူး သားရယ္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
. တစ္ရက္မွာ (၉) ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဟာ ေက်ာင္းကေပးတဲ႕စာကိုလက္ကကုိင္ျပီး သူ႕အေမကုိေပးလုိက္တယ္။ “ဆရာမ က အေမ႕လက္ထဲကုိေပးလိုက္ရမယ္႕စာ တဲ႕ အေမ” လို႕ ေျပာရင္းေပါ႕။
.
. သူ႕အေမဟာ စာကိုဖြင္႕ဖတ္ျပီး မ်က္လံုးမွာမ်က္ရည္ေဝ႕လာရံုမက စာကုိအသံထြက္ဖတ္ျပရင္း သူ႕သားကုိေျပာတယ္ “လူၾကီးမင္းရဲ႕သားသည္ ဥာဏ္ပညာအလြန္အမင္းၾကြယ္ဝသူ ပါရမီရွင္တစ္ေယာက္ျဖစ္သည္။ ကြ်ႏု္ပ္တို႕ေက်ာင္းမွာ ေသးငယ္သည္႕အျပင္ ေကာင္းမြန္စြာသင္ျပေပးႏိုင္ေသာဆရာ/ဆရာမမ်ားမလံုေလာက္သည္႕အတြက္ သူ႕ကို လူၾကီးမင္းကိုယ္တုိင္သင္ျပေပးရန္ ေလးစားစြာအေၾကာင္းၾကားလိုက္ပါသည္” လို႕ ေရးထားတယ္ . . သားရဲ႕ . .။
.
.
. ဒီလိုနဲ႕ ႏွစ္မ်ားစြာၾကာတဲ႕အခါ လူငယ္ေလးက လူၾကီးျဖစ္လာသလို သူ႕အေမဟာလည္း ကြယ္လြန္သြားေတာ႕တာေပါ႕။ တစ္ခ်ိန္မွာ သူဟာ မိသားစုရဲ႕ပစၥည္းေတြထဲက ပစၥည္းေဟာင္းတစ္ခုကိုရွာရင္း ကေလးဘဝက ေက်ာင္းကသူ႕အေမကိုေပးထားတဲ႕စာေလးကို စားပြဲတစ္ခုေထာင္႕က အံဆြဲထဲကေန ေခါက္လ်က္ကေလး ျပန္ေတြ႕တယ္။
.
. သူဟာ မဆုိင္းမတြပဲ စာကုိဖြင္႕ဖတ္လိုက္တဲ႕အခါ ေရးထားတာက “လူၾကီးမင္း၏သားသည္ စိတ္ရႈတ္လြယ္ျပီး လြယ္ကူစြာစဥ္းစားမေတြးေတာႏိုင္ေသာ (ဥာဏ္ရည္မမွီေသာ) ေၾကာင္႕ သူ႕ကုိေက်ာင္းသို႕ဆက္လက္လာေရာက္သင္္ၾကားခြင္႕မျပဳႏုိင္ေတာ႕ပါ” လို႕ေရးထားတာကုိ အံ႕ၾသဖြယ္ရာဖတ္ရႈမိတဲ႕အခါ အဲဒီအခ်ိန္မွာ ရင္႕က်က္ေနျပီျဖစ္တဲ႕ေက်ာင္းသားေလးဟာ နာရီမ်ားစြာ ငိုေၾကြးျပီး သူ႕အေမကို ေအာ္ဟစ္ေမွ်ာ္မွန္းတမ္းတပါေတာ႕တယ္။


.
.
. အဲဒီေက်ာင္းသားေလးဟာ ရာစုႏွစ္တစ္ခုမွာ တစ္ေယာက္ဆုိတစ္ေယာက္ ဆုိသလုိ ရွားရွားပါးပါးေပၚေပါက္လာတဲ႕ ပညာၾကြယ္ဝ တီထြင္သူပညာရွင္ ေသာမတ္အယ္ဒီဆင္ - Thomas Edison ျဖစ္ပါတယ္။ ဟုတ္ပါတယ္ . . ျမန္မာအမ်ားစုသိၾကတဲ႕ “ကြ်န္ေတာ္ဟာ လွ်ပ္စစ္မီးလံုးတီထြင္ဖို႕အၾကိမ္ (၁ဝဝဝဝ) ရွံဳးနိမ္႕ခဲ႕တာမဟုတ္ပဲ လ်ွပ္စစ္မီးလံုးလုပ္ဖို႕မျဖစ္ႏုိင္တဲ႕နည္းလမ္းေပါင္း (၁ဝဝဝဝ) ထက္မက ရွာေဖြေတြ႕ရွိခဲ႕သူျဖစ္ပါတယ္” ဆုိသူပါပဲ။ (စကားခ်ပ္)
.
. အယ္ဒီဆင္ဟာေနာက္ပိုင္းမွာေရးခဲ႕တဲ႕သူ႕ဒိုင္ယာရီမွာ “ဥာဏ္ရည္တံုး ေသာမတ္အယ္ဗာအက္ဒီဆင္ဟာ သူရဲေကာင္းစိတ္ဓါတ္ရွိတဲ႕မိခင္တစ္ေယာက္ေၾကာင္႕ ရာစုႏွစ္မွာအထူးျခားဆံုးလူတစ္ေယာက္ျဖစ္ခဲ႕တယ္ - “Thomas Alva Edison was an addled child that, by a hero mother, became the genius of the century.” လုိ႕ မွတ္တမ္းေရးထားရွိခဲ႕တယ္။
.
.
. အထက္က စာစုကိုဖတ္ျပီး ေနာက္ပိုင္းမွာ သက္ေသျပမွယံုမယ္ဆုိတဲ႕အေနာက္တိုင္းဓေလ႕အရ အဲဒီစာကုိမ်က္ျမင္ေတြ႕ရွိခဲ႕သူမရွိတာေၾကာင္႕ လုပ္ၾကံဇာတ္လမ္းသက္သက္၊ ဖန္တီးရသတစ္ခုအေနနဲ႕ေဝဖန္သူေတြရွိေနတာေတာ႕ အမွန္ပါ။
.
. ဒါေၾကာင္႕ စာေရးသူဟာ အက္ဒီဆင္ရဲ႕အသက္ (၈၄) ႏွစ္အထိေျဖခဲ႕တဲ႕အင္တာဗ်ဴးေတြကိုၾကည္႕ခဲ႕ေပမယ္႕ ဒီစာအေၾကာင္းေျပာသြားတာကို မၾကားမိဘူး။ ဒါေၾကာင္႕ ဒီအျဖစ္အပ်က္ဟာ အမွန္လို႕ေျပာရေလာက္တဲ႕အရင္းအျမစ္ကုိ ရွာလို႕မေတြ႕ထားပါဘူး။ ဒါေပမယ္႕ အင္တာနက္ နဲ႕ ေရွးေဟာင္းတက္လမ္းက်မ္းေတြရဲ႕ ဂမၻီရဝတၳဳေတြကိုၾကိဳက္ႏွစ္သက္ၾကတဲ႕ ဂႏၱဝင္စာဖတ္သူေတြေၾကာင္႕ အျဖစ္အပ်က္ အမွားအမွန္ထက္ သိပ္ေတာ္တဲ႕အေမ၊ သိပ္ထူးခြ်န္တဲ႕အက္ဒီဆင္ ဆိုတာေတြကတစ္ဘက္ နဲ႕ သူ႕အေမက ဘာလို႕ဒီလိုလုပ္လုိက္ရတာလဲ၊ ဘာလို႕လိမ္ရတာလဲ ဆိုတာကတစ္ဘက္တုိ႕ အခုေခတ္အထိ အျငင္းပြားေနဆဲပါ။
.
.
. ဒါေပမယ္႕ “ဇာတ္သမားလာရင္ မွတ္သားစရာက်န္ရလိမ္႕မယ္၊ စာေပသမားေဟာၾကားရင္ သေဘာတရားေပါမ်ားလိမ္႕မယ္” ဆုိတဲ႕စကားအတုိင္း ယူတတ္ရင္ ရႏုိင္တဲ႕အက်ိဳးအျမတ္ေတြက ရွိေနပါတယ္။ ဒါဟာ သားသမီးကိုမိဘကခ်စ္တဲ႕ စစ္မွန္တဲ႕ေမတၱာ နဲ႕ အနာဂါတ္အေရးကိုၾကိဳေတြးျပီး တဒဂၤ နဲ႕ တစ္ဘဝလံုးကုိ အျပီးတုိင္ေကာင္းမြန္ေသာေျပာင္းလဲျခင္းကို ရရွိလိုက္တဲ႕ လူသားတုိ႕အတြက္အဖိုးမျဖတ္ႏုိင္တဲ႕သိပၸံအေမြအႏွစ္ျဖစ္ပါတယ္။
.
. ေနာက္တစ္ခုက မိဘဆုိတာ သားသမီးကို ေခ်းကအစ ေသးကအစ မုိးေကာင္းကင္ၾကီးအဆံုး အကုန္သိသူပါ။ တစ္နည္းအားျဖင္႕ သားသမီးရဲ႕တုိးတက္မႈကိုစိတ္ဝင္စားတဲ႕မိဘေတြမွာဆုိ ကုိယ္႕သား/သမီးဟာဘယ္ေလာက္အထိဆိုရင္ ပိုင္ပိုင္ႏုိင္ႏုိင္လုပ္ႏုိင္တယ္ . . ဘယ္အတိုင္းအတာထိဆုိရင္မ်ားသြားျပီ . . ဘယ္အခ်င္းအရာကေတာ႕ျဖင္႕ သူရဲ႕ဝန္နဲ႕အားနဲ႕မမွ်ဘူး ဆုိတာေတြအျပင္ ဘယ္ပညာေရး နဲ႕ ဘယ္ကဲ႕သုိ႕ေသာဝါသနာကေတာ႕ (ငါ႕သား/ငါ႕သမီး) နဲ႕ သင္႕ေတာ္တယ္ဆုိတာ အျမဲခ်ိန္ဆေနတာကိုေတြ႕ျမင္ရတတ္ပါတယ္။
.
. တကယ္ပဲ အက္ဒီဆင္ရဲ႕အေမဟာ ေနာင္အႏွစ္ (၄ဝ) ခပ္ပိုပိုမွာ သူ႕သားဟာ ကမၻာေက်ာ္သိပံၸပညာရွင္ၾကီးျဖစ္မယ္ဆုိတာၾကိဳတင္ေဟာကိန္းထုတ္ႏုိင္တဲ႕ပညာရွင္တစ္ေယာက္၊ ပါရမီရွင္တစ္ေယာက္လို႕ ကြ်န္ေတာ္က ကင္ပြန္းတပ္ ခ်ီးက်ဴးခ်င္ပါတယ္။
.
.
. ဒါေၾကာင္႕ ဒီဇာတ္လမ္းဟာ အျဖစ္မွန္ ဟုတ္ဟုတ္ မဟုတ္ဟုတ္၊ ဒီ ရသခြန္အားဟာ လူသားတို႕ရဲ႕စိတ္ဓါတ္ကိုတြန္းအားျဖစ္ေစျပီး ဘယ္ေတာ႕မွအရံွဴးမေပးခ်င္တဲ႕စိတ္တန္ခိုးကိုေပးစြမ္းႏုိင္တာျဖစ္လို႕ ဒီေဆာင္းပါးေလးရဲ႕ေခါင္းစဥ္ကုိ “အေမမညာခဲ႕ပါဘူး သားရယ္” လို႕သာ ေပးလုိက္မိပါေတာ႕တယ္။
.
. ရည္ညႊန္းကိုးကား ။။။။။။။။။။ အင္တာနက္မွ ေနရာအစုံ
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 08-29-2017
.
.
Unicode Vession:
.
.
. “အမေမလိမ်ခဲ့ပါဘူး သားရယ်”
. တစ်ရက်မှာ (၉) နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကျောင်းကပေးတဲ့စာကိုလက်ကကိုင်ပြီး သူ့အမေကိုပေးလိုက်တယ်။ “ဆရာမ က အမေ့လက်ထဲကိုပေးလိုက်ရမယ့်စာ တဲ့ အမေ” လို့ ပြောရင်းပေါ့။
.
. သူ့အမေဟာ စာကိုဖွင့်ဖတ်ပြီး မျက်လုံးမှာမျက်ရည်ဝေ့လာရုံမက စာကိုအသံထွက်ဖတ်ပြရင်း သူ့သားကိုပြောတယ် “လူကြီးမင်းရဲ့သားသည် ဉာဏ်ပညာအလွန်အမင်းကြွယ်ဝသူ ပါရမီရှင်တစ်ယောက်ဖြစ်သည်။ ကျွနု်ပ်တို့ကျောင်းမှာ သေးငယ်သည့်အပြင် ကောင်းမွန်စွာသငပြေပေးနိုင်သောဆရာ/ဆရာမများမလုံလောက်သည့်အတွက် သူ့ကို လူကြီးမင်းကိုယ်တိုင်သင်ပြပေးရန် လေးစားစွာအကြောင်းကြားလိုက်ပါသည်” လို့ ရေးထားတယ် . . သားရဲ့ . .။
.
.
. ဒီလိုနဲ့ နှစ်များစွာကြာတဲ့အခါ လူငယ်လေးက လူကြီးဖြစ်လာသလို သူ့အမေဟာလည်း ကွယ်လွန်သွားတော့တာပေါ့။ တစ်ချိန်မှာ သူဟာ မိသားစုရဲ့ပစ္စည်းတွေထဲက ပစ္စည်းဟောင်းတစ်ခုကိုရှာရင်း ကလေးဘဝက ကျောင်းကသူ့အမေကိုပေးထားတဲ့စာလေးကို စားပွဲတစ်ခုထောင့်က အံဆွဲထဲကနေ ခေါက်လျက်ကလေး ပြန်တွေ့တယ်။
.
. သူဟာ မဆိုင်းမတွပဲ စာကိုဖွင့်ဖတ်လိုက်တဲ့အခါ ရေးထားတာက “လူကြီးမင်း၏သားသည် စိတ်ရှုတ်လွယ်ပြီး လွယ်ကူစွာစဉ်းစားမတွေးတောနိုင်သော (ဉာဏ်ရည်မမှီသော) ကြောင့် သူ့ကိုကျောင်းသို့ဆက်လက်လာရောက်သင််ကြားခွင့်မပြုနိုင်တော့ပါ” လို့ရေးထားတာကို အံ့သြဖွယ်ရာဖတ်ရှုမိတဲ့အခါ အဲဒီအချိန်မှာ ရင့်ကျက်နေပြီဖြစ်တဲ့ကျောင်းသားလေးဟာ နာရီများစွာ ငိုကြွေးပြီး သူ့အမေကို အော်ဟစ်မျှော်မှန်းတမ်းတပါတော့တယ်။
.
.
. အဲဒီကျောင်းသားလေးဟာ ရာစုနှစ်တစ်ခုမှာ တစ်ယောက်ဆိုတစ်ယောက် ဆိုသလို ရှားရှားပါးပါးပေါ်ပေါက်လာတဲ့ ပညာကြွယ်ဝ တီထွင်သူပညာရှင် သောမတ်အယ်ဒီဆင် - Thomas Edison ဖြစ်ပါတယ်။ ဟုတ်ပါတယ် . . မြန်မာအများစုသိကြတဲ့ “ကျွန်တော်ဟာ လျှပ်စစ်မီးလုံးတီထွင်ဖို့အကြိမ် (၁ဝဝဝဝ) ရှုံးနိမ့်ခဲ့တာမဟုတ်ပဲ လျှပ်စစ်မီးလုံးလုပ်ဖို့မဖြစ်နိုင်တဲ့နည်းလမ်းပေါင်း (၁ဝဝဝဝ) ထက်မက ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်” ဆိုသူပါပဲ။ (စကားချပ်)
.
. အယ်ဒီဆင်ဟာနောက်ပိုင်းမှာရေးခဲ့တဲ့သူ့ဒိုင်ယာရီမှာ “ဉာဏ်ရည်တုံး သောမတ်အယ်ဗာအက်ဒီဆင်ဟာ သူရဲကောင်းစိတ်ဓါတ်ရှိတဲ့မိခင်တစ်ယောက်ကြောင့် ရာစုနှစ်မှာအထူးခြားဆုံးလူတစ်ယောက်ဖြစ်ခဲ့တယ် - “Thomas Alva Edison was an addled child that, by a hero mother, became the genius of the century.” လို့ မှတ်တမ်းရေးထားရှိခဲ့တယ်။
.
.
. အထက်က စာစုကိုဖတ်ပြီး နောက်ပိုင်းမှာ သက်သေပြမှယုံမယ်ဆိုတဲ့အနောက်တိုင်းဓလေ့အရ အဲဒီစာကိုမျက်မြင်တွေ့ရှိခဲ့သူမရှိတာကြောင့် လုပ်ကြံဇာတ်လမ်းသက်သက်၊ ဖန်တီးရသတစ်ခုအနေနဲ့ဝေဖန်သူတွေရှိနေတာတော့ အမှန်ပါ။
.
. ဒါကြောင့် စာရေးသူဟာ အက်ဒီဆင်ရဲ့အသက် (၈၄) နှစ်အထိဖြေခဲ့တဲ့အင်တာဗျူးတွေကိုကြည့်ခဲ့ပေမယ့် ဒီစာအကြောင်းပြောသွားတာကို မကြားမိဘူး။ ဒါကြောင့် ဒီအဖြစ်အပျက်ဟာ အမှန်လို့ပြောရလောက်တဲ့အရင်းအမြစ်ကို ရှာလို့မတွေ့ထားပါဘူး။ ဒါပေမယ့် အင်တာနက် နဲ့ ရှေးဟောင်းတက်လမ်းကျမ်းတွေရဲ့ ဂမ္ဘီရဝတ္ထုတွေကိုကြိုက်နှစ်သက်ကြတဲ့ ဂန္တဝင်စာဖတ်သူတွေကြောင့် အဖြစ်အပျက် အမှားအမှန်ထက် သိပ်တော်တဲ့အမေ၊ သိပ်ထူးချွန်တဲ့အက်ဒီဆင် ဆိုတာတွေကတစ်ဘက် နဲ့ သူ့အမေက ဘာလို့ဒီလိုလုပ်လိုက်ရတာလဲ၊ ဘာလို့လိမ်ရတာလဲ ဆိုတာကတစ်ဘက်တို့ အခုခေတ်အထိ အငြင်းပွားနေဆဲပါ။
.
.
. ဒါပေမယ့် “ဇာတ်သမားလာရင် မှတ်သားစရာကျန်ရလိမ့်မယ်၊ စာပေသမားဟောကြားရင် သဘောတရားပေါများလိမ့်မယ်” ဆိုတဲ့စကားအတိုင်း ယူတတ်ရင် ရနိုင်တဲ့အကျိုးအမြတ်တွေက ရှိနေပါတယ်။ ဒါဟာ သားသမီးကိုမိဘကချစ်တဲ့ စစ်မှန်တဲ့မေတ္တာ နဲ့ အနာဂါတ်အရေးကိုကြိုတွေးပြီး တဒင်္ဂ နဲ့ တစ်ဘဝလုံးကို အပြီးတိုင်ကောင်းမွန်သောပြောင်းလဲခြင်းကို ရရှိလိုက်တဲ့ လူသားတို့အတွက်အဖိုးမဖြတ်နိုင်တဲ့သိပ္ပံအမွေအနှစ်ဖြစ်ပါတယ်။
.
. နောက်တစ်ခုက မိဘဆိုတာ သားသမီးကို ချေးကအစ သေးကအစ မိုးကောင်းကင်ကြီးအဆုံး အကုန်သိသူပါ။ တစ်နည်းအားဖြင့် သားသမီးရဲ့တိုးတက်မှုကိုစိတ်ဝင်စားတဲ့မိဘတွေမှာဆို ကိုယ့်သား/သမီးဟာဘယ်လောက်အထိဆိုရင် ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တယ် . . ဘယ်အတိုင်းအတာထိဆိုရင်များသွားပြီ . . ဘယ်အချင်းအရာကတော့ဖြင့် သူရဲ့ဝန်နဲ့အားနဲ့မမျှဘူး ဆိုတာတွေအပြင် ဘယ်ပညာရေး နဲ့ ဘယ်ကဲ့သို့သောဝါသနာကတော့ (ငါ့သား/ငါ့သမီး) နဲ့ သင့်တော်တယ်ဆိုတာ အမြဲချိန်ဆနေတာကိုတွေ့မြင်ရတတ်ပါတယ်။
.
. တကယ်ပဲ အက်ဒီဆင်ရဲ့အမေဟာ နောင်အနှစ် (၄ဝ) ခပ်ပိုပိုမှာ သူ့သားဟာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးဖြစ်မယ်ဆိုတာကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ပညာရှင်တစ်ယောက်၊ ပါရမီရှင်တစ်ယောက်လို့ ကျွန်တော်က ကင်ပွန်းတပ် ချီးကျူးချင်ပါတယ်။
.
.
. ဒါကြောင့် ဒီဇာတ်လမ်းဟာ အဖြစ်မှန် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒီ ရသခွန်အားဟာ လူသားတို့ရဲ့စိတ်ဓါတ်ကိုတွန်းအားဖြစ်စေပြီး ဘယ်တော့မှအရှူံးမပေးချင်တဲ့စိတ်တန်ခိုးကိုပေးစွမ်းနိုင်တာဖြစ်လို့ ဒီဆောင်းပါးလေးရဲ့ခေါင်းစဉ်ကို “အမေမညာခဲ့ပါဘူး သားရယ်” လို့သာ ပေးလိုက်မိပါတော့တယ်။
.
. ရည်ညွှန်းကိုးကား ။။။။။။။။။။ အင်တာနက်မှ နေရာအစုံ
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-29-2017

No comments: