ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 27, 2019

“ေတာင္က်ေရစကား နဲ႕ မၾကားတဲ႕နား”

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
ကၽြန္ေတာ္လူအမ်ိဳးမ်ိဳးနဲ႔ေတြ႕ဖူးတယ္။ အဲဒီထဲမွာအမ်ိဳးအစားခြဲၾကည္႕လိုက္ေတာ႕ ပထမတစ္မ်ိဳးက သူတို႔ဆီကကၽြန္ေတာ္သင္ယူရမယ့္လူအမ်ိဳးအစားပါ။ ဒီေနရာမွာအေရးၾကီးတဲ႕အတြက္ ဒုတိယအမ်ိဳးအစားထဲထည္႕ထားလိုက္ရတဲ႕ ကြ်န္ေတာ္ဆင္ျခင္ရမယ္႕လူအမ်ိဳးအစားအေၾကာင္း အရင္ေျပာျပပါရေစ။

မိဘတစ္ခ်ိဳ႕ကို သူတုိ႕ရဲ႕သားသမီးေတြအေၾကာင္း စကားစမိတယ္။ သားသမီးေတြမွာ ခံစားခ်က္ရွိတယ္။ ဘယ္အရာကိုေတာ႕ ျဖစ္ခ်င္တယ္၊ ဘယ္အရာကုိေတာ႕ မလုပ္ခ်င္ဘူးဆိုတာကို မိဘေတြသိေအာင္မေျပာရဲဘူး။ ေျပာလိုက္ရင္ “မင္းတို႕ကဘာသိလို႕လဲ” ဆိုတာကေနစျပီး စကားကေရွ႕ဆက္မရေတာ႕ဘူး။ ဒီအျဖစ္အပ်က္ေတြမွာ မိဘေတြမမွန္သလို သားသမီးေတြဘက္ကေျပာပံုဆိုပံု နဲ႕ မိဘေတြကိုခ်ည္းကပ္ပံုက နည္းပရိယာယ္လုိေနတယ္လို႕ေျပာခ်င္တယ္။

ေနာက္တစ္ခုက မိဘေတြအပိုင္း။ ဒီအပိုင္းက ပုိကုိင္တြယ္ရခက္တယ္။ ဒီေလာကၾကီးမွာ စဥ္းစားတတ္သူတိုင္းလုပ္သင္႕တာက မွားတာမသိရင္ “သိ” ေအာင္လုပ္၊ သိလာရင္ ဘယ္လိုျပင္ရမလဲ “ေတြး” ၊ အေတြးေပါက္လုိ႕အေျဖေရာက္လာျပီဆုိရင္ မ်က္ေမွာက္အခ်ိန္ကေန စ “လုပ္” ၊ ဒါကုိလြယ္ေအာင္ “သိ-ေတြး-လုပ္” လို႕ အလြယ္တကူမွတ္ထားႏုိင္ပါတယ္။

သားသမီးေတြက မိဘစကားနားမေထာင္ဘူး၊ လုပ္ခ်င္ရာလုပ္တယ္၊ စာမလုပ္ဘူးလို႕ မိဘအမ်ားစုညည္းတြားၾကတယ္။ ဘာကုိဝါသနာပါမွန္းကိုမသိဘူး၊ လုပ္ခ်င္တာေတြကအမ်ားၾကီး၊ ဘာတစ္ခုမွမျဖစ္လာဘူးလို႕ ရင္ဖြင္႕ၾကတယ္။ အခုမိဘျဖစ္ေနသူေတြကေရာ ဆယ္ေက်ာ္သက္အရြယ္ကို မေက်ာ္ျဖတ္ခဲ႕ရလို႕ ဒီလုိေျပာေနတာလားလုိ႕ ေမးၾကည္႕ခ်င္တယ္။
လူငယ္တုိင္း စိတ္ကူးရွိတယ္။ အိပ္မက္ရွိတယ္။ တစ္ခ်ိဳ႕လူငယ္ေတြမွာ ဘယ္သူမွမစဥ္းစားမိတဲ႕ျပင္းျပတဲ႕တီထြင္လိုစိတ္အေတြး၊ ဖန္တီးခ်င္တဲ႕ဥာဏ္ေတြရွိတယ္။ ဒါေတြအားလံုးဟာ လူအမ်ားေျပာေနက် ေက်ာင္းဖတ္စာအုပ္ေတြထဲပါတာ ဟုတ္ခ်င္မွဟုတ္မယ္၊ စာၾကည္႕တုိက္ေတြဆီကလာတာ ဟုတ္ခ်င္မွဟုတ္မယ္။ သူတို႕စိတ္ကူးကိုအလုပ္အျဖစ္အသြင္ေျပာင္းေပးႏုိင္ရင္ မိဘေတြသက္သာမယ္။ သူတုိ႕ရဲ႕အိပ္မက္ေတြတကယ္ျဖစ္လာေအာင္အားေပးႏုိင္ရင္ မိဘေတြဝန္ထုပ္ဝန္ပိုးေလ်ာ႕မယ္။ ဒါေပမဲ႕ ဒီလိုစိတ္ကူး၊ ဒီလိုအိပ္မက္အေၾကာင္းေတြကိုမိဘေတြကအကုန္နားေထာင္ရဲ႕လားဆုိတာလက္ေတြ႕သိခဲ႕ရတာက ဒီလို . .။

မိဘေတြကိုဆန္းစစ္ၾကည္႕တဲ႕အခါ သားသမီးစကားကိုနားေထာင္ေပးတဲ႕မိဘနဲ႕ သားသမီးေျပာစကားကိုလံုးဝထည္႕မစဥ္းစားတဲ႕မိဘဆုိျပီး (၂) မ်ိဳး ထပ္ေတြ႕ျပန္တယ္။ သားသမီးကေျပာတယ္ပဲထား၊ သားသမီးရဲ႕ရင္ဖြင္႕သံကုိနားမေထာင္ေပးရင္ သားသမီးက သူတို႕ပုိယံုၾကည္ရတဲ႕သူငယ္ခ်င္းေတြနားသြားေျပာလိမ္႕မယ္။ အဲဒီအခါမွ မိဘေတြဆီမွာရွိထားတဲ႕ယံုၾကည္မႈကိုျပန္ႏႈတ္ယူျပီး သူငယ္ခ်င္းေတြကိုအကုန္ပံုအပ္ၾကေတာ႕မယ္။

မိဘေတြက သားသမီးေတြရဲ႕အမူအက်င္႕ေတြကိုခ်ည္းျပင္ေစခ်င္တာမဟုတ္ဘူး။ သားသမီးကလည္း မိဘေတြသူတို႕အေပၚဆက္ဆံပံုကိုလည္း ျပင္ေစ႕ခ်င္တာေတြ အျမဲၾကားေနရတယ္။ ဒီအခါမွာ မိဘျဖစ္သူေတြကိုယ္တိုင္ ျပဳျပင္ရမယ့္အစားကိုယ့္ရဲ့ရင္ႏွစ္သည္းခ်ာသားသမီးရတနာအေၾကာင္းကိုလူေရွ႕သူေရွ႕မေကာင္းေျပာခ်င္တယ္။ အဆိုးဆုံးကအခုဒီဘက္ေျမ အေမရိကားကိုေရာက္တဲ့အထိေျပာလို႔မၿပီးဆံုးေသးတာပါပဲ။

တကယ္ေတာ့ဗ်ာ လူငယ္ေတြဆိုတာ ကေလးက ျဖစ္လာတာ။ လူႀကီးေတြဆိုတာလည္း လူငယ္ေတြကေန ျဖစ္လာတာ။ ဒီေလာက္ရိုးရွင္းတဲ့ေလာကႀကီးကို ဘယ္သူေတြက ဇကာစစ္ျပီး အေရာင္ျခယ္ခ်င္တာလဲ။ လူႀကီးေတြျဖစ္မယ္လို႔ထင္သလား? လူငယ္ေတြျဖစ္မယ္လို႔ထင္သလား? စာဖတ္ခ်စ္သူေတြေျဖၾကည့္ၾကပါ။

မိမိကုိယ္တုိင္မိဘျဖစ္ရင္ တစ္ခ်ိန္က သားသမီးဘဝကုိေက်ာ္ျဖတ္ခဲ့ရတာကိုမေမ့သင္႕လွဘူး။ မိမိ္အလွည့္တုန္းကေတာ့ကိုယ္ျဖစ္ခ်င္တာေတြအကုန္ေျပာခဲ့တယ္။ မိဘမႀကိဳက္တာကိုလည္း အနည္းနဲ႕အမ်ားလုပ္ခဲ႕မိၾကမယ္။ ခ်ေပးထားတဲ႕စည္းကမ္းေတြကုိေဖာက္ဖ်က္မိၾကမွာမလြဲပါပဲ။ အခုမိဘရြယ္ေရာက္ေတာ့ မိမိျဖစ္ခ်င္တာကိုအတင္းႀကီးလုပ္ခိုင္းလို႕ တရားတယ္လို႔ထင္ေနၾကသလား မဆိုႏိုင္ဘူး။

ဒီအေၾကာင္းအရာေတြကို စုစည္းေပးခဲ့တာက ကြ်န္ေတာ္အျမဲေလးစားရတဲ့လူငယ္တစ္ခ်ိဳ႕နဲ႔ေတြ႕ဆုံစကားေျပာရာက ျမစ္ဖ်ားခံခဲ့တယ္။ ေတာင္က်ေရဟာ ျမင့္ရာကေန နိမ္႕ရာကုိစီးဆင္းေနတာ သဘာဝပဲ။ ဒါေပမဲ႕ ဒီေရကိုခံျပီးေရရွည္သံုးစြဲႏုိင္ဖို႕ ေတာင္ထိပ္မွာေရကန္ေဆာက္လို႕မရႏုိင္ဘူး။ ေျမျပင္မွာအေျခခ်ျပီး ခုိင္ခန္႕တဲ႕အုတ္ျမစ္နဲ႕ ေသခ်ာစီမံထားတဲ႕အဂၤေဒကန္ေပါင္ေတြနဲ႕ျပဳလုပ္ထားမွသာ ျငိမ္သက္ေအးခ်မ္းသြားတဲ႕ေတာင္က်ေရကုိ အစဥ္သျဖင္႕ၾကည္လင္ေနေအာင္သံုးစြဲႏုိင္မယ္။

ဒီသေဘာတရားအတုိင္းပါပဲ။ မိဘေျပာတဲ႕စကားဟာ သားသမီးဆီကိုစီးဆင္းသြားရာကေန အနည္ထုိင္ျပီး ျငိမ္သက္သြားတဲ႕အခ်ိန္ေရာက္ဖို႕ ေစာင္႕ဆုိင္းရသလို မိဘေတြကုိယ္တုိင္က ေရလုိၾကည္လင္တဲ႕စိတ္နဲ႕ နားေထာင္ေပးမွသာ ဒီအေသြးအသားဆက္ႏြယ္ျခင္း-Blood Relation ရဲ႕ ႏွစ္ဦး ႏွစ္ဘက္ အက်ိဳးရွိတဲ႕ရလဒ္ကုိေဆာင္က်ဥ္းႏုိင္မွာပါ။

လူငယ္ေတြကုိေမးၾကည္႕တဲ႕အခါ သူတုိ႕ေတာင္းဆိုတာေတြက မမ်ားဘူး ရွင္းရွင္းေလးရယ္။ သူတို႕ေျပာတာကိုနားေထာင္ေပးဖို႕၊ သူတုိ႕လုပ္ေနတာေတြကုိအသိအမွတ္ျပဳေပးဖို႕၊ ထစ္ကနဲဆုိရင္ ဆူလိုက္ ေငါက္လုိက္လုပ္တာေတြကုိဆင္ျခင္ေပးဖို႕ ဒါေလာက္ပဲ။ ဒီစကားေတြကုိၾကားရေတာ႕ ကြ်န္ေတာ႕ရင္ေတြဗေလာင္ဆူလာတယ္။ သူတုိ႕မိဘေတြနားမေထာင္ေပးတာေတြ၊ သူတုိ႕မိဘေတြကိုရင္ဖြင္႕ခြင္႕မရတာေတြ၊ သူတုိ႕မိဘေတြရဲ႕လိုအပ္ခ်က္ေတြကိုျပင္ေပးခ်င္တဲ႕ လူငယ္ပညာတတ္ေလးေတြကို ကြ်န္ေတာ႕မ်က္စိေရွ႕မွာျမင္ေတြ႕ေနရျပီေလ။

အခြင္႕သာမယ္႕အခ်ိန္ေလးတစ္ခုကုိရွာျပီး အဲဒီလူငယ္ေတြရဲ႕မိဘေတြကို အေမရိကန္ေျမေပၚမွာကြ်န္ေတာ္စကားေျပာဖို႕ၾကိဳးစားၾကည္႕တယ္။ စကားေျပာတယ္ဆုိတာထက္ ေမးခြန္းေမးတာ၊ အၾကံျပဳတာတုိ႕အျပင္ သတင္းစကားပို႕ေဆာင္ေပးတာဆိုရင္ ပိုမွန္ပါတယ္။ အဲဒီမွာ အစပိုင္းကေျပာခဲ႕သလို နားေထာင္တဲ႕မိဘ နဲ႕ နားမေထာင္ေပးတဲ႕မိဘတို႕ဟာ ဆီနဲ႕ေရ လို ကြာျခားသြားေတာ႕တာပါပဲ။

တစ္ခ်ိဳ႕မိဘေတြက ကြ်န္ေတာ္ေမးတဲ႕ “ကေလးေတြေျပာတာ ထုိင္နားေထာင္ဖူးသလား” ဆုိတဲ႕ေမးခြန္းကို “ထိုင္ျပီး နားမေထာင္ဖူးဘူး” လို႕ ရုိးရိုးသားသားေျဖသလို တစ္ခ်ိဳ႕မိဘေတြက သူတို႕ကိုတိုက္ခိုက္တယ္၊ ဆရာၾကီးလုပ္တယ္လို႕ယူဆျပီး ခပ္ဆတ္ဆတ္ျငင္းရံုမက “ကေလးေတြက ေျပာစကားနားမေထာင္ဘူး၊ ကလန္ကဆန္လုပ္တယ္” ဆိုတဲ႕ေနာက္ဆက္တြဲစကားေတြနဲ႕ ကြ်န္ေတာ႕ကုိျပန္ပက္တယ္။ ကြ်န္္ေတာ္ေမွ်ာ္လင္႕ျပီးသားပါ။ ဒီကေန ရလဒ္ေကာင္းထြက္သည္ မထြက္သည္ဟာ ကြ်န္ေတာ႕အတြက္မဟုတ္ဘူးဆိုတာ အဲဒီမိဘက သိသြားပံုမရဘူး။

သူတုိ႕သိပ္ခ်စ္တဲ႕ သားရတနာ သမီးရတနာကို မတူကြဲျပားမႈကုိအေျခခံတဲ႕၊ လူ႕အခြင္႕အေရးကိုအေလးထားတဲ႕၊ လူကိုလူလိုဆက္ဆံတဲ႕၊ ေျပာခြင္႕ရွိတဲ႕၊ ေရးခြင္႕ရွိတဲ႕၊ ထုတ္ေဖာ္ခြင္႕ရွိတဲ႕ အေမရိကားမွာေက်ာင္းထားဖို႕ရုပ္ျပတိုးတက္မႈ နဲ႕ တစ္ခ်ိန္ခ်ိန္ျပန္ဝင္႕ၾကြားႏုိင္မယ္႕ ဂုဏ္ရွိေစတဲ႕ကိစၥေတြကုိသာအေလးထားျပီး စဥ္းစားေနတာ အံ႕ၾသမိတယ္။

သူတို႕ေခၚလာတဲ႕သားသမီးေတြရဲ႕စိတ္ထဲမွာဘယ္လိုျဖစ္ေနတယ္ဆုိတာကိုနားမေထာင္ေပးတာ လူငယ္ေတြအတြက္ စိတ္အားေဖ်ာ႕ေတာ႕ေစတယ္၊ အားေလ်ာ႕ေစတယ္၊ ေမွ်ာ္လင္႕ခ်က္ေပ်ာက္ဆံုးသြားေစတယ္ဆုိတာ မသိေလေရာ႕သလား လို႕ ကြ်န္ေတာ္ခံစားရတယ္။

ေတာင္က်ေရရဲ႕သဘာဝ အက်ၾကမ္းတယ္။ ေတာင္နံရံေတြကုိဝင္တုိက္၊ လွ်ိဳေတြကုိတုိက္စား၊ သစ္ပင္ေတြကိုမသနား အားပါးတရစီးဆင္းတဲ႕ဓေလ႕ရွိတယ္။ ေရၾကည္ေရသန္႕က်ေတာ႕ တည္ျငိမ္တဲ႕အေနအထားေရာက္မွ အနည္ထုိင္ေလ႕ရွိတယ္။ ဒီေနရာမွာ မိဘလုပ္သူက “ငါတုိ႕တုန္းက ဘယ္လုိၾကိဳးစားခဲ႕ရတာ၊ မင္းတို႕လည္း ကုိယ္႕ဟာကိုယ္လုပ္၊ ဒါပဲ” ဆုိတဲ႕ ေတာင္က်ေရစကားကို လူငယ္ေတြခဗ်ာ ႏွလံုးသားေရပံုးနဲ႕မခပ္ထားႏုိင္တာ သိပ္ေတာ႕မဆန္းပါဘူး။

တကယ္ေတာ႕ ဒီဘက္ေျမကိုေရာက္လာတဲ႕ျမန္မာမိသားစုေတြကိုစကားေျပာရတာ ကြ်န္ေတာ္က အိမ္ရွင္ပါ။ ဘာအက်ိဳးအျမတ္မွမေမွ်ာ္မွန္းဘဲ ကူညီစရာရွိတာကူညီ၊ လိုက္ပုိ႕စရာရွိတာလုိက္ပို႕ ဒီလိုစိတ္ထားခဲ႕တယ္။ ဧည္႕သည္ေနရာကလည္း ဒီလုိအခြင္႕အေရးၾကံဳလို႕ မိမိသားသမီးေတြဆီက နားမေထာင္ဖူးတာနားေထာင္ရတယ္၊ မိဘေတြမသိလုိက္တဲ႕ကေလးေတြရဲ႕ဆႏၵကုိသိခြင္႕ရတယ္ ဆုိတဲ႕စိတ္နဲ႕ျပဳျပင္သင္႕လွပါတယ္။

ဒါေတြဟာ ေခါက္ရိုးက်ိဳးေနတဲ႕စာအုပ္ထဲကစာတစ္ပုိဒ္ကုိကူးယူေဖာ္ျပထားတယ္လို႕ထင္ရင္ေတာ႕ မွားပါလိ္မ္႕မယ္။ တကယ္႕ဘဝထဲကပြင္႕အန္ထြက္လာတဲ႕ တစ္အိမ္ထဲေနမိသားစုဝင္ေတြရဲ႕မၾကားျဖစ္တဲ႕သူတုိ႕ရဲ႕ရင္တြင္းကစာတစ္ပုိဒ္ျဖစ္ေနတာကို နားေထာင္သူသာ သိမိ ျမင္မိ ပါလိမ္႕မယ္။

ဒီလိုမိဘမ်ိဳးကို ကြ်န္ေတာ႕ရဲ႕လူေတြအေပၚဖတ္တတ္တဲ႕စိတ္တံခါးစာရင္းရဲ႕ ကြ်န္ေတာ္ဆင္ျခင္ရမယ္႕လူစားရင္းထဲသြင္းလုိက္ဖို႕အခ်ိန္တန္ပါျပီ။ ေနာက္ဆုိရင္ ေျပာခုိင္းရင္ေတာင္မွ ေတာ္ေတာ္စဥ္းစားရဦးမယ္၊ ေမးခိုင္းရင္ေတာင္ အေတာ္ဆင္ျခင္ရမယ္႕လူစာရင္းထဲမွာ အားနာနာနဲ႕မင္နီတားထားလိုက္ရေတာ႕မယ္။

ဒီဘက္ေျမမွာ ကြ်န္ေတာ္သင္ယူေနရတဲ႕လူေတြအမ်ားၾကီးပါ။ အျမဲေျပာေနက် “ေနရာသစ္မွာ ကြ်န္ေတာ္ေန႕တုိင္းသင္ယူေနတယ္” ဆုိတဲ႕စကားကိုသာ ထပ္ကာထပ္ကာေျပာေနမွာပါ။ ဒီအထဲမွာ သင္ခန္းစာကို ကုိယ္တုိင္ကုိယ္က် လာသင္ေပးသူရွိတယ္။ အေျပာစကားနဲ႕မေနာၾကားေအာင္ ေျပာၾကားေပးသူရွိတယ္။ စိတ္တံခါးဖြင္႕ေနထိုင္တတ္ဖို႕ နမူနာေပးသူရွိတယ္။ ဘယ္အရာမဆို နားေထာင္ျခင္းကေနသင္ယူဖို႕လမ္းျပေပးသူရွိတယ္။

အဲဒီကေန (အေမရိကားေရာက္ျမန္မာလူငယ္ေတြ) ေတာင္းဆုိတဲ႕ “သားတုိ႕ သမီးတုိ႕က မိဘေတြဆီက (သားတုိ႕ သမီးတုိ႕ကုိေပးမယ္႕) ယံုၾကည္မႈကိုသာ လိုခ်င္တာပါ။ ေငြမဟုတ္ပါဘူး” ဆုိတဲ႕စကားေလးကုိသာ အဖန္ဖန္ၾကားေယာင္ရင္း အိမ္အျပန္လမ္းကိုေမာင္းရင္း တစ္လမ္းလံုးစိတ္ထဲမွာေဆာင္းပါးတစ္ပုဒ္ေရးေနမိတယ္။ လူၾကီးေတြဆီကသင္ရင္ ဆင္ျခင္စရာအျမဲရတယ္။ လူငယ္ေတြဆီကသင္ရင္ ပညာအျမဲရခဲ႕ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၤၾကီး)
07-27-2019


Unicode Version:

“တောင်ကျရေစကား နဲ့ မကြားတဲ့နား” ကျွန်တော်လူအမျိုးမျိုးနဲ့တွေ့ဖူးတယ်။ အဲဒီထဲမှာအမျိုးအစားခွဲကြည့်လိုက်တော့ ပထမတစ်မျိုးက သူတို့ဆီကကျွန်တော်သင်ယူရမယ့်လူအမျိုးအစားပါ။ ဒီနေရာမှာအရေးကြီးတဲ့အတွက် ဒုတိယအမျိုးအစားထဲထည့်ထားလိုက်ရတဲ့ ကျွန်တော်ဆင်ခြင်ရမယ့်လူအမျိုးအစားအကြောင်း အရင်ပြောပြပါရစေ။ မိဘတစ်ချို့ကို သူတို့ရဲ့သားသမီးတွေအကြောင်း စကားစမိတယ်။ သားသမီးတွေမှာ ခံစားချက်ရှိတယ်။ ဘယ်အရာကိုတော့ ဖြစ်ချင်တယ်၊ ဘယ်အရာကိုတော့ မလုပ်ချင်ဘူးဆိုတာကို မိဘတွေသိအောင်မပြောရဲဘူး။ ပြောလိုက်ရင် “မင်းတို့ကဘာသိလို့လဲ” ဆိုတာကနေစပြီး စကားကရှေ့ဆက်မရတော့ဘူး။ ဒီအဖြစ်အပျက်တွေမှာ မိဘတွေမမှန်သလို သားသမီးတွေဘက်ကပြောပုံဆိုပုံ နဲ့ မိဘတွေကိုချည်းကပ်ပုံက နည်းပရိယာယ်လိုနေတယ်လို့ပြောချင်တယ်။ နောက်တစ်ခုက မိဘတွေအပိုင်း။ ဒီအပိုင်းက ပိုကိုင်တွယ်ရခက်တယ်။ ဒီလောကကြီးမှာ စဉ်းစားတတ်သူတိုင်းလုပ်သင့်တာက မှားတာမသိရင် “သိ” အောင်လုပ်၊ သိလာရင် ဘယ်လိုပြင်ရမလဲ “တွေး” ၊ အတွေးပေါက်လို့အဖြေရောက်လာပြီဆိုရင် မျက်မှောက်အချိန်ကနေ စ “လုပ်” ၊ ဒါကိုလွယ်အောင် “သိ-တွေး-လုပ်” လို့ အလွယ်တကူမှတ်ထားနိုင်ပါတယ်။ သားသမီးတွေက မိဘစကားနားမထောင်ဘူး၊ လုပ်ချင်ရာလုပ်တယ်၊ စာမလုပ်ဘူးလို့ မိဘအများစုညည်းတွားကြတယ်။ ဘာကိုဝါသနာပါမှန်းကိုမသိဘူး၊ လုပ်ချင်တာတွေကအများကြီး၊ ဘာတစ်ခုမှမဖြစ်လာဘူးလို့ ရင်ဖွင့်ကြတယ်။ အခုမိဘဖြစ်နေသူတွေကရော ဆယ်ကျော်သက်အရွယ်ကို မကျော်ဖြတ်ခဲ့ရလို့ ဒီလိုပြောနေတာလားလို့ မေးကြည့်ချင်တယ်။ လူငယ်တိုင်း စိတ်ကူးရှိတယ်။ အိပ်မက်ရှိတယ်။ တစ်ချို့လူငယ်တွေမှာ ဘယ်သူမှမစဉ်းစားမိတဲ့ပြင်းပြတဲ့တီထွင်လိုစိတ်အတွေး၊ ဖန်တီးချင်တဲ့ဉာဏ်တွေရှိတယ်။ ဒါတွေအားလုံးဟာ လူအများပြောနေကျ ကျောင်းဖတ်စာအုပ်တွေထဲပါတာ ဟုတ်ချင်မှဟုတ်မယ်၊ စာကြည့်တိုက်တွေဆီကလာတာ ဟုတ်ချင်မှဟုတ်မယ်။ သူတို့စိတ်ကူးကိုအလုပ်အဖြစ်အသွင်ပြောင်းပေးနိုင်ရင် မိဘတွေသက်သာမယ်။ သူတို့ရဲ့အိပ်မက်တွေတကယ်ဖြစ်လာအောင်အားပေးနိုင်ရင် မိဘတွေဝန်ထုပ်ဝန်ပိုးလျော့မယ်။ ဒါပေမဲ့ ဒီလိုစိတ်ကူး၊ ဒီလိုအိပ်မက်အကြောင်းတွေကိုမိဘတွေကအကုန်နားထောင်ရဲ့လားဆိုတာလက်တွေ့သိခဲ့ရတာက ဒီလို . .။ မိဘတွေကိုဆန်းစစ်ကြည့်တဲ့အခါ သားသမီးစကားကိုနားထောင်ပေးတဲ့မိဘနဲ့ သားသမီးပြောစကားကိုလုံးဝထည့်မစဉ်းစားတဲ့မိဘဆိုပြီး (၂) မျိုး ထပ်တွေ့ပြန်တယ်။ သားသမီးကပြောတယ်ပဲထား၊ သားသမီးရဲ့ရင်ဖွင့်သံကိုနားမထောင်ပေးရင် သားသမီးက သူတို့ပိုယုံကြည်ရတဲ့သူငယ်ချင်းတွေနားသွားပြောလိမ့်မယ်။ အဲဒီအခါမှ မိဘတွေဆီမှာရှိထားတဲ့ယုံကြည်မှုကိုပြန်နှုတ်ယူပြီး သူငယ်ချင်းတွေကိုအကုန်ပုံအပ်ကြတော့မယ်။ မိဘတွေက သားသမီးတွေရဲ့အမူအကျင့်တွေကိုချည်းပြင်စေချင်တာမဟုတ်ဘူး။ သားသမီးကလည်း မိဘတွေသူတို့အပေါ်ဆက်ဆံပုံကိုလည်း ပြင်စေ့ချင်တာတွေ အမြဲကြားနေရတယ်။ ဒီအခါမှာ မိဘဖြစ်သူတွေကိုယ်တိုင် ပြုပြင်ရမယ့်အစားကိုယ့်ရဲ့ရင်နှစ်သည်းချာသားသမီးရတနာအကြောင်းကိုလူရှေ့သူရှေ့မကောင်းပြောချင်တယ်။ အဆိုးဆုံးကအခုဒီဘက်မြေ အမေရိကားကိုရောက်တဲ့အထိပြောလို့မပြီးဆုံးသေးတာပါပဲ။ တကယ်တော့ဗျာ လူငယ်တွေဆိုတာ ကလေးက ဖြစ်လာတာ။ လူကြီးတွေဆိုတာလည်း လူငယ်တွေကနေ ဖြစ်လာတာ။ ဒီလောက်ရိုးရှင်းတဲ့လောကကြီးကို ဘယ်သူတွေက ဇကာစစ်ပြီး အရောင်ခြယ်ချင်တာလဲ။ လူကြီးတွေဖြစ်မယ်လို့ထင်သလား? လူငယ်တွေဖြစ်မယ်လို့ထင်သလား? စာဖတ်ချစ်သူတွေဖြေကြည့်ကြပါ။ မိမိကိုယ်တိုင်မိဘဖြစ်ရင် တစ်ချိန်က သားသမီးဘဝကိုကျော်ဖြတ်ခဲ့ရတာကိုမမေ့သင့်လှဘူး။ မိမိ်အလှည့်တုန်းကတော့ကိုယ်ဖြစ်ချင်တာတွေအကုန်ပြောခဲ့တယ်။ မိဘမကြိုက်တာကိုလည်း အနည်းနဲ့အများလုပ်ခဲ့မိကြမယ်။ ချပေးထားတဲ့စည်းကမ်းတွေကိုဖောက်ဖျက်မိကြမှာမလွဲပါပဲ။ အခုမိဘရွယ်ရောက်တော့ မိမိဖြစ်ချင်တာကိုအတင်းကြီးလုပ်ခိုင်းလို့ တရားတယ်လို့ထင်နေကြသလား မဆိုနိုင်ဘူး။ ဒီအကြောင်းအရာတွေကို စုစည်းပေးခဲ့တာက ကျွန်တော်အမြဲလေးစားရတဲ့လူငယ်တစ်ချို့နဲ့တွေ့ဆုံစကားပြောရာက မြစ်ဖျားခံခဲ့တယ်။ တောင်ကျရေဟာ မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းနေတာ သဘာဝပဲ။ ဒါပေမဲ့ ဒီရေကိုခံပြီးရေရှည်သုံးစွဲနိုင်ဖို့ တောင်ထိပ်မှာရေကန်ဆောက်လို့မရနိုင်ဘူး။ မြေပြင်မှာအခြေချပြီး ခိုင်ခန့်တဲ့အုတ်မြစ်နဲ့ သေချာစီမံထားတဲ့အင်္ဂဒေကန်ပေါင်တွေနဲ့ပြုလုပ်ထားမှသာ ငြိမ်သက်အေးချမ်းသွားတဲ့တောင်ကျရေကို အစဉ်သဖြင့်ကြည်လင်နေအောင်သုံးစွဲနိုင်မယ်။ ဒီသဘောတရားအတိုင်းပါပဲ။ မိဘပြောတဲ့စကားဟာ သားသမီးဆီကိုစီးဆင်းသွားရာကနေ အနည်ထိုင်ပြီး ငြိမ်သက်သွားတဲ့အချိန်ရောက်ဖို့ စောင့်ဆိုင်းရသလို မိဘတွေကိုယ်တိုင်က ရေလိုကြည်လင်တဲ့စိတ်နဲ့ နားထောင်ပေးမှသာ ဒီအသွေးအသားဆက်နွယ်ခြင်း-Blood Relation ရဲ့ နှစ်ဦး နှစ်ဘက် အကျိုးရှိတဲ့ရလဒ်ကိုဆောင်ကျဉ်းနိုင်မှာပါ။ လူငယ်တွေကိုမေးကြည့်တဲ့အခါ သူတို့တောင်းဆိုတာတွေက မများဘူး ရှင်းရှင်းလေးရယ်။ သူတို့ပြောတာကိုနားထောင်ပေးဖို့၊ သူတို့လုပ်နေတာတွေကိုအသိအမှတ်ပြုပေးဖို့၊ ထစ်ကနဲဆိုရင် ဆူလိုက် ငေါက်လိုက်လုပ်တာတွေကိုဆင်ခြင်ပေးဖို့ ဒါလောက်ပဲ။ ဒီစကားတွေကိုကြားရတော့ ကျွန်တော့ရင်တွေဗလောင်ဆူလာတယ်။ သူတို့မိဘတွေနားမထောင်ပေးတာတွေ၊ သူတို့မိဘတွေကိုရင်ဖွင့်ခွင့်မရတာတွေ၊ သူတို့မိဘတွေရဲ့လိုအပ်ချက်တွေကိုပြင်ပေးချင်တဲ့ လူငယ်ပညာတတ်လေးတွေကို ကျွန်တော့မျက်စိရှေ့မှာမြင်တွေ့နေရပြီလေ။ အခွင့်သာမယ့်အချိန်လေးတစ်ခုကိုရှာပြီး အဲဒီလူငယ်တွေရဲ့မိဘတွေကို အမေရိကန်မြေပေါ်မှာကျွန်တော်စကားပြောဖို့ကြိုးစားကြည့်တယ်။ စကားပြောတယ်ဆိုတာထက် မေးခွန်းမေးတာ၊ အကြံပြုတာတို့အပြင် သတင်းစကားပို့ဆောင်ပေးတာဆိုရင် ပိုမှန်ပါတယ်။ အဲဒီမှာ အစပိုင်းကပြောခဲ့သလို နားထောင်တဲ့မိဘ နဲ့ နားမထောင်ပေးတဲ့မိဘတို့ဟာ ဆီနဲ့ရေ လို ကွာခြားသွားတော့တာပါပဲ။ တစ်ချို့မိဘတွေက ကျွန်တော်မေးတဲ့ “ကလေးတွေပြောတာ ထိုင်နားထောင်ဖူးသလား” ဆိုတဲ့မေးခွန်းကို “ထိုင်ပြီး နားမထောင်ဖူးဘူး” လို့ ရိုးရိုးသားသားဖြေသလို တစ်ချို့မိဘတွေက သူတို့ကိုတိုက်ခိုက်တယ်၊ ဆရာကြီးလုပ်တယ်လို့ယူဆပြီး ခပ်ဆတ်ဆတ်ငြင်းရုံမက “ကလေးတွေက ပြောစကားနားမထောင်ဘူး၊ ကလန်ကဆန်လုပ်တယ်” ဆိုတဲ့နောက်ဆက်တွဲစကားတွေနဲ့ ကျွန်တော့ကိုပြန်ပက်တယ်။ ကျွန််တော်မျှော်လင့်ပြီးသားပါ။ ဒီကနေ ရလဒ်ကောင်းထွက်သည် မထွက်သည်ဟာ ကျွန်တော့အတွက်မဟုတ်ဘူးဆိုတာ အဲဒီမိဘက သိသွားပုံမရဘူး။ သူတို့သိပ်ချစ်တဲ့ သားရတနာ သမီးရတနာကို မတူကွဲပြားမှုကိုအခြေခံတဲ့၊ လူ့အခွင့်အရေးကိုအလေးထားတဲ့၊ လူကိုလူလိုဆက်ဆံတဲ့၊ ပြောခွင့်ရှိတဲ့၊ ရေးခွင့်ရှိတဲ့၊ ထုတ်ဖော်ခွင့်ရှိတဲ့ အမေရိကားမှာကျောင်းထားဖို့ရုပ်ပြတိုးတက်မှု နဲ့ တစ်ချိန်ချိန်ပြန်ဝင့်ကြွားနိုင်မယ့် ဂုဏ်ရှိစေတဲ့ကိစ္စတွေကိုသာအလေးထားပြီး စဉ်းစားနေတာ အံ့သြမိတယ်။ သူတို့ခေါ်လာတဲ့သားသမီးတွေရဲ့စိတ်ထဲမှာဘယ်လိုဖြစ်နေတယ်ဆိုတာကိုနားမထောင်ပေးတာ လူငယ်တွေအတွက် စိတ်အားဖျော့တော့စေတယ်၊ အားလျော့စေတယ်၊ မျှော်လင့်ချက်ပျောက်ဆုံးသွားစေတယ်ဆိုတာ မသိလေရော့သလား လို့ ကျွန်တော်ခံစားရတယ်။ တောင်ကျရေရဲ့သဘာဝ အကျကြမ်းတယ်။ တောင်နံရံတွေကိုဝင်တိုက်၊ လျှိုတွေကိုတိုက်စား၊ သစ်ပင်တွေကိုမသနား အားပါးတရစီးဆင်းတဲ့ဓလေ့ရှိတယ်။ ရေကြည်ရေသန့်ကျတော့ တည်ငြိမ်တဲ့အနေအထားရောက်မှ အနည်ထိုင်လေ့ရှိတယ်။ ဒီနေရာမှာ မိဘလုပ်သူက “ငါတို့တုန်းက ဘယ်လိုကြိုးစားခဲ့ရတာ၊ မင်းတို့လည်း ကိုယ့်ဟာကိုယ်လုပ်၊ ဒါပဲ” ဆိုတဲ့ တောင်ကျရေစကားကို လူငယ်တွေခဗျာ နှလုံးသားရေပုံးနဲ့မခပ်ထားနိုင်တာ သိပ်တော့မဆန်းပါဘူး။ တကယ်တော့ ဒီဘက်မြေကိုရောက်လာတဲ့မြန်မာမိသားစုတွေကိုစကားပြောရတာ ကျွန်တော်က အိမ်ရှင်ပါ။ ဘာအကျိုးအမြတ်မှမမျှော်မှန်းဘဲ ကူညီစရာရှိတာကူညီ၊ လိုက်ပို့စရာရှိတာလိုက်ပို့ ဒီလိုစိတ်ထားခဲ့တယ်။ ဧည့်သည်နေရာကလည်း ဒီလိုအခွင့်အရေးကြုံလို့ မိမိသားသမီးတွေဆီက နားမထောင်ဖူးတာနားထောင်ရတယ်၊ မိဘတွေမသိလိုက်တဲ့ကလေးတွေရဲ့ဆန္ဒကိုသိခွင့်ရတယ် ဆိုတဲ့စိတ်နဲ့ပြုပြင်သင့်လှပါတယ်။ ဒါတွေဟာ ခေါက်ရိုးကျိုးနေတဲ့စာအုပ်ထဲကစာတစ်ပိုဒ်ကိုကူးယူဖော်ပြထားတယ်လို့ထင်ရင်တော့ မှားပါလိ်မ့်မယ်။ တကယ့်ဘဝထဲကပွင့်အန်ထွက်လာတဲ့ တစ်အိမ်ထဲနေမိသားစုဝင်တွေရဲ့မကြားဖြစ်တဲ့သူတို့ရဲ့ရင်တွင်းကစာတစ်ပိုဒ်ဖြစ်နေတာကို နားထောင်သူသာ သိမိ မြင်မိ ပါလိမ့်မယ်။ ဒီလိုမိဘမျိုးကို ကျွန်တော့ရဲ့လူတွေအပေါ်ဖတ်တတ်တဲ့စိတ်တံခါးစာရင်းရဲ့ ကျွန်တော်ဆင်ခြင်ရမယ့်လူစားရင်းထဲသွင်းလိုက်ဖို့အချိန်တန်ပါပြီ။ နောက်ဆိုရင် ပြောခိုင်းရင်တောင်မှ တော်တော်စဉ်းစားရဦးမယ်၊ မေးခိုင်းရင်တောင် အတော်ဆင်ခြင်ရမယ့်လူစာရင်းထဲမှာ အားနာနာနဲ့မင်နီတားထားလိုက်ရတော့မယ်။ ဒီဘက်မြေမှာ ကျွန်တော်သင်ယူနေရတဲ့လူတွေအများကြီးပါ။ အမြဲပြောနေကျ “နေရာသစ်မှာ ကျွန်တော်နေ့တိုင်းသင်ယူနေတယ်” ဆိုတဲ့စကားကိုသာ ထပ်ကာထပ်ကာပြောနေမှာပါ။ ဒီအထဲမှာ သင်ခန်းစာကို ကိုယ်တိုင်ကိုယ်ကျ လာသင်ပေးသူရှိတယ်။ အပြောစကားနဲ့မနောကြားအောင် ပြောကြားပေးသူရှိတယ်။ စိတ်တံခါးဖွင့်နေထိုင်တတ်ဖို့ နမူနာပေးသူရှိတယ်။ ဘယ်အရာမဆို နားထောင်ခြင်းကနေသင်ယူဖို့လမ်းပြပေးသူရှိတယ်။ အဲဒီကနေ (အမေရိကားရောက်မြန်မာလူငယ်တွေ) တောင်းဆိုတဲ့ “သားတို့ သမီးတို့က မိဘတွေဆီက (သားတို့ သမီးတို့ကိုပေးမယ့်) ယုံကြည်မှုကိုသာ လိုချင်တာပါ။ ငွေမဟုတ်ပါဘူး” ဆိုတဲ့စကားလေးကိုသာ အဖန်ဖန်ကြားယောင်ရင်း အိမ်အပြန်လမ်းကိုမောင်းရင်း တစ်လမ်းလုံးစိတ်ထဲမှာဆောင်းပါးတစ်ပုဒ်ရေးနေမိတယ်။ လူကြီးတွေဆီကသင်ရင် ဆင်ခြင်စရာအမြဲရတယ်။ လူငယ်တွေဆီကသင်ရင် ပညာအမြဲရခဲ့ပါတယ်။ ခင်လျက် ကိုညီညီ (တောင်င်္ကြီး) 07-27-2019

No comments: