ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, July 27, 2018

မူးတဲ႔ ရီဗ်ဴး My Country My Home

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


. ၾကိဳတင္ဝန္ခံထားခ်င္တာတစ္ခုက အရင္ရီဗ်ဴးေရးသူေတြနဲ႕ကြဲျပားစြာ ကြ်န္ေတာ္ဟာ ျမန္မာရုပ္ရွင္ဇာတ္ကား စြဲစြဲျမဲျမဲၾကည္႕သူတစ္ေယာက္မဟုတ္ဘူးဆိုတာကိုပါ။ ျပီးေတာ႕အခု "ဇာတိေျမရုပ္ရွင္ဇာတ္ကားၾကီး" ကုိ အြန္လိုင္းေပၚမွာ ေပါက္ေပါက္ေဖာက္ေလာက္ေအာင္ ေနရာတကာမွာအခမဲ႕ၾကည္႕ႏိုင္လ်က္သားနဲ႕ ေမာ္တင္ကရုပ္ရွင္ရံုမွာ လက္မွတ္ဝယ္ယူအားေပးျပီး ေရးသားခ်င္စိတ္ျဖစ္မိတာကို ေျပာလိုပါတယ္။
.
. ေနာက္တစ္ခုက ျပီးခဲ႕တဲ႕ႏွစ္က ပြက္ေလာထခဲ႕တဲ႕ရုပ္ရွင္ၾကီး (၂) ကားကုိ ရံုၾကီးမွာမၾကည္႕ရေသးတာ၊ ရန္ကုန္ရဲ႕ရုပ္ရွင္ၾကည္႕ျပည္သူေတြအေၾကာင္းသိခ်င္တာ၊ ဇာတိေျမျပန္ေရာက္တုန္း ဇာတိေျမဇာတ္ကားက ဘယ္လုိဇာတိမာန္ေတြေပးမလဲဆုိတာကုိ စိတ္ဝင္စားတာေၾကာင္႕ ညပုိင္းပြဲကုိခ်ီတက္ခဲ႕ပါတယ္။
.
.
. ဘယ္ေလာက္ေတာင္ ဇာတိမာန္တက္ၾကြသလဲဆိုရင္ လက္မွတ္ေရာင္းတဲ႕ေကာင္တာမွာ "ဇာတိိမာန္" (၂) ေစာင္ေပးပါလို႕ေျပာမိေတာ႕ ဝန္ထမ္းမိန္းကေလးက "ဇာတိေျမ" ပါ ဦးေလးရဲ႕ လို႕ ေျပာခံထိတဲ႕အထိပါပဲ။ ကဲ . . ထားေတာ႕ ။ ရံုထဲေရာက္္ေတာ႕ ပထမဦးဆံုးရံုတင္တဲ႕ရက္ေၾကာင္႕လား . . ညပြဲမို႕လို႕လား . . ဇာတိမာန္တက္ၾကြေအာင္လာၾကည္႕တဲ႕ ဇာတိေျမကပရိသတ္ေတြေၾကာင္႕လား . . အဝင္း ေလး ပါလို႕လားမေျပာတတ္ပါဘူး . . လူအျပည္႕ဆိုတာ သတိထားမိပါတယ္။ ပြဲဦးထြက္ရံုလူဝင္မႈ (⭐⭐⭐⭐)
.
.
. ဇာတိေျမအျပန္ခရီးတစ္ေလွ်ာက္ ဘယ္ကားစီးစီး ဘာေလယာဥ္စီးစီးမမူးတတ္တဲ႕ ကြ်န္ေတာ္ဟာ ဇာတိေျမျမန္မာေလသေဘၤာၾကီးစီးျပီး (ဇာတ္ကားစျပီးမၾကာမီ) မူးေနပါတယ္။ ရုပ္ရွင္ဒါရုိက္တာရဲ႕ကိုယ္ဖိရင္ဖိသင္ၾကားျပသမႈေၾကာင္႕လား . . ကြ်န္ေတာ္မသိတဲ႕ ေနာက္ဆံုးေပၚ ဆဲလ္ဖုန္းကုိင္ရုိက္ကူးမႈကြ်မ္းက်င္တဲ႕ကင္မရာမင္းေၾကာင္႕လားေတာ႕ အေသအခ်ာမေျပာတတ္ဘူး . . အနီးကပ္ရုိက္ျပတဲ႕ Close Up နဲ႕ လႈပ္ရွားမႈ - Movement ကဒ္ေတြကိုရိုက္ထားတာ Grab တစ္စီးငွားျပီး ရန္ကုန္ရဲ႕လမ္းေတြေပၚ မိုးတြင္းခ်ိဳင္႕ေပါက္လမ္းေတြေပၚပတ္ေမာင္းခုိင္းရသလုိ မူးေနတာပါပဲခင္မ်ား။ တကယ္ကုိ တုန္ရီေနလို႕ မ်က္စိမွိတ္ထားျပီး ေခါင္းငိုက္စိုက္ခ်ရင္း (၃) မိနစ္ခန္႕ မဟာသတိပဌာန္တရားအားထုတ္ျပီးမွ ဇာတိမာန္သြင္းကာ ျပန္ၾကည္႕ခဲ႕ရတာ တကယ္ကိုကုသိုလ္ရပါတယ္။ ဗီဒီယုိကင္မရာပုခံုးထမ္းတည္ျငိမ္မႈ (Minus )
.
.
. ဇာတ္ကားထဲမွာ ဂ်ပန္ေရာက္သြားတဲ႕မိသားစုက အေရးေတာ္ပံုလြင္႕စင္ယံုၾကည္ခ်က္သမားေတြမို႕လို႕ ဒါရုိက္တာေျပာျပခ်င္တဲ႕ရိုက္ခ်က္ေတြဟာ သရုပ္ေဆာင္ေတြဝတ္တဲ႕ ျမန္မာ စာတန္းရုိက္ႏွိပ္ထားတဲ႕ တီရွပ္ နဲ႕ ျမန္မာဗ်ည္းသရပံုႏွိပ္ပါအက်ီၤေတြေၾကာင္႕ အရာပိုထင္ရမယ္႕အစား အနာရြတ္ပိုထင္ေစခ်င္သလားလို႕ ေမးခ်င္မိပါတယ္။ ဂ်ပန္မွာ ၾကိဳးစားပမ္းစား အလုပ္လုပ္ေနသူေတြရဲ႕ေန႕စဥ္ဘဝမွာ ျမန္မာလိုဂိုပါအက်ီအျမဲဝတ္သူေတြ အမွတ္ျပည္႕ေပးလုိက္ၾကပါ။ အဝတ္အစားေရြးခ်ယ္မႈ (⭐⭐)
.
.
. ေနရာသစ္မွာေက်ာင္းတက္ဖို႕၊ ဒုတိယဘာသာစကားကုိလုိက္ႏုိင္ဖို႕ နဲ႕ အလုပ္မွာေတြ႕ရတဲ႕အခက္အခဲေတြဟာ ျမန္မာေတြဘယ္တုိင္းျပည္သြားသြား ေရွာင္လဲြလို႕မရတဲ႕ စိမ္ေခၚမႈေတြပါ။ ဒါေပမယ္႕ ဗလေတာင္႕ေတာင္႕၊ ၾကြက္သားေျခာက္ခြက္ေပါက္၊ ေစာင္းငမ္းေစာင္းငမ္း၊ ဘယ္ေတာ႕မွမျပံဳးတဲ႕ ေအာင္ရဲလင္းက ဘာဝိတ္မွမပါတဲ႕ ဂ်ပ္ဖာ (၂) ခုကုိ မ တာ (၁) ခု ျပဳတ္က်တဲ႕ရုိက္ကြက္ကေတာ႕ မင္းသားကုိ ဂ်ပန္မွာေကာင္းေကာင္းေပးမအိပ္ဘူးလားလို႕သာ ေမးလုိက္ခ်င္ပါတယ္။ အပိုဆာဒါးရုိက္ကြက္မ်ား ၁။ ()
.
.
. ဇာတိမာန္တက္ၾကြတဲ႕ ရန္ေအာင္ကို ျမန္မာႏိုင္ငံျပန္ခိုင္းေနတာ သူ႕ရဲ႕ႏုိင္ငံခ်စ္စိတ္၊ အာဏာရွင္ကုိဖီဆန္ခဲ႕တဲ႕စိတ္၊ အေရးေတာ္ပံုေအာင္ရမည္ဆုိတဲ႕စိတ္ေတြအစား သူနဲ႕ေျပးေဖာ္ေျပးဖက္ ႏိုင္ငံေရးသမားေတြက ဖုန္း (၂) ေခါက္ဆက္၊ လူခ်င္းအခါခါေတြ႕မွတ္ခ်က္ျပဳမွ သတိရသြားေအာင္ေျပာယူရတဲ႕ရိုက္ကြက္မ်ိဳးဟာ ျပည္ခ်စ္သားတို႕ရဲ႕ ႏွလံုးသားကိုလွည္႕ဖ်ားလိုက္တဲ႕ ဒါရိုက္တာရဲ႕တင္ျပပံုကုိေလးစားမိပါတယ္။ လက္ကုိင္ဖုန္းထဲမွာဇာတ္လမ္းအစံုေျပာျပရတဲ႕ဘဝ ()
.
.
. ျမန္မာေတြ ႏိုင္ငံတကာေရာက္တုိင္း ရယ္စရာစကားတစ္ခြန္းအျမဲေျပာေလ႕ရွိၾကတယ္။ အဲဒါက အခ်ိန္ေနာက္က်ရင္ " ျမန္မာစံေတာ္ခ်ိန္" လို႕ ေနာက္လိုက္ရင္ လူတိုင္း အားရပါးရရယ္ၾကတယ္။ ဒါကို ဒါရိုက္တာက ဂ်ပန္မွာပင္ပန္းသမွ် ပြဲၾကည္႕သူေတြကုိ ရယ္ေစခ်င္တယ္ထင္ပါတယ္။ ေအာင္ရဲလင္းေျပာတဲ႕ "နာရီဝက္ေလာက္ေနာက္က်တာ (၃) ၾကိမ္ထဲပါ" ဆုိတဲ႕စကားအျပီး ေရႊပြဲလာပရိသတ္ေတြ ပြဲက်သြားေအာင္ရယ္ရတာ ျမန္မာေပါကားထက္ဆိုးပါတယ္။
.
. အားမနာတမ္းဆုိရရင္ ဂ်ပန္ႏိုင္ငံဟာ အခ်ိန္နဲ႕ပတ္သက္လာရင္ ဆန္းဆန္္းတင္႕ျဖစ္လြန္းတာသိလ်က္နဲ႕ ဒီလို အလုပ္ေနာက္က်တာကို ရယ္ေမာေစေအာင္ထည္္႕ရုိက္ရတာ ဇာတိမာန္ကိုရိုက္ခ်ိဳး ဇာတိေျမအုိးကုိ တုတ္နဲ႕ထုိးသလို ရုပ္ဆိုးလွပါတယ္။ အပိုဆာဒါးရုိက္ကြက္မ်ား ၂။ (Minus )
.
.
. ျမန္မာစကားေျပာသင္ထားတဲ႕ဂ်ပန္မေလးက စကားဝဲသေလာက္ ဂ်ပန္မွာေမြး၊ ဂ်ပန္မွာၾကီး၊ တစ္သက္လံုးဂ်ပန္စာသင္လာတဲ႕ ဝတ္မႈန္ေရႊရည္ ရဲ႕ ပီသရႊမ္းေတာက္ေနတဲ႕ ျမန္မာစကားကြ်မ္းက်င္မႈကို ခ်ီးမက်ဴးပဲမေနႏုိင္ပါ။
.
. ဒါဟာ မ်ိဳးခ်စ္စိတ္ပီပီျပင္ျပင္ထြက္ေပၚလာေအာင္ မအားမလပ္တဲ႕ၾကားက ေန႕စဥ္နဲ႕အမွ် ျမန္မာစာဖတ္၊ ျမန္မာစကားေျပာသင္ေပးတဲ႕ ၁၉၈၈ အေရးေတာ္ပံုလြင္႕စင္ႏိုင္ငံေရးသမားၾကီးရဲ႕ ဇာတိမာန္တက္ၾကြမႈ၊ အမ်ိဳးခ်စ္မႈတို႕ကိုဒါရုိက္တာရဲ႕တင္ျပေကာင္းမြန္ေၾကာင္းခ်ီးမြမ္းရရင္ အြန္လိုင္းကေန ခုိးကူးတစ္ကားလံုးကုိဖြင္႕ျပရမွာျဖစ္လို႕ အခ်ိန္ကုိငဲ႕ကြက္ေသာအားျဖင္႕ ဒီေနရာမွာ ခ်န္လွပ္လုိက္ရပါတယ္ (ရုပ္ရွင္အကယ္ဒမီေရႊစင္ရုပ္ထုေၾကျငာသူအသံျဖင္႕နားေထာင္ရန္)။ ဗမာေတြနဲ႕ေတြ႕တုိင္း ဗမာလိုသာေျပာတဲ႕ ဂ်ပန္ျပည္ေပါက္ေၾကာင္႕လည္း မ်ိဳးခ်စ္စိတ္ေတြ ပိုမုိရွင္သန္ေပါက္ဖြားရပါတယ္။ အပိုဆာဒါးရုိက္ကြက္မ်ား ၃။ (Minus )
.
.
. တကယ္ေတာ္တဲ႕ဇာတ္ညႊန္းက "ကမၻာမွာျမန္မာေဟ႕" လုိ႕ေၾကြးေၾကာ္ႏုိင္ေလာက္ေအာင္ အလုပ္လည္းရေရာ ကားအစကေန ကားအဆံုး အလုပ္ရွင္ရဲ႕သမီးကိုဖြန္ေၾကာင္ခိုင္းတဲ႕အပိုင္းပါ။ ျပီးေတာ႕ ေအာင္ရဲလင္း ရဲ႕ အျမဲထုိးေနတဲ႕မ်က္ေစာင္းေတြကိုေရွာင္ၾကည္႕ရတာ ကြ်န္ေတာ္ေခါင္းပိုမူးပါတယ္။ အေရးထဲ ရံုထဲမွာ ဖုန္းလက္ခံေျပာတဲ႕မိန္းမၾကီးရဲ႕စကားသံေၾကာင္႕ ေအာင္ရဲလင္းရဲ႕ပီျပင္တဲ႕သရုပ္ေဆာင္ခ်က္တစ္ခ်ိဳ႕လြတ္သြားတာ သိပ္နစ္နာပါတယ္။
.
. ျပီးေတာ႕ မ်ိဳးခ်စ္တဲ႕ဖခင္က ျမန္မာႏိုင္ငံတစ္ၾကိမ္တစ္ခါမွမျပန္ဖူးတဲ႕သူ႕ရဲ႕တစ္ဦးတည္းေသာသမီးကုိ ဒီလုိဖြန္ေၾကာင္တဲ႕ (ေက်ာင္းဗန္းျပျပီး ဂ်ပန္မွာအလုပ္လာလုပ္တဲ႕ လက္ေၾကာမတင္းတဲ႕ ေဘာ္ဒီစထရပ္ခ်ာေကာင္းေကာင္း) လူငယ္တစ္ေယာက္နဲ႕ ျပည္ေတာ္ဝင္ခရီးကို (၂) ေယာက္တည္းလႊတ္လိုက္တဲ႕ ျမန္မာလူမ်ိဳးကိုသိပ္ခ်စ္တဲ႕ အေရးေတာ္ပံုဖခင္ရဲ႕မ်ိဳးခ်စ္စိတ္ကို ၾကယ္ပြင္႕ (၁ဝ) ပြင္႕ရွိရင္ (၁ဝ) ပြင္႕အျပည္႕ေပးလုိက္ခ်င္ပါတယ္။ ဇာတ္လမ္းလည္းျပီးေရာ မ်ိဳးခ်စ္အေဖမွန္းထားတဲ႕အတုိင္း ဇာတိေျမမွာ ဇာတိဖြားနဲ႕ ဇာတိခ်စ္သူစံုတြဲျဖစ္သြားၾကပါတယ္ . . လက္ခုပ္တီးၾကပါခင္မ်ား . .။ ျမန္မာေပါကားရုိက္ခ်က္ ()
.
.
. (သိပ္မရွည္ေအာင္) ဝတ္မႈန္ေရႊရည္က ျမန္မာႏုိင္ငံကိုျပန္တဲ႕အခါ သူက ဂ်ပန္မွာ Stateless လို႕ေျပာထားလ်က္နဲ႕ / ျမန္မာႏိုင္ငံမွာမေမြး - ဂ်ပန္မွာေမြးတဲ႕အတြက္ သူ႕ကုိျမန္မာႏုိင္ငံက ဘယ္လုိဗီဆာထုတ္ေပးသလဲ၊ ဘယ္လိုႏုိင္ငံကူးလက္မွတ္ကိုင္ျပီးခရီးသြားသလဲဆိုတာ ကြ်န္ေတာ္ ဂ်ပန္-ျမန္မာေပၚလစီေတြမကြ်မ္းက်င္တဲ႕အတြက္ ေတာင္းပန္ပါတယ္။ တကယ္မသိတာပါခင္မ်ာ။ မသိေစခ်င္တာကို မသိေအာင္ရိုက္ခ်က္ (⭐⭐⭐⭐⭐)
.
.
. အေဖ နဲ႕ သမီး ျမန္မာႏုိင္ငံျပန္ေရးမျပန္ေရးကေတာက္ကဆၾကားမွာ အခ်ိန္ကိုက္ မင္းသားအဝင္းက ဝင္လာပါတယ္ . . အယ္လယ္႕ . .။ (သူ႕အခန္းပါတုိင္း ပရိသတ္က အူယားပါတယ္။ ဒီၾကားထဲ အဝင္းက မၾကာခဏ စိတ္ေတြခုန္ပါတယ္) အဝင္းကိုၾကည္႕ရင္း ငယ္ငယ္တုန္းက ကုန္တုိက္မွာ ေရႊဝါ နဲ႕ ကာေဘာ္လစ္ဆပ္ျပာတြဲေရာင္းတာကို သတိရမိတယ္။ တကယ္ေတာ႕ ဒါကုိ ဒါရိုက္တာက တမင္ခြင္ဆင္ငွားရမ္းရိုက္ကူးတယ္ဆုိတာ ရုပ္ရွင္လာၾကည္႕သူအားလံုးကသိပါတယ္။ သို႕ေပမယ္႕ ဖိတ္မယ္႕ဖိတ္ ကိုယ္႕အိပ္ကပ္ထဲဖိတ္မယ္႕ ဂ်င္း ကုိ ေကာင္းေကာင္းၾကီးအထည္႕ခံရင္း ဆူဆူညံညံအားေပးသြားတာသိပ္ေကာင္းပါတယ္။ သရုပ္ေဆာင္ေရြးခ်ယ္မႈကြ်မ္းက်င္ျခင္း (⭐⭐⭐⭐)
.
.
. ကဲ . . . ကဲ . . ကဲ . .။ ေျပာရင္ေျပာရင္းနဲ႕တစ္ကားလံုးကုန္ေတာ႕မယ္။ ကြ်န္ေတာ္သိပ္ၾကိဳက္တဲ႕အပိုင္းေတြရိွပါတယ္။ ဒီအပိုင္းေတြကို ခံစားခ်က္ / ရသ/ တင္ျပပံု / ဓါတ္ပံုပညာ / အလင္းအေမွာင္ / တည္ေနရာေတြကို အကုန္လုိက္ေရးျပေနရင္ ရီဗ်ဴးမဟုတ္ေတာ႕ပဲ စပြိဳင္လာမျဖစ္ေစဖို႕ ေခါင္းစဥ္ေလး နဲ႕ ထိထိမိမိစာသားေလးေတြကိုသာ ေကာက္ႏႈတ္တင္ျပရင္း ေအာက္မွာ အမွတ္ေပးခ်ီးမြမ္းပါရေစ။
.
.
.
ဂ်ပန္ ကုိမာကူရဘုရားကုိသြားဖူးတုန္း
ဘိနပ္ခြ်တ္တဲ႕လူမ်ိဳး နဲ႕ဘိနပ္မခြ်တ္တဲ႕လူမ်ိ္ဳး
ခြဲျပတဲ႕ရုိက္ခ်က္ (⭐⭐⭐⭐⭐)
.
.
" ဒီမုန္႕ဟင္းခါးကေလ
သမီးအေမလက္ရာကြဲ႕" ဆုိတဲ႕ ရိုက္ခ်က္ (⭐⭐⭐⭐⭐)
.
.
"ဒီအခန္း (၂) ခန္းေလးကေလ
ပီအုိင္း နဲ႕ လိုင္ရင္းအတြက္အျမဲတမ္း
အဆင္သင္႕ရွိေနမွာပါ" ဆုိတဲ႕ အခန္း (⭐⭐⭐⭐⭐)
.
.
ျမိဳ႕ေတာ္ခန္းမေရွ႕မွာဘိနပ္ခြ်တ္ျပီး
လႈပ္ရွားမႈကိုဦးညႊတ္တဲ႕အခန္း (⭐⭐⭐⭐⭐)
.
.
အဝင္းဆိုတဲ႕သီခ်င္း (ေတးေရး - ကိုေစာ)
အဂၤလိပ္သီခ်င္း -
I Love My Country My Home (⭐⭐⭐⭐⭐)
(ဘုရား . . ဘုရား . . ကိုယ္ပိုင္သံစဥ္ျဖစ္ပါေစ)
.
.
. ကဲပါ ပရိသတ္ၾကီး . . ၾကယ္ (၅) ပြင္႕ သေဘၤာၾကီးလည္း (၅) စီး ခုတ္ေမာင္းေပးျပီးသြားျပီ။ အေဖနဲ႕သမီးတို႕ဗီဒီယုိေကာေခၚတဲ႕ ခရီးသြားေနသူသမီးရဲ႕ iPhone 5S ရဲ႕ ဘက္ထရီက (100%) လို႕ေပၚတာ၊ ေန႕ခင္းဘက္ၾကီး ေနေရာင္ေအာက္ကားလမ္းမၾကီးမွာ ဖုန္းမ်က္ႏွာျပင္က ရန္ေအာင္ရဲ႕ရုပ္ကိုအလင္းေရာင္အျပည္႕ျမင္ေစတာအျပင္ ကားလမ္းရႈတ္လွတဲ႕ ဆူးေလေစတီေတာ္အနီးျမိဳ႕ေတာ္ခမ္းမေရွ႕မွာ နားၾကပ္မတပ္ပဲ တုိးတုိးေလးေျပာတဲ႕ရန္ေအာင္ရဲ႕ ဇာတိေျမရင္ကြဲခံစားခ်က္ကုိ အက်ယ္ၾကီးၾကားရတာ ျမန္မာေငြ (၂၅ဝဝ) ေပးရတဲ႕ရံုထဲမွာသာၾကည္႕ခြင္႕ရခဲ႕တာ သိပ္ကံထူးပါတယ္။
.
. အြန္လိုင္းမွာျပန္႕ႏွံ႕တဲ႕ဖုိင္မွာစစ္ေဆးၾကည္႕ေတာ႕ ဒီ ကဒ္ေတြမပါတာ ဒါရိုက္တာရဲ႕ ျမန္မာရုပ္ရွင္ရံုလာၾကည္႕တဲ႕လူထုကိုေစတနာထားတာ သိသာလွတဲ႕အတြက္ ေက်းဇူးၾကီးလွပါေပတယ္။ Over All Rating (⭐⭐)
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. ရန္ကုန္ရုပ္ရွင္ရံုတြင္ၾကည္႕ျပီးေရးသည္
. 07-28-2018
.
.
Unicode Version:
.
.
. "မူးတဲ့ ရီဗျူး My Country My Home"
(သတိပေးချက်) ရုပ်ရှင်ရုံမှာကြည့်ပြီးမှ ဒါကိုဖတ်ပါ
. ကြိုတင်ဝန်ခံထားချင်တာတစ်ခုက အရင်ရီဗျူးရေးသူတွေနဲ့ကွဲပြားစွာ ကျွန်တော်ဟာ မြန်မာရုပ်ရှင်ဇာတ်ကား စွဲစွဲမြဲမြဲကြည့်သူတစ်ယောက်မဟုတ်ဘူးဆိုတာကိုပါ။ ပြီးတော့အခု "ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး" ကို အွန်လိုင်းပေါ်မှာ ပေါက်ပေါက်ဖောက်လောက်အောင် နေရာတကာမှာအခမဲ့ကြည့်နိုင်လျက်သားနဲ့ မော်တင်ကရုပ်ရှင်ရုံမှာ လက်မှတ်ဝယ်ယူအားပေးပြီး ရေးသားချင်စိတ်ဖြစ်မိတာကို ပြောလိုပါတယ်။
.
. နောက်တစ်ခုက ပြီးခဲ့တဲ့နှစ်က ပွက်လောထခဲ့တဲ့ရုပ်ရှင်ကြီး (၂) ကားကို ရုံကြီးမှာမကြည့်ရသေးတာ၊ ရန်ကုန်ရဲ့ရုပ်ရှင်ကြည့်ပြည်သူတွေအကြောင်းသိချင်တာ၊ ဇာတိမြေပြန်ရောက်တုန်း ဇာတိမြေဇာတ်ကားက ဘယ်လိုဇာတိမာန်တွေပေးမလဲဆိုတာကို စိတ်ဝင်စားတာကြောင့် ညပိုင်းပွဲကိုချီတက်ခဲ့ပါတယ်။
.
.
. ဘယ်လောက်တောင် ဇာတိမာန်တက်ကြွသလဲဆိုရင် လက်မှတ်ရောင်းတဲ့ကောင်တာမှာ "ဇာတိိမာန်" (၂) စောင်ပေးပါလို့ပြောမိတော့ ဝန်ထမ်းမိန်းကလေးက "ဇာတိမြေ" ပါ ဦးလေးရဲ့ လို့ ပြောခံထိတဲ့အထိပါပဲ။ ကဲ . . ထားတော့ ။ ရုံထဲရောက််တော့ ပထမဦးဆုံးရုံတင်တဲ့ရက်ကြောင့်လား . . ညပွဲမို့လို့လား . . ဇာတိမာန်တက်ကြွအောင်လာကြည့်တဲ့ ဇာတိမြေကပရိသတ်တွေကြောင့်လား . . အဝင်း လေး ပါလို့လားမပြောတတ်ပါဘူး . . လူအပြည့်ဆိုတာ သတိထားမိပါတယ်။ ပွဲဦးထွက်ရုံလူဝင်မှု (⭐⭐⭐⭐)
.
.
. ဇာတိမြေအပြန်ခရီးတစ်လျှောက် ဘယ်ကားစီးစီး ဘာလေယာဉ်စီးစီးမမူးတတ်တဲ့ ကျွန်တော်ဟာ ဇာတိမြေမြန်မာလေသင်္ဘောကြီးစီးပြီး (ဇာတ်ကားစပြီးမကြာမီ) မူးနေပါတယ်။ ရုပ်ရှင်ဒါရိုက်တာရဲ့ကိုယ်ဖိရင်ဖိသင်ကြားပြသမှုကြောင့်လား . . ကျွန်တော်မသိတဲ့ နောက်ဆုံးပေါ် ဆဲလ်ဖုန်းကိုင်ရိုက်ကူးမှုကျွမ်းကျင်တဲ့ကင်မရာမင်းကြောင့်လားတော့ အသေအချာမပြောတတ်ဘူး . . အနီးကပ်ရိုက်ပြတဲ့ Close Up နဲ့ လှုပ်ရှားမှု - Movement ကဒ်တွေကိုရိုက်ထားတာ Grab တစ်စီးငှားပြီး ရန်ကုန်ရဲ့လမ်းတွေပေါ် မိုးတွင်းချိုင့်ပေါက်လမ်းတွေပေါ်ပတ်မောင်းခိုင်းရသလို မူးနေတာပါပဲခင်များ။ တကယ်ကို တုန်ရီနေလို့ မျက်စိမှိတ်ထားပြီး ခေါင်းငိုက်စိုက်ချရင်း (၃) မိနစ်ခန့် မဟာသတိပဌာန်တရားအားထုတ်ပြီးမ ဇာတိမာန်သွင်းကာ ပြန်ကြည့်ခဲ့ရတာ တကယ်ကိုကုသိုလ်ရပါတယ်။ ဗီဒီယိုကင်မရာပုခုံးထမ်းတည်ငြိမ်မှု (Minus )
.
.
. ဇာတ်ကားထဲမှာ ဂျပန်ရောက်သွားတဲ့မိသားစုက အရေးတော်ပုံလွင့်စင်ယုံကြည်ချက်သမားတွေမို့လို့ ဒါရိုက်တာပြောပြချင်တဲ့ရိုက်ချက်တွေဟာ သရုပ်ဆောင်တွေဝတ်တဲ့ မြန်မာ စာတန်းရိုက်နှိပ်ထားတဲ့ တီရှပ် နဲ့ မြန်မာဗျည်းသရပုံနှိပ်ပါအကျီင်္တွေကြောင့် အရာပိုထင်ရမယ့်အစား အနာရွတ်ပိုထင်စေချင်သလားလို့ မေးချင်မိပါတယ်။ ဂျပန်မှာ ကြိုးစားပမ်းစား အလုပ်လုပ်နေသူတွေရဲ့နေ့စဉ်ဘဝမှာ မြန်မာလိုဂိုပါအကျီအမြဲဝတ်သူတွေ အမှတ်ပြည့်ပေးလိုက်ကြပါ။ အဝတ်အစားရွေးချယ်မှု (⭐⭐)
.
.
. နေရာသစ်မှာကျောင်းတက်ဖို့၊ ဒုတိယဘာသာစကားကိုလိုက်နိုင်ဖို့ နဲ့ အလုပ်မှာတွေ့ရတဲ့အခက်အခဲတွေဟာ မြန်မာတွေဘယ်တိုင်းပြည်သွားသွား ရှောင်လွဲလို့မရတဲ့ စိမ်ခေါ်မှုတွေပါ။ ဒါပေမယ့် ဗလတောင့်တောင့်၊ ကြွက်သားခြောက်ခွက်ပေါက်၊ စောင်းငမ်းစောင်းငမ်း၊ ဘယ်တော့မှမပြုံးတဲ့ အောင်ရဲလင်းက ဘာဝိတ်မှမပါတဲ့ ဂျပ်ဖာ (၂) ခုကို မ တာ (၁) ခု ပြုတ်ကျတဲ့ရိုက်ကွက်ကတော့ မင်းသားကို ဂျပန်မှာကောင်းကောင်းပေးမအိပ်ဘူးလားလို့သာ မေးလိုက်ချင်ပါတယ်။ အပိုဆာဒါးရိုက်ကွက်များ ၁။ ()
.
.
. ဇာတိမာန်တက်ကြွတဲ့ ရန်အောင်ကို မြန်မာနိုင်ငံပြန်ခိုင်းနေတာ သူ့ရဲ့နိုင်ငံချစ်စိတ်၊ အာဏာရှင်ကိုဖီဆန်ခဲ့တဲ့စိတ်၊ အရေးတော်ပုံအောင်ရမည်ဆိုတဲ့စိတ်တွေအစား သူနဲ့ပြေးဖော်ပြေးဖက် နိုင်ငံရေးသမားတွေက ဖုန်း (၂) ခေါက်ဆက်၊ လူချင်းအခါခါတွေ့မှတ်ချက်ပြုမှ သတိရသွားအောင်ပြောယူရတဲ့ရိုက်ကွက်မျိုးဟာ ပြည်ချစ်သားတို့ရဲ့ နှလုံးသားကိုလှည့်ဖျားလိုက်တဲ့ ဒါရိုက်တာရဲ့တင်ပြပုံကိုလေးစားမိပါတယ်။ လက်ကိုင်ဖုန်းထဲမှာဇာတ်လမ်းအစုံပြောပြရတဲ့ဘဝ ()
.
.
. မြန်မာတွေ နိုင်ငံတကာရောက်တိုင်း ရယ်စရာစကားတစ်ခွန်းအမြဲပြောလေ့ရှိကြတယ်။ အဲဒါက အချိန်နောက်ကျရင် " မြန်မာစံတော်ချိန်" လို့ နောက်လိုက်ရင် လူတိုင်း အားရပါးရရယ်ကြတယ်။ ဒါကို ဒါရိုက်တာက ဂျပန်မှာပင်ပန်းသမျှ ပွဲကြည့်သူတွေကို ရယ်စေချင်တယ်ထင်ပါတယ်။ အောင်ရဲလင်းပြောတဲ့ "နာရီဝက်လောက်နောက်ကျတာ (၃) ကြိမ်ထဲပါ" ဆိုတဲ့စကားအပြီး ရွှေပွဲလာပရိသတ်တွေ ပွဲကျသွားအောင်ရယ်ရတာ မြန်မာပေါကားထက်ဆိုးပါတယ်။
.
. အားမနာတမ်းဆိုရရင် ဂျပန်နိုင်ငံဟာ အချိန်နဲ့ပတ်သက်လာရင် ဆန်းဆန််းတင့်ဖြစ်လွန်းတာသိလျက်နဲ့ ဒီလို အလုပ်နောက်ကျတာကို ရယ်မောစေအောင်ထည့််ရိုက်ရတာ ဇာတိမာန်ကိုရိုက်ချိုး ဇာတိမြေအိုးကို တုတ်နဲ့ထိုးသလို ရုပ်ဆိုးလှပါတယ်။ အပိုဆာဒါးရိုက်ကွက်များ ၂။ (Minus )
.
.
. မြန်မာစကားပြောသင်ထားတဲ့ဂျပန်မလေးက စကားဝဲသလောက် ဂျပန်မှာမွေး၊ ဂျပန်မှာကြီး၊ တစ်သက်လုံးဂျပန်စာသင်လာတဲ့ ဝတ်မှုန်ရွှေရည် ရဲ့ ပီသရွှမ်းတောက်နေတဲ့ မြန်မာစကားကျွမ်းကျင်မှုကို ချီးမကျူးပဲမနေနိုင်ပါ။
.
. ဒါဟာ မျိုးချစ်စိတ်ပီပီပြင်ပြင်ထွက်ပေါ်လာအောင် မအားမလပ်တဲ့ကြားက နေ့စဉ်နဲ့အမျ မြန်မာစာဖတ်၊ မြန်မာစကားပြောသင်ပေးတဲ့ ၁၉၈၈ အရေးတော်ပုံလွင့်စင်နိုင်ငံရေးသမားကြီးရဲ့ ဇာတိမာန်တက်ကြွမှု၊ အမျိုးချစ်မှုတို့ကိုဒါရိုက်တာရဲ့တင်ပြကောင်းမွန်ကြောင်းချီးမွမ်းရရင် အွန်လိုင်းကနေ ခိုးကူးတစ်ကားလုံးကိုဖွင့်ပြရမှာဖြစ်လို့ အချိန်ကိုငဲ့ကွက်သောအားဖြင့် ဒီနေရာမှာ ချန်လှပ်လိုက်ရပါတယ် (ရုပ်ရှင်အကယ်ဒမီရွှေစင်ရုပ်ထုကြေငြာသူအသံဖြင့်နားထောင်ရန်)။ ဗမာတွေနဲ့တွေ့တိုင်း ဗမာလိုသာပြောတဲ့ ဂျပန်ပြည်ပေါက်ကြောင့်လည်း မျိုးချစ်စိတ်တွေ ပိုမိုရှင်သန်ပေါက်ဖွားရပါတယ်။ အပိုဆာဒါးရိုက်ကွက်များ ၃။ (Minus )
.
.
. တကယ်တော်တဲ့ဇာတ်ညွှန်းက "ကမ္ဘာမှာမြန်မာဟေ့" လို့ကြွေးကြော်နိုင်လောက်အောင် အလုပ်လည်းရရော ကားအစကနေ ကားအဆုံး အလုပ်ရှင်ရဲ့သမီးကိုဖွန်ကြောင်ခိုင်းတဲ့အပိုင်းပါ။ ပြီးတော့ အောင်ရဲလင်း ရဲ့ အမြဲထိုးနေတဲ့မျက်စောင်းတွေကိုရှောင်ကြည့်ရတာ ကျွန်တော်ခေါင်းပိုမူးပါတယ်။ အရေးထဲ ရုံထဲမှာ ဖုန်းလက်ခံပြောတဲ့မိန်းမကြီးရဲ့စကားသံကြောင့် အောင်ရဲလင်းရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တစ်ချို့လွတ်သွားတာ သိပ်နစ်နာပါတယ်။
.
. ပြီးတော့ မျိုးချစ်တဲ့ဖခင်က မြန်မာနိုင်ငံတစ်ကြိမ်တစ်ခါမှမပြန်ဖူးတဲ့သူ့ရဲ့တစ်ဦးတည်းသောသမီးကို ဒီလိုဖွန်ကြောင်တဲ့ (ကျောင်းဗန်းပြပြီး ဂျပန်မှာအလုပ်လာလုပ်တဲ့ လက်ကြောမတင်းတဲ့ ဘော်ဒီစထရပ်ချာကောင်းကောင်း) လူငယ်တစ်ယောက်နဲ့ ပြည်တော်ဝင်ခရီးကို (၂) ယောက်တည်းလွှတ်လိုက်တဲ့ မြန်မာလူမျိုးကိုသိပ်ချစ်တဲ့ အရေးတော်ပုံဖခင်ရဲ့မျိုးချစ်စိတ်ကို ကြယ်ပွင့် (၁ဝ) ပွင့်ရှိရင် (၁ဝ) ပွင့်အပြည့်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းလည်းပြီးရော မျိုးချစ်အဖေမှန်းထားတဲ့အတိုင်း ဇာတိမြေမှာ ဇာတိဖွားနဲ့ ဇာတိချစ်သူစုံတွဲဖြစ်သွားကြပါတယ် . . လက်ခုပ်တီးကြပါခင်များ . .။ မြန်မာပေါကားရိုက်ချက် ()
.
.
. (သိပ်မရှည်အောင်) ဝတ်မှုန်ရွှေရည်က မြန်မာနိုင်ငံကိုပြန်တဲ့အခါ သူက ဂျပန်မှာ Stateless လို့ပြောထားလျက်နဲ့ / မြန်မာနိုင်ငံမှာမမွေး - ဂျပန်မှာမွေးတဲ့အတွက် သူ့ကိုမြန်မာနိုင်ငံက ဘယ်လိုဗီဆာထုတ်ပေးသလဲ၊ ဘယ်လိုနိုင်ငံကူးလက်မှတ်ကိုင်ပြီးခရီးသွားသလဲဆိုတာ ကျွန်တော် ဂျပန်-မြန်မာပေါ်လစီတွေမကျွမ်းကျင်တဲ့အတွက် တောင်းပန်ပါတယ်။ တကယ်မသိတာပါခင်မျာ။ မသိစေချင်တာကို မသိအောင်ရိုက်ချက် (⭐⭐⭐⭐⭐)
.
.
. အဖေ နဲ့ သမီး မြန်မာနိုင်ငံပြန်ရေးမပြန်ရေးကတောက်ကဆကြားမှာ အချိန်ကိုက် မင်းသားအဝင်းက ဝင်လာပါတယ် . . အယ်လယ့် . .။ (သူ့အခန်းပါတိုင်း ပရိသတ်က အူယားပါတယ်။ ဒီကြားထဲ အဝင်းက မကြာခဏ စိတ်တွေခုန်ပါတယ်) အဝင်းကိုကြည့်ရင်း ငယ်ငယ်တုန်းက ကုန်တိုက်မှာ ရွှေဝါ နဲ့ ကာဘော်လစ်ဆပ်ပြာတွဲရောင်းတာကို သတိရမိတယ်။ တကယ်တော့ ဒါကို ဒါရိုက်တာက တမင်ခွင်ဆင်ငှားရမ်းရိုက်ကူးတယ်ဆိုတာ ရုပ်ရှင်လာကြည့်သူအားလုံးကသိပါတယ်။ သို့ပေမယ့် ဖိတ်မယ့်ဖိတ် ကိုယ့်အိပ်ကပ်ထဲဖိတ်မယ့် ဂျင်း ကို ကောင်းကောင်းကြီးအထည့်ခံရင်း ဆူဆူညံညံအားပေးသွားတာသိပ်ကောင်းပါတယ်။ သရုပ်ဆောင်ရွေးချယ်မှုကျွမ်းကျင်ခြင်း (⭐⭐⭐⭐)
.
.
. ကဲ . . . ကဲ . . ကဲ . .။ ပြောရင်ပြောရင်းနဲ့တစ်ကားလုံးကုန်တော့မယ်။ ကျွန်တော်သိပ်ကြိုက်တဲ့အပိုင်းတွေရှိပါတယ်။ ဒီအပိုင်းတွေကို ခံစားချက် / ရသ/ တင်ပြပုံ / ဓါတ်ပုံပညာ / အလင်းအမှောင် / တည်နေရာတွေကို အကုန်လိုက်ရေးပြနေရင် ရီဗျူးမဟုတ်တော့ပဲ စပွိုင်လာမဖြစ်စေဖို့ ခေါင်းစဉ်လေး နဲ့ ထိထိမိမိစာသားလေးတွေကိုသာ ကောက်နှုတ်တင်ပြရင်း အောက်မှာ အမှတ်ပေးချီးမွမ်းပါရစေ
.
.
.
ဂျပန် ကိုမာကူရဘုရားကိုသွားဖူးတုန်း
ဘိနပ်ချွတ်တဲ့လူမျိုး နဲ့ဘိနပ်မချွတ်တဲ့လူမျိ်ုး
ခွဲပြတဲ့ရိုက်ချက် (⭐⭐⭐⭐⭐)
.
.
" ဒီမုန့်ဟင်းခါးကလေ
သမီးအမေလက်ရာကွဲ့" ဆိုတဲ့ ရိုက်ချက် (⭐⭐⭐⭐⭐)
.
.
"ဒီအခန်း (၂) ခန်းလေးကလေ
ပီအိုင်း နဲ့ လိုင်ရင်းအတွက်အမြဲတမ်း
အဆင်သင့်ရှိနေမှာပါ" ဆိုတဲ့ အခန်း (⭐⭐⭐⭐⭐)
.
.
မြို့တော်ခန်းမရှေ့မှာဘိနပ်ချွတ်ပြီ
ှုပ်ရှားမှုကိုဦးညွှတ်တဲ့အခန်း (⭐⭐⭐⭐⭐)
.
.
အဝင်းဆိုတဲ့သီချင်း (တေးရေး - ကိုစော)
အင်္ဂလိပ်သီချင်း -
I Love My Country My Home (⭐⭐⭐⭐⭐)
(ဘုရား . . ဘုရား . . ကိုယ်ပိုင်သံစဉ်ဖြစ်ပါစေ)
.
.
. ကဲပါ ပရိသတ်ကြီး . . ကြယ် (၅) ပွင့် သင်္ဘောကြီးလည်း (၅) စီး ခုတ်မောင်းပေးပြီးသွားပြီ။ အဖေနဲ့သမီးတို့ဗီဒီယိုကောခေါ်တဲ့ ခရီးသွားနေသူသမီးရဲ့ iPhone 5S ရဲ့ ဘက်ထရီက (100%) လို့ပေါ်တာ၊ နေ့ခင်းဘက်ကြီး နေရောင်အောက်ကားလမ်းမကြီးမှာ ဖုန်းမျက်နှာပြင်က ရန်အောင်ရဲ့ရုပ်ကိုအလင်းရောင်အပြည့်မြင်စေတာအပြင် ကားလမ်းရှုတ်လှတဲ့ ဆူးလေစေတီတော်အနီးမြို့တော်ခမ်းမရှေ့မှာ နားကြပ်မတပ်ပဲ တိုးတိုးလေးပြောတဲ့ရန်အောင်ရဲ့ ဇာတိမြေရင်ကွဲခံစားချက်ကို အကျယ်ကြီးကြားရတာ မြန်မာငွေ (၂၅ဝဝ) ပေးရတဲ့ရုံထဲမှာသာကြည့်ခွင့်ရခဲ့တာ သိပ်ကံထူးပါတယ်။
.
. အွန်လိုင်းမှာပြန့်နှံ့တဲ့ဖိုင်မှာစစ်ဆေးကြည့်တော့ ဒီ ကဒ်တွေမပါတာ ဒါရိုက်တာရဲ့ မြန်မာရုပ်ရှင်ရုံလာကြည့်တဲ့လူထုကိုစေတနာထားတာ သိသာလှတဲ့အတွက် ကျေးဇူးကြီးလှပါပေတယ်။ Over All Rating (⭐⭐)
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. ရန်ကုန်ရုပ်ရှင်ရုံတွင်ကြည့်ပြီးရေးသည
. 07-28-2018

No comments: