ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, January 29, 2016

သားသမီးဘက္ကခ်ည္း ျပင္ရမွာလား?

ခရီးသြားေနသူ - ကိုညီညီ ( ေတာင္ၾကီး )
.
ေရႊျပည္ၾကီးသုိ႕ခရီးေရာက္မဆိုက္ သူငယ္ခ်င္းတစ္ခ်ိဳ႕နဲ႕ ေတြ႕ျဖစ္ပါတယ္။ ဒါေပမယ္႕ အကုန္လံုးနဲ႕ေတာ႕မဟုတ္ဘူး။ အားလံုးက သူ႕အလုပ္နဲ႕သူရႈတ္ေနၾကသူခ်ည္းမို႕လို႕ အပူမပိုေစခ်င္တာလည္း အေၾကာင္းတစ္ခုပါ။ တစ္ခ်ိဳ႕ေဆြမ်ိဳးေတြက စားေသာက္ဆိုင္မွာစကားစမည္ေျပာဖို႕ခ်ိန္းၾကတယ္။ ဘယ္အခ်ိန္လာေခၚမယ္ဆုိျပီး အားတဲ႕အခ်ိန္ကိုေမးၾကတယ္။ ကြ်န္ေတာ္ပိုစိတ္ဝင္စားတာက စားရမယ္႕အစားအေသာက္ထက္ သူတုိ႕သားသမီး၊ တူ တူမေတြရဲ႕ပညာေရးအေၾကာင္းပါ။
.
ဒါေၾကာင္႕ ခင္မင္သူမ်ားအေနနဲ႕အလိုမက်တာထက္စာရင္ ဗိေႏၶာဆရာၾကီးေရာက္လာသကဲ႕သုိ႕ သူတုိ႕နဲ႕သားသမီးတို႕ရဲ႕ မေျပလည္မႈဒဏ္ရာ နဲ႕ မေက်လည္မႈေရာဂါေတြကို ကြ်န္ေတာ္ၾကားခြင္႕ရခဲ႕တယ္။ ေနာက္တစ္ခုက ကြ်န္ေတာ္ကလူငယ္ေတြနဲ႕စကားေျပာခ်င္တယ္လို႕ အေရွ႕ပိုင္းကေၾကျငာထားေတာ႕ သူတုိ႕အတြက္ေဆးျမီးတိုတစ္ခုခု ေပးႏုိင္လိုေပးႏုိင္ျငား ခံစားနားေထာင္ေပးျဖစ္တယ္။ ဒါေပမယ္႕ ကြ်န္ေတာ္ဟာ ေဒါက္တာရမ္းကုတစ္ေယာက္မဟုတ္ေတာ႕ ျပသနာရဲ႕အရင္းအျမစ္ကို အေသအခ်ာခြဲျခမ္းစိတ္ျဖာၾကည္႕မိတယ္။
.
.
သူတုိ႕ကေလးေတြအေၾကာင္းမေျပာခင္ အေမရိကန္ကျမန္မာတစ္ေယာက္အေၾကာင္း သတိရမိတယ္။ သူ႕အသက္ အခု ( ၅ဝ ) ေက်ာ္ဆုိေတာ႕ မ-ဆ-လ ေခတ္မွာၾကီးျပင္းျပီး ေဘာလံုးခ်ိန္းခ်ိန္းကန္တဲ႕ သုိင္းေလာကရဲ႕စိမ္ေခၚသံကာလတုန္းေလာက္ကေပါ႕။ သူတုိ႕သူငယ္ခ်င္းတစ္စုဟာ ေက်ာင္းစာဆိုဟုတ္တိပတ္တိ မလုပ္ၾကဘူး။ လူစုစုျပီး ဟိုနားသြား ဒီနားသြားနဲ႕ ထမင္းစားဖို႕ဆို မိဘက ေဘာလံုးခ်ိန္းကန္တဲ႕ကြင္းအထိလိုက္ေခၚရတယ္။ ေက်ာင္းစာမေတာ္ေပမယ္႕ ေဘာလံုးမွာကြ်မ္းလာေတာ႕ မတတ္သာလက္ေလွ်ာ႕ကာ သူတုိ႕လုပ္ခ်င္တာကို အလိုလုိ မ်က္စိမွိတ္ထားေပးရမယ္႕အခ်ိန္သမယေတြဟာ အေမွာင္အတိပိန္းပိတ္ေနခဲ႕တယ္ေလ။
.
ေက်ာင္းစာလုပ္ခိုင္းရင္ ပိုအရြဲ႕တုိက္တယ္။ မလုပ္ဘူးဆို မလုပ္ဘူးဆိုပဲ။ လုပ္မယ္ဆုိတာကိုေတာင္ “ စာလုပ္ပါ ” လို႕ အေျပာခံလုိက္ရရင္ကို လုပ္မယ္႕ကိစၥေတာင္ေပ်ာက္သြားရံုမက မိဘအိမ္ကေနပါ ေပ်ာက္ေပ်ာက္သြားတတ္ၾကတယ္။ ဒီေတာ႕ အသြင္တူရာ မဟူရာေတြစုလို႕ သူတုိ႕တစ္ဖြဲ႕ဟာ မူးယစ္ေဆးဝါးအဆင္႕ဆင္႕ကုိစမ္းသပ္ရင္း ဘဝေတြနစ္မြန္းခဲ႕ၾကေလတယ္။ သူငယ္ခ်င္းအားလံုးလိုလိုဟာ ေစရာကိုလိုက္တဲ႕ စိတ္ေစတမန္ကိုအေဖာ္ျပဳရင္း ခႏၶာကိုယ္ထဲကုိ ေဆးထုိးသြင္းတဲ႕ေနာက္ဆံုးအဆင္႕အထိ အုပ္စုလိုက္ခ်ီတက္ရာလမ္းမွာ ကြ်န္ေတာ္သိတဲ႕မိတ္ေဆြတစ္ေယာက္သာ လြတ္ကင္းခဲ႕တယ္။

.
ေဆးထုိးရမွာသိပ္ေၾကာက္တတ္တဲ႕ သူ႕မသိစိတ္က သူ႕အသက္ကိုကယ္တင္သြားခဲ႕တာလုိ႕ ေနာက္ပိုင္းမွာ ကြ်န္ေတာ႕ကိုရွင္းျပတယ္။ အေၾကာင္းစစ္ေတာ႕ သိပ္မၾကာခင္ ႏွစ္အပိုင္းအျခားအတြင္း သူ႕သူငယ္ခ်င္းေတြ အစီစီအရီရီ ယစ္မ်ိဳးေသပြဲဝင္ၾကေပမယ္႕ သူကေတာ႕ အသက္ရွင္ခြင္႕ရခဲ႕တယ္ေလ။ ဒါေပမယ္႕ ဘိန္းျဖဴကလြဲလို႕ အစမ္းလြန္ခဲ႕တဲ႕သူ႕ဘဝမွာ ဘယ္အရာကိုမွေအာင္ျမင္ခဲ႕တာမရွိခဲ႕သလုိ ဘာကိုမွလည္းမျဖစ္ခ်င္ေတာ႕ဘူးဆုိတာ ေလ႕လာခဲ႕ရတယ္။ တစ္နည္းအားျဖင္႕ သူငယ္ခ်င္းေတြေကာင္းမႈနဲ႕ “ အကုသုိလ္ဂိတ္ဝ” ကေနလွည္႕ျပန္လာခဲ႕တဲ႕သူ႕ဘဝမွာ ဘာဆိုဘာမွမျဖစ္ခ်င္ေတာ႕တာ ထူးဆန္းတယ္လို႕ေတာ႕ မဆုိသာပါဘူး။ ဒါက အေမရိကားေရာက္ ျမန္မာတစ္ေယာက္ရဲ႕ရင္ဖြင္႕စကားတစ္ပိုင္းတစကို ေျပာျပတာပါ။
.
.
ျမန္မာႏုိင္ငံဘက္ကို တစ္ဖက္ျပန္ၾကည္႕ရေအာင္..။ မိဘကသားသမီးကို “ တစ္ခုခု ” ျဖစ္ေစခ်င္တယ္။ ဒီေတာ႕ အေနာက္ကတြန္း .. အေရွ႕ကဆြဲ နဲ႕ ကၾကိဳးမ်ိဳးစံုနဲ႕ ၾကိဳစားၾကတယ္။ မိမိငယ္ငယ္တုန္းက မက္ခဲ႕တဲ႕အိပ္မက္ကုိ သားသမီးအလွည္႕က်ေတာ႕ ပညာတတ္ျဖစ္ေစခ်င္ၾကတယ္။ ဒီေတာ႕ သားသမီး ( ေက်ာင္းသား ) ကို အေကာင္းဆံုးေဘာ္ဒါေဆာင္မွာ စေဘာ္ေငြတင္၊ အခ်ိန္မီွပို႕၊ သားသမီးက တစ္ပတ္နဲ႕အိမ္ေျပးျပန္၊ တစ္လနဲ႕မခံႏုိင္ စသျဖင္႕ ညွိမရေလာက္ေအာင္ အဆင္မေျပႏုိင္ျဖစ္ၾကတယ္။
.
ဒါနဲ႕ မိဘက အေဆာင္ကိုအတင္းျပန္ပုိ႕၊ ေက်ာင္းသားကအိမ္ကဆင္းေျပး .. ဒီလုိနဲ႕ အစုိးရအဆက္ဆက္အပင္စိုက္ခဲ႕တဲ႕ “ အတင္းအၾကပ္ပညာေရး ” ရဲ႕ အဆိပ္ျမစ္ကို ေရေလာင္းေပါင္းသင္ ထိန္းသိမ္းေစာင္႕ေရွာက္ရင္း တကၠသိုလ္ဝင္တန္းအမည္ခံ ( ၁ဝ ) တန္းအုတ္တံတုိင္းၾကီးကုိ အတင္းျဖတ္ေက်ာ္ခိုင္းၾကတယ္။ ကေလးေတြက သူတို႕ဟာ ေက်ာင္းစာပိျပီးမလြတ္လပ္သလို လုပ္ခ်င္တာလည္းမလုပ္ရဘူးဆုိတဲ႕အသံေတြကိုျပန္ၾကားရတယ္။ လြတ္လပ္မႈကိုလိုခ်င္ၾကသလို ဖိအားေပးတဲ႕မိဘေတြကို အေၾကာက္အကန္ျငင္းရင္း ဆယ္တန္းက်တဲ႕အခါ ျပသနာဟာပိုၾကီးလာတာကုိ ရင္ဖြင္႕ၾကတယ္။
.
.
ဒီအေျဖအတြက္ မိဘရဲ႕အတင္းအၾကပ္ဖိအားေပးတာကုိခံရတဲ႕သားသမီးတို႕မွာ ဘယ္ေလာက္အထိခံႏုိင္တယ္၊ ဘယ္လုိတုံ႕ျပန္တယ္ဆုိတဲ႕ ခံႏုိင္ရည္အားကို မိဘကုိယ္တုိင္သိေအာင္လုပ္တာက စရပါမယ္။ ကုိယ္မႏုိင္လို႕ေက်ာင္းပို႕၊ ေက်ာင္းမႏုိင္လုိ႕ Guide ေခၚ၊ တိုက္ေပၚကဆင္းတဲ႕အျဖစ္ေတြမွာ မိဘကိုယ္တိုင္က ဘယ္ေလာက္မွန္ေနပါသလဲဆိုတာ ေသခ်ာစဥ္းစားသင္႕ပါတယ္။ သစ္ရြက္လႈပ္တာေတာင္ရယ္ခ်င္ေနတဲ႕ဆယ္ေက်ာ္သက္ေတြဟာ အခုေခတ္မွာ မိန္းကေလးေတြခ်ည္းမဟုတ္ေတာ႕ပါဘူး။ ေကာင္ေလးေသာ ေကာင္မေလးေသာမခြဲျခားႏုိင္တဲ႕ Facebook ေပၚလာတဲ႕ေနာက္မွာ ေယာက္်ားေလးေတြဟာ သစ္ပင္ၾကီးကိုလႈပ္ျပီး အုပ္စုလုိက္ရယ္ေနႏုိင္ပါတယ္။
.
အေမရိကန္လုိႏုိင္ငံၾကီးကုိေရာက္ျပီး ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္မျဖစ္လာသူကို သူ႕သူငယ္ခ်င္းေတြက ေသရြာပို႕ခဲ႕တာပါ။ အမွန္က တစ္အုပ္လံုးက်မယ္႕ေခ်ာက္ကမ္းပါးကေန ေဆးထုိးအပ္ေၾကာက္တဲ႕အေၾကာင္းအရာတစ္ခုေၾကာင္႕သာ မေသပဲ အေမရိကားကိုေရာက္လာခဲ႕တာျဖစ္ပါတယ္။ အေပါင္းအသင္းဖ်က္ဆီးျခင္းကိုခံခဲ႕ရဖူးသူဟာ ဘယ္ေလာက္ပင္တုိးတက္ခြင္႕ပြင္႕လင္းတဲ႕အေမရိကားလုိႏုိင္ငံမ်ိဳးေရာက္ေရာက္ ဘာကုိမွမလုပ္ခ်င္ေတာ႕တာ သင္ခန္းစာယူရမွာပါ။
.
.
ဒါေၾကာင္႕ မိမိသားသမီး အေပါင္းအသင္းမမွားေရးကို အဓိကထားသင္႕ပါတယ္။ သူတုိ႕ေပါင္းတဲ႕သူငယ္ခ်င္းေတြရဲ႕ ပညာအရည္အခ်င္းဟာ သူတို႕ရဲ႕အနာဂါတ္ပါပဲ။ ေက်ာင္းသားတစ္ေယာက္ရဲ႕ “ ဆယ္တန္း ” ဆုိတဲ႕ ဂိတ္တံတားၾကီးဟာ တစ္ကယ္ေတာ႕ တြန္းဖြင္႕ရေတာ္ေတာ္ခက္ပါတယ္။ ဒီအဆင္႕ကိုမွမေက်ာ္ႏုိင္ရင္ ေနာက္တစ္ခန္းဆက္ကစားခြင္႕မရွိတဲ႕ဂိမ္းေတြလို အထူးပင္ခက္ခဲနက္နဲသိမ္ေမြ႕ပါတယ္။ ေနာက္ဆံုးအဆင္႕ တုိက္ပြဲဝင္ရတဲ႕ မြန္းစတားၾကီးဟာ “ မိဘ ” ေတြ ျဖစ္မေနသင္႕ပါ။ ဒါကို ကြ်န္ေတာ္နဲ႕စကားေျပာတဲ႕ငယ္သူငယ္ခ်င္းေတြကုိ သတိေပးလိုက္မိပါတယ္။
.
ဒီဆယ္တန္းဆုိတဲ႕ “ ဘဝဂိမ္းၾကီး ” ကို ႏုိင္ဖို႕ ကေလးေတြကုိ ေလ႕က်င္႕ခ်ိန္မ်ားမ်ားေပးသင္႕ပါတယ္။ တစ္ခန္းမွာက်သြားရင္ ျပန္ထ၊ ေနာက္တစ္ၾကိမ္ျပန္ကစား၊ ေနာက္တစ္ခန္းမွာ ျဖစ္ေပၚလာႏုိင္တဲ႕ အခက္အခဲေတြကို သူတို႕ကိုယ္တိုင္ေလ႕လာခြင္႕ေပးသင္႕ပါတယ္။ ဘယ္ေနရာမွာ ဘာအႏၱရာယ္ရွိတယ္၊ ဘယ္ေနရာကုိဘယ္လုိေက်ာ္ျဖတ္ရမယ္ဆိုတာကိုၾကိဳေျပာတဲ႕  Spoiler သမားကို ဘယ္ဂိမ္မာမွ မၾကိဳက္ပါဘူး။ ဒါေၾကာင္႕ သူတုိ႕ကိုယ္တိုင္အခက္အခဲေတြကုိေက်ာ္ျဖတ္ႏုိင္ေအာင္ အားေပးသင္႕ပါတယ္။ လဲက် - ျပန္ထ၊ ဂိမ္းရွံဴး - ျပန္စ ဆုိတဲ႕စိတ္ဓါတ္ကုိ အသက္သြင္းေပးသင္႕ပါတယ္။ ဆက္တုိက္ဆက္တိုက္ ဇြဲမေလ်ာ႕တတ္တဲ႕စိတ္ဓါတ္ကုိေလ႕က်င္႕ေပးသင္႕ပါတယ္။
.
.
အခုျဖစ္ေနတဲ႕မိဘေတြက အလယ္တန္းကတည္းကလႊတ္ထားျပီး ဆယ္တန္းက်မွ အခက္အခဲဆံုးဂိမ္းကိုကစားခုိင္းသလို ျဖစ္ေနတာပါ။ ပိုရွင္းေအာင္ေျပာရရင္ အစပုိင္းတုန္းကေတာ႕သတိမရပဲ ဆယ္တန္းက်မွ အူယားဖားယား ေအာင္ျမင္ေစခ်င္လြန္းေနေတာ႕ ကေလးေတြက လန္႕ကုန္ေတာ႕တာေပါ႕။ တစ္ကယ္တမ္း သူတို႕ကုိ ဂိမ္းမေၾကာက္ေအာင္ ၾကိဳတင္ေလ႕က်င္႕ေပးခဲ႕သင္႕ပါတယ္။
.
ဒီေနရာမွာ ကိုယ္႕သားသမီးကုိ လမ္းမွားေရာက္ေအာင္စည္းရံုးသြားႏုိင္တဲ႕ ရြက္ပုန္းသီးသူငယ္ခ်င္းေတြရွိေနႏုိင္တယ္ဆုိတာ အထူးသတိထားသင္႕ပါတယ္။ သားသမီးေတြကုိျပဳျပင္ေစခ်င္လွသလို မိမိတို႕မိဘေတြကိုယ္တုိင္ကလည္း ဘာေတြလုိအပ္ခ်က္ရွိတယ္ဆုိတာကို ဆန္းစစ္ၾကည္႕သင္႕လွတယ္။ အမွန္ေတာ႕ ဒီအခက္အခဲေတြဟာ ရန္ကုန္လမ္းေတြေပၚမွာ ကားၾကပ္တဲ႕ဒုကၡနဲ႕အတူတူပါပဲ။ ႏွစ္ဦးႏွစ္ဘက္ညွိႏိႈင္းေဆာင္ရြက္မွ ေျပလည္မွာျဖစ္ပါတယ္။ ဒါေၾကာင္႕ မိမိစကားနားမေထာင္ဘူလို႕ျငီးျငဴေနတဲ႕ ဆယ္တန္းေက်ာင္းသားမိခင္၊ ဖခင္ေတြကုိ စကား ( ၂ ) ခြန္းေလာက္ေမးခ်င္မိတယ္ ..
.
( က ) သူတုိ႕ဘဝအတြက္ သားသမီးေတြဘာျဖစ္ခ်င္သလဲဆိုတာ ( ေသေသခ်ာခ်ာ ) သိေအာင္လုပ္ျပီးျပီလား?
.
( ခ ) မိဘေတြကိုယ္တိုင္ ဘာမွားေနသလဲဆိုတာ ( ေသေသခ်ာခ်ာ ) သိေအာင္ ကိုယ္႕ကိုကိုယ္ ျပန္ေမးျပီးျပီလား?
.
.
ခင္လ်က္
.
01-30-2016
.
.
.
Myanmar Unicode Version:
.
.
“ သားသမီးဘက်ကချည်း ပြင်ရမှာလား? ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး )
.
ရွှေပြည်ကြီးသို့ခရီးရောက်မဆိုက် သူငယ်ချင်းတစ်ချို့နဲ့ တွေ့ဖြစ်ပါတယ်။ ဒါပေမယ့် အကုန်လုံးနဲ့တော့မဟုတ်ဘူး။ အားလုံးက သူ့အလုပ်နဲ့သူရှုတ်နေကြသူချည်းမို့လို့ အပူမပိုစေချင်တာလည်း အကြောင်းတစ်ခုပါ။ တစ်ချို့ဆွေမျိုးတွေက စားသောက်ဆိုင်မှာစကားစမည်ပြောဖို့ချိန်းကြတယ်။ ဘယ်အချိန်လာခေါ်မယ်ဆိုပြီး အားတဲ့အချိန်ကိုမေးကြတယ်။ ကျွန်တော်ပိုစိတ်ဝင်စားတာက စားရမယ့်အစားအသောက်ထက် သူတို့သားသမီး၊ တူ တူမတွေရဲ့ပညာရေးအကြောင်းပါ။
.
ဒါကြောင့် ခင်မင်သူများအနေနဲ့အလိုမကျတာထက်စာရင် ဗိန္ဓောဆရာကြီးရောက်လာသကဲ့သို့ သူတို့နဲ့သားသမီးတို့ရဲ့ မပြေလည်မှုဒဏ်ရာ နဲ့ မကျေလည်မှုရောဂါတွေကို ကျွန်တော်ကြားခွင့်ရခဲ့တယ်။ နောက်တစ်ခုက ကျွန်တော်ကလူငယ်တွေနဲ့စကားပြောချင်တယ်လို့ အရှေ့ပိုင်းကကြေငြာထားတော့ သူတို့အတွက်ဆေးမြီးတိုတစ်ခုခု ပေးနိုင်လိုပေးနိုင်ငြား ခံစားနားထောင်ပေးဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဒေါက်တာရမ်းကုတစ်ယောက်မဟုတ်တော့ ပြသနာရဲ့အရင်းအမြစ်ကို အသေအချာခွဲခြမ်းစိတ်ဖြာကြည့်မိတယ်။
.
.
သူတို့ကလေးတွေအကြောင်းမပြောခင် အမေရိကန်ကမြန်မာတစ်ယောက်အကြောင်း သတိရမိတယ်။ သူ့အသက် အခု ( ၅ဝ ) ကျော်ဆိုတော့ မ-ဆ-လ ခေတ်မှာကြီးပြင်းပြီး ဘောလုံးချိန်းချိန်းကန်တဲ့ သိုင်းလောကရဲ့စိမ်ခေါ်သံကာလတုန်းလောက်ကပေါ့။ သူတို့သူငယ်ချင်းတစ်စုဟာ ကျောင်းစာဆိုဟုတ်တိပတ်တိ မလုပ်ကြဘူး။ လူစုစုပြီး ဟိုနားသွား ဒီနားသွားနဲ့ ထမင်းစားဖို့ဆို မိဘက ဘောလုံးချိန်းကန်တဲ့ကွင်းအထိလိုက်ခေါ်ရတယ်။ ကျောင်းစာမတော်ပေမယ့် ဘောလုံးမှာကျွမ်းလာတော့ မတတ်သာလက်လျှော့ကာ သူတို့လုပ်ချင်တာကို အလိုလို မျက်စိမှိတ်ထားပေးရမယ့်အချိန်သမယတွေဟာ အမှောင်အတိပိန်းပိတ်နေခဲ့တယ်လေ။
.
ကျောင်းစာလုပ်ခိုင်းရင် ပိုအရွဲ့တိုက်တယ်။ မလုပ်ဘူးဆို မလုပ်ဘူးဆိုပဲ။ လုပ်မယ်ဆိုတာကိုတောင် “ စာလုပ်ပါ ” လို့ အပြောခံလိုက်ရရင်ကို လုပ်မယ့်ကိစ္စတောင်ပျောက်သွားရုံမက မိဘအိမ်ကနေပါ ပျောက်ပျောက်သွားတတ်ကြတယ်။ ဒီတော့ အသွင်တူရာ မဟူရာတွေစုလို့ သူတို့တစ်ဖွဲ့ဟာ မူးယစ်ဆေးဝါးအဆင့်ဆင့်ကိုစမ်းသပ်ရင်း ဘဝတွေနစ်မွန်းခဲ့ကြလေတယ်။ သူငယ်ချင်းအားလုံးလိုလိုဟာ စေရာကိုလိုက်တဲ့ စိတ်စေတမန်ကိုအဖော်ပြုရင်း ခန္ဓာကိုယ်ထဲကို ဆေးထိုးသွင်းတဲ့နောက်ဆုံးအဆင့်အထိ အုပ်စုလိုက်ချီတက်ရာလမ်းမှာ ကျွန်တော်သိတဲ့မိတ်ဆွေတစ်ယောက်သာ လွတ်ကင်းခဲ့တယ်။
.
ဆေးထိုးရမှာသိပ်ကြောက်တတ်တဲ့ သူ့မသိစိတ်က သူ့အသက်ကိုကယ်တင်သွားခဲ့တာလို့ နောက်ပိုင်းမှာ ကျွန်တော့ကိုရှင်းပြတယ်။ အကြောင်းစစ်တော့ သိပ်မကြာခင် နှစ်အပိုင်းအခြားအတွင်း သူ့သူငယ်ချင်းတွေ အစီစီအရီရီ ယစ်မျိုးသေပွဲဝင်ကြပေမယ့် သူကတော့ အသက်ရှင်ခွင့်ရခဲ့တယ်လေ။ ဒါပေမယ့် ဘိန်းဖြူကလွဲလို့ အစမ်းလွန်ခဲ့တဲ့သူ့ဘဝမှာ ဘယ်အရာကိုမှအောင်မြင်ခဲ့တာမရှိခဲ့သလို ဘာကိုမှလည်းမဖြစ်ချင်တော့ဘူးဆိုတာ လေ့လာခဲ့ရတယ်။ တစ်နည်းအားဖြင့် သူငယ်ချင်းတွေကောင်းမှုနဲ့ “ အကုသိုလ်ဂိတ်ဝ ကနေလှည့်ပြန်လာခဲ့တဲ့သူ့ဘဝမှာ ဘာဆိုဘာမှမဖြစ်ချင်တော့တာ ထူးဆန်းတယ်လို့တော့ မဆိုသာပါဘူး။ ဒါက အမေရိကားရောက် မြန်မာတစ်ယောက်ရဲ့ရင်ဖွင့်စကားတစ်ပိုင်းတစကို ပြောပြတာပါ။
.
.
မြန်မာနိုင်ငံဘက်ကို တစ်ဖက်ပြန်ကြည့်ရအောင်..။ မိဘကသားသမီးကို “ တစ်ခုခု ” ဖြစ်စေချင်တယ်။ ဒီတော့ အနောက်ကတွန်း .. အရှေ့ကဆွဲ နဲ့ ကကြိုးမျိုးစုံနဲ့ ကြိုစားကြတယ်။ မိမိငယ်ငယ်တုန်းက မက်ခဲ့တဲ့အိပ်မက်ကို သားသမီးအလှည့်ကျတော့ ပညာတတ်ဖြစ်စေချင်ကြတယ်။ ဒီတော့ သားသမီး ( ကျောင်းသား ) ကို အကောင်းဆုံးဘော်ဒါဆောင်မှာ စဘော်ငွေတင်၊ အချိန်မှီပို့၊ သားသမီးက တစ်ပတ်နဲ့အိမ်ပြေးပြန်၊ တစ်လနဲ့မခံနိုင် စသဖြင့် ညှိမရလောက်အောင် အဆင်မပြေနိုင်ဖြစ်ကြတယ်။
.
ဒါနဲ့ မိဘက အဆောင်ကိုအတင်းပြန်ပို့၊ ကျောင်းသားကအိမ်ကဆင်းပြေး .. ဒီလိုနဲ့ အစိုးရအဆက်ဆက်အပင်စိုက်ခဲ့တဲ့ “ အတင်းအကြပ်ပညာရေး ” ရဲ့ အဆိပ်မြစ်ကို ရေလောင်းပေါင်းသင် ထိန်းသိမ်းစောင့်ရှောက်ရင်း တက္ကသိုလ်ဝင်တန်းအမည်ခံ ( ၁ဝ ) တန်းအုတ်တံတိုင်းကြီးကို အတင်းဖြတ်ကျော်ခိုင်းကြတယ်။ ကလေးတွေက သူတို့ဟာ ကျောင်းစာပိပြီးမလွတ်လပ်သလို လုပ်ချင်တာလည်းမလုပ်ရဘူးဆိုတဲ့အသံတွေကိုပြန်ကြားရတယ်။ လွတ်လပ်မှုကိုလိုချင်ကြသလို ဖိအားပေးတဲ့မိဘတွေကို အကြောက်အကန်ငြင်းရင်း ဆယ်တန်းကျတဲ့အခါ ပြသနာဟာပိုကြီးလာတာကို ရင်ဖွင့်ကြတယ်။
.
.
ဒီအဖြေအတွက် မိဘရဲ့အတင်းအကြပ်ဖိအားပေးတာကိုခံရတဲ့သားသမီးတို့မှာ ဘယ်လောက်အထိခံနိုင်တယ်၊ ဘယ်လိုတုံ့ပြန်တယ်ဆိုတဲ့ ခံနိုင်ရည်အားကို မိဘကိုယ်တိုင်သိအောင်လုပ်တာက စရပါမယ်။ ကိုယ်မနိုင်လို့ကျောင်းပို့၊ ကျောင်းမနိုင်လို့ Guide ခေါ်၊ တိုက်ပေါ်ကဆင်းတဲ့အဖြစ်တွေမှာ မိဘကိုယ်တိုင်က ဘယ်လောက်မှန်နေပါသလဲဆိုတာ သေချာစဉ်းစားသင့်ပါတယ်။ သစ်ရွက်လှုပ်တာတောင်ရယ်ချင်နေတဲ့ဆယ်ကျော်သက်တွေဟာ အခုခေတ်မှာ မိန်းကလေးတွေချည်းမဟုတ်တော့ပါဘူး။ ကောင်လေးသော ကောင်မလေးသောမခွဲခြားနိုင်တဲ့ Facebook ပေါ်လာတဲ့နောက်မှာ ယောက်ျားလေးတွေဟာ သစ်ပင်ကြီးကိုလှုပ်ပြီး အုပ်စုလိုက်ရယ်နေနိုင်ပါတယ်။
.
အမေရိကန်လိုနိုင်ငံကြီးကိုရောက်ပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မဖြစ်လာသူကို သူ့သူငယ်ချင်းတွေက သေရွာပို့ခဲ့တာပါ။ အမှန်က တစ်အုပ်လုံးကျမယ့်ချောက်ကမ်းပါးကနေ ဆေးထိုးအပ်ကြောက်တဲ့အကြောင်းအရာတစ်ခုကြောင့်သာ မသေပဲ အမေရိကားကိုရောက်လာခဲ့တာဖြစ်ပါတယ်။ အပေါင်းအသင်းဖျက်ဆီးခြင်းကိုခံခဲ့ရဖူးသူဟာ ဘယ်လောက်ပင်တိုးတက်ခွင့်ပွင့်လင်းတဲ့အမေရိကားလိုနိုင်ငံမျိုးရောက်ရောက် ဘာကိုမှမလုပ်ချင်တော့တာ သင်ခန်းစာယူရမှာပါ။
.
.
ဒါကြောင့် မိမိသားသမီး အပေါင်းအသင်းမမှားရေးကို အဓိကထားသင့်ပါတယ်။ သူတို့ပေါင်းတဲ့သူငယ်ချင်းတွေရဲ့ ပညာအရည်အချင်းဟာ သူတို့ရဲ့အနာဂါတ်ပါပဲ။ ကျောင်းသားတစ်ယောက်ရဲ့ “ ဆယ်တန်း ” ဆိုတဲ့ ဂိတ်တံတားကြီးဟာ တစ်ကယ်တော့ တွန်းဖွင့်ရတော်တော်ခက်ပါတယ်။ ဒီအဆင့်ကိုမှမကျော်နိုင်ရင် နောက်တစ်ခန်းဆက်ကစားခွင့်မရှိတဲ့ဂိမ်းတွေလို အထူးပင်ခက်ခဲနက်နဲသိမ်မွေ့ပါတယ်။ နောက်ဆုံးအဆင့် တိုက်ပွဲဝင်ရတဲ့ မွန်းစတားကြီးဟာ “ မိဘ ” တွေ ဖြစ်မနေသင့်ပါ။ ဒါကို ကျွန်တော်နဲ့စကားပြောတဲ့ငယ်သူငယ်ချင်းတွေကို သတိပေးလိုက်မိပါတယ်။
.
ဒီဆယ်တန်းဆိုတဲ့ “ ဘဝဂိမ်းကြီး ” ကို နိုင်ဖို့ ကလေးတွေကို လေ့ကျင့်ချိန်များများပေးသင့်ပါတယ်။ တစ်ခန်းမှာကျသွားရင် ပြန်ထ၊ နောက်တစ်ကြိမ်ပြန်ကစား၊ နောက်တစ်ခန်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို သူတို့ကိုယ်တိုင်လေ့လာခွင့်ပေးသင့်ပါတယ်။ ဘယ်နေရာမှာ ဘာအန္တရာယ်ရှိတယ်၊ ဘယ်နေရာကိုဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာကိုကြိုပြောတဲ့  Spoiler သမားကို ဘယ်ဂိမ်မာမှ မကြိုက်ပါဘူး။ ဒါကြောင့် သူတို့ကိုယ်တိုင်အခက်အခဲတွေကိုကျော်ဖြတ်နိုင်အောင် အားပေးသင့်ပါတယ်။ လဲကျ - ပြန်ထ၊ ဂိမ်းရှူံး - ပြန်စ ဆိုတဲ့စိတ်ဓါတ်ကို အသက်သွင်းပေးသင့်ပါတယ်။ ဆက်တိုက်ဆက်တိုက် ဇွဲမလျော့တတ်တဲ့စိတ်ဓါတ်ကိုလေ့ကျင့်ပေးသင့်ပါတယ်။
.
.
အခုဖြစ်နေတဲ့မိဘတွေက အလယ်တန်းကတည်းကလွှတ်ထားပြီး ဆယ်တန်းကျမှ အခက်အခဲဆုံးဂိမ်းကိုကစားခိုင်းသလို ဖြစ်နေတာပါ။ ပိုရှင်းအောင်ပြောရရင် အစပိုင်းတုန်းကတော့သတိမရပဲ ဆယ်တန်းကျမှ အူယားဖားယား အောင်မြင်စေချင်လွန်းနေတော့ ကလေးတွေက လန့်ကုန်တော့တာပေါ့။ တစ်ကယ်တမ်း သူတို့ကို ဂိမ်းမကြောက်အောင် ကြိုတင်လေ့ကျင့်ပေးခဲ့သင့်ပါတယ်။
.
ဒီနေရာမှာ ကိုယ့်သားသမီးကို လမ်းမှားရောက်အောင်စည်းရုံးသွားနိုင်တဲ့ ရွက်ပုန်းသီးသူငယ်ချင်းတွေရှိနေနိုင်တယ်ဆိုတာ အထူးသတိထားသင့်ပါတယ်။ သားသမီးတွေကိုပြုပြင်စေချင်လှသလို မိမိတို့မိဘတွေကိုယ်တိုင်ကလည်း ဘာတွေလိုအပ်ချက်ရှိတယ်ဆိုတာကို ဆန်းစစ်ကြည့်သင့်လှတယ်။ အမှန်တော့ ဒီအခက်အခဲတွေဟာ ရန်ကုန်လမ်းတွေပေါ်မှာ ကားကြပ်တဲ့ဒုက္ခနဲ့အတူတူပါပဲ။ နှစ်ဦးနှစ်ဘက်ညှိနှိုင်းဆောင်ရွက်မှ ပြေလည်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိစကားနားမထောင်ဘူလို့ငြီးငြူနေတဲ့ ဆယ်တန်းကျောင်းသားမိခင်၊ ဖခင်တွေကို စကား ( ၂ ) ခွန်းလောက်မေးချင်မိတယ် ..
.
( က ) သူတို့ဘဝအတွက် သားသမီးတွေဘာဖြစ်ချင်သလဲဆိုတာ ( သေသေချာချာ ) သိအောင်လုပ်ပြီးပြီလား?
.
( ခ ) မိဘတွေကိုယ်တိုင် ဘာမှားနေသလဲဆိုတာ ( သေသေချာချာ ) သိအောင် ကိုယ့်ကိုကိုယ် ပြန်မေးပြီးပြီလား?
.
.
ခင်လျက်
.
01-30-2016


No comments: