ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, March 16, 2020

တိုးပွားလာတဲ့အမေရိကားအစားအသောက်ပို့လုပ်ငန်းတွေ


ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

          ကရိုနာဗိုင်းရပ်စ်ကြောင့်အိမ်မှာနားနေရသူတွေ၊ အလုပ်ပိတ်ထားသူတွေ လက်ရှိအခြေအနေမှာလုပ်နိုင်တဲ့အလုပ်ကိုမေးမြန်းထားသမျှရေးပြချင်ပါတယ်။

          အလုပ်အကိုင်ခွင့်လမ်း‌ပေါများပေမဲ့ဒီနိုင်ငံကိုစရောက်လို့ မဝံ့မရဲဖြစ်နေပါသလား? ကားတော့ကောင်းကောင်းမောင်းတတ်ပြီးအင်္ဂလိပ်စကားပြောဖို့အခက်ခဲဖြစ်နေပါသလား? ဒါဆိုရင်မိတ်ဆွေဟာအမေရိကားမှာအစားအသောက်ပို့တဲ့လုပ်ငန်းကိုစမ်းသပ်ပို့ဆောင်ကြည့်ရင်းဝင်ငွေရှာနိုင်ပါတယ်။
ကားမောင်းနိုင်ဖို့ကားလိုင်စင်အောင်ထားဖို့လိုတယ်။ ဒီအလုပ်လုပ်ဖို့အတွက်ကားအသစ်တစ်စီးမလိုပါဘူး။ သော့ဖွင့်၊ မောင်းထွက်၊ စက်မပျက်တဲ့ အသင့်အတင့်ကားတစီးရှိရင်ရပါပြီ။

          ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသတစ်ဝိုက်မှာတော့ အစားအသောက်ကို အိမ်ကမခွာ လက်ကိုင်တယ်လီဖုန်းနဲ့မှာစားသူတွေ များမှများပါ။ ဒီလိုမှာစားသူတွေများတဲ့အတွက်ပို့ပေးရတဲ့ဝန်ဆောင်မှုအလုပ်ကလည်းအရင်ကလိုခြောက်ခြောက်ကပ်ကပ်မဟုတ်တော့ဘဲ ဝင်ငွေကောင်းလာပါတယ်။ အခုအောက်မှာတော့ကုမ္ပဏီတွေရဲ့App တွေမှာဘယ်လိုစာရင်းပေးသွင်းရပြီး ဘယ်လိုပိုက်ဆံရှာနိုင်မယ့်အကြောင်း‌ရေးပြသွားပါမယ်။


          DoorDash, Postmates, Uber Eats နဲ့ Grubhub ကုမ္ပဏီတွေရဲ့ App တွေမှာ နာမည်၊ လိပ်စာ၊ လူမှုလုံခြုံရေးကတ်ပြားနံပါတ်-SSN/Social Security Number ၊ ကားလိုင်စင် နဲ့ အမေရိကားမှာတရားဝင်အလုပ်လုပ်ခွင့်ရှိကြောင်းသက်သေပြဖို့ Green Card ၊ Work Permit တွေနဲ့ စာရင်းပေးသွင်းပါ။

          သူတို့ဟာမိတ်ဆွေရဲ့အလုပ်ရာဇဝင်နဲ့နောက်ကြောင်းကင်းရှင်းရေး-Background Check လုပ်ပါလိမ့်မယ်။ စောင့်ရတဲ့အချိန်ကာလက အမြန်ဆုံး‌နေ့ချင်းပြီးနဲ့ အကြာဆုံး (၂) ရက်ပါပဲ။ တကယ်လို့မိတ်ဆွေရဲ့ကားမောင်းရာဇဝင်မှာ ဥပဒေအရခွင့်ပြုလို့မရတဲ့အရင်တုန်းကယာဉ်စည်းကမ်းချိုးဖောက်မှုတွေရှိခဲ့ရင်တော့ဒီကိစ္စမှာချောမွေ့ဖို့ခက်ခဲပါတယ်။

          ကုမ္ပဏီမှာပေးထားတဲ့အီးမေးလ်ထဲကိုအကြောင်းပြန်စာရောက်လာတဲ့နောက်မှာအစားသောက်တွေ စပို့လို့ရပါပြီ။ Log In ဝင်ပြီးတဲ့လက်ကိုင်ဖုန်းမှာ တက်လာတဲ့အော်ဒါကိုလက်ခံ၊ Navigation ကိုနှိပ်၊ လမ်းပြတဲ့အတိုင်းမောင်း၊ ဆိုင်ရောက်ရင် ပါဆယ်ဆင်းယူ၊ ကားပေါ်ပြန်တက်၊ လမ်းပြတဲ့အတိုင်းထပ်မောင်း၊ စားသုံးသူအိမ်ရှေ့ရောက်ရင် ပို့ရန်ညွှန်ကြားချက်-Delivery Instruction အတိုင်းပို့ခဲ့၊ ပြီးတာနဲ့ ပို့ခရတဲ့ငွေ နဲ့ စားသုံးသူကပေးမယ့် အပိုပိုက်ဆံ-Tip Money ကို တစ်ခါတည်းမြင်၊ ပျော်ရွှင်စရာကောင်းတဲ့သမာအာဇီဝအလုပ်ဆိုတာသိရပါတယ်။


          ဒါပေမဲ့ ဒီကုမ္ပဏီတွေမှာအပြည့်အစုံစာရင်းပေးသွင်းလို့မရတဲ့မြန်မာတွေရှိတာ ဝမ်းနည်းဖွယ်ရာကြားသိရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ App က တောင်းတဲ့ SSN က အလည်နဲ့လာသူတွေမှာရှိမှမရှိတာ။ ကားလိုင်စင်မရှိသူက စကူတာ၊ စက်ဘီး၊ ဘက်ထရီဆိုင်ကယ်တွေနဲ့ပို့ဖို့ရွေးချယ်လို့ရသေးတယ်။ SSN မပေးနိုင်တာနဲ့တားထားတာက အလည်ဗီဆာနဲ့ငွေသားအလုပ်ရှာသူတွေအတွက် အကြီးမားဆုံးအခက်အခဲတစ်ခုဖြစ်ပါတယ်။

          အလည်လာတဲ့အသိတစ်ယောက်ကဆို သူ့အဖေရဲ့အချက်အလက်တွေနဲ့အစားအသောက်ပို့တဲ့ App မှာ တရားဝင်စာရင်းသွင်းထားပြီး ပို့လို့ကောင်း၊ သင့်တင့်တဲ့ဝင်ငွေရလို့ အဆင်ပြေနေတာကြားသိရတယ်။ ဒါပေမဲ့ အဲဒီမိတ်ဆွေသိဖို့လိုတာက နှစ်ကုန်လို့ ကြိုတင်အခွန်ပို၊ ကြိုတင်အခွန်လို တန်းညှိရတဲ့ Tax Return ကာလမှာ ဒီအစားအသောက်ပို့ခဲ့တဲ့ဝင်ငွေ နဲ့ တစ်ခြား ကားမောင်း (Uber/Lyft) သမားတွေဟာ အစိုးရကို 1099-K, 1099-Miscellaneous အခွန်ပေးဆောင်ရမယ်ဆိုတာမေ့ထားလို့မရဘူးဆိုတာပါပဲ။



          ဉပမာအနေနဲ့ပြောပြရရင် မိတ်ဆွေက အစားအသောက်မှာစားလို့ အစားအသောက်ဖိုးက (၈) ‌ဒေါ်လာ ပို့ခက (၇) ဒေါ်လာ စုစုပေါင်း (၁၅) ဒေါ်လာကျသင့်တယ်ဆိုပါတော့။ အစားအသောက်ရောက်ဖို့ မိနစ် (၃ဝ) စောင့်အပြီးမှာ ဖုန်းထဲကနေ ပို့ပေးသူကို Tip Money ပေးလည်းရသလို လူချင်းတွေ့တာနဲ့တစ်ခါတည်းပေးလည်းရပါတယ်။

          App က ကော်မရှင်နှုတ်ထားတဲ့ကျန်ငွေ (၄.၅ဝ) ဒေါ်လာကို စားသောက်ဆိုင်က ရပါတယ်။ ပေးရတဲ့ပို့ခ (၇) ဒေါ်လာထဲက App အတွက် ကော်မရှင်နှုတ်အပြီး (၄) ဒေါ်လာလောက်ကို ပို့တဲ့ ကားသမား၊ စက်ဘီးသမား၊ စကူတာသမားကရပါတယ်။ ဒါပေမဲ့ စားသုံးသူက ပို့ပေးသူကိုပေးတဲ့ Tip Money ကတော့ ပို့ပေးသူက အပြည့်အဝရပါတယ်။ ဘာကော်မရှင်မှမဖြတ်ပါဘူး။ (ဒီလိုရတဲ့ပို့ခတွေကိုစုပြီး ပြည်တွင်းအခွန်-IRS ကို နှစ်ကုန်ရင်အခွန်ဆောင်ရမယ်လို့ပြောချင်တာဖြစ်ပါတယ်။ အခွန်ရှောင်လို့မရပါ။)

          ဒါဆိုရင် တစ်ရက်ကို‌ ပို့ခချည်းသီးသန့် ဒေါ်လာ (၁၂ဝ) လောက်ရအောင် ဘယ်နှစ်နာရီမောင်းရမလဲလို့မေးရင် အဖြေကတစ်ခုတည်း တစ်ညီတည်းထွက်လာမှာမဟုတ်ပါဘူး။ ဆန်ဖရန်စစ္စကိုမြို့ထဲမှာမောင်းရင် မနားရဘဲ တွက်ခြေမြန်မြန်ကိုက်မယ်။ ဘားကလေတို့ အုတ်ကလန်တို့ဘက်ဆိုရင် အသင့်တင့်ကြာမယ်။ ဆင်ခြေဖုံးမြို့၊ အစားအသောက်မှာစားတာနည်းတဲ့မြို့တွေနားရောက်နေရင်တော့ (၈) နာရီလောက်စောင့်တာတောင်မှ ဒေါ်လာ (၉ဝ) ပြည့်ဖို့ကမလွယ်။



          စက်ဘီးသမား၊ စကူတာသမားတွေဟာ စက်အားထက်ခွန်အားထုတ်သုံးရတာမို့လို့ ခရီးတိုလေးတွေပို့ရမှတန်လိမ့်မယ်။ အများအားဖြင့် အစားသောက်ပို့တဲ့လုပ်ငန်းတွေဟာ မြို့ကျော် တောင်ကျော်ပို့ရတာနည်းပါးတယ်။ ဆိုလိုတာက ခပ်ပါးပါးမြို့မှာစကူတာနဲ့ပို့ရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လမ်းကမကောင်း၊ ခရီးကဝေး နဲ့ App ကလည်း ခွင့်မပြုပါဘူး။

          ဒီအလုပ်လုပ်သူတွေဟာ ကိုယ်ပို့ရမယ့်အစားအသောက်ကို သွားယူရတာနဲ့လိုက်ပို့ရတာနဲ့ဆို (၂) ကြိမ်၊ Uber လို Lyft လို ခရီးသည်တင်ပြီးမောင်းလိုက်တာကမှသက်သာဦးမယ်လို့တွေးမိမယ်။ အခုလိုအချိန်မှာ ခရီးသည်ပေါင်းစုံနဲ့ကားတစ်စီးထဲအတူထိုင် (၈) နာရီစာ တက္ကဆီမောင်းမယ်ဆိုတာ ကိုယ့်ကားနဲ့ကိုယ် ရောဂါပိုးလိုက်ဝယ်နေသလိုဖြစ်နေပါမယ်။

          အစားအသောက်ပို့ရတာက စားသောက်ဆိုင်ထဲကိုဝင်တာ နဲ့ လူစုလူဝေးကိုတစ်ချက်ဂရုစိုက်၊ တံခါးလက်ကိုင်တွေကိုသတိထား၊ လက်ကိုအမြဲဆေး၊ ကားပေါ်ရောက်ရင် App ကုမ္ပဏီတွေကပေးတဲ့ Hand Sanitizer နဲ့ တစ်ကြိမ်ပို့ပြီးတိုင်းသန့်စင် . . ဒီလိုဆိုရင်တော့ ကမ္ဘာပျက်ပေမယ့် ဝင်ငွေမပြတ်သွားနိုင်သေးပါဘူး။ အကြောင်းကတော့ အမေရိကားကလူတွေဟာ ဘယ်လိုပင်အိမ်မှာစားစရာမပြတ်ပေမဲ့ ဆိုင်ကအစားသောက်တွေကို စွဲစွဲမက်မက်မှာယူစားသောက်တတ်တာကြောင့်ပါ။

          ဒါကြောင့် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအဆင့်အထိမဟုတ်ပေမဲ့ ဒီလို ကပ်ရောဂါကြောင့် အလုပ်ကနေ ခွင့်မဲ့ပျက်ရက်-Without Pay Leave တွေကို အချိန်တိုအတွင်းကုစားနိုင်မယ့် Food Delivery Service ကို မေးမြန်းပြီးပြန်လည်မျှဝေလိုက်ပါတယ်။ မိတ်ဆွေများအားလုံးရောဂါဘယကင်းဝေးပြီး စီးပွားလာဘ်လာဘများပြန်လည်မြင့်တက်လာပါစေ။

မှတ်ချက် ။။။။။။။။။။ ပုံများကိုကာယကံရှင်တို့၏ခွင့်ပြုချက်ဖြင့်ယူငင်သုံးစွဲပါသည်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-15-2020

<Zawgyi>

"တိုးပြားလာတဲ့အေမရိကားအစားအေသာက္ပို႔လုပ္ငန္းေတြ"
          ကရိုနာဗိုင္းရပ္စ္ေၾကာင့္အိမ္မွာနားေနရသူေတြ၊ အလုပ္ပိတ္ထားသူေတြ လက္ရွိအေျခအေနမွာလုပ္နိုင္တဲ့အလုပ္ကိုေမးျမန္းထားသမၽွေရးျပခ်င္ပါတယ္။

          အလုပ္အကိုင္ခြင့္လမ္း‌ေပါမ်ားေပမဲ့ဒီနိုင္ငံကိုစေရာက္လို႔ မဝံ့မရဲျဖစ္ေနပါသလား? ကားေတာ့ေကာင္းေကာင္းေမာင္းတတ္ၿပီးအဂၤလိပ္စကားေျပာဖို႔အခက္ခဲျဖစ္ေနပါသလား? ဒါဆိုရင္မိတ္ေဆြဟာအေမရိကားမွာအစားအေသာက္ပို႔တဲ့လုပ္ငန္းကိုစမ္းသပ္ပို႔ေဆာင္ၾကည့္ရင္းဝင္ေငြရွာနိုင္ပါတယ္။

          ကားေမာင္းနိုင္ဖို႔ကားလိုင္စင္ေအာင္ထားဖို႔လိုတယ္။ ဒီအလုပ္လုပ္ဖို႔အတြက္ကားအသစ္တစ္စီးမလိုပါဘူး။ ေသာ့ဖြင့္၊ ေမာင္းထြက္၊ စက္မပ်က္တဲ့ အသင့္အတင့္ကားတစီးရွိရင္ရပါၿပီ။

          ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသတစ္ဝိုက္မွာေတာ့ အစားအေသာက္ကို အိမ္ကမခြာ လက္ကိုင္တယ္လီဖုန္းနဲ႔မွာစားသူေတြ မ်ားမွမ်ားပါ။ ဒီလိုမွာစားသူေတြမ်ားတဲ့အတြက္ပို႔ေပးရတဲ့ဝန္ေဆာင္မႈအလုပ္ကလည္းအရင္ကလိုေျခာက္ေျခာက္ကပ္ကပ္မဟုတ္ေတာ့ဘဲ ဝင္ေငြေကာင္းလာပါတယ္။ အခုေအာက္မွာေတာ့ကုမၸဏီေတြရဲ့App ေတြမွာဘယ္လိုစာရင္းေပးသြင္းရၿပီး ဘယ္လိုပိုက္ဆံရွာနိုင္မယ့္အေၾကာင္း‌ေရးျပသြားပါမယ္။

          DoorDash, Postmates, Uber Eats နဲ႔ Grubhub ကုမၸဏီေတြရဲ့ App ေတြမွာ နာမည္၊ လိပ္စာ၊ လူမႈလုံျခဳံေရးကတ္ျပားနံပါတ္-SSN/Social Security Number ၊ ကားလိုင္စင္ နဲ႔ အေမရိကားမွာတရားဝင္အလုပ္လုပ္ခြင့္ရွိေၾကာင္းသက္ေသျပဖို႔ Green Card ၊ Work Permit ေတြနဲ႔ စာရင္းေပးသြင္းပါ။

          သူတို႔ဟာမိတ္ေဆြရဲ့အလုပ္ရာဇဝင္နဲ႔ေနာက္ေၾကာင္းကင္းရွင္းေရး-Background Check လုပ္ပါလိမ့္မယ္။ ေစာင့္ရတဲ့အခ်ိန္ကာလက အျမန္ဆုံး‌ေန႔ခ်င္းၿပီးနဲ႔ အၾကာဆုံး (၂) ရက္ပါပဲ။ တကယ္လို႔မိတ္ေဆြရဲ့ကားေမာင္းရာဇဝင္မွာ ဥပေဒအရခြင့္ျပဳလို႔မရတဲ့အရင္တုန္းကယာဥ္စည္းကမ္းခ်ိဳးေဖာက္မႈေတြရွိခဲ့ရင္ေတာ့ဒီကိစၥမွာေခ်ာေမြ႕ဖို႔ခက္ခဲပါတယ္။

          ကုမၸဏီမွာေပးထားတဲ့အီးေမးလ္ထဲကိုအေၾကာင္းျပန္စာေရာက္လာတဲ့ေနာက္မွာအစားေသာက္ေတြ စပို႔လို႔ရပါၿပီ။ Log In ဝင္ၿပီးတဲ့လက္ကိုင္ဖုန္းမွာ တက္လာတဲ့ေအာ္ဒါကိုလက္ခံ၊ Navigation ကိုႏွိပ္၊ လမ္းျပတဲ့အတိုင္းေမာင္း၊ ဆိုင္ေရာက္ရင္ ပါဆယ္ဆင္းယူ၊ ကားေပၚျပန္တက္၊ လမ္းျပတဲ့အတိုင္းထပ္ေမာင္း၊ စားသုံးသူအိမ္ေရွ႕ေရာက္ရင္ ပို႔ရန္ညႊန္ၾကားခ်က္-Delivery Instruction အတိုင္းပို႔ခဲ့၊ ၿပီးတာနဲ႔ ပို႔ခရတဲ့ေငြ နဲ႔ စားသုံးသူကေပးမယ့္ အပိုပိုက္ဆံ-Tip Money ကို တစ္ခါတည္းျမင္၊ ေပ်ာ္ရႊင္စရာေကာင္းတဲ့သမာအာဇီဝအလုပ္ဆိုတာသိရပါတယ္။

          ဒါေပမဲ့ ဒီကုမၸဏီေတြမွာအျပည့္အစုံစာရင္းေပးသြင္းလို႔မရတဲ့ျမန္မာေတြရွိတာ ဝမ္းနည္းဖြယ္ရာၾကားသိရတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ App က ေတာင္းတဲ့ SSN က အလည္နဲ႔လာသူေတြမွာရွိမွမရွိတာ။ ကားလိုင္စင္မရွိသူက စကူတာ၊ စက္ဘီး၊ ဘက္ထရီဆိုင္ကယ္ေတြနဲ႔ပို႔ဖို႔ေရြးခ်ယ္လို႔ရေသးတယ္။ SSN မေပးနိုင္တာနဲ႔တားထားတာက အလည္ဗီဆာနဲ႔ေငြသားအလုပ္ရွာသူေတြအတြက္ အႀကီးမားဆုံးအခက္အခဲတစ္ခုျဖစ္ပါတယ္။

          အလည္လာတဲ့အသိတစ္ေယာက္ကဆို သူ႔အေဖရဲ့အခ်က္အလက္ေတြနဲ႔အစားအေသာက္ပို႔တဲ့ App မွာ တရားဝင္စာရင္းသြင္းထားၿပီး ပို႔လို႔ေကာင္း၊ သင့္တင့္တဲ့ဝင္ေငြရလို႔ အဆင္ေျပေနတာၾကားသိရတယ္။ ဒါေပမဲ့ အဲဒီမိတ္ေဆြသိဖို႔လိုတာက ႏွစ္ကုန္လို႔ ႀကိဳတင္အခြန္ပို၊ ႀကိဳတင္အခြန္လို တန္းညႇိရတဲ့ Tax Return ကာလမွာ ဒီအစားအေသာက္ပို႔ခဲ့တဲ့ဝင္ေငြ နဲ႔ တစ္ျခား ကားေမာင္း (Uber/Lyft) သမားေတြဟာ အစိုးရကို 1099-K, 1099-Miscellaneous အခြန္ေပးေဆာင္ရမယ္ဆိုတာေမ့ထားလို႔မရဘူးဆိုတာပါပဲ။

          ဉပမာအေနနဲ႔ေျပာျပရရင္ မိတ္ေဆြက အစားအေသာက္မွာစားလို႔ အစားအေသာက္ဖိုးက (၈) ‌ေဒၚလာ ပို႔ခက (၇) ေဒၚလာ စုစုေပါင္း (၁၅) ေဒၚလာက်သင့္တယ္ဆိုပါေတာ့။ အစားအေသာက္ေရာက္ဖို႔ မိနစ္ (၃ဝ) ေစာင့္အၿပီးမွာ ဖုန္းထဲကေန ပို႔ေပးသူကို Tip Money ေပးလည္းရသလို လူခ်င္းေတြ႕တာနဲ႔တစ္ခါတည္းေပးလည္းရပါတယ္။

          App က ေကာ္မရွင္ႏႈတ္ထားတဲ့က်န္ေငြ (၄.၅ဝ) ေဒၚလာကို စားေသာက္ဆိုင္က ရပါတယ္။ ေပးရတဲ့ပို႔ခ (၇) ေဒၚလာထဲက App အတြက္ ေကာ္မရွင္ႏႈတ္အၿပီး (၄) ေဒၚလာေလာက္ကို ပို႔တဲ့ ကားသမား၊ စက္ဘီးသမား၊ စကူတာသမားကရပါတယ္။ ဒါေပမဲ့ စားသုံးသူက ပို႔ေပးသူကိုေပးတဲ့ Tip Money ကေတာ့ ပို႔ေပးသူက အျပည့္အဝရပါတယ္။ ဘာေကာ္မရွင္မွမျဖတ္ပါဘူး။ (ဒီလိုရတဲ့ပို႔ခေတြကိုစုၿပီး ျပည္တြင္းအခြန္-IRS ကို ႏွစ္ကုန္ရင္အခြန္ေဆာင္ရမယ္လို႔ေျပာခ်င္တာျဖစ္ပါတယ္။ အခြန္ေရွာင္လို႔မရပါ။)

          ဒါဆိုရင္ တစ္ရက္ကို‌ ပို႔ခခ်ည္းသီးသန႔္ ေဒၚလာ (၁၂ဝ) ေလာက္ရေအာင္ ဘယ္ႏွစ္နာရီေမာင္းရမလဲလို႔ေမးရင္ အေျဖကတစ္ခုတည္း တစ္ညီတည္းထြက္လာမွာမဟုတ္ပါဘူး။ ဆန္ဖရန္စစၥကိုၿမိဳ႕ထဲမွာေမာင္းရင္ မနားရဘဲ တြက္ေျချမန္ျမန္ကိုက္မယ္။ ဘားကေလတို႔ အုတ္ကလန္တို႔ဘက္ဆိုရင္ အသင့္တင့္ၾကာမယ္။ ဆင္ေျခဖုံးၿမိဳ႕၊ အစားအေသာက္မွာစားတာနည္းတဲ့ၿမိဳ႕ေတြနားေရာက္ေနရင္ေတာ့ (၈) နာရီေလာက္ေစာင့္တာေတာင္မွ ေဒၚလာ (၉ဝ) ျပည့္ဖို႔ကမလြယ္။

          စက္ဘီးသမား၊ စကူတာသမားေတြဟာ စက္အားထက္ခြန္အားထုတ္သုံးရတာမို႔လို႔ ခရီးတိုေလးေတြပို႔ရမွတန္လိမ့္မယ္။ အမ်ားအားျဖင့္ အစားေသာက္ပို႔တဲ့လုပ္ငန္းေတြဟာ ၿမိဳ႕ေက်ာ္ ေတာင္ေက်ာ္ပို႔ရတာနည္းပါးတယ္။ ဆိုလိုတာက ခပ္ပါးပါးၿမိဳ႕မွာစကူတာနဲ႔ပို႔ရင္ ဘယ္လိုမွမျဖစ္နိုင္ပါဘူး။ လမ္းကမေကာင္း၊ ခရီးကေဝး နဲ႔ App ကလည္း ခြင့္မျပဳပါဘူး။

          ဒီအလုပ္လုပ္သူေတြဟာ ကိုယ္ပို႔ရမယ့္အစားအေသာက္ကို သြားယူရတာနဲ႔လိုက္ပို႔ရတာနဲ႔ဆို (၂) ႀကိမ္၊ Uber လို Lyft လို ခရီးသည္တင္ၿပီးေမာင္းလိုက္တာကမွသက္သာဦးမယ္လို႔ေတြးမိမယ္။ အခုလိုအခ်ိန္မွာ ခရီးသည္ေပါင္းစုံနဲ႔ကားတစ္စီးထဲအတူထိုင္ (၈) နာရီစာ တကၠဆီေမာင္းမယ္ဆိုတာ ကိုယ့္ကားနဲ႔ကိုယ္ ေရာဂါပိုးလိုက္ဝယ္ေနသလိုျဖစ္ေနပါမယ္။

          အစားအေသာက္ပို႔ရတာက စားေသာက္ဆိုင္ထဲကိုဝင္တာ နဲ႔ လူစုလူေဝးကိုတစ္ခ်က္ဂ႐ုစိုက္၊ တံခါးလက္ကိုင္ေတြကိုသတိထား၊ လက္ကိုအျမဲေဆး၊ ကားေပၚေရာက္ရင္ App ကုမၸဏီေတြကေပးတဲ့ Hand Sanitizer နဲ႔ တစ္ႀကိမ္ပို႔ၿပီးတိုင္းသန႔္စင္ . . ဒီလိုဆိုရင္ေတာ့ ကမၻာပ်က္ေပမယ့္ ဝင္ေငြမျပတ္သြားနိုင္ေသးပါဘူး။ အေၾကာင္းကေတာ့ အေမရိကားကလူေတြဟာ ဘယ္လိုပင္အိမ္မွာစားစရာမျပတ္ေပမဲ့ ဆိုင္ကအစားေသာက္ေတြကို စြဲစြဲမက္မက္မွာယူစားေသာက္တတ္တာေၾကာင့္ပါ။

          ဒါေၾကာင့္ ရွဉ့္လည္းေလၽွာက္သာ ပ်ားလည္းစြဲသာအဆင့္အထိမဟုတ္ေပမဲ့ ဒီလို ကပ္ေရာဂါေၾကာင့္ အလုပ္ကေန ခြင့္မဲ့ပ်က္ရက္-Without Pay Leave ေတြကို အခ်ိန္တိုအတြင္းကုစားနိုင္မယ့္ Food Delivery Service ကို ေမးျမန္းၿပီးျပန္လည္မၽွေဝလိုက္ပါတယ္။ မိတ္ေဆြမ်ားအားလုံးေရာဂါဘယကင္းေဝးၿပီး စီးပြားလာဘ္လာဘမ်ားျပန္လည္ျမင့္တက္လာပါေစ။

မွတ္ခ်က္ ။။။။။။။။။။ ပုံမ်ားကိုကာယကံရွင္တို႔၏ခြင့္ျပဳခ်က္ျဖင့္ယူငင္သုံးစြဲပါသည္။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
03-15-2020

No comments: