ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, August 2, 2021

၁ နှစ်ကျော်သွားတဲ့ ပြည်ပရောက် ဂရင်းကတ် ပြန်ဝင်နိုင်ဖို့

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


ကပ်ရောဂါကြောင့်၊ ကျန်းမာရေးကြောင့်၊ ထိခိုက်ဒဏ်ရာရမှုကြောင့်၊ နေထိုင်ရတာ မပျော်ရွှင်တော့တာကြောင့် စတဲ့ အကြောင်းတစ်ခုခုကြောင့် အမေရိကန်နိုင်ငံ ပြင်ပရောက်နေတဲ့ ၁ နှစ်ထက် ကျော်လွန်အောင် နေထိုင်ထားတဲ့ ဂရင်းကတ်ပိုင်ရှင်ဟာ ပြည်ပြန်ၒင်လို့ရသလားလို့ ကျွန်တော့ကို လာမေးကြပါတယ်။

အမှန်က ဂရင်းကတ်သမားဟာ ပြည်ပမှာ ၁ နှစ်ထက်ကျော်အောင် နေထိုင်မယ်ဆိုရင် ၂ နှစ်အထိ ပြည်ပြန်ဝင်ခွင့်ရှိတဲ့ Re-Entry ပါမစ်- I-131, Application for Travel Document- https://bit.ly/3xQE3YV ကို လျှောက်ထားပြီး လက်ဗွေနှိပ်ရင် စာအုပ်ထွက်လာပါတယ်။ ဒါ‌လျှောက်ပြီး ဂရင်းကတ်နဲ့ထွက်ပြီး Re-Entry နဲ့ ပြန်ဝင်တာတွေကို မြန်မာတွေ လုပ်နေကျပါ။

အခုက ဒီလို ဂရင်းကတ် ၁ နှစ်၊ Re-Entry ၂ နှစ် တို့ထက်ကျော်ပြီး နေထိုင်သူတွေဟာ အမေရိကားကို ပြန်ဝင်ချင်နေကြပါတယ်။ သူတို့အတွက် လုပ်ဆောင်စရာတွေက များပါတယ်။

လက်ထဲမှာ ဂရင်းကတ်သက်တမ်းရှိနေပေမဲ့လည်း ပြန်ဝင်ရမယ့်နေ့ထက် ရက်လွန်နေကြတယ်။ ဒါကို ပြန်လျှောက်ရတဲ့ ဖောင် Returning Resident (SB-1) Immigrant Visa- ကိုရဖို့ I-117, Application to Determine Returning Resident Status- https://bit.ly/2Tk1YB9 ကို ဒေါ်လာ ၁၈ဝ ပေးပြီး ပြန်လျှောက်ရမှာပါ။

မလျှောက်ခင် ၃ လလောက်အလိုမှာ‌ လျှောက်တင်တော့မယ်လို့ နီးစပ်ရာ ‌အမေရိကန်သံရုံးကို အကြောင်းကြားသင့်တယ်လို့ တရားဝင်စာမျက်နှာမှာ ရေးထားပါတယ်။ စာတင်ဖို့၊ ဆေးစစ်ဖို့၊ ကာကွယ်ဆေး အပြည့်အဝထိုးဖို့၊ အင်တာဗျူးဝင်ဖို့အတွက် ၃ လ ဆိုတာ လုံလောက်တဲ့ အချိန်လို့လည်း ပြောပြထားပါတယ်။

ခရီးလွန်သူဟာ ဒီလို ပြည်ဝင်ခွင့် ပြန်လျှောက်ဆိုလို့သာ လျှောက်နေရတယ် သူ့လက်ထဲမှာ ဂရင်းကတ်က ရှိနေဆဲပါ။ သက်တမ်းလည်း ကျန်ကောင်း ကျန်နေနိုင်ပါတယ်။ သံမှူးက သိချင်တဲ့ အကြောင်းပြချက်တွေက ရှင်းရှင်းလေးပါ။ ဖောင်ထဲမှာ နံပါတ်တွေအရ
10. What continuing ties have you maintained with the United States? What efforts have you made to avoid abandoning your permanent resident status in the United States?
အမေရိကားမှာ ‌ဆက်လက်နေထိုင်ဖို့ ခိုင်မာတဲ့ အကြောင်းရင်းက ဘာလဲ။ ဘာကြောင့် ဂရင်းကတ်ကို စွန့်လွှတ်ဖို့ မလိုအပ်တာလဲ။

11. Reasons for not returning to the United States until time of this application.
အခု အမေရိကားကို ပြန်ဝင်ချင်တဲ့ အကြောင်းရင်းက ဘာလဲ။

12. List below all periods that you have lived outside of the United States for six months or longer since your initial entry into the United States.
အောက်က ဇယားကွက်မှာ အ‌မေရိကားပြင်ပမှာ ၆ လ ကျော်နေခဲ့သမျှ ကာလတွေကို ရေးသွင်းပါ။

13. Have you been employed outside of the United States since your most recent departure?
အမေရိကားပြင်ပ‌မှ နေတဲ့ ကာလအတွင်း အလုပ်လုပ်ထားပါသလား။ လုပ်ထားရင် အောက်မှာ စတဲ့ရက်-ပြီးဆုံးရက်နဲ့ အလုပ်ရှင်လိပ်စာကို ရေးသွင်းပါ။

14. I wish to return to the United States on or about _______________.
အမေရိကားကို ပြန်ဝင်ချင်တဲ့ရက် _______________။

တို့ကို ဖြေနိုင်ရပါမယ်။

ဒါတွေကို သံမှူးက ယုံကြည်လို့ SB-1 Visa ထုတ်ပေးလိုက်ပြီးရင် ပြည်ပြန်ဝင်တဲ့အခါ အရင် ဂရင်းကတ်ကိုင်ထားသလို ဆက်လက်ကိုင်ဆောင်နိုင်ပါတယ်။ တဆက်တည်းနေထိုင်တာ ၅ နှစ် ပြည့်ရင် နိုင်ငံသားစာမေးပွဲ ဖြေလို့ရတာလည်း အတူတူပါပဲ။

ဒါပေမဲ့ ဗီဆာပြန်လျှောက်တာကို သံမှူးက လက်မခံခဲ့ရင်တော့ ဂရင်းကတ်ကိုသုံးပြီး ပြန်လည်ပြည်ဝင်ခွင့် ဆုံးရှုံးသွားပါပြီ။ ဒါပေမဲ့ နောက်ဆုံး ကျည်ဆန် ကျန်ပါသေးတယ်။

ကနဦး ပြည်ဝင်ခွင့် လျှောက်ခဲ့သလို ဂရင်းကတ်ကို အသစ်ပြန်လျှောက်နိုင်တယ်။ အခြေအခံအချက်အလက်တွေကို အရင်ဖြည့်ခဲ့သလို ပြန်ဖြည့်ပြီး Visa Category ကလည်း အတူတူ ပြန်လျှောက်ရင် ပြန်‌အောင်နိုင်တယ်လို့ လမ်းညွှန်ထားပါကြောင်း တင်ပြလိုက်ပါတယ်။

ဖြစ်နိုင်ရင်တော့ အမေရိကားအပြင်ဘက် မထွက်ခင် ဘယ်လောက်ကြာမယ်၊ ဘယ်တော့ပြန်ဝင်နိုင်မယ် မဝင်နိုင်ဘူးဆိုတာ တိကျတဲ့ အစီအစဉ်ဆွဲပြီး သေသေချာချာလုပ်သွားတာက စိတ်ချရတယ်။ မဟုတ်လို့ စာရွက်စာတမ်းတွေ ပြန်လုပ်ရင် အချိန်ကုန်တယ်။ ပြီး‌တော့ အမေရိကားဟာ အလုပ်ရှုတ်ပြီဆိုရင် ပိုက်ဆံသိပ်ကုန်ပါတယ်။

ကိုးကား- စတိတ်ဒေါ့ဂေါ့
ပုံ-Google Images

#KNNTgi
07-18-2021

No comments: