ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 15, 2018

ခရီးထြက္တာေပ်ာ္စရာေကာင္းသလား?

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. အေျဖက "ေပ်ာ္စရာေကာင္းတယ္" လည္းဟုတ္သလို "ေပ်ာ္စရာမေကာင္းဘူး" လည္း ဟုတ္ႏုိင္ပါတယ္။ ခရီးသြားတဲ႕သူေတြေပၚမူတည္တယ္။ "ေတြ" ဆိုတဲ႕ အမ်ားနာမ္သံုးရတဲ႕အေၾကာင္းရင္းက လူေတြဟာ တစ္ဦးတစ္ေယာက္တည္းခရီးထြက္တာထက္ (၂) ဦး နဲ႕ (၂) ဦးအထက္ ခရီးထြက္တတ္ၾကလို႕ပါပဲ။
.
. တစ္ခ်ိန္ကၾကားခဲ႕ဖူးတဲ႕ "လူတစ္ဦးရဲ႕ပကတိစိတ္ထားကုိသိခ်င္ရင္ သူနဲ႕ခရီးသြားၾကည္႕ပါ" ဆုိတဲ႕စကားဟာ မိတ္ေဆြခရီးသြားတဲ႕အခါ ေပၚလာတဲ႕ျပသနာေတြကို အခ်င္းခ်င္းၾကား ဘယ္လုိေျဖရွင္းၾကသလဲဆိုတာနဲ႕တိုင္းတာတဲ႕အခါ မိတ္ေဆြေကာင္းလား? ဟန္ေဆာင္မိတ္ေဆြလား? ဆိုတာကိုသိၾကတယ္လို႕ မွတ္သားဖူးပါတယ္။ မိသားစုအခ်င္းခ်င္းဆိုရင္ေရာ . . ဘယ္လိုတုိင္းတာမလဲ?
.
.
. မကြာပါဘူး။ သားသမီးအခ်င္းခ်င္းၾကား ကိစၥရပ္ေတြေပၚလာတုိင္း ဘယ္သားသမီးက တကိုယ္ေကာင္းဆန္တယ္၊ ဘယ္တစ္ေယာက္ေတာ႕ အငယ္ကုိညွာတယ္၊ ဘယ္တစ္ေယာက္ကေတာ႕ ဦးစီးဦးေဆာင္လုပ္တယ္၊ ဘယ္တစ္ေယာက္ကေတာ႕ျဖင္႕ ဘယ္လုိသင္သင္ မတတ္လာဘူး စသျဖင္႕ မိဘေတြကအကဲခတ္ခြင္႕ရႏုိင္ပါတယ္။
.
. ေပ်ာ္စရာေကာင္းတဲ႕ခရီးတစ္ခုျဖစ္ဖို႕ မိတ္ေဆြရဲ႕စိတ္ဓါတ္ေတြကိုေဆးေၾကာခဲ႕ဖို႕လုိပါတယ္။ ဒါဆိုရင္ မိတ္ေဆြရဲ႕စိတ္ဟာ သိပ္ကုိညစ္ပတ္ေပေရေနပါသလား? ျဖစ္ႏိုင္တယ္။ မိတ္ေဆြရဲ႕စိတ္ထဲမွာ ေငြကုိပဲသိတဲ႕ အလုပ္ရႈတ္တဲ႕စိတ္၊ လုပ္ေဖာ္ကိုင္ဘက္ ရွယ္ယာရွင္တို႕နဲ႕ အျမဲမေျပလည္တဲ႕ ေဒါသၾကီးတဲ႕စိတ္ နဲ႕ ခင္ပြန္း၊ ဇနီးတို႕အျပင္ မိသားစုဝင္ေတြကုိအလိုမက် အားမရတဲ႕ ေမာဟပြားတဲ႕စိတ္ေတြဟာ ေပေရနံေစာ္ေနတဲ႕စိတ္ေတြပါ။

.
.
. ေမာေမာပန္းပန္းေနခဲ႕သမွ် ေလာၾကီးတဲ႕စိတ္ေတြကို ထားခဲ႕ဖို႕လုိတယ္။ ဘယ္ကိစၥမဆို အျမန္ျပီးစီးခ်င္တဲ႕စိတ္၊ ဘယ္ေနရာမဆို ငါရွိမွ ဆုိတဲ႕စိတ္၊ အဆံုးအျဖတ္အားလံုးကုိ ငါသာလွ်င္ခ်မွတ္ႏုိင္တယ္ဆိုတဲ႕စိတ္ ေတြကို မိတ္ေဆြရဲ႕အိမ္မွာ အေရခြံခြ်တ္ထားခဲ႕ႏိုင္ပါမွ ထြက္မဲ႕ခရီးဟာ ေပ်ာ္ရႊင္လာႏိုင္မွာျဖစ္ပါတယ္။
.
. ဒါေတြအားလံုးရဲ႕နံရံျခားတစ္ဖက္မွာေတာ႕ ခရီးထြက္ျပီးစိတ္ညစ္စရာေတြၾကံဳႏုိင္ပါတယ္။ အေသးစိတ္ေရးရရင္ ေဆာင္းပါးရွည္သြားရံုသာရွိမွာမို႕လို႕ မိတ္ေဆြတို႕ကိုယ္တုိင္ သံုးသပ္ၾကည္႕ဖို႕တုိက္တြန္းလုိပါတယ္။ ဒီေနရာမွာ မေဖာ္ျပရေသးတာကေတာ႕ "ေငြ" နဲ႕ "မိတ္ေဆြေကာင္း" ပါ။
.
.
. မိတ္ေဆြေကာင္းမရွိပဲ ေငြတစ္ခုတည္းနဲ႕ ေပ်ာ္ရႊင္စရာေတြကုိ ေပါက္ေစ်းအမ်ိုးမ်ိဳးနဲ႕ဝယ္ယူႏုိင္ပါတယ္။ ဆိုလိုတာက ေငြကုန္ေၾကးက်တာကိုထည္႕မတြက္ရတဲ႕ခရီးဟာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းမလဲဆိုတာ . . ေတြးၾကည္႕ႏုိင္ပါတယ္။ ဘာစားမလဲ? ဘယ္သြားမလဲ? ဘာဝယ္မလဲ? ဘယ္မွာအိပ္စက္မလဲ? အားလံုးကုိ ေငြက ဖန္ဆင္းေပးႏုိင္ပါတယ္။ သုိ႕ေသာ္လည္း ေငြသံုးရတာ အဆင္တန္ဆာအားျဖင္႕ ေစ်းၾကီးလွတာေတာ႕ ျငင္းစရာလိုမယ္မထင္ပါ။
.
. ကုန္က်မႈနည္းနည္းနဲ႕ေပ်ာ္ရႊင္ေအာင္ခရီးထြက္ႏုိင္တဲ႕နည္းကေတာ႕ မိတ္ေဆြေကာင္းရွိျခင္းရဲ႕ ေကာင္းျခင္းမဂၤလာပါပဲ။ မိတ္ေဆြေကာင္းတို႕မည္သည္ သူတပါးေကာင္းေအာင္ၾကံေဆာင္ျပီး သူတပါးရဲ႕ေအာင္ျမင္မႈကိုခ်ီးေျမွာက္ပါတယ္။ ဒါေၾကာင္႕ ကိုယ္႕ဖို႕ကုိယ္သာၾကိဳးစားျပီး ပုိက္ဆံဖိရွာတတ္ၾကတဲ႕ မိဘအတန္းအစားေတြဟာ မိတ္ေကာင္းေဆြေကာင္းနဲ႕ခရီးသြားသင္႕လွပါတယ္။
.
.
. ဒီလို ေပ်ာ္ရႊင္စဖြယ္ခရီးသြားျခင္းကေန ေအးေအးသာသာ စာဖတ္ျခင္းအလုပ္ကုိလုပ္ႏုိင္တယ္၊ မေျပာဖူးတဲ႕ေဆြးေႏြးမႈေတြဟာ နားနားေနေနခရီးစဥ္အတြင္း ျဖစ္တည္လာႏုိင္တယ္၊ မၾကားဖူးတဲ႕ေဒသႏၱရဗဟုသုတေတြကုိ အေတြးတိမ္ယံရဲ႕ အိမ္အျပန္မွာ သယ္ေဆာင္လာႏုိင္တယ္၊ မထင္မွတ္ထားသူေတြဆီက အကူအညီေကာင္းေတြရလို႕ မိတ္ေဆြေကာင္း ေသာင္းနဲ႕ခ်ီ တုိးလာႏုိင္တယ္၊ ထင္မွတ္ထားသူေတြဆီက နဲ႕ ေမွ်ာ္မွန္းထားသူေတြရဲ႕စိတ္ထားေတြ အေရျခံဳေကာင္းၾကသေလာက္ မိတ္ေဆြေကာင္းမဟုတ္တာကို သိျမင္လာႏုိင္ပါတယ္။
.
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
.
. ေတာင္ၾကီးတြင္ေရးသည္
. 07-16-2018
.
.
. "ခရီးထွက်တာပျော်စရာကောင်းသလား?"
. အဖြေက "ပျော်စရာကောင်းတယ်" လည်းဟုတ်သလို "ပျော်စရာမကောင်းဘူး" လည်း ဟုတ်နိုင်ပါတယ်။ ခရီးသွားတဲ့သူတွေပေါ်မူတည်တယ်။ "တွေ" ဆိုတဲ့ အများနာမ်သုံးရတဲ့အကြောင်းရင်းက လူတွေဟာ တစ်ဦးတစ်ယောက်တည်းခရီးထွက်တာထက် (၂) ဦး နဲ့ (၂) ဦးအထက် ခရီးထွက်တတ်ကြလို့ပါပဲ။
.
. တစ်ချိန်ကကြားခဲ့ဖူးတဲ့ "လူတစ်ဦးရဲ့ပကတိစိတ်ထားကိုသိချင်ရင် သူနဲ့ခရီးသွားကြည့်ပါ" ဆိုတဲ့စကားဟာ မိတ်ဆွေခရီးသွားတဲ့အခါ ပေါ်လာတဲ့ပြသနာတွေကို အချင်းချင်းကြား ဘယ်လိုဖြေရှင်းကြသလဲဆိုတာနဲ့တိုင်းတာတဲ့အခါ မိတ်ဆွေကောင်းလား? ဟန်ဆောင်မိတ်ဆွေလား? ဆိုတာကိုသိကြတယ်လို့ မှတ်သားဖူးပါတယ်။ မိသားစုအချင်းချင်းဆိုရင်ရော . . ဘယ်လိုတိုင်းတာမလဲ?
.
.
. မကွာပါဘူး။ သားသမီးအချင်းချင်းကြား ကိစ္စရပ်တွေပေါ်လာတိုင်း ဘယ်သားသမီးက တကိုယ်ကောင်းဆန်တယ်၊ ဘယ်တစ်ယောက်တော့ အငယ်ကိုညှာတယ်၊ ဘယ်တစ်ယောက်ကတော့ ဦးစီးဦးဆောင်လုပ်တယ်၊ ဘယ်တစ်ယောက်ကတော့ဖြင့် ဘယ်လိုသင်သင် မတတ်လာဘူး စသဖြင့် မိဘတွေကအကဲခတ်ခွင့်ရနိုင်ပါတယ်။
.
. ပျော်စရာကောင်းတဲ့ခရီးတစ်ခုဖြစ်ဖို့ မိတ်ဆွေရဲ့စိတ်ဓါတ်တွေကိုဆေးကြောခဲ့ဖို့လိုပါတယ်။ ဒါဆိုရင် မိတ်ဆွေရဲ့စိတ်ဟာ သိပ်ကိုညစ်ပတ်ပေရေနေပါသလား? ဖြစ်နိုင်တယ်။ မိတ်ဆွေရဲ့စိတ်ထဲမှာ ငွေကိုပဲသိတဲ့ အလုပ်ရှုတ်တဲ့စိတ်၊ လုပ်ဖော်ကိုင်ဘက် ရှယ်ယာရှင်တို့နဲ့ အမြဲမပြေလည်တဲ့ ဒေါသကြီးတဲ့စိတ် နဲ့ ခင်ပွန်း၊ ဇနီးတို့အပြင် မိသားစုဝင်တွေကိုအလိုမကျ အားမရတဲ့ မောဟပွားတဲ့စိတ်တွေဟာ ပေရေနံစော်နေတဲ့စိတ်တွေပါ။
.
.
. မောမောပန်းပန်းနေခဲ့သမျှ လောကြီးတဲ့စိတ်တွေကို ထားခဲ့ဖို့လိုတယ်။ ဘယ်ကိစ္စမဆို အမြန်ပြီးစီးချင်တဲ့စိတ်၊ ဘယ်နေရာမဆို ငါရှိမှ ဆိုတဲ့စိတ်၊ အဆုံးအဖြတ်အားလုံးကို ငါသာလျှင်ချမှတ်နိုင်တယ်ဆိုတဲ့စိတ် တွေကို မိတ်ဆွေရဲ့အိမ်မှာ အရေခွံချွတ်ထားခဲ့နိုင်ပါမှ ထွက်မဲ့ခရီးဟာ ပျော်ရွှင်လာနိုင်မှာဖြစ်ပါတယ်။
.
. ဒါတွေအားလုံးရဲ့နံရံခြားတစ်ဖက်မှာတော့ ခရီးထွက်ပြီးစိတ်ညစ်စရာတွေကြုံနိုင်ပါတယ်။ အသေးစိတ်ရေးရရင် ဆောင်းပါးရှည်သွားရုံသာရှိမှာမို့လို့ မိတ်ဆွေတို့ကိုယ်တိုင် သုံးသပ်ကြည့်ဖို့တိုက်တွန်းလိုပါတယ်။ ဒီနေရာမှာ မဖော်ပြရသေးတာကတော့ "ငွေ" နဲ့ "မိတ်ဆွေကောင်း" ပါ။
.
.
. မိတ်ဆွေကောင်းမရှိပဲ ငွေတစ်ခုတည်းနဲ့ ပျော်ရွှင်စရာတွေကို ပေါက်စျေးအမျိုးမျိုးနဲ့ဝယ်ယူနိုင်ပါတယ်။ ဆိုလိုတာက ငွေကုန်ကြေးကျတာကိုထည့်မတွက်ရတဲ့ခရီးဟာ ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ . . တွေးကြည့်နိုင်ပါတယ်။ ဘာစားမလဲ? ဘယ်သွားမလဲ? ဘာဝယ်မလဲ? ဘယ်မှာအိပ်စက်မလဲ? အားလုံးကို ငွေက ဖန်ဆင်းပေးနိုင်ပါတယ်။ သို့သော်လည်း ငွေသုံးရတာ အဆင်တန်ဆာအားဖြင့် စျေးကြီးလှတာတော့ ငြင်းစရာလိုမယ်မထင်ပါ။
.
. ကုန်ကျမှုနည်းနည်းနဲ့ပျော်ရွှင်အောင်ခရီးထွက်နိုင်တဲ့နည်းကတော့ မိတ်ဆွေကောင်းရှိခြင်းရဲ့ ကောင်းခြင်းမင်္ဂလာပါပဲ။ မိတ်ဆွေကောင်းတို့မည်သည် သူတပါးကောင်းအောင်ကြံဆောင်ပြီး သူတပါးရဲ့အောင်မြင်မှုကိုချီးမြှောက်ပါတယ်။ ဒါကြောင့် ကိုယ့်ဖို့ကိုယ်သာကြိုးစားပြီး ပိုက်ဆံဖိရှာတတ်ကြတဲ့ မိဘအတန်းအစားတွေဟာ မိတ်ကောင်းဆွေကောင်းနဲ့ခရီးသွားသင့်လှပါတယ်။
.
.
. ဒီလို ပျော်ရွှင်စဖွယ်ခရီးသွားခြင်းကနေ အေးအေးသာသာ စာဖတ်ခြင်းအလုပ်ကိုလုပ်နိုင်တယ်၊ မပြောဖူးတဲ့ဆွေးနွေးမှုတွေဟာ နားနားနေနေခရီးစဉ်အတွင်း ဖြစ်တည်လာနိုင်တယ်၊ မကြားဖူးတဲ့ဒေသန္တရဗဟုသုတတွေကို အတွေးတိမ်ယံရဲ့ အိမ်အပြန်မှာ သယ်ဆောင်လာနိုင်တယ်၊ မထင်မှတ်ထားသူတွေဆီက အကူအညီကောင်းတွေရလို့ မိတ်ဆွေကောင်း သောင်းနဲ့ချီ တိုးလာနိုင်တယ်၊ ထင်မှတ်ထားသူတွေဆီက နဲ့ မျှော်မှန်းထားသူတွေရဲ့စိတ်ထားတွေ အရေခြုံကောင်းကြသလောက် မိတ်ဆွေကောင်းမဟုတ်တာကို သိမြင်လာနိုင်ပါတယ်။
.
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
.
. တောင်ကြီးတွင်ရေးသည်
. 07-16-2018

No comments: