ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, January 24, 2020

ကိုယ်ဝန်ဆောင်ခရီးသွားဗီဆာကြပ်ပြီ

ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)

          အမေရိကားကိုလာနိုင်တဲ့ပြည်ဝင်ခွင့်တွေထဲမှာ ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ပေးတဲ့ဗီဆာဆိုတာမရှိပါဘူး။ ဒါပေမဲ့ အလည်အပတ်ဗီဆာကိုင်ထားပြီးခရီးသွားတဲ့ကိုယ်ဝန်ဆောင်တွေဟာ အမေရိကန်နိုင်ငံထဲမှာ ဘယ်လိုနေထိုင်ကြတယ်ဆိုတာကို ဒီသတင်းတိုလေးနဲ့အတူရှင်းပြသွားပါမယ်။

          အမေရိကန်သမ္မတရဲ့လက်ရှိအလုပ်ချင်ဆုံးကိစ္စတွေထဲမှာ အမေရိကားကိုဝင်ရောက်လာမယ့်ဗီဆာတွေကိုသေသေချာချာစိစစ်ဖို့အတွက်တော်တော်လေးအာရုံစိုက်နေပါတယ်။ နောက်ဆုံးကြားသိရတဲ့တားမြစ်ချက်ထဲမှာ "ကိုယ်ဝန်ဆောင်ခရီးသွား” တွေအလည်အပတ်ဝင်ရောက်လာမယ့်ဗီဆာကိုတင်းကြပ်ဖို့ပါဝင်နေပါတယ်။

          ရှင်းအောင်ပြောပြရရင် ဗီဆာရထားသူကိုယ်ဝန်ဆောင်မိခင်က အမေရိကန်မြေပေါ်မှာ ကလေး‌မွေးတဲ့အခါ မွေးလာတဲ့ကလေးက မွေးရာပါအခွင့်အရေး-Birthright Citizenship အရ အလိုလိုအမေရိကန်နိုင်ငံသားဖြစ်လာပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး မိမိရဲ့သားသမီးကိုအမေရိကန်နိုင်ငံသားဖြစ်အောင်လုပ်ဆောင်တဲ့ဝန်ဆောင်မှုဟာ အမေရိကား နဲ့ ပြင်ပကမ္ဘာတွေမှာ ဒေါ်လာသန်းနဲ့ချီတဲ့စီးပွားရေးကြီးဖြစ်နေတာပါ။

          မွေးပြီးတဲ့‌ကလေးကိုထားခဲ့တဲ့ "Birth Tourism" ကြီးထွားလာတဲ့နောက် ရုရှားကိုယ်ဝန်ဆောင်‌တွေ နဲ့ တရုတ်ကိုယ်ဝန်ဆောင်တွေကို သမ္မတထရမ့် အိမ်ဖြူတော်မှာရုံးခန်းမထိုင်ခင်ကတည်းကနှိမ်နင်းလာခဲ့တာ အမေရိကန်သံရုံးတွေနဲ့ လ.ဝ.က က နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်သလားဆိုတော့ . . မကိုင်တွယ်နိုင်ပါဘူး။ တားမြစ်သူက တားမြဲ၊ လာတဲ့သူက လာမြဲ၊ မွေးတဲ့သူက မွေးမြဲ ဖြစ်နေပါတယ်။


          ဘယ်လောက်အမြတ်အစွန်းကြီးတဲ့အလုပ်လဲဆိုတာ "ကိုယ်ဝန်ဆောင်ခရီးသွား" တစ်ယောက် အမေရိကန်မြေထဲဝင်ပြီးချောချောချူချူကလေးမွေးနိုင်ဖို့ ပွဲစ ပွဲဆုံး (ဟော်တယ်ငှားခ၊ မယ်ဒီကဲ အပါအဝင်) ဒေါ်လာ (၈ဝဝဝဝ) အထိပေါက်ဈေးရှိတာကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။

          ဒီနည်းလမ်းနဲ့လူသွင်းတဲ့အမှုကိစ္စတွေ ဟိုနားတစ်နေရာ ဒီနားတစ်နေရာဖြစ်နေပေမယ့် အမေရိကန်မြေပေါ်မှာကလေးမွေးရင် နိုင်ငံသားပေးရတာက တရားဝင်ကိစ္စပါ။ ဒါ့အပြင် ကလေးအမေကို ကလေးကိုစောင့်ရှောက်နိုင်ဖို့အတွက် ကန့်သတ်ချက်တစ်ခုနဲ့ဗီတာထပ်တိုးနေထိုင်ခွင့်ပေးရပြန်ပါသေးတယ်။

          တရားရုံးအမှုတွဲတွေမှာ ဒီလိုအမှုတွေဘယ်လောက်အထိရှိနေပြီဆိုတာလေ့လာဖို့အချက်အလက်တိတိကျကျမရှိသေးပေမဲ့ The Center for Immigration Studies အဖွဲ့ရဲ့လေ့လာချက်အရ တင်းကြပ်တဲ့စစ်ဆေးမှုတွေကြားမှာတောင် (၂ဝ၁၂) ခုနှစ်မှာ (၃၆ဝဝဝ) ခန့်ရှိတဲ့ နိုင်ငံခြားသားကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အမေရိကားမှာကလေးမွေးပြီး သူတို့လာရာတိုင်းပြည်ကိုပြန်သွားကြတယ်လို့ခန့်မှန်းထားပါတယ်။

          သံရုံးရဲ့ကောင်စစ်ဝန်တွေကလည်း အင်တာဗျူးလာဖြေတဲ့အမျိုးသမီးတွေကို “ကိုယ်ဝန်ရှိနေလား?” ၊ “ကလေးယူဖို့အစီအစဉ်ရှိသလား?” ၊ “အမေရိကားရောက်ရင် ကလေးမွေးပြီးပြန်လာမှာလား?” လို့ ဘယ်လိုလုပ်မေးလို့အဆင်ပြေပါ့မလဲ။ ဒါကို ပါးနှပ်တဲ့သံတမန်နည်းတွေဖြစ်တဲ့ ဆရာဝန်ရဲ့ဆေးစစ်ချက်တောင်းတာတို့၊ အမေရိကားရောက်ရင်ဘာလုပ်မလဲ မေးတာတို့အပြင် ယုတ္တိတန်မှု-Reality Check ကို အလေးထားစစ်ဆေးတော့မယ့်အကြောင်းရေးသားတင်ပြလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
01-23-2020

Ref: NBCNews


<Zawgyi>

"ကိုယ္ဝန္ေဆာင္ခရီးသြားဗီဆာၾကပ္ၿပီ"
အေမရိကားကိုလာႏုိင္တဲ႕ျပည္ဝင္ခြင္႕ေတြထဲမွာ ကိုယ္ဝန္ေဆာင္ေတြအတြက္ သီးသန္႕ထုတ္ေပးတဲ႕ဗီဆာဆုိတာမရွိပါဘူး။ ဒါေပမဲ့ အလည္အပတ္ဗီဆာကုိင္ထားျပီးခရီးသြားတဲ့ကုိယ္ဝန္ေဆာင္ေတြဟာ အေမရိကန္ႏုိင္ငံထဲမွာ ဘယ္လိုေနထုိင္ၾကတယ္ဆုိတာကို ဒီသတင္းတိုေလးနဲ႕အတူရွင္းျပသြားပါမယ္။

အေမရိကန္သမၼတရဲ႕လက္ရွိအလုပ္ခ်င္ဆုံးကိစၥေတြထဲမွာ အေမရိကားကိုဝင္ေရာက္လာမယ့္ဗီဆာေတြကိုေသေသခ်ာခ်ာစိစစ္ဖို႕အတြက္ေတာ္ေတာ္ေလးအာ႐ုံစိုက္ေနပါတယ္။ ေနာက္ဆုံးၾကားသိရတဲ့တားျမစ္ခ်က္ထဲမွာ "ကိုယ္ဝန္ေဆာင္ခရီးသြား” ေတြအလည္အပတ္ဝင္ေရာက္လာမယ့္ဗီဆာကိုတင္းၾကပ္ဖို႕ပါဝင္ေနပါတယ္။

ရွင္းေအာင္ေျပာျပရရင္ ဗီဆာရထားသူကိုယ္ဝန္ေဆာင္မိခင္က အေမရိကန္ေျမေပၚမွာ ကေလး‌ေမြးတဲ့အခါ ေမြးလာတဲ့ကေလးက ေမြးရာပါအခြင့္အေရး-Birthright Citizenship အရ အလိုလိုအေမရိကန္ႏုိင္ငံသားျဖစ္လာပါတယ္။ ဒါကိုအခြင္႕ေကာင္းယူျပီး မိမိရဲ႕သားသမီးကိုအေမရိကန္ႏုိင္ငံသားျဖစ္ေအာင္လုပ္ေဆာင္တဲ႕ဝန္ေဆာင္မႈဟာ အေမရိကား နဲ႕ ျပင္ပကမၻာေတြမွာ ေဒၚလာသန္းနဲ႕ခ်ီတဲ့စီးပြားေရးၾကီးျဖစ္ေနတာပါ။

ေမြးၿပီးတဲ့‌ကေလးကိုထားခဲ့တဲ့ "Birth Tourism" ႀကီးထြားလာတဲ့ေနာက္ ႐ုရွားကိုယ္ဝန္ေဆာင္‌ေတြ နဲ႔ တ႐ုတ္ကိုယ္ဝန္ေဆာင္ေတြကို သမၼတထရမ့္ အိမ္ျဖဴေတာ္မွာရံုးခန္းမထိုင္ခင္ကတည္းကႏွိမ္နင္းလာခဲ့တာ အေမရိကန္သံရံုးေတြနဲ႕ လ.ဝ.က က ႏုိင္ႏုိင္နင္းနင္းကိုင္တြယ္ႏိုင္သလားဆုိေတာ႕ . . မကိုင္တြယ္ႏုိင္ပါဘူး။ တားျမစ္သူက တားျမဲ၊ လာတဲ့သူက လာျမဲ၊ ေမြးတဲ့သူက ေမြးျမဲ ျဖစ္ေနပါတယ္။

ဘယ္ေလာက္အျမတ္အစြန္းႀကီးတဲ့အလုပ္လဲဆိုတာ "ကိုယ္ဝန္ေဆာင္ခရီးသြား" တစ္ေယာက္ အေမရိကန္ေျမထဲဝင္ၿပီးေခ်ာေခ်ာခ်ဴခ်ဴကေလးေမြးနိုင္ဖို႔ ပြဲစ ပြဲဆုံး (ေဟာ္တယ္ငွားခ၊ မယ္ဒီကဲ အပါအဝင္) ေဒၚလာ (၈ဝဝဝဝ) အထိေပါက္ေဈးရွိတာကိုၾကည့္႐ုံနဲ႔သိနိုင္ပါတယ္။

ဒီနည္းလမ္းနဲ႔လူသြင္းတဲ့အမႈကိစၥေတြ ဟိုနားတစ္ေနရာ ဒီနားတစ္ေနရာျဖစ္ေနေပမယ့္ အေမရိကန္ေျမေပၚမွာကေလးေမြးရင္ ႏုိင္ငံသားေပးရတာက တရားဝင္ကိစၥပါ။ ဒါ႕အျပင္ ကေလးအေမကုိ ကေလးကိုေစာင္႕ေရွာက္ႏုိင္ဖို႕အတြက္ ကန္႕သတ္ခ်က္တစ္ခုနဲ႔ဗီတာထပ္တိုးေနထုိင္ခြင့္ေပးရျပန္ပါေသးတယ္။

တရားရံုးအမႈတြဲေတြမွာ ဒီလိုအမႈေတြဘယ္ေလာက္အထိရွိေနျပီဆုိတာေလ႕လာဖို႕အခ်က္အလက္တိတိက်က်မရွိေသးေပမဲ့ The Center for Immigration Studies အဖြဲ႕ရဲ႕ေလ႕လာခ်က္အရ တင္းၾကပ္တဲ႕စစ္ေဆးမႈေတြၾကားမွာေတာင္ (၂ဝ၁၂) ခုႏွစ္မွာ (၃၆ဝဝဝ) ခန္႕ရွိတဲ႕ ႏုိင္ငံျခားသားကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ အေမရိကားမွာကေလးေမြးျပီး သူတို႕လာရာတိုင္းျပည္ကုိျပန္သြားၾကတယ္လို႕ခန္႕မွန္းထားပါတယ္။

သံရံုးရဲ႕ေကာင္စစ္ဝန္ေတြကလည္း အင္တာဗ်ဴးလာေျဖတဲ့အမ်ိဳးသမီးေတြကို “ကိုယ္ဝန္ရွိေနလား?” ၊ “ကေလးယူဖို႕အစီအစဥ္ရွိသလား?” ၊ “အေမရိကားေရာက္ရင္ ကေလးေမြးျပီးျပန္လာမွာလား?” လို႕ ဘယ္လိုလုပ္ေမးလို႕အဆင္ေျပပါ႕မလဲ။ ဒါကို ပါးႏွပ္တဲ႕သံတမန္နည္းေတြျဖစ္တဲ့ ဆရာဝန္ရဲ႕ေဆးစစ္ခ်က္ေတာင္းတာတို႕၊ အေမရိကားေရာက္ရင္ဘာလုပ္မလဲ ေမးတာတုိ႕အျပင္ ယုတိၱတန္မႈ-Reality Check ကုိ အေလးထားစစ္ေဆးေတာ႕မယ္႕အေၾကာင္းေရးသားတင္ျပလိုက္ပါတယ္။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
01-23-2020
Ref: NBCNews

No comments: