ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 15, 2020

ရင်ဖွင့်ချင်လို့ပါ ဦးညီရေ

 "ရင်ဖွင့်ချင်လို့ပါ ဦးညီရေ ၁"

          Hi ဦးညီ နေကောင်းလား။ ဒီမှာပြောလို့ရလားအစ်ကို။
{You can leave the voice message.}
          စာရေးလို့ရပါတယ်ရှင့်။

          ကျွန်မကြုံရတဲ့ Company နဲ့ မြန်မာတစ်ချို့အကြောင်းပြောပြချင်လို့ပါ။ ကျွန်မ ကျောက်တန်းလို့မြန်မာတွေခေါ်တဲ့ Jewelry Company မှာ ကျွန်မအလုပ်လုပ်နေတာပါ။ မြန်မာနိုင်ငံကလာတုန်းကတော့ ကလေးတွေရဲ့ပညာရေးအတွက် ဒီရောက်ရောက်ချင်းပန်းကန်ဆေးရဆေးရဆိုတဲ့စိတ်ကိုမွေးလာတာပါ။ အစ်ကို ကျောက်တန်းအကြောင်း၊ New York အကြောင်းတွေ သိလားရှင့်။


{မသိပါ}


         ကျောက်တန်းဆိုတဲ့ Jewelry Company ကြီးတွေမှာ မြန်မာတွေအများကြီးအလုပ်လုပ်ကြတယ်။ အနိမ့်ဆုံးလုပ်ခလစာနဲ့လုပ်ရပေမဲ့ Computer နဲ့စားပွဲနဲ့အလုပလုပ်ရတာပဲတော်လှပြီဆိုပြီးပျော်နေတာ။ အခု တစ်ဖြည်းဖြည်းချင်းသိလာတာက မြန်မာအချင်းချင်းကို Senior တွေက Junior တွေကို ကြီးနိုင်ငယ်ညှဉ်းလုပ်ကြတယ်။ Discrimination တွေရှိကြတယ်။


        Company ပိုင်ရှင်တွေကလည်းခွင့်ပြုထားတယ်။ တိုင်ရင် ပိုဖိပြီး ပိုလုပ်တယ်။ အမေရိကားဆိုတာဒီမိုကရေစီနိုင်ငံလို့သိထားတာ။ New York မှာပဲရှိတာလား။ အစ်ကိုတို့ဘက်တွေကောအဲဒီလိုပဲလား။ ဒီမှာနေရင် ဘယ်လိုလာအနိုင်ကျင့်ကျင့် သည်းခံပြီး နေရမှာလား။ ကိုယ့်ကိုကိုယ်ကာကွယ်ရမှာလား မသိဘူးဖြစ်နေတယ်။ ကိုယ့်ကိုကိုယ်ကာကွယ်ရင်ပိုဆိုးကုန်တာနော်။