ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, March 24, 2018

Parents Who Address

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
Parents who address and speak to their children as if they were adults find that their children have an easier time navigating the real world, as they feel more comfortable speaking to and communicating with adults.
.
ဒီစာစုလေးကို အင်တာနက်မှာရှာခဲ့တာမဟုတ်သလို စာအုပ်တွေထဲကဖတ်ရှုခဲ့တာမဟုတ်ပါဘူး။ နားနဲ့ဆတ်ဆတ်ကြားခဲ့တဲ့အပြင် နှလုံးသားနဲ့နားထောင်ခဲ့ရတဲ့စကားစုလေးပါ။
.
.
Parents who address and speak to their children (မိဘတွေစကားလက်ခံပြောပေးတဲ့)
.
if they were adults (သားသမီးတွေ လူလားမြောက်ကြီးပြင်းလာတဲ့အခါ)
.
find that their children have an easier time navigating the real world, (သူတို့ရဲ့ တကယ့်လက်တွေ့ဘဝကိုလျှောက်လှမ်းဖို့ ပိုမိုလွယ်ကူစေပါတယ်)
.
as they feel more comfortable speaking to (တစ်ဆက်တည်းမှာ သူတို့ဟာ စကားပြောဆိုရာမှာပိုမိုအဆင်ပြေရုံမက)
.
and communicating with adults. (လူကြီးတွေနဲ့ဆက်ဆံတဲ့အခါမှာ ထင်ထားတာထက်ပိုမိုချောမွေ့စေပါတယ်)

Sunday, March 18, 2018

အင်တာဗျူးအလွန်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

.          အင်တာဗျူးတစ်ခုပြီးသွားတိုင်း စဉ်းစားတယ် . . ဒါကိုလုပ်လို့ ကျွန်တော်ဘာရသလဲလို့ . .။ သူများတွေပြောသလို အရည်မရ အဖတ်မရ၊ အရေးမပါတာတွေလုပ်နေတာလို့ထင်ကြပါစေ . . ကျွန်တော်က "အသိပညာလောဘ" ကြီးတယ် ခင်ဗျ ..။
.
.        ဆက်ပြောရရင် ကျွန်တော်သိချင်သမျှကိုအဖြေရဖို့ စာအုပ်တွေအကုန်လိုက်မဖတ်နိုင်ပါ။ ကြုံရသမျှအခက်အခဲတွေကို
စိတ်နေစိတ်ထားမှန်မှန်နဲ့ရှင်းတတ်ဖို့ စားကျက်တောရဲ့ပန်းရိုင်းမြေမှာ အခြေမကျတဲ့စိတ်ကိုငြိမ်နေအောင်ထိန်းထားဖို့ ကျွန်တော်မတတ်နိုင်ပါ။ ဒါကြောင့် အဖြေရှိနိုင်သူတွေကိုမေးရင်း ဥာဏ်အလင်းရှာရတယ်။ ပြန်တည်ဆောက်ရတယ်။ ကိုယ်နဲ့အဖြစ်တူသူ လူများတကာတွေကို ပြန်လည်မျှဝေချင်လာတယ်။ ဒီကနေ အင်တာဗျူးဆိုတာ ဖြစ်တည်လာခဲ့တယ်။
.
.
.          ချစ်မိတ်ဆွေတွေတော့မသိဘူး . . ကျွန်တော်တော့ အဖြေမရတဲ့၊ ဖြေရခက်တဲ့ပုစ္ဆာရဲ့တွက်ပုံတွက်နည်းကိုအနီးစပ်ဆုံးချည်းကပ်မိတဲ့အခါ သိပ်ပျော်တာမိတာ အမှန်ပဲ။ ဒီအကြပ်အတည်းနံရံရဲ့အခြားတစ်ဖက်မှာ ဘာရှိသလဲဆိုတာ မှန်းဆနိုင်တယ်။ ဒါ့အပြင် ကျွန်တော့လို မှေးမှိန်မှိန်ငေးမောနေတဲ့ လေးပင်ပင်အတွေးသမားတွေဘယ်နှစ်ယောက်ရှိမလဲဆိုတာ ကိုယ်ချင်းစာမိတယ်။ ဒါကြောင့် ဆက်လုပ်ခဲ့တယ်။
.
.          အတုယူစရာတွေရဲ့နောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်ရမယ့်အရာတွေလိုက်ပါလာတယ်။ အင်တာဗျူးဖြေပေးသွားသူတိုင်းက ကျွန်တော့ကိုလက်ဆောင်တစ်ခုထက်မက ပေးခဲ့တာချည်းပဲ။ ဒါကိုအသုံးချဖို့ အတင်းအကြပ်မခိုင်းစေတဲ့လောကကြီးကို ပြန်လည်သိတတ်ရမယ် . .  “ကျွန်တော်တာဝန်ကျေချင်တယ်” ခင်ဗျ ..။