ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, November 30, 2015

Stanford University က စာတစ္ေစာင္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
တကၠသုိလ္ေက်ာင္းအတြက္ ေမဂ်ာေရြးခ်ယ္ဖို႕ေလ႕က်င္႕သင္တန္းအတြက္ေခၚစာေတြ ကြ်န္ေတာ႕အိမ္ကို မၾကာခဏေရာက္လာတတ္တယ္။ ညေနအလုပ္ျပန္လို႕ စာတုိက္ပံုးစစ္တဲ႕အခါ လိပ္စာေနရာမွာ “ စြမ္း ” နာမယ္မေတြ႕လိုက္နဲ႕ .. အဲဒါ ေက်ာင္းတက္ဖို႕ဖိတ္ေခၚတဲ႕စာဆိုတာ ေသခ်ာသေလာက္ရွိတယ္။
.
မ်ားလွတဲ႕ေက်ာင္းၾကီးေတြရဲ႕ပရိုမုိးရွင္းစာေတြၾကားမွာ ပြဲစားဆန္ဆန္ “ ေမဂ်ာေရြးေပးမယ္ ” ဆိုတဲ႕ ပရုိဂရမ္ေရာင္းခ်တဲ႕ ပုဂၢလိကပညာေရးအသင္းအဖြဲ႕ေတြလည္းရွိတယ္။ ( ၇ ) လအတြင္း အေစာင္ေရ ( ၁ဝဝ ) ေက်ာ္ ေရာက္လာတဲ႕အထိ ေစ်းေရာင္းတဲ႕ေက်ာင္းစာေတြမွန္းသိတာနဲ႕ ကြ်န္ေတာ္လႊင္႕ပစ္ခဲ႕တာခ်ည္းပဲ။ အခုစာကေတာ႕ လႊင္႕မပစ္ရက္ပဲ ေက်ာင္းနာမယ္ေၾကာင္႕ ကြ်န္ေတာ္ဖြင္႕ဖတ္လိုက္မိတယ္။
.
စာထဲမွာ Stanford Pre-Collegiate Studies ရဲ႕ ဒါရုိက္တာက ( ၂ဝ၁၆ ) အေမရိကန္ေႏြရာသီမွာဖြင္႕မယ္႕ ေကာလိပ္ၾကိဳေက်ာင္းပရုိဂရမ္မွာ ပါဝင္ေလွ်ာက္ထားဖို႕ဖိတ္ေခၚတယ္ ဆုိျပီး အစခ်ီထားပါတယ္။ စာသင္သီတင္းပတ္ ( ၈ ) ပတ္ ရွိမယ္႕ ထိပ္သီးေက်ာင္းသားမ်ားကိုေရြးခ်ယ္လက္ခံတဲ႕၊ တကၠသိုလ္အဆင္႕အေတြ႕အၾကံဳထူးေတြရရွိမယ္႕ ဒီအစီအစဥ္မွာ သာမန္အထက္တန္းေက်ာင္းေတြမွာမရႏုိင္တဲ႕ အကယ္ဒမီအဆင္႕၊ လူမႈအသိုက္အဝန္း နဲ႕ ပညာသင္ၾကားမႈအခြင္႕အေရးေတြ အေထာက္အကူျပဳပံ႕ပိုးမယ္လို႕ ဆိုပါတယ္။
.
.
ေႏြရာသီမွာသင္ရလို႕ ၾကားျဖတ္သင္တန္းမ်ိဳးမဟုတ္ပဲ နာမယ္ရ Stanford ေက်ာင္းက ဆရာ၊ ဆရာမၾကီးမ်ားကိုယ္တိုင္သင္ၾကားေပးမွာျဖစ္သလို ႏွစ္စဥ္ ေတာ္ေပ႕ဆုိတဲ႕ေက်ာင္းသားမ်ားကိုသာ ဖိတ္ၾကားစာရင္းသြင္းေစတယ္လို႕ ထပ္မံေဖာ္ျပထားပါတယ္။ ဒီပရုိဂရမ္ကိုတက္ျခင္းအားျဖင္႕ “ စြမ္း ” ကုိ Stanford ေက်ာင္းက ..
.
ေကာလိပ္တက္ခရက္ဒစ္ရရွိမွာျဖစ္ျပီး Stanford ရဲ႕ အရည္အခ်င္းေဖာ္ျပခ်က္လက္မွတ္ - Transcript ကို တရားဝင္ထုတ္ေပးပါမယ္
.
႒ာနခြဲေပါင္း ( ၃ဝ ) ရွိတဲ႕ Stanford ေက်ာင္းရဲ႕ သင္ရိုး ( ၁၄၅ ) ခုထဲက ၾကိဳက္ႏွစ္သက္ရာေရြးခ်ယ္တက္ေရာက္ႏုိင္ပါတယ္
.
Stanford က ပါေမာကၡမ်ားရဲ႕ မိန္႕ခြန္းေခြ်အခမ္းအနားေတြနားေထာင္ႏုိင္သလို ႏုိဘယ္ဆုပိုင္ရွင္ေတြ နဲ႕ ကမၻာ႕နာမည္ၾကီးပုဂၢိဳလ္မ်ားရဲ႕ ေဟာေျပာပြဲမ်ားလည္း တက္ေရာက္ႏုိင္ပါတယ္
.
အေမရိကန္တစ္လႊား နဲ႕ ကမၻာအရပ္ရပ္ကေက်ာင္းသားေတြနဲ႕ နည္းပညာရင္ခြင္ ဆီလီကြန္ေတာင္ၾကားမွာ အတူတူပညာသင္ခြင္႕ရမွာျဖစ္ပါတယ္
.
Stanford ေက်ာင္းရဲ႕အေဆာင္မွာေနမလား? ကုိယ္႕အိမ္ကေနကိုယ္ ကားေမာင္းတက္မလား? ဒါမွမဟုတ္ အြန္လိုင္းသင္တန္းတစ္ခ်ိဳ႕ကိုေရြးခ်ယ္တက္ေရာက္မလား? စီစဥ္ေပးပါတယ္
.
အစိတ္အပုိင္းတစ္ခ်ိဳ႕ကုိ အကုန္အက်ခံေပးတဲ႕ ပညာေတာ္သင္ဆု - Partial Scholarship ရႏိုင္ေအာင္ စီစဥ္ေပးမယ္ လို႕ စာရင္းျပဳစုေပးထားပါတယ္။
.
.
( ၁၆ ) ႏွစ္ နဲ႕ ( ၁၉ ) ႏွစ္အရြယ္ေက်ာင္းသားေတြတက္ခြင္႕ရွိျပီး ( ၂ဝ၁၆ ) ခုႏွစ္ ဂြ်န္လမွာဖြင္႕ကာ အထက္တန္းေက်ာင္းျပန္မဖြင္႕ခင္ ၾသဂုတ္လမွာ သင္တန္းျပီးဆံုးပါမယ္။ ဒါေၾကာင္႕ ရွားပါးလွတဲ႕ဒီအခြင္႕အေရးကို မိဘမ်ား၊ အတိုင္ပင္ခံေက်ာင္းေကာင္ဆယ္လာမ်ားနဲ႕တိုင္ပင္ျပီး အျမန္ေလွ်ာက္္ထားဖို႕လိုအပ္ပါတယ္။
.
အေဆာင္အခန္းေနရာကန္႕သတ္လက္ခံမွာျဖစ္သလို ေက်ာင္းဝင္ခြင္႕ဟာလည္း ရပ္တန္႕ေစာင္႕ဆိုင္းေနမွာမဟုတ္ပဲ အျမန္လူျပည္႕သြားမွာျဖစ္ပါတယ္။ ဒါေၾကာင္႕ အရင္ေလွ်ာက္သူကိုဦးစားေပးစံနစ္နဲ႕ “ စြမ္း ” ကို အျမန္ေလွ်ာက္ေစခ်င္ပါတယ္။
.
မရွင္းလင္းတဲ႕အခ်က္ေတြကို စိတ္ရွင္းလြတ္လပ္စြာေမးျမန္းႏုိင္ျပီး Stanford ေက်ာင္းကို အခ်ိန္မေရြးဆက္သြယ္ႏုိင္ပါတယ္္။ ေနာက္ႏွစ္ ဂြ်န္လမွာ “ စြမ္း ” ကို Stanford မွာ ဆံုဖို႕ေမ်ွာ္လင္႕ပါတယ္ဆုိျပီး စာကိုအဆံုးသတ္ထားပါတယ္။
.
ဆက္ရန္။          ။ အကယ္၍ ပုိမုိေရြးခ်ယ္စရာအေနနဲ႕ အခုလို ေကာလိပ္ၾကိဳပရုိဂရမ္အျပင္ ေႏြရာသီမွာဖြင္႕တဲ႕ ေကာလိပ္အကယ္ဒမီ နဲ႕ အြန္လိုင္းသင္ရိုးညႊန္းတမ္းေတြ ရွိပါေသးတယ္။ စိတ္ဝင္စားတဲ႕နယ္ပယ္ရဲ႕ဘာသာရပ္မ်ားနဲ႕သင္ရိုးေတြကုိေရြးခ်ယ္ျပီး ေက်ာင္းေျပာင္းလက္ဆင္႕ကမ္းႏုိင္တဲ႕ Stanford University Continuing Studies Credit ေတြကုိ ေပးသြားမွာျဖစ္ပါတယ္။
.
.
စာအရ သူေရးတဲ႕အတိုင္းအတိအက်ဘာသာျပန္လိုက္တာ ဒီေလာက္အထိရွည္ပါတယ္။ ဒါနဲ႕ သူ႕ေက်ာင္းကဝဘ္ဆိုဒ္ထဲမွာ စားရိတ္ေတြကုိဝင္ၾကည္႕လုိက္ေတာ႕ ..
.
.
ေက်ာင္းဝင္ေၾကး = ( ၇၃၅ ) ေဒၚလာ [ ျပည္တြင္းေက်ာင္းသားျဖစ္လွ်င္ ဗီဆာေၾကး ( ၁၂၅ ) ေဒၚလာႏႈတ္ရန္ ]
.
က်ဴရွင္ခ ( ၈ ) ယူနစ္ဖိုး = ( ၈၁၂၈ ) ေဒၚလာ
.
အေဆာင္ခ ( ၈ ) ပတ္စာ = ( ၂ဝ၉ဝ ) ေဒၚလာ
.
ထမင္းစားရိတ္ ( တစ္ပတ္ကို ၁၄ ႏွပ္စားရန္ ) = ( ၁၄၅၁ ) ေဒၚလာ
.
စာရြက္စာတမ္းေၾကး = ( ၁၂၅ ) ေဒၚလာ
.
ပရုိဂရမ္ရံုးကိစၥေၾကး = ( ၆၄ ) ေဒၚလာ
.
ေက်ာင္းပရိဝုဏ္က်န္းမာေရးခ = ( ၁၉၇ ) ေဒၚလာ
.
က်န္းမာေရးေစာင္႕ေရွာက္ခ Medical Care = ( ၁၁၇ဝ ) ေဒၚလာ [ ကုိယ္ပုိင္အာမခံရွိလွ်င္ေပးရန္မလုိ ]
တို႕ျဖစ္ျပီး ေက်ာင္းကမေကာက္ခံပဲ ကိုယ္ပုိင္ေငြနဲ႕ကုန္က်ရမွာေတြက
.
.
ဖတ္စာအုပ္ဖိုး ( ခန္႕မွန္းေျခ ) = ( ၄၅ဝ ) ေဒၚလာ
.
ေက်ာင္းသားကုိယ္ပိုင္ကုန္က်ေငြ ( ခန္႕မွန္းေျခ ) = ( ၆၈ဝ ) ေဒၚလာ
.
စာတုိက္ပံုးစားရိတ္ ( ေက်ာင္းသားတိုင္းအတြက္မဟုတ္ ) = ( ၁၉ ) ေဒၚလာ စတာေတြကို ဘာမွမႏႈတ္ပဲ အားလံုးေပါင္းလိုက္ရင္ သီတင္း ( ၈ ) ပတ္ Stanford ေႏြရာသီမွာ ေက်ာင္းသားတစ္ေယာက္ေက်ာင္းသြားတက္ဖို႕ ( ၁၄၃၇၄ ) ေဒၚလာကုန္က်မယ္ဆုိတာ တြက္ျပထားပါတယ္။
.
.
အရင္ကလည္း ေစ်းေရာင္းေနတဲ႕ေက်ာင္းၾကီးေတြအေၾကာင္းေရးဖူးပါတယ္။ စာမ်ားစြာထဲက ( ၂၃ ) ေစာင္ကုိ ခြဲျခားထုတ္ႏႈတ္ျပထားတာပါ။ အခုတစ္ေခါက္ကေတာ႕ အမ်ားစိတ္ဝင္စားတဲ႕ နာမယ္ၾကီး Stanford University က ေရာက္လာတဲ႕စာကို ျမန္မာႏုိင္ငံမွ ေက်ာင္းသားမ်ားနဲ႕မိဘမ်ားေလ႕လာႏုိင္ေအာင္ မခြ်င္းမခ်န္ေရးသားလိုက္ရပါတယ္။
.
.
ေဒသႏၱရမွတ္ခ်က္။          ။ Stanford တကၠသိုလ္ကုိ Facebook ၊ Yahoo ၊ Google ၊ Apple ၊ LinkedIn ၊ Sony ၊ Oracle စတဲ႕ နာမည္ၾကီးနည္းပညာကုမၸဏီၾကီးေတြပတ္ပတ္လည္ဝန္းရံထားသလို အနီးအနားမွာ နည္းပညာရပ္ဝန္း ဆီလီကြန္ေတာင္ၾကား - Silicon Valley ျမိဳ႕ေတာ္ ဆန္ဟုိေဆး - San Jose ျမိဳ႕ရွိတယ္။
.
 Stanford တကၠသိုလ္ကို ပန္းသီး႒ာနခ်ဳပ္ရွိရာ ကူပါထီးႏုိျမိဳ႕ - Cupatino ၊ ဧရာမလူမႈကြန္ယက္ Facebook ေမြးဖြားရာ မင္လိုပါ႕ခ္ျမိဳ႕ - Menlo Park ၊ အင္တာနက္ရွာေဖြေရးဘီလူးၾကီး Google အေျခတည္ရာ ေမာင္းတင္းျဗဴးျမိဳ႕ - Mountain View တို႕နဲ႕ပတ္ေခြထားျပီး ဆန္ဖရစ္စစၥကိုျမိဳ႕ - San Francisco ဘက္ကိုထြက္္ခ်င္ရင္ မူလလက္ေဟာင္းအင္တာနက္ေရွ႕ဦး ရာဟူး - Yahoo ရွိတဲ႕ ဆန္တာကလားရာျမိဳ႕ - Santa Clara ရဲ႕လမ္းေတြေပၚကေန သြားႏုိင္ပါတယ္။
.
.
ခင္မင္လ်က္
.
11-30-2015
.
.
.
Myanmar Unicode Version:
.
.
“ Stanford University က စာတစ်စောင် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
တက္ကသိုလ်ကျောင်းအတွက် မေဂျာရွေးချယ်ဖို့လေ့ကျင့်သင်တန်းအတွက်ခေါ်စာတွေ ကျွန်တော့အိမ်ကို မကြာခဏရောက်လာတတ်တယ်။ ညနေအလုပ်ပြန်လို့ စာတိုက်ပုံးစစ်တဲ့အခါ လိပ်စာနေရာမှာ “ စွမ်း ” နာမယ်မတွေ့လိုက်နဲ့ .. အဲဒါ ကျောင်းတက်ဖို့ဖိတ်ခေါ်တဲ့စာဆိုတာ သေချာသလောက်ရှိတယ်။ .
များလှတဲ့ကျောင်းကြီးတွေရဲ့ပရိုမိုးရှင်းစာတွေကြားမှာ ပွဲစားဆန်ဆန် “ မေဂျာရွေးပေးမယ် ” ဆိုတဲ့ ပရိုဂရမ်ရောင်းချတဲ့ ပုဂ္ဂလိကပညာရေးအသင်းအဖွဲ့တွေလည်းရှိတယ်။ ( ၇ ) လအတွင်း အစောင်ရေ ( ၁ဝဝ ) ကျော် ရောက်လာတဲ့အထိ ဈေးရောင်းတဲ့ကျောင်းစာတွေမှန်းသိတာနဲ့ ကျွန်တော်လွှင့်ပစ်ခဲ့တာချည်းပဲ။ အခုစာကတော့ လွှင့်မပစ်ရက်ပဲ ကျောင်းနာမယ်ကြောင့် ကျွန်တော်ဖွင့်ဖတ်လိုက်မိတယ်။
.
စာထဲမှာ Stanford Pre-Collegiate Studies ရဲ့ ဒါရိုက်တာက ( ၂ဝ၁၆ ) အမေရိကန်နွေရာသီမှာဖွင့်မယ့် ကောလိပ်ကြိုကျောင်းပရိုဂရမ်မှာ ပါဝင်လျှောက်ထားဖို့ဖိတ်ခေါ်တယ် ဆိုပြီး အစချီထားပါတယ်။ စာသင်သီတင်းပတ် ( ၈ ) ပတ် ရှိမယ့် ထိပ်သီးကျောင်းသားများကိုရွေးချယ်လက်ခံတဲ့၊ တက္ကသိုလ်အဆင့်အတွေ့အကြုံထူးတွေရရှိမယ့် ဒီအစီအစဉ်မှာ သာမန်အထက်တန်းကျောင်းတွေမှာမရနိုင်တဲ့ အကယ်ဒမီအဆင့်၊ လူမှုအသိုက်အဝန်း နဲ့ ပညာသင်ကြားမှုအခွင့်အရေးတွေ အထောက်အကူပြုပံ့ပိုးမယ်လို့ ဆိုပါတယ်။
.
.
နွေရာသီမှာသင်ရလို့ ကြားဖြတ်သင်တန်းမျိုးမဟုတ်ပဲ နာမယ်ရ Stanford ကျောင်းက ဆရာ၊ ဆရာမကြီးများကိုယ်တိုင်သင်ကြားပေးမှာဖြစ်သလို နှစ်စဉ် တော်ပေ့ဆိုတဲ့ကျောင်းသားများကိုသာ ဖိတ်ကြားစာရင်းသွင်းစေတယ်လို့ ထပ်မံဖော်ပြထားပါတယ်။ ဒီပရိုဂရမ်ကိုတက်ခြင်းအားဖြင့် “ စွမ်း ” ကို Stanford ကျောင်းက ..
.
ကောလိပ်တက်ခရက်ဒစ်ရရှိမှာဖြစ်ပြီး Stanford ရဲ့ အရည်အချင်းဖော်ပြချက်လက်မှတ် - Transcript ကို တရားဝင်ထုတ်ပေးပါမယ်
.
ဋ္ဌာနခွဲပေါင်း ( ၃ဝ ) ရှိတဲ့ Stanford ကျောင်းရဲ့ သင်ရိုး ( ၁၄၅ ) ခုထဲက ကြိုက်နှစ်သက်ရာရွေးချယ်တက်ရောက်နိုင်ပါတယ်
.
Stanford က ပါမောက္ခများရဲ့ မိန့်ခွန်းချွေအခမ်းအနားတွေနားထောင်နိုင်သလို နိုဘယ်ဆုပိုင်ရှင်တွေ နဲ့ ကမ္ဘာ့နာမည်ကြီးပုဂ္ဂိုလ်များရဲ့ ဟောပြောပွဲများလည်း တက်ရောက်နိုင်ပါတယ်
.
အမေရိကန်တစ်လွှား နဲ့ ကမ္ဘာအရပ်ရပ်ကကျောင်းသားတွေနဲ့ နည်းပညာရင်ခွင် ဆီလီကွန်တောင်ကြားမှာ အတူတူပညာသင်ခွင့်ရမှာဖြစ်ပါတယ်
.
Stanford ကျောင်းရဲ့အဆောင်မှာနေမလား? ကိုယ့်အိမ်ကနေကိုယ် ကားမောင်းတက်မလား? ဒါမှမဟုတ် အွန်လိုင်းသင်တန်းတစ်ချို့ကိုရွေးချယ်တက်ရောက်မလား? စီစဉ်ပေးပါတယ်
.
အစိတ်အပိုင်းတစ်ချို့ကို အကုန်အကျခံပေးတဲ့ ပညာတော်သင်ဆု - Partial Scholarship ရနိုင်အောင် စီစဉ်ပေးမယ် လို့ စာရင်းပြုစုပေးထားပါတယ်။
.
.
( ၁၆ ) နှစ် နဲ့ ( ၁၉ ) နှစ်အရွယ်ကျောင်းသားတွေတက်ခွင့်ရှိပြီး ( ၂ဝ၁၆ ) ခုနှစ် ဂျွန်လမှာဖွင့်ကာ အထက်တန်းကျောင်းပြန်မဖွင့်ခင် ဩဂုတ်လမှာ သင်တန်းပြီးဆုံးပါမယ်။ ဒါကြောင့် ရှားပါးလှတဲ့ဒီအခွင့်အရေးကို မိဘများ၊ အတိုင်ပင်ခံကျောင်းကောင်ဆယ်လာများနဲ့တိုင်ပင်ပြီး အမြန်လျှောက်ထားဖို့လိုအပ်ပါတယ်။
.
အဆောင်အခန်းနေရာကန့်သတ်လက်ခံမှာဖြစ်သလို ကျောင်းဝင်ခွင့်ဟာလည်း ရပ်တန့်စောင့်ဆိုင်းနေမှာမဟုတ်ပဲ အမြန်လူပြည့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အရင်လျှောက်သူကိုဦးစားပေးစံနစ်နဲ့ “ စွမ်း ” ကို အမြန်လျှောက်စေချင်ပါတယ်။
.
မရှင်းလင်းတဲ့အချက်တွေကို စိတ်ရှင်းလွတ်လပ်စွာမေးမြန်းနိုင်ပြီး Stanford ကျောင်းကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ နောက်နှစ် ဂျွန်လမှာ “ စွမ်း ” ကို Stanford မှာ ဆုံဖို့မျှော်လင့်ပါတယ်ဆိုပြီး စာကိုအဆုံးသတ်ထားပါတယ်။
.
ဆက်ရန်။          ။ အကယ်၍ ပိုမိုရွေးချယ်စရာအနေနဲ့ အခုလို ကောလိပ်ကြိုပရိုဂရမ်အပြင် နွေရာသီမှာဖွင့်တဲ့ ကောလိပ်အကယ်ဒမီ နဲ့ အွန်လိုင်းသင်ရိုးညွှန်းတမ်းတွေ ရှိပါသေးတယ်။ စိတ်ဝင်စားတဲ့နယ်ပယ်ရဲ့ဘာသာရပ်များနဲ့သင်ရိုးတွေကိုရွေးချယ်ပြီး ကျောင်းပြောင်းလက်ဆင့်ကမ်းနိုင်တဲ့ Stanford University Continuing Studies Credit တွေကို ပေးသွားမှာဖြစ်ပါတယ်။
.
.
စာအရ သူရေးတဲ့အတိုင်းအတိအကျဘာသာပြန်လိုက်တာ ဒီလောက်အထိရှည်ပါတယ်။ ဒါနဲ့ သူ့ကျောင်းကဝဘ်ဆိုဒ်ထဲမှာ စားရိတ်တွေကိုဝင်ကြည့်လိုက်တော့ ..
.
.
ကျောင်းဝင်ကြေး = ( ၇၃၅ ) ဒေါ်လာ [ ပြည်တွင်းကျောင်းသားဖြစ်လျှင် ဗီဆာကြေး ( ၁၂၅ ) ဒေါ်လာနှုတ်ရန် ]
.
ကျူရှင်ခ ( ၈ ) ယူနစ်ဖိုး = ( ၈၁၂၈ ) ဒေါ်လာ
.
အဆောင်ခ ( ၈ ) ပတ်စာ = ( ၂ဝ၉ဝ ) ဒေါ်လာ
.
ထမင်းစားရိတ် ( တစ်ပတ်ကို ၁၄ နှပ်စားရန် ) = ( ၁၄၅၁ ) ဒေါ်လာ
.
စာရွက်စာတမ်းကြေး = ( ၁၂၅ ) ဒေါ်လာ
.
ပရိုဂရမ်ရုံးကိစ္စကြေး = ( ၆၄ ) ဒေါ်လာ
.
ကျောင်းပရိဝုဏ်ကျန်းမာရေးခ = ( ၁၉၇ ) ဒေါ်လာ
.
ကျန်းမာရေးစောင့်ရှောက်ခ Medical Care = ( ၁၁၇ဝ ) ဒေါ်လာ [ ကိုယ်ပိုင်အာမခံရှိလျှင်ပေးရန်မလို ]
တို့ဖြစ်ပြီး ကျောင်းကမကောက်ခံပဲ ကိုယ်ပိုင်ငွေနဲ့ကုန်ကျရမှာတွေက
.
.
ဖတ်စာအုပ်ဖိုး ( ခန့်မှန်းခြေ ) = ( ၄၅ဝ ) ဒေါ်လာ
.
ကျောင်းသားကိုယ်ပိုင်ကုန်ကျငွေ ( ခန့်မှန်းခြေ ) = ( ၆၈ဝ ) ဒေါ်လာ
.
စာတိုက်ပုံးစားရိတ် ( ကျောင်းသားတိုင်းအတွက်မဟုတ် ) = ( ၁၉ ) ဒေါ်လာ စတာတွေကို ဘာမှမနှုတ်ပဲ အားလုံးပေါင်းလိုက်ရင် သီတင်း ( ၈ ) ပတ် Stanford နွေရာသီမှာ ကျောင်းသားတစ်ယောက်ကျောင်းသွားတက်ဖို့ ( ၁၄၃၇၄ ) ဒေါ်လာကုန်ကျမယ်ဆိုတာ တွက်ပြထားပါတယ်။
.
.
အရင်ကလည်း ဈေးရောင်းနေတဲ့ကျောင်းကြီးတွေအကြောင်းရေးဖူးပါတယ်။ စာများစွာထဲက ( ၂၃ ) စောင်ကို ခွဲခြားထုတ်နှုတ်ပြထားတာပါ။ အခုတစ်ခေါက်ကတော့ အများစိတ်ဝင်စားတဲ့ နာမယ်ကြီး Stanford University က ရောက်လာတဲ့စာကို မြန်မာနိုင်ငံမှ ကျောင်းသားများနဲ့မိဘများလေ့လာနိုင်အောင် မချွင်းမချန်ရေးသားလိုက်ရပါတယ်။
.
.
ဒေသန္တရမှတ်ချက်။          ။ Stanford တက္ကသိုလ်ကို Facebook ၊ Yahoo ၊ Google ၊ Apple ၊ LinkedIn ၊ Sony ၊ Oracle စတဲ့ နာမည်ကြီးနည်းပညာကုမ္ပဏီကြီးတွေပတ်ပတ်လည်ဝန်းရံထားသလို အနီးအနားမှာ နည်းပညာရပ်ဝန်း ဆီလီကွန်တောင်ကြား - Silicon Valley မြို့တော် ဆန်ဟိုဆေး - San Jose မြို့ရှိတယ်။
.
 Stanford တက္ကသိုလ်ကို ပန်းသီးဋ္ဌာနချုပ်ရှိရာ ကူပါထီးနိုမြို့ - Cupatino ၊ ဧရာမလူမှုကွန်ယက် Facebook မွေးဖွားရာ မင်လိုပါ့ခ်မြို့ - Menlo Park ၊ အင်တာနက်ရှာဖွေရေးဘီလူးကြီး Google အခြေတည်ရာ မောင်းတင်းဗြူးမြို့ - Mountain View တို့နဲ့ပတ်ခွေထားပြီး ဆန်ဖရစ်စစ္စကိုမြို့ - San Francisco ဘက်ကိုထွက်ချင်ရင် မူလလက်ဟောင်းအင်တာနက်ရှေ့ဦး ရာဟူး - Yahoo ရှိတဲ့ ဆန်တာကလားရာမြို့ - Santa Clara ရဲ့လမ်းတွေပေါ်ကနေ သွားနိုင်ပါတယ်။
.
.
ခင်မင်လျက်
.
11-30-2015
.
“ Stanford University က စာတစ္ေစာင္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၁၉ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆၁ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။





No comments: