ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, July 30, 2019

ေပါင္မုန္႕ႏွစ္ခ်ပ္ၾကားက အသားတစ္ထပ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
ပထမဝဘ္ဆိုဒ္
____________

         state.gov ဆိုတဲ႕ အေမရိကန္အစုိးရရဲ႕တရားဝင္စာမ်က္ႏွာမွာ ျမန္မာႏိုင္ငံအေၾကာင္းရွာၾကည္႕တဲ႕အခါ Counties & Areas က႑မွာ Burma ဆိုတဲ႕ေခါင္းစဥ္ကုိေတြ႕ေတာ႕ အားရဝမ္းသာၾကည္႕မိတယ္။

Myanmar (Burma) ေခါင္းစဥ္နဲ႕အတူ ခရီးစဥ္အၾကံေပးခ်က္-Travel Advisory ဆိုတဲ႕ေခါင္းစဥ္အပုိဒ္ေအာက္မွာ June 18, 2019 ရက္စြဲနဲ႕အသစ္တင္ထားတဲ႕ေၾကျငာခ်က္မွာေတာ႕ Burma (Myanmar) - Level 2: Exercise Increased Caution ဆိုတာေတြ႕ေတာ႕ ကြ်န္ေတာ္မွင္သက္သြားမိတယ္။

ဆက္ဖတ္ၾကည္႕တဲ႕အခါမွာ ခရီးစဥ္အၾကံေပးအဆင္႕အတန္း (၄) မ်ိဳးကုိထပ္ေတြ႕ရျပန္တယ္။ အဲဒီထဲမွာ

1-Exercise normal precautions (အျပာ)

2-Exercise increased caution (လိေမၼာ္ႏုေရာင္)

3-Reconsider travel (လိေမၼာ္ရင္႕ေရာင္) နဲ႕

4-Do not travel (အနီေရာင္) ဆိုျပီးခြဲျခားထားတယ္။

ဒီအထဲမွာ ျမန္မာႏိုင္ငံကုိခရီးထြက္မယ္႕သူက ပုိမိုသတိထားရမယ္႕နယ္ေျမကုိသြားေနတယ္ဆုိတာသူ႕ႏုိင္ငံသားေတြသိေစဖို႕ေၾကျငာထားပါတယ္။

ေနာက္ပိုင္းမွာ မသြားသင္႕တဲ႕ျမိဳ႕-Do not travel to: စာရင္းေခါင္းစဥ္ကုိေတြ႕ေတာ႕ (မေျပာခ်င္ပါဘူးဗ်ာ) တားျမစ္ထားတာ (၂၅) ျမိဳ႕၊ သြားဖို႕ျပန္စဥ္းစားသင္႕တဲ႕ျမိဳ႕-Reconsider travel to: စာရင္းမွာ (၁၂) ျမိဳ႕ နဲ႕ ျပည္နယ္ (၃) ျပည္နယ္တို႕ပါဝင္လာတယ္။
ေအာက္မွာအေသးစိတ္ထပ္ရွင္းျပထားတာ ျမန္မာႏိုင္ငံရဲ႕ျပည္နယ္ (၇) ျပည္နယ္မွာ ျပည္တြင္းလက္နက္ကိုင္ေတြေၾကာင္႕တုိက္ပြဲၾကီး တုိက္ပြဲငယ္ေတြျဖစ္ႏုိင္လို႕ အေမရိကန္ႏိုင္ငံသားေတြတစ္ခုခုျဖစ္ရင္ အစုိးရရဲ႕အေရးေပၚကယ္ဆယ္ေရးအကူအညီခ်က္ခ်င္းေရာက္ဖုိ႕လက္လွမ္းမမွီႏုိင္တာေၾကာင္႕ အေမရိကန္အစုိးရဝန္ထမ္းျဖစ္ခဲ႕မယ္ဆိုရင္ အထူးေလွ်ာက္လႊာနဲ႕ခရီးသြားခြင္႕ျပဳခ်က္ ရယူရမယ္လုိ႕ေရးထားပါတယ္။

တစ္ဆက္တည္းမွာ Assistance for U.S. Citizens ဆိုျပီး ရန္ကုန္ကအေမရိကန္သံရံုးလိပ္စာနဲ႕ ျမန္မာႏုိင္ငံေရာက္တုန္းဆက္ႏုိင္တဲ႕ဖုန္းနံပါတ္ေတြအျပင္ ဖက္စ္နံပါတ္၊ သံရံုးအီးေမးလ္ နဲ႕ သံရံုးဝဘ္ဆိုဒ္ေတြကိုပါေဖာ္ျပေပးထားေသးတယ္။

တကယ္လို႕ျမန္မာႏိုင္ငံကုိခရီးထြက္ဖို႕ဆံုးျဖတ္ျပီးျပီဆိုရင္-If you decide to travel to Burma: ဆိုတဲ႕ေခါင္းစဥ္ခြဲေအာက္မွာက်ျပန္ေတာ႕

-ျမန္မာႏုိင္ငံရဲ႕ေဟာ္တယ္နဲ႕ခရီးသြားဝန္ၾကီး႒ာနကထုတ္ျပန္ထားတဲ႕တားျမစ္ဧရိယာစာရင္းကုိဖတ္ထားဖုိ႕

-အေရးေပၚအေျခအေနမွာသတိေပးခ်က္နဲ႕မိမိဘယ္ေရာက္ေနသလဲဆိုတာတည္ေနရာျပႏုိင္တဲ႕စံနစ္-Smart Traveler Enrollment Program (STEP) မွာ စာရင္းသြင္းထားဖို႕

-အေမရိကန္အစုိးရရဲ႕ Facebook Page နဲ႕ Twitter အေကာင္႕ေတြကုိ Follow ထားဖို႕

-ျမန္မာႏုိင္ငံရဲ႕ရာဇဝတ္မႈနဲ႕လံုျခံဳေရးအစီရင္ခံစာ-Crime and Safety Report ကုိၾကိဳဖတ္ထားဖို႕ အျပင္

-ျပည္ပေရာက္အေမရိကန္ႏုိင္ငံသားေတြအျမဲလိုက္နာရမယ္႕အေရးေပၚအေျခအေနကိုၾကိဳတင္စီမံထားဖို႕ ခရီးသြားေတြဆင္ျခင္ရမယ္႕ဇယား-Traveler’s Checklist
တုိ႕ကုိ စာရင္းလုပ္ေပးထားျပန္ပါတယ္။


ဒုတိယဝဘ္ဆိုဒ္
____________

ေနာက္ထပ္ဖတ္မိတဲ႕ဝဘ္ဆိုဒ္တစ္ခုက ျမန္မာႏိုင္ငံရဲ႕ပုဂံျမိဳ႕ကို ယူနက္စကုိရဲ႕ေရွးေဟာင္းသမုိင္းဝင္ျပယုဒ္အေနနဲ႕ေရြးခ်ယ္လိုက္ျပီးတဲ႕ေနာက္ ျမန္မာႏုိင္ငံကိုသြားလည္ပါဆုိတဲ႕ A Photo Trip to Bagan, Myanmar ေခါင္းစဥ္နဲ႕သတင္းေထာက္ ALAN TAYLOR ေရးထားတဲ႕ The Atlantic သတင္းစာရဲ႕ခါေတာ္မီသတင္းတစ္ပုဒ္အေၾကာင္းျဖစ္ပါတယ္။

အယ္လန္ေပးထားတဲ႕ေခါင္းစဥ္အတိုင္း နာမည္ၾကီးဓါတ္ပံုရွာဝဘ္ဆိုဒ္-Shutterstock ၊ Getty ၊ Google နဲ႕ နာမည္ၾကီးျမန္မာဓါတ္ပံုသတင္းေထာက္၊ နာမည္ၾကီးျမန္မာဓါတ္ပံုဆရာေတြရဲ႕ေတာက္ပတဲ႕ပုဂံရဲ႕ၾကည္ညိဳဖြယ္ရာပံုေတာ္ (၂၄) ပံုသံုးျပီး ျမန္မာႏုိင္ငံကိုအလည္သြားဖို႕အေရာင္းျမွင္႕တင္-Promotion လုပ္ထားေပးထားတာက ဒီလိုပါ . .။

(၃၅ဝဝ) ေသာေစတီပုထုိးေတြ၊ စတုရန္း (၁၆) မုိင္ရွိတဲ႕ပုဂံျမိဳ႕ေဟာင္း၊ ႏွစ္ေပါင္း (၈ဝဝ) နဲ႕ (၁ဝဝဝ) ေက်ာ္က မင္းေနျပည္ေတာ္ေတြ အျပင္ (၆.၈) ရစ္ခ်္တာစေကးရွိတဲ႕ (၂ဝ၁၆) ခုႏွစ္ငလ်င္ေၾကာင္႕ ပ်က္စီးခဲ႕တဲ႕ (၁၈၅) ဆူေသာေစတီေတြကိုျပဳျပင္ေနတဲ႕အေၾကာင္းေတြအျပင္ ဥပေဒစုိးမုိးေရးနဲ႕ေရွးေဟာင္းအေမြအႏွစ္ထိန္းသိမ္းေရးလမ္းညႊန္ခ်က္ေတြတုိးတက္လာေနတဲ႕ျမန္မာႏုိင္ငံရဲ႕ဧည္႕လာေနက်ခရီးသြားဆြဲေဆာင္မႈနယ္ေျမအဆင္႕အတန္းျမင္႕တက္လာမႈေတြကုိေရးျပထားတယ္။

အဲဒီရဲ႕ေအာက္မွာ နာမည္ၾကီးေစတီေတာ္ၾကီးပံုေတာ္ေတြနဲ႕ေကာင္းကင္ကရုိက္ခ်က္ေတြကိုပါျပထားျပီး တစ္ပံုခ်င္းရဲ႕ေအာက္မွာ ပံုစာ-Caption ထိုးေရးျပ ရွင္းျပထားပါတယ္။


သံုးသပ္ခ်က္
__________

အဆိုပါဝဘ္္ဆိုဒ္ (၂) ခု ကိုယွဥ္ၾကည္႕ရင္ ဒီအဖြဲ႕အစည္း (၂) ခု ဟာ သူ႕အလုပ္သူလုပ္ေနတာကုိေတြ႕ရပါမယ္။ ဒီေနရာမွာ သမိုင္းဝင္ေရွးေဟာင္းပုဂံျမိဳ႕ပိုင္ရွင္ တိုင္းရင္းသားေပါင္းစံု နဲ႕ ဗမာလူမ်ိဳးေတြဘာလုပ္ေနသလဲဆိုတာ Facebook သံုးသူ ျမန္မာေတြသိျပီးျဖစ္ၾကမွာပါ။ အျငင္းပြားေနၾက၊ အေျခအတင္ျဖစ္ေနၾက၊ ဘက္လိုက္ေနၾက၊ အဆဲသန္ေနၾက၊ တိုင္းထြာေနၾက၊ ေဒါသထြက္ေနၾက၊ မနာလိုျဖစ္ေနၾက၊ အူတုိေနၾကတာ ေတြ႕ေနျပီးသားပါ။ ဒီကေန ကြ်န္ေတာ္တို႕ဘာအက်ိဳးအျမတ္ရပါသလဲ။

မရွင္းလို႕မျဖစ္တဲ႕ ႏိုင္ငံေရးအရႈတ္၊ ဘာသာေရးအရႈတ္၊ စီးပြားေရးအရႈတ္၊ အိမ္ေထာင္ေရးအရႈတ္ နဲ႕ ႏွလံုးသားေရးအရႈတ္ထက္စာရင္ စိတ္အရႈတ္ေတာ္ပံုကအရွင္းရအခက္ဆံုးပါ။ ဒါကုိသိတဲ႕ႏိုင္ငံတကာက ႏိုင္ငံေရးလက္နက္နဲ႕ပစ္တယ္။ မီဒီယာလက္နက္ေတြနဲ႕ပစ္တယ္။ ျမန္မာႏိုင္ငံကလူေတြက လိုရင္းကိုမသိပဲ Facebook ထဲမွာ အတံုးအရံုးက်ဆံုးခံၾကတယ္။ ျပင္သင္႕တာထက္ ျမင္သင္႕တာကိုအရင္ျမင္ဖို႕လိုတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံကုိတုိးတက္ေစဖို႕ ခရီးသြားလုပ္ငန္းက ကုဒ္နဲ႕ေကာ္သလိုကယ္ႏိုင္မယ္႕အေနအထားမ်ိဳးမွာ ကြ်န္ေတာ္တို႕ရဲ႕စီးပြားေရးလုပ္ငန္းရွင္ေတြဘာျပင္ဆင္ထားျပီးၾကျပီလဲဆိုတာေမးၾကည္႕ခ်င္တယ္။ ထစ္ကနဲဆုိရန္ထျဖစ္တဲ႕တုုိင္းျပည္က ေရွးေဟာင္းအေမြအႏွစ္တစ္ခုကမၻာေက်ာ္ျပီဆိုတာနဲ႕ မားကက္တင္းလုပ္ျပင္ဆင္ေနၾကျပီ။ အိမ္ရွင္ေတြမွာေတာ႕ တုိက္လို႕ ခိုက္လို႕မျပီးၾကေသးဘူး။

ဘာသာတရားနဲ႕လူမ်ိဳးေရးအေၾကာင္းဆုိ လူေရွ႕သူေရွ႕မွာဘယ္ေတာ႕မွမေဆြးေႏြးရဘူးလို႕ ဒီဘက္ႏိုင္ငံရဲ႕ေက်ာင္း၊ စာသင္ခန္း၊ လုပ္ငန္းခြင္ နဲ႕ လူမႈအသိုင္းအဝုိင္းေတြမွာ အျမဲသင္ေပးၾကတယ္။ တစ္ဆက္တည္း မိမိယံုၾကည္ရာကုိယံုၾကည္ခြင္႕၊ ကုိးကြယ္ခြင္႕၊ ဆင္႕ပြားတရားဆြယ္ခြင္႕ေပးထားၾကတယ္။ ဒါက "ျပိဳင္လာရင္အရွံဴးေပး တကယ္ႏွလံုးေအးတဲ႕ေဆး" ပါပဲ။

ဒါေတြရဲ႕အျခားတစ္ဖက္မွာ ျမန္မာေတြဟာတိုင္းျပည္အတြက္တစ္ခုခုလုပ္ေနဖို႕လိုတယ္။ ႏိုင္ငံတကာက ျမန္မာႏုိင္ငံကိုမသြားဖို႕သတိေပးတာကို စိတ္ခုေနလို႕မရဘူး။ ႏိုင္ငံတကာက ျမန္မာႏုိင္ငံကိုသြားဖို႕ဖိတ္ေခၚလမ္းေၾကာင္းေပးေနတာကိုလည္း သာယာေနလို႕မရဘူး။ ျမန္မာေတြကိုယ္႕အလုပ္ကိုယ္လုပ္ေနဖို႕လုိတယ္။

အိမ္သာယာမွ ဧည္႕လာမွာျဖစ္တာေၾကာင္႕ လုိအပ္တဲ႕အခင္းအက်င္းေတြ၊ သာယာေခ်ာေမြ႕တဲ႕ပို႕ေဆာင္ဆက္သြယ္ေရးေတြ၊ အရည္အေသြးျပည္႕ဝျပီးေပးသေလာက္တန္တဲ႕အစားအေသာက္ေတြ၊ ဘယ္ေနရာသြားသြား ဘာအႏၱရာယ္မွမရွိဘူးဆိုတဲ႕လံုျခံဳေရးအာမခံခ်က္ေတြဟာ အခု အျငင္းပြားေနတဲ႕ ဘယ္ဘာသာေၾကာင္႕၊ ဘာႏုိင္ငံေၾကာင္႕ ဘယ္သမိုင္းဝင္ျမိဳ႕ၾကီးက ဘာၾကီးနဲ႕မထိုက္တန္ဘူးလို႕ေျပာေန ေဟာေနတာထက္ အေရးမၾကီးေတာ႕ဘူးလားလို႕ေမးခ်င္မိတယ္။

အဓိကက်တာက "အပစ္ခံရတဲ႕သူ" ပါ။ "ပစ္တဲ႕သူ" မဟုတ္ပါ။ ဘယ္ေနရာကေနမဆို ပစ္တဲ႕သူက ပစ္ေနမွာပဲ။ အျပစ္တင္သူက တင္ေနမွာပဲ။ အမဲဖ်က္သူေတြက ဆက္တုိက္ဆက္တိုက္ၾကံစည္ေနမွာပဲ။ လိုအပ္တာက ခရီးသြားလုပ္ငန္းကရလာမယ္႕ ျပည္သူေတြရဲ႕ေခ်ာင္ခ်ိမႈေတြ၊ ပို႕ေဆာင္ဆက္သြယ္ေရးကရလာမယ္႕ ေဒသခံေတြရဲ႕စည္ပင္ဝေျပာမႈေတြ၊ အမည္နာမေက်ာ္ၾကားမႈေတြကေန ရလာမယ္႕ တာဝန္ယူ၊ တာဝန္ခံမႈရွိတဲ႕ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈေတြ . . ဒါေတြပဲ ျမင္မိတယ္။

တကယ္တမ္းေတာ႕ ျပည္တြင္းခရီးသြားျမွင္႕တင္ေရးဆိုတာ "မိုးေပၚေထာင္ပစ္တဲ႕က်ည္ဆံ" လိုပဲ ဘယ္သူ႕ကုိမွမထိခုိက္ပါဘူး။ ပစ္တတ္ရင္ မွန္ပါတယ္။ ခ်ိန္တတ္ရင္ ထိပါတယ္။ ရွာတတ္ရင္ ေငြျဖစ္ပါတယ္။ သံုးစြဲတတ္ရင္ ႏိုင္ငံတုိးတက္ပါတယ္။ အသားညွပ္ေပါင္မုန္႕-Sandwich လိုပဲ ေပါင္မုန္႕ႏွစ္ခ်ပ္ၾကားက အသားတစ္ထပ္က ပိုအရသာရွိပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
07-30-2019

Collected Information from: https://travel.state.gov/content/travel/en/traveladvisories/traveladvisories/burma-travel-advisory.html

https://www.theatlantic.com/photo/2019/07/bagan-myanmar-photos/594985/

Unicode Version:

"ပေါင်မုန့်နှစ်ချပ်ကြားက အသားတစ်ထပ်"
ပထမဝဘ်ဆိုဒ်
____________

          state.gov ဆိုတဲ့ အမေရိကန်အစိုးရရဲ႕တရားဝင်စာမျက်နှာမှာ မြန်မာနိုင်ငံအကြောင်းရှာကြည့်တဲ့အခါ Counties & Areas ကဏ္ဍမှာ Burma ဆိုတဲ့ခေါင်းစဉ်ကိုတွေ့တော့ အားရဝမ်းသာကြည့်မိတယ်။

          Myanmar (Burma) ခေါင်းစဉ်နဲ့အတူ ခရီးစဉ်အကြံပေးချက်-Travel Advisory ဆိုတဲ့ခေါင်းစဉ်အပိုဒ်အောက်မှာ June 18, 2019 ရက်စွဲနဲ့အသစ်တင်ထားတဲ့ကြေငြာချက်မှာတော့ Burma (Myanmar) - Level 2: Exercise Increased Caution ဆိုတာတွေ့တော့ ကျွန်တော်မှင်သက်သွားမိတယ်။

ဆက်ဖတ်ကြည့်တဲ့အခါမှာ ခရီးစဉ်အကြံပေးအဆင့်အတန်း (၄) မျိုးကိုထပ်တွေ့ရပြန်တယ်။ အဲဒီထဲမှာ

1-Exercise normal precautions (အပြာ)

2-Exercise increased caution (လိမ္မော်နုရောင်)

3-Reconsider travel (လိမ္မော်ရင့်ရောင်) နဲ့

4-Do not travel (အနီရောင်) ဆိုပြီးခွဲခြားထားတယ်။

          ဒီအထဲမှာ မြန်မာနိုင်ငံကိုခရီးထွက်မယ့်သူက ပိုမိုသတိထားရမယ့်နယ်မြေကိုသွားနေတယ်ဆိုတာသူ့နိုင်ငံသားတွေသိစေဖို့ကြေငြာထားပါတယ်။

         ေနာက္ပိုင္းမွာ မသွားသင့်တဲ့မြို့-Do not travel to: စာရင်းခေါင်းစဉ်ကိုတွေ့တော့ (မပြောချင်ပါဘူးဗျာ) တားမြစ်ထားတာ (၂၅) မြို့၊ သွားဖို့ပြန်စဉ်းစားသင့်တဲ့မြို့-Reconsider travel to: စာရင်းမှာ (၁၂) မြို့ နဲ့ ပြည်နယ် (၃) ပြည်နယ်တို့ပါဝင်လာတယ်။

          အောက်မှာအသေးစိတ်ထပ်ရှင်းပြထားတာ မြန်မာနိုင်ငံရဲ့ပြည်နယ် (၇) ပြည်နယ်မှာ ပြည်တွင်းလက်နက်ကိုင်တွေကြောင့်တိုက်ပွဲကြီး တိုက်ပွဲငယ်တွေဖြစ်နိုင်လို့ အမေရိကန်နိုင်ငံသားတွေတစ်ခုခုဖြစ်ရင် အစိုးရရဲ့အရေးပေါ်ကယ်ဆယ်ရေးအကူအညီချက်ချင်းရောက်ဖို့လက်လှမ်းမမှီနိုင်တာကြောင့် အမေရိကန်အစိုးရဝန်ထမ်းဖြစ်ခဲ့မယ်ဆိုရင် အထူးလျှောက်လွှာနဲ့ခရီးသွားခွင့်ပြုချက် ရယူရမယ်လို့ရေးထားပါတယ်။

          တစ်ဆက်တည်းမှာ Assistance for U.S. Citizens ဆိုပြီး ရန်ကုန်ကအမေရိကန်သံရုံးလိပ်စာနဲ့ မြန်မာနိုင်ငံရောက်တုန်းဆက်နိုင်တဲ့ဖုန်းနံပါတ်တွေအပြင် ဖက်စ်နံပါတ်၊ သံရုံးအီးမေးလ် နဲ့ သံရုံးဝဘ်ဆိုဒ်တွေကိုပါဖော်ပြပေးထားသေးတယ်။

          တကယ်လို့မြန်မာနိုင်ငံကိုခရီးထွက်ဖို့ဆုံးဖြတ်ပြီးပြီဆိုရင်-If you decide to travel to Burma: ဆိုတဲ့ခေါင်းစဉ်ခွဲအောက်မှာကျပြန်တော့

-မြန်မာနိုင်ငံရဲ့ဟော်တယ်နဲ့ခရီးသွားဝန်ကြီးဋ္ဌာနကထုတ်ပြန်ထားတဲ့တားမြစ်ဧရိယာစာရင်းကိုဖတ်ထားဖို့

-အရေးပေါ်အခြေအနေမှာသတိပေးချက်နဲ့မိမိဘယ်ရောက်နေသလဲဆိုတာတည်နေရာပြနိုင်တဲ့စံနစ်-Smart Traveler Enrollment Program (STEP) မှာ စာရင်းသွင်းထားဖို့

-အမေရိကန်အစိုးရရဲ့ Facebook Page နဲ့ Twitter အကောင့်တွေကို Follow ထားဖို့

-မြန်မာနိုင်ငံရဲ့ရာဇဝတ်မှုနဲ့လုံခြုံရေးအစီရင်ခံစာ-Crime and Safety Report ကိုကြိုဖတ်ထားဖို့ အပြင်

-ပြည်ပရောက်အမေရိကန်နိုင်ငံသားတွေအမြဲလိုက်နာရမယ့်အရေးပေါ်အခြေအနေကိုကြိုတင်စီမံထားဖို့ ခရီးသွားတွေဆင်ခြင်ရမယ့်ဇယား-Traveler’s Checklist
တို့ကို စာရင်းလုပ်ပေးထားပြန်ပါတယ်။


ဒုတိယဝဘ်ဆိုဒ်
____________

          နောက်ထပ်ဖတ်မိတဲ့ဝဘ်ဆိုဒ်တစ်ခုက မြန်မာနိုင်ငံရဲ့ပုဂံမြို့ကို ယူနက်စကိုရဲ့ရှေးဟောင်းသမိုင်းဝင်ပြယုဒ်အနေနဲ့ရွေးချယ်လိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံကိုသွားလည်ပါဆိုတဲ့ A Photo Trip to Bagan, Myanmar ခေါင်းစဉ်နဲ့သတင်းထောက် ALAN TAYLOR ရေးထားတဲ့ The Atlantic သတင်းစာရဲ့ခါတော်မီသတင်းတစ်ပုဒ်အကြောင်းဖြစ်ပါတယ်။

          အယ်လန်ပေးထားတဲ့ခေါင်းစဉ်အတိုင်း နာမည်ကြီးဓါတ်ပုံရှာဝဘ်ဆိုဒ်-Shutterstock ၊ Getty ၊ Google နဲ့ နာမည်ကြီးမြန်မာဓါတ်ပုံသတင်းထောက်၊ နာမည်ကြီးမြန်မာဓါတ်ပုံဆရာတွေရဲ့တောက်ပတဲ့ပုဂံရဲ့ကြည်ညိုဖွယ်ရာပုံတော် (၂၄) ပုံသုံးပြီး မြန်မာနိုင်ငံကိုအလည်သွားဖို့အရောင်းမြှင့်တင်-Promotion လုပ်ထားပေးထားတာက ဒီလိုပါ . .။

          (၃၅ဝဝ) သောစေတီပုထိုးတွေ၊ စတုရန်း (၁၆) မိုင်ရှိတဲ့ပုဂံမြို့ဟောင်း၊ နှစ်ပေါင်း (၈ဝဝ) နဲ့ (၁ဝဝဝ) ကျော်က မင်းနေပြည်တော်တွေ အပြင် (၆.၈) ရစ်ချ်တာစကေးရှိတဲ့ (၂ဝ၁၆) ခုနှစ်ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ (၁၈၅) ဆူသောစေတီတွေကိုပြုပြင်နေတဲ့အကြောင်းတွေအပြင် ဥပဒေစိုးမိုးရေးနဲ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလမ်းညွှန်ချက်တွေတိုးတက်လာနေတဲ့မြန်မာနိုင်ငံရဲ့ဧည့်လာနေကျခရီးသွားဆွဲဆောင်မှုနယ်မြေအဆင့်အတန်းမြင့်တက်လာမှုတွေကိုရေးပြထားတယ်။

          အဲဒီရဲ့အောက်မှာ နာမည်ကြီးစေတီတော်ကြီးပုံတော်တွေနဲ့ကောင်းကင်ကရိုက်ချက်တွေကိုပါပြထားပြီး တစ်ပုံချင်းရဲ့အောက်မှာ ပုံစာ-Caption ထိုးရေးပြ ရှင်းပြထားပါတယ်။


သုံးသပ်ချက်
__________

          အဆိုပါဝဘ််ဆိုဒ် (၂) ခု ကိုယှဉ်ကြည့်ရင် ဒီအဖွဲ့အစည်း (၂) ခု ဟာ သူ့အလုပ်သူလုပ်နေတာကိုတွေ့ရပါမယ်။ ဒီနေရာမှာ သမိုင်းဝင်ရှေးဟောင်းပုဂံမြို့ပိုင်ရှင် တိုင်းရင်းသားပေါင်းစုံ နဲ့ ဗမာလူမျိုးတွေဘာလုပ်နေသလဲဆိုတာ Facebook သုံးသူ မြန်မာတွေသိပြီးဖြစ်ကြမှာပါ။ အငြင်းပွားနေကြ၊ အခြေအတင်ဖြစ်နေကြ၊ ဘက်လိုက်နေကြ၊ အဆဲသန်နေကြ၊ တိုင်းထွာနေကြ၊ ဒေါသထွက်နေကြ၊ မနာလိုဖြစ်နေကြ၊ အူတိုနေကြတာ တွေ့နေပြီးသားပါ။ ဒီကနေ ကျွန်တော်တို့ဘာအကျိုးအမြတ်ရပါသလဲ။

          မရှင်းလို့မဖြစ်တဲ့ နိုင်ငံရေးအရှုတ်၊ ဘာသာရေးအရှုတ်၊ စီးပွားရေးအရှုတ်၊ အိမ်ထောင်ရေးအရှုတ် နဲ့ နှလုံးသားရေးအရှုတ်ထက်စာရင် စိတ်အရှုတ်တော်ပုံကအရှင်းရအခက်ဆုံးပါ။ ဒါကိုသိတဲ့နိုင်ငံတကာက နိုင်ငံရေးလက်နက်နဲ့ပစ်တယ်။ မီဒီယာလက်နက်တွေနဲ့ပစ်တယ်။ မြန်မာနိုင်ငံကလူတွေက လိုရင်းကိုမသိပဲ Facebook ထဲမှာ အတုံးအရုံးကျဆုံးခံကြတယ်။ ပြင်သင့်တာထက် မြင်သင့်တာကိုအရင်မြင်ဖို့လိုတယ်။

          အခုဆိုရင် မြန်မာနိုင်ငံကိုတိုးတက်စေဖို့ ခရီးသွားလုပ်ငန်းက ကုဒ်နဲ့ကော်သလိုကယ်နိုင်မယ့်အနေအထားမျိုးမှာ ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းရှင်တွေဘာပြင်ဆင်ထားပြီးကြပြီလဲဆိုတာမေးကြည့်ချင်တယ်။ ထစ်ကနဲဆိုရန်ထဖြစ်တဲ့တုုိင်းပြည်က ရှေးဟောင်းအမွေအနှစ်တစ်ခုကမ္ဘာကျော်ပြီဆိုတာနဲ့ မားကက်တင်းလုပ်ပြင်ဆင်နေကြပြီ။ အိမ်ရှင်တွေမှာတော့ တိုက်လို့ ခိုက်လို့မပြီးကြသေးဘူး။

          ဘာသာတရားနဲ့လူမျိုးရေးအကြောင်းဆို လူရှေ့သူရှေ့မှာဘယ်တော့မှမဆွေးနွေးရဘူးလို့ ဒီဘက်နိုင်ငံရဲ့ကျောင်း၊ စာသင်ခန်း၊ လုပ်ငန်းခွင် နဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အမြဲသင်ပေးကြတယ်။ တစ်ဆက်တည်း မိမိယုံကြည်ရာကိုယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်၊ ဆင့်ပွားတရားဆွယ်ခွင့်ပေးထားကြတယ်။ ဒါက "ပြိုင်လာရင်အရှံူးပေး တကယ်နှလုံးအေးတဲ့ဆေး" ပါပဲ။

          ဒါတွေရဲ့အခြားတစ်ဖက်မှာ မြန်မာတွေဟာတိုင်းပြည်အတွက်တစ်ခုခုလုပ်နေဖို့လိုတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံကိုမသွားဖို့သတိပေးတာကို စိတ်ခုနေလို့မရဘူး။ နိုင်ငံတကာက မြန်မာနိုင်ငံကိုသွားဖို့ဖိတ်ခေါ်လမ်းကြောင်းပေးနေတာကိုလည်း သာယာနေလို့မရဘူး။ မြန်မာတွေကိုယ့်အလုပ်ကိုယ်လုပ်နေဖို့လိုတယ်။

          အိမ်သာယာမှ ဧည့်လာမှာဖြစ်တာကြောင့် လိုအပ်တဲ့အခင်းအကျင်းတွေ၊ သာယာချောမွေ့တဲ့ပို့ဆောင်ဆက်သွယ်ရေးတွေ၊ အရည်အသွေးပြည့်ဝပြီးပေးသလောက်တန်တဲ့အစားအသောက်တွေ၊ ဘယ်နေရာသွားသွား ဘာအန္တရာယ်မှမရှိဘူးဆိုတဲ့လုံခြံုရေးအာမခံချက်တွေဟာ အခု အငြင်းပွားနေတဲ့ ဘယ်ဘာသာကြောင့်၊ ဘာနိုင်ငံကြောင့် ဘယ်သမိုင်းဝင်မြို့ကြီးက ဘာကြီးနဲ့မထိုက်တန်ဘူးလို့ပြောနေ ဟောနေတာထက် အရေးမကြီးတော့ဘူးလားလို့မေးချင်မိတယ်။

          အဓိကကျတာက "အပစ်ခံရတဲ့သူ" ပါ။ "ပစ်တဲ့သူ" မဟုတ်ပါ။ ဘယ်နေရာကနေမဆို ပစ်တဲ့သူက ပစ်နေမှာပဲ။ အပြစ်တင်သူက တင်နေမှာပဲ။ အမဲဖျက်သူတွေက ဆက်တိုက်ဆက်တိုက်ကြံစည်နေမှာပဲ။ လိုအပ်တာက ခရီးသွားလုပ်ငန်းကရလာမယ့် ပြည်သူတွေရဲ့ချောင်ချိမှုတွေ၊ ပို့ဆောင်ဆက်သွယ်ရေးကရလာမယ့် ဒေသခံတွေရဲ့စည်ပင်ဝပြောမှုတွေ၊ အမည်နာမကျော်ကြားမှုတွေကနေ ရလာမယ့် တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ . . ဒါတွေပဲ မြင်မိတယ်။

          တကယ်တမ်းတော့ ပြည်တွင်းခရီးသွားမြှင့်တင်ရေးဆိုတာ "မိုးပေါ်ထောင်ပစ်တဲ့ကျည်ဆံ" လိုပဲ ဘယ်သူ့ကိုမှမထိခိုက်ပါဘူး။ ပစ်တတ်ရင် မှန်ပါတယ်။ ချိန်တတ်ရင် ထိပါတယ်။ ရှာတတ်ရင် ငွေဖြစ်ပါတယ်။ သုံးစွဲတတ်ရင် နိုင်ငံတိုးတက်ပါတယ်။ အသားညှပ်ပေါင်မုန့်-Sandwich လိုပဲ ပေါင်မုန့်နှစ်ချပ်ကြားက အသားတစ်ထပ်က ပိုအရသာရှိပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
07-30-2019

Collected Information from: https://travel.state.gov/content/travel/en/traveladvisories/traveladvisories/burma-travel-advisory.html

https://www.theatlantic.com/photo/2019/07/bagan-myanmar-photos/594985/




No comments: