ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, September 9, 2019

Google Fi ကို ေျပာင္းသံုးတယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


              "တင္းေဒါင္ တင္းေဒါင္ တင္းေဒါင္" အင္တာနက္ကေဖးမွာ ဒီအသံေလးၾကားရင္ တျခားဖက္က မိမိကုိေခၚေနတဲ႕ GTalk အသံဆိုတာ ေရွ႕မီ ေနာက္မီ ေရွာ္တီၾကီးေတြနဲ႕ဘီးက်ဲေတြဆိုရင္သိၾကပါတယ္။ အင္တာနက္ဆိုတာ ကြန္ပ်ဴတာကိုေခၚတာလား? ကီးဘုတ္ကို ေခၚတာလား? Google ကို ေခၚတာလား? လို႕ ေမးယူရေလာက္တဲ႕အထိ ေခတ္ေနာက္က်ခဲ႕တဲ႕ဆယ္စုႏွစ္တစ္ခုမွာ ကြ်န္ေတာ္တုိ႕လူျဖစ္ခဲ႕ပါတယ္။

             တစ္ခ်ိန္ကဗိုလ္က်စိုးမိုးခဲ႕တဲ႕ MPT ေခတ္ေကာင္းေနတုန္းအမိေျမနဲ႕ေဝးရာကိုထြက္ခဲ႕တယ္။ လက္ထဲမွာေခါက္ဖုန္းေလးတစ္လံုးနဲ႕ ဒီဘက္ေျမမွာမင္းမူေနတဲ႕ တယ္လီဖုန္းကုမၸဏီေတြက Verizon, AT&T, Sprint နဲ႕ T-Mobile ဒီအထဲမွာ သူမ်ားနားကပ္သံုးရင္း Verizon နဲ႕လက္ကိုင္ဖုန္းဆိုတဲ႕ကိရိယာနဲ႕ရင္းႏွီးခဲ႕တယ္။ ကြန္ပ်ဴတာဝယ္မလား? iPhone ဝယ္မလားဆိုေတာ႕ လွ်ပ္စစ္ပစၥည္းဆိုရင္ ခပ္ၾကီးၾကီးမွၾကိဳက္တဲ႕ကြ်န္ေတာ္ဟာ ကြန္ပ်ဴတာကိုပဲေရြးမိခဲ႕တယ္။

              ခပ္တိုတိုေျပာရရင္ လက္ကိုင္ဖုန္းသံုးတာသက္တမ္းတစ္ခ်ိဳ႕ရွိလာေတာ႕ AT&T နဲ႕ လက္တြဲညီခဲ႕တယ္။ ေျပာရရင္ အေမရိကားမွာသူ႕အထက္ကြန္ယက္ပိုမိတာ Verizon ပဲရွိတယ္။ ဒါေတာင္ သူက အဲဒီအခ်ိန္တုန္းက ေရဒီယုိ CDMA ဖုန္း၊ SIM ကဒ္ မပါဘူး။ Sprint ဆိုလည္း ထုိနည္း၄င္းပဲ။ ျမန္မာႏိုင္ငံျပန္ရင္ သူတို႕လိုင္းနဲ႕ဖုန္းေတြကသံုးလို႕မရျပန္ဘူး။ T-Mobile သမားေတြက်ေတာ႕ Unlocked ဖုန္းေရာင္းေတာ႕အဆင္ေျပတယ္။

              အေမရိကားကလူေတာ္ေတာ္မ်ားမ်ားဟာ iPhone ရဲ႕ ေက်ာ္ၾကားမႈေနာက္လိုက္သံုးရင္း AT&T လုိင္းဟာ လူသံုးပုိမ်ားလာတယ္။ တစထက္တစတုိးခ်ဲ႕လာရင္း ကြန္ယက္ကပုိၾကီးမားလာသလို ပုန္းကြယ္ထားတဲ႕အခေၾကးေငြ-Hidden Charge နဲ႕ တားျမစ္ထားတဲ႕လုပ္ေဆာင္ခ်က္-Restricted Feature ေတြရွိလာတယ္။ စိတ္ရွိလက္ရွိသံုးဖို႕ဆိုရင္ ေရဗူးထိပ္ဝကိုဓါးနဲ႕ခ်ိဳင္ျပီးေရခပ္ရသလို သံုးစြဲသူေတြရဲ႕အိပ္ကပ္ထဲကအကုန္ႏိႈက္ဖို႕ၾကိဳးစားလာၾကျပန္တယ္။



              ဥပမာဗ်ာ-iPhone တစ္လံုးကို အခုေခတ္မွာ ေဒၚလာ (၁ဝဝဝ) ေပးရတယ္ဆုိပါစို႕။ အတုိးမဲ႕ တစ္လကို (၄၁.၉၉) ေဒၚလာမွန္မွန္ေပးရင္း (၂၄) ျပည္႕လို႕ေငြေၾကသြားတဲ႕တိုင္ေအာင္ ဖုန္းေခၚ၊ စာပို႕ နဲ႕ အင္တာနက္ခက ေလွ်ာ႕ခ်ေပးသြားတာမဟုတ္ဘူး။ ဖုန္းက သတ္သတ္ဝယ္၊ အင္တာနက္ဖိုးက သတ္သတ္ေပး၊ လူ () ေယာက္ပါ မိသားစုတစ္စုအတြက္ တစ္လဖုန္းေဘ (၂၂ဝ) ေဒၚလာေလာက္မေပးရင္ အင္တာနက္ဆိုတာ ဘယ္လိုမွသံုးလို႕မေလာက္ဘူး။

              ဖုန္းေဘတင္ () ကို ေဒၚလာ (၁ဝဝဝ) ေလာက္ဆိုေတာ႕ ၾကာရင္ထိလာတာေပါ႕။ ဒါနဲ႕ သူ႕ထက္သက္သာတာရွာၾကည္႕ျပန္ေတာ႕ လိုင္းမေကာင္းမွာစုိးရတာနဲ႕ ေအာင္႕အီးသည္းခံခဲ႕ရတယ္။ တစ္ခါမွာေတာ႕ Google ရဲ႕ Gmail အေကာင္႕တစ္ခုရွိရံုနဲ႕ အင္တာနက္ေပၚကေနဖုန္းေျပာလုိ႕ရတဲ႕ VoIP-Voice over Internet Protocol စံနစ္ကုိျပန္သတိရမိတယ္။
              တစ္ခ်ိန္ထဲမွာ (၂ဝ၁၄) ခုႏွစ္ေနာက္ပုိင္းမွာ စမ္းသပ္ရင္း (၂ဝ၁၆) ခုႏွစ္မွာ လူအမ်ားသံုးႏုိင္ေအာင္ဖြင္႕ေပးလာတဲ႕ Google ရဲ႕ အိမ္ေမြးျခံေပါက္ေဆာ႕ဝဲလ္ Android OS အျပင္ (၂ဝ၁၈) ခုႏွစ္အေရာက္မွာ နာမည္ၾကီး iPhone ရဲ႕ iOS ေပၚမွာပါ အလုပ္လုပ္လာတဲ႕ Google Project Fi ဖုန္းလုိင္းၾကီးတစ္လိုင္းေပၚထြက္လာပါတယ္။



              Google ဟာ ဒီလိုအေျခအေနမေရာက္ခင္မွာ စီမံကိန္းတစ္ခ်ိဳ႕ကို သိုသိုသိပ္သိပ္ျပင္ဆင္ခဲ႕တယ္။ သူ႕ကုိယ္ပိုင္ Nexus ဖုန္းကုိ တစ္ျခားဖုန္းထုတ္လုပ္တဲ႕ကုမၸဏီေတြကိုငွားထုတ္တယ္။ သူ႕ကုိယ္ပိုင္ျဖစ္လာတဲ႕ Pixel ဖုန္းေတြမွာ ဖုန္းရဲ႕အသက္ျဖစ္တဲ႕ SIM-Subscriber Identity Module ကို ရုပ္ျပကဒ္-Physical Card မပါတဲ႕ လွ်ပ္စစ္ဆင္းကဒ္နည္းစံနစ္-eSIM (or) Programmable SIM ေတြၾကိဳထည္႕သြင္းခဲ႕တယ္။

              အေျခက်ျပီးသား Gtalk ကို Google Hangouts လို႕အမည္ေျပာင္းျပီး အသြင္သစ္ေတြနဲ႕ Project Fi ဖုန္းစီမံကိန္းၾကီးေကာင္းေကာင္းလည္ပတ္လာႏိုင္ဖို႕ ဒိတ္ဒိတ္ၾကဲေတြရဲ႕ျပိဳင္ဘက္ကုမၸဏီေတြနဲ႕ပူးေပါင္းလုပ္ကိုင္တယ္။ အေမရိကန္ျပည္ေထာင္စုရဲ႕အျပင္ဘက္ကုိဖုန္းထြက္ေျပာရင္ေတာင္ ႏုိင္ငံေပါင္း (၂ဝဝ) ေက်ာ္အထိကြန္ယက္မိေနမယ္လို႕ဆုိထားတယ္။ ျပည္တြင္းမွာေတာ႕ Sprint T-Mobile နဲ႕ U.S. Cellular တို႕ရဲ႕လိႈင္းထုတ္လႊင္႕တုိင္ေတြအားလံုးကုိစုေပါင္းထားတဲ႕ကြန္ယက္နဲ႕အလုပ္လုပ္ေစမွာျဖစ္ပါတယ္။

              ဆိုလိုတာက သံုးစြဲသူတစ္ေယာက္ကိုင္ထားတဲ႕ Google Project Fi ဆင္းကဒ္ထည္႕ထားတဲ႕ဖုန္းဟာ Sprint နဲ႕နီးေနမယ္ဆိုရင္ Sprint ကြန္ယက္ေပၚမွာအျမင္႕မားဆံုးလိႈင္းကိုရွာေဖြခ်ိတ္ဆက္ထားမွာျဖစ္ျပီး ေနာက္တစ္ေနရာေျပာင္းသြားတုိင္း Sprint T-Mobile နဲ႕ U.S. Cellular တုိ႕ထဲက အျမင္႕မားဆံုးလိႈင္းကို ပင္႕ကူလူသားလို အျမဲတေစကူးေျပာင္းေပးသြားမွာျဖစ္ပါတယ္။

              Google Fi ဟာ မိသားစုသံုးထားတဲ႕ေဒတာကို ဖုန္းထဲက App ထဲမွာ သီးသန္႕စီ ခြဲၾကည္႕ႏုိင္တဲ႕အျပင္ "အင္တာနက္ကိုသံုးသေလာက္ပဲေငြေပးရတာေၾကာင္႕" ေနာက္ပုိင္းသံုးစြဲသူေတြကုိဆြဲေဆာင္ႏိုင္ဖို႕အေၾကာင္းတစ္ခုျဖစ္လာပါတယ္။ ေနာက္တစ္ခုကေတာ႕ အစပုိင္းကေျပာခဲ႕သလို တားျမစ္ထားတဲ႕လုပ္ေဆာင္ႏုိင္ခ်က္-Restriction ေတြနည္းပါးရံုမက ဆယ္လူလာ (မိမိနံပါတ္) ကိုသံုးျပီး ကြန္ပ်ဴတာေပၚက Google Hangouts ကေန တစ္ကမၻာလံုးကိုဖုန္းဆက္ေျပာဆုိႏိုင္တာပါပဲ။

              သံုးစြဲခႏႈန္းထားေတြကိုၾကည္႕ရင္ ကနဦးဖုန္းတစ္လံုးအတြက္ ဖုန္း၊ စာပို႕ အကနု္႕အသတ္မဲ႕ပံုစံကုိ ေဒၚလာ (၂ဝ) ၊ အင္တာနက္ေဒတာအတြက္ 1GB ကို (၁ဝ) ေဒၚလာ၊ ေနာက္ထပ္မိမိအေကာင္႕ထဲမွာလူတစ္ဦးတိုးတုိင္း (၁၅) ေဒၚလာထပ္ေပး ဆုိတဲ႕ အစီအစဥ္-Plan က ထင္သာျမင္သာတယ္။ အဓိကသံုးစြဲသူေတြကိုရင္ေအးေစတာက “ကုိယ္မသံုးတာကိုေငြမေပးရတာ” က စိတ္ေက်နပ္ေစတာပါ။

              တကယ္လို႕ ဖုန္းနံပါတ္မလုိလို႕ ေဒတာခ်ည္းခ်ည္းသံုးခ်င္သူေတြအတြက္ ေဒတာသီးသန္႕ဆင္းကဒ္-Data Only SIM ကို မွာလို႕ရေသးတယ္။ ဒီဆင္းကဒ္ကုိေတာ႕ ဖုန္းတင္သာမကပဲ ဆင္းကဒ္လက္ခံတဲ႕ လက္ေတာ႕ကြန္ပ်ဴတာ၊ အိုင္ဖက္ နဲ႕ ဆင္းကဒ္စိုက္လို႕ရတဲ႕ ဆက္သြယ္ေရးကိရိယာေတြမွာထည္႕သြင္းႏုိင္တယ္။ တစ္ဆက္တည္းမွာ ဘယ္ေလာက္ေဒတာကို ဘယ္ကိရိယာအတြက္ကန္႕သတ္ထား-Limit လုပ္ထားမယ္ဆုိတာကိုပါ App ထဲမွာ ခ်ိန္ထားႏုိင္တယ္။



              ဘယ္ဟာမွအပိုမကုိင္ခ်င္ဘူး . . ဆင္းကဒ္မ်ားရင္စိတ္ရႈတ္တယ္လုိ႕ဆိုသူေတြအတြက္ မိမိဖုန္းမွာ အင္တာနက္ Hotspot ကို ထုတ္လႊင္႕ျပီး တစ္ျခားကိရိယာမွာ လက္ခံသံုးစြဲဖုိ႕ အပိုေၾကးမေကာက္ပါဘူး။ (AT&T မွာ ဒီအတြက္ေငြသတ္သတ္ေပးရပါတယ္)။ Google Fi သံုးစြဲသူတစ္ေယာက္ဟာ ဖုန္းကုမၸဏီ (၃) ရဲ႕ 4G LTE networks ေတြအျပင္ ဆိုင္ေတြ၊ ေရွာ႕ပင္းေမာေတြ၊ အိမ္ေတြ၊ ရံုးေတြ နဲ႕ အထင္ကရအေဆာက္အဦေတြမွာလႊင္႕ထားတဲ႕ ကုမၸဏီေတြရဲ႕လံုျခံဳမႈရွိတဲ႕  Secure Wi-Fi hotspot ေတြေၾကာင္႕ အင္တာနက္မျပတ္ေတာက္ေစရဘူးလို႕ Google က အာမခံထားပါတယ္။

              ဒီလိုအေကာင္းေတြခ်ည္းသာယာေနလို႕မရပါဘူး။ မက္လံုးကထိပ္ဆံုးကပါလာတာက အေမရိကန္ကုမၸဏီတို႕ရဲ႕ထံုးစံပါ။ ေခတ္သိပ္မစားေတာ႕တဲ႕ ေျပာခ်င္သေလာက္ေျပာ၊ စာတို ပို႕ခ်င္သေလာက္ပို႕မွာ အကန္႕သတ္မဲ႕-Unlimited ေပးတာ သံုးစြဲသူေတြကို ဘေဘာမေခြ႕ေစပါဘူး။ တကယ္ေပးေစခ်င္တာက အင္တာနက္အကန္႕သတ္မဲ႕ပါ။ Google က ေဒတာကို (တစ္ဦးထဲအစီအစဥ္အတြက္) 6GB ကုန္သြားရင္ အကန္႕အသတ္မဲ႕ လုိ႕ေရးထားတယ္။ ဒါေပမဲ႕ ေႏွးသြားမယ္လို႕ ေျပာထားတာက အသံုးလြန္သူေတြနဲ႕မုိဘုိင္းဂိမ္းကစားသူေတြအတြက္ သတိထားစရာပါ။ (Any use over 6GB will experience slower data, but full-speed data can be restored for $10/GB) ဆုိတဲ႕စာအရ အင္တာနက္ 1GB တုိင္းအတြက္ (၁ဝ) ေဒၚလာေပးျပီး ဆက္သံုးႏုိင္ပါတယ္။


              Google Fi Account
ရွိထားျပီးသူဟာ ဆင္းကဒ္ကိုအခမဲ႕မွာႏုိင္ပါတယ္။ အိမ္ကုိေရာက္မွ ဖုန္းထဲထည္႕၊ ဖုန္းထဲမွာ Google Fi App သြင္း၊  ဘယ္ကုမၸဏီမွာသံုးထားတဲ႕ဖုန္းနံပါတ္ကိုေျပာင္းမလဲကုိေရြး-Porting ၊ ဖုန္းနံပါတ္မရွိေသးရင္ နံပါတ္အသစ္ယူ၊ ေဖာက္သည္သစ္အတြက္ ဖုန္းေဘလ္ေလွ်ာ႕ေပးေငြ ေဒၚလာ (၂ဝ) ကို ခုႏွိမ္၊ ေဘေပးေခ်ဖို႕ ဘဏ္ကဒ္တစ္ခုခု (သို႕) Google Pay နဲ႕ ခ်ိတ္ဆက္ ဒါဆုိရင္ ဖုန္းလုိုင္းအသစ္ရပါျပီ။

              လုပ္ငန္းတုိင္းမွာ သံုးစြဲရတာေကာင္းလို႕စိတ္ေက်နပ္မႈေတြရွိရသလို ျပန္ဆက္သြယ္တုိင္း မေျပမလည္ျဖစ္တတ္တဲ႕ သံုးစြဲသူေတြအတြက္ေပးထားတဲ႕ဝန္ေဆာင္မႈ-Customer Service ဆိုတာ အဆင္႕အတန္းအမ်ိဳးမ်ိဳးရွိပါတယ္။ ဒီ Google Project Fi ဖုန္းလိုင္းမွာေတာ႕ 24/7 လို႕ေျပာထားတာေၾကာင္႕ စမ္းသပ္ၾကည္႕ရပါမယ္။ ျဖစ္ႏုိင္တဲ႕အခက္အခဲက ဖုန္းလိုင္းတစ္လံုးအတြက္ Google Account တစ္ခုရွိဖို႕လိုအပ္ေနတာပါ။

              သူတုိ႕ထုတ္လုပ္တဲ႕ဖုန္းကိုဝယ္ရင္း ဖုန္းလိုင္းကုိပါအသက္သြင္း-Activate လုပ္မယ္ဆုိရင္ ဖုန္းဖိုးကို (၂၄) လ အတုိးမဲ႕ အရစ္က်ေပးေခ်ႏုိင္တာ၊ မိမိသံုးေနတဲ႕ဖုန္းအေဟာင္းကို အလဲအထပ္ရုိက္-Trade In လုပ္ႏုိင္တာေတြက ဒီအေမရိကားမွာ ဖုန္းကုမၸဏီအမ်ားစုေပးေနက်ဝန္ေဆာင္မႈေတြနဲ႕တူတာမို႕လို႕ ရင္ခုန္ရမယ္႕ကိစၥေတာ႕မဟုတ္ပါဘူး။

              အခုဆိုရင္ ကြ်န္ေတာ႕မိသားစုထဲမွာ ဖုန္းလိုင္း (၄) လိုင္းထဲမွာ (၃) လိုင္းခ်ိတ္ဆက္ေျပာင္းေရႊ႕ျပီးသြားျပီမုိ႕ ဘယ္ေနရာကေကာင္းတယ္၊ ဘယ္ကိစၥကေတာျဖင္႕ ပိုဆိုးသြားတယ္ဆုိတာေစာင္႕ၾကည္႕သံုးစြဲေနတုန္းပဲျဖစ္ပါတယ္။ သံုးလက္စ (၃) ရက္အတြင္းေျပာႏုိင္တာကေတာ႕ ဧည္႕သည္ေတြနဲ႕အလည္ခရီးထြက္တဲ႕ ဆန္ဖရန္စစၥကိုျမိဳ႕ထဲ နဲ႕ ျမိဳ႕ျပင္တစ္ဝုိက္မွာ လိုင္းအဆြဲ နဲ႕ လိုင္းအက် တို႕က AT&T ထက္ မနိမ္႕ေသးပါဘူး။

              ကိုယ္သံုးတဲ႕ေဘလ္ကို ကိုယ္ေငြမေပးေခ်ခင္ျမင္ေနရတာေၾကာင္႕ အင္တာနက္ပိတ္ထားဖုိ႕သတိထားမိရင္း ျမန္မာႏုိင္ငံကိုပုိသတိရမိပါတယ္။ ဒီတစ္ေခါက္ ျမန္မာႏုိင္ငံျပန္ျဖစ္ရင္ေတာ႕ Google က ေျပာထားသလိုေကာင္းမေကာင္း ရန္ကုန္မွာ Google Fi ဆားဗစ္ကို လက္ေတြ႕စမ္းသပ္ၾကည္႕ခ်င္ပါေသးတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
09-09-2019


Unicode Version:

"Google Fi ကို ပြောင်းသုံးတယ်"
              "တင်းဒေါင် တင်းဒေါင် တင်းဒေါင်" အင်တာနက်ကဖေးမှာ ဒီအသံလေးကြားရင် တခြားဖက်က မိမိကိုခေါ်နေတဲ့ GTalk အသံဆိုတာ ရှေ့မီ နောက်မီ ရှော်တီကြီးတွေနဲ့ဘီးကျဲတွေဆိုရင်သိကြပါတယ်။ အင်တာနက်ဆိုတာ ကွန်ပျူတာကိုခေါ်တာလား? ကီးဘုတ်ကို ခေါ်တာလား? Google ကို ခေါ်တာလား? လို့ မေးယူရလောက်တဲ့အထိ ခေတ်နောက်ကျခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ ကျွန်တော်တို့လူဖြစ်ခဲ့ပါတယ်။

             တစ်ချိန်ကဗိုလ်ကျစိုးမိုးခဲ့တဲ့ MPT ခေတ်ကောင်းနေတုန်းအမိမြေနဲ့ဝေးရာကိုထွက်ခဲ့တယ်။ လက်ထဲမှာခေါက်ဖုန်းလေးတစ်လုံးနဲ့ ဒီဘက်မြေမှာမင်းမူနေတဲ့ တယ်လီဖုန်းကုမ္ပဏီတွေက Verizon, AT&T, Sprint နဲ့ T-Mobile ။ ဒီအထဲမှာ သူများနားကပ်သုံးရင်း Verizon နဲ့လက်ကိုင်ဖုန်းဆိုတဲ့ကိရိယာနဲ့ရင်းနှီးခဲ့တယ်။ ကွန်ပျူတာဝယ်မလား? iPhone ဝယ်မလားဆိုတော့ လျှပ်စစ်ပစ္စည်းဆိုရင် ခပ်ကြီးကြီးမှကြိုက်တဲ့ကျွန်တော်ဟာ ကွန်ပျူတာကိုပဲရွေးမိခဲ့တယ်။

              ခပ်တိုတိုပြောရရင် လက်ကိုင်ဖုန်းသုံးတာသက်တမ်းတစ်ချို့ရှိလာတော့ AT&T နဲ့ လက်တွဲညီခဲ့တယ်။ ပြောရရင် အမေရိကားမှာသူ့အထက်ကွန်ယက်ပိုမိတာ Verizon ပဲရှိတယ်။ ဒါတောင် သူက အဲဒီအချိန်တုန်းက ရေဒီယို CDMA ဖုန်း၊ SIM ကဒ် မပါဘူး။ Sprint ဆိုလည်း ထိုနည်း၄င်းပဲ။ မြန်မာနိုင်ငံပြန်ရင် သူတို့လိုင်းနဲ့ဖုန်းတွေကသုံးလို့မရပြန်ဘူး။ T-Mobile သမားတွေကျတော့ Unlocked ဖုန်းရောင်းတော့အဆင်ပြေတယ်။

              အမေရိကားကလူတော်တော်များများဟာ iPhone ရဲ့ ကျော်ကြားမှုနောက်လိုက်သုံးရင်း AT&T လိုင်းဟာ လူသုံးပိုများလာတယ်။ တစထက်တစတိုးချဲ့လာရင်း ကွန်ယက်ကပိုကြီးမားလာသလို ပုန်းကွယ်ထားတဲ့အခကြေးငွေ-Hidden Charge နဲ့ တားမြစ်ထားတဲ့လုပ်ဆောင်ချက်-Restricted Feature တွေရှိလာတယ်။ စိတ်ရှိလက်ရှိသုံးဖို့ဆိုရင် ရေဗူးထိပ်ဝကိုဓါးနဲ့ချိုင်ပြီးရေခပ်ရသလို သုံးစွဲသူတွေရဲ့အိပ်ကပ်ထဲကအကုန်နှိုက်ဖို့ကြိုးစားလာကြပြန်တယ်။

              ဥပမာဗျာ-iPhone တစ်လုံးကို အခုခေတ်မှာ ဒေါ်လာ (၁ဝဝဝ) ပေးရတယ်ဆိုပါစို့။ အတိုးမဲ့ တစ်လကို (၄၁.၉၉) ဒေါ်လာမှန်မှန်ပေးရင်း (၂၄) လ ပြည့်လို့ငွေကြေသွားတဲ့တိုင်အောင် ဖုန်းခေါ်၊ စာပို့ နဲ့ အင်တာနက်ခက လျှော့ချပေးသွားတာမဟုတ်ဘူး။ ဖုန်းက သတ်သတ်ဝယ်၊ အင်တာနက်ဖိုးက သတ်သတ်ပေး၊ လူ (၄) ယောက်ပါ မိသားစုတစ်စုအတွက် တစ်လဖုန်းဘေ (၂၂ဝ) ဒေါ်လာလောက်မပေးရင် အင်တာနက်ဆိုတာ ဘယ်လိုမှသုံးလို့မလောက်ဘူး။

              ဖုန်းဘေတင် (၅) လ ကို ဒေါ်လာ (၁ဝဝဝ) လောက်ဆိုတော့ ကြာရင်ထိလာတာပေါ့။ ဒါနဲ့ သူ့ထက်သက်သာတာရှာကြည့်ပြန်တော့ လိုင်းမကောင်းမှာစိုးရတာနဲ့ အောင့်အီးသည်းခံခဲ့ရတယ်။ တစ်ခါမှာတော့ Google ရဲ့ Gmail အကောင့်တစ်ခုရှိရုံနဲ့ အင်တာနက်ပေါ်ကနေဖုန်းပြောလို့ရတဲ့ VoIP-Voice over Internet Protocol စံနစ်ကိုပြန်သတိရမိတယ်။

              တစ်ချိန်ထဲမှာ (၂ဝ၁၄) ခုနှစ်နောက်ပိုင်းမှာ စမ်းသပ်ရင်း (၂ဝ၁၆) ခုနှစ်မှာ လူအများသုံးနိုင်အောင်ဖွင့်ပေးလာတဲ့ Google ရဲ့ အိမ်မွေးခြံပေါက်ဆော့ဝဲလ် Android OS အပြင် (၂ဝ၁၈) ခုနှစ်အရောက်မှာ နာမည်ကြီး iPhone ရဲ့ iOS ပေါ်မှာပါ အလုပ်လုပ်လာတဲ့ Google Project Fi ဖုန်းလိုင်းကြီးတစ်လိုင်းပေါ်ထွက်လာပါတယ်။

              Google ဟာ ဒီလိုအခြေအနေမရောက်ခင်မှာ စီမံကိန်းတစ်ချို့ကို သိုသိုသိပ်သိပ်ပြင်ဆင်ခဲ့တယ်။ သူ့ကိုယ်ပိုင် Nexus ဖုန်းကို တစ်ခြားဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုငှားထုတ်တယ်။ သူ့ကိုယ်ပိုင်ဖြစ်လာတဲ့ Pixel ဖုန်းတွေမှာ ဖုန်းရဲ့အသက်ဖြစ်တဲ့ SIM-Subscriber Identity Module ကို ရုပ်ပြကဒ်-Physical Card မပါတဲ့ လျှပ်စစ်ဆင်းကဒ်နည်းစံနစ်-eSIM (or) Programmable SIM တွေကြိုထည့်သွင်းခဲ့တယ်။

              အခြေကျပြီးသား Gtalk ကို Google Hangouts လို့အမည်ပြောင်းပြီး အသွင်သစ်တွေနဲ့ Project Fi ဖုန်းစီမံကိန်းကြီးကောင်းကောင်းလည်ပတ်လာနိုင်ဖို့ ဒိတ်ဒိတ်ကြဲတွေရဲ့ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ပူးပေါင်းလုပ်ကိုင်တယ်။ အမေရိကန်ပြည်ထောင်စုရဲ့အပြင်ဘက်ကိုဖုန်းထွက်ပြောရင်တောင် နိုင်ငံပေါင်း (၂ဝဝ) ကျော်အထိကွန်ယက်မိနေမယ်လို့ဆိုထားတယ်။ ပြည်တွင်းမှာတော့ Sprint ၊ T-Mobile နဲ့ U.S. Cellular တို့ရဲ့လှိုင်းထုတ်လွှင့်တိုင်တွေအားလုံးကိုစုပေါင်းထားတဲ့ကွန်ယက်နဲ့အလုပ်လုပ်စေမှာဖြစ်ပါတယ်။

              ဆိုလိုတာက သုံးစွဲသူတစ်ယောက်ကိုင်ထားတဲ့ Google Project Fi ဆင်းကဒ်ထည့်ထားတဲ့ဖုန်းဟာ Sprint နဲ့နီးနေမယ်ဆိုရင် Sprint ကွန်ယက်ပေါ်မှာအမြင့်မားဆုံးလှိုင်းကိုရှာဖွေချိတ်ဆက်ထားမှာဖြစ်ပြီး နောက်တစ်နေရာပြောင်းသွားတိုင်း Sprint ၊ T-Mobile နဲ့ U.S. Cellular တို့ထဲက အမြင့်မားဆုံးလှိုင်းကို ပင့်ကူလူသားလို အမြဲတစေကူးပြောင်းပေးသွားမှာဖြစ်ပါတယ်။

              Google Fi ဟာ မိသားစုသုံးထားတဲ့ဒေတာကို ဖုန်းထဲက App ထဲမှာ သီးသန့်စီ ခွဲကြည့်နိုင်တဲ့အပြင် "အင်တာနက်ကိုသုံးသလောက်ပဲငွေပေးရတာကြောင့်" နောက်ပိုင်းသုံးစွဲသူတွေကိုဆွဲဆောင်နိုင်ဖို့အကြောင်းတစ်ခုဖြစ်လာပါတယ်။ နောက်တစ်ခုကတော့ အစပိုင်းကပြောခဲ့သလို တားမြစ်ထားတဲ့လုပ်ဆောင်နိုင်ချက်-Restriction တွေနည်းပါးရုံမက ဆယ်လူလာ (မိမိနံပါတ်) ကိုသုံးပြီး ကွန်ပျူတာပေါ်က Google Hangouts ကနေ တစ်ကမ္ဘာလုံးကိုဖုန်းဆက်ပြောဆိုနိုင်တာပါပဲ။

              သုံးစွဲခနှုန်းထားတွေကိုကြည့်ရင် ကနဦးဖုန်းတစ်လုံးအတွက် ဖုန်း၊ စာပို့ အကနု့်အသတ်မဲ့ပုံစံကို ဒေါ်လာ (၂ဝ) ၊ အင်တာနက်ဒေတာအတွက် 1GB ကို (၁ဝ) ဒေါ်လာ၊ နောက်ထပ်မိမိအကောင့်ထဲမှာလူတစ်ဦးတိုးတိုင်း (၁၅) ဒေါ်လာထပ်ပေး ဆိုတဲ့ အစီအစဉ်-Plan က ထင်သာမြင်သာတယ်။ အဓိကသုံးစွဲသူတွေကိုရင်အေးစေတာက “ကိုယ်မသုံးတာကိုငွေမပေးရတာ” က စိတ်ကျေနပ်စေတာပါ။

              တကယ်လို့ ဖုန်းနံပါတ်မလိုလို့ ဒေတာချည်းချည်းသုံးချင်သူတွေအတွက် ဒေတာသီးသန့်ဆင်းကဒ်-Data Only SIM ကို မှာလို့ရသေးတယ်။ ဒီဆင်းကဒ်ကိုတော့ ဖုန်းတင်သာမကပဲ ဆင်းကဒ်လက်ခံတဲ့ လက်တော့ကွန်ပျူတာ၊ အိုင်ဖက် နဲ့ ဆင်းကဒ်စိုက်လို့ရတဲ့ ဆက်သွယ်ရေးကိရိယာတွေမှာထည့်သွင်းနိုင်တယ်။ တစ်ဆက်တည်းမှာ ဘယ်လောက်ဒေတာကို ဘယ်ကိရိယာအတွက်ကန့်သတ်ထား-Limit လုပ်ထားမယ်ဆိုတာကိုပါ App ထဲမှာ ချိန်ထားနိုင်တယ်။

              ဘယ်ဟာမှအပိုမကိုင်ချင်ဘူး . . ဆင်းကဒ်များရင်စိတ်ရှုတ်တယ်လို့ဆိုသူတွေအတွက် မိမိဖုန်းမှာ အင်တာနက် Hotspot ကို ထုတ်လွှင့်ပြီး တစ်ခြားကိရိယာမှာ လက်ခံသုံးစွဲဖို့ အပိုကြေးမကောက်ပါဘူး။ (AT&T မှာ ဒီအတွက်ငွေသတ်သတ်ပေးရပါတယ်)။ Google Fi သုံးစွဲသူတစ်ယောက်ဟာ ဖုန်းကုမ္ပဏီ (၃) ရဲ့ 4G LTE networks တွေအပြင် ဆိုင်တွေ၊ ရှော့ပင်းမောတွေ၊ အိမ်တွေ၊ ရုံးတွေ နဲ့ အထင်ကရအဆောက်အဦတွေမှာလွှင့်ထားတဲ့ ကုမ္ပဏီတွေရဲ့လုံခြုံမှုရှိတဲ့  Secure Wi-Fi hotspot တွေကြောင့် အင်တာနက်မပြတ်တောက်စေရဘူးလို့ Google က အာမခံထားပါတယ်။

              ဒီလိုအကောင်းတွေချည်းသာယာနေလို့မရပါဘူး။ မက်လုံးကထိပ်ဆုံးကပါလာတာက အမေရိကန်ကုမ္ပဏီတို့ရဲ့ထုံးစံပါ။ ခေတ်သိပ်မစားတော့တဲ့ ပြောချင်သလောက်ပြော၊ စာတို ပို့ချင်သလောက်ပို့မှာ အကန့်သတ်မဲ့-Unlimited ပေးတာ သုံးစွဲသူတွေကို ဘဘောမခွေ့စေပါဘူး။ တကယ်ပေးစေချင်တာက အင်တာနက်အကန့်သတ်မဲ့ပါ။ Google က ဒေတာကို (တစ်ဦးထဲအစီအစဉ်အတွက်) 6GB ကုန်သွားရင် အကန့်အသတ်မဲ့ လို့ရေးထားတယ်။ ဒါပေမဲ့ နှေးသွားမယ်လို့ ပြောထားတာက အသုံးလွန်သူတွေနဲ့မိုဘိုင်းဂိမ်းကစားသူတွေအတွက် သတိထားစရာပါ။ (Any use over 6GB will experience slower data, but full-speed data can be restored for $10/GB) ဆိုတဲ့စာအရ အင်တာနက် 1GB တိုင်းအတွက် (၁ဝ) ဒေါ်လာပေးပြီး ဆက်သုံးနိုင်ပါတယ်။


              Google Fi Account ရှိထားပြီးသူဟာ ဆင်းကဒ်ကိုအခမဲ့မှာနိုင်ပါတယ်။ အိမ်ကိုရောက်မှ ဖုန်းထဲထည့်၊ ဖုန်းထဲမှာ Google Fi App သွင်း၊  ဘယ်ကုမ္ပဏီမှာသုံးထားတဲ့ဖုန်းနံပါတ်ကိုပြောင်းမလဲကိုရွေး-Porting ၊ ဖုန်းနံပါတ်မရှိသေးရင် နံပါတ်အသစ်ယူ၊ ဖောက်သည်သစ်အတွက် ဖုန်းဘေလ်လျှော့ပေးငွေ ဒေါ်လာ (၂ဝ) ကို ခုနှိမ်၊ ဘေပေးချေဖို့ ဘဏ်ကဒ်တစ်ခုခု (သို့) Google Pay နဲ့ ချိတ်ဆက် ဒါဆိုရင် ဖုန်းလိုုင်းအသစ်ရပါပြီ။

              လုပ်ငန်းတိုင်းမှာ သုံးစွဲရတာကောင်းလို့စိတ်ကျေနပ်မှုတွေရှိရသလို ပြန်ဆက်သွယ်တိုင်း မပြေမလည်ဖြစ်တတ်တဲ့ သုံးစွဲသူတွေအတွက်ပေးထားတဲ့ဝန်ဆောင်မှု-Customer Service ဆိုတာ အဆင့်အတန်းအမျိုးမျိုးရှိပါတယ်။ ဒီ Google Project Fi ဖုန်းလိုင်းမှာတော့ 24/7 လို့ပြောထားတာကြောင့် စမ်းသပ်ကြည့်ရပါမယ်။ ဖြစ်နိုင်တဲ့အခက်အခဲက ဖုန်းလိုင်းတစ်လုံးအတွက် Google Account တစ်ခုရှိဖို့လိုအပ်နေတာပါ။

              သူတို့ထုတ်လုပ်တဲ့ဖုန်းကိုဝယ်ရင်း ဖုန်းလိုင်းကိုပါအသက်သွင်း-Activate လုပ်မယ်ဆိုရင် ဖုန်းဖိုးကို (၂၄) လ အတိုးမဲ့ အရစ်ကျပေးချေနိုင်တာ၊ မိမိသုံးနေတဲ့ဖုန်းအဟောင်းကို အလဲအထပ်ရိုက်-Trade In လုပ်နိုင်တာတွေက ဒီအမေရိကားမှာ ဖုန်းကုမ္ပဏီအများစုပေးနေကျဝန်ဆောင်မှုတွေနဲ့တူတာမို့လို့ ရင်ခုန်ရမယ့်ကိစ္စတော့မဟုတ်ပါဘူး။

              အခုဆိုရင် ကျွန်တော့မိသားစုထဲမှာ ဖုန်းလိုင်း (၄) လိုင်းထဲမှာ (၃) လိုင်းချိတ်ဆက်ပြောင်းရွှေ့ပြီးသွားပြီမို့ ဘယ်နေရာကကောင်းတယ်၊ ဘယ်ကိစ္စကတောဖြင့် ပိုဆိုးသွားတယ်ဆိုတာစောင့်ကြည့်သုံးစွဲနေတုန်းပဲဖြစ်ပါတယ်။ သုံးလက်စ (၃) ရက်အတွင်းပြောနိုင်တာကတော့ ဧည့်သည်တွေနဲ့အလည်ခရီးထွက်တဲ့ ဆန်ဖရန်စစ္စကိုမြို့ထဲ နဲ့ မြို့ပြင်တစ်ဝိုက်မှာ လိုင်းအဆွဲ နဲ့ လိုင်းအကျ တို့က AT&T ထက် မနိမ့်သေးပါဘူး။

              ကိုယ်သုံးတဲ့ဘေလ်ကို ကိုယ်ငွေမပေးချေခင်မြင်နေရတာကြောင့် အင်တာနက်ပိတ်ထားဖို့သတိထားမိရင်း မြန်မာနိုင်ငံကိုပိုသတိရမိပါတယ်။ ဒီတစ်ခေါက် မြန်မာနိုင်ငံပြန်ဖြစ်ရင်တော့ Google က ပြောထားသလိုကောင်းမကောင်း ရန်ကုန်မှာ Google Fi ဆားဗစ်ကို လက်တွေ့စမ်းသပ်ကြည့်ချင်ပါသေးတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
09-09-2019

No comments: