ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, February 25, 2020

အမေရိကားရောက်မြန်မာတွေအတွက်အရေးကြီးတဲ့ 𝟐𝟎𝟐𝟎 𝐂𝐞𝐧𝐬𝐮𝐬

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

♣️♣️♣️ အမေရိကားရောက်ပြီး ရုံး၊ ဆေးရုံ၊ ဆိုရှယ်ရုံးတွေမှာ အင်္ဂလိပ်လိုပြည့်ပြည့်ဝဝမပြောနိုင်လို့အခက်အခဲဖြစ်နေပါသလား?

♣️♣️ ကားလိုင်စင်ဖြေဖို့ လမ်းစည်းကမ်းတွေကိုအင်္ဂလိပ်လိုကျက်ရတာအခက်အခဲဖြစ်နေပါသလား?

♣️ အမေရိကန်အစိုးရရုံးစာတွေဖြည့်ဖို့ နားလည်ရခက်တဲ့အင်္ဂလိပ်စာအသုံးအနှုန်းတွေအတွက် စကားပြန်အကူအညီယူနေရပါသလား?

ဒါတွေအားလုံးကိုပြေလည်နိုင်ဖို့နည်းလမ်းတစ်ခုက အမေရိကားရောက်မြန်မာတွေ နဲ့ ချစ်ခင်ရတဲ့တိုင်းရင်းသားပေါင်းစုံအတွက် အခွင့်အရေးတစ်ခုက မျက်စိရှေ့မှာစောင့်ကြိုနေပါတယ်။ အဲဒါကတော့ မကြာခင်ကျင်းပတော့မယ့် 𝐀𝐦𝐞𝐫𝐢𝐜𝐚 𝟐𝟎𝟐𝟎 𝐂𝐞𝐧𝐬𝐮𝐬 မှာ (မြန်မာနိုင်ငံကနေဘယ်လိုနည်းနဲ့အမေရိကားရောက်လာတယ်ဖြစ်စေ) အမျိုးဂုဏ်၊ ဇာတိဂုဏ် နဲ့ လူဦးရေစာရင်းဖြည့်သွင်းရေးမှာပါဝင်နိင်တော့မှာဖြစ်ပါတယ်။

မရှင်းလို့မေးပါရစေဦး . . .

မေး ။ ။ အမေရိကားက သူ့ဟာသူလူဦးရေစာရင်းကောက်တာ မြန်မာ နဲ့ တိုင်းရင်းသားတွေနဲ့ဘာဆိုင်လို့တုန်း?

‌ဖြေ ။ ။ အမေရိကားရောက်မြန်မာတွေ အစိုးရရုံးဖောင်တွေဖြည့်တဲ့အခါ လူမျိုးနေရာမှာ အာရှတိုက်သား-𝐀𝐬𝐢𝐚𝐧 ဆိုပြီးဖြည့်ရလေ့ရှိတယ်။ ဒါကြောင့် မြန်မာလူမျိုး (ဒါမှမဟုတ်) မြန်မာနိုင်ငံကတိုင်းရင်းသားတွေကို “မြန်မာလူမျိုးနွယ်” အနေနဲ့မသိဘဲ အာရှတိုက်ထဲက တိုင်းပြည်တစ်ခုရဲ့မထင်မရှားလူမျိုးတစ်ခုအနေနဲ့သာသိပါတယ်။ ဒါကိုသိအောင်လုပ်ရမှာဖြစ်ပါတယ်။

မေး ။ ။ ဟုတ်ပြီလေ။ အမေရိကန်အစိုးရက မြန်မာရွှေ့ပြောင်း-𝐍𝐞𝐰 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐧𝐭 တွေကိုသိပါပြီတဲ့ . . နေရာပေးပါပြီတဲ့ . . ဘာထူးလာမှာတုန်း?

ဖြေ ။ ။ သိပ်ကောင်းတဲ့မေးခွန်းပါ။ လူ့အခွင့်အရေးတိုင်းပြည်မှာ လူနည်းစု/လူများစုမခွဲခြားဘဲ တန်းတူအခွင့်အရေးပေးရပါတယ်။ ဒါ‌ကြောင့် အမေရိကန်တွေကောက်တဲ့လူဦးရေစာရင်းမှာ မြန်မာလူမျိုး နဲ့ တိုင်းရင်းသားတွေစုပေါင်းထားတဲ့ “မြန်မာလူမျိုး” ပါလာရင် ထိပ်ဆုံးကမေးထားတဲ့အခက်အခဲတော်တော်များများဟာ မြန်မာစကားပြန်အထောက်အပံ့အပြည့်အဝနဲ့အလိုလိုဖြေရှင်းပြီးသားဖြစ်သွားမှာက အင်မတန်ထူးခြားတဲ့အချက်ပါ (ညှိနှိုင်းမှုတွေထပ်လုပ်ရပါမယ်)။ ဒီထက်မကတဲ့ ဆိုရှယ်အကျိုးခံစားခွင့်တွေလည်းရှိပါသေးတယ်။


မေး ။ ။ ဟုတ်တော့ဟုတ်တယ် . . အမေရိကားကိုလာသူတိုင်းအင်္ဂလိပ်စကားတတ်ကြတာမဟုတ်ဘူး။ လူကြီးပိုင်းတွေဆိုရင်သူတို့သားသမီးနောင်ရေးအတွက်လာကြတာ။ အလုပ်လုပ်ရင်းအခက်အခဲတော်တော်ကြုံရတာလည်း ကိုယ်တွေ့ပဲ။ ဒါနဲ့နေပါဦး အခု အမေရိကန်လူဦးရေစာရင်းကောက်တာက ဘယ်နှစ်နှစ်တစ်ခါကောက်တာလဲ?

ဖြေ ။ ။ (၁ဝ) နှစ်တစ်ကြိမ်ကောက်တာပါ။ (၂ဝ၁ဝ) ခုနှစ်တုန်းကတစ်ကြိမ်ကောက်တယ်။ မြန်မာဦးရေနည်းနေသေးတာရယ်၊ ဖြည့်သွင်းခွင့်ရှိသူတော်တော်များများက “𝐖𝐡𝐚𝐭 𝐢𝐬 𝐭𝐡𝐢𝐬 𝐩𝐞𝐫𝐬𝐨𝐧’𝐬 𝐫𝐚𝐜𝐞?” ဆိုတဲ့နေရာမှာ 𝐀𝐬𝐢𝐚𝐧 လို့သာသိနေခဲ့တာပါ။


မေး ။ ။ အဲဒါဆိုရင် ဘယ်တော့လောက်မှာကောက်တဲ့ ဘယ်လိုလူဦးရေစာရင်းကို ဘယ်လိုဖြည့်ပေးရမှာတုန်း။ အိမ်တံခါးခေါက်ပြီးလိုက်ကောက်တာလား? အ‌မလေး မြန်မာနိုင်င်ငံတုန်းကဧည့်စာရင်းစစ်သလို ညဘက်ကြီးလာနှိုးနေမှဒုက္ခ . .။

‌ဖြေ ။ ။ ဒီနိုင်ငံမှာက ဒီလိုလုပ်လို့မရပါဘူး။ အိမ်တံခါးလည်းမခေါက်ပါဘူး။ ညဘက်ကြီးလည်းဝင်မစစ်ပါဘူး။ (၂ဝ၂ဝ) မတ်လလယ်လောက်ကစပြီး အိမ်တွေဆီကိုလူဦးရေဖြည့်တဲ့ဖိတ်စာတွေစရောက်ပါမယ်။ ဖြည့်ပြီးတာနဲ့ ဧပြီလ (၁) ရက်နေ့အတွင်း စာတိုက်ကနေပြန်ပို့ပေးလိုက်ရုံပါပဲ။ စာတိုက်မသွားနိုင်ရင်လည်း အွန်လိုင်းကနေဖြည့်လို့လည်းရတယ်။ တယ်လီဖုန်းဆက်ပြီးဖြည့်လည်းရတယ်။



မေး ။ ။ ဒါဆိုရင် မြန်မာ/ကရင်၊ မြန်မာ/ကချင်၊ မြန်မာ/ချင်း၊ တရုတ်-မြန်မာဖွားတွေကျတော့ ဘယ်လိုဖြည့်ရမှာတုန်း?

ဖြေ ။ ။ ဘာလာလာ 𝐁𝐔𝐑𝐌𝐄𝐒𝐄 ကိုထိပ်မှာထားပြီးဖြည့်ရင်ရပါတယ်။ 𝐎𝐭𝐡𝐞𝐫 𝐀𝐬𝐢𝐚𝐧 ရဲ့အောက်ကအကွက်မှာ 𝐁𝐔𝐑𝐌𝐄𝐒𝐄 လို့ဖြည့်ပေးရပါမယ်။

မြန်မာနိုင်ငံကလာတဲ့တိုင်းရင်းသားဖြစ်ရင်လည်း

𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐂𝐇𝐈𝐍,
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐊𝐀𝐘𝐈𝐍,
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐊𝐀𝐂𝐇𝐈𝐍 အပြင်
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐂𝐇𝐈𝐍𝐄𝐒𝐄,
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐈𝐍𝐃𝐈𝐀𝐍 တို့အထိဖြည့်လို့ရပါတယ်။


မေး ။ ။ ဒီနိုင်ငံမှာကျောင်းလာတက်သူတွေ၊ အလည်ဗီဆာနဲ့လာသူတွေ၊ တရားဝင်ကဒ်ပြားမရသေးသူတွေရောဖြည့်ရမှာလား?

ဖြေ ။ ။ အမေရိကားကိုတရားဝင်‌ပြောင်း‌ရွှေ့လာသူတွေ နဲ့ ဒီဘက်နိုင်ငံသားခံယူပြီးသူတွေသာဖြည့်ရပါမယ်။


မေး ။ ။ ဒီတစ်ခေါက်မြန်မာတွေညီညွတ်ပြီး လူဦးရေစာရင်းထဲမှာပါလာရင်သိပ်ကောင်းတာပေါ့။ သားစဉ်‌မြေးဆက် အမေရိကန်အစိုးရကပေးတဲ့အကျိုးခံစားခွင့်ကိုမြန်မာတွေမျှဝေခံစားရုံပဲ။ ဒါနဲ့ ဒီတစ်ခေါက်မအောင်မြင်ခဲ့ရင် နောက်တစ်ခေါက်ထပ်ဖြည့်မယ်လေ။

ဖြေ ။ ။ ဒီတစ်ခေါက် ပေးတဲ့အခွင့်အရေးကိုရအောင်ယူမှဖြစ်မယ်။ အခွင့်အရေးကောင်းဆိုတာ ကား‌တွေဂငယ်ကွေ့ ကွေ့သလို ပြန်လှည့်လာဖို့မသေချာဘူး။ နောက်တစ်ခေါက်ဆိုတာက သိပ်မစောင့်ရပါဘူး။ နောက် (၁ဝ) နှစ်ပါပဲ။


အမေရိကန်လူဦးရေစာရင်းတွင်မြန်မာလူမျိုး/𝐁𝐔𝐑𝐌𝐄𝐒𝐄 ပါဝင်ရေး . . . အောင်ရမည် . . အောင်ရမည်

အမေရိကန်လူဦးရေစာရင်းတွင်မြန်မာလူမျိုး/𝐁𝐔𝐑𝐌𝐄𝐒𝐄 ပါဝင်ရေး . . . အောင်ရမည် . . အောင်ရမည်

အမေရိကန်လူဦးရေစာရင်းတွင်မြန်မာလူမျိုး/𝐁𝐔𝐑𝐌𝐄𝐒𝐄 ပါဝင်ရေး . . . အောင်ရမည် . . အောင်ရမည်

ခင်လျက်
ကိုညီညီ (တောင်ကြီး)
ခေတ္တအမေရိကား
𝟎𝟐-𝟐𝟓-𝟐𝟎𝟐𝟎

<Zawgyi>

"အေမရိကားေရာက္ျမန္မာေတြအတြက္အေရးႀကီးတဲ့ 𝟐𝟎𝟐𝟎 𝐂𝐞𝐧𝐬𝐮𝐬"


️♣️♣️♣️ အေမရိကားေရာက္ၿပီး ႐ုံး၊ ေဆး႐ုံ၊ ဆိုရွယ္႐ုံးေတြမွာ အဂၤလိပ္လိုျပည့္ျပည့္ဝဝမေျပာနိုင္လို႔အခက္အခဲျဖစ္ေနပါသလား?

️♣️♣️ ကားလိုင္စင္ေျဖဖို႔ လမ္းစည္းကမ္းေတြကိုအဂၤလိပ္လိုက်က္ရတာအခက္အခဲျဖစ္ေနပါသလား?

️♣️ အေမရိကန္အစိုးရ႐ုံးစာေတြျဖည့္ဖို႔ နားလည္ရခက္တဲ့အဂၤလိပ္စာအသုံးအႏႈန္းေတြအတြက္ စကားျပန္အကူအညီယူေနရပါသလား?

ဒါေတြအားလုံးကိုေျပလည္နိုင္ဖို႔နည္းလမ္းတစ္ခုက အေမရိကားေရာက္ျမန္မာေတြ နဲ႔ ခ်စ္ခင္ရတဲ့တိုင္းရင္းသားေပါင္းစုံအတြက္ အခြင့္အေရးတစ္ခုက မ်က္စိေရွ႕မွာေစာင့္ႀကိဳေနပါတယ္။ အဲဒါကေတာ့ မၾကာခင္က်င္းပေတာ့မယ့္ 𝐀𝐦𝐞𝐫𝐢𝐜𝐚 𝟐𝟎𝟐𝟎 𝐂𝐞𝐧𝐬𝐮𝐬 မွာ (ျမန္မာနိုင္ငံကေနဘယ္လိုနည္းနဲ႔အေမရိကားေရာက္လာတယ္ျဖစ္ေစ) အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ နဲ႔ လူဦးေရစာရင္းျဖည့္သြင္းေရးမွာပါဝင္နိင္ေတာ့မွာျဖစ္ပါတယ္။

မရွင္းလို႔ေမးပါရေစဦး . . .


ေမး ။ ။ အေမရိကားက သူ႔ဟာသူလူဦးေရစာရင္းေကာက္တာ ျမန္မာ နဲ႔ တိုင္းရင္းသားေတြနဲ႔ဘာဆိုင္လို႔တုန္း?


‌ေၿဖ ။ ။ အေမရိကားေရာက္ျမန္မာေတြ အစိုးရ႐ုံးေဖာင္ေတြျဖည့္တဲ့အခါ လူမ်ိဳးေနရာမွာ အာရွတိုက္သား-𝐀𝐬𝐢𝐚𝐧 ဆိုၿပီးျဖည့္ရေလ့ရွိတယ္။ ဒါေၾကာင့္ ျမန္မာလူမ်ိဳး (ဒါမွမဟုတ္) ျမန္မာနိုင္ငံကတိုင္းရင္းသားေတြကို “ျမန္မာလူမ်ိဳးႏြယ္” အေနနဲ႔မသိဘဲ အာရွတိုက္ထဲက တိုင္းျပည္တစ္ခုရဲ့မထင္မရွားလူမ်ိဳးတစ္ခုအေနနဲ႔သာသိပါတယ္။ ဒါကိုသိေအာင္လုပ္ရမွာျဖစ္ပါတယ္။


ေမး ။ ။ ဟုတ္ၿပီေလ။ အေမရိကန္အစိုးရက ျမန္မာေရႊ႕ေျပာင္း-𝐍𝐞𝐰 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐧𝐭 ေတြကိုသိပါၿပီတဲ့ . . ေနရာေပးပါၿပီတဲ့ . . ဘာထူးလာမွာတုန္း?


ေၿဖ ။ ။ သိပ္ေကာင္းတဲ့ေမးခြန္းပါ။ လူ႔အခြင့္အေရးတိုင္းျပည္မွာ လူနည္းစု/လူမ်ားစုမခြဲျခားဘဲ တန္းတူအခြင့္အေရးေပးရပါတယ္။ ဒါ‌ေၾကာင့္ အေမရိကန္ေတြေကာက္တဲ့လူဦးေရစာရင္းမွာ ျမန္မာလူမ်ိဳး နဲ႔ တိုင္းရင္းသားေတြစုေပါင္းထားတဲ့ “ျမန္မာလူမ်ိဳး” ပါလာရင္ ထိပ္ဆုံးကေမးထားတဲ့အခက္အခဲေတာ္ေတာ္မ်ားမ်ားဟာ ျမန္မာစကားျပန္အေထာက္အပံ့အျပည့္အဝနဲ႔အလိုလိုေျဖရွင္းၿပီးသားျဖစ္သြားမွာက အင္မတန္ထူးျခားတဲ့အခ်က္ပါ (ညႇိႏွိုင္းမႈေတြထပ္လုပ္ရပါမယ္)။ ဒီထက္မကတဲ့ ဆိုရွယ္အက်ိဳးခံစားခြင့္ေတြလည္းရွိပါေသးတယ္။



ေမး ။ ။ ဟုတ္ေတာ့ဟုတ္တယ္ . . အေမရိကားကိုလာသူတိုင္းအဂၤလိပ္စကားတတ္ၾကတာမဟုတ္ဘူး။ လူႀကီးပိုင္းေတြဆိုရင္သူတို႔သားသမီးေနာင္ေရးအတြက္လာၾကတာ။ အလုပ္လုပ္ရင္းအခက္အခဲေတာ္ေတာ္ၾကဳံရတာလည္း ကိုယ္ေတြ႕ပဲ။ ဒါနဲ႔ေနပါဦး အခု အေမရိကန္လူဦးေရစာရင္းေကာက္တာက ဘယ္ႏွစ္ႏွစ္တစ္ခါေကာက္တာလဲ?


ေၿဖ ။ ။ (၁ဝ) ႏွစ္တစ္ႀကိမ္ေကာက္တာပါ။ (၂ဝ၁ဝ) ခုႏွစ္တုန္းကတစ္ႀကိမ္ေကာက္တယ္။ ျမန္မာဦးေရနည္းေနေသးတာရယ္၊ ျဖည့္သြင္းခြင့္ရွိသူေတာ္ေတာ္မ်ားမ်ားက “𝐖𝐡𝐚𝐭 𝐢𝐬 𝐭𝐡𝐢𝐬 𝐩𝐞𝐫𝐬𝐨𝐧’𝐬 𝐫𝐚𝐜𝐞?” ဆိုတဲ့ေနရာမွာ 𝐀𝐬𝐢𝐚𝐧 လို႔သာသိေနခဲ့တာပါ။



ေမး ။ ။ အဲဒါဆိုရင္ ဘယ္ေတာ့ေလာက္မွာေကာက္တဲ့ ဘယ္လိုလူဦးေရစာရင္းကို ဘယ္လိုျဖည့္ေပးရမွာတုန္း။ အိမ္တံခါးေခါက္ၿပီးလိုက္ေကာက္တာလား? အ‌မေလး ျမန္မာနိုင္င္ငံတုန္းကဧည့္စာရင္းစစ္သလို ညဘက္ႀကီးလာႏွိုးေနမွဒုကၡ . .။


‌ေၿဖ ။ ။ ဒီနိုင္ငံမွာက ဒီလိုလုပ္လို႔မရပါဘူး။ အိမ္တံခါးလည္းမေခါက္ပါဘူး။ ညဘက္ႀကီးလည္းဝင္မစစ္ပါဘူး။ (၂ဝ၂ဝ) မတ္လလယ္ေလာက္ကစၿပီး အိမ္ေတြဆီကိုလူဦးေရျဖည့္တဲ့ဖိတ္စာေတြစေရာက္ပါမယ္။ ျဖည့္ၿပီးတာနဲ႔ ဧၿပီလ (၁) ရက္ေန႔အတြင္း စာတိုက္ကေနျပန္ပို႔ေပးလိုက္႐ုံပါပဲ။ စာတိုက္မသြားနိုင္ရင္လည္း အြန္လိုင္းကေနျဖည့္လို႔လည္းရတယ္။ တယ္လီဖုန္းဆက္ၿပီးျဖည့္လည္းရတယ္။


ေမး ။ ။ ဒါဆိုရင္ ျမန္မာ/ကရင္၊ ျမန္မာ/ကခ်င္၊ ျမန္မာ/ခ်င္း၊ တ႐ုတ္-ျမန္မာဖြားေတြက်ေတာ့ ဘယ္လိုျဖည့္ရမွာတုန္း?

ေၿဖ ။ ။ ဘာလာလာ 𝐁𝐔𝐑𝐌𝐄𝐒𝐄 ကိုထိပ္မွာထားၿပီးျဖည့္ရင္ရပါတယ္။ 𝐎𝐭𝐡𝐞𝐫 𝐀𝐬𝐢𝐚𝐧 ရဲ့ေအာက္ကအကြက္မွာ 𝐁𝐔𝐑𝐌𝐄𝐒𝐄 လို႔ျဖည့္ေပးရပါမယ္။

ျမန္မာနိုင္ငံကလာတဲ့တိုင္းရင္းသားျဖစ္ရင္လည္း

𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐂𝐇𝐈𝐍,
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐊𝐀𝐘𝐈𝐍,
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐊𝐀𝐂𝐇𝐈𝐍 အျပင္
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐂𝐇𝐈𝐍𝐄𝐒𝐄,
𝐁𝐔𝐑𝐌𝐄𝐒𝐄/𝐈𝐍𝐃𝐈𝐀𝐍 တို႔အထိျဖည့္လို႔ရပါတယ္။



ေမး ။ ။ ဒီနိုင္ငံမွာေက်ာင္းလာတက္သူေတြ၊ အလည္ဗီဆာနဲ႔လာသူေတြ၊ တရားဝင္ကဒ္ျပားမရေသးသူေတြေရာျဖည့္ရမွာလား?


ေၿဖ ။ ။ အေမရိကားကိုတရားဝင္‌ေျပာင္း‌ေရႊ႕လာသူေတြ နဲ႔ ဒီဘက္နိုင္ငံသားခံယူၿပီးသူေတြသာျဖည့္ရပါမယ္။



ေမး ။ ။ ဒီတစ္ေခါက္ျမန္မာေတြညီညြတ္ၿပီး လူဦးေရစာရင္းထဲမွာပါလာရင္သိပ္ေကာင္းတာေပါ့။ သားစဥ္‌ေျမးဆက္ အေမရိကန္အစိုးရကေပးတဲ့အက်ိဳးခံစားခြင့္ကိုျမန္မာေတြမၽွေဝခံစား႐ုံပဲ။ ဒါနဲ႔ ဒီတစ္ေခါက္မေအာင္ျမင္ခဲ့ရင္ ေနာက္တစ္ေခါက္ထပ္ျဖည့္မယ္ေလ။


ေၿဖ ။ ။ ဒီတစ္ေခါက္ ေပးတဲ့အခြင့္အေရးကိုရေအာင္ယူမွျဖစ္မယ္။ အခြင့္အေရးေကာင္းဆိုတာ ကား‌ေတြဂငယ္ေကြ႕ ေကြ႕သလို ျပန္လွည့္လာဖို႔မေသခ်ာဘူး။ ေနာက္တစ္ေခါက္ဆိုတာက သိပ္မေစာင့္ရပါဘူး။ ေနာက္ (၁ဝ) ႏွစ္ပါပဲ။


အေမရိကန္လူဦးေရစာရင္းတြင္ျမန္မာလူမ်ိဳး/𝐁𝐔𝐑𝐌𝐄𝐒𝐄 ပါဝင္ေရး . . . ေအာင္ရမည္ . . ေအာင္ရမည္


အေမရိကန္လူဦးေရစာရင္းတြင္ျမန္မာလူမ်ိဳး/𝐁𝐔𝐑𝐌𝐄𝐒𝐄 ပါဝင္ေရး . . . ေအာင္ရမည္ . . ေအာင္ရမည္


အေမရိကန္လူဦးေရစာရင္းတြင္ျမန္မာလူမ်ိဳး/𝐁𝐔𝐑𝐌𝐄𝐒𝐄 ပါဝင္ေရး . . . ေအာင္ရမည္ . . ေအာင္ရမည္

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
ေခတၱအေမရိကား
𝟎𝟐-𝟐𝟓-𝟐𝟎𝟐𝟎

No comments: