ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
အလုပ်ကို အသစ်ဝင်လာသူတွေထဲမှာ
မြန်မာပါတယ်ဆိုလို့ လေ့လာကြည့်မိတယ်။
.
တစ်နေ့မှာ သူနဲ့စကားပြောနေတဲ့
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မျက်နှာပျက်သွားလို့ နောက်ပိုင်းကျမှ “ စောနက
စကားပြောနေတဲ့သူက မြန်မာမဟုတ်လား .. အလုပ်အသစ်ဝင်လာတာလေ။ စကားပြောနေရင်းနဲ့ ဘာလို့
မျက်နှာက တစ်မျိုးကြီးဖြစ်သွားရတာလဲ ? “ လို့ တိုးတိုးလေး .. မေးကြည့်လိုက်တယ်။
.
“ လူတွေက သူ့အကြောင်းမသိကြလို့၊
ကျွန်မက သူမှန်းသိကတည်းက မျက်နှာချင်းမဆိုင်ချင်တာကို တည့်တည့်ကြီးတိုးလို့
စကားလက်ခံပြောနေရတာ “ လို့ပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်တော်စဉ်းစားတယ်။
လူလူချင်းပဲကွာ ပြီးတော့ မြန်မာတွေ ဆုံတွေ့ရတာပဲ ဘာလို့
စကားကောင်းကောင်းမပြောတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးနေမိပါတော့တယ်။