ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
OPT Optional Practical Training အစီအစဥ္က အေမရိကားမွာေက်ာင္းတက္ေနတဲ႕ေက်ာင္းသားေတြနဲ႕တုိက္ရုိက္သက္ဆုိင္တဲ႕
ယာယီဗီဆာအမ်္ိဳးအစားျဖစ္ပါတယ္။ ေက်ာင္းမျပီးခင္ နဲ႕ ေက်ာင္းျပီးသြားတဲ႕အခါ (၁၂) လအတြက္
အလုပ္လုပ္ခြင္႕ကိုေလွ်ာက္ထားႏိုင္တာမ်ိဳးပါ။
.
ဒီလိုေလွ်ာက္ႏု္ိင္ဖို႕ ေက်ာင္းသားဟာ (၁) ႏွစ္စာ အခ်ိန္ျပည္႕ေက်ာင္းတက္ထားျပီးသားျဖစ္ေနရပါမယ္။ ဒီထရိန္နင္နဲ႕အက်ံဳးဝင္တဲ႕ေက်ာင္းသားဟာ သီတင္း (၁) ပတ္မွာ နာရီ (၂ဝ) ထက္မပိုတဲ႕ အခ်ိန္ပုိင္းအလုပ္ကို ေက်ာင္းဆက္တက္ရင္း လုပ္ႏုိင္ပါတယ္။ ေက်ာင္းတက္စရာမလိုေတာ႕ဘူးဆိုရင္ေတာ႕ အခ်ိန္ျပည္႕ နာရီ (၄ဝ) လုပ္လို႕ရလာမွာျဖစ္ပါတယ္။
.
.
တကယ္လို႕ ေက်ာင္းသားဟာ သိပၸံတြဲလို႕နာမယ္ၾကီးတဲ႕ STEM - Science ၊ Technology ၊ Engineering နဲ႕ Math တို႕ကုိေမဂ်ာယူထားရင္ေတာ႕ (၂၄) လစာအလုပ္လုပ္ခြင္႕ေလွ်ာက္ထားႏုိင္တာ သိရပါတယ္။ ဒါေပမယ္႕ ဒီ STEM ေကာ်င္းသားအတြက္ လိုအပ္ခ်က္က ၾကီးမားပါတယ္။ သူဟာ STEM ေမဂ်ာတစ္ခုခုနဲ႕ဘြဲ႕ရျပီးသားျဖစ္ဖို႕လိုေနတာပါ။
..
ဒီလိုေလွ်ာက္ႏု္ိင္ဖို႕ ေက်ာင္းသားဟာ (၁) ႏွစ္စာ အခ်ိန္ျပည္႕ေက်ာင္းတက္ထားျပီးသားျဖစ္ေနရပါမယ္။ ဒီထရိန္နင္နဲ႕အက်ံဳးဝင္တဲ႕ေက်ာင္းသားဟာ သီတင္း (၁) ပတ္မွာ နာရီ (၂ဝ) ထက္မပိုတဲ႕ အခ်ိန္ပုိင္းအလုပ္ကို ေက်ာင္းဆက္တက္ရင္း လုပ္ႏုိင္ပါတယ္။ ေက်ာင္းတက္စရာမလိုေတာ႕ဘူးဆိုရင္ေတာ႕ အခ်ိန္ျပည္႕ နာရီ (၄ဝ) လုပ္လို႕ရလာမွာျဖစ္ပါတယ္။
.
.
တကယ္လို႕ ေက်ာင္းသားဟာ သိပၸံတြဲလို႕နာမယ္ၾကီးတဲ႕ STEM - Science ၊ Technology ၊ Engineering နဲ႕ Math တို႕ကုိေမဂ်ာယူထားရင္ေတာ႕ (၂၄) လစာအလုပ္လုပ္ခြင္႕ေလွ်ာက္ထားႏုိင္တာ သိရပါတယ္။ ဒါေပမယ္႕ ဒီ STEM ေကာ်င္းသားအတြက္ လိုအပ္ခ်က္က ၾကီးမားပါတယ္။ သူဟာ STEM ေမဂ်ာတစ္ခုခုနဲ႕ဘြဲ႕ရျပီးသားျဖစ္ဖို႕လိုေနတာပါ။
.
OPT ေလွ်ာက္ႏုိင္ဖို႕က ကုိယ္တက္ေနတဲ႕ ေက်ာင္းရဲ႕လမ္းညႊန္မႈနဲ႕သြားရပါတယ္။ ေက်ာင္းကေန ေဖာင္ Form I-20 (Certification of Eligibility for Nonimmigrant Student Status) ကိုျဖည္႕ခုိင္းျပီး အေမရိကန္ လ.ဝ.က မွာေတာ႕ ျပည္တြင္းမွာအလုပ္လုပ္ခြင္႕ Form I-765, Application for Employment Authorization https://www.uscis.gov/system/files_force/files/form/i-765.pdf?download=1 ဆုိတာကုိျဖည္႕သြင္းေပးဖို႕လိုအပ္ပါတယ္။
.
(OPT ျပီးသြားတဲ႕အခါ ရက္ (၆ဝ) အတြင္း တစ္ျခားဗီဆာတစ္ခုကိုေျပာင္းရင္ေျပာင္း၊ မေျပာင္းႏုိင္ရင္ အေမရိကန္ေျမေပၚကေန ထြက္ခြာရမွာျဖစ္ပါတယ္)
.
.
EB-2 and EB-3 Permanent Workers
.
.
ဒီဗီဆာ (၂) မ်ိဳးစလံုးကုိ အရည္အေသြးျမင္႕လုပ္သားဗီဆာလို႕ေျပာလို႕ရပါတယ္။ တူညီတာတစ္ခုက သြင္းရတဲ႕ေဖာင္ဖိုး ေဒၚလာ (၇ဝဝ) ျဖစ္ျပီး မတူတာေတာ႕ ေလွ်ာက္ခြင္႕ရမယ္႕ ပညာအရည္အခ်င္းနဲ႕ ကြ်မ္းက်င္အဆင္႕လုပ္သားအေနအထားပဲျဖစ္ပါတယ္။
.
EB-2: Permanent Workers တစ္ေယာက္အေနနဲ႕ အဆင္႕ျမင္႕ပညာရဲ႕ဒီဂရီတစ္ခုကိုျပႏုိင္ရမယ္လို႕ဆုိပါတယ္။ အဆုိပါေလွ်ာက္ထားသူဟာ Second Preference Employment Based classification လို႕ေခၚတဲ႕ အလုပ္ကြ်မ္းက်င္ေၾကာင္းသက္ေသခံစာရြက္ကုိလည္း တင္ျပႏုိင္ရမွာျဖစ္တဲ႕အျပင္ အဲဒီနယ္ပယ္ထဲမွာ လုပ္သက္ (၅) ႏွစ္ကလည္း ရွိခဲ႕ရဦးမွာျဖစ္ေနပါတယ္။
.
အေပၚကေျပာခဲ႕သလို သက္ေသခံစာရြက္မလိုတဲ႕ေနာက္အေနအထားတစ္ခုက ပညာရွင္အဆင္႕နဲ႕ေလွ်ာက္ထားႏုိင္တာမ်ိဳးပါ။ အေမရိကန္အစိုးရကလိုလားေနတဲ႕ သိပံၸ၊ အႏုပညာ နဲ႕ စီးပြားေရးက႑တို႕မွာ အထူးကြ်မ္းက်င္အဆင္႕နဲ႕ ဒီ EB-2 ဗီဆာကို ရယူႏုိင္တာျဖစ္ပါတယ္။
.
.
EB-3 Permanent Workers မွာေတာ႕ ကြ်မ္းက်င္ျပီးလုပ္သား - Skilled Workers ေရာ မကြ်မ္းက်င္ေသးတဲ႕ Unskilled Worker တုိ႕အျပင္ ပညာရွင္ - Professionals တို႕ ကိုေပးတဲ႕ဗီဆာေတြကုိ ေအာက္မွာအဆင္႕ဆင္႕ခြဲျခားရွင္းျပသြားပါမယ္။
.
.
အနည္းဆံုးလုပ္သက္ (၂) ႏွစ္ရွိျပီး အေမရိကားမွာရွာလို႕မရတဲ႕လုပ္ငန္းကြ်မ္းက်င္သူကုိ Skilled Workers လို႕ သတ္မွတ္ထားျပီး လုပ္သားလက္မွတ္ နဲ႕ အခ်ိန္ပိုင္း (သို႕) အခ်ိန္ျပည္႕အလုပ္ခန္႕စာတုိ႕ကုိ တင္ျပႏုိင္ရပါမယ္။ (Skilled Workers)
.
.
အေမရိကန္ႏုိင္ငံရဲ႕အဆင္႕ျမင္႕ဘြဲ႕နဲ႕ညီတဲ႕ ေဒသခံတုိင္းျပည္ကဘြဲ႕တစ္ခုကုိျပႏုိင္ျပီး အဲဒီဘြဲ႕က ဒီဘက္ႏုိင္ငံမွာ လာလုပ္မယ္႕အလုပ္ရဲ႕အဓိကလုိအပ္ခ်က္ျဖစ္ေနရပါမယ္။ ဒီဘက္က ရွားပါးအလုပ္သမားေတြေနရာမွာလုပ္ႏုိင္တဲ႕အရည္အခ်င္းျဖစ္ေနျပီး ရထားတဲ႕ဘြဲ႕က တရားဝင္ေကာလိပ္ နဲ႕ တကၠသိုလ္တုိ႕မွာ မွတ္တမ္းဝင္ေနဖို႕လိုအပ္ပါတယ္။ (Professionals)
.
.
အရည္အခ်င္းမေတာင္းဆိုတဲ႕ Unskilled Workers ကိုေတာ႕ လုိ-သံုး ငွားရမ္းဖို႕ ယာယီဗီဆာအေနနဲ႕နားလည္ႏုိင္ပါတယ္။ ရာသီအလုိက္လုပ္သားလုိတာမ်ိဳး နဲ႕ အေမရိကားမွာလူရွာရခက္တဲ႕အလုပ္မ်ိဳးမွာသင္႕ေတာ္တဲ႕ေလွ်ာက္ထားသူေတြ ဒီဗီဆာကိုရၾကပါတယ္။ ဒီေနရာမွာ အလုပ္သမားလက္မွတ္နဲ႕ "အခ်ိန္ျပည္႕အလုပ္ခန္႕စာ" ကို မျဖစ္မေနတင္ျပရမယ္လို႕ ပါရွိေနတာက သာမန္လုပ္သားေတြအတြက္ စိမ္ေခၚမႈတစ္ခုျဖစ္ေနတာပါ။ (Unskilled Workers)
.
.
.
ဒီလို အလုပ္ဗီဆာ (၃) ခုကုိျပန္ေပါင္းေျပာရရင္ ေက်ာင္းသားတစ္ေယာက္ဟာ အေမရိကားမွာေက်ာင္းတက္ရင္း ေနထုိင္ခြင္႕ အလုပ္လုပ္ခြင္႕ရခ်င္တယ္ဆုိရင္ OPT ကို အရင္ေလွ်ာက္ထားရမွာပါ။ အဲဒီကေနတစ္ဆင္႕တကယ္႕အလုပ္အကိုင္ေတြရေအာင္ (၁) ႏွစ္အတြင္း ၾကိဳးပမ္းရင္း ေနာက္ပိုင္းမွာ ေက်ာင္းသားကုိ အလုပ္ရွင္ကၾကိဳက္ခဲ႕ရင္၊ စပြန္ဆာေပးသူနဲ႕ေတြ႕ခဲ႕ရင္ EB-2 နဲ႕ EB-3 ဗီဆာဘက္ကိုကူးေျပာင္းႏုိင္တယ္လို႕ အၾကံေပးခ်င္ပါတယ္။
.
ဒီအေၾကာင္းအရာေတြကုိ မဇာျခည္ျမင္႕ေအာင္က ကူညီရွာေဖြေဆြးေႏြးေပးထားပါတယ္။
.
ခင္လ်က္
.
ကိုညီညီ (ေတာင္ၾကီး)
09-27-2018
.
Ref: https://www.uscis.gov/opt
https://my.uscis.gov/exploremyoptions/eb2_permanent_workers
https://my.uscis.gov/exploremyoptions/eb3_permanent_workers
.
.
Unicode Version:
.
.
. "ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ"
OPT Optional Practical Training အစီအစဉ်က အမေရိကားမှာကျောင်းတက်နေတဲ့ကျောင်းသားတွေနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ ယာယီဗီဆာအမျ်ိုးအစားဖြစ်ပါတယ်။ ကျောင်းမပြီးခင် နဲ့ ကျောင်းပြီးသွားတဲ့အခါ (၁၂) လအတွက် အလုပ်လုပ်ခွင့်ကိုလျှောက်ထားနိုင်တာမျိုးပါ။
.
ဒီလိုလျှောက်နု်ိင်ဖို့ ကျောင်းသားဟာ (၁) နှစ်စာ အချိန်ပြည့်ကျောင်းတက်ထားပြီးသားဖြစ်နေရပါမယ်။ ဒီထရိန်နင်နဲ့အကျုံးဝင်တဲ့ကျောင်းသားဟာ သီတင်း (၁) ပတ်မှာ နာရီ (၂ဝ) ထက်မပိုတဲ့ အချိန်ပိုင်းအလုပ်ကို ကျောင်းဆက်တက်ရင်း လုပ်နိုင်ပါတယ်။ ကျောင်းတက်စရာမလိုတော့ဘူးဆိုရင်တော့ အချိန်ပြည့် နာရီ (၄ဝ) လုပ်လို့ရလာမှာဖြစ်ပါတယ်။
.
.
တကယ်လို့ ကျောင်းသားဟာ သိပ္ပံတွဲလို့နာမယ်ကြီးတဲ့ STEM - Science ၊ Technology ၊ Engineering နဲ့ Math တို့ကိုမေဂျာယူထားရင်တော့ (၂၄) လစာအလုပ်လုပ်ခွင့်လျှောက်ထားနိုင်တာ သိရပါတယ်။ ဒါပေမယ့် ဒီ STEM ကောျင်းသားအတွက် လိုအပ်ချက်က ကြီးမားပါတယ်။ သူဟာ STEM မေဂျာတစ်ခုခုနဲ့ဘွဲ့ရပြီးသားဖြစ်ဖို့လိုနေတာပါ။
.
.
OPT လျှောက်နိုင်ဖို့က ကိုယ်တက်နေတဲ့ ကျောင်းရဲ့လမ်းညွှန်မှုနဲ့သွားရပါတယ်။ ကျောင်းကနေ ဖောင် Form I-20 (Certification of Eligibility for Nonimmigrant Student Status) ကိုဖြည့်ခိုင်းပြီး အမေရိကန် လ.ဝ.က မှာတော့ ပြည်တွင်းမှာအလုပ်လုပ်ခွင့် Form I-765, Application for Employment Authorization https://www.uscis.gov/system/files_force/files/form/i-765.pdf?download=1 ဆိုတာကိုဖြည့်သွင်းပေးဖို့လိုအပ်ပါတယ်။
.
(OPT ပြီးသွားတဲ့အခါ ရက် (၆ဝ) အတွင်း တစ်ခြားဗီဆာတစ်ခုကိုပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် အမေရိကန်မြေပေါ်ကနေ ထွက်ခွာရမှာဖြစ်ပါတယ်)
.
.
EB-2 and EB-3 Permanent Workers
.
.
ဒီဗီဆာ (၂) မျိုးစလုံးကို အရည်အသွေးမြင့်လုပ်သားဗီဆာလို့ပြောလို့ရပါတယ်။ တူညီတာတစ်ခုက သွင်းရတဲ့ဖောင်ဖိုး ဒေါ်လာ (ရဝဝ) ဖြစ်ပြီး မတူတာတော့ လျှောက်ခွင့်ရမယ့် ပညာအရည်အချင်းနဲ့ ကျွမ်းကျင်အဆင့်လုပ်သားအနေအထားပဲဖြစ်ပါတယ်။
.
EB-2: Permanent Workers တစ်ယောက်အနေနဲ့ အဆင့်မြင့်ပညာရဲ့ဒီဂရီတစ်ခုကိုပြနိုင်ရမယ်လို့ဆိုပါတယ်။ အဆိုပါလျှောက်ထားသူဟာ Second Preference Employment Based classification လို့ခေါ်တဲ့ အလုပ်ကျွမ်းကျင်ကြောင်းသက်သေခံစာရွက်ကိုလည်း တင်ပြနိုင်ရမှာဖြစ်တဲ့အပြင် အဲဒီနယ်ပယ်ထဲမှာ လုပ်သက် (၅) နှစ်ကလည်း ရှိခဲ့ရဦးမှာဖြစ်နေပါတယ်။
.
အပေါ်ကပြောခဲ့သလို သက်သေခံစာရွက်မလိုတဲ့နောက်အနေအထားတစ်ခုက ပညာရှင်အဆင့်နဲ့လျှောက်ထားနိုင်တာမျိုးပါ။ အမေရိကန်အစိုးရကလိုလားနေတဲ့ သိပ္ပံ၊ အနုပညာ နဲ့ စီးပွားရေးကဏ္ဍတို့မှာ အထူးကျွမ်းကျင်အဆင့်နဲ့ ဒီ EB-2 ဗီဆာကို ရယူနိုင်တာဖြစ်ပါတယ်။
.
.
EB-3 Permanent Workers မှာတော့ ကျွမ်းကျင်ပြီးလုပ်သား - Skilled Workers ရော မကျွမ်းကျင်သေးတဲ့ Unskilled Worker တို့အပြင် ပညာရှင် - Professionals တို့ ကိုပေးတဲ့ဗီဆာတွေကို အောက်မှာအဆင့်ဆင့်ခွဲခြားရှင်းပြသွားပါမယ်။
.
.
အနည်းဆုံးလုပ်သက် (၂) နှစ်ရှိပြီး အမေရိကားမှာရှာလို့မရတဲ့လုပ်ငန်းကျွမ်းကျင်သူကို Skilled Workers လို့ သတ်မှတ်ထားပြီး လုပ်သားလက်မှတ် နဲ့ အချိန်ပိုင်း (သို့) အချိန်ပြည့်အလုပ်ခန့်စာတို့ကို တင်ပြနိုင်ရပါမယ်။ (Skilled Workers)
.
.
အမေရိကန်နိုင်ငံရဲ့အဆင့်မြင့်ဘွဲ့နဲ့ညီတဲ့ ဒေသခံတိုင်းပြည်ကဘွဲ့တစ်ခုကိုပြနိုင်ပြီး အဲဒီဘွဲ့က ဒီဘက်နိုင်ငံမှာ လာလုပ်မယ့်အလုပ်ရဲ့အဓိကလိုအပ်ချက်ဖြစ်နေရပါမယ်။ ဒီဘက်က ရှားပါးအလုပ်သမားတွေနေရာမှာလုပ်နိုင်တဲ့အရည်အချင်းဖြစ်နေပြီး ရထားတဲ့ဘွဲ့က တရားဝင်ကောလိပ် နဲ့ တက္ကသိုလ်တို့မှာ မှတ်တမ်းဝင်နေဖို့လိုအပ်ပါတယ်။ (Professionals)
.
.
အရည်အချင်းမတောင်းဆိုတဲ့ Unskilled Workers ကိုတော့ လို-သုံး ငှားရမ်းဖို့ ယာယီဗီဆာအနေနဲ့နားလည်နိုင်ပါတယ်။ ရာသီအလိုက်လုပ်သားလိုတာမျိုး နဲ့ အမေရိကားမှာလူရှာရခက်တဲ့အလုပ်မျိုးမှာသင့်တော်တဲ့လျှောက်ထားသူတွေ ဒီဗီဆာကိုရကြပါတယ်။ ဒီနေရာမှာ အလုပ်သမားလက်မှတ်နဲ့ "အချိန်ပြည့်အလုပ်ခန့်စာ" ကို မဖြစ်မနေတင်ပြရမယ်လို့ ပါရှိနေတာက သာမန်လုပ်သားတွေအတွက် စိမ်ခေါ်မှုတစ်ခုဖြစ်နေတာပါ။ (Unskilled Workers)
.
.
.
ဒီလို အလုပ်ဗီဆာ (၃) ခုကိုပြန်ပေါင်းပြောရရင် ကျောင်းသားတစ်ယောက်ဟာ အမေရိကားမှာကျောင်းတက်ရင်း နေထိုင်ခွင့် အလုပ်လုပ်ခွင့်ရချင်တယ်ဆိုရင် OPT ကို အရင်လျှောက်ထားရမှာပါ။ အဲဒီကနေတစ်ဆင့်တကယ့်အလုပ်အကိုင်တွေရအောင် (၁) နှစ်အတွင်း ကြိုးပမ်းရင်း နောက်ပိုင်းမှာ ကျောင်းသားကို အလုပ်ရှင်ကကြိုက်ခဲ့ရင်၊ စပွန်ဆာပေးသူနဲ့တွေ့ခဲ့ရင် EB-2 နဲ့ EB-3 ဗီဆာဘက်ကိုကူးပြောင်းနိုင်တယ်လို့ အကြံပေးချင်ပါတယ်။
.
ဒီအကြောင်းအရာတွေကို မဇာခြည်မြင့်အောင်က ကူညီရှာဖွေဆွေးနွေးပေးထားပါတယ်။
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
09-27-2018
.
Ref: https://www.uscis.gov/opt
https://my.uscis.gov/exploremyoptions/eb2_permanent_workers
https://my.uscis.gov/exploremyoptions/eb3_permanent_workers
No comments:
Post a Comment