ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီ်း )
|
.
.
ကျောင်းစ ဖွင့်တာဘယ်နှစ်ရက်မှမရှိသေးဘူး ကျောင်းသားကို
စည်းရုံးတဲ့စာက အိမ်ကိုရောက်လာပြီ။ ကျောင်းသားကို ၂ဝ၁၅ နွေရာသီကျောင်းပိတ်ရက်မှာ တရုတ်နိုင်ငံကို
အလည်အပတ်ခရီးထွက်လို့ရတယ်။ စာသင်ဖို့အစီအစဉ်လည်းပါတယ်။ ဆန်ဖရန်ပင်လယ်အော်ဒေသ အထက်တန်းကျောင်းသားချည်းစုပြီး
ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံတွေ ရှာမှီးသင်ယူဖို့ တစ်ဒေသမှာ တစ်ခုတည်းရှိတဲ့ ဒေသန္တသရရှုခင်းတွေ
စာသင်နှစ်ရဲ့နောက်ဆုံးအချိန်မှာ အလှည့်အပြောင်းခရီးသွားဖို့ နဲ့ ကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်ဖို့
ဖိတ်ကြားတာဖြစ်တယ်လို့ရေးထားတယ်။ မိမိသားသမီးရဲ့ အချက်အလက်တွေအတွက် ကျောင်းသားမိဘ စိတ်မပူရလေအောင်
သူတို့ကုမ္ပဏီရဲ့ လက်တွဲပါတနာဖြစ်တဲ့ The National Research Center for College and
University Admissions ကနေ “ စွမ်း ” ရဲ့ လိပ်စာ ရရှိခဲ့တယ်လို့ ရှင်းပြထားပါတယ်။