ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ဒီဘက္ေျမေပၚမွာ အိမ္လိပ္စာမွမဟုတ္ဘူး . . SSN-Social Security
Number ၊ အျမဲတမ္းေနထုိင္ခြင္႕ကဒ္ျပား - Green Card (ဂဏန္း (၉) လံုးပါတဲ႕ တရားဝင္အေခၚ
A-Number _Alien Registration Number) ၊ က်န္းမာေရးေစာင္႕ေရွာက္မႈကဒ္ျပား-Medical
Care Card/Health Insurance Card ၊ ကားလုိုင္စင္၊ မွတ္ပံုတင္-ID ၊ ဘဏ္ကဒ္၊ အလုပ္ဝင္နံပါတ္တုိ႕ကေန
မိမိရဲ႕လက္ကိုင္ဖုန္းနံပါတ္အထိ လံုျခံဳေအာင္ထိန္းသိမ္းဖို႕အေရးၾကီးပါတယ္။
ေျပာင္းေရႊ႕လာတဲ႕ New Immigrant ဆုိရင္ ဒါေတြပိုနားလည္ဖို႕လိုတယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ဗလာခ်ီၾကီးအေမရိကားမွာ ေနလို႕မရတာ သူတုိ႕ေကာင္းေကာင္းၾကီးသိေနလို႕ျဖစ္ပါတယ္။ ဘာအေထာက္အထားမွမရွိတဲ႕ဘဝကေန မိမိဆီကို ကဒ္ျပားေလးတစ္ခုေရာက္လာတာကအစ စာတိုက္ရဲ႕ပို႕ေဆာင္မႈကုိအားကုိးျပီးေနရတဲ႕အေမရိကားျဖစ္ပါတယ္။
တစ္ရက္ဆိုတစ္ရက္ ကုန္က်စားရိတ္တက္ေနတဲ႕ အလုပ္မရွိတဲ႕ကာလမွာ ဒီသက္ေသခံအေထာက္အထားေတြလက္ထဲေရာက္လာဖို႕ဟာ လူ႕ဘဝရဲ႕ျဖစ္တည္မႈကို အနာဂါတ္ကမၻာမွာပံုေဖာ္ႏုိင္ဖို႕ အေရးပါတဲ႕ေနရာမွာရွိပါတယ္။
တစ္ခုကေန ႏွစ္ခု . . ႏွစ္ခုကေန သံုးခု . . ဒီလိုနဲ႕ဆက္ကာဆက္ကာၾကိဳးစားသြားလိုက္ရင္း ဘဝအသစ္ကုိစရတဲ႕အေမရိကားမွာ ေပးထားတဲ႕အခြင္႕အေရး နဲ႕ ယူတတ္တဲ႕က်င္႕ဝတ္တုိ႕ကုိ မွ်တစြာေနရာမွန္မွန္အသံုးခ်တတ္မွသာ တက္လမ္းတစ္ခုဆီကုိ ဦးတည္သြားႏုိင္မွာျဖစ္ပါတယ္။
ေခါင္းစဥ္ဘက္ကုိျပန္သြားရရင္ အျမဲတမ္းေနထိုင္ခြင္႕ရတဲ႕ LPR-Lawful Permanent Resident တစ္ေယာက္ဟာ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားမွာ အေမရိကန္ႏိုင္ငံသားနဲ႕မျခား သြားလာလႈပ္ရွား ရင္းႏွီးျမွဳပ္ႏွံႏုိင္တယ္။ ဒါေၾကာင္႕ ဒီလိုအသိအမွတ္ျပဳတဲ႕ကဒ္ျပားေတြ၊ အေၾကာင္းၾကားစာေတြ မိမိဆီေရာက္လာဖို႕ အေျခခုိင္တဲ႕ အိမ္လိပ္စာက အင္မတန္အေရးပါတာက အတင္ၾကီးဟန္ေရးလုပ္ေျပာဆုိေနတာမဟုတ္တာကုိ သိေစခ်င္ပါတယ္။ အေၾကာင္းရင္းက အဆုိပါအစိုးရရံုးေတြက မိမိရဲ႕အိမ္လိပ္စာကုိမသိရင္ ဘာစာမွပို႕လို႕မရလို႕ပဲျဖစ္ပါတယ္။
ဒီလိုပါပဲ
. . ေျပာင္းေရႊ႕လာတဲ႕ New Immigrant ဆုိရင္ ဒါေတြပိုနားလည္ဖို႕လိုတယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕ ဗလာခ်ီၾကီးအေမရိကားမွာ ေနလို႕မရတာ သူတုိ႕ေကာင္းေကာင္းၾကီးသိေနလို႕ျဖစ္ပါတယ္။ ဘာအေထာက္အထားမွမရွိတဲ႕ဘဝကေန မိမိဆီကို ကဒ္ျပားေလးတစ္ခုေရာက္လာတာကအစ စာတိုက္ရဲ႕ပို႕ေဆာင္မႈကုိအားကုိးျပီးေနရတဲ႕အေမရိကားျဖစ္ပါတယ္။
တစ္ရက္ဆိုတစ္ရက္ ကုန္က်စားရိတ္တက္ေနတဲ႕ အလုပ္မရွိတဲ႕ကာလမွာ ဒီသက္ေသခံအေထာက္အထားေတြလက္ထဲေရာက္လာဖို႕ဟာ လူ႕ဘဝရဲ႕ျဖစ္တည္မႈကို အနာဂါတ္ကမၻာမွာပံုေဖာ္ႏုိင္ဖို႕ အေရးပါတဲ႕ေနရာမွာရွိပါတယ္။
တစ္ခုကေန ႏွစ္ခု . . ႏွစ္ခုကေန သံုးခု . . ဒီလိုနဲ႕ဆက္ကာဆက္ကာၾကိဳးစားသြားလိုက္ရင္း ဘဝအသစ္ကုိစရတဲ႕အေမရိကားမွာ ေပးထားတဲ႕အခြင္႕အေရး နဲ႕ ယူတတ္တဲ႕က်င္႕ဝတ္တုိ႕ကုိ မွ်တစြာေနရာမွန္မွန္အသံုးခ်တတ္မွသာ တက္လမ္းတစ္ခုဆီကုိ ဦးတည္သြားႏုိင္မွာျဖစ္ပါတယ္။
ေခါင္းစဥ္ဘက္ကုိျပန္သြားရရင္ အျမဲတမ္းေနထိုင္ခြင္႕ရတဲ႕ LPR-Lawful Permanent Resident တစ္ေယာက္ဟာ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားမွာ အေမရိကန္ႏိုင္ငံသားနဲ႕မျခား သြားလာလႈပ္ရွား ရင္းႏွီးျမွဳပ္ႏွံႏုိင္တယ္။ ဒါေၾကာင္႕ ဒီလိုအသိအမွတ္ျပဳတဲ႕ကဒ္ျပားေတြ၊ အေၾကာင္းၾကားစာေတြ မိမိဆီေရာက္လာဖို႕ အေျခခုိင္တဲ႕ အိမ္လိပ္စာက အင္မတန္အေရးပါတာက အတင္ၾကီးဟန္ေရးလုပ္ေျပာဆုိေနတာမဟုတ္တာကုိ သိေစခ်င္ပါတယ္။ အေၾကာင္းရင္းက အဆုိပါအစိုးရရံုးေတြက မိမိရဲ႕အိမ္လိပ္စာကုိမသိရင္ ဘာစာမွပို႕လို႕မရလို႕ပဲျဖစ္ပါတယ္။
ဆုိရွယ္ရံုးမွာ SSN ရဲ႕ ေနာက္ဆံုးနံပါတ္ (၄) လံုး၊
ဘဏ္မွာ ဘဏ္ကဒ္ေနာက္ေက်ာက လံုျခံဳေရးကုဒ္နံပါတ္ (၃) လံုး
(CSC-Card Security Code OR
CVV-Card Verification Value)
ကညနရံုး နဲ႕ အစုိးရရံုးေတြမွာမွတ္ပံုတင္-ID (သုိ႕) လုိင္စင္
ေဆးရံုေဆးခန္းေတြမွာ က်န္းမာေရးကဒ္တုိ႕ရဲ႕နံပါတ္ေတြကအစ
သြားစိုက္ဆိုင္မွာစာရင္းသြင္းတာေတာင္ မိမိရဲ႕ဖုန္းနံပါတ္သံုးစြဲရျခင္း စတဲ႕
နံပါတ္ေတြနဲ႕ေထြလာရႈတ္ေထြးျပီး ကိန္းဂဏန္းေတြနဲ႕ကိစၥမ်ားေျမာင္လွတဲ႕ အေမရိကားဆိုတာသိေစခ်င္ပါတယ္။
ဒါေၾကာင္႕ မိမိရဲ႕ဘယ္နံပါတ္မဆိုသူ႕ေနရာနဲ႕သူ အသံုးဝင္တယ္။ မေကာင္းတဲ႕ဘက္ကေနလွည္႕ေျပာရရင္ မိမိနံပါတ္ကိုယူသြားသူဟာ အိမ္သာစကၠဴဝယ္တာကေန ဘဏ္စာရင္းတစ္ခုလံုးအေျပာင္လွဲက်င္းသြားတဲ႕အထိ လုပ္ႏုိင္တယ္။ နည္းပညာနဲ႕မနက္မ်က္ႏွာသစ္တဲ႕ကမၻာၾကီးဟာ လက္ဖဝါးေပၚကုိသိန္းသန္းမကကိန္းဂဏန္းေတြျဖတ္သန္းေရာက္ရွိလာတဲ႕အထိက်ံဳ႕လာျပီး အိုမင္းမစြမ္းျဖစ္လာေနတာကုိ သတိထားေစခ်င္ပါတယ္။
အက်ိဳးသက္ေရာက္မႈအေနနဲ႕ ဒီဘက္ေျမမွာ ဘယ္သူတစ္ဦးတစ္ေယာက္မွ ကိန္းဂဏန္းနဲ႕ပတ္သက္တာ ဘာတစ္ခုမွမေျပာခ်င္ပါ။ သူတစ္ပါးမွတ္မိသြားမယ္႕သက္ေသသာဓကဘာတစ္ခုမွမခ်န္ထားရစ္ခ်င္ပါ။ ဒီလိုျဖစ္ေအာင္ မိတ္ေဆြအခ်င္းခ်င္းအတင္းလုပ္ေနၾကတာ မဟုတ္ပါ။ တစိမ္းဆန္ျပီးရန္သူစိတ္ေမြးေနၾကတာမဟုတ္ပါ။ "ဘယ္သူ႕ကုိမွမယံုႏုိင္ျခင္း-Insecurity" ေၾကာင္႕ ေရာမေရာက္ရင္ ေရာမလိုက်င္႕ေနၾကတာသာျဖစ္ပါတယ္။
အခုစာဖတ္ေနတဲ႕ Facebooker မိတ္ေဆြေတြေရာ ေျပာျပၾကပါဦး . . မိမိေနတဲ႕ကမၻာက ဘယ္ေလာက္လံုျခံဳေနျပီလဲ?
ဘယ္သူ႕ေတြကုိ မိမိရဲ႕တစ္ကုိယ္ေရကိန္းဂဏန္းေတြကုိ မွ်ေဝျဖစ္သလဲ?
မိမိရဲ႕လ်ိဳ႕ဝွက္နံပါတ္ကိုဘယ္သူနဲ႕အတူတူသံုးစြဲပါသလဲ? လို႕ . . ။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
01-08-2019
"နံပါတ်တွေအရေးကြီးတဲ့နိုင်ငံ"
ဒီဘက်မြေပေါ်မှာ
အိမ်လိပ်စာမှမဟုတ်ဘူး . . SSN-Social Security
Number ၊ အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား - Green Card (ဂဏန်း (၉) လုံးပါတဲ့ တရားဝင်အခေါ်
A-Number _Alien Registration Number) ၊ ကျန်းမာရေးစောင့်ရှောက်မှုကဒ်ပြား-Medical Care Card/Health Insurance Card ၊ ကားလိုုင်စင်၊
မှတ်ပုံတင်-ID ၊ ဘဏ်ကဒ်၊ အလုပ်ဝင်နံပါတ်တို့ကနေ
မိမိရဲ့လက်ကိုင်ဖုန်းနံပါတ်အထိ လုံခြုံအောင်ထိန်းသိမ်းဖို့အရေးကြီးပါတယ်။
ပြောင်းရွှေ့လာတဲ့ New Immigrant ဆိုရင် ဒါတွေပိုနားလည်ဖို့လိုတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဗလာချီကြီးအမေရိကားမှာ နေလို့မရတာ သူတို့ကောင်းကောင်းကြီးသိနေလို့ဖြစ်ပါတယ်။
ဘာအထောက်အထားမှမရှိတဲ့ဘဝကနေ မိမိဆီကို ကဒ်ပြားလေးတစ်ခုရောက်လာတာကအစ
စာတိုက်ရဲ့ပို့ဆောင်မှုကိုအားကိုးပြီးနေရတဲ့အမေရိကားဖြစ်ပါတယ်။
တစ်ရက်ဆိုတစ်ရက် ကုန်ကျစားရိတ်တက်နေတဲ့ အလုပ်မရှိတဲ့ကာလမှာ ဒီသက်သေခံအထောက်အထားတွေလက်ထဲရောက်လာဖို့ဟာ
လူ့ဘဝရဲ့ဖြစ်တည်မှုကို အနာဂါတ်ကမ္ဘာမှာပုံဖော်နိုင်ဖို့ အရေးပါတဲ့နေရာမှာရှိပါတယ်။
တစ်ခုကနေ နှစ်ခု
. . နှစ်ခုကနေ သုံးခု . . ဒီလိုနဲ့ဆက်ကာဆက်ကာကြိုးစားသွားလိုက်ရင်း
ဘဝအသစ်ကိုစရတဲ့အမေရိကားမှာ ပေးထားတဲ့အခွင့်အရေး နဲ့ ယူတတ်တဲ့ကျင့်ဝတ်တို့ကို
မျှတစွာနေရာမှန်မှန်အသုံးချတတ်မှသာ တက်လမ်းတစ်ခုဆီကို ဦးတည်သွားနိုင်မှာဖြစ်ပါတယ်။
ခေါင်းစဉ်ဘက်ကိုပြန်သွားရရင် အမြဲတမ်းနေထိုင်ခွင့်ရတဲ့
LPR-Lawful Permanent Resident တစ်ယောက်ဟာ ကိစ္စရပ်တော်တော်များများမှာ အမေရိကန်နိုင်ငံသားနဲ့မခြား သွားလာလှုပ်ရှား ရင်းနှီးမြှုပ်နှံနိုင်တယ်။ ဒါကြောင့် ဒီလိုအသိအမှတ်ပြုတဲ့ကဒ်ပြားတွေ၊
အကြောင်းကြားစာတွေ မိမိဆီရောက်လာဖို့ အခြေခိုင်တဲ့ အိမ်လိပ်စာက အင်မတန်အရေးပါတာက အတင်ကြီးဟန်ရေးလုပ်ပြောဆိုနေတာမဟုတ်တာကို
သိစေချင်ပါတယ်။ အကြောင်းရင်းက အဆိုပါအစိုးရရုံးတွေက မိမိရဲ့အိမ်လိပ်စာကိုမသိရင် ဘာစာမှပို့လို့မရလို့ပဲဖြစ်ပါတယ်။
ဒီလိုပါပဲ . .
ဆိုရှယ်ရုံးမှာ
SSN ရဲ့ နောက်ဆုံးနံပါတ် (၄) လုံး၊
ဘဏ်မှာ ဘဏ်ကဒ်နောက်ကျောက လုံခြုံရေးကုဒ်နံပါတ်
(၃) လုံး
(CSC-Card Security Code OR
CVV-Card Verification Value)
ကညနရုံး နဲ့ အစိုးရရုံးတွေမှာမှတ်ပုံတင်-ID (သို့) လိုင်စင်
ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးကဒ်တို့ရဲ့နံပါတ်တွေကအစ
သွားစိုက်ဆိုင်မှာစာရင်းသွင်းတာတောင် မိမိရဲ့ဖုန်းနံပါတ်သုံးစွဲရခြင်း
စတဲ့
နံပါတ်တွေနဲ့ထွေလာရှုတ်ထွေးပြီး ကိန်းဂဏန်းတွေနဲ့ကိစ္စများမြောင်လှတဲ့ အမေရိကားဆိုတာသိစေချင်ပါတယ်။
ဒါကြောင့် မိမိရဲ့ဘယ်နံပါတ်မဆိုသူ့နေရာနဲ့သူ
အသုံးဝင်တယ်။ မကောင်းတဲ့ဘက်ကနေလှည့်ပြောရရင် မိမိနံပါတ်ကိုယူသွားသူဟာ
အိမ်သာစက္ကူဝယ်တာကနေ ဘဏ်စာရင်းတစ်ခုလုံးအပြောင်လှဲကျင်းသွားတဲ့အထိ လုပ်နိုင်တယ်။ နည်းပညာနဲ့မနက်မျက်နှာသစ်တဲ့ကမ္ဘာကြီးဟာ လက်ဖဝါးပေါ်ကိုသိန်းသန်းမကကိန်းဂဏန်းတွေဖြတ်သန်းရောက်ရှိလာတဲ့အထိကျုံ့လာပြီး အိုမင်းမစွမ်းဖြစ်လာနေတာကို သတိထားစေချင်ပါတယ်။
အကျိုးသက်ရောက်မှုအနေနဲ့
ဒီဘက်မြေမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ ကိန်းဂဏန်းနဲ့ပတ်သက်တာ ဘာတစ်ခုမှမပြောချင်ပါ။ သူတစ်ပါးမှတ်မိသွားမယ့်သက်သေသာဓကဘာတစ်ခုမှမချန်ထားရစ်ချင်ပါ။ ဒီလိုဖြစ်အောင် မိတ်ဆွေအချင်းချင်းအတင်းလုပ်နေကြတာ
မဟုတ်ပါ။ တစိမ်းဆန်ပြီးရန်သူစိတ်မွေးနေကြတာမဟုတ်ပါ။ "ဘယ်သူ့ကိုမှမယုံနိုင်ခြင်း-Insecurity" ကြောင့် ရောမရောက်ရင် ရောမလိုကျင့်နေကြတာသာဖြစ်ပါတယ်။
အခုစာဖတ်နေတဲ့ Facebooker မိတ်ဆွေတွေရော ပြောပြကြပါဦး
. . မိမိနေတဲ့ကမ္ဘာက ဘယ်လောက်လုံခြုံနေပြီလဲ?
ဘယ်သူ့တွေကို မိမိရဲ့တစ်ကိုယ်ရေကိန်းဂဏန်းတွေကို မျှဝေဖြစ်သလဲ?
မိမိရဲ့လျို့ဝှက်နံပါတ်ကိုဘယ်သူနဲ့အတူတူသုံးစွဲပါသလဲ?
လို့ . . ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
01-08-2019
No comments:
Post a Comment