ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, July 26, 2017

အမွန္တကယ္ အေမရိကန္ဒုကၡသည္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

. အေမရိကန္အစုိးရမွာ USRAP - U.S. Refugee Admissions Program ဆိုတာရွိတယ္။ ဒီေနရာက ဒုကၡသည္အျဖစ္ေျပာင္းေရႊ႕လာသူေတြကုိ ကိုင္တြယ္တဲ႕႒ ာနျဖစ္တယ္။ အထူးသျဖင္႕ တရားဝင္ေပၚလစီေတြကို www.state.gov အစုိးရစာမ်က္ႏွာမွာ ဆက္စပ္္ရွာေဖြဖတ္ရႈလုိ႕ရပါတယ္။
.
. ကမၻာအရပ္ရပ္က ဒုကၡသည္ေတြကုိ အေမရိကန္အစုိးရက ႏွစ္စဥ္ႏွစ္တိုင္း လက္ခံေပးေနတာဟာ တစ္ကမၻာလံုးပမာဏရဲ႕ (၃) ပံု (၁) ပံု ရွိျပီး အေရအတြက္အမ်ားဆံုးလက္ခံတဲ႕တုိင္းျပည္ျဖစ္ပါတယ္။
အစုိးရရဲ႕ အမိေျမလံုျခံဳေရး (နယ္စပ္ကာကြယ္ေရး) – Department of Homeland Security (DHS)
ႏိုင္ငံသားျဖစ္မႈႏွင္႕ျပည္ဝင္ခြင္႕လုပ္ငန္း႒ာန (လဝက) - U.S. Citizenship and Immigration Services (USCIS)
က်န္းမာေရးႏွင္႕လူသားကူညီမႈ - (က်န္းမာေရး) - Department of Health and Human Services (HHS) နဲ႕
ဒုကၡသည္ျပန္လည္ထူေထာင္ေရး (ျပန္လည္္ေနရာခ်ထားေရး) - Office of Refugee Resettlement (ORR) တို႕စုေပါင္းျပီး USRAP ကို ေမာင္းႏွင္စီရင္ပါတယ္။
.
.
. ကမၻာေပၚမွာ လူသားခ်င္းစာနာတဲ႕ကူညီမႈေတြလုပ္ေပးေနတဲ႕ ကုလသမဂၢဒုကၡသည္မ်ားဆုိင္ရာမဟာမင္းၾကီးရံုး - The United Nations High Commissioner for Refugees (UNHCR) က တစ္ကမၻာလံုးရဲ႕ဒုကၡသည္အေရးကို ေဆာင္ရြက္ပါတယ္။ အေသးစိတ္ကုိ UNHCR ရဲ႕ စာမ်က္ႏွာ (၄၂၈) မ်က္ႏွာရွိတဲ႕ ဒုကၡသည္အေရးဆိုင္ရာျပည္လည္ေနရာခ်ထားေရးလက္စြဲစာအုပ္ကုိ အြန္လုိင္းလင္႕ - http://www.unhcr.org/4a2ccf4c6.html ကေနဆြဲခ်ျပီး ဖတ္ရႈေလ႕လာႏုိင္ပါတယ္။
.
. အဲဒီအဖြဲ႕ကေန စစ္ေဆးအျပီး ကမၻာ႕တတိယႏုိင္ငံတစ္ခုခုကုိ ေျပာင္းေရႊ႕ခုိလံႈသင္႕တယ္လုိ႕စာရင္းခြဲေပးတဲ႕အခါက်မွ နာမယ္ၾကီးအေမရိကန္ကုိျပည္ဝင္ခြင္႕ရေစဖို႕ ခိုလံႈခြင္႕တစ္မ်ိဳးမ်ိဳး - Asylum ဆုိတာကို ေလ်ွာက္ထားရတာမ်ိဳးဆုိတာေတြ႕ ျဖစ္လာတယ္။ ဒီႏိုင္ငံထဲကုိေျခကြ်ံလက္ကြ်ံေရာက္ေနျပီးသူမ်ားက UNHCR နဲ႕ မဆိုင္ေတာ႕ပါ။ အေမရိကန္အစိုးရရဲ႕ရံုးေတြမွာ ခ်မွတ္ထားတဲ႕စည္းစံနစ္အတိုင္းေလွ်ာက္ထားရတယ္ဆိုတာ ေလ႕လာသိရွိရပါတယ္။
.
. UNHCR ရဲ႕ (၁၉၅၁) ကြန္ဗင္းရွင္းအရ ဒုကၡသည္ - Refugees ကုိ
A refugee is any person who “owing to well-founded fear of being persecuted for reasons of race, religion, nationality, membership of a particular social group or political opinion, is outside the country of his nationality and is unable, or owing to such fear, is unwilling to avail himself of the protection of that country; or who, not having a nationality and being outside the country of his former habitual residence as a result of such events, is unable or, owing to such fear, is unwilling to return to it”. (Page.18 ) လို႕ အဓိပၸာယ္ဖြင္႕ပါတယ္။


.
.
. စကားေျပနဲ႕အတုိခ်ံဴးျပီးျပန္ဆုိရရင္ အေၾကာက္တရားလႊမ္းမိုးျပီး မိခင္ႏိုင္ငံကိုျပန္လည္ကူးေျပာင္းေနထုိင္ဖုိ႕မျဖစ္ႏုိင္ေတာ႕တဲ႕ (အေျခအေနအမ်ိဳးမ်ိဳးရွိ) တိုင္းျပည္ျပင္ပေရာက္ႏိုင္ငံသားကုိ ဒုကၡသည္ - Refugee လို႕ေခၚပါတယ္။
.
. အေမရိကန္အစိုးရအတြက္ လူတစ္ဦးတစ္ေယာက္ဟာ ဒုကၡသည္အျဖစ္အဆင္႕မီတယ္/မမီဘူးဆိုတာကို အမိေျမလံုျခံဳေရး႒ာန - DHS က ပင္တုိင္ဆံုးျဖတ္ပါတယ္။ ဒီအတြက္ Protected Grounds အဆင္႕ (၅) ဆင္႕ခြဲျပီး ေဖာ္ျပထားတာက ဒီလိုပါ။
.
၁) – Religion (ကိုးကြယ္တဲ႕ဘာသာ)
၂) – Political Opinion (ႏိုင္ငံေရးအယူအဆ)
၃) – Race (လူမ်ိဳး)
၄) – Nationality (ႏိုင္ငံသား)
၅) – Membership in a Particular Social Group (လူမႈအဖြဲ႕အစည္းတစ္ခု၏အဖြဲ႕ဝင္) ဆုိတာေတြ ျဖစ္ပါတယ္။
.
.
. ဒီေနရာမွာ လူတစ္ေယာက္ခ်င္းစီကို အမႈတစ္ခုစီ - Case by Case အေနနဲ႕ ကိုင္တြယ္ပါတယ္။ စံသတ္မွတ္ထားတဲ႕ ပုဂၢိဳလ္ေရးရာအရည္အခ်င္း - Profile ဆုိတာ မရွိပါဘူး။ မပါမျဖစ္အခ်က္ကေတာ႕ ထုိသူတစ္ဦးတစ္ေယာက္က သူထြက္လာတဲ႕ႏိုင္ငံကုိျပန္လို႕မရေလာက္ေအာင္ အေၾကာက္တရားၾကီးမားစြာ စုိးရိမ္ထိတ္လန္႕ေနျပီး အနာဂါတ္မွာ ျပည္ေတာ္ျပန္ဝင္ဖို႕ ဘယ္လိုမွမျဖစ္ႏုိင္တာကို သိထားေစခ်င္ပါတယ္။
.
. အင္မတန္ အသည္းအသန္ - Most Vulnerable ျဖစ္တဲ႕ အမႈတြဲေတြမွာ
အမ်ိဳးသမီးဦးေဆာင္တဲ႕အိမ္ေထာင္စု(မ်ား) - Female-Headed Households
ညွဥ္းပမ္းႏွိပ္စက္ျခင္းနဲ႕အၾကမ္းဖက္ျခင္းခံရတဲ႕ကာယကံရွင္(မ်ား) - Victims of Torture or Violence
လူနည္းစုသာသာေရးပုဂၢိဳလ္(မ်ား) – Religious Minorities
လိင္တူႏွစ္သက္သူဒုကၡသည္(မ်ား) - LGBT Refugees
လာခဲ႕တဲ႕ႏိုင္ငံမွာမရႏိုင္တဲ႕က်န္းမာေရးေစာင္႕ေရွာက္မႈလိုအပ္သူ(မ်ား) - People Who Need Medical Care that They Cannot Receive in Their Country of Origin ေတြကုိေရးျပထားတာ ေတြ႕ရျပန္တယ္။
.
.
. တကယ္ေတာ႕ UNHCR ကေန အေမရိကားကိုခ်ေပးခဲ႕ခြဲတမ္းအရ ဒီႏိုင္ငံကလက္ခံလုိက္လို႕ေရာက္လာတဲ႕ဒုကၡသည္ေတြက အေရအတြက္အင္မတန္နည္းပါးတယ္။ အမ်ားစုက အေစာပုိင္းကေျပာထားသလို ဒီေျမ၊ ဒီေရ၊ ဒီေလပိုင္နက္ထဲကုိ နည္းလမ္းအမ်ိဳးမ်ိဳးသံုးျပီး “ ေရာက္ႏွင္႕ထားသူမ်ား ” က မျပန္ပဲေလွ်ာက္ထားၾကသူေတြျဖစ္ၾကတယ္။
.
. ဘယ္သူမဆို အမႈတြဲက USRAP ပရုိဂရမ္မွာ စာရင္းေပါက္ျပီဆိုရင္ ျဖဴျဖဴမည္းမည္း ၾကီးၾကီးေသးေသး ဆင္းရဲခ်မ္းသာ အကုန္လံုးကို တစ္ေျပးညီကုိင္တြယ္ပါတယ္။ အဓိက အေမရိကန္ျပည္တြင္းကဝန္ထမ္းေတြေဆာင္ရြက္ၾကျပီး အေမရိကန္ျပင္ပမွာ ႒ာနခြဲ - Resettlement Support Center (RSC) စင္တာ (၉) ခု ထားရွိတယ္လုိ႕ ရွင္းျပထားပါတယ္။ ျမန္မာႏုိင္ငံနဲ႕နီးတာကေတာ႕ ဘန္ေကာက္ နဲ႕ မေလးရွားတို႕မွာတြဲဖြင္႕တဲ႕ Bangkok, Thailand with a sub-office in Kuala Lumpur, Malaysia ရံုးရွိပါတယ္။
.
.
. RSC ရံုးဝန္ထမ္းဟာ ဒုကၡသည္ေလွ်ာက္ထားသူတစ္ေယာက္ကုိ
က) ပထမဦးဆံုး လူေတြ႕စစ္ေဆးပါတယ္ (တစ္ဦးတစ္ေယာက္မွ မိသားစုအားလံုး) - Interview the Refugee and His or Her Family
ခ) ဓါတ္ပံုရိုက္ယူပါတယ္ - Take Photos
ဂ) ေဖာင္ပါအခ်က္အလက္ေတြကုိစစ္ပါတယ္ - Check the Facts in the File
ဃ) လံုျခံဳေရးနဲ႕ဆိုင္တဲ႕ေနာက္ေၾကာင္းကင္းရွင္းတယ္ဆုိတာ စစ္ပါတယ္ - Collect Initial Information to Begin the Security Clearance Process
င) ကုိယ္ေရးရာဇဝင္ကုိ ေမးျမန္းစုေဆာင္းပါတယ္ - Collect other Biographic Information စတာေတြလုပ္ျပီးရင္ေတာ႕ အမိေျမလံုျခံဳေရးအရာရွိကုိအင္တာဗ်ဴးဝင္ဖုိ႕ ရင္ခုန္ႏိုင္ပါျပီ။
.
. အခုေဆာင္းပါးဟာက အေမရိကန္အစုိးရရဲ႕တရားဝင္ဝဘ္ဆိုဒ္ https://www.state.gov/j/prm/releases/factsheets/2017/266447.htm ကေန ထုိက္သင္႕သလို ျမန္မာေတြနားလည္ေအာင္ရွင္းျပျပန္ဆုိေပးထားတာသာျဖစ္ျပီး ကိုယ္ေတြ႕အျဖစ္အပ်က္မဟုတ္ပါ။
.
.
. အျခားတစ္ဖက္မွာလည္း ဒီႏိုင္ငံကုိ ဒုကၡသည္အျဖစ္ခံယူျပီးႏို္င္ငံသားခံယူထားသူေတြက ေနာက္ပုိင္းကသိခ်င္တဲ႕သူေတြကုိ ျပန္ရွင္းျပထားတာ သိပ္မဖတ္ရတဲ႕အတြက္ အင္တာနက္မွာေမးခြန္းေတြ မတရားမ်ားလာတာကို ကုိယ္သိသေလာက္ ျပန္လည္ဝင္ကူ/ဝင္ေရး/ဝင္ရွင္းျပျခင္းသာ ျဖစ္ပါတယ္။ တစ္ကယ္လို႕ တကယ္ၾကံဳဖူးသူေတြေျပာျပတာကိုနားေထာင္ဖတ္ရႈရရင္ေတာ႕ ပုိမုိေထာင္႕ေစ႕ ျပည္႕စံုျပီး ရုပ္လံုးၾကြအသက္ဝင္လာႏုိင္မယ္ဆုိတာကုိ ေျပာၾကားလုိပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 07-26-2017
.
.
Unicode Version:
.
.
. “ အမှန်တကယ် အမေရိကန်ဒုက္ခသည် ”
. အမေရိကန်အစိုးရမှာ USRAP - U.S. Refugee Admissions Program ဆိုတာရှိတယ်။ ဒီနေရာက ဒုက္ခသည်အဖြစ်ပြောင်းရွှေ့လာသူတွေကို ကိုင်တွယ်တဲ့ဋ္ဌ ာနဖြစ်တယ်။ အထူးသဖြင့် တရားဝင်ပေါ်လစီတွေကို www.state.gov အစိုးရစာမျက်နှာမှာ ဆက်စပ််ရှာဖွေဖတ်ရှုလို့ရပါတယ်။
.
. ကမ္ဘာအရပ်ရပ်က ဒုက္ခသည်တွေကို အမေရိကန်အစိုးရက နှစ်စဉ်နှစ်တိုင်း လက်ခံပေးနေတာဟာ တစ်ကမ္ဘာလုံးပမာဏရဲ့ (၃) ပုံ (၁) ပုံ ရှိပြီး အရေအတွက်အများဆုံးလက်ခံတဲ့တိုင်းပြည်ဖြစ်ပါတယ်။
အစိုးရရဲ့ အမိမြေလုံခြုံရေး (နယ်စပ်ကာကွယ်ရေး) – Department of Homeland Security (DHS)
နိုင်ငံသားဖြစ်မှုနှင့်ပြည်ဝင်ခွင့်လုပ်ငန်းဋ္ဌာန (လဝက) - U.S. Citizenship and Immigration Services (USCIS)
ကျန်းမာရေးနှင့်လူသားကူညီမှု - (ကျန်းမာရေး) - Department of Health and Human Services (HHS) နဲ့
ဒုက္ခသည်ပြန်လည်ထူထောင်ရေး (ပြန်လည််နေရာချထားရေး) - Office of Refugee Resettlement (ORR) တို့စုပေါင်းပြီး USRAP ကို မောင်းနှင်စီရင်ပါတယ်။
.
.
. ကမ္ဘာပေါ်မှာ လူသားချင်းစာနာတဲ့ကူညီမှုတွေလုပ်ပေးနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး - The United Nations High Commissioner for Refugees (UNHCR) က တစ်ကမ္ဘာလုံးရဲ့ဒုက္ခသည်အရေးကို ဆောင်ရွက်ပါတယ်။ အသေးစိတ်ကို UNHCR ရဲ့ စာမျက်နှာ (၄၂၈) မျက်နှာရှိတဲ့ ဒုက္ခသည်အရေးဆိုင်ရာပြည်လည်နေရာချထားရေးလက်စွဲစာအုပ်ကို အွန်လိုင်းလင့် - http://www.unhcr.org/4a2ccf4c6.html ကနေဆွဲချပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။
.
. အဲဒီအဖွဲ့ကနေ စစ်ဆေးအပြီး ကမ္ဘာ့တတိယနိုင်ငံတစ်ခုခုကို ပြောင်းရွှေ့ခိုလှုံသင့်တယ်လို့စာရင်းခွဲပေးတဲ့အခါကျမှ နာမယ်ကြီးအမေရိကန်ကိုပြည်ဝင်ခွင့်ရစေဖို့ ခိုလှုံခွင့်တစ်မျိုးမျိုး - Asylum ဆိုတာကို လျှောက်ထားရတာမျိုးဆိုတာတွေ့ ဖြစ်လာတယ်။ ဒီနိုင်ငံထဲကိုခြေကျွံလက်ကျွံရောက်နေပြီးသူများက UNHCR နဲ့ မဆိုင်တော့ပါ။ အမေရိကန်အစိုးရရဲ့ရုံးတွေမှာ ချမှတ်ထားတဲ့စည်းစံနစ်အတိုင်းလျှောက်ထားရတယ်ဆိုတာ လေ့လာသိရှိရပါတယ်။
.
. UNHCR ရဲ့ (၁၉၅၁) ကွန်ဗင်းရှင်းအရ ဒုက္ခသည် - Refugees ကို
A refugee is any person who “owing to well-founded fear of being persecuted for reasons of race, religion, nationality, membership of a particular social group or political opinion, is outside the country of his nationality and is unable, or owing to such fear, is unwilling to avail himself of the protection of that country; or who, not having a nationality and being outside the country of his former habitual residence as a result of such events, is unable or, owing to such fear, is unwilling to return to it”. (Page.18 ) လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။
.
.
. စကားပြေနဲ့အတိုချံူးပြီးပြန်ဆိုရရင် အကြောက်တရားလွှမ်းမိုးပြီး မိခင်နိုင်ငံကိုပြန်လည်ကူးပြောင်းနေထိုင်ဖို့မဖြစ်နိုင်တော့တဲ့ (အခြေအနေအမျိုးမျိုးရှိ) တိုင်းပြည်ပြင်ပရောက်နိုင်ငံသားကို ဒုက္ခသည် - Refugee လို့ခေါ်ပါတယ်။
.
. အမေရိကန်အစိုးရအတွက် လူတစ်ဦးတစ်ယောက်ဟာ ဒုက္ခသည်အဖြစ်အဆင့်မီတယ်/မမီဘူးဆိုတာကို အမိမြေလုံခြုံရေးဋ္ဌာန - DHS က ပင်တိုင်ဆုံးဖြတ်ပါတယ်။ ဒီအတွက် Protected Grounds အဆင့် (၅) ဆင့်ခွဲပြီး ဖော်ပြထားတာက ဒီလိုပါ။
.
၁) – Religion (ကိုးကွယ်တဲ့ဘာသာ)
၂) – Political Opinion (နိုင်ငံရေးအယူအဆ)
၃) – Race (လူမျိုး)
၄) – Nationality (နိုင်ငံသား)
၅) – Membership in a Particular Social Group (လူမှုအဖွဲ့အစည်းတစ်ခု၏အဖွဲ့ဝင်) ဆိုတာတွေ ဖြစ်ပါတယ်။
.
.
. ဒီနေရာမှာ လူတစ်ယောက်ချင်းစီကို အမှုတစ်ခုစီ - Case by Case အနေနဲ့ ကိုင်တွယ်ပါတယ်။ စံသတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရေးရာအရည်အချင်း - Profile ဆိုတာ မရှိပါဘူး။ မပါမဖြစ်အချက်ကတော့ ထိုသူတစ်ဦးတစ်ယောက်က သူထွက်လာတဲ့နိုင်ငံကိုပြန်လို့မရလောက်အောင် အကြောက်တရားကြီးမားစွာ စိုးရိမ်ထိတ်လန့်နေပြီး အနာဂါတ်မှာ ပြည်တော်ပြန်ဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တာကို သိထားစေချင်ပါတယ်။
.
. အင်မတန် အသည်းအသန် - Most Vulnerable ဖြစ်တဲ့ အမှုတွဲတွေမှာ
အမျိုးသမီးဦးဆောင်တဲ့အိမ်ထောင်စု(များ) - Female-Headed Households
ညှဉ်းပမ်းနှိပ်စက်ခြင်းနဲ့အကြမ်းဖက်ခြင်းခံရတဲ့ကာယကံရှင်(များ) - Victims of Torture or Violence
လူနည်းစုသာသာရေးပုဂ္ဂိုလ်(များ) – Religious Minorities
လိင်တူနှစ်သက်သူဒုက္ခသည်(များ) - LGBT Refugees
လာခဲ့တဲ့နိုင်ငံမှာမရနိုင်တဲ့ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူ(များ) - People Who Need Medical Care that They Cannot Receive in Their Country of Origin တွေကိုရေးပြထားတာ တွေ့ရပြန်တယ်။
.
.
. တကယ်တော့ UNHCR ကနေ အမေရိကားကိုချပေးခဲ့ခွဲတမ်းအရ ဒီနိုင်ငံကလက်ခံလိုက်လို့ရောက်လာတဲ့ဒုက္ခသည်တွေက အရေအတွက်အင်မတန်နည်းပါးတယ်။ အများစုက အစောပိုင်းကပြောထားသလို ဒီမြေ၊ ဒီရေ၊ ဒီလေပိုင်နက်ထဲကို နည်းလမ်းအမျိုးမျိုးသုံးပြီး “ ရောက်နှင့်ထားသူများ ” က မပြန်ပဲလျှောက်ထားကြသူတွေဖြစ်ကြတယ်။
.
. ဘယ်သူမဆို အမှုတွဲက USRAP ပရိုဂရမ်မှာ စာရင်းပေါက်ပြီဆိုရင် ဖြူဖြူမည်းမည်း ကြီးကြီးသေးသေး ဆင်းရဲချမ်းသာ အကုန်လုံးကို တစ်ပြေးညီကိုင်တွယ်ပါတယ်။ အဓိက အမေရိကန်ပြည်တွင်းကဝန်ထမ်းတွေဆောင်ရွက်ကြပြီး အမေရိကန်ပြင်ပမှာ ဋ္ဌာနခွဲ - Resettlement Support Center (RSC) စင်တာ (၉) ခု ထားရှိတယ်လို့ ရှင်းပြထားပါတယ်။ မြန်မာနိုင်ငံနဲ့နီးတာကတော့ ဘန်ကောက် နဲ့ မလေးရှားတို့မှာတွဲဖွင့်တဲ့ Bangkok, Thailand with a sub-office in Kuala Lumpur, Malaysia ရုံးရှိပါတယ်။
.
.
. RSC ရုံးဝန်ထမ်းဟာ ဒုက္ခသည်လျှောက်ထားသူတစ်ယောက်ကို
က) ပထမဦးဆုံး လူတွေ့စစ်ဆေးပါတယ် (တစ်ဦးတစ်ယောက်မှ မိသားစုအားလုံး) - Interview the Refugee and His or Her Family
ခ) ဓါတ်ပုံရိုက်ယူပါတယ် - Take Photos
ဂ) ဖောင်ပါအချက်အလက်တွေကိုစစ်ပါတယ် - Check the Facts in the File
ဃ) လုံခြုံရေးနဲ့ဆိုင်တဲ့နောက်ကြောင်းကင်းရှင်းတယ်ဆိုတာ စစ်ပါတယ် - Collect Initial Information to Begin the Security Clearance Process
င) ကိုယ်ရေးရာဇဝင်ကို မေးမြန်းစုဆောင်းပါတယ် - Collect other Biographic Information စတာတွေလုပ်ပြီးရင်တော့ အမိမြေလုံခြုံရေးအရာရှိကိုအင်တာဗျူးဝင်ဖို့ ရင်ခုန်နိုင်ပါပြီ။
.
. အခုဆောင်းပါးဟာက အမေရိကန်အစိုးရရဲ့တရားဝင်ဝဘ်ဆိုဒ် https://www.state.gov/j/prm/releases/factsheets/2017/266447.htm ကနေ ထိုက်သင့်သလို မြန်မာတွေနားလည်အောင်ရှင်းပြပြန်ဆိုပေးထားတာသာဖြစ်ပြီး ကိုယ်တွေ့အဖြစ်အပျက်မဟုတ်ပါ။
.
.
. အခြားတစ်ဖက်မှာလည်း ဒီနိုင်ငံကို ဒုက္ခသည်အဖြစ်ခံယူပြီးနို်င်ငံသားခံယူထားသူတွေက နောက်ပိုင်းကသိချင်တဲ့သူတွေကို ပြန်ရှင်းပြထားတာ သိပ်မဖတ်ရတဲ့အတွက် အင်တာနက်မှာမေးခွန်းတွေ မတရားများလာတာကို ကိုယ်သိသလောက် ပြန်လည်ဝင်ကူ/ဝင်ရေး/ဝင်ရှင်းပြခြင်းသာ ဖြစ်ပါတယ်။ တစ်ကယ်လို့ တကယ်ကြုံဖူးသူတွေပြောပြတာကိုနားထောင်ဖတ်ရှုရရင်တော့ ပိုမိုထောင့်စေ့ ပြည့်စုံပြီး ရုပ်လုံးကြွအသက်ဝင်လာနိုင်မယ်ဆိုတာကို ပြောကြားလိုပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 07-26-2017

No comments: