ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, November 8, 2015

ေရြးေကာက္ပြဲအလြန္ဒီမုိကေရစီ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ျပည္သူေတြရဲ႕ဆင္းရဲမႈ၊ ၾကပ္တည္းမႈ နဲ႕ ခြင္႕လႊတ္သည္းခံႏုိင္မႈေတြကို တစ္ဆင္႕ေက်ာ္လႊားႏုိင္ဖို႕ ေရြးေကာက္ပြဲ နဲ႕ ဇကာစစ္ရတယ္။ ဒီ႕ေနာက္မွာ လူေျပာင္းမလား? မူေျပာင္းမလား? လူေရာမူပါ ေျပာင္းမလား? ဆိုတဲ႕အေျဖကို မၾကာခင္သိရေတာ႕မယ္။ ေပ်ာ္မဆံုးသူ အေပ်ာ္မၾကဴးဖို႕နဲ႕ ဦးေခါင္းငိုက္စိုက္က်သူ မာန္မမည္းဖို႕ ေရြးေကာက္ပြဲအမတ္ေလာင္းေတြဆီမွာ ဒီမုိကေရစီတစ္ဆင္႕ျမင္႕မႈ - Democracy Promotion စိတ္ဓါတ္ရွိရပါမယ္။ ဒီအထဲမွာ ဒီမုိကေရစီစံနစ္ကိုေထာက္ခံတဲ႕ Democracy Assistance  အုပ္စုအုပ္ဖြဲ႕ေတြရွိဖို႕လုိသလုိ ဝိုင္းဝန္းတည္ေဆာက္မယ္႕ Democracy Building အတုိက္အခံေတြရွိဖို႕လိုအပ္ပါတယ္။
.
ရပ္ထဲရြာထဲအထာနဲ႕ နားလည္ေအာင္စကားပါးရရင္ ေဒါက္တိုင္ ( ၃ ) ေခ်ာင္းနဲ႕ အစိုးရယႏၱရားကုိ ေမာင္းႏွင္ရာမယ္ တစ္ဖြဲ႕ကိုတစ္ဖြဲ႕က မလြတ္တမ္း စစ္ေဆး - Check ရံုမက မွ်ေျခ - Balance ျဖစ္ေအာင္ တည္႔မတ္ေပးေနဖို႕က Democracy Promotion စိတ္ဓါတ္ကို ပံုေပၚေစပါတယ္။
.
ဒီကေနတစ္ဆင္႕ အမ်ိဳးသားအက်ိဳးစီးပြားကိုေဖာ္ေဆာင္တယ္လို႕ေျပာျပီး မိမိကိုယ္က်ိဳးကုိ တိုးတိုးတိတ္တိတ္ လက္သိပ္ထုိးလုပ္ေဆာင္မယ္႕ " ျပည္သူ႕အတြက္မဟုတ္တဲ႕ဘက္ေတာ္သား " ေတြအတြက္ လႊတ္ေတာ္မွာ ေနရာမရွိပါဘူး။ ရွိေနရင္လည္း ဆက္လုပ္လုိ႕မရသလို လုပ္ေနမယ္ဆိုရင္လည္း အမ်ားကလက္မခံေတာ႕ပါဘူး။ တစ္ဆက္တည္း အရွိန္မထိမ္းႏုိင္၊ မဖံုးႏုိင္မဖိႏုိင္ျဖစ္လာတဲ႕ကာယကံရွင္မ်ားမွာေတာ႕ သူ႕ဇာတ္နဲ႕သူ အိုးနင္းခြက္နင္း ေလွ်ာက္လွမ္းရင္းသာ နိဂံုးခ်ဳပ္ရစျမဲပါ။

.
.
ဒါေၾကာင္႕ ဒီမုိကေရစီစံနစ္ယဥ္ပါးေနတဲ႕တိုင္းျပည္ေတြမွာ မိမိတို႕တိုင္းျပည္ကုိေခါင္းေဆာင္မယ္႕သူဟာ ဘာလူမ်ိဳးျဖစ္ျဖစ္၊ ဘာအသားအေရာင္ျဖစ္ျဖစ္၊ ဘယ္ဘာသာကိုကုိးကြယ္ကုိးကြယ္ သိပ္ဂရုမထားၾကပါဘူး။ အေၾကာင္းကေတာ႕ သူတုိ႕တင္လုိက္တဲ႕ေခါင္းေဆာင္ဟာ ျဖဴေနပါေစ၊ မည္းေနပါေစ တိုင္းျပည္ နဲ႕ လူမ်ိဳး ( အထူးသျဖင္႕သူတို႕ႏုိင္ငံသား ) အက်ိဳးကို အနည္းနဲ႕အမ်ား မလြဲမေသြေဖာ္ေဆာင္ေပးမယ္ဆိုတာ ၾကိဳသိေနလုိ႕ပါပဲ။ ဒါဆိုရင္ သူတုိ႕ရဲ႕ေရြးေကာက္ပြဲလြန္စိတ္ပူမႈ - Pose Election Concern ဆိုတာက ဘာမ်ားျဖစ္မလဲ? ေလ႕လာၾကည္႕ရေအာင္..။
.
အခ်က္တစ္အေနနဲ႕ ဒီမုိကေရစီစံနစ္ကို လူတိုင္းနည္းပါးနဲ႕ယဥ္ပါးေအာင္ ျမွင္႕တင္ - Promote မလုပ္ေပးမွာကို စိတ္ပူၾကတယ္။ ဥပမာ - ယခင္လက္က်န္အာဏာခြက္ထဲမွာပက္လက္ေမ်ာေနတဲ႕ တစ္ဇြတ္ထုိးအရာရွိေတြ တစ္လြဲလုပ္တဲ႕အခါမ်ိဳးမွာ လူထုက သိပါတယ္။
.
လူထုဆိုတဲ႕အထဲမွာ အလုပ္လုပ္ေငြရွာျပီး မိသားတစ္စုလံုးကိုရွာေကြ်းေနသူမ်ား၊ မီးဖိုေခ်ာင္မွာ တစ္အိမ္လံုးအတြက္ခ်က္ျပဳတ္စီမံေနသူမ်ား နဲ႕ သားသမီးေက်ာင္းသားေက်ာင္းသူမ်ားအထိ အက်ံဳးဝင္ပါတယ္။ ေျပာင္းလဲမႈကုိေမွ်ာ္လင္႕ထားတဲ႕ျပည္သူေတြဟာ သူတို႕တစ္ခုခုလုပ္ရင္ သူတုိ႕လုပ္ရပ္ထဲမွာ " ဒီမုိကေရစီရွိရဲ႕လား? " ဆိုတဲ႕ေရခ်ိန္နဲ႕စတင္တိုင္းတာေနပါျပီ။
.
.
အခ်က္ႏွစ္အေနနဲ႕ တိုင္းသူျပည္သားတစ္ဦးခ်င္းစီကုိ ဘယ္သူ႕ကုိမွမ်က္ႏွာမလုိက္ပဲ တန္းတူညီမွ် တန္းဖို႕ညွိ - Value လုပ္ေပးဖို႕ေမွ်ာ္လင္႕ၾကတယ္။ ဒါက ပကတိအရွိတရားပါ။ ေခတ္အဆက္ဆက္ ဘဝအသက္သက္ မရရွိခဲ႕တာကုိ မေသခင္ေလးေတာ႕ ေတာင္႕တသြားခ်င္တာ ပုထုဇဥ္မုိ႕ ဒီေတာင္းဆိုမႈဟာသဘာဝက်ပါတယ္။ ဒါကိုသိတဲ႕ ေနာက္တက္မယ္႕အစိုးရဟာ တိုင္းသူျပည္သားေတြရဲ႕အေျခခံလြတ္လပ္ခြင္႕ေတြအေနနဲ႕ သူတုိ႕ကုိးကြယ္ခ်င္တာကုိ မေႏွာင္႕ယွက္ဘူးဆုိတာကုိ လိုခ်င္ၾကတယ္။ သူတုိ႕စားဝတ္ေနေရးအတြက္ အုပ္ခ်ဳပ္ခြင္႕ရတဲ႕လူတစ္စုတစ္ဖြဲ႕က အလုပ္ေပးတာကိုလိုခ်င္တယ္။
.
အလကားေပးတာကုိမေတာင္းဆိုေပမယ္႕ ျပည္သူ႕ဘ႑ာကေနထြက္လွ်ံလာတဲ႕ အခမဲ႕ဝန္ေဆာင္မႈေတြကို ရံဖန္ရံခါ မက္ေမာတယ္။ တစ္ဆက္တည္း အစိုးရကုိယ္တိုင္ျပည္သူေတြကုိအလုပ္မေပးႏုိင္ရင္ေတာင္မွ ပစ္မထားပဲ ကုမၸဏီ၊ လုပ္ငန္းရွင္ေတြကို လူပုိငွားျပီး အလုပ္သစ္ေတြဖန္တီးဖို႕ Job Opportunities ေတြပုိရလာမယ္႕နည္းေပးလမ္းျပမႈနဲ႕အတူ တြန္းအားေပးၾကတယ္။
.
.

တက္လာတဲ႕အစိုးရသစ္ဟာ တိုင္းသူျပည္သားတို႕ရဲ႕ေဘးကင္းလံုျခံဳမႈ - Security ၊ လုပ္ငန္းခြင္အေျခက်မႈ - Stability စတဲ႕အေျခခံလုိအပ္ခ်က္ေတြကို မျဖစ္မေနလုပ္ေဆာင္ျပီး ႏုိင္ငံတကာက ကိုယ္႕ႏုိင္ငံသားေတြကုိ တန္းတူညီမွ်အေလးစားခံရေအာင္ လုပ္ေဆာင္ရပါတယ္။ ဒီမုိကေရစီစရုိက္မွန္ေတြနဲ႕ဆင္႕ကဲဆင္႕ကဲအုပ္ခ်ဳပ္ဖို႕ျဖစ္လာတဲ႕အစိုးရမွာ ျငိမ္းခ်မ္းစြာပူးေပါင္းေနထုိင္တတ္တဲ႕ ေကာင္းမြန္တဲ႕စရုိက္ေတြကို က်င္႕သားရလာတာနဲ႕အမွ် " စစ္မျဖစ္ပါဘူး "။
.
တစ္နည္းအားျဖင္႕ ရန္ျဖစ္လို႕ ႏွစ္ဦးႏွစ္ဖက္ ဒါမွမဟုတ္ ေဒသခံေတြဒုကၡေရာက္လို႕ အားကုန္လူပမ္း အျဖစ္ခံမယ္႕အစား ေဒသဆိုင္ရာပထဝီအေနအထားအရ သေဘာတူညီမႈတစ္ခုကို မျဖစ္မေနရွာၾကတယ္။ ရန္မျဖစ္ေတာ႕ ေငြမကုန္ဘူး၊ တည္ျငိမ္ေအးခ်မ္းမႈရွိတယ္၊ ကိုယ္႕ျပည္သူေတြထြက္မေျပးရဘူးဆုိတာ သက္ေသအျဖစ္ျမင္ႏုိင္ပါတယ္။
.
.
စီးပြားေရးဘက္လွည္႕ၾကည္႕တဲ႕အခါ ေနရာေဒသတစ္ခုခ်င္းစီမွာတည္ျငိမ္မႈရွိလာတိုင္း လုပ္ငန္းရွင္ေတြအတြက္ ကုန္သြယ္မႈလြယ္လာတယ္။ ဝန္ထမ္းေတြ ေနရာ႒ာနမေရြးအလုပ္လုပ္ခ်င္တယ္။ ဒါနဲ႕တစ္ဆက္တည္း တိုင္းသူျပည္သားေတြစုိးရိမ္ေၾကာင္႕ၾကမႈေတြေလ်ာ႕ပါးလာျပီး သြားေရးလာေရးသြက္လက္လာတယ္။
.
ဒါေၾကာင္႕ အစုိးရကုိယ္တုိင္လုိက္လုပ္ေပးေနရတဲ႕စီးပြားေရးစံနစ္ကေန သူ႕အလုိလုိလႊတ္ထားလို႕ရတဲ႕ ေစ်းကြက္ဖြင္႕စီးပြားေရးစံနစ္ - Open Market Strategy အေကာင္အထည္ေပၚလာတယ္။ ဒီလုိတည္ျငိမ္မႈရွိလာတဲ႕အစိုးရကို ျပည္သူေတြက ေက်းဇူးတင္ေနရံုမက ေတာင္းသေလာက္အခြန္ကိုလည္း အၾကည္တသာေပးတာကို ႏိုင္ငံအမ်ားမွာ ျမင္ေတြ႕ေနရပါတယ္။ 
.
.
ကုန္သြယ္မႈေတာင္႕တင္းလာတဲ႕အစိုးရဟာ ေဘးပတ္ပတ္လည္ႏုိင္ငံအစိုးရေတြရဲ႕ မ်က္ႏွာေပးဆက္ဆံမႈကို ခံရလာတယ္။ ဒါနဲ႕အတူကပ္ပါလာတာကေတာ႕ အသိအမွတ္ျပဳခံရမႈ နဲ႕ လူ႕တစ္ဦးခ်င္းရဲ႕အခြင္႕အေရးကိုခ်ိဳးႏွိမ္မႈမရွိျခင္းတုိ႕ပါပဲ။ ဒါေတြက ဒီမုိကေရစီႏုိင္ငံေတြမွာ အဓိကက်လြန္းတယ္။
.
မခ်မ္းသာခ်င္ေန အႏွိမ္မခံရတာကို တန္ဖိုးထားတယ္။ မျပည္႕စံုခ်င္ေန တန္းတူဆက္ဆံခံရရင္ေတာ္ျပီဆုိတဲ႕ ျပည္သူေတြမွာ အသိပညာေတြၾကြယ္လာတယ္၊  အသက္ဆက္ဝမ္းစာရွာေဖြေရးေတြ အဆင္ေျပလာတယ္။ ေနာက္ဆက္တြဲနည္းပညာေတြသင္ယူဖို႕ အခ်ိန္ေတြဖဲ႕ေပးႏုိင္လာတယ္။ ဒီ႕ေနာက္မွာမွ ေနာင္လာမယ္႕ မ်ိဳးဆက္သစ္ေတြအတြက္ ျပီးျပည္႕စံုတဲ႕ပညာေရးအေျခခံအုတ္ျမစ္ေကာင္းေတြကုိ သပ္သပ္ရပ္ရပ္ခ်လာႏုိင္မွာျဖစ္ပါတယ္။
.
.
ဆက္ေျပာရရင္ေတာ႕ စာအုပ္ထူၾကီးတစ္အုပ္ကိုဖတ္ရသလို ပ်င္းရိဖြယ္ရာေကာင္းသြားႏုိင္တာမို႕ ေရြးေကာက္ပြဲအလြန္ ခ်က္ခ်င္းလက္ငင္းဘဝကို မီးေမာင္းထုိးျပလိုပါတယ္။ အရင္က ျပည္သူေတြရဲ႕ဇာတ္လိုက္ၾကီးက အႏွိမ္ခံရ၊ အတုိက္ခိုက္ခံရ၊ အဖိႏွိပ္ခံရ နဲ႕ လူအမ်ားဟာ အသည္းႏွလံုးကိုမီးစနဲ႕ထုိးသလို တစ္ဆတ္ဆတ္နာက်င္ခဲ႕ရတယ္။ ဘာလို႕လည္းဆုိေတာ႕ ဇာတ္လိုက္ဟာ လူၾကမ္းေနရာေရာက္ေနရသလို တစ္ခ်ိန္လုံးလူၾကမ္းက်ဴးလြန္သမွ်မေကာင္းမႈေတြကိုခ်ည္း ေထာက္ျပေနရလို႕ပါ။
.
ထုိ႕အတူ တစ္ဆက္တည္းမွာ လူၾကမ္းေတြျဖစ္တဲ႕ “ လူအမ်ားအက်ိဳးဘာမွေကာင္းေအာင္လုပ္မေပးႏိုင္သူေတြ ” က အဓိကဇာတ္ေဆာင္ေတြေနရာမွာ ဝင္ကေနၾကတယ္။ အခုခ်ိန္ဆို ေရြးေကာက္ပြဲလည္းျပီးျပီ။ အေျဖလည္းထြက္ေလာက္ျပီ။ လူၾကမ္းဟာ သူ႕ေနရာသူျပန္သြားရလိမ္႕မယ္။ ဒါမွလည္း အမ်ားလိုလားတဲ႕ ျပည္သူ႕ဇာတ္လိုက္ေက်ာ္ၾကီးက အံဝင္ခြင္က် ျပန္လည္ကျပေဖ်ာ္ေျဖႏုိင္မွာမဟုတ္လား။
.
.
သို႕ေပမယ္႕ ဇာတ္လုိက္ေနရာဟာ အလင္းျဖစ္တယ္။ ဒါေၾကာင္႕ အလင္းမွာ အမ်ားသာေအာင္ ကျပေနရမယ္႕တဲ႕ဇာတ္လိုက္ၾကီးဟာ အေမွာင္ထဲမွာဗီလိန္ဇာတ္ခင္းျပီး ဇာတ္ၾကမ္းတိုက္လာမယ္႕ လူၾကမ္းအၾကီးစားေတြရဲ႕လုပ္ရပ္ကို ၾကိဳမျမင္ႏုိင္ဘူး။ ဒါေပမယ္႕ တစ္ခ်ိန္တည္းမွာ ဗီလိန္ဘဝကို တစ္ရက္တည္းတစ္ညတည္းနဲ႕ေရာက္သြားသူေတြကေတာ႕ ျပည္သူ႕ဇာတ္လိုက္ၾကီးလုပ္ေနသမွ်ေတြကို ျမင္သာတယ္။ ဒါကိုသတိထားရမယ္။ 
.
မႏုိင္လုိ႕မည္းၾကတဲ႕အခါ ေနုာက္ဆံုးမွာ ရဲတပ္ဖြဲ႕ေရာက္လာျပီး မတရားဇာတ္အသိမ္းခံရတတ္တယ္ဆိုတာၾကီးကိုလည္း ေမ႕လို႕မျဖစ္တာကို သတိေပးလိုက္ရပါရေစ။ အမွန္တကယ္ တုိင္းသူျပည္သားေတြက အတြင္းစည္းေရာ အျပင္စည္းေရာလံုျပီး ဥမကြဲသိုက္မပ်က္ေနခ်င္ၾကတာ တအူတံုဆင္းတုိင္းရင္းသားလူမ်ိဳးမ်ားရဲ႕ ဆႏၵအမွန္ျဖစ္တယ္ဆိုတဲ႕အေၾကာင္း တင္ျပလိုက္ပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
11-08-2015
.
.
.
Myanmar Unicode Version:
.
.
" ရွေးကောက်ပွဲအလွန်ဒီမိုကရေစီ "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ပြည်သူတွေရဲ့ဆင်းရဲမှု၊ ကြပ်တည်းမှု နဲ့ ခွင့်လွှတ်သည်းခံနိုင်မှုတွေကို တစ်ဆင့်ကျော်လွှားနိုင်ဖို့ ရွေးကောက်ပွဲ နဲ့ ဇကာစစ်ရတယ်။ ဒီ့နောက်မှာ လူပြောင်းမလား? မူပြောင်းမလား? လူရောမူပါ ပြောင်းမလား? ဆိုတဲ့အဖြေကို မကြာခင်သိရတော့မယ်။ ပျော်မဆုံးသူ အပျော်မကြူးဖို့နဲ့ ဦးခေါင်းငိုက်စိုက်ကျသူ မာန်မမည်းဖို့ ရွေးကောက်ပွဲအမတ်လောင်းတွေဆီမှာ ဒီမိုကရေစီတစ်ဆင့်မြင့်မှု - Democracy Promotion စိတ်ဓါတ်ရှိရပါမယ်။ ဒီအထဲမှာ ဒီမိုကရေစီစံနစ်ကိုထောက်ခံတဲ့ Democracy Assistance  အုပ်စုအုပ်ဖွဲ့တွေရှိဖို့လိုသလို ဝိုင်းဝန်းတည်ဆောက်မယ့် Democracy Building အတိုက်အခံတွေရှိဖို့လိုအပ်ပါတယ်။
.
ရပ်ထဲရွာထဲအထာနဲ့ နားလည်အောင်စကားပါးရရင် ဒေါက်တိုင် ( ၃ ) ချောင်းနဲ့ အစိုးရယန္တရားကို မောင်းနှင်ရာမယ် တစ်ဖွဲ့ကိုတစ်ဖွဲ့က မလွတ်တမ်း စစ်ဆေး - Check ရုံမက မျှခြေ - Balance ဖြစ်အောင် တည့်မတ်ပေးနေဖို့က Democracy Promotion စိတ်ဓါတ်ကို ပုံပေါ်စေပါတယ်။
.
ဒီကနေတစ်ဆင့် အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်တယ်လို့ပြောပြီး မိမိကိုယ်ကျိုးကို တိုးတိုးတိတ်တိတ် လက်သိပ်ထိုးလုပ်ဆောင်မယ့် " ပြည်သူ့အတွက်မဟုတ်တဲ့ဘက်တော်သား " တွေအတွက် လွှတ်တော်မှာ နေရာမရှိပါဘူး။ ရှိနေရင်လည်း ဆက်လုပ်လို့မရသလို လုပ်နေမယ်ဆိုရင်လည်း အများကလက်မခံတော့ပါဘူး။ တစ်ဆက်တည်း အရှိန်မထိမ်းနိုင်၊ မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့ကာယကံရှင်များမှာတော့ သူ့ဇာတ်နဲ့သူ အိုးနင်းခွက်နင်း လျှောက်လှမ်းရင်းသာ နိဂုံးချုပ်ရစမြဲပါ။
.
.
ဒါကြောင့် ဒီမိုကရေစီစံနစ်ယဉ်ပါးနေတဲ့တိုင်းပြည်တွေမှာ မိမိတို့တိုင်းပြည်ကိုခေါင်းဆောင်မယ့်သူဟာ ဘာလူမျိုးဖြစ်ဖြစ်၊ ဘာအသားအရောင်ဖြစ်ဖြစ်၊ ဘယ်ဘာသာကိုကိုးကွယ်ကိုးကွယ် သိပ်ဂရုမထားကြပါဘူး။ အကြောင်းကတော့ သူတို့တင်လိုက်တဲ့ခေါင်းဆောင်ဟာ ဖြူနေပါစေ၊ မည်းနေပါစေ တိုင်းပြည် နဲ့ လူမျိုး ( အထူးသဖြင့်သူတို့နိုင်ငံသား ) အကျိုးကို အနည်းနဲ့အများ မလွဲမသွေဖော်ဆောင်ပေးမယ်ဆိုတာ ကြိုသိနေလို့ပါပဲ။ ဒါဆိုရင် သူတို့ရဲ့ရွေးကောက်ပွဲလွန်စိတ်ပူမှု - Pose Election Concern ဆိုတာက ဘာများဖြစ်မလဲ? လေ့လာကြည့်ရအောင်..။
.
အချက်တစ်အနေနဲ့ ဒီမိုကရေစီစံနစ်ကို လူတိုင်းနည်းပါးနဲ့ယဉ်ပါးအောင် မြှင့်တင် - Promote မလုပ်ပေးမှာကို စိတ်ပူကြတယ်။ ဥပမာ - ယခင်လက်ကျန်အာဏာခွက်ထဲမှာပက်လက်မျောနေတဲ့ တစ်ဇွတ်ထိုးအရာရှိတွေ တစ်လွဲလုပ်တဲ့အခါမျိုးမှာ လူထုက သိပါတယ်။
.
လူထုဆိုတဲ့အထဲမှာ အလုပ်လုပ်ငွေရှာပြီး မိသားတစ်စုလုံးကိုရှာကျွေးနေသူများ၊ မီးဖိုချောင်မှာ တစ်အိမ်လုံးအတွက်ချက်ပြုတ်စီမံနေသူများ နဲ့ သားသမီးကျောင်းသားကျောင်းသူများအထိ အကျုံးဝင်ပါတယ်။ ပြောင်းလဲမှုကိုမျှော်လင့်ထားတဲ့ပြည်သူတွေဟာ သူတို့တစ်ခုခုလုပ်ရင် သူတို့လုပ်ရပ်ထဲမှာ " ဒီမိုကရေစီရှိရဲ့လား? " ဆိုတဲ့ရေချိန်နဲ့စတင်တိုင်းတာနေပါပြီ။
.
.
အချက်နှစ်အနေနဲ့ တိုင်းသူပြည်သားတစ်ဦးချင်းစီကို ဘယ်သူ့ကိုမှမျက်နှာမလိုက်ပဲ တန်းတူညီမျှ တန်းဖို့ညှိ - Value လုပ်ပေးဖို့မျှော်လင့်ကြတယ်။ ဒါက ပကတိအရှိတရားပါ။ ခေတ်အဆက်ဆက် ဘဝအသက်သက် မရရှိခဲ့တာကို မသေခင်လေးတော့ တောင့်တသွားချင်တာ ပုထုဇဉ်မို့ ဒီတောင်းဆိုမှုဟာသဘာဝကျပါတယ်။ ဒါကိုသိတဲ့ နောက်တက်မယ့်အစိုးရဟာ တိုင်းသူပြည်သားတွေရဲ့အခြေခံလွတ်လပ်ခွင့်တွေအနေနဲ့ သူတို့ကိုးကွယ်ချင်တာကို မနှောင့်ယှက်ဘူးဆိုတာကို လိုချင်ကြတယ်။ သူတို့စားဝတ်နေရေးအတွက် အုပ်ချုပ်ခွင့်ရတဲ့လူတစ်စုတစ်ဖွဲ့က အလုပ်ပေးတာကိုလိုချင်တယ်။
.
အလကားပေးတာကိုမတောင်းဆိုပေမယ့် ပြည်သူ့ဘဏ္ဍာကနေထွက်လျှံလာတဲ့ အခမဲ့ဝန်ဆောင်မှုတွေကို ရံဖန်ရံခါ မက်မောတယ်။ တစ်ဆက်တည်း အစိုးရကိုယ်တိုင်ပြည်သူတွေကိုအလုပ်မပေးနိုင်ရင်တောင်မှ ပစ်မထားပဲ ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေကို လူပိုငှားပြီး အလုပ်သစ်တွေဖန်တီးဖို့ Job Opportunities တွေပိုရလာမယ့်နည်းပေးလမ်းပြမှုနဲ့အတူ တွန်းအားပေးကြတယ်။
.
.

တက်လာတဲ့အစိုးရသစ်ဟာ တိုင်းသူပြည်သားတို့ရဲ့ဘေးကင်းလုံခြုံမှု - Security ၊ လုပ်ငန်းခွင်အခြေကျမှု - Stability စတဲ့အခြေခံလိုအပ်ချက်တွေကို မဖြစ်မနေလုပ်ဆောင်ပြီး နိုင်ငံတကာက ကိုယ့်နိုင်ငံသားတွေကို တန်းတူညီမျှအလေးစားခံရအောင် လုပ်ဆောင်ရပါတယ်။ ဒီမိုကရေစီစရိုက်မှန်တွေနဲ့ဆင့်ကဲဆင့်ကဲအုပ်ချုပ်ဖို့ဖြစ်လာတဲ့အစိုးရမှာ ငြိမ်းချမ်းစွာပူးပေါင်းနေထိုင်တတ်တဲ့ ကောင်းမွန်တဲ့စရိုက်တွေကို ကျင့်သားရလာတာနဲ့အမျှ " စစ်မဖြစ်ပါဘူး "။
.
တစ်နည်းအားဖြင့် ရန်ဖြစ်လို့ နှစ်ဦးနှစ်ဖက် ဒါမှမဟုတ် ဒေသခံတွေဒုက္ခရောက်လို့ အားကုန်လူပမ်း အဖြစ်ခံမယ့်အစား ဒေသဆိုင်ရာပထဝီအနေအထားအရ သဘောတူညီမှုတစ်ခုကို မဖြစ်မနေရှာကြတယ်။ ရန်မဖြစ်တော့ ငွေမကုန်ဘူး၊ တည်ငြိမ်အေးချမ်းမှုရှိတယ်၊ ကိုယ့်ပြည်သူတွေထွက်မပြေးရဘူးဆိုတာ သက်သေအဖြစ်မြင်နိုင်ပါတယ်။
.
.
စီးပွားရေးဘက်လှည့်ကြည့်တဲ့အခါ နေရာဒေသတစ်ခုချင်းစီမှာတည်ငြိမ်မှုရှိလာတိုင်း လုပ်ငန်းရှင်တွေအတွက် ကုန်သွယ်မှုလွယ်လာတယ်။ ဝန်ထမ်းတွေ နေရာဋ္ဌာနမရွေးအလုပ်လုပ်ချင်တယ်။ ဒါနဲ့တစ်ဆက်တည်း တိုင်းသူပြည်သားတွေစိုးရိမ်ကြောင့်ကြမှုတွေလျော့ပါးလာပြီး သွားရေးလာရေးသွက်လက်လာတယ်။
.
ဒါကြောင့် အစိုးရကိုယ်တိုင်လိုက်လုပ်ပေးနေရတဲ့စီးပွားရေးစံနစ်ကနေ သူ့အလိုလိုလွှတ်ထားလို့ရတဲ့ ဈေးကွက်ဖွင့်စီးပွားရေးစံနစ် - Open Market Strategy အကောင်အထည်ပေါ်လာတယ်။ ဒီလိုတည်ငြိမ်မှုရှိလာတဲ့အစိုးရကို ပြည်သူတွေက ကျေးဇူးတင်နေရုံမက တောင်းသလောက်အခွန်ကိုလည်း အကြည်တသာပေးတာကို နိုင်ငံအများမှာ မြင်တွေ့နေရပါတယ်။
.
.
ကုန်သွယ်မှုတောင့်တင်းလာတဲ့အစိုးရဟာ ဘေးပတ်ပတ်လည်နိုင်ငံအစိုးရတွေရဲ့ မျက်နှာပေးဆက်ဆံမှုကို ခံရလာတယ်။ ဒါနဲ့အတူကပ်ပါလာတာကတော့ အသိအမှတ်ပြုခံရမှု နဲ့ လူ့တစ်ဦးချင်းရဲ့အခွင့်အရေးကိုချိုးနှိမ်မှုမရှိခြင်းတို့ပါပဲ။ ဒါတွေက ဒီမိုကရေစီနိုင်ငံတွေမှာ အဓိကကျလွန်းတယ်။
.
မချမ်းသာချင်နေ အနှိမ်မခံရတာကို တန်ဖိုးထားတယ်။ မပြည့်စုံချင်နေ တန်းတူဆက်ဆံခံရရင်တော်ပြီဆိုတဲ့ ပြည်သူတွေမှာ အသိပညာတွေကြွယ်လာတယ်၊  အသက်ဆက်ဝမ်းစာရှာဖွေရေးတွေ အဆင်ပြေလာတယ်။ နောက်ဆက်တွဲနည်းပညာတွေသင်ယူဖို့ အချိန်တွေဖဲ့ပေးနိုင်လာတယ်။ ဒီ့နောက်မှာမှ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ပြီးပြည့်စုံတဲ့ပညာရေးအခြေခံအုတ်မြစ်ကောင်းတွေကို သပ်သပ်ရပ်ရပ်ချလာနိုင်မှာဖြစ်ပါတယ်။
.
.
ဆက်ပြောရရင်တော့ စာအုပ်ထူကြီးတစ်အုပ်ကိုဖတ်ရသလို ပျင်းရိဖွယ်ရာကောင်းသွားနိုင်တာမို့ ရွေးကောက်ပွဲအလွန် ချက်ချင်းလက်ငင်းဘဝကို မီးမောင်းထိုးပြလိုပါတယ်။ အရင်က ပြည်သူတွေရဲ့ဇာတ်လိုက်ကြီးက အနှိမ်ခံရ၊ အတိုက်ခိုက်ခံရ၊ အဖိနှိပ်ခံရ နဲ့ လူအများဟာ အသည်းနှလုံးကိုမီးစနဲ့ထိုးသလို တစ်ဆတ်ဆတ်နာကျင်ခဲ့ရတယ်။ ဘာလို့လည်းဆိုတော့ ဇာတ်လိုက်ဟာ လူကြမ်းနေရာရောက်နေရသလို တစ်ချိန်လုံးလူကြမ်းကျူးလွန်သမျှမကောင်းမှုတွေကိုချည်း ထောက်ပြနေရလို့ပါ။
.
ထို့အတူ တစ်ဆက်တည်းမှာ လူကြမ်းတွေဖြစ်တဲ့ “ လူအများအကျိုးဘာမှကောင်းအောင်လုပ်မပေးနိုင်သူတွေ ” က အဓိကဇာတ်ဆောင်တွေနေရာမှာ ဝင်ကနေကြတယ်။ အခုချိန်ဆို ရွေးကောက်ပွဲလည်းပြီးပြီ။ အဖြေလည်းထွက်လောက်ပြီ။ လူကြမ်းဟာ သူ့နေရာသူပြန်သွားရလိမ့်မယ်။ ဒါမှလည်း အများလိုလားတဲ့ ပြည်သူ့ဇာတ်လိုက်ကျော်ကြီးက အံဝင်ခွင်ကျ ပြန်လည်ကပြဖျော်ဖြေနိုင်မှာမဟုတ်လား။
.
.
သို့ပေမယ့် ဇာတ်လိုက်နေရာဟာ အလင်းဖြစ်တယ်။ ဒါကြောင့် အလင်းမှာ အများသာအောင် ကပြနေရမယ့်တဲ့ဇာတ်လိုက်ကြီးဟာ အမှောင်ထဲမှာဗီလိန်ဇာတ်ခင်းပြီး ဇာတ်ကြမ်းတိုက်လာမယ့် လူကြမ်းအကြီးစားတွေရဲ့လုပ်ရပ်ကို ကြိုမမြင်နိုင်ဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဗီလိန်ဘဝကို တစ်ရက်တည်းတစ်ညတည်းနဲ့ရောက်သွားသူတွေကတော့ ပြည်သူ့ဇာတ်လိုက်ကြီးလုပ်နေသမျှတွေကို မြင်သာတယ်။ ဒါကိုသတိထားရမယ်။
.
မနိုင်လို့မည်းကြတဲ့အခါ နေုာက်ဆုံးမှာ ရဲတပ်ဖွဲ့ရောက်လာပြီး မတရားဇာတ်အသိမ်းခံရတတ်တယ်ဆိုတာကြီးကိုလည်း မေ့လို့မဖြစ်တာကို သတိပေးလိုက်ရပါရစေ။ အမှန်တကယ် တိုင်းသူပြည်သားတွေက အတွင်းစည်းရော အပြင်စည်းရောလုံပြီး ဥမကွဲသိုက်မပျက်နေချင်ကြတာ တအူတုံဆင်းတိုင်းရင်းသားလူမျိုးများရဲ့ ဆန္ဒအမှန်ဖြစ်တယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
11-08-2015


No comments: