ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, October 7, 2019

ကျန်းမာရေးကုသခွင့်ပြနိုင်မှပြည်ဝင်ခွင့်ပေးတော့မယ့်သမ္မတထရမ့်ရဲ့ကြေငြာချက်

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)

(၂ဝ၁၉) ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့အမှာအသက်ဝင်မယ့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ကြေငြာချက်တစ်ခုကြောင့် အမေရိကားကိုဝင်ရောက်လာမယ့် အသစ်ပြောင်းရွှေ့လာသူ-New Immigrants တွေ ဗီဆာအောင်ဖို့ပိုမိုအခွင့်အလမ်းနည်းသွားနိုင်တယ်လို့ CNN သတင်းဋ္ဌာနက အောက်တိုဘာလ (၅) ရက်နေ့ (၂ဝ၁၉) ရက်စွဲနဲ့ရေးသားပါတယ်။

သံရုံးကိုဗီဆာဝင်မယ့်သူဟာ အမေရိကန်မြေပေါ်ရောက်ပြီး ရက် (၃ဝ) အတွင်းကုန်ကျနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်-Health Insurance ဒါမှမဟုတ် အဆိုပါစောင့်ရှောက်ခွင့်အတွက်ကျခံနိုင်တဲ့ငွေကြေးပမာဏ (အတိအကျမသိရသေး) ကို ပြနိုင်ရပါလိမ့်မယ်။

သူတို့တောင်းတဲ့ကျန်းမာရေးစောင့်လျှောက်ခွင့်ထဲမှာ အလုပ်ရှင်ကပေးတဲ့ကုသခွင့်-Employer-Sponsored Health Insurance ၊ မိသားစုကုသခွင့်-Family Coverage Plan ၊ တစ်ဦးချင်းကုသခွင့်-Unsubsidized Individual Health Plan နဲ့ အချိန်တိုကုသခွင့်-Short-Term Plan တို့ပါဝင်ပါတယ်။ လူသိများတဲ့ Medicaid နဲ့ အိုဘားမားခဲ လို့ပြောကြတဲ့ Affordable Care Act နဲ့ ဝယ်ယူထားတာတွေကိုတော့ ဒီ ဗီဆာကိစ္စတွေမှာတင်သွင်းဖို့ခွင့်မပြုထားပါဘူး။

အိမ်ဖြူတော်ဟာ ဒီကန့်သတ်ချက်မှာမပါဝင်တဲ့လူစာရင်းတွေကိုလည်းထုတ်ပြန်ပေးထားပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့သားသမီးတွေ၊ အရွယ်မရောက်သေးသူတွေ၊ (၁) နှစ်အတွင်းပြည်ပြန်ဝင်တဲ့ Green Card ကိုင်‌ဆောင်ထားသူတွေ၊ အီရတ် နဲ့ အာဖဂန်နစ္စတန်မှာတာဝန်ကျတဲ့အမေရိကန်ဝန်ထမ်းနဲ့သူတို့ရဲ့မိသားစုတွေအပြင် ကျောင်းသားဗီဆာနဲ့လာရောက်သူတွေက ချွင်းချက်ဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကားမှာလာရောက်နေထိုင်ဖို့ ဒုက္ခသည်စာရင်းခိုလှုံခွင့်လျှောက်ထားသူ နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေအပြင် နိုဝင်ဘာလ (၃) ရက်နေ့မတိုင်ခင်ပြည်ဝင်လာသူတွေဟာ ဒီဥပဒေသစ်ကနေ ကင်းလွတ်ခွင့်ရကြပါဦးမယ်။

ဒီပြောင်းလဲမှုဟာ လူဦးရေ (၅) သိန်းခန့်ရှိတဲ့ အမေရိကန်ပြည်ထောင်စုထဲဝင်ရောက်ရေး ဗီဆာရဖို့ကြိုးစားနေသူတွေအပေါ်သက်ရောက်မှုကြီးကြီးမားမားရှိလာမှာဖြစ််ပါတယ်။ သူတို့တတွေဟာ အမေရိကန်နိုင်ငံသားခံယူထားသူတွေရဲ့ အိမ်ထောင်ဘက်၊ မိဘ နဲ့ သားသမီး စတဲ့ အ‌ခြေအနေတွေနဲ့ခေါ်ယူခွင့်ရထားသူတွေပါ။

မမြင်ရသေးတဲ့ကျန်းမာရေးကုသခွင့်က ဘယ်လောက်ကုန်မှာလဲ? ငွေဘယ်လောက်ပြရမှာလဲ? ရောက်တောင်မရောက်သေးဘူး ကျန်းမာရေးကုသခွင့်က ဘယ်လိုလျှောက်လို့ ဘယ်သူကပေးမှာလဲ? ဆိုတဲ့မေးခွန်းတွေအပေါ်မှာတော့ အိမ်ဖြူတော်က နှုတ်ဆိတ်နေဆဲပါ။

အခုလို DV-Electronic Diversity Visa Lottery ဖွင့်နေတဲ့ကာလမှာ အရင်နှစ်ကအောင်မြင်ထားပြီး ပြည်ဝင်ဖို့ကြိုးစားနေသူတွေကို သက်ဆိုင်ရာနိုင်ငံရဲ့သံရုံးတွေက ဘယ်လိုတောင်းဆိုလာမလဲဆိုတာကိုတော့ ပိတ်ကားပြင်ပေါ်မှာ ရင်ခုန်ပြီးစောင့်စားနေကြပါပြီ။

အလည်-Visit ဗီဆာသမားဟာ နဂိုကတည်းကဆေးကုသခွင့်ကိုကိုယ့်ကိစ္စကိုယ်ရှင်းရတာဖြစ်လို့အဖြေကရှင်းပါတယ်။ အလည်နဲ့လာရင်တော့ ကိုယ်ဖြစ်ကိုယ်ခံ လုကံဝကံ အမေရိကန်ဖြစ်ပါတယ်။


ခင်လျက်
ကိုညီညီ (တောင်ကြီး)
10-07-2019


<Zawgyi>

“က်န္းမာေရးကုသခြင့္ျပနိုင္မွျပည္ဝင္ခြင့္ေပးေတာ့မယ့္သမၼတထရမ့္ရဲ့ေၾကျငာခ်က္”
(၂ဝ၁၉) ခုႏွစ္ နိုဝင္ဘာလ (၃) ရက္ေန႔အမွာအသက္ဝင္မယ့္အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ့ေၾကျငာခ်က္တစ္ခုေၾကာင့္ အေမရိကားကိုဝင္ေရာက္လာမယ့္ အသစ္ေျပာင္းေရႊ႕လာသူ-New Immigrants ေတြ ဗီဆာေအာင္ဖို႔ပိုမိုအခြင့္အလမ္းနည္းသြားနိုင္တယ္လို႔ CNN သတင္း႒ာနက ေအာက္တိုဘာလ (၅) ရက္ေန႔ (၂ဝ၁၉) ရက္စြဲနဲ႔ေရးသားပါတယ္။

သံ႐ုံးကိုဗီဆာဝင္မယ့္သူဟာ အေမရိကန္ေျမေပၚေရာက္ၿပီး ရက္ (၃ဝ) အတြင္းကုန္က်နိုင္တဲ့ က်န္းမာေရးေစာင့္ေရွာက္ခြင့္-Health Insurance ဒါမွမဟုတ္ အဆိုပါေစာင့္ေရွာက္ခြင့္အတြက္က်ခံနိုင္တဲ့ေငြေၾကးပမာဏ (အတိအက်မသိရေသး) ကို ျပနိုင္ရပါလိမ့္မယ္။

သူတို႔ေတာင္းတဲ့က်န္းမာေရးေစာင့္ေလၽွာက္ခြင့္ထဲမွာ အလုပ္ရွင္ကေပးတဲ့ကုသခြင့္-Employer-Sponsored Health Insurance ၊ မိသားစုကုသခြင့္-Family Coverage Plan ၊ တစ္ဦးခ်င္းကုသခြင့္-Unsubsidized Individual Health Plan နဲ႔ အခ်ိန္တိုကုသခြင့္-Short-Term Plan တို႕ပါဝင္ပါတယ္။ လူသိမ်ားတဲ့ Medicaid နဲ႔ အိုဘားမားခဲ လို႔ေျပာၾကတဲ့ Affordable Care Act နဲ႔ ဝယ္ယူထားတာေတြကိုေတာ့ ဒီ ဗီဆာကိစၥေတြမွာတင္သြင္းဖို႔ခြင့္မျပဳထားပါဘူး။

အိမ္ျဖဴေတာ္ဟာ ဒီကန႔္သတ္ခ်က္မွာမပါဝင္တဲ့လူစာရင္းေတြကိုလည္းထုတ္ျပန္ေပးထားပါတယ္။ အေမရိကန္နိုင္ငံသားေတြရဲ့သားသမီးေတြ၊ အရြယ္မေရာက္ေသးသူေတြ၊ (၁) ႏွစ္အတြင္းျပည္ျပန္ဝင္တဲ့ Green Card ကိုင္‌ေဆာင္ထားသူေတြ၊ အီရတ္ နဲ႔ အာဖဂန္နစၥတန္မွာတာဝန္က်တဲ့အေမရိကန္ဝန္ထမ္းနဲ႔သူတို႔ရဲ့မိသားစုေတြအျပင္ ေက်ာင္းသားဗီဆာနဲ႔လာေရာက္သူေတြက ခၽြင္းခ်က္ျဖစ္တယ္လို႔ဆိုပါတယ္။

အေမရိကားမွာလာေရာက္ေနထိုင္ဖို႔ ဒုကၡသည္စာရင္းခိုလႈံခြင့္ေလၽွာက္ထားသူ နဲ႔ နိုင္ငံေရးခိုလႈံခြင့္ေတာင္းခံသူေတြအျပင္ နိုဝင္ဘာလ (၃) ရက္ေန႔မတိုင္ခင္ျပည္ဝင္လာသူေတြဟာ ဒီဥပေဒသစ္ကေန ကင္းလြတ္ခြင့္ရၾကပါဦးမယ္။

ဒီေျပာင္းလဲမႈဟာ လူဦးေရ (၅) သိန္းခန႔္ရွိတဲ့ အေမရိကန္ျပည္ေထာင္စုထဲဝင္ေရာက္ေရး ဗီဆာရဖုိ႔ႀကိဳးစားေနသူေတြအေပၚသက္ေရာက္မႈႀကီးႀကီးမားမားရွိလာမွာျဖစ္္ပါတယ္။ သူတို႔တေတြဟာ အေမရိကန္နိုင္ငံသားခံယူထားသူေတြရဲ့ အိမ္ေထာင္ဘက္၊ မိဘ နဲ႔ သားသမီး စတဲ႕ အ‌ေျခအေနေတြနဲ႔ေခၚယူခြင့္ရထားသူေတြပါ။

မျမင္ရေသးတဲ့က်န္းမာေရးကုသခြင့္က ဘယ္ေလာက္ကုန္မွာလဲ? ေငြဘယ္ေလာက္ျပရမွာလဲ? ေရာက္ေတာင္မေရာက္ေသးဘူး က်န္းမာေရးကုသခြင့္က ဘယ္လိုေလၽွာက္လို႔ ဘယ္သူကေပးမွာလဲ? ဆိုတဲ့ေမးခြန္းေတြအေပၚမွာေတာ့ အိမ္ျဖဴေတာ္က ႏႈတ္ဆိတ္ေနဆဲပါ။

အခုလို DV-Electronic Diversity Visa Lottery ဖြင့္ေနတဲ့ကာလမွာ အရင္ႏွစ္ကေအာင္ျမင္ထားၿပီး ျပည္ဝင္ဖို႔ႀကိဳးစားေနသူေတြကို သက္ဆိုင္ရာနိုင္ငံရဲ့သံ႐ုံးေတြက ဘယ္လိုေတာင္းဆိုလာမလဲဆိုတာကိုေတာ့ ပိတ္ကားျပင္ေပၚမွာ ရင္ခုန္ၿပီးေစာင့္စားေနၾကပါၿပီ။

အလည္-Visit ဗီဆာသမားဟာ နဂိုကတည္းကေဆးကုသခြင့္ကိုကိုယ့္ကိစၥကိုယ္ရွင္းရတာျဖစ္လို႔အေျဖကရွင္းပါတယ္။ အလည္နဲ႔လာရင္ေတာ့ ကိုယ္ျဖစ္ကိုယ္ခံ လုကံဝကံ အေမရိကန္ျဖစ္ပါတယ္။


ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
10-07-2019

No comments: