ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, March 14, 2017

ယံုၾကည္တယ္ သား ေရ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
 
. ေဟာင္းေပမယ္႕ မိဘေတြရဲ႕ရင္ထဲအထိေကာင္းေနဆဲျဖစ္တဲ႕ ကိုေဇာ္ဝင္းထြဋ္ ဆိုထားတဲ့ " မ်ိဳးဆက္သစ္သီခ်င္း " စာသားတစ္ခ်ိဳ႕ ကြၽန္ေတာ္ညည္းဆိုသံကုိနားေထာင္ရင္း ပုခံုးထက္မွာ အိပ္အိပ္ေပ်ာ္သြားတာ ကြၽန္ေတာ႔ရဲ ႔သား ေပါ႔။ သမီးတုန္းက်ေတာ့လည္း သူ႔ အမွတ္သညာ နဲ႔ သူ႔သီခ်င္းသူ ရွိတယ္။ 
.
. ငယ္ငယ္တုန္းက သူ႔အေပၚေမွ်ာ္လင္႔ခဲ႔တာေတြထဲမွာ အခုလို အေမရိကားမွာ ၾကီးျပင္းဖို႔ ရုပ္လံုးအႀကြၾကီး မမွန္းခဲ႔ဘူး။ လိမၼာေရးျခားရွိၿပီး ေတြးေတာ ဆင္ျခင္တတ္၊ အမွန္ကို အမွန္လို႕ျမင္တတ္၊ လုပ္တတ္ ကိုင္တတ္ စီမံတတ္တဲ႔ ျမတ္စြာဘုရားရဲ ႔ သားေတာ္တစ္ေယာက္ ( ဘုန္းႀကီးသံဃာလို႔မဆိုလိုပါ ) ျဖစ္ရင္ေတာ္ၿပီ လို႔ သူ႔ကိုယူမယ္လုပ္ေတာ့ ဘုရားမွာ ေသေသခ်ာခ်ာဆုေတာင္းခဲ႔မိတယ္။ 
.
.
. စာဖတ္သူခ်စ္မိတ္ေဆြတစ္ခ်ို႕က သမီး နဲ႔ သား ကို ကြၽန္ေတာ္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ ဘယ္လိုထိန္းခဲ႔သလဲလို႔ မၾကာခဏေမးၾကတာ ရွိတယ္။ ေျပာရရင္ လူမွန္းသိ၊ ေက်ာင္းတက္၊ မသိတာသင္ . . ပဲ႔ျပင္ ဆံုးမ ဒါေတြအားလံုးက သူတကာ မိဘေတြနဲ႔တူပါတယ္။ ဆူပူေငါက္ငမ္းခံရတာလည္း မလြတ္ခဲ႔ၾကပါဘူး။ 
.
. " မတူနိုင္ေလာက္ဘူူး - Difference " လို႔ ကြၽန္ေတာ္ျမင္တဲ႔အရာတစ္ခုကေတာ့ သူတို႔ေလးေတြကို " သူတို႔လုပ္ခ်င္တာကိုကြၽန္ေတာ္ေပးလုပ္မိခဲ႕တာပဲ " လို႔ ထင္ပါတယ္။ အဲဒီလို မ်က္ႏွာလႊဲ သတိထားခြင္႔ျပဳေပးျခင္းရဲ ႔ညေတြမွာ ကြၽန္ေတာ္အိပ္မေပ်ာ္ပါဘူး။ သို႔ေပမယ့္ " အေကာင္းဆံုးကိုငါတို႔လုပ္ေပးခဲ့တယ္ " လို႔ ျပန္ျမင္ေယာင္ျပီး ခါးဖန္႔ဖန္႕ညနက္ပိုင္းကုိ လူးလူးလြန္႕လြန္႕ျဖတ္သန္းရင္း မနက္လင္းႏုိင္ခဲ႕တယ္။

.
.
. " စြမ္း " က ေတာ္ရံုဆို အိမ္မွာေနတဲ႕အခ်ိန္ေတြအတြင္း သူ႕မွာ ေက်ာင္းသားလႈပ္ရွားမႈ - Interact က သူငယ္ခ်င္းေတြနဲ႕အြန္လိုင္းစကားေျပာရတာ နဲ႕ DC - District Council က အဖြဲ႕ဝင္ေတြနဲ႕ Skype ေျပာေနတာ အျပင္ အိမ္စာလုပ္ရတာေတြေၾကာင္႕ တစ္အိမ္တည္းေနေပမယ္႕ ကြ်န္ေတာ္တုိ႕နဲ႕အားလပ္ခ်ိန္မတူၾကပါဘူး။ သူက လုပ္အားေပး မၾကာခဏသြားရတယ္။ ကြ်န္ေတာ္လုိက္ပို႕ရတဲ႕အခါရွိသလို ၾကိဳရတဲ႕အခါမ်ိဳးမွာလည္း ကားေပၚမွာစကားေျပာျဖစ္တယ္။ 
 .
. ဒီတစ္ပတ္ေသာၾကာေန႔က သူတို႔ DC က က်င္းပတဲ့ Leadership Retreat ညအိပ္ခရီးသြားဖို႔ လူစုတဲ႔ ကူပါထီးႏို - Cupertino ၿမိဳ႕ ကို လိုက္ပို႔ေတာ့ " သမီး နဲ႔ သားကို ဒီလိုမ်ိဳးနည္းပညာကုမၸဏီေတြမွာအလုပ္လုပ္ေစခ်င္တာ " လို႔ေျပာမိေတာ႔ဘာျပန္ေျပာတယ္မွတ္သလဲ ..?
.
.
. သူသိတာေပါ ႔ " မိဘေတြက သူတို႔ သားသမီးေတြကို သူတို႔ထက္သာတဲ႔အေကာင္းဆံုးေနရာေတြမွာ အလုပ္အကိုင္ေကာင္းေတြရေစခ်င္တာ " သူ ေကာင္းေကာင္းသိတာေပါ ႔ တဲ႔ေလ..။ တစ္ကယ္လို႔ အေဖနဲ႔ အေမ အတြက္သာမဟုတ္ရင္ သူ " ေက်ာင္းလည္းသြားေနစရာမလိုဘူး၊ စာလည္းက်က္ေနစရာမလိုဘူး " လို႔ ပြင္႔ထြက္လာပါတယ္။ 
.
. တစ္ဆက္တည္း သူက " သား ေက်ာင္းၾကီးသြားၿပီဆို ပါပါး နဲ႔ မာမားတို႔အားျပီ။ အဲဒီအခ်ိန္က်ရင္ ပါပါး နဲ႔ မာမားတို႔ Date လုပ္ၾက၊ ေလ်ွာက္လည္ အပန္းေျဖၾက " တဲ႔ . . ၾကည္႔ဦး ..။ 
.
.
. တစ္ကယ္ေတာ့ သမီးကိုေရာ သားကိုေရာ ဒါမ်ိဳးေတြ မသင္ေပးခဲ႔ရပါဘူး။ လူငယ္တို႔သဘာဝ အခ်ိန္ဆြဲတာ၊ စာက်က္ပ်င္းတာ၊ မနက္အိပ္ယာမထႏိုင္တာ ခ်စ္မိတ္ေဆြတို႔ရဲ ႔ရင္ေသြးမ်ားနဲ႔ အတူတူပါပဲ။ 
.
ဇေဝဇဝါျဖစ္တာမ်ိဳးဆို ကြၽန္ေတာ္ကခြဲျခားျပတယ္။ 
.
ေရြးခ်ယ္ရခက္တာမ်ိဳးဆို သူ႔အေမကႏိွုင္းယွဥ္ျပတယ္။
.
လမ္းစေပ်ာက္ေနတာမ်ိဳးဆို အခ်ိန္တစ္ခုကို ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလံုးေစာင္႔ေပးၾကတယ္ . . သည္းခံေပးတယ္။
.

.
. သူတို႔ကို " ေတာ္တယ္ " လို႔ အေျပာခံရတာဟာ " ဝါသနာပါတဲ့ကိစၥ၊ လုပ္ခ်င္တာလုပ္ခြင့္ရတဲ႔ တဒဂၤ . . တို႔ကို ေပါင္းစပ္ေပးလိုက္တဲ့ သူတို႔ရဲ ႔ကိုယ္ပိုင္ပါရမီ " ပါပဲ။ 
.
. သူတုိ႕ဟာ စိတ္မပါတာကိုမလုပ္ပါဘူး။ ကြ်န္ေတာ္အတင္းအၾကပ္ခိုင္းရင္လည္း မလုပ္ၾကပါဘူး။ ဒါေၾကာင္႕ သူတုိ႕စိတ္ပါတာကိုလုပ္ဖို႕စိတ္ရွည္္ေပးလုိက္တဲ႕အခါ လုပ္လာသမွ်ထြက္ကုန္ေတြဟာ စိတ္ေက်နပ္စရာခ်ည္းျဖစ္ခဲ႕ရပါတယ္။
.
.
. သူတို႔ရဲ ႔ပညာေရးလမ္းေၾကာင္းေျဖာင့္ျဖဴးဖို႔ လက္ေတြ႕လူမႈအၾကပ္အတည္းေတြကို ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဒိုင္းကာရင္ဆိုင္တယ္။ သူတို႔ရဲ ႔ အနာဂါတ္မွာ ေဆးေရာင္စံုျခယ္ထားတဲ႔ ပညာေရးအသီးအပြင့္ေတြ ျမိန္ျမိန္ယွက္ယွက္စားသံုးရဖို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဝင္ေပါက္က်ဥ္းၿပီး ယိုစိမ္႔မႈၾကီးတဲ႔ Income ေရပိုက္ၾကီးကို ထမ္းထားေပးခဲ႔တာေလာက္ပဲလုပ္ေပးရတာပါ။ က်န္တာေတြက သူတို႔ဖာသာသူတို႔ လုပ္သြားၾကတာ ခပ္မ်ားမ်ား..။
.
.
. ဒီတိုင္းျပည္မ်ိဳးမွာေနရတာ တစ္ရက္နဲ႔တစ္ရက္သင္ယူစရာက ကုန္ပဲမကုန္ႏိုင္ဘူးဆိုတာ ကြၽန္ေတာ္အၿမဲေျပာပါတယ္။ ကြၽန္ေတာ္ကေတာ့ သားသမီးေတြဆီကျပန္သင္ရရင္ ေပ်ာ္တယ္။ အထူးသျဖင့္ ကြၽန္ေတာ္မသိေသးတာတစ္ခု သူတို႔ကေျပာလာရင္ အရမ္းပီတိျဖစ္မိတယ္။ 
.
. အခုေတာ့ ကြၽန္ေတာ္တို႔သိထားတာကို သူတို႔မသိတာတစ္ခုရွိေနတယ္။ အဲဒါက သူတို႔စာၾကိဳးစားေနတာ " စြမ္း " ေျပာသလို မိဘေတြအတြက္လုပ္ေနရတာ မဟုတ္ဘူး . . " သူတို႔ေက်ာင္းတက္ေနတာဟာ သူတို႔လက္ေတြ႕ေရွ႕ေရးအတြက္၊ သူတို႔ဘဝအတြက္ " ဆိုတာပါပဲ။ 
.
.
. ခင္လ်က္

. ကိုညီညီ ( ေတာင္ႀကီး )
. 02-13-2017

.

Unicode Version:
.
.
. " ယုံကြည်တယ် သား ရေ " 
. ဟောင်းပေမယ့် မိဘတွေရဲ့ရင်ထဲအထိကောင်းနေဆဲဖြစ်တဲ့ ကိုဇော်ဝင်းထွဋ် ဆိုထားတဲ့ " မျိုးဆက်သစ်သီချင်း " စာသားတစ်ချို့ ကျွန်တော်ညည်းဆိုသံကိုနားထောင်ရင်း ပုခုံးထက်မှာ အိပ်အိပ်ပျော်သွားတာ ကျွန်တော့ရဲ့သား ပေါ့။ သမီးတုန်းကျတော့လည်း သူ့ အမှတ်သညာ နဲ့ သူ့သီချင်းသူ ရှိတယ်။ 
.
. ငယ်ငယ်တုန်းက သူ့အပေါ်မျှော်လင့်ခဲ့တာတွေထဲမှာ အခုလို အမေရိကားမှာ ကြီးပြင်းဖို့ ရုပ်လုံးအကြွကြီး မမှန်းခဲ့ဘူး။ လိမ္မာရေးခြားရှိပြီး တွေးတော ဆင်ခြင်တတ်၊ အမှန်ကို အမှန်လို့မြင်တတ်၊ လုပ်တတ် ကိုင်တတ် စီမံတတ်တဲ့ မြတ်စွာဘုရားရဲသားတော်တစ်ယောက် ( ဘုန်းကြီးသံဃာလို့မဆိုလိုပါ ) ဖြစ်ရင်တော်ပြီ လို့ သူ့ကိုယူမယ်လုပ်တော့ ဘုရားမှာ သေသေချာချာဆုတောင်းခဲ့မိတယ်။ 
.
.
. စာဖတ်သူချစ်မိတ်ဆွေတစ်ချို့က သမီး နဲ့ သား ကို ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက် ဘယ်လိုထိန်းခဲ့သလဲလို့ မကြာခဏမေးကြတာ ရှိတယ်။ ပြောရရင် လူမှန်းသိ၊ ကျောင်းတက်၊ မသိတာသင် . . ပဲ့ပြင် ဆုံးမ ဒါတွေအားလုံးက သူတကာ မိဘတွေနဲ့တူပါတယ်။ ဆူပူငေါက်ငမ်းခံရတာလည်း မလွတ်ခဲ့ကြပါဘူး။ 
.
. " မတူနိုင်လောက်ဘူး - Difference " လို့ ကျွန်တော်မြင်တဲ့အရာတစ်ခုကတော့ သူတို့လေးတွေကို " သူတို့လုပ်ချင်တာကိုကျွန်တော်ပေးလုပ်မိခဲ့တာပဲ " လို့ ထင်ပါတယ်။ အဲဒီလို မျက်နှာလွှဲ သတိထားခွင့်ပြုပေးခြင်းရဲ့ညတွေမှာ ကျွန်တော်အိပ်မပျော်ပါဘူး။ သို့ပေမယ့် " အကောင်းဆုံးကိုငါတို့လုပ်ပေးခဲ့တယ် " လို့ ပြန်မြင်ယောင်ပြီး ခါးဖန့်ဖန့်ညနက်ပိုင်းကို လူးလူးလွန့်လွန့်ဖြတ်သန်းရင်း မနက်လင်းနိုင်ခဲ့တယ်။
.
.
. " စွမ်း " က တော်ရုံဆို အိမ်မှာနေတဲ့အချိန်တွေအတွင်း သူ့မှာ ကျောင်းသားလှုပ်ရှားမှု - Interact က သူငယ်ချင်းတွေနဲ့အွန်လိုင်းစကားပြောရတာ နဲ့ DC - District Council က အဖွဲ့ဝင်တွေနဲ့ Skype ပြောနေတာ အပြင် အိမ်စာလုပ်ရတာတွေကြောင့် တစ်အိမ်တည်းနေပေမယ့် ကျွန်တော်တို့နဲ့အားလပ်ချိန်မတူကြပါဘူး။ သူက လုပ်အားပေး မကြာခဏသွားရတယ်။ ကျွန်တော်လိုက်ပို့ရတဲ့အခါရှိသလို ကြိုရတဲ့အခါမျိုးမှာလည်း ကားပေါ်မှာစကားပြောဖြစ်တယ်။ 
 .
. ဒီတစ်ပတ်သောကြာနေ့က သူတို့ DC က ကျင်းပတဲ့ Leadership Retreat ညအိပ်ခရီးသွားဖို့ လူစုတဲ့ ကူပါထီးနို - Cupertino မြို့ ကို လိုက်ပို့တော့ " သမီး နဲ့ သားကို ဒီလိုမျိုးနည်းပညာကုမ္ပဏီတွေမှာအလုပ်လုပ်စေချင်တာ " လို့ပြောမိတော့ဘာပြန်ပြောတယ်မှတ်သလဲ ..?
.
.
. သူသိတာပေါ့ " မိဘတွေက သူတို့ သားသမီးတွေကို သူတို့ထက်သာတဲ့အကောင်းဆုံးနေရာတွေမှာ အလုပ်အကိုင်ကောင်းတွေရစေချင်တာ " သူ ကောင်းကောင်းသိတာပေါ့ တဲ့လေ..။ တစ်ကယ်လို့ အဖေနဲ့ အမေ အတွက်သာမဟုတ်ရင် သူ " ကျောင်းလည်းသွားနေစရာမလိုဘူး၊ စာလည်းကျက်နေစရာမလိုဘူး " လို့ ပွင့်ထွက်လာပါတယ်။ 
.
. တစ်ဆက်တည်း သူက " သား ကျောင်းကြီးသွားပြီဆို ပါပါး နဲ့ မာမားတို့အားပြီ။ အဲဒီအချိန်ကျရင် ပါပါး နဲ့ မာမားတို့ Date လုပ်ကြ၊ လျှောက်လည် အပန်းဖြေကြ " တဲ့ . . ကြည့်ဦး ..။ 
.
.
. တစ်ကယ်တော့ သမီးကိုရော သားကိုရော ဒါမျိုးတွေ မသင်ပေးခဲ့ရပါဘူး။ လူငယ်တို့သဘာဝ အချိန်ဆွဲတာ၊ စာကျက်ပျင်းတာ၊ မနက်အိပ်ယာမထနိုင်တာ ချစ်မိတ်ဆွေတို့ရဲ့ရင်သွေးများနဲ့ အတူတူပါပဲ။ 
.
ဇဝေဇဝါဖြစ်တာမျိုးဆို ကျွန်တော်ကခွဲခြားပြတယ်။ 
.
ရွေးချယ်ရခက်တာမျိုးဆို သူ့အမေကနှိုင်းယှဉ်ပြတယ်။
.
လမ်းစပျောက်နေတာမျိုးဆို အချိန်တစ်ခုကို ကျွန်တော်တို့နှစ်ယောက်စလုံးစောင့်ပေးကြတယ် . . သည်းခံပေးတယ်။
.
.
. သူတို့ကို " တော်တယ် " လို့ အပြောခံရတာဟာ " ဝါသနာပါတဲ့ကိစ္စ၊ လုပ်ချင်တာလုပ်ခွင့်ရတဲ့ တဒင်္ဂ . . တို့ကို ပေါင်းစပ်ပေးလိုက်တဲ့ သူတို့ရဲ့ကိုယ်ပိုင်ပါရမီ " ပါပဲ။ 
.
. သူတို့ဟာ စိတ်မပါတာကိုမလုပ်ပါဘူး။ ကျွန်တော်အတင်းအကြပ်ခိုင်းရင်လည်း မလုပ်ကြပါဘူး။ ဒါကြောင့် သူတို့စိတ်ပါတာကိုလုပ်ဖို့စိတ္ရွည္ေ့်ေပးလိုက်တဲ့အခါ လုပ်လာသမျှထွက်ကုန်တွေဟာ စိတ်ကျေနပ်စရာချည်းဖြစ်ခဲ့ရပါတယ်။
.
.
. သူတို့ရဲ့ပညာရေးလမ်းကြောင်းဖြောင့်ဖြူးဖို့ လက်တွေ့လူမှုအကြပ်အတည်းတွေကို ကျွန်တော်တို့နှစ်ယောက် ဒိုင်းကာရင်ဆိုင်တယ်။ သူတို့ရဲ့ အနာဂါတ်မှာ ဆေးရောင်စုံခြယ်ထားတဲ့ ပညာရေးအသီးအပွင့်တွေ မြိန်မြိန်ယှက်ယှက်စားသုံးရဖို့ ကျွန်တော်တို့နှစ်ယောက် ဝင်ပေါက်ကျဉ်းပြီး ယိုစိမ့်မှုကြီးတဲ့ Income ရေပိုက်ကြီးကို ထမ်းထားပေးခဲ့တာလောက်ပဲလုပ်ပေးရတာပါ။ ကျန်တာတွေက သူတို့ဖာသာသူတို့ လုပ်သွားကြတာ ခပ်များများ..။
.
.
. ဒီတိုင်းပြည်မျိုးမှာနေရတာ တစ်ရက်နဲ့တစ်ရက်သင်ယူစရာက ကုန်ပဲမကုန်နိုင်ဘူးဆိုတာ ကျွန်တော်အမြဲပြောပါတယ်။ ကျွန်တော်ကတော့ သားသမီးတွေဆီကပြန်သင်ရရင် ပျော်တယ်။ အထူးသဖြင့် ကျွန်တော်မသိသေးတာတစ်ခု သူတို့ကပြောလာရင် အရမ်းပီတိဖြစ်မိတယ်။ 
.
. အခုတော့ ကျွန်တော်တို့သိထားတာကို သူတို့မသိတာတစ်ခုရှိနေတယ်။ အဲဒါက သူတို့စာကြိုးစားနေတာ " စွမ်း " ပြောသလို မိဘတွေအတွက်လုပ်နေရတာ မဟုတ်ဘူး . . " သူတို့ကျောင်းတက်နေတာဟာ သူတို့လက်တွေ့ရှေ့ရေးအတွက်၊ သူတို့ဘဝအတွက် " ဆိုတာပါပဲ။ 
.
.
. ခင်လျက်

. ကိုညီညီ ( တောင်ကြီး )
. 02-13-2017


No comments: