ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 4, 2018

ဝမ္းေအာ္ဇီးရုိးသမား အမွားအသြယ္သြယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
. ရန္ကုန္ခရီးစဥ္မွာ သူငယ္ခ်င္းေတြနဲ႕ေတြ႕ေတာ႕ ကြ်န္ေတာ္နားမလည္တဲ႕ ရန္ကုန္စကားတစ္ခြန္း
ၾကားခဲ႕ရတယ္။ မင္းလည္း "1 or 0 သမား" ပဲတဲ႕ . . ပထမေတာ႕ ကြ်န္ေတာ္နားမလည္ခဲ႕ဘူး . . ဘာကိုေျပာမွန္းလည္း မရိပ္မိခဲ႔ဘူး။ တကယ္တမ္း ကြန္ပ်ဴတာစံနစ္ရဲ ႔အလုပ္လုပ္ပံု Bit ေတြကို ေရတြက္တဲ႔ (တနည္းအားျဖင့္) ကြန္ပ်ဴတာကနားလည္တဲ႔ "တစ္" မဟုတ္ရင္ "သံုည" ဆိုတာကိုေျပာတဲ႕ Boolean Data Type ဆိုတာ ျပန္သိလာတယ္။ သူတုိ႕ဘာေၾကာင္႕ ဒါကိုေျပာရတာလဲ .?
.
. လူတစ္ေယာက္ဟာ ကိစၥတစ္ခုကို သူ/သူမ သိတဲ႕အတိုင္းျဖစ္လာမွလက္ခံျပီး သူ/သူမ မသိတာဆိုရင္ လံုးဝလက္မခံတာကိုေျပာတာျဖစ္တယ္။ အရပ္စကားနဲ႕ေျပာရင္ အေၾကာမာတယ္၊ ဒီေကာင္က Dead End ၾကီး၊ ဒီလူက One Way သမားၾကီး၊ ဒီလူၾကီးက တစ္ယူသန္ၾကီး . . ဗူးဆို ဖရံုမသီး တဲ႕ လူ႕အတၱေပါၾကီး . . စသျဖင္႕ ခပ္ၾကမ္းၾကမ္းစကားလံုးေတြနဲ႕ အဓိပၸာယ္ဒီဂရီ သြားညီလိမ္႕မယ္ ထင္ပါတယ္။
.
.
. "အမွားမသိရင္ အမွန္မျမင္၊ မဆင္ျခင္ေတာ႕ ထပ္မွား၊ ဝမ္းေအာ္ဇီးရိုးသမား" လို႕ေျပာရေအာင္ ကြန္ပ်ဴတာကနားလည္သလို (1) နဲ႕ (0) တို႕ထက္ လူက ေတြးေတာဆင္ျခင္ႏုိင္တဲ႕ အသိဥာဏ္ရိွေနျပီးသားပါ။ ဒါကို စက္တစ္ခုလို၊ ကြန္ပ်ဴတာတစ္လံုးလို သြင္းထားတဲ႕အေျဖမွန္/မမွန္ (Yes or No) ေဖာ္ျမဴလာ ဒါမွမဟုတ္ (True/T) or (False/F) ျဖည္႕ရမယ္႕ဇယားကြက္ထက္ လူ႕ဦးေႏွာက္က အေသြးဆန္ဆန္ အသားဆန္ဆန္အသက္ဝင္တာ အေသအခ်ာပါပဲ။ ဒါဆုိရင္ (1) လည္း မဟုတ္ (0) မဟုတ္တဲ႕ ဘယ္အရာေတြကို လူေတြကလက္ခံသင္႕ပါသလဲ? ဆက္စဥ္းစားၾကည္႕ရေအာင္ . .။
.
. ေဘာလံုးပြဲစကားနဲ႕ေျပာရရင္ (1:1) ၊ (2:2) နဲ႕ (0:0) ဆိုတဲ႕ သေရပြဲေတြ ရွိတယ္။ ဒါ႕အျပင္ Myanmar Got Talent Show လို ေခတ္မီေအာင္ေျပာရရင္ ဒုိင္ (၄) ေယာက္ထဲက (၂) ေယာက္ျငင္းျပီး (၂) ေယာက္ ေခါင္းညိမ္႕တဲ႕ကိစၥေတြဆိုတာ လူသားတုိ႕ရဲ႕ နိစၥဓူဝေနရာေတြမွာ အေျခအတင္ဆိုတာ အျမဲရွိေနတယ္။ သိပ္ေသခ်ာတာတစ္ခုက အေျဖတုိင္းဟာ (1) မဟုတ္ရင္ေတာင္ (0) ျဖစ္ခ်င္မွျဖစ္တယ္ဆိုတာမိတ္ေဆြတို႕ ေလးေလးနက္နက္ေတြးၾကည္႕ေပးပါ။
.
.
. ေတြးေခၚဆင္ျခင္မႈရဲ႕ေနာက္မွာ စဥ္းစားလက္ခံျခင္း လိုက္ပါလာရင္း ေနာက္ပုိင္း ေျပာင္းလဲလုပ္ေဆာင္ျခင္းတုိ႕ကို တြဲစပ္လႈပ္ရွားလုိက္တဲ႕အခါ (ႏိုင္ငံဥပမာအေနနဲ႕) တရုတ္ႏိုင္ငံၾကီးဟာ ဆယ္စုႏွစ္အနည္းငယ္အတြင္း ကမၻာမွာဒုတိယအၾကီးဆံုးစီးပြားေရးကိုပုိင္ဆုိင္ႏုိင္ခဲ႕တယ္။ ဒါကုိတင္းခံထားတဲ႕၊ အေၾကာမာတဲ႕၊ Hard Core အလား မာေၾကာတဲ႕ "1 or 0 သမား" ေတြေၾကာင္႕ ျမန္ေရႊျပည္ၾကီးဘာျဖစ္ေနသလဲဆိုတာ တုိင္းသူျပည္သားအားလံုး အေျဖသိျပီးသားျဖစ္ေနၾကမွာပါ။
.
. ႏိုင္ငံဆုိရင္ သိပ္ၾကီးက်ယ္သြားမွာစုိးလို႕ လူေတြအေၾကာင္းဘက္ျပန္သြားရေအာင္။ လူတစ္ေယာက္ခ်င္းဆီမွာလည္း သူတစ္ပါးေျပာတာကိုနားေထာင္ရမွာထက္ မိမိကေျပာခ်င္တာမ်ားေနတဲ႕အသိုင္းအဝိုင္းမွာ "1 or 0 သမား" ေတြနဲ႕ ျပည္႕ႏွက္ေနမွာမလြဲပါဘူး။ ဒါဆုိရင္ ဒီလူမႈပတ္ဝန္းက်င္အတြက္ ရင္ေလးမိတယ္။ တစ္ဇြတ္ထုိး တစ္ေစာက္ကန္းေတြေၾကာင္႕ ႏြံနစ္ရေတာ႕မယ္႕ သားသမီးရင္ေသြး ေက်ာင္းသားလူငယ္ေတြရဲ႕ဘဝက ဘယ္ေတာ႕မ်ားမွလြတ္ေျမာက္မယ္ဆုိတာ မသိႏုိင္ပါဘူး။
.
.
. ဒါေၾကာင္႕ မိဘေတြအေနနဲ႕ မိမိသားသမီးအေပၚမွာေတာ႕
.
သူတုိ႕ျဖစ္ခ်င္တာကို သိဖို႕
သူတုိ႕လတ္တေလာလုပ္ခ်င္တာကုိ ျမင္တတ္ဖို႕
သူတုိ႕ဝါသနာကို သတိထားမိဖို႕ နဲ႕
သူတို႕ေလးေတြမလုပ္ခ်င္တဲ႕ကိစၥေတြကုိ နားလည္ခံစားႏုိင္ဖို႕
စကားမ်ားမ်ားေျပာျပီး လမ္းဖြင္႕ထားတဲ႕စကားဝိုင္းေတြ စီစဥ္ေပးရပါမယ္။
.
.
. ဒီလိုမ်ိဳး (နားေထာင္ျပီးတဲ႕အခါ) လုပ္ရင္း လုပ္ရင္း နဲ႕ မိမိက သားသမီးေတြကို
.
မိဘေတြေနရာက ျဖစ္ေစခ်င္တာ
လတ္တေလာလုပ္ေစခ်င္တာ
စိတ္ဝင္စားသင္႕တဲ႕ဝါသနာ နဲ႕
ေရွာင္ေစခ်င္တာေတြကို (1) နဲ႕ (0) ၾကားက ဆံုမွတ္တစ္ခုကိုညွိႏိႈင္းေခၚေဆာင္လာသင္႕ပါတယ္။
.
. ဒါေတြအားလံုးဟာ တစ္ၾကိမ္တည္း တစ္ပါတည္း တစ္ထိုင္တည္း ေန႕ခ်င္းညခ်င္းျဖစ္လာႏုိင္တာမဟုတ္ပါဘူး။
.
နည္းနည္းေျပာျခင္းနဲ႕ စ
နည္းနည္းေလွ်ာ႕တဲ႕စိတ္ကို ခ်
နည္းနည္းလိုက္ေလ်ာတဲ႕အသိကို လွစ္ဟ လို႕
နည္းနည္းတုိးလာတဲ႕ေမတၱာဓါတ္တို႕ကို ျပသရင္း
မ်ားမ်ားနားေထာင္ျခင္း နဲ႕
စလံုးေရ စမွ
အသြယ္သြယ္မမွားေတာ႕တဲ႕
"Within 1 to 0 သမား" ေတြ လူ႕ေလာကထဲမွာတိုးလာမွာျဖစ္တဲ႕အေၾကာင္း
မီးေမာင္းထုိးျပလိုက္ပါရေစ ေရာင္းရင္းတုိ႕ . .။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 08-04-2018
.
.
Unicode Version:
.
.
. "ဝမ်းအော်ဇီးရိုးသမား အမှားအသွယ်သွယ်"
. ရန်ကုန်ခရီးစဉ်မှာ သူငယ်ချင်းတွေနဲ့တွေ့တော့ ကျွန်တော်နားမလည်တဲ့ ရန်ကုန်စကားတစ်ခွန်း
ကြားခဲ့ရတယ်။ မင်းလည်း "1 or 0 သမား" ပဲတဲ့ . . ပထမတော့ ကျွန်တော်နားမလည်ခဲ့ဘူး . . ဘာကိုပြောမှန်းလည်း မရိပ်မိခဲ့ဘူး။ တကယ်တမ်း ကွန်ပျူတာစံနစ်ရဲ ့အလုပ်လုပ်ပုံ Bit တွေကို ရေတွက်တဲ့ (တနည်းအားဖြင့်) ကွန်ပျူတာကနားလည်တဲ့ "တစ်" မဟုတ်ရင် "သုံည" ဆိုတာကိုပြောတဲ့ Boolean Data Type ဆိုတာ ပြန်သိလာတယ်။ သူတို့ဘာကြောင့် ဒါကိုပြောရတာလဲ .?
.
. လူတစ်ယောက်ဟာ ကိစ္စတစ်ခုကို သူ/သူမ သိတဲ့အတိုင်းဖြစ်လာမှလက်ခံပြီး သူ/သူမ မသိတာဆိုရင် လုံးဝလက်မခံတာကိုပြောတာဖြစ်တယ်။ အရပ်စကားနဲ့ပြောရင် အကြောမာတယ်၊ ဒီကောင်က Dead End ကြီး၊ ဒီလူက One Way သမားကြီး၊ ဒီလူကြီးက တစ်ယူသန်ကြီး . . ဗူးဆို ဖရုံမသီး တဲ့ လူ့အတ္တပေါကြီး . . စသဖြင့် ခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ အဓိပ္ပာယ်ဒီဂရီ သွားညီလိမ့်မယ် ထင်ပါတယ်။
.
.
. "အမှားမသိရင် အမှန်မမြင်၊ မဆင်ခြင်တော့ ထပ်မှား၊ ဝမ်းအော်ဇီးရိုးသမား" လို့ပြောရအောင် ကွန်ပျူတာကနားလည်သလို (1) နဲ့ (0) တို့ထက် လူက တွေးတောဆင်ခြင်နိုင်တဲ့ အသိဉာဏ်ရှိနေပြီးသားပါ။ ဒါကို စက်တစ်ခုလို၊ ကွန်ပျူတာတစ်လုံးလို သွင်းထားတဲ့အဖြေမှန်/မမှန် (Yes or No) ဖော်မြူလာ ဒါမှမဟုတ် (True/T) or (False/F) ဖြည့်ရမယ့်ဇယားကွက်ထက် လူ့ဦးနှောက်က အသွေးဆန်ဆန် အသားဆန်ဆန်အသက်ဝင်တာ အသေအချာပါပဲ။ ဒါဆိုရင် (1) လည်း မဟုတ် (0) မဟုတ်တဲ့ ဘယ်အရာတွေကို လူတွေကလက်ခံသင့်ပါသလဲ? ဆက်စဉ်းစားကြည့်ရအောင် . .။
.
. ဘောလုံးပွဲစကားနဲ့ပြောရရင် (1:1) ၊ (2:2) နဲ့ (0:0) ဆိုတဲ့ သရေပွဲတွေ ရှိတယ်။ ဒါ့အပြင် Myanmar Got Talent Show လို ခေတ်မီအောင်ပြောရရင် ဒိုင် (၄) ယောက်ထဲက (၂) ယောက်ငြင်းပြီး (၂) ယောက် ခေါင်းညိမ့်တဲ့ကိစ္စတွေဆိုတာ လူသားတို့ရဲ့ နိစ္စဓူဝနေရာတွေမှာ အခြေအတင်ဆိုတာ အမြဲရှိနေတယ်။ သိပ်သေချာတာတစ်ခုက အဖြေတိုင်းဟာ (1) မဟုတ်ရင်တောင် (0) ဖြစ်ချင်မှဖြစ်တယ်ဆိုတာမိတ်ဆွေတို့ လေးလေးနက်နက်တွေးကြည့်ပေးပါ။
.
.
. တွေးခေါ်ဆင်ခြင်မှုရဲ့နောက်မှာ စဉ်းစားလက်ခံခြင်း လိုက်ပါလာရင်း နောက်ပိုင်း ပြောင်းလဲလုပ်ဆောင်ခြင်းတို့ကို တွဲစပ်လှုပ်ှားလိုက်တဲ့အခါ (နိုင်ငံဥပမာအနေနဲ့) တရုတ်နိုင်ငံကြီးဟာ ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာမှာဒုတိယအကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်နိုင်ခဲ့တယ်။ ဒါကိုတင်းခံထားတဲ့၊ အကြောမာတဲ့၊ Hard Core အလား မာကြောတဲ့ "1 or 0 သမား" တွေကြောင့် မြန်ရွှေပြည်ကြီးဘာဖြစ်နေသလဲဆိုတာ တိုင်းသူပြည်သားအားလုံး အဖြေသိပြီးသားဖြစ်နေကြမှာပါ
.
. နိုင်ငံဆိုရင် သိပ်ကြီးကျယ်သွားမှာစိုးလို့ လူတွေအကြောင်းဘက်ပြန်သွားရအောင်။ လူတစ်ယောက်ချင်းဆီမှာလည်း သူတစ်ပါးပြောတာကိုနားထောင်ရမှာထက် မိမိကပြောချင်တာများနေတဲ့အသိုင်းအဝိုင်းမှာ "1 or 0 သမား" တွေနဲ့ ပြည့်နှက်နေှာမလွဲပါဘူး။ ဒါဆိုရင် ဒီလူမှုပတ်ဝန်းကျင်အတွက် ရင်လေးမိတယ်။ တစ်ဇွတ်ထိုး တစ်စောက်ကန်းတွေကြောင့် နွံနစ်ရတော့မယ့် သားသမီးရင်သွေး ကျောင်းသားလူငယ်တွေရဲ့ဘဝက ဘယ်တော့များမှလွတ်မြောက်မယ်ဆိုတာ မသိနိုင်ပါဘူး။
.
.
. ဒါကြောင့် မိဘတွေအနေနဲ့ မိမိသားသမီးအပေါ်မှာတော
.
သူတို့ဖြစ်ချင်တာကို သိဖို့
သူတို့လတ်တလောလုပ်ချင်တာကို မြင်တတ်ဖို့
သူတို့ဝါသနာကို သတိထားမိဖို့ နဲ့
သူတို့လေးတွေမလုပ်ချင်တဲ့ကိစ္စတွေကို နားလည်ခံစားနိုင်ဖို့
စကားများများပြောပြီး လမ်းဖွင့်ထားတဲ့စကားဝိုင်းတွေ စီစဉ်ပေးရပါမယ်။
.
.
. ဒီလိုမျိုး (နားထောင်ပြီးတဲ့အခါ) လုပ်ရင်း လုပ်ရင်း နဲ့ မိမိက သားသမီးတွေကို
.
မိဘတွေနေရာက ဖြစ်စေချင်တာ
လတ်တလောလုပ်စေချင်တာ
စိတ်ဝင်စားသင့်တဲ့ဝါသနာ နဲ့
ှောင်စေချင်တာတွေကို (1) နဲ့ (0) ကြားက ဆုံမှတ်တစ်ခုကိုညှိနှိုင်းခေါ်ဆောင်လာသင့်ပါတယ်
.
. ဒါတွေအားလုံးဟာ တစ်ကြိမ်တည်း တစ်ပါတည်း တစ်ထိုင်တည်း နေ့ချင်းညချင်းဖြစ်လာနိုင်တာမဟုတ်ပါဘူး။
.
နည်းနည်းပြောခြင်းနဲ့ စ
နည်းနည်းလျှော့တဲ့စိတ်ကို ချ
နည်းနည်းလိုက်လျောတဲ့အသိကို လှစ်ဟ လို့
နည်းနည်းတိုးလာတဲ့မေတ္တာဓါတ်တို့ကို ပြသရင်း
များများနားထောင်ခြင်း နဲ့
စလုံးရေ စမ
အသွယ်သွယ်မမှားတော့တဲ့
"Within 1 to 0 သမား" တွေ လူ့လောကထဲမှာတိုးလာမှာဖြစ်တဲ့အကြောင်း
မီးမောင်းထိုးပြလိုက်ပါရစေ ရောင်းရင်းတို့ . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-04-2018



No comments: