ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, July 26, 2016

ေက်ာင္းသား နဲ႕ စာ၊ စာ နဲ႕ ေက်ာင္းသား ( Motivation )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ဒီဘက္ႏုိင္ငံကိုလာရမယ္ဆုိတာ တိတိက်က်မသိခင္ကတုန္းက ရန္ကုန္ကို ကြ်န္ေတာ္ မၾကာခဏေရာက္တယ္။ လုပ္ငန္းလုပ္ရင္းလည္းေရာက္ရသလို ႏိုင္ငံျခားနဲ႕ စာသြားစာလာလုပ္ရတဲ႕အခါ၊ ေငြၾကိဳလႊဲဖို႕လုပ္ရတဲ႕အခါ အေရာက္စိတ္လာခဲ႕တယ္။
.
ဘယ္ေလာက္အထိေခတ္ေနာက္က်ခဲ႕သလဲဆုိရင္ ( ေခတ္ကိုပစ္ထားခဲ႕တယ္ဆုိရင္ ပိုမွန္ပါတယ္ ) အမ္ပီသရီးသီခ်င္းဖြင္႕စက္ - Mp3 Player ဆုိတာကို တူမေလးက ဖြင္႕ျပမွ “ အယ္ .. ဒီခလုပ္ေလးႏွိပ္လိုက္ရင္ သီခ်င္းသံၾကားရတယ္ေနာ္ ” ဆိုျပီး စျမင္ဖူးခဲ႕တဲ႕ ကြ်န္ေတာ႕အဖို႕ ရန္ကုန္ျမိဳ႕မွာ ေတာ္ေတာ္္မ်က္စိလည္ရတယ္။
.
တကၠသိုလ္တက္တုန္းက အင္တာနက္ဆိုတာ ရွိမွမရိွခဲ႕တာဆုိေတာ႕ ရန္ကုန္သားသူငယ္ခ်င္းတစ္ေယာက္က သူ႕အိမ္မွာအင္တာနက္ရွိတယ္လည္းဆုိေရာ သူ႕ကို အေမရိကန္သြားခြင္႕ထီ - DV တင္ခိုင္းဖူးေသးတယ္။ သူ႕အိမ္မွာ ကြန္ပ်ဴတာ ( ၃ ) လံုး၊ သူအလုပ္လုပ္တာကတစ္စံု၊ မိသားစုသံုးတာက တစ္လံုး နဲ႕ ေနာက္တစ္လံုးက သူ႕သား ဂိမ္းေဆာ႕ဖို႕ထားတဲ႕သူငယ္ခ်င္းက ေတာ္ေတာ္ေခတ္မီွတယ္။
.
.
ကြ်န္ေတာ႕မွာေတာ႕ တစ္နာရီ ( ၄ဝဝ ) ေပးျပီး အင္တာနက္ကေဖး ေျပးရ၊ အေကာင္႕မဖြင္႕တတ္လို႕ ေငြ ( ၇ဝဝ ) ေပးျပီး Gmail ဖြင္႕ခုိင္းရ နဲ႕ ေတာ္ေတာ႕ကိုလည္ထြက္ျပီး ပူေလာင္စပ္ခါးတဲ႕ ရန္ကုန္ျမိဳ႕ျပၾကီး ျဖစ္ခဲ႕တယ္။ အဲဒီသူငယ္ခ်င္းနဲ႕ ႏွစ္ၾကိမ္သံုးၾကိမ္ေလာက္ေတြ႕ေတာ႕ သားနဲ႕သမီးကုိ စာၾကိဳးစားဖို႕ ကြ်န္ေတာ္အျမဲသြန္သင္တယ္ဆုိတဲ႕စကားအေပၚမွာ သူကေျပာတယ္
.
“ ေဟ႕ .. သူငယ္ခ်င္း ”
“ ေက်ာင္းသားက စာသိပ္ၾကိဳးစားဖို႕မလုိဘူးကြ။ အခ်ိန္တန္ရင္ အတန္းက သူ႕အလိုလိုေအာင္သြားလိမ္႕မယ္။ ကေလးဆုိတာ ေပးေဆာ႕မွကြ ” တဲ႕..။
.
.
ဒါနဲ႕ ကြ်န္ေတာ္က “ ဟာ .. မင္းဟာက မဟုတ္ေသးပါဘူး။ ေက်ာင္းသားပဲ စာလုပ္ရမွာေပါ႕။ စာမလုပ္လို႕ စာေမးပြဲေရာက္ရင္ ဘယ္ကစာနဲ႕ သူသြားေျဖမွာလဲ ” ဆိုေတာ႕ သူက
.
“ ကေလးေတြကုိ စိတ္လြတ္လြတ္လပ္လပ္ ထားေပးရတယ္။ လူၾကီးေတြကဖိအားေပးတုိင္းေကာင္းတာမဟုတ္ဘူး ” ဆုိျပီး တုံ႕ျပန္ခဲ႕ပါတယ္။
.
.
ဒီလိုနဲ႕ ေနာက္ထပ္ ( ၄ ) ႏွစ္အၾကာမွာ သူနဲ႕ ရန္ကုန္မွာ တစ္ေခါက္ျပန္ဆံုတယ္။ စြမ္း က ဒီႏုိင္ငံ ( ၈ ) တန္း ရဲ႕ အလယ္တန္းေက်ာင္းသားေခါင္းေဆာင္ဥကၠ႒ - School President မျဖစ္ခင္ လပိုင္းအလုိမွာ သူနဲ႕ကြ်န္ေတာ္ ရန္ကုန္ေရႊပုစြန္မွာ စကားေျပာေတာ႕ ကြ်န္ေတာ္ကေမးတယ္ “ မင္း ရဲ႕ သားေရာ .. စာေတာ္တယ္မဟုတ္လား? မင္းစိတ္ေအးရျပီေပါ႕ ” ဆုိေတာ႕ သူျပန္ေျဖတာက
.
“ ငါ႕သား စာေမးပြဲ ( ၂ ) ႏွစ္ဆက္တိုက္က်တယ္ ” တဲ႕ေလ..။ ဒါနဲ႕ ကြ်န္ေတာ္က “ ဘယ္လိုျဖစ္တာတုန္း .. မင္းရဲ႕သားက စာေတာ္တယ္ဆို .. မင္းပဲ ကေလးဆိုတာ ကစားမွဆို? ” လို႕ ဆက္ေမးေတာ႕ ....
.
“ သူ Grand Theft  Auto  ကစားတာမ်ားသြားတယ္။ စာမက်က္ေတာ႕ စာေမးပြဲမွာ မေျဖႏုိင္ဘူး ” လုိ႕ ႏြမ္းလ်စြာ ေျဖရွာတယ္။

.
.
ကြ်န္ေတာ္စိတ္မေကာင္းရံုကလြဲျပီး ဘာမ်ားတတ္ႏုိင္ဦးမွာလဲ? စြမ္း နဲ႕ သူ႕သားနဲ႕က အထက္ေအာက္ ( ၂ ) ႏွစ္ေလာက္ပဲ ကြာမွာ။ စြမ္း ( ၈ ) တန္းေရာက္ရင္ သူ႕သားက စာေတာ္လို႕ ဆရာဝန္လိုင္းေတြ ဘာေတြဝင္ထားျပီးသားလို႕ထင္ထားရံုမက ခ်ီးက်ဴးဖို႕အဆင္သင္႕ေတြးလာခဲ႕တဲ႕ ကြ်န္ေတာ႕စိတ္ကူးေတြကို သူ ေတြ႕မသြားခဲ႕ဘူး။ သူ နားေထာင္မသြားရဘူး။ ကြ်န္ေတာ္ေျပာမယ္႕စကားေတြလည္း ဆြံ႕အေနခဲ႕ရတယ္။
.
သူနဲ႕အဆက္အသြယ္ျပတ္တဲ႕ ( ၄ ) ႏွစ္အတြင္း သူ လုပ္ေနတဲ႕အလုပ္ေတြကို ကြ်န္ေတာ္မသိခဲ႕တာလည္းပါပါလိမ္႕မယ္။ သူ .. ခရီးထြက္တယ္ .. ျမိဳ႕ထဲမွာ အခ်ိန္ျပည္႕အလုပ္လုပ္တယ္ .. ကေလးကို စာမစစ္ဘူး .. ေခတ္မွီေစခ်င္လြန္းလို႕ ကြန္ပ်ဴတာတစ္လံုးေပးထားတယ္ .. ဘယ္သူမွမတတ္ႏိုင္တဲ႕အခ်ိန္ အင္တာနက္သြယ္ေပးထားတယ္ဆုိတာေတြကို ေနာက္ပုိင္းက်မွ ကြ်န္ေတာ္ ျပန္သိရတယ္။
.
အဲဒါထက္ဆိုးတာက သူ႕သားသမီးကုိ ေက်ာင္းစာ နဲ႕ လူငယ္သဘာဝ အေပ်ာ္အပါးေတြၾကား  “ စည္းကမ္း ” ထားေပးရမယ္ဆုိတာကို ကြ်န္ေတာ႕သူငယ္ခ်င္းသိလာတဲ႕အခ်ိန္ ကေလးက စာေမးပြဲတစ္ေခါက္က်ေနႏွင္႕ျပီ။ ကေလးက အဂၤလိပ္လိုေျပာရင္ ရင္ခုန္ေနတတ္တဲ႕ ကြ်န္ေတာ႕သူငယ္ခ်င္းဟာ စာလုပ္ဖို႕သူဆံုးမတာကို မနာခံေတာ႕တဲ႕ သားငယ္ရဲ႕ျပန္ပက္တဲ႕စကားလံုးေတြေအာက္မွာ ရင္တုန္ေလျဖတ္ေနပါျပီ။
.
.
သူ႕စကား က ဒီဘက္ႏိုင္ငံမွာဆို ေတာ္ေတာ္အသံုးတည္႕ပါလိမ္႕မယ္။ ဒါေပမယ္႕ ကြက္တိေတာ႕ မရဘူး .. နည္းနည္းေလးေတာ႕ျပင္ရလိမ္႕မယ္ “ ေက်ာင္းသားက စာသိပ္ၾကိဳးစားဖို႕မလုိဘူး။ အခ်ိန္တန္ရင္ အတန္းက သူ႕အလိုလိုေအာင္သြားလိမ္႕မယ္။ ကေလးဆုိတာ ကစားလည္းကစား .. စဥ္းစားလည္း စဥ္းစားမွကြ ” လို႕ ဆိုရင္ အျပည္ျပည္ဆုိင္ရာမွာက်င္႕သံုးေနတဲ႕ ဆင္ျခင္ပိုင္းျခားႏုိင္တဲ႕စဥ္းစားနည္း - Critical Thinking ကို ရျပီးသား ျဖစ္သြားမွာပါ။
.
အဲဒီအေပၚမွာမွ ေက်ာင္းသားကုိ စာလည္း သင္ျပ၊ အိမ္စာလည္း တင္ခိုင္း၊ ကြန္ပ်ဴတာလည္း ေနာက္မက်ေစနဲ႕၊ အြန္လိုင္းကေန အဆုိင္းမင္႕တင္ေစ၊ အားကစားလည္း မျပတ္လုပ္ခုိင္း၊ လူမႈေရး - Activity မွာ စာရင္းေပးသြင္း၊ ကုိယ္ပိုင္စိတ္ဝင္စားတာလုပ္ရတဲ႕ Elective Class ကို ဝင္သင္ .. စတာေတြနဲ႕အားျဖည္႕လိုက္တဲ႕အခါ ေက်ာင္းသားမွာ ေက်ာင္းဆင္းျပီးလို႕ က်ဴရွင္သြားဖုိ႕ေနေနသာသာ အိမ္မွာ ယားလုိ႕ေတာင္မကုတ္ႏိုင္ပါဘူး။
.
.
ဒီလိုမအားတဲ႕ၾကားထဲကေန ဒီကေက်ာင္းသားေတြ ညမအိပ္ခင္ အိမ္စာျပီးတယ္။ ေနာက္တစ္ရက္မွာ ဆရာမေရွ႕  Turn In Paper မွီတယ္။ အိမ္က အင္တာနက္နဲ႕ ဆရာ ဆရာမကိုလည္း အီးေမးလ္ ပို႕ႏုိင္တယ္။ တစ္ပတ္ကိုဘယ္ႏွစ္နာရီဆိုျပီး ၾကိဳက္ႏွစ္သက္ရာအျပင္စာကိုလည္း ဖတ္ႏုိင္တယ္။
.
ဒါတင္ဘယ္ကဦးမလဲ .. စေန၊ တနဂၤေႏြ ေက်ာင္းပိတ္ရက္ေတြမွာမိဘကအျပင္မေခၚသြားရင္ သူငယ္ခ်င္းေတြနဲ႕အတူ အြန္လုိင္းဂိမ္းေဆာ႕ႏုိင္ေသးတယ္။ Skype ေတာင္ ေျပာလိုက္ေသးတယ္။
.
ဒီအျဖစ္အပ်က္ႏွစ္ခုကို ဆန္းစစ္လိုက္တဲ႕အခါ လုိေနတဲ႕ မဟာအရံအတားက “ ႏွစ္ဦးႏွစ္ဘက္သေဘာတူထားတဲ႕စည္းကမ္း ” ျဖစ္ေနတာကို ေတြ႕ရွိလာတယ္။
.
အေၾကာင္းရင္းစစ္ၾကည္႕ေတာ႕ ..
.
ကေလးသူငယ္ရဲ႕ဝါသနာကိုအားေပးရင္း၊ စိတ္ေပ်ာ္ေအာင္ ေဖ်ာ္ေျဖမႈေတြကို ေသြးတိုးစမ္းေပးရင္း၊
.
ဘာသာစကား နဲ႕ ယဥ္ေက်းမႈကို ကိုင္းဆက္ကူးသန္းလို႕ရလာေအာင္ မသိမသာ ေပ်ာ္ဝင္ေစရင္း၊
.
အမွန္လုပ္-အမွတ္ေပး စံနစ္ ( Credit ) နဲ႕
.
အမွားလုပ္-သတိေပး ( Learn from it ) စံနစ္တို႕ကို က်င္႕သံုးေပးႏုိင္ခဲ႕ရံုမက
.
စြမ္း ရဲ႕ ပင္ကိုယ္က လုပ္ခ်င္ကိုင္ခ်င္စိတ္ရွိရင္းစြဲတို႕ကို အင္တုိက္အားတုိက္တူးဆြ - Motivation လုပ္ေပးခဲ႕ႏုိင္တာကို ဝမ္းေျမာက္ဝမ္းသာ ေျပာျပခ်င္တယ္။
.
.
ဒါေၾကာင္႕ အရင္တစ္ခ်ိန္က ဘယ္သူ႕အေတြးအေခၚကမွန္တယ္ဆုိတာက အေရးမၾကီးဘူး .. ဘယ္နည္းဗ်ဴဟာက ကိုယ္႕ရင္ေသြးနဲ႕အလုပ္ျဖစ္တယ္ ဆုိတာက ပိုအဓိကက်တယ္ဆုိတာကို သိလာခဲ႕တယ္။ ဒီအေၾကာင္းေတြကုိ အခုမွ သူငယ္ခ်င္းကိုျပန္ေျပာရင္ သူ႕ကိုလည္းအားနာရသလို သူ႕ကေလးရဲ႕အေျခအေနကို ကြ်န္ေတာ္လည္း ေသေသခ်ာခ်ာမသိေတာ႕ ရွင္းလို႕မရတဲ႕ ပေဟဠိတစ္ခုလို ျဖစ္ေနတာခက္တယ္။
.
တစ္ကယ္ေတာ႕ ေပးထားခ်က္ေတြပါဝင္တဲ႕ေမးခြန္းေတြကေတာ႕ အျမဲရွိေနမွာပါပဲ။ ေရးသြင္းမယ္႕ကိန္းဂဏန္းေတြ နဲ႕ သံုးစြဲမယ္႕ ပံုေသနည္းေတြေၾကာင္႕သာ တြက္ခ်က္သူေပၚမူတည္ျပီး ရလဒ္အေျဖမတူႏုိင္တာကို သူငယ္ခ်င္း သိေစခ်င္တယ္။
.
အခုေလာက္ဆိုရင္ သူတုိ႕သားအဖလည္း ေမးခြန္းနဲ႕အေျဖကိုက္ညီတဲ႕ ဘဝပုစၦာတစ္ပုဒ္ကို တြက္ျပီးေလာက္ေရာေပါ႕လုိ႕ အေဝးကေန ကြ်န္ေတာ္ဆုေတာင္းေနမိပါတယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
07-26-2016
.
.
.
Unicode Version:
.
.
“ ကျောင်းသား နဲ့ စာ၊ စာ နဲ့ ကျောင်းသား ( Motivation ) ”
.
ဒီဘက်နိုင်ငံကိုလာရမယ်ဆိုတာ တိတိကျကျမသိခင်ကတုန်းက ရန်ကုန်ကို ကျွန်တော် မကြာခဏရောက်တယ်။ လုပ်ငန်းလုပ်ရင်းလည်းရောက်ရသလို နိုင်ငံခြားနဲ့ စာသွားစာလာလုပ်ရတဲ့အခါ၊ ငွေကြိုလွှဲဖို့လုပ်ရတဲ့အခါ အရောက်စိတ်လာခဲ့တယ်။
.
ဘယ်လောက်အထိခေတ်နောက်ကျခဲ့သလဲဆိုရင် ( ခေတ်ကိုပစ်ထားခဲ့တယ်ဆိုရင် ပိုမှန်ပါတယ် ) အမ်ပီသရီးသီချင်းဖွင့်စက် - Mp3 Player ဆိုတာကို တူမလေးက ဖွင့်ပြမှ “ အယ် .. ဒီခလုပ်လေးနှိပ်လိုက်ရင် သီချင်းသံကြားရတယ်နော် ” ဆိုပြီး စမြင်ဖူးခဲ့တဲ့ ကျွန်တော့အဖို့ ရန်ကုန်မြို့မှာ တော်တော်္မျက်စိလည်ရတယ်။
.
တက္ကသိုလ်တက်တုန်းက အင်တာနက်ဆိုတာ ရှိမှမရှိခဲ့တာဆိုတော့ ရန်ကုန်သားသူငယ်ချင်းတစ်ယောက်က သူ့အိမ်မှာအင်တာနက်ရှိတယ်လည်းဆိုရော သူ့ကို အမေရိကန်သွားခွင့်ထီ - DV တင်ခိုင်းဖူးသေးတယ်။ သူ့အိမ်မှာ ကွန်ပျူတာ ( ၃ ) လုံး၊ သူအလုပ်လုပ်တာကတစ်စုံ၊ မိသားစုသုံးတာက တစ်လုံး နဲ့ နောက်တစ်လုံးက သူ့သား ဂိမ်းဆော့ဖို့ထားတဲ့သူငယ်ချင်းက တော်တော်ခေတ်မှီတယ်။
.
.
ကျွန်တော့မှာတော့ တစ်နာရီ ( ၄ဝဝ ) ပေးပြီး အင်တာနက်ကဖေး ပြေးရ၊ အကောင့်မဖွင့်တတ်လို့ ငွေ ( ၇ဝဝ ) ပေးပြီး Gmail ဖွင့်ခိုင်းရ နဲ့ တော်တော့ကိုလည်ထွက်ပြီး ပူလောင်စပ်ခါးတဲ့ ရန်ကုန်မြို့ပြကြီး ဖြစ်ခဲ့တယ်။ အဲဒီသူငယ်ချင်းနဲ့ နှစ်ကြိမ်သုံးကြိမ်လောက်တွေ့တော့ သားနဲ့သမီးကို စာကြိုးစားဖို့ ကျွန်တော်အမြဲသွန်သင်တယ်ဆိုတဲ့စကားအပေါ်မှာ သူကပြောတယ်
.
ဟေ့ .. သူငယ်ချင်း ”
ကျောင်းသားက စာသိပ်ကြိုးစားဖို့မလိုဘူးကွ။ အချိန်တန်ရင် အတန်းက သူ့အလိုလိုအောင်သွားလိမ့်မယ်။ ကလေးဆိုတာ ပေးဆော့မှကွ ” တဲ့..။
.
.
ဒါနဲ့ ကျွန်တော်က “ ဟာ .. မင်းဟာက မဟုတ်သေးပါဘူး။ ကျောင်းသားပဲ စာလုပ်ရမှာပေါ့။ စာမလုပ်လို့ စာမေးပွဲရောက်ရင် ဘယ်ကစာနဲ့ သူသွားဖြေမှာလဲ ” ဆိုတော့ သူက
.
ကလေးတွေကို စိတ်လွတ်လွတ်လပ်လပ် ထားပေးရတယ်။ လူကြီးတွေကဖိအားပေးတိုင်းကောင်းတာမဟုတ်ဘူး ” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
.
.
ဒီလိုနဲ့ နောက်ထပ် ( ၄ ) နှစ်အကြာမှာ သူနဲ့ ရန်ကုန်မှာ တစ်ခေါက်ပြန်ဆုံတယ်။ စွမ်း က ဒီနိုင်ငံ ( ၈ ) တန်း ရဲ့ အလယ်တန်းကျောင်းသားခေါင်းဆောင်ဥက္ကဋ္ဌ - School President မဖြစ်ခင် လပိုင်းအလိုမှာ သူနဲ့ကျွန်တော် ရန်ကုန်ရွှေပုစွန်မှာ စကားပြောတော့ ကျွန်တော်ကမေးတယ် “ မင်း ရဲ့ သားရော .. စာတော်တယ်မဟုတ်လား? မင်းစိတ်အေးရပြီပေါ့ ” ဆိုတော့ သူပြန်ဖြေတာက
.
ငါ့သား စာမေးပွဲ ( ၂ ) နှစ်ဆက်တိုက်ကျတယ် ” တဲ့လေ..။ ဒါနဲ့ ကျွန်တော်က “ ဘယ်လိုဖြစ်တာတုန်း .. မင်းရဲ့သားက စာတော်တယ်ဆို .. မင်းပဲ ကလေးဆိုတာ ကစားမှဆို? ” လို့ ဆက်မေးတော့ ....
.
သူ Grand Theft  Auto  ကစားတာများသွားတယ်။ စာမကျက်တော့ စာမေးပွဲမှာ မဖြေနိုင်ဘူး ” လို့ နွမ်းလျစွာ ဖြေရှာတယ်။
.
.
ကျွန်တော်စိတ်မကောင်းရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ? စွမ်း နဲ့ သူ့သားနဲ့က အထက်အောက် ( ၂ ) နှစ်လောက်ပဲ ကွာမှာ။ စွမ်း ( ၈ ) တန်းရောက်ရင် သူ့သားက စာတော်လို့ ဆရာဝန်လိုင်းတွေ ဘာတွေဝင်ထားပြီးသားလို့ထင်ထားရုံမက ချီးကျူးဖို့အဆင်သင့်တွေးလာခဲ့တဲ့ ကျွန်တော့စိတ်ကူးတွေကို သူ တွေ့မသွားခဲ့ဘူး။ သူ နားထောင်မသွားရဘူး။ ကျွန်တော်ပြောမယ့်စကားတွေလည်း ဆွံ့အနေခဲ့ရတယ်။
.
သူနဲ့အဆက်အသွယ်ပြတ်တဲ့ ( ၄ ) နှစ်အတွင်း သူ လုပ်နေတဲ့အလုပ်တွေကို ကျွန်တော်မသိခဲ့တာလည်းပါပါလိမ့်မယ်။ သူ .. ခရီးထွက်တယ် .. မြို့ထဲမှာ အချိန်ပြည့်အလုပ်လုပ်တယ် .. ကလေးကို စာမစစ်ဘူး .. ခေတ်မှီစေချင်လွန်းလို့ ကွန်ပျူတာတစ်လုံးပေးထားတယ် .. ဘယ်သူမှမတတ်နိုင်တဲ့အချိန် အင်တာနက်သွယ်ပေးထားတယ်ဆိုတာတွေကို နောက်ပိုင်းကျမှ ကျွန်တော် ပြန်သိရတယ်။
.
အဲဒါထက်ဆိုးတာက သူ့သားသမီးကို ကျောင်းစာ နဲ့ လူငယ်သဘာဝ အပျော်အပါးတွေကြား  “ စည်းကမ်း ” ထားပေးရမယ်ဆိုတာကို ကျွန်တော့သူငယ်ချင်းသိလာတဲ့အချိန် ကလေးက စာမေးပွဲတစ်ခေါက်ကျနေနှင့်ပြီ။ ကလေးက အင်္ဂလိပ်လိုပြောရင် ရင်ခုန်နေတတ်တဲ့ ကျွန်တော့သူငယ်ချင်းဟာ စာလုပ်ဖို့သူဆုံးမတာကို မနာခံတော့တဲ့ သားငယ်ရဲ့ပြန်ပက်တဲ့စကားလုံးတွေအောက်မှာ ရင်တုန်လေဖြတ်နေပါပြီ။
.
.
သူ့စကား က ဒီဘက်နိုင်ငံမှာဆို တော်တော်အသုံးတည့်ပါလိမ့်မယ်။ ဒါပေမယ့် ကွက်တိတော့ မရဘူး .. နည်းနည်းလေးတော့ပြင်ရလိမ့်မယ် “ ကျောင်းသားက စာသိပ်ကြိုးစားဖို့မလိုဘူး။ အချိန်တန်ရင် အတန်းက သူ့အလိုလိုအောင်သွားလိမ့်မယ်။ ကလေးဆိုတာ ကစားလည်းကစား .. စဉ်းစားလည်း စဉ်းစားမှကွ လို့ ဆိုရင် အပြည်ပြည်ဆိုင်ရာမှာကျင့်သုံးနေတဲ့ ဆင်ခြင်ပိုင်းခြားနိုင်တဲ့စဉ်းစားနည်း - Critical Thinking ကို ရပြီးသား ဖြစ်သွားမှာပါ။
.
အဲဒီအပေါ်မှာမှ ကျောင်းသားကို စာလည်း သင်ပြ၊ အိမ်စာလည်း တင်ခိုင်း၊ ကွန်ပျူတာလည်း နောက်မကျစေနဲ့၊ အွန်လိုင်းကနေ အဆိုင်းမင့်တင်စေ၊ အားကစားလည်း မပြတ်လုပ်ခိုင်း၊ လူမှုရေး - Activity မှာ စာရင်းပေးသွင်း၊ ကိုယ်ပိုင်စိတ်ဝင်စားတာလုပ်ရတဲ့ Elective Class ကို ဝင်သင် .. စတာတွေနဲ့အားဖြည့်လိုက်တဲ့အခါ ကျောင်းသားမှာ ကျောင်းဆင်းပြီးလို့ ကျူရှင်သွားဖို့နေနေသာသာ အိမ်မှာ ယားလို့တောင်မကုတ်နိုင်ပါဘူး။
.
.
ဒီလိုမအားတဲ့ကြားထဲကနေ ဒီကကျောင်းသားတွေ ညမအိပ်ခင် အိမ်စာပြီးတယ်။ နောက်တစ်ရက်မှာ ဆရာမရှေ့  Turn In Paper မှီတယ်။ အိမ်က အင်တာနက်နဲ့ ဆရာ ဆရာမကိုလည်း အီးမေးလ် ပို့နိုင်တယ်။ တစ်ပတ်ကိုဘယ်နှစ်နာရီဆိုပြီး ကြိုက်နှစ်သက်ရာအပြင်စာကိုလည်း ဖတ်နိုင်တယ်။
.
ဒါတင်ဘယ်ကဦးမလဲ .. စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာမိဘကအပြင်မခေါ်သွားရင် သူငယ်ချင်းတွေနဲ့အတူ အွန်လိုင်းဂိမ်းဆော့နိုင်သေးတယ်။ Skype တောင် ပြောလိုက်သေးတယ်။
.
ဒီအဖြစ်အပျက်နှစ်ခုကို ဆန်းစစ်လိုက်တဲ့အခါ လိုနေတဲ့ မဟာအရံအတားက “ နှစ်ဦးနှစ်ဘက်သဘောတူထားတဲ့စည်းကမ်း ” ဖြစ်နေတာကို တွေ့ရှိလာတယ်။
.
အကြောင်းရင်းစစ်ကြည့်တော့ ..
.
ကလေးသူငယ်ရဲ့ဝါသနာကိုအားပေးရင်း၊ စိတ်ပျော်အောင် ဖျော်ဖြေမှုတွေကို သွေးတိုးစမ်းပေးရင်း၊
.
ဘာသာစကား နဲ့ ယဉ်ကျေးမှုကို ကိုင်းဆက်ကူးသန်းလို့ရလာအောင် မသိမသာ ပျော်ဝင်စေရင်း၊
.
အမှန်လုပ်-အမှတ်ပေး စံနစ် ( Credit ) နဲ့
.
အမှားလုပ်-သတိပေး ( Learn from it ) စံနစ်တို့ကို ကျင့်သုံးပေးနိုင်ခဲ့ရုံမက
.
စွမ်း ရဲ့ ပင်ကိုယ်က လုပ်ချင်ကိုင်ချင်စိတ်ရှိရင်းစွဲတို့ကို အင်တိုက်အားတိုက်တူးဆွ - Motivation လုပ်ပေးခဲ့နိုင်တာကို ဝမ်းမြောက်ဝမ်းသာ ပြောပြချင်တယ်။
.
.
ဒါကြောင့် အရင်တစ်ချိန်က ဘယ်သူ့အတွေးအခေါ်ကမှန်တယ်ဆိုတာက အရေးမကြီးဘူး .. ဘယ်နည်းဗျူဟာက ကိုယ့်ရင်သွေးနဲ့အလုပ်ဖြစ်တယ် ဆိုတာက ပိုအဓိကကျတယ်ဆိုတာကို သိလာခဲ့တယ်။ ဒီအကြောင်းတွေကို အခုမှ သူငယ်ချင်းကိုပြန်ပြောရင် သူ့ကိုလည်းအားနာရသလို သူ့ကလေးရဲ့အခြေအနေကို ကျွန်တော်လည်း သေသေချာချာမသိတော့ ရှင်းလို့မရတဲ့ ပဟေဠိတစ်ခုလို ဖြစ်နေတာခက်တယ်။
.
တစ်ကယ်တော့ ပေးထားချက်တွေပါဝင်တဲ့မေးခွန်းတွေကတော့ အမြဲရှိနေမှာပါပဲ။ ရေးသွင်းမယ့်ကိန်းဂဏန်းတွေ နဲ့ သုံးစွဲမယ့် ပုံသေနည်းတွေကြောင့်သာ တွက်ချက်သူပေါ်မူတည်ပြီး ရလဒ်အဖြေမတူနိုင်တာကို သူငယ်ချင်း သိစေချင်တယ်။
.
အခုလောက်ဆိုရင် သူတို့သားအဖလည်း မေးခွန်းနဲ့အဖြေကိုက်ညီတဲ့ ဘဝပုစ္ဆာတစ်ပုဒ်ကို တွက်ပြီးလောက်ရောပေါ့လို့ အဝေးကနေ ကျွန်တော်ဆုတောင်းနေမိပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
07-26-2016


No comments: