ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, August 23, 2014

အမေရိကရောက် ဘင်္ဂလားတွေ အားနာတတ်သလား

ဆာင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.

---- Dot-Com Boom ခေတ်တုန်းက ပြည်ပထွက်အတတ်ပညာရှင်များကြောင့် အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံအထိ မျက်နှာပန်းလှခဲ့ကြတယ်။ အိုင်တီ နဲ့ပတ်သက်ပြီး အမေရိကန် ဆီလီကွန်တောင်ကြားဟာ သူတို့ တစ်ထောက်နားခိုရာ တစ်ထစ်တက်လှမ်းရာ လေ့ကျင့်ကွင်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြည်တွင်း ရုံးသုံးဘာသာစကားရဲ့အားသာမှုနဲ့အတူ မျိုးဆက်သစ်တွေဟာ အမေရိကန်မြေပေါ်မှာ ပေါက်ဖွားလာကြပြီး ပညာရေးပိုကောင်းတဲ့ အင်အားစုတပ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့တယ်။ သူတို့ဟာ အခုလက်ရှိ အင်တာနက် ဘီလူးကြီး Google Inc. မှာ ထိပ်ပိုင်းတာဝန်တွေယူထားသူတွေအထိ ခရီးပေါက်ရောက်တယ် ။
.
.
ကော်ပိုရေးရှင်းကြီးတွေ၊ သတ္တုတွင်းထွက် နဲ့ စတော့ရှယ်ယာဈေးကွက်တွေမှာ ငွေအင်အား၊ လူအင်အား နဲ့ အားကောင်းမောင်းသန်ချီတက်နေလိုက်ကြတာ ဥရောပသားများ နဲ့ စပိန်နွယ်ဖွား အမေရိကန်များ ငေးမောယူရတဲ့အထိပါပဲ။ သူတို့ဟာ အလုပ်ကြိုးစားသလို အချိန်ကိုလည်းတန်ဖိုးထားကြသူတွေဖြစ်တယ်။ အရေးကြုံ သက်လုံကောင်းအောင် ထိပ်တန်းပညာရေးကို လက်ဝယ်ပိုင်ပိုင် ကိုင်ထားကြတဲ့ ရိုသေးကျိုးနွံတဲ့ လူမျိုးဖြစ်ကြတယ်။ လခများအနေနဲ့လဲ အမေရိကန်တွေပြောစမတ်ပြုရလောက်အောင် သိန်းဂဏန်း - Six Figure ရကြတော့ လက်စောင်းထက်တဲ့ လူစားမျိုးလို့ ညွှန်းဆိုချင်ပါတယ်။ 
.
.

---- အထက်တန်းလွှာ အင်ဒီးယန်းတွေကသာ နာမည်ထွက်တာ အလယ်အလတ်တန်းလူတန်းစားတွေက မွဲခြောက်ခြောက်ပါ။ သူတို့ရိုးရာ စားစရာရောင်းသူရှိသလို စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတွေရှိကြတယ်။ တကယ့်ကို အိန္ဒိယရောက်နေသလို ဗမာဆေး၊ စမုံစပါး၊ ဆေးမွှေးစုံ၊ ကွမ်းရွက်၊ ကွမ်းယာပစ္စည်းက အစ စုံလင်လှသမို့ ကွမ်းမပြတ်နိုင်တဲ့ ပြောင်းရွှေ့မြန်မာတွေရဲ့ အာသာပြေရပ်ဝန်း တစ်ခုပါ။ ဒါပေမယ့် တောင်ငူသူ တစ်ကယ့်ကွမ်းချိုးတစ်ယောက်ပြောပြချက်အရ  သူတို့ရောင်းတဲ့ ကွမ်းသီး နဲ့ ဗမာဆေး ခံတွင်းမတွေ့လို့ လူကြုံနဲ့တောင်ငူကွမ်းသီးကို မှာစားသေးတယ်လို့ ဆိုတယ်။ 
.
.
ဆနွင်းမကင်းလုပ်တဲ့အမှုန့်တွေကအစ ဒန်ပေါက်ချက်၊ ဆိတ်သားနှပ်၊ သက်သတ်လွတ်ပဲမျိုးစုံအထိ အစုံအလင်တင်ကြတယ်။ အသင့်စား မလိုင်လုံးတွေ၊ ချာပါတီ၊ နံပြား၊ ပလာတာ တွေသာမက သရက်သီးသနပ်တို့လို  ပုလင်းသွပ်အစာများလည်း ရှိတယ်။ Lipton Tea နဲ့ မတင်းတိမ်ပဲ ရန်ကုန်စိတ်တိုင်းကျ လက်ဘက်ရည်ကိုမှ တမ်းတသူများအတွက် 20g Tea bag တွေလည်းရတယ်။ ယိုးဒယားဖြစ်  Thai Tea ရှိပေမယ့် မူလလက်ဟောင်း ကာရီဝါလား လက်ဘက်ရည်ကို မမှီနိုင်ဘူးလေ။ 
.
.
---- ပြောင်းရွှေ့မြန်မာတွေ အနေများတဲ့ Bay Area က မြို့တစ်မြို့မှာဆို ရုံးပိတ်ရက် နဲ့ ပွဲလမ်းသဘင်တွေမှာ ဒီလူမျိုးတွေ အများကြီးတွေ့ရတတ်တယ်။ တစ်ချို့တစ်လေများ ရေခဲချောင်းရောင်းတဲ့ကားမောင်းလို့ သွားအထင်မသေးလေနဲ့၊ ငွေအကြေချေပြီးတဲ့ အိမ်အပိုင်ရှိသဗျ။ သူတို့လူမျိုးတွေက ဘယ်နိုင်ငံရောက်ရောက် ငွေစုတဲ့နေရာ နဲ့ ချွေတာတဲ့နေရာမှာ ချံပီယံပဲ။ အောင်မြင်သူတစ်ချို့က ကြွားဝါသူတွေဖြစ်လာသလို ရုန်းကန်ရသူ တစ်ချို့ကျပြန်တော့ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေး၊ ထောက်ပံ့စားရိတ်ယူ၊ အခွန်လွတ်ဈေး Flee Market က ဈေးပေါထည်တွေကိုဝယ် မြို့ပေါ်မှာ ဈေးတင်ပြန်ရောင်း၊ မလောက်ရင် အလုပ်လျော့လုပ်၊ ဝင်ငွေလျှော့ပြ၊  ပြည်နယ်ကပေးတဲ့ Food Stamp ပိုတင်တောင်းသူ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဘင်္ဂလားတွေလည်း အပုံအပင်ပါ။
.
.
---- နာမည်ကြီးပန်းသီးထွက်တဲ့ ဖီဂျီနိုင်ငံက ပြောင်းရွှေ့နေထိုင်သူ အိန္ဓိယအမျိုးသမီးတစ်ယောက်က လုပ်ငန်းခွင်မှာ ပြောပြတယ်။ တစ်ချိန်တုန်းက ဗြိတိသျှကိုလိုနီခေတ်မှာ သဘောင်္အကြီးကြီးတွေနဲ့ ဘင်္ဂလားသားတွေကို တင်ဆောင်ပြီး ဖီဂျီနိုင်ငံကို တိုးချဲ့ဖို့ ခေါ်ဆောင်သွားခဲ့ပါသတဲ့။ နှစ်အတန်ကြာလို့ ကိုလိုနီနယ်ချဲ့ခေတ်ကျဆုံးခါနီး ဖီဂျီကို လွတ်လပ်ရေးပေးတော့ အဆိုပါလူအုပ်ကြီးကို အိန္ဒိယနိုင်ငံ ပြန်ချင်ရင်ပြန်ပို့ပေးမယ်လို့ ဗြိတိသျှအစိုးရက ပြောပါတယ်။ သို့သော် အများစုဟာ သူတို့ အခြေကျနေပြီဖြစ်တဲ့ နေရာသစ်မှာသာ နေလိုကြပြီး ဖီဂျီနိုင်ငံသား ခံယူလိုက်ကြတယ်။
.
.
နောက်ပိုင်း အမေရိကန်ရောက် အိန္ဒိယသားနဲ့ အိမ်ထောင်ပြုပြီး ပြောင်းရွှေ့လာခဲ့တယ်။ အင်္ဂလိပ်စာက သူမအတွက် ဒုတိယ " လျှာ " ဖြစ်သော်လည်း ကျောင်းပြီးအောင်တက်ခဲ့ပြီး လုပ်ငန်းခွင်ဝင်ခဲ့တယ်။ ကြီးကြပ်ရေးမှူးရာထူးနဲ့  ( ၁၇ ) နှစ် လုပ်ဖူးထားပြီး အရင်အလုပ်က စက်ရုံသိမ်းသွားလို့ အခုအလုပ်ကို ပြောင်းရွှေ့လာတာလို့ ပြောပြတယ်။ သူမအိမ်ဟာ ငွေကျေပြီးသားဖြစ်ပြီး မိသားစုဘဝ ကို တန်ဖိုးထားတတ်သူပါ။ စကားပြောရာမှာ နူးညံ့သလိုအမူအရာရှိပေမယ့် အိန္ဒိယလူမျိုးချင်းပြောရင်တော့ အာသွက်လျှာသွက် နဲ့ ဗီဇပြလာပါတယ်။ ဒီမြေကြီးပေါ်မှာ ခြေချခွင့်ရတာ အခွင့်အလမ်းကြီးမားတဲ့အကြောင်း သူမ ရှင်းပြတယ်။
.
.
ဒီအတွက် ကျေးဇူးတင်ရသလို ကြိုးစားခွင့်ရတဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ပြီး အမျိုးသားက သူမ ကို စောင့်ရှောက်ပြီး ဂရုစိုက်တာကို ပိုပြီးပျော်ရွင်ရပါတယ်။ ဟုတ်ပါတယ် .. ပြီးခဲ့တဲ့လ အချိန်ပိုအလုပ်ဆင်းရတဲ့ တစ်နေ့သော စနေနေ့မှာ ( ၂၅ ) နှစ်မြောက် လက်ထပ်ပွဲနှစ်ပတ်လည်နေ့အတွက် အလုပ်စောဆင်းပြီး သူမ ယောက်ျားဝယ်ထားပေးတဲ့ " အကန့်အသတ်မရှိ " နံပါတ်ပြားပါ “ ခရိုင်စလာ ” လုပ် ပြိုင်ကားလေးနဲ့ အိမ်ပြန်သွားခဲ့ပါတယ်။ 
.
.
---- ဒီလူမျိုးတွေရော အားနာတတ်ပါသလား ? .
.
.
---- အကြမ်းအားဖြင့် သူတို့ရဲ့ ငွေကြေးကြွယ်ဝမှု နဲ့ ဘဝရပ်နည်မှုပေါ်မူတည်ပါတယ်။ ခက်ခက်ခဲခဲ မရုန်းကန်ရရင် လူကြီးလူကောင်းဆန်ပြီး သိက္ခာသမာဓိရှိတဲ့ လူ့ရုပ်လွှာကို မြင်တွေ့ရတတ်တယ်။ သို့ပေမယ့် မရှိဆင်းရဲ ရရစားစားတွေ ကတော့ မြန်မာ့အိမ်နီးချင်း အိန္ဒိယသွေးချင်းများနဲ့မခြားပါဘူး။ ထူးခြားတာက အိန္ဒိယနိုင်ငံကို ထူထောင်ခဲ့တဲ့ အဆက်ဆက်သော သမ္မတများ နဲ့ ဝန်ကြီးချုပ်များဟာ ကျောင်းပညာရေး နဲ့ အိုင်တီ အသက်မွေးဝမ်းကျောင်းပညာရေးတွေကို ဦးစားပေးလာတာနဲ့အညီ ပြည်ပပြောင်းရွှေ့ ဘင်္ဂလားသားများရဲ့ လူနေမှုအဆင့်အတန်း၊ ဘဝအခြေအနေ နဲ့ စိတ်နေသဘောထား ပိုမိုကောင်းမွန်လာကြတယ်။ အကုန်လုံး ဒီလိုမျိုး အရည်အချင်းပြည့်ဝတယ်လို့ ပြောမရပြန်ပါဘူး။
.
.
လူမျိုးအားလုံးမှာ အားနည်းချက်၊ အားသာချက်ရှိပါတယ်။ အများက အလုပ်ကြိုးစားတာတွေ့ရပြီး တက်လမ်းရှိတဲ့ အလုပ်အကိုင်တွေကို မက်မောကြတယ်။ လူရှေ့ထွက်တဲ့ Public Audience Services တွေကို နှစ်သက်တယ်။ မိမိကိုယ်ပိုင် ရပိုင်ခွင့်အတွက်ဆိုရင်တော့ အားမနာကြပါဘူး။ ကိုယ်မခံရဖို့အရေး ချက်ကျလက်ကျ ပြန်ချေပတတ်တယ်။ အရေးကြုံရင် လူမျိုးတူချင်း ရိုင်းပင်းကူညီကြတယ်။ အခွန်ကိစ္စတွေမှာ မှန်ကန်တဲ့ စည်းကမ်းနည်းကြတယ်။ သားသမီးကို ဘာသာတရားနဲ့ ထိန်းကျောင်းတတ်သူများဖြစ်ပြီး အများအားဖြင့် ကမ္ဘာရဲ့ ဘယ်နေရာရောက်ရောက် မိရိုးဖလာ ဘာသာတရားကိုစွန့်ပြီး ဒေသခံဘာသာတရားကို ကူးပြောင်းမှုနည်းပါးတဲ့လူမျိုးအဖြစ် မှတ်တမ်းတင်လိုပါတယ်။
.
.
---- အိန္ဒိယနိုင်ငံမှာ ဘာသာကြီး ကိုးကွယ်မှုကွဲပြားမှု ကြီးမားပြီး လူမျိုးဇာတ်ခွဲခြားဆက်ဆံခံနေရမှုတွေ ရှိသော်လည်း အမေရိကန်မြေမှာ သိပ်မတွေ့ရပါ။ အမေရိကန်အစိုးရအနေနဲ့ တရားမျှတမှုသာပေး သူတို့အေးအေးချမ်းချမ်းနေမယ်ဆိုတဲ့ ပုံစံမျိုးရှိကြတယ်။ ဘာသာရေးအတွက် ကိုးကွယ်ခွင့်အဆောက်အဦးတွေ၊ ဝတ်ပြုဆုတောင်းခြင်းစုရပ်တွေ မတွေ့ရသလောက်နည်းပါးတယ်။ တိုက်ရိုက်ပြောရရင် ပြသနာမရှာကြ၊ ရန်မရှာကြပါဘူး။ လူမျိုး တူရာ စုစည်းနေထိုင်ကြပြီး ဘာသာတရားကိုင်းရှိုင်းမှု အားကောင်းကြတယ်။
.
.
 မြန်မာနိုင်ငံမှာ အဆိုပါလူမျိုးနွယ်တွေနဲ့ အခြားဘာသာတွေ အသွင်မတူလို့ အတူမနေနိုင်ကြပေမယ့် လူမျိုးစုပေါင်းစု နိုင်ငံကြီး အမေရိကန်မှာ ယှဉ်တွဲနေထိုင်ကြတယ်။ အမေရိကန်အစိုးရရဲ့ အဓိက ပစ်မှတ်ထားတာ ဒီလူမျိုးထက်စာရင် မြေထဲပင်လယ်မှ အကြမ်းဖက်ရပ်ဝန်းကြီးဖြစ်တယ်။ ဒီမြေကြီးပေါ်မှာ အမေရိကန်တွေအလိုရှိတာက နည်းပညာနဲ့ အထောက်အပံ့ပေးမယ့် ရှေ့ပြေးဦးနှောက်တွေသာ ဖြစ်တယ်။ ဒီကွက်လပ်ကိုဖြည့်ပေးခဲ့တဲ့ လူမျိုးခြားတွေ နဲ့ အစိုးရတို့ အပေးအယူတွေ ရှိကြသော်လည်း စည်းကမ်းဥပဒေဘောင်ကျော်လာရင်တော့ အားမနာတမ်းဖြေရှင်းတတ်တဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။
.
.

သို့သော် ကမ္ဘာမြေပြင်ရဲ့ ဘယ်နေရာမှာမဆို တရားမျှတမှု နဲ့ လူအခွင့်အရေးတန်းတူညီမျှမှုရှိတယ်ဆိုစေဦး ဘက်လိုက်မှု-Bias တော့ ရှိတယ်။ ဒါပေမယ့် ကိုယ့်အလုပ်သာ ကိုယ်အာရုံစိုက်လုပ်နေမယ် သူတစ်ပါးအလုပ် ဝင်မစွက်ဘူးဆိုရင် အမေရိကားမှာ ဘယ်သူ့ကိုမှ အားနာဖို့မလိုပါဘူး။
.
koko2yeye@gmail.com

No comments: