ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 14, 2021

ကျေးဇူးရှိသူများသို့

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော် အမေရိကား လာရတော့မယ်ဆိုတုန်းက သိပ်သိချင် သိပ်စပ်စုချင်ခဲ့တာတွေကို ပြောပြသူက ၂ ယောက်ပဲ ရှိတယ်ဗျ။ တစ်ယောက်က ဒီကခေါ်တဲ့ အစ်မရယ်၊ သူ့ယောက်ျားရယ်။

နောက်တစ်ယောက်က မခင်အေးဝင်းလို့ခေါ်တဲ့ တောင်ကြီးက အိမ်နီးနားချင်းတစ်ယောက်ရယ် သိပ်ကောင်းကြတာ။

ဘယ်လောက်‌တောင်သိချင်သလဲဆိုရင် ဒီမှာ စောင်၁ ထည်ဘယ်လောက်ဆိုတာအထိ ဈေးနှုန်းပါ သိချင်ခဲ့တာ။ အဲတော့ ကျွန်တော့အစ်မက နင်သိပ်လျှာရှည်တယ်တဲ့။

နောက် လိုက်မေးတဲ့အထဲမှာ ၇ လမ်းမှာ နေပြီး DV ပေါက်သွားတဲ့ မမေဝင်းမောင်ဆိုတဲ့ နယူးယောက်မှာနေတဲ့ ကျွန်တော့်အမျိုးသမီးနဲ့ အိမ်နီးနားချင်း။ သူက ဘာပြောတယ် မှတ်သလဲ။ (ကိုညီညီ အဲဒီတုန်းက ဘာအဆင့်မှမရှိသေးတော့ ညီညီ ပေါ့ ဟာဟ)

"ညီညီ နင် မြန်မာနိုင်ငံမှာ ၁ လကို ၁ဝ သိန်းရှာနိုင်ရင် ‌အမေရိကားမလာနဲ့ ပင်ပန်းတယ်" တဲ့
ဟား သေပြီ

ကျွန်တော် မလာခင်က ၁ လကို သိန်း ၃ဝ လောက် ရှာနိုင်နေတာ လုပ်ငန်းကို သတ်ခဲ့ပြီး သွားရမှာဆိုတော့ ရင်ဆို့ပြီပေါ့ (၂ဝဝ၈ ခုနှစ်)

ဒါနဲ့ သူ နောက်တစ်ခေါက် နောက်နှစ်မှာ ထပ်လာတယ်။ "၁၅ သိန်း ရှာနိုင်ရင် မလာနဲ့" တဲ့ ထပ်ပြောတာဗျ။

နောက်တစ်ယောက်ကျ‌တော့ ကိုအောင်သိန်း။ သူက ဆူရှီလုပ်တယ်။ သဘောကောင်းတယ်၊ စိတ်ရှည်တယ်။

ရန်ကုန် ၇ လမ်းမှာ သူလာတော့ သွားတွေ့တော့ အမေရိကားရောက်ရင် သူနဲ့ ဆူရှီလာလုပ်တဲ့။

အမေရိကားတကယ်ရောက်တော့ ထပ်ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော် ဆူရှီလုပ်ရင် သားသမီး ပညာရေး လစ်ဟင်းမှာစိုးလို့ သားကွဲ၊ မယားကွဲ သွားမလုပ်ခဲ့ဘူး ၁ နာရီ ၈ ‌ဒေါ်လာနဲ့စတဲ့ အချိန်ပိုင်းအလုပ် ၂ ခု တစ်ချိန်တည်း လုပ်ခဲ့တယ်။

ဒီလိုဗျာ

ပြောချင်တာက ဘဝဆိုတာ ခဲတဲ့နဲ့စာရွက်ပေါ်မှာ မျဉ်းဖြောင့်တစ်ကြောင်းဆွဲလိုက်သလိုပဲ။ ခင်ဗျားဘယ်လောက် လက်ငြိမ်ငြိမ် မျဉ်းက မတည့်ဘူး။

ပေတံ မပါသ၍ မျဉ်းဖြောင့် မဖြစ်ဘူး။ ဒါ အသေအချာ။

အမေရိကားဟာလည်း မအေးအေးဝင်းကို စီစဉ်ခိုင်းလို့မရဘူး။ ဘယ်တော့မှ ‌မဖြောင့်ဖြူးဘူး။

အကူအညီပေးသူမရှိရင် သိပ်ခက်ခဲတာဗျ။

ဒါကြောင့် ကျွန်တော်က အမေရိကားလာမယ့်သူတွေကို ငါ့လို မဖြစ်စေရဘူးဆိုပြီး မြန်မာနိုင်ငံပြန်ရောက်တဲ့အခါ လူတွေကို လိုက်ပြောပြတော့ လူတွေက ကြွားတယ်ထင်နေတယ်။

တချို့ဆို မင်းတို့ချည်း အမေရိကားသွားနိုင်တာ မဟုတ်ပါဘူးကွ။ ငါ့သမီးလည်း ကျောင်းသွားတက်မှာ။ ငါ့သားလည်း နယူးယောက်မှာ ကောလိပ်တက်တော့မှာ။ ငါ့အမျိုးထဲက ဘယ်သူက ဘွဲ့ယူတာကို ငါလိုက်သွားအုံးမှာနဲ့ ဂုဏ်တုဂုဏ်ပြိုင် လုပ်ခံရတာ။

နောက်လတော့ ဒီအမေရိကားကို ပြန်ရောက်ပြီး ရှက်လိုက်တာ ဆိုတာလေ။

ဒါနဲ့ အမေရိကားက လူအ‌ရောက်အပေါက်များလွန်းတဲ့ တိုင်းပြည်မဟုတ်တော့ ငါမပြောပြရင် နောက်လူ ဘယ်သိမလဲဆိုပြီး မြန်မာနိုင်ငံပြန်ဖို့ လေယာဉ်လက်မှတ်ဝယ်တဲ့အကြောင်း ဆောင်းပါးစရေးရင်း စာ စရေးဖြစ်တာ။

(၂ဝ၁၄ စာစရေးတုန်းက ငယ်မူလက်ရာ)

#KNNTgi
08-14-2021

No comments: