ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Wednesday, August 16, 2017
စိမ်းစိမ်းရွှင်ရွင် ပြုံးပြုံးလွင်လွင်
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
. ကမ္ဘာပေါ်မှာခရီးသွားလုပ်ငန်းနဲ့နယ်မြေဒေသရဲ့ဖွံ့ဖြိုးမှုတော်တော်များများကိုထောက်ပံ့ပေးထားနိုင်တဲ့ နာမယ်ကြီး ဆန်ဖရန်စစ္စကိုမြို့မှာ တရားဝင်ဆေးခြောက်နွယ် - Cannabis ရောင်းချခွင့်ရထားတဲ့ Licensed Retail Dispensaries (၂၈) ဆိုင် ရှိတယ်ဆိုတာ ဆန်ဖရန်မီဒီယာအင်တာနက်ပေါ်မှာ ဖတ်ရပါတယ်။
.
.
.
. Proposition 64 လို့ လူသိများတဲ့ ကယ်လီဖိုးနီးယားပြည်နယ်အပါအဝင် ပြည်နယ်အချို့အတွင်း ဆေးခြောက်ကို တရားဝင် စိုက်ပျိုး၊ သုံးစွဲခွင့်ပြုခဲ့တဲ့ အတည်ပြုပုဒ်မ(၆၄) ကျေးဇူးကြောင့် အမေရိကန်နိုင်ငံရဲ့ ဆေးဘက်ဝင်လို့ကြွေးကြော်ခဲ့တဲ့ Cannabis Industry ဟာ ဝင်ငွေ ဒေါ်လာ သန်း (၅၄ဝဝ) ကနေ သန်း (၆၇ဝဝ) ရှိခဲ့လို့ (၂၅%) တိုးတက်ခဲ့တယ်။
.
. ပြည်နယ်အစိုးရကို တရားဝင်စာရင်းမတင်ထားတဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေဟာ စက်မှုဇုံနယ်မြေအတွင်းမှာ အလုံပိတ်ဂိုဒေါင်ကြီးတွေငှားရမ်းပြီး ဆေးခြောက်ကိုစိုက်ပျိုးခဲ့တာတွေဟာ အခုမှ လူသိသူသိဖြစ်လာကြတာပါ။
.
.
.
.
.
.
.
.
. ဒါကြောင့် ဆေးစာအတုလုပ်ပြီးဝယ်ဝယ်၊ ဆရာဝန်ကိုအကြောင်းပြပြီး နှမ်းစေ့လောက်ဖြစ်တဲ့ဆေးခြောက်နဲ့ကုရတဲ့ရောဂါကို လက်သီးလုံးလောက်ကြီးအောင် ခွင်ဖန် ဆေးထုတ်စားပြီးပြန်ရောင်းစားတဲ့ဈေးကွက်တွေဟာ တရားမဝင်ပေါ်ပေါက်လာရတယ်။
.
.
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
. တကယ့်အရင်းအမြစ်ကိုဆန်းစစ်ကြည့်ရင် ဘယ်ဘာသာတရားမှာမှ " မူးယစ်ထုံထိုင်းစေတတ်သော အရည်/အခဲ/အငွေ့ " ဘယ်ဟာကိုတော့ သုံးစွဲပါလို့ ဟောကြားထားတာ မဖတ်ရပါဘူး။ အဓိက အသိတရားက ဒီအရာတွေကိုမှီဝဲရင် ပကတိစိတ်ကိုပြောင်းလဲစေတတ်လို့ " အမှန်ကို အမှန်လို မမြင်နိုင်" တဲ့ အတွက်ကြောင့် လူသားဆန်ဆန်တားမြစ်ထားတဲ့ ဘာသာတရားအားလုံးဟာ ရိုးသားကြပါတယ်။
.
. ဒါပေမယ့်လည်း ဆေးခြောက်ကို တရားမဝင်အဖြစ်ထားပြီးနှိမ်နင်းနေတာက ငွေကုန်ကြေးကျများပြီး ဒီအပင်ကိုပဲ တရားဝင်ခွင့်ပြုပေးလိုက်ရင် လူတွေကိုတရားဥပဒေအတွင်း အတင်း/အလျော့ကြားထဲမှာ အဆင်ပြေပြေထိန်းကျောင်းနိုင်ရုံသာမက များပြားလှတဲ့အခွန်ငွေတွေရချင်တာက အမေရိကန်ပြည်နယ်တွေရဲ့ လောဘတရားတွေဖြစ်ပါတယ်။
.
.
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-16-2017
.
.
Unicode Version:
.
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
. " စိမ်းစိမ်းရွှင်ရွင် ပြုံးပြံုးလွင်လွင် "
. ကမ္ဘာပေါ်မှာခရီးသွားလုပ်ငန်းနဲ့နယ်မြေဒေသရဲ့ဖွံ့ဖြိုးမှုတော်တော်များများကိုထောက်ပံ့ပေးထားနိုင်တဲ့ နာမယ်ကြီး ဆန်ဖရန်စစ္စကိုမြို့မှာ တရားဝင်ဆေးခြောက်နွယ် - Cannabis ရောင်းချခွင့်ရထားတဲ့ Licensed Retail Dispensaries (၂၈) ဆိုင် ရှိတယ်ဆိုတာ ဆန်ဖရန်မီဒီယာအင်တာနက််ပေါ်မှာ ဖတ်ရပါတယ်။
.
. အရပ်အခေါ် Smoke Shop လို့သုံးနှုန်းကြတဲ့ ရှူရှိုက်ရန်အဆင်သင့်ပစ္စည်းအစုံရောင်းတဲ့ဆိုင်တွေ တရားဝင်ခွင့်ပြုပေးထားတာမဆန်းပေမယ့် ဆန်ဖရန်ရဲ့မြို့ထဲမှာ၊ ဆန်ဖရန်ရဲ့စက်မှုဇုံမှာ ဆေးခြောက်စိုက်ခင်း (၁၈) ခု ကို တရားဝင်ခွင့်ပြုပေးထားတယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာ မှင်သက်စရာဖြစ်ခဲ့တယ်။
.
.
. Proposition 64 လို့ လူသိများတဲ့ ကယ်လီဖိုးနီးယားပြည်နယ်အပါအဝင် ပြည်နယ်အချို့အတွင်း ဆေးခြောက်ကို တရားဝင် စိုက်ပျိုး၊ သုံးစွဲခွင့်ပြုခဲ့တဲ့ အတည်ပြုပုဒ်မ(၆၄) ကျေးဇူးကြောင့် အမေရိကန်နို်င်ငံရဲ့ ဆေးဘက်ဝင်လို့ကြွေးကြော်ခဲ့တဲ့ Cannabis Industry ဟာ ဝင်ငွေ ဒေါ်လာ သန်း (၅၄ဝဝ) ကနေ သန်း (၆၇ဝဝ) ရှိခဲ့လို့ (၂၅%) တိုးတက်ခဲ့တယ်။
.
. ပြည်နယ်အစိုးရကို တရားဝင်စာရင်းမတင်ထားတဲ့ တစ်နို်င်တစ်ပိုင်လုပ်ငန်းရှင်တွေဟာ စက်မှုဇုံနယ်မြေအတွင်းမှာ အလုံပိတ်ဂိုဒေါင်ကြီးတွေငှားရမ်းပြီး ဆေးခြောက်ကိုစိုက်ပျိုးခဲ့တာတွေဟာ အခုမှ လူသိသူသိဖြစ်လာကြတာပါ။
.
.
. ပတ်ဝန်းကျင်ကကြည့်ရင် သာမန်ကုန်သိုလှောင်တဲ့ဂိုဒေါင် - Warehouse သာ ဖြစ်လို့ ဘယ်သူမှလည်း မသိကြသလို ဘယ်သူကမှလည်း တိုင်တန်းတာမရှိကြပါဘူး။ ဒါပေမယ့် တရားဝင်သာဖြစ်ပါစေ . . ဥပဒေအသစ်ကိုကျွမ်းကျင်နိုင်သမျှလက်စွမ်းပြကြတဲ့ရှေ့နေများဟာလည်း မသင်္ကာလို့ရဲဝင်စစ်ရင် လုပ်ငန်းလုပ်ပိုင်ခွင့်/စိုက်ပျိုးခွင့်လက်မှတ်တွေနဲ့ အမှုလိုက်ဖို့/ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။
.
. ဒါပေမယ့် သတ်မှတ်ချက်တွေအနေနဲ့ စာသင်ကျောင်း နဲ့ အနည်းဆုံး ပေ (၆ဝဝ) အဝေးမှာ ရှိရမယ့် စိုက်ရုံတွေ၊ ဆေးရောင်းဆိုင်တွေကို မလိုက်နာလို့မရပါဘူး။ ဒါကိုကျူးလွန်ရင်တော့ ဆေးမရှိပါဘူး . . အကုန်ကုန်မှာပါ။
.
.
. ရင်းနှီးမြှှုပ်နှံသမား စိုက်ပျိုးသူအနေနဲ့ ဆန်ဖရန်စစ္စကိုမြို့မှာ အတွင်းခန်းစံနစ်နဲ့စိုက်ပျိုးရတာ နောက်ပိုင်းနည်းပညာသုံးထားလို့ ခေတ်မီတယ်ဆိုပေမယ့် အိမ်ငှားခက မတရားစျေးကြီးတာ အမှန်ပါ။ စီမံကိန်းအကောင်အထည်မဖော်နိုင်လို့ဖြစ်ဖြစ်၊ လုပ်ငန်းမအောင်မြင်လို့ဖြစ်ဖြစ် ဒါမှမဟုတ် လိုင်စင်မရပဲခိုးစိုက်ရာကနေ ပိတ်သိမ်းခံရရင်တော့ ဘာမှမလုပ်ဖြစ်တဲ့ (၆)လ ကာလတိုလေးကိုပဲ အဆောက်အဦငှားရမ်းခ ဒေါ်လာ (၁ဝဝဝဝဝ) မရှိရင် မခံနိုင်ပါဘူး။
.
. အမှန်ကတော့ ဆေးခြောက်ဟာ လူသားအကျိုးပြုသဘာဝဆေးဘက်ဝင်အပင်နွယ်တစ်မျိုးပါ။ ဆေးကို ရောဂါသက်သာစေဖို့ ဆေးအဖြစ်သုံးနေသ၍ လူနာတွေဟာ အသက်ဆက်ရှင်ခွင့်ရှိပေမယ့် အလွဲသုံးစားပြုသူအတွက်တော့ လူ့သက်တမ်းကို တိုစေပါလိမ့်မယ်။
.
.
. ဒါကြောင့် ဆေးစာအတုလုပ်ပြီးဝယ်ဝယ်၊ ဆရာဝန်ကိုအကြောင်းပြပြီး နှမ်းစေ့လောက်ဖြစ်တဲ့ဆေးခြောက်နဲ့ကုရတဲ့ရောဂါကို လက်သီးလုံးလောက်ကြီးအောင် ခွင်ဖန် ဆေးထုတ်စားပြီးပြန်ရောင်းစားတဲ့စျေးကွက်တွေဟာ တရားမဝင်ပေါ်ပေါက်လာရတယ်။
.
. အခြားတစ်ဖက်မှာလည်း ဘာမဆို လူမသေ/ငွေရရင်ပြီးရော၊ စီးပွားရေးအဆင်ပြေရင်လုပ်သင့်တယ်လို့ခံယူတဲ့ ဥပဒေပြုအမတ်တွေများတဲ့ အမေရိကားမှာ မကြားဖူးတဲ့ဥပဒေတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေပါတယ်။
.
.
. တကယ့်အရင်းအမြစ်ကိုဆန်းစစ််ကြည့်ရင် ဘယ်ဘာသာတရားမှာမှ " မူးယစ်ထုံထိုင်းစေတတ်သော အရည်/အခဲ/အငွေ့ " ဘယ်ဟာကိုတော့ သုံးစွဲပါလို့ ဟောကြားထားတာ မဖတ်ရပါဘူး။ အဓိက အသိတရားက ဒီအရာတွေကိုမှီဝဲရင် ပကတိစိတ်ကိုပြောင်းလဲစေတတ်လို့ " အမှန်ကို အမှန်လို မမြင်နို်င်" တဲ့ အတွက်ကြောင့် လူသားဆန်ဆန်တားမြစ်ထားတဲ့ ဘာသာတရားအားလုံးဟာ ရိုးသားကြပါတယ်။
.
. ဒါပေမယ့်လည်း ဆေးခြောက်ကို တရားမဝင်အဖြစ်ထားပြီးနှိမ်နင်းနေတာက ငွေကုန်ကြေးကျများပြီး ဒီအပင်ကိုပဲ တရားဝင်ခွင့်ပြုပေးလိုက်ရင် လူတွေကိုတရားဥပဒေအတြင္း အတြင်း/အလျော့ကြားထဲမှာ အဆင်ပြေပြေထိန်းကျောင်းနိုင်ရုံသာမက များပြားလှတဲ့အခွန်ငွေတွေရချင်တာက အမေရိကန်ပြည်နယ်တွေရဲ့ လောဘတရားတွေဖြစ်ပါတယ်။
.
.
. ဒါကိုမြင်အောင်ကြည့်ပြီး ကိုယ့်သား၊ ကိုယ့်သမီး၊ တူ၊ တပည့်၊ ဝန်ထမ်း . . စသည်ဖြင့် အမေရိကားကို ပို့ဆောင်/ကျောင်းတက်/ပညာသင်စေမယ်ဆိုရင် " အဆိုးထဲက - အကောင်း " ကိုရှာနေတဲ့ အမေရိကားမှာ ကိုယ့်ရင်သွေးရတနာတွေ " အကောင်းထဲက - အဆိုး " မဖြစ်သွားစေဖို့က အသိပညာရှိတဲ့ စာဖတ်သူချစ်မိတ်ဆွေတို့ရဲ့တာဝန်တွေပဲ မဟုတ်ပါလား . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-16-2017
No comments: