ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, April 4, 2018

ဘယ္သူ႕ကိုမွမငဲ႕ညွာပဲ ကိုယ္တကယ္ဝါသနာပါတဲ႕ေမဂ်ာကိုသာယူပါ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. သားသမီးအေၾကာင္းမၾကာခဏေျပာျပီးတဲ႕ေနာက္မွာ ကေလးမိဘေတြအေၾကာင္း အေတြးနယ္ခ်ဲ႕မိတယ္။ စဥ္းစားလို႕မရတဲ႕အေၾကာင္းအရာေတြျပည္႕လာတဲ႕ဦးေႏွာက္ေသးေသးေလးမွာ ေမးခြန္းေတြနဲ႕ရႈတ္လာေနတယ္။ ဒါေၾကာင္႕ စာဖတ္သူ မိဘေတြကိုျပန္ေမးၾကည္႕မယ္ "ကုိယ္႕သား ကိုယ္႕သမီးကို ဘာေၾကာင္႕ ႏိုင္ငံျခားေက်ာင္းသြားထားၾကတာလဲ?"
.
. "ကြ်န္ေတာ္/ကြ်န္မတို႕ရခဲ႕တဲ႕ပညာေရးစံနစ္ထက္ျမင္႕တဲ႕အတန္းအစားတစ္ခုကို ပို႕ေပးခ်င္တယ္" ဒီအေျဖနဲ႕တူတဲ႕စိတ္ခံစားခ်က္ရွိတယ္ဆိုရင္ ဒီစာကုိဆက္ျပီးဖတ္ႏုိင္ပါတယ္။
.
.
. တစ္ဆက္တည္း ေမးစရာရိွလာတာက "ပညာသင္ျပီးျပန္လာတဲ႕သားသမီးကုိ ျမန္မာႏိုင္ငံျပန္ေရာက္တဲ႕အခါ ဘာလုပ္ခုိင္းမွာလဲ?" ဆိုတာပါပဲ။ ပိုက္ဆံရွိတဲ႕မိဘေတြရဲ႕သားသမီးက်ေတာ႕လြယ္တာေပါ႕ . . သူတို႕အလုပ္မွာ ရံုးခန္းတစ္ခန္းဖြင္႕ျပီး မန္းေနးဂ်င္းဒါရုိက္တာရာထူးေပးလုိက္ႏုိင္ရင္ေတာ႕ " ေရကန္အသင္႕ ၾကာအသင္႕" ဆုိသလို တင္႕တယ္လြန္းလွသေပါ႕။
.
. ဒါေပမယ္႕ ကုိယ္႕သားသမီးကိုႏိုင္ငံျခားပုိ႕ျပီးေက်ာင္းတက္ေစတဲ႕မိဘအားလံုးဟာ ျပည္႕စံုကုံလံုတဲ႕ကုမၸဏီပိုင္ရွင္ေတြခ်ည္းမဟုတ္ဘူးေလ။ မိဘေတြလုပ္ကိုင္ေနတဲ႕ကုန္စံုဆိုင္မွာ ေစ်းျပန္ေရာင္းေနတဲ႕လူငယ္ေတြကိုေတြ႕ရတဲ႕အခါ ကြ်န္ေတာ႕ေခါင္းထဲမွာ "သားသမီးေတြကို ႏိုင္ငံျခားေက်ာင္းပို႕ပညာသင္ခုိင္းတာ သူတုိ႕တတ္လာတဲ႕ပညာကုိအသံုးမခ်ပဲ မိသားစုဝင္တစ္ေယာက္အေပၚ ဂုဏ္ယူဖို႕အတြက္သက္သက္ပဲလား?" ဆုိတဲ႕ေမးခြန္းထပ္ေပၚလာပါတယ္။
.
. ဟုိအရင္ကတည္းက အစုိးရမင္းအဆက္ဆက္မွာ ႏိုင္ငံျခားကိုပညာေတာ္သင္သြားခဲ႕ၾကတယ္။ အမ်ားအားျဖင္႕ အစုိးရကေငြကုန္ေၾကးက်ခံျပီးလႊတ္ခဲ႕ၾကတယ္။ ကြ်န္ေတာ္ေလ႕လာတာမမွားဘူးဆိုရင္ အစုိးရလႊတ္တဲ႕သူေတြမွာ ကုိယ္႕ဘာသာကိုယ္သံုးတဲ႕ေငြကလႊဲလို႕ ေငြကုန္စရာမလိုပါ။ အဲဒီတုန္းက ႏုိင္ငံျခားကိုေက်ာင္းသားပို႕တဲ႕အလုပ္ဟာ အစုိးရအလုပ္ျဖစ္ခဲ႕တယ္။
.
. အခုေနာက္ပိုင္း ဆုတ္ယုတ္လာတဲ႕ပညာေရးစံနစ္ဆိုးေၾကာင္႕ ေျပာင္းလဲလာတဲ႕ေခတ္မွာ ဒီတာဝန္ကုိ ကြ်န္္ေတာ္တုိ႕မိဘျပည္သူေတြလႊဲေျပာင္းယူရတဲ႕အလား သားသမီးေတြကုိ အျပိဳင္အဆိုင္ျပည္ပသြားျပီး ေက်ာင္းတက္ခုိင္းၾကပါတယ္။ ဒါေၾကာင္႕ ဒီေဆာင္းပါးရဲ႕အဓိကဆိုလိုရင္းက "သူတို႕ျပန္လာရင္ ဘယ္ေနရာမွာအသံုးခ်မွာလဲ?" ဆိုတဲ႕ရည္ရြယ္ခ်က္ရဲ႕အေျဖျဖစ္ပါတယ္။
.
.
. ဥပမာ-ေက်ာင္းမွာ IT တက္ခဲ႕သူတစ္ေယာက္ဟာ ျမန္မာႏိုင္ငံျပန္လာျပီးေတာ႕ သူေမွ်ာ္မွန္းတဲ႕အလုပ္ နဲ႕ မ်ားျပားတဲ႕လစာမရတဲ႕အခါ ဘယ္ေနရာမွသြားစရာ မရွိျပန္၊ ေက်ာင္းတက္ခဲ႕တဲ႕ႏုိင္ငံမွာ တရားမဝင္ခုိကပ္ေနလို႕ကလည္း မရျပန္၊ ဒီၾကားထဲ ေဖာက္ထြက္ေအာင္ျမင္ရမယ္႕အစား အိမ္ေထာင္က်သြားတာမ်ိဳး၊ ေက်ာင္းမျပီးပဲ ပညာေရးလမ္းတစ္ဝက္နဲ႕အိမ္ေထာင္ဘက္ရွာခဲ႕တာမ်ိဳးတို႕က်ေတာ႕ ဘယ္လိုလုပ္ၾကမွာလဲ?
.
. တစ္ျပိဳင္နက္တည္းမွာ သားသမီးက သူမသြားခင္ကစဥ္းစားသြားတာ တစ္ေမဂ်ာ၊ ဟုိဘက္ေျမနင္းေတာ႕ တက္ခ်င္မိတာ ေနာက္တစ္ေမဂ်ာ၊ အဲဒီလိုနဲ႕ (၁) ႏွစ္တက္ျပီးမွ ေနာက္ေမဂ်ာတစ္ခုေျပာင္း၊ ေနာက္ မၾကိဳက္လုိ႕ ထပ္ေျပာင္း . . ဆုိရင္ မိဘေတြရဲ႕ဘဏ္စာရင္းေျပာင္သလင္းခါသြားရံုမက အရွင္လတ္လတ္ရင္ကြဲနာက်ရပါေတာ႕တယ္။
.
.
. ဒီေနရာမွာအၾကံေပးႏုိင္တာက လူငယ္ေတြဟာ သူတုိ႕တက္မယ္႕ေက်ာင္း နဲ႕ ယူမယ္႕ဘာသာရပ္အျပင္ သူ႕ဘဝရဲ႕ရည္မွန္းခ်က္တို႕ကိုေပါင္းျပီး (၃) ပြင္႕ဆုိင္ သုေတသနလုပ္သင္႕လွတယ္။ က်ယ္က်ယ္ျပန္႕ျပန္႕ နဲ႕ ဘယ္အရာေတြ၊ ဘယ္လူပုဂၢိဳလ္ကိုမွ မငဲ႕ညွာပဲ ကိုယ္႕အနာဂါတ္အတြက္ကိုယ္ ရက္ရက္စက္စက္ေလ႕လာသင္႕တယ္။ ကုိယ္ဘာတက္လုိ႕ ဘာသင္ယူရမွန္းမသိေသးရင္လည္း ယူႏုိင္ေျခအမ်ားဆံုးရွိတဲ႕ေမဂ်ာေတြထဲက ပထမဦးစားေပး၊ ဒုတိယဦးစားေပး၊ တတိယဦးစားေပး (၁) ခု ၊ (၂) ခု ၊ (၃) ခု စသည္တုိ႕ရဲ႕ မျဖစ္မေနယူရမယ္႕ - General Requirement ကုိ ယူထားသင္႕တယ္။
.
. စိတ္ေျပာင္းလုိ႕ ေမဂ်ာေျပာင္းမယ္လုပ္တဲ႕အခါ ကိုယ္ကအေရြးမမွားထားေတာ႕ (ဒါမွမဟုတ္) မဆံုးျဖတ္ရေသးလို႕ - Undecided အေနအထားနဲ႕ဆုိရင္ ၾကိဳက္တဲ႕လုိင္းခုန္ကူးေစဦး . . ကုိယ္တက္ထားတဲ႕အားျဖည္႕ဘာသာရပ္ရဲ႕အမွတ္ (ခရက္ဒစ္) ေတြကို သယ္ယူသြားႏုိင္တယ္။
.
. ဒီအားသာခ်က္ကုိ အေျချပဳတက္လွမ္းလို႕ ကုိယ္႕ရဲ႕အားနည္းခ်က္ေတြကို အနာဂါတ္မွာေရွာင္က်ဥ္ရင္း ကုိယ္တကယ္ ဝါသနာပါ - Passionate ျဖစ္တဲ႕ဘာသာရပ္ကိုယူထားမယ္ . . (အင္ဂ်င္နီယာလိုင္း၊ ကြန္ပ်ဴတာသိပၸံလိုင္း၊ ဇီဝေဆးပညာလုိင္းမွရယ္လုိ႕မဟုတ္ဘူး . . ပန္းခ်ီေက်ာင္း၊ ဂီတေက်ာင္း သာမက အခုေနာက္ပိုင္းေခတ္စားေနတဲ႕ ရုပ္ရွင္လိုင္းဘက္ကုိပါတက္ခ်င္ရင္တက္မယ္) ဆိုရင္ ျပည္ေတာ္ျပန္ဝင္တဲ႕အခါ ကိုယ္႕မွာ လုပ္စရာအသင္႕၊ ၾကည္ႏူးစရာအဆင္႕ဆင္႕ နဲ႕ ေန႕တုိင္းအလုပ္သြားရတာကိုေပ်ာ္ရႊင္ရမွာပါ။
.
.
. ဘဝမွာ လုပ္စရာအမ်ားၾကီးပါ။ လူေတြမွာ ဘာလုပ္ရမွန္းမသိတာ၊ လုပ္ရမွန္းသိျပီး မလုပ္တတ္တာ၊ လုပ္တတ္ေပမယ္႕ ဘယ္ကစရမွန္းသိတာ၊ စတတ္ေပမယ္႕ ေငြအရင္းအႏွီးမရွိတာ စတာေတြအားလံုးဟာ (ဘ) လုိမွန္းမသိ တစ္ဝဲ (ဝဲ) လည္ေနတဲ႕ " ဘ ဝ " အစစ္ပါပဲ။
.
. ဒါေၾကာင္႕ အေမရိကားမွာကြ်န္ေတာ္အားတုိင္းနားေထာင္ေနက် Podcast လႊင္႕ျပီး လူေတြကုိစိတ္ဓါတ္ျမွင္႕တင္ေပးေနသူ ေဂ်ာ္ဒန္ဟာဘင္ဂ်ာ - Jordan Harbinger ေျပာသလို "I don't have all the answers but I have all the questions" ဆိုတဲ႕စကားအတိုင္း မိတ္ေဆြတို႕၊ မိဘတို႕ရဲ႕ေမးခြန္းေတြအတြက္ အေျဖအကုန္မရွိေပမယ္႕ ကြ်န္ေတာ႕မွာ ေမးစရာတပံုတပင္က်န္ပါေသးတယ္ . .။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 04-04-2018
.
https://www.jordanharbinger.com/ (Podcast ဝဘ္ဆိုဒ္)
.
Photo: Google Images
.
.
. "ဘယ်သူ့ကိုမှမငဲ့ညှာပဲ ကိုယ်တကယ်ဝါသနာပါတဲ့မေဂျာကိုသာယူပါ"
. သားသမီးအကြောင်းမကြာခဏပြောပြီးတဲ့နောက်မှာ ကလေးမိဘတွေအကြောင်း အတွေးနယ်ချဲ့မိတယ်။ စဉ်းစားလို့မရတဲ့အကြောင်းအရာတွေပြည့်လာတဲ့ဦးနှောက်သေးသေးလေးမှာ မေးခွန်းတွေနဲ့ရှုတ်လာနေတယ်။ ဒါကြောင့် စာဖတ်သူ မိဘတွေကိုပြန်မေးကြည့်မယ် "ကိုယ့်သား ကိုယ့်သမီးကို ဘာကြောင့် နိုင်ငံခြားကျောင်းသွားထားကြတာလဲ?"
.
. "ကျွန်တော်/ကျွန်မတို့ရခဲ့တဲ့ပညာရေးစံနစ်ထက်မြင့်တဲ့အတန်းအစားတစ်ခုကို ပို့ပေးချင်တယ်" ဒီအဖြေနဲ့တူတဲ့စိတ်ခံစားချက်ရှိတယ်ဆိုရင် ဒီစာကိုဆက်ပြီးဖတ်နိုင်ပါတယ်။
.
.
. တစ်ဆက်တည်း မေးစရာရှိလာတာက "ပညာသင်ပြီးပြန်လာတဲ့သားသမီးကို မြန်မာနိုင်ငံပြန်ရောက်တဲ့အခါ ဘာလုပ်ခိုင်းမှာလဲ?" ဆိုတာပါပဲ။ ပိုက်ဆံရှိတဲ့မိဘတွေရဲ့သားသမီးကျတော့လွယ်တာပေါ့ . . သူတို့အလုပ်မှာ ရုံးခန်းတစ်ခန်းဖွင့်ပြီး မန်းနေးဂျင်းဒါရိုက်တာရာထူးပေးလိုက်နိုင်ရင်တော့ " ရေကန်အသင့် ကြာအသင့်" ဆိုသလို တင့်တယ်လွန်းလှသပေါ့။
.
. ဒါပေမယ့် ကိုယ့်သားသမီးကိုနိုင်ငံခြားပို့ပြီးကျောင်းတက်စေတဲ့မိဘအားလုံးဟာ ပြည့်စုံကုံလုံတဲ့ကုမ္ပဏီပိုင်ရှင်တွေချည်းမဟုတ်ဘူးလေ။ မိဘတွေလုပ်ကိုင်နေတဲ့ကုန်စုံဆိုင်မှာ စျေးပြန်ရောင်းနေတဲ့လူငယ်တွေကိုတွေ့ရတဲ့အခါ ကျွန်တော့ခေါင်းထဲမှာ "သားသမီးတွေကို နိုင်ငံခြားကျောင်းပို့ပညာသင်ခိုင်းတာ သူတို့တတ်လာတဲ့ပညာကိုအသုံးမချပဲ မိသားစုဝင်တစ်ယောက်အပေါ် ဂုဏ်ယူဖို့အတွက်သက်သက်ပဲလား?" ဆိုတဲ့မေးခွန်းထပ်ပေါ်လာပါတယ်။
.
.
. ဟိုအရင်ကတည်းက အစိုးရမင်းအဆက်ဆက်မှာ နိုင်ငံခြားကိုပညာတော်သင်သွားခဲ့ကြတယ်။ အများအားဖြင့် အစိုးရကငွေကုန်ကြေးကျခံပြီးလွှတ်ခဲ့ကြတယ်။ ကျွန်တော်လေ့လာတာမမှားဘူးဆိုရင် အစိုးရလွှတ်တဲ့သူတွေမှာ ကိုယ့်ဘာသာကိုယ်သုံးတဲ့ငွေကလွှဲလို့ ငွေကုန်စရာမလိုပါ။ အဲဒီတုန်းက နိုင်ငံခြားကိုကျောင်းသားပို့တဲ့အလုပ်ဟာ အစိုးရအလုပ်ဖြစ်ခဲ့တယ်။
.
. အခုနောက်ပိုင်း ဆုတ်ယုတ်လာတဲ့ပညာရေးစံနစ်ဆိုးကြောင့် ပြောင်းလဲလာတဲ့ခေတ်မှာ ဒီတာဝန်ကို ကျွန််တော်တို့မိဘပြည်သူတွေလွှဲပြောင်းယူရတဲ့အလား သားသမီးတွေကို အပြိုင်အဆိုင်ပြည်ပသွားပြီး ကျောင်းတက်ခိုင်းကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးရဲ့အဓိကဆိုလိုရင်းက "သူတို့ပြန်လာရင် ဘယ်နေရာမှာအသုံးချမှာလဲ?" ဆိုတဲ့ရည်ရွယ်ချက်ရဲ့အဖြေဖြစ်ပါတယ်။
.
.
. ဥပမာ-ကျောင်းမှာ IT တက်ခဲ့သူတစ်ယောက်ဟာ မြန်မာနိုင်ငံပြန်လာပြီးတော့ သူမျှော်မှန်းတဲ့အလုပ် နဲ့ များပြားတဲ့လစာမရတဲ့အခါ ဘယ်နေရာမှသွားစရာ မရှိပြန်၊ ကျောင်းတက်ခဲ့တဲ့နိုင်ငံမှာ တရားမဝင်ခိုကပ်နေလို့ကလည်း မရပြန်၊ ဒီကြားထဲ ဖောက်ထွက်အောင်မြင်ရမယ့်အစား အိမ်ထောင်ကျသွားတာမျိုး၊ ကျောင်းမပြီးပဲ ပညာရေးလမ်းတစ်ဝက်နဲ့အိမ်ထောင်ဘက်ရှာခဲ့တာမျိုးတို့ကျတော့ ဘယ်လိုလုပ်ကြမှာလဲ?
.
. တစ်ပြိုင်နက်တည်းမှာ သားသမီးက သူမသွားခင်ကစဉ်းစားသွားတာ တစ်မေဂျာ၊ ဟိုဘက်မြေနင်းတော့ တက်ချင်မိတာ နောက်တစ်မေဂျာ၊ အဲဒီလိုနဲ့ (၁) နှစ်တက်ပြီးမှ နောက်မေဂျာတစ်ခုပြောင်း၊ နောက် မကြိုက်လို့ ထပ်ပြောင်း . . ဆိုရင် မိဘတွေရဲ့ဘဏ်စာရင်းပြောင်သလင်းခါသွားရုံမက အရှင်လတ်လတ်ရင်ကွဲနာကျရပါတော့တယ်။
.
.
. ဒီနေရာမှာအကြံပေးနိုင်တာက လူငယ်တွေဟာ သူတို့တက်မယ့်ကျောင်း နဲ့ ယူမယ့်ဘာသာရပ်အပြင် သူ့ဘဝရဲ့ရည်မှန်းချက်တို့ကိုပေါင်းပြီး (၃) ပွင့်ဆိုင် သုတေသနလုပ်သင့်လှတယ်။ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ဘယ်အရာတွေ၊ ဘယ်လူပုဂ္ဂိုလ်ကိုမှ မငဲ့ညှာပဲ ကိုယ့်အနာဂါတ်အတွက်ကိုယ် ရက်ရက်စက်စက်လေ့လာသင့်တယ်။ ကိုယ်ဘာတက်လို့ ဘာသင်ယူရမှန်းမသိသေးရင်လည်း ယူနိုင်ခြေအများဆုံးရှိတဲ့မေဂျာတွေထဲက ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး (၁) ခု ၊ (၂) ခု ၊ (၃) ခု စသည်တို့ရဲ့ မဖြစ်မနေယူရမယ့် - General Requirement ကို ယူထားသင့်တယ်။
.
. စိတ်ပြောင်းလို့ မေဂျာပြောင်းမယ်လုပ်တဲ့အခါ ကိုယ်ကအရွေးမမှားထားတော့ (ဒါမှမဟုတ်) မဆုံးဖြတ်ရသေးလို့ - Undecided အနေအထားနဲ့ဆိုရင် ကြိုက်တဲ့လိုင်းခုန်ကူးစေဦး . . ကိုယ်တက်ထားတဲ့အားဖြည့်ဘာသာရပ်ရဲ့အမှတ် (ခရက်ဒစ်) တွေကို သယ်ယူသွားနိုင်တယ်။
.
. ဒီအားသာချက်ကို အခြေပြုတက်လှမ်းလို့ ကိုယ့်ရဲ့အားနည်းချက်တွေကို အနာဂါတ်မှာရှောင်ကျဉ်ရင်း ကိုယ်တကယ် ဝါသနာပါ - Passionate ဖြစ်တဲ့ဘာသာရပ်ကိုယူထားမယ် . . (အင်ဂျင်နီယာလိုင်း၊ ကွန်ပျူတာသိပ္ပံလိုင်း၊ ဇီဝဆေးပညာလိုင်းမှရယ်လို့မဟုတ်ဘူး . . ပန်းချီကျောင်း၊ ဂီတကျောင်း သာမက အခုနောက်ပိုင်းခေတ်စားနေတဲ့ ရုပ်ရှင်လိုင်းဘက်ကိုပါတက်ချင်ရင်တက်မယ်) ဆိုရင် ပြည်တော်ပြန်ဝင်တဲ့အခါ ကိုယ့်မှာ လုပ်စရာအသင့်၊ ကြည်နူးစရာအဆင့်ဆင့် နဲ့ နေ့တိုင်းအလုပ်သွားရတာကိုပျော်ရွှင်ရမှာပါ။
.
.
. ဘဝမှာ လုပ်စရာအများကြီးပါ။ လူတွေမှာ ဘာလုပ်ရမှန်းမသိတာ၊ လုပ်ရမှန်းသိပြီး မလုပ်တတ်တာ၊ လုပ်တတ်ပေမယ့် ဘယ်ကစရမှန်းသိတာ၊ စတတ်ပေမယ့် ငွေအရင်းအနှီးမရှိတာ စတာတွေအားလုံးဟာ (ဘ) လိုမှန်းမသိ တစ်ဝဲ (ဝဲ) လည်နေတဲ့ " ဘ ဝ " အစစ်ပါပဲ။
.
. ဒါကြောင့် အမေရိကားမှာကျွန်တော်အားတိုင်းနားထောင်နေကျ Podcast လွှင့်ပြီး လူတွေကိုစိတ်ဓါတ်မြှင့်တင်ပေးနေသူ ဂျော်ဒန်ဟာဘင်ဂျာ - Jordan Harbinger ပြောသလို "I don't have all the answers but I have all the questions" ဆိုတဲ့စကားအတိုင်း မိတ်ဆွေတို့၊ မိဘတို့ရဲ့မေးခွန်းတွေအတွက် အဖြေအကုန်မရှိပေမယ့် ကျွန်တော့မှာ မေးစရာတပုံတပင်ကျန်ပါသေးတယ် . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 04-04-2018
.
https://www.jordanharbinger.com/ (Podcast ဝဘ်ဆိုဒ်)
.
Photo: Google Images

No comments: