ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 31, 2015

MBSR သုိ႕မဟုတ္ ဘဝခရီးေျဖာင္႕ေစတဲ႕နည္းလမ္း

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
“ အပၸမာေဒန သမၺာေဒထ ” ဆိုတဲ႕ ဆံုးမစကားကုိ ဗုဒၶျမတ္စြာဘုရားသက္ေတာ္ထင္ရွားရွိစဥ္က အၾကိမ္ၾကိမ္ျမြက္ၾကားခဲ႕သလို သက္တမ္းေနာက္ဆံုးရက္ ပရိနိဗၺာန္မစံခင္အခ်ိန္အထိ အထပ္ထပ္မွာခဲ႕တဲ႕ ဆံုးမတရားေတာ္ေလးပါ။ အဓိပၸာယ္ကေတာ႕ သူေတာ္ေကာင္းဗုဒၶဘာသာဝင္တို႕သိျပီးျဖစ္တဲ႕အတိုင္း “ အခ်ိန္တိုင္းမွာ မေမ႕မေလ်ာ႕ သတိနဲ႕ေနၾက ” လို႕ သတိေပးတာျဖစ္ပါတယ္။ ဒီတရားေတာ္ ( အဆုိအမိန္႕ ) ဟာ ဗုဒၶဘာသာရဲ႕ထိပ္ေခါင္လမ္းျပ ဘုရားတစ္ဆူကေဟာေျပာခဲ႕လို႕ ဗုဒၶဘာသာဝင္ေတြခ်ည္းပိုင္ဆိုင္တဲ႕ တစ္ကြက္မွန္အယူအဆမဟုတ္ပဲ လူသားဘဝပိုင္ဆုိင္ၾကတဲ႕ Being အားလံုးနဲ႕သက္ဆိုင္ပါတယ္။
.
ပိုမိုျဖည္႕စြက္ေျပာရရင္ အသက္နဲ႕ခႏၶာျမဲေနသ၍ လူ၊ နတ္၊ ျဗဟၼာ၊ ျပိတၱာ၊ အသူရကယ္၊ တိရစၦာန္ အစရွိတဲ႕ ( ၃၁ ) ဘံုသားအေနနဲ႕ တစ္ေနရာရာမွာတြယ္ကပ္ေနသူတိုင္း ဘုရားေပးတဲ႕အသိတစ္ခုက “ သတိရွိေနဖို႕ ” လိုရင္းပါ။ ဒီလိုရွင္းရွင္းေလးထုတ္ႏႈတ္ျပသႏိုင္မွလည္း အမ်ားသူငါနားလည္ျပီး ေရွ႕ဆက္ရွင္းသြားႏုိင္မယ္လို႕လည္း ဥာဏ္မွီသေလာက္ယူဆမိပါတယ္။
.
.
ဘာသာတရားအျငင္းပြားမႈေနာက္ထားျပီးခ်စ္ျခင္းေမတၱာကိုအရင္းျပဳလုိ႕ “ သတိ ” ဆုိတဲ႕ တန္ဖိုးရွိတဲ႕အသိတစ္ခုကုိ ဆက္ေဆြးေႏႊးၾကည္႕ပါမယ္။ အေနာက္ႏိုင္ငံဘာသာစကားနဲ႕ဆိုရင္ Mindfulness လို႕ ျပန္ဆိုၾကတယ္။ လူေတြဟာ ကိစၥအမ်ာစုကို ေန႕တုိင္း သတိလက္လြတ္စြာ ျပဳမူၾကတယ္။ ကားေမာင္းတာေရာ၊ အလုပ္လုပ္တာေရာ၊ ေနာက္ဆံုး ေရေသာက္တာကအစ ဘယ္အရာကိုလုပ္ေနတယ္ဆုိတာကုိ “ သတိမထားမိ ” ၾကတာ လူေတြရဲ႕သဘာဝလို႕ေျပာရေလာက္ေအာင္ အသိရွိတဲ႕ ဒီအေလ႕အက်င္႕ဟာ တိမ္ျမဳပ္ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနပါတယ္။ ဘာေၾကာင္႕ သတိရွိေနဖို႕ လုိအပ္တာပါလဲ .. ေမးစရာရွိပါတယ္..။
.
လူေတြဟာ သတိမရွိတဲ႕အခါ လုပ္ခ်င္ရာလုပ္ရင္း တစ္ခုမဟုတ္ တစ္ခုထက္ပိုျပီး ေတြးေနတတ္ၾကတယ္။ အတိတ္ကလုပ္ခဲ႕သမွ်မေျပလည္ခဲ႕တာကို ၾကိတ္မႏိုင္ခဲမရ ျဖစ္ၾကတယ္။ လက္ရွိဘဝကို မေက်နပ္ႏိုင္ပဲ ဒီအတုိင္းငါဆက္သြားလို႕ မျဖစ္ပါဘူးဆိုျပီး အလိုမက်ျဖစ္ၾကတယ္။ ေရာက္ရွိမျဖစ္ပ်က္လာေသးတဲ႕ အနာဂါတ္မွာ အရာရာကုိအုတ္ခ်ပ္ေတြလိုစီျပီး ၾကိဳတင္အၾကံထုတ္ေနၾကတယ္။ ဒီကာလေဒသအေျခအေန သံုးခုကေနျပီး ေကာင္းက်ိဳးမေပးတဲ႕ အကုသုိလ္တရား သံုးပါးကုိ ေမြးျမဴေနတတ္ၾကပါတယ္။ ဟုတ္ပါတယ္ .. လူေတြပါးစပ္ဖ်ားမွာေန႕စဥ္ေျပာေနက် နာမည္ၾကီး ေလာဘ၊ ေဒါသ၊ ေမာဟတရားတို႕ပဲ ျဖစ္ပါတယ္။ ဒီလိုေတြျဖစ္ေနတာ ဘယ္လုိေလွ်ာ႕ခ်ရင္ အက်ိဳးရွိႏိုင္ပါသလဲ .. နည္းလမ္းရွိပါတယ္။

.
လုပ္ေနက်အလုပ္ကို အရွိန္ေလွ်ာ႕လိုက္ပါ။ ျဖည္းညွင္းသက္သာစြာ လႈပ္ရွားပါ။ လုပ္ေနသမွ်ကို လိုက္မွတ္ထားပါ။ အစပုိင္းမွာအခက္အခဲရွိေပမယ္႕ က်င္႕သားရလာရင္ လြယ္ကူလာဖို႕အေၾကာင္းရွိပါတယ္။ ေနာက္ထပ္နည္းလမ္းတစ္ခုက လုပ္သမွ်ကိုလြယ္ကူတဲ႕နည္းလမ္းနဲ႕ ေျပာင္းျပီးစဥ္းစားပါ။ ပထမအၾကိမ္ဆိုတာ ေနရာတိုင္းမွာ အခက္အခဲဆံုးလို႕ ေျပာလုိ႕ရပါတယ္။ ဒုတိယအၾကိမ္ကေန ထပ္ျပီးၾကိဳးစားတဲ႕အခါ အရာအားလံုးဟာ လြယ္ကူေခ်ာေမြ႕ျပီး သက္ေတာင္႕သက္သာေအာင္ျမင္လာပါလိမ္႕မယ္။
.
.
ဒီအယူအဆကို ဗုဒၶဘာသာတစ္မ်ိဳးတည္းက ပုိင္ဆိုင္တာမဟုတ္ဘူးဆိုတာ အစပိုင္းမွာ ေျပာျပခဲ႕ျပီးပါျပီ။ အေနာက္ႏိုင္ငံေတြမွာ MBSR - Mindfulness Based Stress Reduction ဆုိတဲ႕ တကၠသိုလ္ဘာသာရပ္ေတြျပ႒ာန္းျပီး သင္ၾကားလာၾကတယ္။ မွတ္တုိင္အေနနဲ႕ ( ၁၉၇၉ ) ခုႏွစ္မွာ အေမရိကန္ႏိုင္ငံ၊ မက္ဆာခ်ဴးဆက္ျပည္နယ္၊ ေဝၚဆက္စတာက်န္းမာေရးစင္တာမက္ဆာခ်ဴးတက္တကၠသိုလ္ - University of Massachusetts of Medical Center in Worcester မွာ MBSR ကုိ ေမြးစားအသက္သြင္းခဲ႕တယ္။
.
.
ပထမသင္ရိုးညႊန္းတမ္းမွာ “ The first program intended to become an effective vehicle for training individuals to practice mindfulness meditation and mindful yoga for reasons of health enhancement and stress reduction ” လို႕ ေဖာ္ျပထားတယ္။ နီးစပ္ေအာင္ဘာသာျပန္ရရင္ လူတစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီရဲ႕ သတိပ႒ာနအရွိတရားကုိရရွိဖို႕အလို႕ငွာ တရားထုိင္ျခင္း နဲ႕ သတိကပ္ ေယာဂက်င္႕ျခင္းတို႕ျဖင္႕ အက်ိဳးသက္ေရာက္မႈ ရွိေစပါမယ္။ ထိုမွတစ္ဆင္႕ က်န္းမာေရးတုိးတက္မႈနဲ႕ ဆင္႕ပြားအက်ိဳးဆက္အျဖစ္ စိတ္ဖိစီးမႈကုိ ေလွ်ာ႕ခ်ႏိုင္ပါလိမ္႕မယ္ လို႕ ေျပာထားပါတယ္။
.
ဒီေနရာမွာ ၾကားျဖတ္တစ္ခုေျပာခ်င္တာက အေနာက္ႏိုင္ငံမွာ Mindfulness ( သတိ ) လို႕ေျပာရင္ မင္းကငါ႕ကုိတရားလာျပတာလား .. အလုပ္ခြင္မွာ တရားစကားလာေျပာေနတယ္ .. ဘုရားစာလာရြတ္ေနတယ္လို႕ ထင္ၾကတယ္။ ဒါေပမယ္႕ Stress ( စိတ္ဖိစီးမႈ ) ကုိေတာ႕ ေရလဲပုဆိုးလို အခ်ိန္တိုင္း အခါအခြင္႕သင္႕သလို စကားထဲထည္႕ေျပာၾကတယ္။
.
တစ္ေယာက္ေယာက္က စိတ္ရႈတ္ေနပံုေပါက္ေနရင္ “ မင္း စိတ္ကုိျငိမ္ျငိမ္ထား .. သတိေလးနဲ႕ေန - Be Mindful ” လို႕ မေျပာၾကပဲ “ ေမ႕ပစ္လိုက္ .. စိတ္ရႈတ္မခံနဲ႕ .. စိတ္အဖိစီးမခံနဲ႕ - Forget it. Don’t Stress Out ” လို႕သာ ပါးစပ္အရသာခံေျပာၾကတယ္။
.
စိတ္ဆိုတဲ႕စာလံုးကုိ ဘုရားစကား၊ တရားစကားအေနနဲ႕သာလက္ခံျပီး ကိုယ္႕အလုပ္နဲ႕တရားနဲ႕မသက္ဆိုင္သလိုလို၊ ကိုယ္႕ေန႕စဥ္ဘဝနဲ႕သတိတရားနဲ႕မပတ္သက္သလိုလုိ လ်စ္လ်ဴရႈထားၾကတယ္။ သီးျခားစီေတြးထင္ျပီး သတိရွိမႈ - Consciousness  ကုိ တစ္ျခားျဂိဳဟ္ကမၻာကလာသည္႕ႏွယ္ ပစ္ပယ္ထားၾကတယ္။
.
.
ဒုတိယသင္ရုိးညႊန္းတမ္းမွာ “ MBSR was developed as a model approach that could be adapted in a variety of health care contexts where stress, pain, illness and disease were the primary concerns ” လို႕ ေျပာထားျပန္တယ္။ ဆိုလုိတာက စိတ္ဖိစီးမႈ၊ ဒဏ္ရာေဝဒနာေပ်ာက္ကင္းမႈ၊ ဖ်ားနာကင္းရွင္းမႈ နဲ႕ ေရာဂါဘယေတြရဲ႕ အက်ိဳးျပဳကုထံုးတစ္ခုအေနနဲ႕ စံျပေမာ္ဒယ္တစ္ခုျဖစ္လာဖို႕၊ ေၾကာင္းက်ိဳးဆက္လက္ခံလာဖို႕ အဆင္႕ျမင္႕ခ်ည္းကပ္နည္းနဲ႕ MBSR ကုိ သင္ၾကားပါတယ္ လို႕ ရွင္းျပထားပါတယ္။
.
က်န္းမာေရးရႈေထာင္႕ကၾကည္႕တဲ႕အခါ စိတ္ဖိစီးလာရင္ ေသြးပ်စ္လာတယ္။ ဒါေၾကာင္႕ ႏွလံုးေသြးေၾကာက်ဥ္းမယ္။ ေသြးတုိးမယ္။ ရုတ္တရက္ေသြးေၾကာေတြျပတ္ျပီး ေလသင္ဓုန္းျဖတ္သြားႏိုင္တယ္။ အေနာက္ႏိုင္ငံကအလုပ္ခြင္ေတြမွာ စိတ္တုိလို႕မရပါဘူး။ ထြက္တဲ႕ေဒါသကုိလူအျမင္ခံလို႕လည္း မရဘူး။ အခန္႕မသင္႕လုိ႕စိတ္ၾကီးရင္ အလုပ္ျပဳတ္သြားႏိုင္ပါတယ္။
.
ခႏၶာကိုယ္တစ္ေနရာရာမွာနာက်င္ေနရင္ အလုပ္ကေနျပန္ခိုင္းပါတယ္ ဆက္လုပ္လို႕မရပါဘူး။ ဖ်ားနာခြင္႕ - Sick Call Leave ေတြ ေပးထားတာရွိတယ္။ ေနမေကာင္းျဖစ္ရင္ အလုပ္မတက္ပဲ ဖုန္းဆက္အေၾကာင္းၾကားလို႕ရပါတယ္။ ေရာဂါေဝဒနာေတြ ေဆးရံုတက္ကုသဖို႕ အားလပ္ရက္ - Vacation ေတြ စီစဥ္ထားေပးပါတယ္။
.
ဒါမွမဟုတ္ ဘာမွမပ်က္ယြင္းပဲ အလုပ္လုပ္ေနႏိုင္သူမ်ားလည္း Vacation ယူျပီး နားၾက၊ အပန္းေျဖၾက၊ ခရီးထြက္ၾကပါတယ္။ ဒီအခ်က္ေတြအားလံုးရဲ႕လိုရင္းက စိတ္ဖိစီးမႈကို အထုိက္အေလ်ာက္ေလွ်ာ႕ခ်ေစႏိုင္ဖို႕ပါပဲ။ စိတ္ရဲ႕ထြက္ေပါက္ကုိ တကူးတက လမ္းေပးခိုင္းတာ အေၾကာင္းရွိတယ္။ ဒါကပဲ “ သတိတရားကိုအေျခခံ၍ စိတ္ကုိေလ်ွာ႕ခ်ျခင္း ” ဆိုတဲ႕ MBSR ရဲ႕ မူရင္းရည္ရြယ္ခ်က္ပါပဲ။
.
.
အေမရိကန္ႏုိင္ငံမွာေတာ႕ အခုလို “ သတိနဲ႕ေနျခင္း ” ကို ဝိပသနာက်င္႕ၾကံေနထုိင္မႈေအာက္္မွာထားရမယ္႕အစား က်န္းမာေရးပညာေပးမႈ - Medical Education ေခါင္းစဥ္ေအာက္မွာထားၾကတယ္။ ခႏၶာကိုယ္မွာျဖစ္ေပၚေနတဲ႕ ေသဆံုးသြားတဲ႕ၾကြက္သားဆဲလ္ေတြ၊ အသစ္ျပန္ေမြးဖြားလာတဲ႕ၾကြက္သားဆဲလ္ေတြၾကားက ျဖစ္မႈ၊ ပ်က္မႈတို႕ကုိရွာေဖြတာမဟုတ္ပဲ MBSR နဲ႕ စိတ္ဖိစီးမႈေလွ်ာ႕ခ်ႏုိင္တယ္ဆုိတာေလာက္ကိုသာ အာရံုထားၾကတယ္။
.
ေယာဂက်င္႕ရင္ လူက်န္းမာတယ္။ အသက္ရွဴလမ္းေၾကာင္းပြင္႕တယ္။ လူ႕ခႏၶာမွာ ေရာဂါပိုးေတြဝင္ေရာက္ဖို႕မလြယ္ဘူး။ ကိုယ္လက္လႈပ္ရွားမႈလုပ္ဖို႕ Gym သြားရင္ လူက်န္းမာတယ္။ လန္းဆန္းတယ္။ ေခြ်းထြက္ေတာ႕ ကယ္လုိရီေလာင္ကြ်မ္းတယ္။ ဒီကေန ေနာက္တစ္ေန႕မနက္ျဖန္က်ရင္ ေနလို႕ ထုိင္လို႕ ပိုေကာင္းမယ္ ဆုိတာေလာက္နဲ႕ ေက်နပ္ေနၾကပါတယ္။
.
.
အေနာက္တုိင္း နဲ႕ ဗုဒၶသာသာတုိ႕ရဲ႕အႏွစ္သာရေပါင္းကူးတံတားဟာ “ နားလည္မႈ ” ပါ။ သူ႕ေနရာနဲ႕သူ လုပ္ေဆာင္ခ်က္ေတြရဲ႕ကြာျခားမႈေတြကိုေတာ႕ ေတြ႕ေနရဦးမွာပါ။ ဒီစာစုကေနေပးခ်င္တဲ႕သတင္းစကားကေတာ႕ ဘယ္လိုပဲေနေန၊ ကမၻာရဲ႕ဘယ္ေနရာမွာပဲေနေန စိတ္ နဲ႕ ခႏၶာတြဲကပ္ေနသ၍ စိတ္ဖိစီးမႈ၊ ေတြးေတာမႈ၊ အလိုမက်မႈ၊ ရန္လိုမုန္းတီးမႈ နဲ႕ မာနတရားတို႕ဟာ ေရွာင္ဖယ္ဖို႕အခက္ဆံုး မေကာင္းတဲ႕စိတ္အေနအထားေတြဆိုတာ သတိေပးလိုျခင္း ျဖစ္ပါတယ္။
.
အမ်ားလက္ခံထားတဲ႕စကားနဲ႕ေျပာရရင္ “ ေကာင္းမႈလုပ္ျပီး ဂုဏ္မယူႏိုင္ေသးရင္ေတာင္ မေကာင္းမႈကို မလုပ္ပဲနဲ႕ ဂုဏ္ယူႏိုင္ပါတယ္ ” လို႕ ဆိုပါရေစ။ ထို႕အတူပဲ စိတ္သဘာဝကို ဝင္ဝင္ဆဆ မေလ႕လာႏိုင္ေသးရင္ေတာင္မွ စိတ္မွာခုိဝင္ေအာင္းလာမယ္႕ မေကာင္းတဲ႕  ေလာဘ၊ ေဒါသ၊ ေမာဟတရားေတြကုိ ပယ္သတ္ႏိုင္ဖို႕လိုပါတယ္။ ဒီ သံုးမ်ိဳးမရွိတဲ႕အခ်ိန္ကာလသမယေလးဟာ အလြန္အမင္းျငိမ္းခ်မ္းေနမယ္ဆိုတာ ယံုမွားသံသယ မရွိႏိုင္ပါဘူး။
.
ဒါေၾကာင္႕ MBSR သင္တန္းကေနပို႕ခ်ခ်က္မ်ားကို အခေၾကးေငြေပးျပီး သင္ယူေနသည္ျဖစ္ေစ၊ ေယာဂက်င္႕စဥ္တစ္ခုခုကို အသင္းဝင္ေငြေပးျပီး ေလ႕လာတတ္ေျမာက္ေနသည္ျဖစ္ေစ၊ ဗုဒၶအလိုက် အခမဲ႕ သတိပ႒ာန္တရားမ်ားကို ပြားမ်ားအားထုတ္ေနသည္ျဖစ္ေစ အားလံုးဟာ မဂၤလာတရားကို ယံုၾကည္ဂုဏ္ေဖာ္က်င္႕သံုးေနတယ္လို႕ အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။ ဒါေၾကာင္႕ ကုသိုလ္ နဲ႕ အကုသိုလ္တရားတုိ႕ကို အၾကမ္းဖ်င္းခြဲျခားႏုိင္ျပီး ဘဝအိပ္မက္မ်ားကို ေခ်ာေမြ႕ေသသပ္စြာမက္ႏုိင္ၾကပါေစရန္ တုိက္တြန္းေရးသားအၾကံျပဳလိုက္ရပါတယ္။
.
( ဝန္ခံခ်က္ - ေက်းဇူးရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ၏တရားေတာ္တစ္ပုဒ္မွ စတင္နာၾကားသိရွိျပီး အထက္ပါေခါင္းစဥ္ကိုယူငင္သံုးစြဲပါသည္။        ။ စာေရးသူ )
.
MBSR Course Written By Jeffery Brantley : Introduction Chapter 5 Link: http://link.springer.com/chapter/10.1007/0-387-25989-9_5#page-1
.
.
.
koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
“ MBSR သို့မဟုတ် ဘဝခရီးဖြောင့်စေတဲ့နည်းလမ်း ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.

.
အပ္ပမာဒေန သမ္ဗာဒေထ ” ဆိုတဲ့ ဆုံးမစကားကို ဗုဒ္ဓမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က အကြိမ်ကြိမ်မြွက်ကြားခဲ့သလို သက်တမ်းနောက်ဆုံးရက် ပရိနိဗ္ဗာန်မစံခင်အချိန်အထိ အထပ်ထပ်မှာခဲ့တဲ့ ဆုံးမတရားတော်လေးပါ။ အဓိပ္ပာယ်ကတော့ သူတော်ကောင်းဗုဒ္ဓဘာသာဝင်တို့သိပြီးဖြစ်တဲ့အတိုင်း “ အချိန်တိုင်းမှာ မမေ့မလျော့ သတိနဲ့နေကြ ” လို့ သတိပေးတာဖြစ်ပါတယ်။ ဒီတရားတော် ( အဆိုအမိန့် ) ဟာ ဗုဒ္ဓဘာသာရဲ့ထိပ်ခေါင်လမ်းပြ ဘုရားတစ်ဆူကဟောပြောခဲ့လို့ ဗုဒ္ဓဘာသာဝင်တွေချည်းပိုင်ဆိုင်တဲ့ တစ်ကွက်မှန်အယူအဆမဟုတ်ပဲ လူသားဘဝပိုင်ဆိုင်ကြတဲ့ Being အားလုံးနဲ့သက်ဆိုင်ပါတယ်။
.
ပိုမိုဖြည့်စွက်ပြောရရင် အသက်နဲ့ခန္ဓာမြဲနေသ၍ လူ၊ နတ်၊ ဗြဟ္မာ၊ ပြိတ္တာ၊ အသူရကယ်၊ တိရစ္ဆာန် အစရှိတဲ့ ( ၃၁ ) ဘုံသားအနေနဲ့ တစ်နေရာရာမှာတွယ်ကပ်နေသူတိုင်း ဘုရားပေးတဲ့အသိတစ်ခုက “ သတိရှိနေဖို့ ” လိုရင်းပါ။ ဒီလိုရှင်းရှင်းလေးထုတ်နှုတ်ပြသနိုင်မှလည်း အများသူငါနားလည်ပြီး ရှေ့ဆက်ရှင်းသွားနိုင်မယ်လို့လည်း ဥာဏ်မှီသလောက်ယူဆမိပါတယ်။
.
.
ဘာသာတရားအငြင်းပွားမှုနောက်ထားပြီးချစ်ခြင်းမေတ္တာကိုအရင်းပြုလို့ “ သတိ ” ဆိုတဲ့ တန်ဖိုးရှိတဲ့အသိတစ်ခုကို ဆက်ဆွေးနွှေးကြည့်ပါမယ်။ အနောက်နိုင်ငံဘာသာစကားနဲ့ဆိုရင် Mindfulness လို့ ပြန်ဆိုကြတယ်။ လူတွေဟာ ကိစ္စအမျာစုကို နေ့တိုင်း သတိလက်လွတ်စွာ ပြုမူကြတယ်။ ကားမောင်းတာရော၊ အလုပ်လုပ်တာရော၊ နောက်ဆုံး ရေသောက်တာကအစ ဘယ်အရာကိုလုပ်နေတယ်ဆိုတာကို “ သတိမထားမိ ” ကြတာ လူတွေရဲ့သဘာဝလို့ပြောရလောက်အောင် အသိရှိတဲ့ ဒီအလေ့အကျင့်ဟာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။ ဘာကြောင့် သတိရှိနေဖို့ လိုအပ်တာပါလဲ .. မေးစရာရှိပါတယ်..။
.
လူတွေဟာ သတိမရှိတဲ့အခါ လုပ်ချင်ရာလုပ်ရင်း တစ်ခုမဟုတ် တစ်ခုထက်ပိုပြီး တွေးနေတတ်ကြတယ်။ အတိတ်ကလုပ်ခဲ့သမျှမပြေလည်ခဲ့တာကို ကြိတ်မနိုင်ခဲမရ ဖြစ်ကြတယ်။ လက်ရှိဘဝကို မကျေနပ်နိုင်ပဲ ဒီအတိုင်းငါဆက်သွားလို့ မဖြစ်ပါဘူးဆိုပြီး အလိုမကျဖြစ်ကြတယ်။ ရောက်ရှိမဖြစ်ပျက်လာသေးတဲ့ အနာဂါတ်မှာ အရာရာကိုအုတ်ချပ်တွေလိုစီပြီး ကြိုတင်အကြံထုတ်နေကြတယ်။ ဒီကာလဒေသအခြေအနေ သုံးခုကနေပြီး ကောင်းကျိုးမပေးတဲ့ အကုသိုလ်တရား သုံးပါးကို မွေးမြူနေတတ်ကြပါတယ်။ ဟုတ်ပါတယ် .. လူတွေပါးစပ်ဖျားမှာနေ့စဉ်ပြောနေကျ နာမည်ကြီး လောဘ၊ ဒေါသ၊ မောဟတရားတို့ပဲ ဖြစ်ပါတယ်။ ဒီလိုတွေဖြစ်နေတာ ဘယ်လိုလျှော့ချရင် အကျိုးရှိနိုင်ပါသလဲ .. နည်းလမ်းရှိပါတယ်။
.
လုပ်နေကျအလုပ်ကို အရှိန်လျှော့လိုက်ပါ။ ဖြည်းညှင်းသက်သာစွာ လှုပ်ရှားပါ။ လုပ်နေသမျှကို လိုက်မှတ်ထားပါ။ အစပိုင်းမှာအခက်အခဲရှိပေမယ့် ကျင့်သားရလာရင် လွယ်ကူလာဖို့အကြောင်းရှိပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုက လုပ်သမျှကိုလွယ်ကူတဲ့နည်းလမ်းနဲ့ ပြောင်းပြီးစဉ်းစားပါ။ ပထမအကြိမ်ဆိုတာ နေရာတိုင်းမှာ အခက်အခဲဆုံးလို့ ပြောလို့ရပါတယ်။ ဒုတိယအကြိမ်ကနေ ထပ်ပြီးကြိုးစားတဲ့အခါ အရာအားလုံးဟာ လွယ်ကူချောမွေ့ပြီး သက်တောင့်သက်သာအောင်မြင်လာပါလိမ့်မယ်။
.
.
ဒီအယူအဆကို ဗုဒ္ဓဘာသာတစ်မျိုးတည်းက ပိုင်ဆိုင်တာမဟုတ်ဘူးဆိုတာ အစပိုင်းမှာ ပြောပြခဲ့ပြီးပါပြီ။ အနောက်နိုင်ငံတွေမှာ MBSR - Mindfulness Based Stress Reduction ဆိုတဲ့ တက္ကသိုလ်ဘာသာရပ်တွေပြဋ္ဌာန်းပြီး သင်ကြားလာကြတယ်။ မှတ်တိုင်အနေနဲ့ ( ၁၉၇၉ ) ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဝေါ်ဆက်စတာကျန်းမာရေးစင်တာမက်ဆာချူးတက်တက္ကသိုလ် - University of Massachusetts of Medical Center in Worcester မှာ MBSR ကို မွေးစားအသက်သွင်းခဲ့တယ်။
.
.
ပထမသင်ရိုးညွှန်းတမ်းမှာ “ The first program intended to become an effective vehicle for training individuals to practice mindfulness meditation and mindful yoga for reasons of health enhancement and stress reduction ” လို့ ဖော်ပြထားတယ်။ နီးစပ်အောင်ဘာသာပြန်ရရင် လူတစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ သတိပဋ္ဌာနအရှိတရားကိုရရှိဖို့အလို့ငှာ တရားထိုင်ခြင်း နဲ့ သတိကပ် ယောဂကျင့်ခြင်းတို့ဖြင့် အကျိုးသက်ရောက်မှု ရှိစေပါမယ်။ ထိုမှတစ်ဆင့် ကျန်းမာရေးတိုးတက်မှုနဲ့ ဆင့်ပွားအကျိုးဆက်အဖြစ် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါလိမ့်မယ် လို့ ပြောထားပါတယ်။
.
ဒီနေရာမှာ ကြားဖြတ်တစ်ခုပြောချင်တာက အနောက်နိုင်ငံမှာ Mindfulness ( သတိ ) လို့ပြောရင် မင်းကငါ့ကိုတရားလာပြတာလား .. အလုပ်ခွင်မှာ တရားစကားလာပြောနေတယ် .. ဘုရားစာလာရွတ်နေတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် Stress ( စိတ်ဖိစီးမှု ) ကိုတော့ ရေလဲပုဆိုးလို အချိန်တိုင်း အခါအခွင့်သင့်သလို စကားထဲထည့်ပြောကြတယ်။
.
တစ်ယောက်ယောက်က စိတ်ရှုတ်နေပုံပေါက်နေရင် “ မင်း စိတ်ကိုငြိမ်ငြိမ်ထား .. သတိလေးနဲ့နေ - Be Mindful ” လို့ မပြောကြပဲ “ မေ့ပစ်လိုက် .. စိတ်ရှုတ်မခံနဲ့ .. စိတ်အဖိစီးမခံနဲ့ - Forget it. Don’t Stress Out ” လို့သာ ပါးစပ်အရသာခံပြောကြတယ်။
.
စိတ်ဆိုတဲ့စာလုံးကို ဘုရားစကား၊ တရားစကားအနေနဲ့သာလက်ခံပြီး ကိုယ့်အလုပ်နဲ့တရားနဲ့မသက်ဆိုင်သလိုလို၊ ကိုယ့်နေ့စဉ်ဘဝနဲ့သတိတရားနဲ့မပတ်သက်သလိုလို လျစ်လျူရှုထားကြတယ်။ သီးခြားစီတွေးထင်ပြီး သတိရှိမှု - Consciousness  ကို တစ်ခြားဂြိုဟ်ကမ္ဘာကလာသည့်နှယ် ပစ်ပယ်ထားကြတယ်။
.
.
ဒုတိယသင်ရိုးညွှန်းတမ်းမှာ “ MBSR was developed as a model approach that could be adapted in a variety of health care contexts where stress, pain, illness and disease were the primary concerns ” လို့ ပြောထားပြန်တယ်။ ဆိုလိုတာက စိတ်ဖိစီးမှု၊ ဒဏ်ရာဝေဒနာပျောက်ကင်းမှု၊ ဖျားနာကင်းရှင်းမှု နဲ့ ရောဂါဘယတွေရဲ့ အကျိုးပြုကုထုံးတစ်ခုအနေနဲ့ စံပြမော်ဒယ်တစ်ခုဖြစ်လာဖို့၊ ကြောင်းကျိုးဆက်လက်ခံလာဖို့ အဆင့်မြင့်ချည်းကပ်နည်းနဲ့ MBSR ကို သင်ကြားပါတယ် လို့ ရှင်းပြထားပါတယ်။
.
ကျန်းမာရေးရှုထောင့်ကကြည့်တဲ့အခါ စိတ်ဖိစီးလာရင် သွေးပျစ်လာတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းမယ်။ သွေးတိုးမယ်။ ရုတ်တရက်သွေးကြောတွေပြတ်ပြီး လေသင်ဓုန်းဖြတ်သွားနိုင်တယ်။ အနောက်နိုင်ငံကအလုပ်ခွင်တွေမှာ စိတ်တိုလို့မရပါဘူး။ ထွက်တဲ့ဒေါသကိုလူအမြင်ခံလို့လည်း မရဘူး။ အခန့်မသင့်လို့စိတ်ကြီးရင် အလုပ်ပြုတ်သွားနိုင်ပါတယ်။
.
ခန္ဓာကိုယ်တစ်နေရာရာမှာနာကျင်နေရင် အလုပ်ကနေပြန်ခိုင်းပါတယ် ဆက်လုပ်လို့မရပါဘူး။ ဖျားနာခွင့် - Sick Call Leave တွေ ပေးထားတာရှိတယ်။ နေမကောင်းဖြစ်ရင် အလုပ်မတက်ပဲ ဖုန်းဆက်အကြောင်းကြားလို့ရပါတယ်။ ရောဂါဝေဒနာတွေ ဆေးရုံတက်ကုသဖို့ အားလပ်ရက် - Vacation တွေ စီစဉ်ထားပေးပါတယ်။
.
ဒါမှမဟုတ် ဘာမှမပျက်ယွင်းပဲ အလုပ်လုပ်နေနိုင်သူများလည်း Vacation ယူပြီး နားကြ၊ အပန်းဖြေကြ၊ ခရီးထွက်ကြပါတယ်။ ဒီအချက်တွေအားလုံးရဲ့လိုရင်းက စိတ်ဖိစီးမှုကို အထိုက်အလျောက်လျှော့ချစေနိုင်ဖို့ပါပဲ။ စိတ်ရဲ့ထွက်ပေါက်ကို တကူးတက လမ်းပေးခိုင်းတာ အကြောင်းရှိတယ်။ ဒါကပဲ “ သတိတရားကိုအခြေခံ၍ စိတ်ကိုလျှော့ချခြင်း ” ဆိုတဲ့ MBSR ရဲ့ မူရင်းရည်ရွယ်ချက်ပါပဲ။
.
.
အမေရိကန်နိုင်ငံမှာတော့ အခုလို “ သတိနဲ့နေခြင်း ” ကို ဝိပသနာကျင့်ကြံနေထိုင်မှုအောက်မှာထားရမယ့်အစား ကျန်းမာရေးပညာပေးမှု - Medical Education ခေါင်းစဉ်အောက်မှာထားကြတယ်။ ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ သေဆုံးသွားတဲ့ကြွက်သားဆဲလ်တွေ၊ အသစ်ပြန်မွေးဖွားလာတဲ့ကြွက်သားဆဲလ်တွေကြားက ဖြစ်မှု၊ ပျက်မှုတို့ကိုရှာဖွေတာမဟုတ်ပဲ MBSR နဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်တယ်ဆိုတာလောက်ကိုသာ အာရုံထားကြတယ်။
.
ယောဂကျင့်ရင် လူကျန်းမာတယ်။ အသက်ရှူလမ်းကြောင်းပွင့်တယ်။ လူ့ခန္ဓာမှာ ရောဂါပိုးတွေဝင်ရောက်ဖို့မလွယ်ဘူး။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ Gym သွားရင် လူကျန်းမာတယ်။ လန်းဆန်းတယ်။ ချွေးထွက်တော့ ကယ်လိုရီလောင်ကျွမ်းတယ်။ ဒီကနေ နောက်တစ်နေ့မနက်ဖြန်ကျရင် နေလို့ ထိုင်လို့ ပိုကောင်းမယ် ဆိုတာလောက်နဲ့ ကျေနပ်နေကြပါတယ်။
.
.
အနောက်တိုင်း နဲ့ ဗုဒ္ဓသာသာတို့ရဲ့အနှစ်သာရပေါင်းကူးတံတားဟာ “ နားလည်မှု ” ပါ။ သူ့နေရာနဲ့သူ လုပ်ဆောင်ချက်တွေရဲ့ကွာခြားမှုတွေကိုတော့ တွေ့နေရဦးမှာပါ။ ဒီစာစုကနေပေးချင်တဲ့သတင်းစကားကတော့ ဘယ်လိုပဲနေနေ၊ ကမ္ဘာရဲ့ဘယ်နေရာမှာပဲနေနေ စိတ် နဲ့ ခန္ဓာတွဲကပ်နေသ၍ စိတ်ဖိစီးမှု၊ တွေးတောမှု၊ အလိုမကျမှု၊ ရန်လိုမုန်းတီးမှု နဲ့ မာနတရားတို့ဟာ ရှောင်ဖယ်ဖို့အခက်ဆုံး မကောင်းတဲ့စိတ်အနေအထားတွေဆိုတာ သတိပေးလိုခြင်း ဖြစ်ပါတယ်။
.
အများလက်ခံထားတဲ့စကားနဲ့ပြောရရင် “ ကောင်းမှုလုပ်ပြီး ဂုဏ်မယူနိုင်သေးရင်တောင် မကောင်းမှုကို မလုပ်ပဲနဲ့ ဂုဏ်ယူနိုင်ပါတယ် ” လို့ ဆိုပါရစေ။ ထို့အတူပဲ စိတ်သဘာဝကို ဝင်ဝင်ဆဆ မလေ့လာနိုင်သေးရင်တောင်မှ စိတ်မှာခိုဝင်အောင်းလာမယ့် မကောင်းတဲ့  လောဘ၊ ဒေါသ၊ မောဟတရားတွေကို ပယ်သတ်နိုင်ဖို့လိုပါတယ်။ ဒီ သုံးမျိုးမရှိတဲ့အချိန်ကာလသမယလေးဟာ အလွန်အမင်းငြိမ်းချမ်းနေမယ်ဆိုတာ ယုံမှားသံသယ မရှိနိုင်ပါဘူး။
.
ဒါကြောင့် MBSR သင်တန်းကနေပို့ချချက်များကို အခကြေးငွေပေးပြီး သင်ယူနေသည်ဖြစ်စေ၊ ယောဂကျင့်စဉ်တစ်ခုခုကို အသင်းဝင်ငွေပေးပြီး လေ့လာတတ်မြောက်နေသည်ဖြစ်စေ၊ ဗုဒ္ဓအလိုကျ အခမဲ့ သတိပဋ္ဌာန်တရားများကို ပွားများအားထုတ်နေသည်ဖြစ်စေ အားလုံးဟာ မင်္ဂလာတရားကို ယုံကြည်ဂုဏ်ဖော်ကျင့်သုံးနေတယ်လို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ် နဲ့ အကုသိုလ်တရားတို့ကို အကြမ်းဖျင်းခွဲခြားနိုင်ပြီး ဘဝအိပ်မက်များကို ချောမွေ့သေသပ်စွာမက်နိုင်ကြပါစေရန် တိုက်တွန်းရေးသားအကြံပြုလိုက်ရပါတယ်။
.
( ဝန်ခံချက် - ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏တရားတော်တစ်ပုဒ်မှ စတင်နာကြားသိရှိပြီး အထက်ပါခေါင်းစဉ်ကိုယူငင်သုံးစွဲပါသည်။        ။ စာရေးသူ )
.
MBSR Course Written By Jeffery Brantley : Introduction Chapter 5 Link: http://link.springer.com/chapter/10.1007/0-387-25989-9_5#page-1
.
MBSR Online Course: http://www.soundstrue.com/store/online-courses/the-mbsr-online-course-3226.html?gclid=Cj0KEQjw4qqrBRDE2K_z7Pbvjo8BEiQA39AIme2HPBjVLW4Ua9x_WbuQmx2bK0DRdFg8FpGu00Xe7ZgaAgtU8P8HAQ
.
A Mindfulness–Based Stress Reduction Workbook on Amazon : http://www.amazon.com/Mindfulness-Based-Stress-Reduction-Workbook/dp/1572247088/ref=sr_1_2?s=books&ie=UTF8&qid=1433104274&sr=1-2&keywords=mbsr
.
koko2yeye@gmail.com
.
“ MBSR သုိ႕မဟုတ္ ဘဝခရီးေျဖာင္႕ေစတဲ႕နည္းလမ္း ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ မတ္လ ( ၁၉ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၈ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link:https://app.box.com/s/00vw84q8vbpxdgc84tgwrg3rbofq4vbe

 






No comments: