ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, August 6, 2018

ကြ်န္ေတာ္ေရာက္ခဲ႕တဲ႕ Myanmar's Got Talent 2018 LIVE Show


.
မေန႕က Myanmar's Got Talent 2018 Show က တစ္ဦးတည္းေသာအထူးဆံေကသာပိုင္ရွင္ အမွတ္ေပးဒိုင္ ကိုေမာင္ေမာင္ေအးဖိတ္လို႕ေရာက္ခဲ႕တယ္။ လိပ္စာဆုိတာ ႏႈတ္ဖ်ားမွာ။ ေမးပါမ်ား စကားရ။ လမ္းမသိရင္ လမ္းမွာေမးျပီး ေနာက္ဆံုးေတာ႕ ေရကူးအသံလႊင္႕စက္ရံုဆုိတာကုိေရာက္ခဲ႕တယ္။ ေနာက္ေတာ႕ အိမ္ရွင္ရဲ႕ေခၚရာအတုိင္း ဒိုင္ေတြ၊ အစီအစဥ္တင္ဆက္သူေတြနားေနတဲ႕ အဝတ္လဲတဲ႕အခန္းထဲကို တန္းတန္းမတ္မတ္ၾကီးေခၚခ်သြားျပီး တစ္ျခားဒိုင္ေတြနဲ႕မိတ္ဆက္ေပးတယ္။
.
.
အမွန္က ကြ်န္ေတာ႕လို ဘယ္နယ္ပယ္ကမွမဟုတ္တဲ႕လူတစ္ေယာက္၊ ေနာက္ျပီး ပဥၨင္းထြက္ထားတဲ႕ ေခါင္းတံုးတစ္ေယာက္ကို ဒီလိုေနရာမွာ ဘယ္အသိရွိပါ႕မလဲ။ ဒါေပမယ္႕ အႏုပညာရွင္ေတြပီသစြာ တစ္ဦးခ်င္းစီက ကြ်န္ေတာ႕ကုိ လုိုလိုလားလားလက္ဆြဲႏႈတ္ဆက္ၾကတယ္။ ေနာက္ေတာ႕ ကိုေမာင္ေမာင္ေအး နဲ႕ လူခ်င္းဆံုတုန္း ေရေဘးအတြက္အလွဴေငြလွဴရင္း ဓါတ္ပံုရိုက္၊ ခဏေစာင္႕၊ ေနာက္ ပြဲလုပ္တဲ႕ေနရာကိုလိုက္ပုိ႕ . . ဒါက အၾကမ္းဖ်ဥ္း နဲ႕ အတုိဆံုး မဖတ္ဖတ္ေအာင္ေရးျပတာ။ ေျပာခ်င္တာက ကြ်န္ေတာ္ေလ႕လာခ်င္တဲ႕ LIVE အစီအစဥ္တင္ဆက္ပံု နဲ႕ ပြဲအေၾကာင္း . .။
.
.
LIVE ဆိုတာ လက္ကိုင္ဖုန္း ဒါမွမဟုတ္ Webcam ကို ေဆာ႕ဝဲလ္နဲ႕ေမာင္းဖူးတာကလြဲရင္ စက္ၾကီးေတြ၊ စင္ျမင္႕ေတြဆုိတာ ကြ်န္ေတာ္က အျပင္မွာ လတ္လတ္ဆတ္ဆတ္ၾကီးျမင္ဖူးတာမဟုတ္ဘူး။ ၾကည္႕လိုက္ေတာ႕ သံုးေခ်ာင္းေထာက္နဲ႕ရိုက္တဲ႕ကင္မရာက (၇) လံုး၊ ကရိန္းနဲ႕ရိုက္တဲ႕အဓိကကင္မရာက (၁) လံုး နဲ႕ လူၾကည္႕စင္ကေန တည္႕တည္႕ရိုက္တဲ႕ကင္မရာက (၂) လံုးအျပင္ ဒိုင္ေတြကို ေဘးကေန ရွိဳးေနတာအားလံုးေပါင္းရင္ ကင္မရာ (၁) ဒါဇင္ေက်ာ္ရွိတယ္။
.
.
အဝင္ေပါက္ကပ္လ်က္မွာ ေလအိပ္ကားေပၚတင္ထားတဲ႕ အဓိကထိန္းခ်ဳပ္ခန္းၾကီးကိုျမင္ရေပမယ္႕ ဝင္ေလ႕လာခြင္႕ေတာ႕မရခဲ႕ဘူး။ ေနာက္စိတ္ဝင္စားေနမိတာက စင္ေနာက္မွာရွိတဲ႕ စင္ျမင္႕မန္ေနဂ်ာေတြ၊ အစီအစဥ္မန္ေနဂ်ာေတြၾကားမွာ ျမန္မာမဟုတ္တဲ႕ႏိုင္ငံျခားသားေတြကို ေရာေႏွာစြာေတြ႕ရတယ္။ စင္ျမင္႕အေပၚက ဦးတည္ရာမတူတာကိုထိုးထားတဲ႕ အေရာင္ေတာက္ေတာက္မီးလံုးေတြက အမိႈင္းေနာက္ခံ မွိန္မွိန္အနက္ေရာင္ေတြၾကားမွာ ကင္မရာမင္းေတြရဲ႕ရုိက္ခ်က္ေတြကိုဖမ္းစားဖို႕ ေစာင္႕စားေနၾကတယ္။
.
.
သိပ္မၾကာခင္ LIVE လြင္႕ဖို႕ တနဂၤေႏြေန႕ ည (၉) နာရီနားကပ္လာတဲ႕အခါ ရိုက္ကြင္းစင္ျမင္႕ရဲ႕ညာဘက္ နဲ႕ ေရွ႕တည္႕တည္႕လူၾကည္႕စင္ျမင္႕ေပၚက ပရိသတ္ေတြ လႈပ္လႈပ္ရြရြျဖစ္လာသံ စၾကားရတယ္။ (စင္မ်က္ႏွာျပင္ ႏွစ္ဘက္သာရွိပါသည္)။ အဲဒီထဲမွာ (အျမဲေစာင္႕ၾကည္႕သူေတြသိျပီးသား) ျပိဳင္ပြဲဝင္ Talented Contestants ေတြရဲ႕ကိုယ္စားျပဳအမွတ္တံဆိပ္ေတြ၊ အက်ီၤေတြ၊ စာတန္းေတြ ကိုင္ေဆာင္ဝတ္ဆင္ျပီး ကင္မရာလွည္႕အလာမွာဟန္ေရးျပဖို႕ျပင္ဆင္ရင္း စိတ္လႈပ္ရွားေနတဲ႕ ျမန္မာလူမ်ိဳးေတြရဲ႕ ပြဲလမ္းသဘင္ေဖ်ာ္ေျဖမႈေတြအေပၚရင္းႏွီးကြ်မ္းဝင္လာမႈေတြကို ကိုယ္ေတြ႕ျမင္မိလိုက္ပါတယ္။
.
.
အသံစၾကားရပါျပီ။ (၉) နာရီလည္း ကပ္လာျပီ။ စပီကာရဲ႕ တေဖာင္းေဖာင္း ၾကြေညာင္းေတာ႕မယ္႕ေတးသံသာအလိုက္ေတြမွာ ဒံုးဒံုးဒုိင္းဒုိင္း အေနာက္တိုင္းစတုိင္ကို ႏွစ္ျခိဳက္တဲ႕လူငယ္ေတြရဲ႕ သံျပိဳင္လိုက္ဆုိသံလည္း ၾကားေနရပါတယ္။ မိဘနဲ႕လူၾကီးေတြကိုခ်န္တြက္လုိက္ရင္ လူငယ္ေတြရဲ႕ပ်မ္းမွ်အသက္က (၂၃) ႏွစ္ရဲ႕ေအာက္ပိုင္းေလာက္သာမွန္းဆႏုိင္တာမို႕လို႕ ကြ်န္ေတာ္ဟာ ဒီပဲြကုိဘာေၾကာင္႕ေရာက္လာရသလဲလို႕ေတာင္ ကုိယ္႕ဟာကိုယ္ေမးခြန္းထုတ္ေနမိတယ္။
.
.
စေတာ႕မယ္ . . တကယ္စေတာ႕မယ္။ စကၠန္႕ (၃ဝ) လုိ႕ေျပာတဲ႕အခ်ိန္မွာ စင္ေပၚက အစီအစဥ္ေၾကျငာသူ (တနည္းအားျဖင္႕) ပြဲထိန္းသူ ေတဇာ နဲ႕ စိုးၾကီးတုိ႕ဟာ ေတာက္ပတဲ႕အျဖဴေရာင္ကုတ္အက်ီၤေတြနဲ႕ သူတို႕ေျပာရမယ္႕အစီအစဥ္ေတြကို ျပန္ေလ႕က်င္႕စရာမလိုေလာက္ေအာင္ အေျပာအဆုိ၊ အျဖတ္အေတာက္၊ အဝင္အထြက္ေတြမွာ ညက္ေညာသပ္ရပ္စြာျပင္ဆင္ထားတာ မိုက္ကရုိဖုန္း စကိုင္ကတည္းက ကြ်န္ေတာ္သိလိုက္ပါတယ္။ သူ႕ေနရာနဲ႕ သူ႕ပညာဆုိတာ အဲဒါေနမွာ . .။
.
.
ျပိဳင္ပြဲစလုိ႕ တစ္ဖြဲ႕ျပီးတစ္ဖြဲ႕ (တစ္ဦးခ်င္းျပိဳင္သူမ်ားပါ) ျပိဳင္ျပီးသြားတုိင္း ဒိုင္ေတြရဲ႕အကဲျဖတ္မႈကိုလူေတြကေစာင္႕စားနားေထာင္ၾကတဲ႕ပရိသတ္ထဲမွာ ကြ်န္ေတာ္လည္းတစ္ေယာက္အပါအဝင္ေပါ႕။ အခုေတာ႕ မထင္မွတ္ပဲ ပြဲၾကည္႕ပရိသတ္ၾကားမွာ စတိတ္ရွိဴးၾကည္႕ရသလို အသံက်ယ္က်ယ္ ရင္တခုန္ခုန္ၾကည္႕ရတာ တီဗီ LCD မ်က္ႏွာျပင္ေရွ႕နဲ႕ေတာ႕ ဘယ္လိုမွမတူတာ ဝန္ခံပါရေစ။
.
.
Performance ကို ၾကည္႕ျပီး အမွတ္ေပးရတာျဖစ္လို႕ ဒိုင္ေတြနဲ႕ၾကည္႕ရႈသူေတြဟာ တစ္ေနရာမွာ အၾကိဳက္ခ်င္းသြားဆံုတဲ႕အခါ ရင္ခုန္လိႈက္ေမာမႈကို ျမင္လိုက္ရပါတယ္။ ဒါနဲ႕အတူ ဒုိင္ေတြရဲ႕ ပြဲထိန္းတဲ႕စကားေတြ၊ ရယ္စရာ အေသာအေႏွာေတြနဲ႕ လိုအပ္တဲ႕ အပိုဆာဒါးေတြကို ပြဲၾကည္႕စင္ပရိသတ္ေတြက အေပးအယူမွ်မွ်တတ ကူညီထၾကြ နားေထာင္ေပးၾကတာ သိပ္လွတဲ႕စင္ျမင္႕ေဖ်ာ္ေျဖမႈေပၚက ေရခဲေငြ႕ေတြၾကားမွာ ၾကည္ၾကည္လင္လင္ျမင္ေနရပါတယ္။
.
.
တခါတခါ ထိန္းခ်ဳပ္ခန္းကားက ႏုိင္ငံျခားသားကဝင္လာျပီး သူလိုခ်င္တဲ႕ကင္မရာဘက္ကို ဒိုင္ကုိလွည္႕ျပီးစကားေျပာခုိင္းတာ၊ စင္ျမင္႕မန္ေနဂ်ာႏိုင္ငံျခားသားက ျပိဳင္ပြဲဝင္ေတြ အဝင္အထြက္နဲ႕ ကင္မရာေရွ႕အရိပ္က်တာကအစ သတိထားၾကတာ၊ တစ္ပြဲျပီးတုိင္း က်ခဲ႕တဲ႕အမိႈက္စေတြကိုျပန္ရွင္းၾကတာ၊ ေနာက္ခံရုပ္သံျမင္ကြင္းရဲ႕အလင္းေပးပံု နဲ႕ အသံစံနစ္ေတြအားေကာင္းတာက ဒီ MGT Show ရဲ႕ အားသာခ်က္လို႕ျမင္မိတယ္။
.
.
ဝန္ခံစရာတစ္ခုကေတာ႕ ဒီ MGT Show နဲ႕ ႏိႈင္းယွဥ္ဖို႕ ကြ်န္ေတာ္ဟာ Myanmar Idol ပြဲကိုမေရာက္ဖူးလို႕ ႏိႈင္းယွဥ္ဖို႕ မစြမ္းသာပါဘူး။ ဒါေပမယ္႕ ေတးဂီတျပိဳင္ပြဲေတြျဖစ္ေတာ႕ အသံစံနစ္ နဲ႕ လက္ေတြ႕တီးဝုိင္းတို႕ပါတဲ႕ The Voice Myanmar နဲ႕ Myanmar Idol တို႕က အသံစံနစ္ေတြပိုေကာင္းမယ္ဆိုတာ မွန္းၾကည္႕ႏိုင္ပါတယ္။
.
.
ဒိုင္ေတြကုိေလ႕လာၾကည္႕ရင္ Myanmar Idol ရဲ႕ ဦးသိန္းတန္ (ျမန္မာျပည္) လို အေဝဖန္အခံရဆံုးဒိုင္ေတြ ဒီ MGT Show ထဲမွာ မပါေနတာ ကံေကာင္းတယ္ေျပာရမလားပဲ။ ကြင္းလယ္ဒိုင္ျဖစ္တဲ႕ ဒါရိုက္တာေမာင္သီ - သူက အေတြ႕အၾကံဳမ်ားတယ္။ အားေနရင္ စာဖတ္ေနတာ ကြ်န္ေတာ္ေတြ႕တယ္။ နားနားေနေန ေနတယ္။ ပြဲ နဲ႕ ရုပ္ရွင္ရုိက္ကူးေရးအေတြ႕အၾကံဳေတြမ်ားေတာ႕ ဒီပြဲဟာ သူ႕အတြက္ေအးေအးေဆးေဆးဆုိတာ သိသာတယ္။
.
.
နားေနခန္းမွာ ကုိေမာင္ေမာင္ေအးက ကြ်န္ေတာ႕ကို မိတ္ဆက္ေပးေတာ႕ အကယ္ဒမီမို႕မုိ႕ျမင္႕ေအာင္က ထုိင္ေနရာကေန တကူးတက ထျပီး လက္ဆြဲႏႈတ္ဆက္ေတာ႕ ဘဝင္မျမင္႕ ကိန္းခန္းမၾကီးတဲ႕ သဘာရင္႕ ဝါရင္႕သရုပ္ေဆာင္ဆိုေတာ႕ ပိုေလးစားမိတယ္။ ပြဲမွာလည္း နည္းနည္းေတာ႕ ကဲကဲပုိရမွဆုိတဲ႕ အႏုသုခုမ သူ႕ပညာအတုိင္း ျပိဳင္ပြဲဝင္ေတြနဲ႕ပရိသတ္ေတြရင္ထဲေရာက္မယ္႕စကားေတြေရြးေျပာတာကို ပြဲၾကည္႕စင္လူထုကၾကိဳက္ႏွစ္သက္ၾကတာ သတိထားမိပါတယ္။
.
.
ခ်စ္သုေဝရဲ႕ အဂၤလိပ္စာအသံထြက္ပီသမႈကို သူ႕သရုပ္ေဆာင္မႈေတြအစား ကြ်န္ေတာ္ပိုသတိထားမိတယ္။ ႏူးညံ႕ေပ်ာ႕ေပ်ာင္းတဲ႕စကားအသံုးအႏႈန္းေတြနဲ႕ ျပိဳင္ပြဲဝင္ေတြကို မဲေပးဖို႕ ခြ်ဲခြ်ဲႏြဲ႕ႏြဲ႕ေျပာတတ္တယ္။ အျပင္မွာလည္း ဒီလိုမ်ိဳး ရိုးရိုးေလးနဲ႕ ပရိသတ္ကုိေလးစားတာျမင္ရေတာ႕ ေလးစားမိျပန္တယ္။ သို႕ပါေသာ္လည္း ျပိဳင္ပြဲဝင္ေတြကုိ ဒီထက္ပိုေဝဖန္ပိုင္းျခားသံုးသပ္ျပဖို႕စကားလံုးေတြကုိေတာ႕ ပရိသတ္ကေစာင္႕ေမွ်ာ္ေနတယ္ဆုိတာ သူသိရင္ ပိုေကာင္းသြားပါလိမ္႕မယ္။
.
.
Dream Boat က ေမာင္ေမာင္ေအး ကို ကိုအရည္ၾကိဳမိတ္ဆက္ေပးလို႕ သိတာပါ။ တစ္ရက္မွာ စကားစေျပာၾကည္႕ရင္း ေနာက္ပိုင္း ကြ်န္ေတာ္က ခရီးေတြသြားလို႕ ရန္ကုန္မွာမရွိေနေပမယ္႕ အလုပ္မ်ားတဲ႕ ကိုေမာင္ေမာင္ေအးက ေနာက္တစ္ေခါက္ဆံုဖို႕ေျပာလုိ႕ ဒီပြဲကိုေရာက္ခဲ႕ရလို႕ သူေပးတဲ႕ပြဲအေတြ႕အၾကံဳေတြျဖစ္ပါတယ္။ စိတ္ရင္းေစတနာေကာင္းျပီး အမ်ားအတြက္အလွဴခံေပးတဲ႕ ပရဟိတကိစၥေတြမွာလည္း ေနရာတကာပါတယ္လုိ႕ေျပာရေလာက္ေအာင္ ျဖဴစင္သူတစ္ဦးဆိုတာ (၂) ၾကိမ္ဆံုရံုနဲ႕ ကြ်န္ေတာ္မွန္းဆႏိုင္ပါတယ္။
.
.
ေမာင္ေမာင္ေအး ဟာ ျပိဳင္ပြဲဝင္ေတြကို ေဝဖန္တာထက္စာရင္ ပိုင္းျခားစစ္ေဆးတယ္ - Analyze လုပ္တယ္လို႕ျမင္မိတယ္။ သူဟာ ပြဲကို အေသးစိတ္ ၾကည္႕တယ္။ ျပိဳင္ပြဲဝင္ေတြနဲ႕ရင္ခုန္သံတူညီစြာ ခံစားေပးရံုမက ပြဲၾကည္႕ပရိသတ္တုိ႕ရဲ႕ရင္ထဲကိုလည္း ခဏခဏဝင္ၾကည္႕တယ္။ အစ အေနာက္ကိုလည္း လက္ခံသလုိ ဘယ္ေနရာမွာ ဘယ္လုိစကားမ်ိဳးနဲ႕ မ်က္ႏွာခပ္တည္တည္ျပန္ေျပာရမယ္ဆုိတာကုိပါ သူသိတယ္။ အမွတ္ေပးတဲ႕ေနရာမွာ အားမနာေပမယ္႕ ႏွလံုးသားႏုတဲ႕ဒုိင္တစ္ေယာက္ဆုိတာ ျမင္ရတယ္။
.
.
အားလံုးျခံဳျပီးေျပာရရင္ ျမန္မာ႔အသံနဲ႕ရုပ္ျမင္သံၾကား႒ာနေအာက္မွာ အေနာက္ႏုိင္ငံက နာမယ္ေက်ာ္ၾကားတဲ႕ ဖရန္ခ်ိဳက္ေဖ်ာ္ေျဖေရးလုပ္ငန္းျဖစ္တာနဲ႕အညီ MGT Show ဟာ မူလမိခင္ကုမၸဏီရဲ႕စံခ်ိန္စံညႊန္းေတြကုိလိုက္နာရေသာ္ျငား လူၾကိဳက္မ်ားေရပန္းစားတဲ႕ပြဲတစ္ခုဆိုတာျငင္းလုိ႕မရပါ။ ဖုန္းေအာ္ပေရတာတစ္ခုတည္းကေန အကန္႕မသတ္မရွိ မဲေပးႏုိင္တယ္ဆိုတဲ႕စံနစ္နဲ႕စာရင္ သမာသမတ္ပိုရွိတယ္လို႕ခံစားရတယ္။
.
.
တစ္ခ်ိဳ႕ေနရာေတြမွာ MGT Show ကို ျမန္မာမ်က္စိနဲ႕ၾကည္႕ေပးရတာမ်ိဳးေတာ႕ရွိပါတယ္။ ႏွလံုးသားႏုျပီး "ေရႊဘ မွ ေရႊဘ" ဆိုတဲ႕ ျမန္မာပရိသတ္ေတြရဲ႕အၾကိဳက္ကို ျမန္မာေတြသာ သိႏုိင္တယ္ . . ကုိယ္ခ်င္းစာႏုိင္တယ္။ ဒါ႕အျပင္ ျမန္မာမႈျပဳထားတဲ႕ အသိပညာေပးေဖ်ာ္ေျဖေရးပြဲ - Infotainment ေတြ နဲ႕ ေတြးေတာဆင္ျခင္မႈကိုေပးတဲ႕ အလားတူေဖ်ာ္ေျဖေရးပြဲေတြေၾကာင္႕ ဒီမုိကေရစီရုန္းထအနာဂါတ္ျမန္မာျပည္ၾကီးမွာ ျပည္သူျပည္သားေတြ ပင္ပန္းဆင္းရဲမႈေတြၾကားက အနားရ ေအးျငိမ္းမႈေတြ႕ျပီး ေပ်ာ္ရႊင္ခ်မ္းေျမ႕ေစဖို႕ ေရးသားလိုက္ရပါတယ္။
.
.
ခင္လ်က္
.
ကုိညီညီ (ေတာင္ၾကီး)
ရန္ကုန္တြင္ေရးသည္
08-06-2018

Unicode Version:

"ကျွန်တော်ရောက်ခဲ့တဲ့ Myanmar's Got Talent 2018 LIVE Show"
.
မနေ့က Myanmar's Got Talent 2018 Show က တစ်ဦးတည်းသောအထူးဆံကေသာပိုင်ရှင် အမှတ်ပေးဒိုင် ကိုမောင်မောင်အေးဖိတ်လို့ရောက်ခဲ့တယ်။ လိပ်စာဆိုတာ နှုတ်ဖျားမှာ။ မေးပါများ စကားရ။ လမ်းမသိရင် လမ်းမှာမေးပြီး နောက်ဆုံးတော့ ရေကူးအသံလွှင့်စက်ရုံဆိုတာကိုရောက်ခဲ့တယ်။ နောက်တော့ အိမ်ရှင်ရဲ့ခေါ်ရာအတိုင်း ဒိုင်တွေ၊ အစီအစဉ်တင်ဆက်သူတွေနားနေတဲ့ အဝတ်လဲတဲ့အခန်းထဲကို တန်းတန်းမတ်မတ်ကြီးခေါ်ချသွားပြီး တစ်ခြားဒိုင်တွေနဲ့မိတ်ဆက်ပေးတယ်။
.
.
အမှန်က ကျွန်တော့လို ဘယ်နယ်ပယ်ကမှမဟုတ်တဲ့လူတစ်ယောက်၊ နောက်ပြီး ပဥ္ဇင်းထွက်ထားတဲ့ ခေါင်းတုံးတစ်ယောက်ကို ဒီလိုနေရာမှာ ဘယ်အသိရှိပါ့မလဲ။ ဒါပေမယ့် အနုပညာရှင်တွေပီသစွာ တစ်ဦးချင်းစီက ကျွန်တော့ကို လိုုလိုလားလားလက်ဆွဲနှုတ်ဆက်ကြတယ်။ နောက်တော့ ကိုမောင်မောင်အေး နဲ့ လူချင်းဆုံတုန်း ရေဘေးအတွက်အလှူငွေလှူရင်း ဓါတ်ပုံရိုက်၊ ခဏစောင့်၊ နောက် ပွဲလုပ်တဲ့နေရာကိုလိုက်ပို့ . . ဒါက အကြမ်းဖျဉ်း နဲ့ အတိုဆုံး မဖတ်ဖတ်အောင်ရေးပြတာ။ ပြောချင်တာက ကျွန်တော်လေ့လာချင်တဲ့ LIVE အစီအစဉ်တင်ဆက်ပုံ နဲ့ ပွဲအကြောင်း . .။
.
.
LIVE ဆိုတာ လက်ကိုင်ဖုန်း ဒါမှမဟုတ် Webcam ကို ဆော့ဝဲလ်နဲ့မောင်းဖူးတာကလွဲရင် စက်ကြီးတွေ၊ စင်မြင့်တွေဆိုတာ ကျွန်တော်က အပြင်မှာ လတ်လတ်ဆတ်ဆတ်ကြီးမြင်ဖူးတာမဟုတ်ဘူး။ ကြည့်လိုက်တော့ သုံးချောင်းထောက်နဲ့ရိုက်တဲ့ကင်မရာက (၇) လုံး၊ ကရိန်းနဲ့ရိုက်တဲ့အဓိကကင်မရာက (၁) လုံး နဲ့ လူကြည့်စင်ကနေ တည့်တည့်ရိုက်တဲ့ကင်မရာက (၂) လုံးအပြင် ဒိုင်တွေကို ဘေးကနေ ရှိုးနေတာအားလုံးပေါင်းရင် ကင်မရာ (၁) ဒါဇင်ကျော်ရှိတယ်။
.
.
အဝင်ပေါက်ကပ်လျက်မှာ လေအိပ်ကားပေါ်တင်ထားတဲ့ အဓိကထိန်းချုပ်ခန်းကြီးကိုမြင်ရပေမယ့် ဝင်လေ့လာခွင့်တော့မရခဲ့ဘူး။ နောက်စိတ်ဝင်စားနေမိတာက စင်နောက်မှာရှိတဲ့ စင်မြင့်မန်နေဂျာတွေ၊ အစီအစဉ်မန်နေဂျာတွေကြားမှာ မြန်မာမဟုတ်တဲ့နိုင်ငံခြားသားတွေကို ရောနှောစွာတွေ့ရတယ်။ စင်မြင့်အပေါ်က ဦးတည်ရာမတူတာကိုထိုးထားတဲ့ အရောင်တောက်တောက်မီးလုံးတွေက အမှိုင်းနောက်ခံ မှိန်မှိန်အနက်ရောင်တွေကြားမှာ ကင်မရာမင်းတွေရဲ့ရိုက်ချက်တွေကိုဖမ်းစားဖို့ စောင့်စားနေကြတယ်။
.
.
သိပ်မကြာခင် LIVE လွင့်ဖို့ တနင်္ဂနွေနေ့ ည (၉) နာရီနားကပ်လာတဲ့အခါ ရိုက်ကွင်းစင်မြင့်ရဲ့ညာဘက် နဲ့ ရှေ့တည့်တည့်လူကြည့်စင်မြင့်ပေါ်က ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်လာသံ စကြားရတယ်။ (စင်မျက်နှာပြင် နှစ်ဘက်သာရှိပါသည်)။ အဲဒီထဲမှာ (အမြဲစောင့်ကြည့်သူတွေသိပြီးသား) ပြိုင်ပွဲဝင် Talented Contestants တွေရဲ့ကိုယ်စားပြုအမှတ်တံဆိပ်တွေ၊ အကျီင်္တွေ၊ စာတန်းတွေ ကိုင်ဆောင်ဝတ်ဆင်ပြီး ကင်မရာလှည့်အလာမှာဟန်ရေးပြဖို့ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေတဲ့ မြန်မာလူမျိုးတွေရဲ့ ပွဲလမ်းသဘင်ဖျော်ဖြေမှုတွေအပေါ်ရင်းနှီးကျွမ်းဝင်လာမှုတွေကို ကိုယ်တွေ့မြင်မိလိုက်ပါတယ်။
.
.
အသံစကြားရပါပြီ။ (၉) နာရီလည်း ကပ်လာပြီ။ စပီကာရဲ့ တဖောင်းဖောင်း ကြွညောင်းတော့မယ့်တေးသံသာအလိုက်တွေမှာ ဒုံးဒုံးဒိုင်းဒိုင်း အနောက်တိုင်းစတိုင်ကို နှစ်ခြိုက်တဲ့လူငယ်တွေရဲ့ သံပြိုင်လိုက်ဆိုသံလည်း ကြားနေရပါတယ်။ မိဘနဲ့လူကြီးတွေကိုချန်တွက်လိုက်ရင် လူငယ်တွေရဲ့ပျမ်းမျှအသက်က (၂၃) နှစ်ရဲ့အောက်ပိုင်းလောက်သာမှန်းဆနိုင်တာမို့လို့ ကျွန်တော်ဟာ ဒီပွဲကိုဘာကြောင့်ရောက်လာရသလဲလို့တောင် ကိုယ့်ဟာကိုယ်မေးခွန်းထုတ်နေမိတယ်။
.
.
စတော့မယ် . . တကယ်စတော့မယ်။ စက္ကန့် (၃ဝ) လို့ပြောတဲ့အချိန်မှာ စင်ပေါ်က အစီအစဉ်ကြေငြာသူ (တနည်းအားဖြင့်) ပွဲထိန်းသူ တေဇာ နဲ့ စိုးကြီးတို့ဟာ တောက်ပတဲ့အဖြူရောင်ကုတ်အကျီင်္တွေနဲ့ သူတို့ပြောရမယ့်အစီအစဉ်တွေကို ပြန်လေ့ကျင့်စရာမလိုလောက်အောင် အပြောအဆို၊ အဖြတ်အတောက်၊ အဝင်အထွက်တွေမှာ ညက်ညောသပ်ရပ်စွာပြင်ဆင်ထားတာ မိုက်ကရိုဖုန်း စကိုင်ကတည်းက ကျွန်တော်သိလိုက်ပါတယ်။ သူ့နေရာနဲ့ သူ့ပညာဆိုတာ အဲဒါနေမှာ . .။
.
.
ပြိုင်ပွဲစလို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ (တစ်ဦးချင်းပြိုင်သူများပါ) ပြိုင်ပြီးသွားတိုင်း ဒိုင်တွေရဲ့အကဲဖြတ်မှုကိုလူတွေကစောင့်စားနားထောင်ကြတဲ့ပရိသတ်ထဲမှာ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ပေါ့။ အခုတော့ မထင်မှတ်ပဲ ပွဲကြည့်ပရိသတ်ကြားမှာ စတိတ်ရှိူးကြည့်ရသလို အသံကျယ်ကျယ် ရင်တခုန်ခုန်ကြည့်ရတာ တီဗီ LCD မျက်နှာပြင်ရှေ့နဲ့တော့ ဘယ်လိုမှမတူတာ ဝန်ခံပါရစေ။
.
.
Performance ကို ကြည့်ပြီး အမှတ်ပေးရတာဖြစ်လို့ ဒိုင်တွေနဲ့ကြည့်ရှုသူတွေဟာ တစ်နေရာမှာ အကြိုက်ချင်းသွားဆုံတဲ့အခါ ရင်ခုန်လှိုက်မောမှုကို မြင်လိုက်ရပါတယ်။ ဒါနဲ့အတူ ဒိုင်တွေရဲ့ ပွဲထိန်းတဲ့စကားတွေ၊ ရယ်စရာ အသောအနှောတွေနဲ့ လိုအပ်တဲ့ အပိုဆာဒါးတွေကို ပွဲကြည့်စင်ပရိသတ်တွေက အပေးအယူမျှမျှတတ ကူညီထကြွ နားထောင်ပေးကြတာ သိပ်လှတဲ့စင်မြင့်ဖျော်ဖြေမှုပေါ်က ရေခဲငွေ့တွေကြားမှာ ကြည်ကြည်လင်လင်မြင်နေရပါတယ်။
.
.
တခါတခါ ထိန်းချုပ်ခန်းကားက နိုင်ငံခြားသားကဝင်လာပြီး သူလိုချင်တဲ့ကင်မရာဘက်ကို ဒိုင်ကိုလှည့်ပြီးစကားပြောခိုင်းတာ၊ စင်မြင့်မန်နေဂျာနိုင်ငံခြားသားက ပြိုင်ပွဲဝင်တွေ အဝင်အထွက်နဲ့ ကင်မရာရှေ့အရိပ်ကျတာကအစ သတိထားကြတာ၊ တစ်ပွဲပြီးတိုင်း ကျခဲ့တဲ့အမှိုက်စတွေကိုပြန်ရှင်းကြတာ၊ နောက်ခံရုပ်သံမြင်ကွင်းရဲ့အလင်းပေးပုံ နဲ့ အသံစံနစ်တွေအားကောင်းတာက ဒီ MGT Show ရဲ့ အားသာချက်လို့မြင်မိတယ်။
.
.
ဝန်ခံစရာတစ်ခုကတော့ ဒီ MGT Show နဲ့ နှိုင်းယှဉ်ဖို့ ကျွန်တော်ဟာ Myanmar Idol ပွဲကိုမရောက်ဖူးလို့ နှိုင်းယှဉ်ဖို့ မစွမ်းသာပါဘူး။ ဒါပေမယ့် တေးဂီတပြိုင်ပွဲတွေဖြစ်တော့ အသံစံနစ် နဲ့ လက်တွေ့တီးဝိုင်းတို့ပါတဲ့ The Voice Myanmar နဲ့ Myanmar Idol တို့က အသံစံနစ်တွေပိုကောင်းမယ်ဆိုတာ မှန်းကြည့်နိုင်ပါတယ်။
.
.
ဒိုင်တွေကိုလေ့လာကြည့်ရင် Myanmar Idol ရဲ့ ဦးသိန်းတန် (မြန်မာပြည်) လို အဝေဖန်အခံရဆုံးဒိုင်တွေ ဒီ MGT Show ထဲမှာ မပါနေတာ ကံကောင်းတယ်ပြောရမလားပဲ။ ကွင်းလယ်ဒိုင်ဖြစ်တဲ့ ဒါရိုက်တာမောင်သီ - သူက အတွေ့အကြုံများတယ်။ အားနေရင် စာဖတ်နေတာ ကျွန်တော်တွေ့တယ်။ နားနားနေနေ နေတယ်။ ပွဲ နဲ့ ရုပ်ရှင်ရိုက်ကူးရေးအတွေ့အကြုံတွေများတော့ ဒီပွဲဟာ သူ့အတွက်အေးအေးဆေးဆေးဆိုတာ သိသာတယ်။
.
.
နားနေခန်းမှာ ကိုမောင်မောင်အေးက ကျွန်တော့ကို မိတ်ဆက်ပေးတော့ အကယ်ဒမီမို့မို့မြင့်အောင်က ထိုင်နေရာကနေ တကူးတက ထပြီး လက်ဆွဲနှုတ်ဆက်တော့ ဘဝင်မမြင့် ကိန်းခန်းမကြီးတဲ့ သဘာရင့် ဝါရင့်သရုပ်ဆောင်ဆိုတော့ ပိုလေးစားမိတယ်။ ပွဲမှာလည်း နည်းနည်းတော့ ကဲကဲပိုရမှဆိုတဲ့ အနုသုခုမ သူ့ပညာအတိုင်း ပြိုင်ပွဲဝင်တွေနဲ့ပရိသတ်တွေရင်ထဲရောက်မယ့်စကားတွေရွေးပြောတာကို ပွဲကြည့်စင်လူထုကကြိုက်နှစ်သက်ကြတာ သတိထားမိပါတယ်။
.
.
ချစ်သုဝေရဲ့ အင်္ဂလိပ်စာအသံထွက်ပီသမှုကို သူ့သရုပ်ဆောင်မှုတွေအစား ကျွန်တော်ပိုသတိထားမိတယ်။ နူးညံ့ပျော့ပျောင်းတဲ့စကားအသုံးအနှုန်းတွေနဲ့ ပြိုင်ပွဲဝင်တွေကို မဲပေးဖို့ ချွဲချွဲနွဲ့နွဲ့ပြောတတ်တယ်။ အပြင်မှာလည်း ဒီလိုမျိုး ရိုးရိုးလေးနဲ့ ပရိသတ်ကိုလေးစားတာမြင်ရတော့ လေးစားမိပြန်တယ်။ သို့ပါသော်လည်း ပြိုင်ပွဲဝင်တွေကို ဒီထက်ပိုဝေဖန်ပိုင်းခြားသုံးသပ်ပြဖို့စကားလုံးတွေကိုတော့ ပရိသတ်ကစောင့်မျှော်နေတယ်ဆိုတာ သူသိရင် ပိုကောင်းသွားပါလိမ့်မယ်။
.
.
Dream Boat က မောင်မောင်အေး ကို ကိုအရည်ကြိုမိတ်ဆက်ပေးလို့ သိတာပါ။ တစ်ရက်မှာ စကားစပြောကြည့်ရင်း နောက်ပိုင်း ကျွန်တော်က ခရီးတွေသွားလို့ ရန်ကုန်မှာမရှိနေပေမယ့် အလုပ်များတဲ့ ကိုမောင်မောင်အေးက နောက်တစ်ခေါက်ဆုံဖို့ပြောလို့ ဒီပွဲကိုရောက်ခဲ့ရလို့ သူပေးတဲ့ပွဲအတွေ့အကြုံတွေဖြစ်ပါတယ်။ စိတ်ရင်းစေတနာကောင်းပြီး အများအတွက်အလှူခံပေးတဲ့ ပရဟိတကိစ္စတွေမှာလည်း နေရာတကာပါတယ်လို့ပြောရလောက်အောင် ဖြူစင်သူတစ်ဦးဆိုတာ (၂) ကြိမ်ဆုံရုံနဲ့ ကျွန်တော်မှန်းဆနိုင်ပါတယ်။
.
.
မောင်မောင်အေး ဟာ ပြိုင်ပွဲဝင်တွေကို ဝေဖန်တာထက်စာရင် ပိုင်းခြားစစ်ဆေးတယ် - Analyze လုပ်တယ်လို့မြင်မိတယ်။ သူဟာ ပွဲကို အသေးစိတ် ကြည့်တယ်။ ပြိုင်ပွဲဝင်တွေနဲ့ရင်ခုန်သံတူညီစွာ ခံစားပေးရုံမက ပွဲကြည့်ပရိသတ်တို့ရဲ့ရင်ထဲကိုလည်း ခဏခဏဝင်ကြည့်တယ်။ အစ အနောက်ကိုလည်း လက်ခံသလို ဘယ်နေရာမှာ ဘယ်လိုစကားမျိုးနဲ့ မျက်နှာခပ်တည်တည်ပြန်ပြောရမယ်ဆိုတာကိုပါ သူသိတယ်။ အမှတ်ပေးတဲ့နေရာမှာ အားမနာပေမယ့် နှလုံးသားနုတဲ့ဒိုင်တစ်ယောက်ဆိုတာ မြင်ရတယ်။
.
.
အားလုံးခြုံပြီးပြောရရင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဋ္ဌာနအောက်မှာ အနောက်နိုင်ငံက နာမယ်ကျော်ကြားတဲ့ ဖရန်ချိုက်ဖျော်ဖြေရေးလုပ်ငန်းဖြစ်တာနဲ့အညီ MGT Show ဟာ မူလမိခင်ကုမ္ပဏီရဲ့စံချိန်စံညွှန်းတွေကိုလိုက်နာရသော်ငြား လူကြိုက်များရေပန်းစားတဲ့ပွဲတစ်ခုဆိုတာငြင်းလို့မရပါ။ ဖုန်းအော်ပရေတာတစ်ခုတည်းကနေ အကန့်မသတ်မရှိ မဲပေးနိုင်တယ်ဆိုတဲ့စံနစ်နဲ့စာရင် သမာသမတ်ပိုရှိတယ်လို့ခံစားရတယ်။
.
.
တစ်ချို့နေရာတွေမှာ MGT Show ကို မြန်မာမျက်စိနဲ့ကြည့်ပေးရတာမျိုးတော့ရှိပါတယ်။ နှလုံးသားနုပြီး "ရွှေဘ မှ ရွှေဘ" ဆိုတဲ့ မြန်မာပရိသတ်တွေရဲ့အကြိုက်ကို မြန်မာတွေသာ သိနိုင်တယ် . . ကိုယ်ချင်းစာနိုင်တယ်။ ဒါ့အပြင် မြန်မာမှုပြုထားတဲ့ အသိပညာပေးဖျော်ဖြေရေးပွဲ - Infotainment တွေ နဲ့ တွေးတောဆင်ခြင်မှုကိုပေးတဲ့ အလားတူဖျော်ဖြေရေးပွဲတွေကြောင့် ဒီမိုကရေစီရုန်းထအနာဂါတ်မြန်မာပြည်ကြီးမှာ ပြည်သူပြည်သားတွေ ပင်ပန်းဆင်းရဲမှုတွေကြားက အနားရ အေးငြိမ်းမှုတွေ့ပြီး ပျော်ရွှင်ချမ်းမြေ့စေဖို့ ရေးသားလိုက်ရပါတယ်။
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
ရန်ကုန်တွင်ရေးသည်
08-06-2018


No comments: