ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, September 10, 2015

( ၇ ) ႏွစ္ၾကာ ( ၈ ) ၾကိမ္ေျမာက္ေရာက္ရွိခုိက္ Back To School Night

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
သူတို႕ဟာ ကေလးေတြကို စာကိုဘယ္လိုနည္းနဲ႕သင္တယ္ .. အသင္အျပေကာင္းတဲ႕ ဘယ္လိုဆရာ ဆရာမမ်ိဳးနဲ႕သင္တယ္ .. မိဘေတြက ကေလးေတြကို မငဲ႕တမ္း၊ မညွာတမ္း အိမ္စာေတြဘယ္ေနရာကေန ဝင္စစ္ရမယ္ .. ကေလးေတြအမူအက်င္႕ေျပာင္းလို႕ပဲျဖစ္ျဖစ္၊  မိဘက အတန္းဆရာကိုေမးစရာရွိတာပဲျဖစ္ျဖစ္၊ သီတင္းပတ္အတြင္း ဘယ္လုိေက်ာင္းလႈပ္ရွားမႈေတြရွိေနတယ္ဆိုတာေတြကုိ သိေစဖုိ႕ ေဟာလ္ခန္းထဲမွာ ေက်ာင္းအုပ္ၾကီးက မိတ္ဆက္စကားေျပာပါတယ္။
.
တစ္ဆက္တည္း တာဝန္က်ဆရာမေတြကို အသီးသီးနာမည္ေတြေခၚကာေခၚကာ မိတ္ဆက္ေပးျပန္တယ္။ ဒီညေနကေတာ႕ ေက်ာင္းသားမိဘေတြ အင္မတန္မွတက္ေရာက္သင္႕လွတဲ႕ အေမရိကန္အေျခခံပညာေက်ာင္းေတြရဲ႕ လုပ္ရိုးလုပ္စဥ္ Back To School Night ပါပဲ။
.
.
ဒီႏွစ္မွာ ( ၁၁ ) တန္းေက်ာင္းသား “ စြမ္း ” က မလိုက္လာေတာ႕ဘူး။ ျပီးခဲ႕တဲ႕ႏွစ္က ေက်ာင္းအထိပါလာေသးတယ္။ ဆရာၾကီးစကားေျပာျပီးသြားတာနဲ႕ စြမ္း ျဖည္႕ေပးထားတဲ႕ အခ်ိန္ဇယားစာရြက္အဝါေလးကိုကိုင္ရင္း ( S-13 ) ဆိုတဲ႕အခန္းကို လိုက္ရွာရပါတယ္။ ရွာရင္းရွာရင္းနဲ႕ ေက်ာင္းရဲ႕ဆန္႕က်င္ဖက္အစြန္နားေရာက္သြားတယ္။
.
အခန္းထဲဝင္သြားေတာ႕ ေရာက္ရွိသူေနရာမွာ စာရင္းသြင္း Register လုပ္ပါတယ္။ Mountain လို႕ ေရးထားေတာ႕ သခ်ာၤကို ဆရာသင္တာလို႕မွတ္ထားတာ ဆရာမျဖစ္ေနတယ္။ “ ဒီေနရာမွာ ခင္မ်ားတို႕သားထုိင္တာေပါ႕ ” လို႕ ဆရာမက လက္ညိႈးထုိးျပတယ္။ အေသးစိတ္ေရးေနရင္မျပီးေတာ႕မွာမို႕ ဆရာေတြရဲ႕မိဘေတြကိုႏႈတ္ဆက္စကားေတြကုိ အပိုင္းလိုက္ေရးျပသြားခ်င္ပါတယ္။
.
.
.
Period – 1: Course Title – AP Calculus
.
.
“ ကေလးေတြကုိ ( ၃ ) ပတ္ တစ္ၾကိမ္ေလာက္ ထုိင္ခံုေနရာေတြ ေရႊ႕ေပးတယ္။ သူတုိ႕က တန္းစီျပီးထုိင္စရာမလိုဘူး။ အုပ္စုလိုက္ပေရာဂ်က္ - Group Project ရွိေတာ႕ မ်က္ႏွာခ်င္းဆိုင္အုပ္စုဖြဲ႕ထိုင္ခုိင္းတယ္ ”
.
“ ေက်ာင္းသားအတြက္လုိတဲ႕ သခ်ၤာဖတ္စာအုပ္ကေတာ႕ အုိေနပါျပီ။ အဓိက အထဲမွာ အခန္း ( ၇ ) ခန္း ပါတယ္။ ဒီအတန္းအတြက္ မရွိမျဖစ္ကိရိယာက ဂရပ္ဖစ္ဂဏန္းတြက္စက္ - Graphic Calculator ျဖစ္ပါတယ္။ ကုိယ္ပုိင္ရွိရင္ ေက်ာင္းသားနဲ႕ထည္႕ေပးလိုက္ပါ။ မရွိရင္ ေက်ာင္းက စာသင္ႏွစ္တစ္ႏွစ္လံုး အခမဲ႕ငွားေပးသြားမယ္ ”
.
.
“ ေက်ာင္းသားက ဒီ ( ၁၂ ) တန္း သခ်ာၤကိုတက္ျပီးလို႕ ေနာက္တစ္ႏွစ္မွာ တက္စရာအတန္းမရွိေတာ႕ရင္ ကြန္ျမဴနတီေကာလိပ္မွာ သြားတက္ရမယ္။ သခ်ၤာအမွတ္ေပးဇယားအရ ေက်ာင္းသားဟာ ( 3.0 ) ရရင္ ေကာလိပ္တန္းတက္လို႕ရတယ္။ သို႕ေသာ္ ေက်ာင္းသားယူမယ္႕ ေမဂ်ာခြဲနဲ႕လည္းဆိုင္ေသးတယ္။ ဥပမာ-သိပံၸလုိင္း နဲ႕ ကြန္ပ်ဴတာ၊ အင္ဂ်င္နီယာတက္မယ္႕ ဥာဏ္ေကာင္းတဲ႕ေက်ာင္းသားက ( 5.0 ) ေလာက္ ရထားဖို႕လုိတယ္ ”
.
“ အိမ္စာလုပ္ရင္ ( ၇ဝ% ) ရမယ္။ ပါဝင္ဆင္ႏႊဲမႈ - Participation နဲ႕ အပတ္စဥ္ Quiz ေတြမွန္မွန္တင္တာကို ( ၃ဝ% ) ေပးထားတယ္။ အေျခခံေက်ာင္းစစ္အဆင္႕ျဖစ္ေပမယ္႕ အမွတ္ေပးဇယားက ေကာလိပ္စေကးနဲ႕ေပးတာပါ။ အဲဒါေတြထဲမွာ အုပ္စုလိုက္ေျဖရတဲ႕ Group Test ဆိုတာလည္း ပါေသးတယ္ ”
.
.
“ အုပ္စုလိုက္လုပ္ရေပမယ္႕ အေျဖတူလို႕ ကုိယ္႕ကေလးမတတ္မွာ မပူရပါဘူး။ သူတုိ႕သူငယ္ခ်င္းေတြၾကား တစ္ေယာက္ နဲ႕ တစ္ေယာက္ တာဝန္ေတြခြဲေဝယူရင္း ေပါင္းလုပ္တတ္ရမယ္။ မသိရင္ သူတုိ႕အခ်င္းခ်င္းကူၾကဖို႕ေျပာထားတယ္။ သိပ္ခက္လာရင္ ဖတ္စာအုပ္ရဲ႕ထိပ္ပိုင္းနားမွာ စာလံုးအနီၾကီးနဲ႕ေရးထားတဲ႕ ဝဘ္ဆုိဒ္မွာ အေျဖသြားတိုက္လုိ႕ရတယ္ ”
.
“ တစ္ပတ္ ( ၅ ) ရက္ သင္လို႕မွ မလုိက္ႏိုင္တဲ႕ကေလးေတြအတြက္ ျမိဳ႕ေတာ္တုိက္နယ္ - County ရဲ႕ ခန္းမမွာ ေကာလိပ္ဆရာေတြ စေနေန႕လာသင္ေပးတဲ႕ ပရုိဂရမ္ရွိတယ္။ တက္မယ္႕ေက်ာင္းသားက စာရင္းၾကိဳေပးသြင္းထားရမယ္။ သင္တန္းမစခင္မွာ ကိုယ္႕ကေလး ဘယ္အေျခအေနရွိတယ္ဆိုတာလည္း ေက်ာင္းမွာ လာေဆြးေႏြးလို႕ရပါတယ္ ”
.
ဒီေန႕ ဆန္ဖရန္စစၥကုိေဒသရဲ႕ အပူဆံုးေန႕မွာ ပိန္ပိန္ပါးပါးသခ်ာၤဆရာမေျပာတဲ႕စကားေၾကာင္႕ မိဘေတြရင္မွာေအးသြားမွာ အမွန္ပါပဲ။
.
.
.
Period - 2: Creative Writing
.
.
“ ေက်ာင္းသားေတြကုိ က႑ခြဲအလုိက္ Portfolio Base နဲ႕ သင္ပါတယ္။ သင္တယ္ဆုိတာထက္ တင္ျပတာတစ္ခုခု ရွိရမယ္။ သူတို႕ရဲ႕ ကိုယ္ပိုင္ရည္မွန္းခ်က္ - Goal ယူလာဖို႕ မွာထားတယ္။ ဒီအတန္းမွာ အေသအေၾကစာသင္ဖုိ႕မဟုတ္ဘူး။ သက္ေတာင္႕သက္သာ Relax လုပ္ဖို႕လိုအပ္တယ္ ”
.
“ စာေရးမလား .. ေကာင္းမေကာင္းၾကည္႕ေပးမယ္။ တစ္ခုခုတည္ေဆာက္မလား .. Structure လုပ္ပံုလုပ္နည္းေျပာျပေပးမယ္။ အျဖစ္အပ်က္ေနာက္ခံထားျပီး တစ္ခုခုျပန္ေျပာျပမလား .. နားေထာင္ေပးမယ္။ ဒါမွမဟုတ္ ေက်ာင္းလႈပ္ရွားမႈ - Activity ရဲ႕ ဘယ္ေနရာမွာ ပါဝင္ဆင္ႏႊဲမလဲ .. ခြင္႕ျပဳေပးမယ္ ”
.
.
“ ေက်ာင္းသားေတြ အမ်ားၾကီးတတ္ဖို႕ မေမွ်ာ္လင္႕ထားဘူး။ သူတုိ႕ ဘာသယ္ေဆာင္လာသလဲဆိုတာအေပၚမူတည္တယ္။ ေက်ာင္းကအင္တာနက္ကေန YouTube ၾကည္႕ျပီး တစ္ေယာက္ေယာက္က စေဆြးေႏႊးတယ္ဆုိပါေတာ႕ .. က်န္တဲ႕သူေတြဘယ္လိုအျမင္ရွိသလဲ? သူတို႕ေဆြးေႏႊးတဲ႕အေပၚမွာ သူတို႕ဘာေရွ႕ဆက္ေတြးႏုိင္သလဲ? အဲဒါ အေရးၾကီးတယ္ ”
.
“ သင္ၾကားမႈအတန္းက Critical Writing .. ဒါေပမယ္႕ ခ်င္႕ခ်ိန္ခ်ဲ႕ေတြးေဝဖန္ပိုင္းျခားႏုိင္မႈ -  Critical Thinking နဲ႕ ဆက္ႏြယ္မႈရွိတယ္။ အတန္းျပီးသြားလို႕ ဆရာေတြ ျပန္လုိ႕မရေသးဘူး။ အျငင္းပြားတဲ႕ - Dispute ေတြ ဝိုင္းရွင္းရတယ္ ”
.
.
“ တစ္ခ်ိဳ႕ဆို ကဗ်ာေရးခ်င္တယ္။ တစ္ခ်ိဳ႕က် တီဗီြဇာတ္လမ္းတြဲ - TV Series အေၾကာင္းကို ထုတ္ျပလာတယ္။ အဲ .. တစ္ခ်ိဳ႕က်ေတာ႕ ေခတ္ေပၚ Facebook  ေပၚမွာ အက်ိဳးရွိေအာင္ဘယ္လုိလုပ္မယ္ .. Instagram ေပၚမွာတင္လာတဲ႕ ဓါတ္ပံုကဘယ္လုိ .. စတဲ႕ ဆိုင္ဘာအသံုးအႏႈန္း - Cyber Caption ေတြ ဆြဲထုတ္ၾကတယ္။ ဒါလည္း ရတာပဲေလ ”
.
“ သူတို႕ေလးေတြ ေဆြးေႏႊးလို႕ ( ၁ ) ပတ္ ျပီးသြားတဲ႕အခါ ( မင္းတုိ႕ဒီေဆြးေႏြးမႈေတြကေန ဘာရလုိက္သလဲ ) ဆိုတဲ႕ ေမးခြန္း တစ္ခုပဲေမးလုိက္တယ္။ ေဖာ္ထုတ္လာတဲ႕ပံုရိပ္အေသးစိတ္ - Image Detail အေပၚမွာ ပံုၾကမ္းစိတ္ကူးကေန အနားသတ္ပံုေခ်ာပံုေကာင္းကုိ သူတို႕ရလာလိမ္႕မယ္။ ဒါ .. ပညာေရးပဲ ”
.
.
တရစပ္ ေရပက္မဝင္ေအာင္ေျပာေနတဲ႕ ေက်ာင္းဆရာကိုၾကည္႕ျပီး ကြ်န္ေတာ္ အမွီလိုက္ေရးေနရတယ္။ သူက တစ္ခြန္းေျပာလုိက္၊ ကြ်န္ေတာ္က တစ္လံုးလုိက္ေရးလုိက္နဲ႕ ကြ်န္ေတာ႕လုပ္ရပ္ကို သူစိတ္ဝင္စားေနတယ္။
.
ခဏေလးၾကာေတာ႕ ဆရာက အခန္းတစ္ခုထဲဝင္သြားျပီး ေလာေလာဆယ္ သူဓါတ္က်ေနတဲ႕ စာအုပ္ ( ၄ ) အုပ္ေလာက္ကိုင္ျပီး ျပန္ထြက္လာတယ္။ သတိထားမိတဲ႕ စာအုပ္အဖံုးေတြက “ Literal Thinking Puzzle ” နဲ႕ “ Crazy Child ” တို႕ကို ကြ်န္္ေတာ္မွတ္္ထားလုိက္မိတယ္။
.
.
“ ဆရာကစကားနည္းတယ္ ” လို႕ သူ႕ကိုယ္သူ ျပန္ထိန္းျပီးေျပာပါတယ္။ တစ္ဆက္တည္း သူက ေက်ာင္းဆရာျဖစ္ေတာ႕ စကားေျပာမွရမယ္႕ - Forced to Speak တာဝန္ရွိပါတယ္ တဲ႕။ အမွန္က ဒီဆရာဟာ စိတ္ထဲကေန စကားအမ်ားၾကီးေျပာေနသူပါ။ အမ္မဇြန္အြန္လိုင္း - Amazon.com မွာ တင္ထားတဲ႕ သူ႕စာအုပ္ ( ၄ ) အုပ္ရွိတာ ျပီးခဲ႕တဲ႕ႏွစ္ကတည္းက သိတယ္။ ဟုတ္ပါတယ္ .. Elective ဘာသာရပ္သင္တဲ႕ ဒီဆရာက စာေရးဆရာ နဲ႕ ေက်ာင္းဆရာ .. ဆရာဘြဲ႕ ( ၂ ) ခုပိုင္တဲ႕ စာေရးဆရာတစ္ေယာက္ဆိုတာ စေတြ႕ကတည္းက ကြ်န္ေတာ္ၾကိဳျပီးမွတ္မိေနတာကိုေတာ႕ ဆရာက မသိလိုက္ပါဘူး။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
09-10-2015
.
စာၾကြင္း ။။။။။။။။။။ အားလံုးသြားရတာ ( ၆ ) ခန္း ျဖစ္တဲ႕အတြက္ ေဆာင္းပါးတစ္ပုဒ္ထဲနဲ႕ အျပီးမသတ္ႏုိင္ပါ။ ေနာက္ဆက္တြဲေတြကို ဆက္လက္ေစာင္႕ေမ်ွာ္ဖတ္ရႈႏုိင္ပါတယ္။ ဒါ႕အျပင္ ျမန္မာႏုိင္ငံအမ်ိဳးသားပညာေရးအတြက္အက်ိဳးရွိတယ္လို႕ ရႈျမင္သ၍ ခြင္႕မေတာင္းပဲ ၾကိဳက္သေလာက္မွ်ေဝႏုိင္ပါတယ္။ ျမန္မာ႕ပညာေရးစံနစ္တိုးတက္ပါေစရန္ရည္ရြယ္လ်က္ ..။
.
.
Myanmar Unicode Version:
.
.
“ ( ၇ )  နှစ်ကြာ ( ၈ ) ကြိမ်မြောက်ရောက်ရှိခိုက် Back To School Night ”  အပိုင်း ( ၁ )
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
သူတို့ဟာ ကလေးတွေကို စာကိုဘယ်လိုနည်းနဲ့သင်တယ် .. အသင်အပြကောင်းတဲ့ ဘယ်လိုဆရာ ဆရာမမျိုးနဲ့သင်တယ် .. မိဘတွေက ကလေးတွေကို မငဲ့တမ်း၊ မညှာတမ်း အိမ်စာတွေဘယ်နေရာကနေ ဝင်စစ်ရမယ် .. ကလေးတွေအမူအကျင့်ပြောင်းလို့ပဲဖြစ်ဖြစ်၊  မိဘက အတန်းဆရာကိုမေးစရာရှိတာပဲဖြစ်ဖြစ်၊ သီတင်းပတ်အတွင်း ဘယ်လိုကျောင်းလှုပ်ရှားမှုတွေရှိနေတယ်ဆိုတာတွေကို သိစေဖို့ ဟောလ်ခန်းထဲမှာ ကျောင်းအုပ်ကြီးက မိတ်ဆက်စကားပြောပါတယ်။ တစ်ဆက်တည်း တာဝန်ကျဆရာမတွေကို အသီးသီးနာမည်တွေခေါ်ကာခေါ်ကာ မိတ်ဆက်ပေးပြန်တယ်။ ဒီညနေကတော့ ကျောင်းသားမိဘတွေ အင်မတန်မှတက်ရောက်သင့်လှတဲ့ အမေရိကန်အခြေခံပညာကျောင်းတွေရဲ့ လုပ်ရိုးလုပ်စဉ် Back To School Night ပါပဲ။
.
ဒီနှစ်မှာ ( ၁၁ ) တန်းကျောင်းသား “ စွမ်း ” က မလိုက်လာတော့ဘူး။ ပြီးခဲ့တဲ့နှစ်က ကျောင်းအထိပါလာသေးတယ်။ ဆရာကြီးစကားပြောပြီးသွားတာနဲ့ စွမ်း ဖြည့်ပေးထားတဲ့ အချိန်ဇယားစာရွက်အဝါလေးကိုကိုင်ရင်း ( S-13 ) ဆိုတဲ့အခန်းကို လိုက်ရှာရပါတယ်။ ရှာရင်းရှာရင်းနဲ့ ကျောင်းရဲ့ဆန့်ကျင်ဖက်အစွန်နားရောက်သွားတယ်။ အခန်းထဲဝင်သွားတော့ ရောက်ရှိသူနေရာမှာ စာရင်းသွင်း Register လုပ်ပါတယ်။ Mountain လို့ ရေးထားတော့ သချာၤကို ဆရာသင်တာလို့မှတ်ထားတာ ဆရာမဖြစ်နေတယ်။ “ ဒီနေရာမှာ ခင်များတို့သားထိုင်တာပေါ့ ” လို့ ဆရာမက လက်ညှိုးထိုးပြတယ်။ အသေးစိတ်ရေးနေရင်မပြီးတော့မှာမို့ ဆရာတွေရဲ့မိဘတွေကိုနှုတ်ဆက်စကားတွေကို အပိုင်းလိုက်ရေးပြသွားချင်ပါတယ်။
.
.
.
Period – 1: Course Title – AP Calculus
.
.
ကလေးတွေကို ( ၃ ) ပတ် တစ်ကြိမ်လောက် ထိုင်ခုံနေရာတွေ ရွှေ့ပေးတယ်။ သူတို့က တန်းစီပြီးထိုင်စရာမလိုဘူး။ အုပ်စုလိုက်ပရောဂျက် - Group Project ရှိတော့ မျက်နှာချင်းဆိုင်အုပ်စုဖွဲ့ထိုင်ခိုင်းတယ် ”
.
ကျောင်းသားအတွက်လိုတဲ့ သင်္ချာဖတ်စာအုပ်ကတော့ အိုနေပါပြီ။ အဓိက အထဲမှာ အခန်း ( ၇ ) ခန်း ပါတယ်။ ဒီအတန်းအတွက် မရှိမဖြစ်ကိရိယာက ဂရပ်ဖစ်ဂဏန်းတွက်စက် - Graphic Calculator ဖြစ်ပါတယ်။ ကိုယ်ပိုင်ရှိရင် ကျောင်းသားနဲ့ထည့်ပေးလိုက်ပါ။ မရှိရင် ကျောင်းက စာသင်နှစ်တစ်နှစ်လုံး အခမဲ့ငှားပေးသွားမယ် ”
.
ကျောင်းသားက ဒီ ( ၁၂ ) တန်း သချာၤကိုတက်ပြီးလို့ နောက်တစ်နှစ်မှာ တက်စရာအတန်းမရှိတော့ရင် ကွန်မြူနတီကောလိပ်မှာ သွားတက်ရမယ်။ သင်္ချာအမှတ်ပေးဇယားအရ ကျောင်းသားဟာ ( 3.0 ) ရရင် ကောလိပ်တန်းတက်လို့ရတယ်။ သို့သော် ကျောင်းသားယူမယ့် မေဂျာခွဲနဲ့လည်းဆိုင်သေးတယ်။ ဥပမာ-သိပ္ပံလိုင်း နဲ့ ကွန်ပျူတာ၊ အင်ဂျင်နီယာတက်မယ့် ဥာဏ်ကောင်းတဲ့ကျောင်းသားက ( 5.0 ) လောက် ရထားဖို့လိုတယ် ”
.
အိမ်စာလုပ်ရင် ( ၇ဝ% ) ရမယ်။ ပါဝင်ဆင်နွှဲမှု - Participation နဲ့ အပတ်စဉ် Quiz တွေမှန်မှန်တင်တာကို ( ၃ဝ% ) ပေးထားတယ်။ အခြေခံကျောင်းစစ်အဆင့်ဖြစ်ပေမယ့် အမှတ်ပေးဇယားက ကောလိပ်စကေးနဲ့ပေးတာပါ။ အဲဒါတွေထဲမှာ အုပ်စုလိုက်ဖြေရတဲ့ Group Test ဆိုတာလည်း ပါသေးတယ် ”
.
အုပ်စုလိုက်လုပ်ရပေမယ့် အဖြေတူလို့ ကိုယ့်ကလေးမတတ်မှာ မပူရပါဘူး။ သူတို့သူငယ်ချင်းတွေကြား တစ်ယောက် နဲ့ တစ်ယောက် တာဝန်တွေခွဲဝေယူရင်း ပေါင်းလုပ်တတ်ရမယ်။ မသိရင် သူတို့အချင်းချင်းကူကြဖို့ပြောထားတယ်။ သိပ်ခက်လာရင် ဖတ်စာအုပ်ရဲ့ထိပ်ပိုင်းနားမှာ စာလုံးအနီကြီးနဲ့ရေးထားတဲ့ ဝဘ်ဆိုဒ်မှာ အဖြေသွားတိုက်လို့ရတယ် ”
.
တစ်ပတ် ( ၅ ) ရက် သင်လို့မှ မလိုက်နိုင်တဲ့ကလေးတွေအတွက် မြို့တော်တိုက်နယ် - County ရဲ့ ခန်းမမှာ ကောလိပ်ဆရာတွေ စနေနေ့လာသင်ပေးတဲ့ ပရိုဂရမ်ရှိတယ်။ တက်မယ့်ကျောင်းသားက စာရင်းကြိုပေးသွင်းထားရမယ်။ သင်တန်းမစခင်မှာ ကိုယ့်ကလေး ဘယ်အခြေအနေရှိတယ်ဆိုတာလည်း ကျောင်းမှာ လာဆွေးနွေးလို့ရပါတယ် ”
.
ဒီနေ့ ဆန်ဖရန်စစ္စကိုဒေသရဲ့ အပူဆုံးနေ့မှာ ပိန်ပိန်ပါးပါးသချာၤဆရာမပြောတဲ့စကားကြောင့် မိဘတွေရင်မှာအေးသွားမှာ အမှန်ပါပဲ။
.
.
.
Period - 2: Creative Writing
.
.
ကျောင်းသားတွေကို ကဏ္ဍခွဲအလိုက် Portfolio Base နဲ့ သင်ပါတယ်။ သင်တယ်ဆိုတာထက် တင်ပြတာတစ်ခုခု ရှိရမယ်။ သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက် - Goal ယူလာဖို့ မှာထားတယ်။ ဒီအတန်းမှာ အသေအကြေစာသင်ဖို့မဟုတ်ဘူး။ သက်တောင့်သက်သာ Relax လုပ်ဖို့လိုအပ်တယ် ”
.
စာရေးမလား .. ကောင်းမကောင်းကြည့်ပေးမယ်။ တစ်ခုခုတည်ဆောက်မလား .. Structure လုပ်ပုံလုပ်နည်းပြောပြပေးမယ်။ အဖြစ်အပျက်နောက်ခံထားပြီး တစ်ခုခုပြန်ပြောပြမလား .. နားထောင်ပေးမယ်။ ဒါမှမဟုတ် ကျောင်းလှုပ်ရှားမှု - Activity ရဲ့ ဘယ်နေရာမှာ ပါဝင်ဆင်နွှဲမလဲ .. ခွင့်ပြုပေးမယ် ”
.
ကျောင်းသားတွေ အများကြီးတတ်ဖို့ မမျှော်လင့်ထားဘူး။ သူတို့ ဘာသယ်ဆောင်လာသလဲဆိုတာအပေါ်မူတည်တယ်။ ကျောင်းကအင်တာနက်ကနေ YouTube ကြည့်ပြီး တစ်ယောက်ယောက်က စဆွေးနွှေးတယ်ဆိုပါတော့ .. ကျန်တဲ့သူတွေဘယ်လိုအမြင်ရှိသလဲ? သူတို့ဆွေးနွှေးတဲ့အပေါ်မှာ သူတို့ဘာရှေ့ဆက်တွေးနိုင်သလဲ? အဲဒါ အရေးကြီးတယ် ”
.
သင်ကြားမှုအတန်းက Critical Writing .. ဒါပေမယ့် ချင့်ချိန်ချဲ့တွေးဝေဖန်ပိုင်းခြားနိုင်မှု -  Critical Thinking နဲ့ ဆက်နွယ်မှုရှိတယ်။ အတန်းပြီးသွားလို့ ဆရာတွေ ပြန်လို့မရသေးဘူး။ အငြင်းပွားတဲ့ - Dispute တွေ ဝိုင်းရှင်းရတယ် ”
.
တစ်ချို့ဆို ကဗျာရေးချင်တယ်။ တစ်ချို့ကျ တီဗွီဇာတ်လမ်းတွဲ - TV Series အကြောင်းကို ထုတ်ပြလာတယ်။ အဲ .. တစ်ချို့ကျတော့ ခေတ်ပေါ် Facebook  ပေါ်မှာ အကျိုးရှိအောင်ဘယ်လိုလုပ်မယ် .. Instagram ပေါ်မှာတင်လာတဲ့ ဓါတ်ပုံကဘယ်လို .. စတဲ့ ဆိုင်ဘာအသုံးအနှုန်း - Cyber Caption တွေ ဆွဲထုတ်ကြတယ်။ ဒါလည်း ရတာပဲလေ ”
.
သူတို့လေးတွေ ဆွေးနွှေးလို့ ( ၁ ) ပတ် ပြီးသွားတဲ့အခါ ( မင်းတို့ဒီဆွေးနွေးမှုတွေကနေ ဘာရလိုက်သလဲ ) ဆိုတဲ့ မေးခွန်း တစ်ခုပဲမေးလိုက်တယ်။ ဖော်ထုတ်လာတဲ့ပုံရိပ်အသေးစိတ် - Image Detail အပေါ်မှာ ပုံကြမ်းစိတ်ကူးကနေ အနားသတ်ပုံချောပုံကောင်းကို သူတို့ရလာလိမ့်မယ်။ ဒါ .. ပညာရေးပဲ ”
.
.
တရစပ် ရေပက်မဝင်အောင်ပြောနေတဲ့ ကျောင်းဆရာကိုကြည့်ပြီး ကျွန်တော် အမှီလိုက်ရေးနေရတယ်။ သူက တစ်ခွန်းပြောလိုက်၊ ကျွန်တော်က တစ်လုံးလိုက်ရေးလိုက်နဲ့ ကျွန်တော့လုပ်ရပ်ကို သူစိတ်ဝင်စားနေတယ်။
.
ခဏလေးကြာတော့ ဆရာက အခန်းတစ်ခုထဲဝင်သွားပြီး လောလောဆယ် သူဓါတ်ကျနေတဲ့ စာအုပ် ( ၄ ) အုပ်လောက်ကိုင်ပြီး ပြန်ထွက်လာတယ်။ သတိထားမိတဲ့ စာအုပ်အဖုံးတွေက “ Literal Thinking Puzzle ” နဲ့ “ Crazy Child ” တို့ကို ကျွန်တော်မှတ်ထားလိုက်မိတယ်။
.
ဆရာကစကားနည်းတယ် ” လို့ သူ့ကိုယ်သူ ပြန်ထိန်းပြီးပြောပါတယ်။ တစ်ဆက်တည်း သူက ကျောင်းဆရာဖြစ်တော့ စကားပြောမှရမယ့် - Forced to Speak တာဝန်ရှိပါတယ် တဲ့။ အမှန်က ဒီဆရာဟာ စိတ်ထဲကနေ စကားအများကြီးပြောနေသူပါ။ အမ်မဇွန်အွန်လိုင်း - Amazon.com မှာ တင်ထားတဲ့ သူ့စာအုပ် ( ၄ ) အုပ်ရှိတာ ပြီးခဲ့တဲ့နှစ်ကတည်းက သိတယ်။ ဟုတ်ပါတယ် .. Elective ဘာသာရပ်သင်တဲ့ ဒီဆရာက စာရေးဆရာ နဲ့ ကျောင်းဆရာ .. ဆရာဘွဲ့ ( ၂ ) ခုပိုင်တဲ့ စာရေးဆရာတစ်ယောက်ဆိုတာ စတွေ့ကတည်းက ကျွန်တော်ကြိုပြီးမှတ်မိနေတာကိုတော့ ဆရာက မသိလိုက်ပါဘူး။
.
ခင်မင်ခြင်းများစွာဖြင့်
.
09-10-2015
.
စာကြွင်း ။။။။။။။။။။ အားလုံးသွားရတာ ( ၆ ) ခန်း ဖြစ်တဲ့အတွက် ဆောင်းပါးတစ်ပုဒ်ထဲနဲ့ အပြီးမသတ်နိုင်ပါ။ နောက်ဆက်တွဲတွေကို ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအမျိုးသားပညာရေးအတွက်အကျိုးရှိတယ်လို့ ရှုမြင်သ၍ ခွင့်မတောင်းပဲ ကြိုက်သလောက်မျှဝေနိုင်ပါတယ်။ မြန်မာ့ပညာရေးစံနစ်တိုးတက်ပါစေရန်ရည်ရွယ်လျက် ..။
.
“ ( ၇ ) ႏွစ္ၾကာ ( ၈ ) ၾကိမ္ေျမာက္ေရာက္ရွိခုိက္ Back To School Night ။ ၁ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ စက္တင္ဘာလ ( ၂၄ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၃ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။


.
.


“ ( ၇ )  ႏွစ္ၾကာ ( ၈ ) ၾကိမ္ေျမာက္ေရာက္ရွိခုိက္ Back To School Night ”  အပိုင္း ( ၂ )
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
သား မလိုက္လာတဲ႕  ဒီတစ္ႏွစ္ရဲ႕ Back To School Night ေလးဟာ ေျခာက္ကပ္ကပ္ေလးေတာ႕ မျဖစ္ခဲ႕ပါဘူး။ ရာသီဥတုပူေသာ္ျငားလည္း ဆရာ ဆရာမတို႕က မိဘေတြကို သူတုိ႕အခန္းေတြကေန စိတ္ပါဝင္စားစြာ ခရီးဦးၾကိဳဆိုတဲ႕အခါ ၾကည္ႏူးခ်မ္းသာ အေမာေျပရပါတယ္။ ပထမအခန္းက သခ်ၤာ၊ ဒုတိယအခန္းက စိတ္ၾကိဳက္အဂၤလိပ္စာ  - Elective သင္တဲ႕ဆရာေတြနားေရာက္ျပီးလို႕ ေနာက္တစ္ခန္းၾကည္႕လိုက္ေတာ႕ ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာ သင္ရမယ္ဆုိေတာင္ သင္ခြင္႕မရွိတဲ႕ ႏုိင္ငံျခားဘာသာစကားကိုသင္တဲ႕ေမဂ်ာဆရာမကို မ်က္ႏွာခ်င္းဆုိင္အခန္းမွာ ေတြ႕ရပါတယ္။ သူ႕အခန္းထဲဝင္လိုက္တဲ႕အခါ ..
.
.
.
Period – 3: Spanish 3
.
.
“ ကြ်န္္မတို႕ဒီအခန္းထဲကိုေရာက္လာတဲ႕ေက်ာင္းသားေတြအားလံုးကုိ စပန္းနစ္ - Spanish ( စပိန္စကား )  ေျပာခုိင္းတယ္။ သူတုိ႕ဟာ Think - စဥ္းစားရမယ္။ Enjoy - ေပ်ာ္ရႊင္ရမယ္။ Ask Questions - ေမးခြန္းမ်ားေမးရမယ္။ ဒါ႕အျပင္ Awaken Alive - ထၾကြႏုိးၾကားျပီးအသက္ဝင္ေနရမယ္ ”
.
“ ဘာသာျခားစကားတစ္ခုကို ငယ္ငယ္တုန္းကသင္ခဲ႕ရင္ ပိုေကာင္းတယ္။ ပိုလြယ္တယ္။ ေျပာက်င္႕ရမယ္။ စကားလံုးေတြသံုးၾကည္႕ရမယ္။ ျပန္နားေထာင္ရမယ္။ အာရံုစိုက္လုပ္ရင္ ဘာသာျခားစကားဟာ ေအာင္ျမင္ေအာင္ သင္ယူႏုိင္တယ္။ ႏုိ႕မို႕ဆို စိတ္ရႈတ္သြားျပီး ဘာမွမွတ္မိႏုိင္မွာမဟုတ္ပါဘူး ”
.
.
“ စကားေျပာဆိုပံုအဆင္႕ဆင္႕ -  Process of Speaking ကို ေလ႕လာျပီး အေသးစိတ္ေလးေတြကအစ Talk - ေျပာၾကည္႕ရမယ္။ လမ္းၾကံဳတုိင္း၊ ခလုတ္တိုက္မိတိုင္း စကားလံုးေတြကုိ စဥ္းစားတတ္ရမယ္။ ဒီကေနမွ Setup Saturation - ျဖစ္ေပၚလာတဲ႕အေျခအေနကိုစကားလံုးတည္ေဆာက္ျခင္း ဆိုတာကိုျပဳလုပ္ႏုိင္လာတဲ႕ေနာက္ စာလံုးေတြကိုမွတ္မိဖို႕မခက္ႏုိင္ေတာ႕ဘူး ”
.
“ ကြ်န္မ စပိန္ဘာသာကိုသင္လာတာ ( ၂၅ ) ႏွစ္ရွိျပီ။ အတန္းေတြက Spanish – 1 ကေန Spanish – 5 အထိသင္ေနေတာ႕ မိခင္ဘာသာကေန ေနာက္တစ္မ်ိဳးကိုေျပာမယ္႕သူကို ဘယ္လုိသင္ေပးရမယ္ဆုိတာ သိေနျပီ ”
.
.
“ စပိန္စကားက အိမ္စာ - Homework မွန္မွန္လုပ္ရင္ နားလည္ပါတယ္။ ေျပာရမယ္ဆိုရင္ေတာ႕ အေမရိကန္ေျမမွာ စပိန္စကားေျပာသင္ရတာ A Tough Teach - ခက္ခဲတဲ႕သင္ၾကားမႈအလုပ္ပါ။ ဒါကို ကြ်န္မက ေက်ာင္းသားေတြနားလည္ေအာင္သင္ႏုိင္တယ္လုိ႕ ကိုယ္႕ကိုယ္ကိုယ္ယံုၾကည္မႈရွိတယ္ ”
.
“ ကြ်န္မရဲ႕သင္နည္းက မရႈတ္ပါဘူး။ သူတုိ႕ကုိ အတိတ္ကာလ၊ ပစၥဳပၸန္ကာလ နဲ႕ အတိတ္ကာလေတြကုိ ခြဲျခားျပတယ္။ မတူတာကို ႏိႈင္းယွဥ္ျပတယ္။ ကေလးေတြကို တြန္းေပးတယ္ဆိုေပမယ္႕ စိတ္မဖိစီးေစရဘူး။ ဒါေပမယ္႕ သူတုိ႕ဟာ စာသင္ခန္းထဲမွာ ကြ်န္မခုိင္းတာကုိ ေကာင္းေကာင္းၾကီးလုိက္လုပ္ရလိမ္႕မယ္ ”
.
.
“ ဒီအထက္တန္းေက်ာင္းကေန ေကာလိပ္၊ တကၠသိုလ္တက္ဖို႕ အနည္းဆံုးဘာသာစကားယူနစ္ ( ၃ ) ခု လုိတယ္။ သိပၸံြတြဲ နဲ႕ သခ်ာၤယူမယ္႕ေက်ာင္းသားေတြက ေက်ာင္းစာမ်ားလာရင္ တစ္ခုခုေတာ႕ လက္လႊတ္ရမယ္ ”
.
“ Good Outstanding - လက္ရွိအေျခအေနေကာင္းတဲ႕ ေက်ာင္းသားေတြ ဘာသာျခားစကားကိုသင္ေတာ႕ သူတစ္ပါးယဥ္ေက်းမႈကို Positive -  အရွိကိုအရွိအတုိင္း ( အေကာင္းျမင္ ) ေစတယ္။ ဒါေၾကာင္႕ မိခင္ဘာသာစကားအျပင္ ဘာသာျခားတစ္ခုသင္ဖို႕လုိအပ္တယ္ဆုိတာ သိျပီးသားျဖစ္ၾကတဲ႕ မိဘမ်ားကို ထပ္ေလာင္းေျပာျပခ်င္ပါတယ္ ”
.
.
စပိန္စကားသင္ဆရာမ စကားေျပာအျပီးမွာ သူ႕ခႏၶာကုိယ္က ဝတာကတစ္ေၾကာင္း၊ မရပ္မနားတစ္ေယာက္တည္း ဆက္တုိက္ေျပာေနတာကတစ္ေၾကာင္း၊ ရာသီဥတုကလည္း ပူလြန္းလွတာကတစ္ေၾကာင္း မ်က္ႏွာ နဲ႕ နဖူးေပၚကေနေတာင္ ေခြ်းေတြစီးက်ေနပါတယ္။ ျပီးေတာ႕ ေက်ာင္းသားေတြကုိ သူသင္ေပးတဲ႕နည္းလမ္းေတြမွာ ေစတနာပါတယ္ဆုိတာ ျပီးခဲ႕တဲ႕ႏွစ္ကတည္းက ကြ်န္ေတာ္သတိထားမိတယ္။ ေစတနာေကာင္းတဲ႕ဆရာမထဲမွာ ဒီ စပိန္ဆရာမလည္း အပါအဝင္ပါ။
.
( မွတ္ခ်က္ ။ အေပၚကစာထဲမွာ ဘုိလိုညွပ္ေရးထားတာက ဆရာမေျပာတာကုိ အမီွလိုက္ေရးထားတဲ႕ အေမရိကန္စကားအစစ္ျဖစ္ပါတယ္။ အသံုးအစြဲမတူတာကိုသိေစဖို႕ ၾကားထဲမွာ ထည္႕ေရးျပီး မွ်ေဝေပးလုိက္ပါတယ္ ) ကြ်န္ေတာ္တုိ႕ေနာက္တစ္ခန္းကူးတဲ႕အခါ ..
.
.
.
Period – 4: AP U.S History
.
.
“ ကြ်န္မက သမုိင္းသင္တာ ( ၁၄ ) ႏွစ္ရွိပါျပီ။ အေမရိကန္သမုိင္းမွာ ကမၻာ႕သမုိင္း -  World History နဲ႕ U.S History ဆိုျပီး ( ၂ ) မ်ိဳးရွိပါတယ္။ အထက္တန္းမွာ ေက်ာင္းသားတုိင္း ဒီ ( ၂ ) ခုလံုးေအာင္သြားဖို႕လိုတယ္။ အခု အေမရိကန္သမိုင္းမွာ အိမ္စာနည္းတာတစ္ခုက ကေလးေတြကုိ သက္သာေစတယ္ ”
.
“ ဒီမွာ စာအုပ္အေဟာင္း တစ္အုပ္ကို လက္ရွိအသံုးျပဳေနပါတယ္။ မိဘတစ္ဦးကတင္ျပလာတဲ႕ဖတ္စာအုပ္တစ္အုပ္ကုိ ေက်ာင္းကေနအတည္ျပဳျပီး သံုးဖို႕အစီအစဥ္ရွိတယ္။ စက္တင္ဘာလကုန္ေလာက္မွာ ခြင္႕ျပဳခ်က္က်ပါလိမ္႕မယ္။ သိတဲ႕အတိုင္း ကေလးေတြက သမိုင္းဆိုရင္ အတုိခ်ဳံးထားတာကိုပဲ ၾကိဳက္ၾကတယ္။ ဒါေၾကာင္႕ တစ္ခ်ိဳ႕ေက်ာင္းသားေတြက ေျပာင္းလာမယ္႕ သင္ရိုးညႊန္းတမ္းအသစ္ကို ေစာင္႕ေနၾကတယ္ ”
.
.
“ ေက်ာင္းသားေတြရမယ္႕ အမွတ္ ( ၁ဝဝ ) ကို ( ၃ ) ပိုင္းခြဲျပီး Grading ေပးပါတယ္္။ ပထမ 1/3 က အိမ္စာ - Homework  နဲ႕ စာစီစာကံုးေတြကေန သူရလိမ္႕မယ္။ ဒုတိယ 1/3 က အၾကိမ္ၾကိမ္ေျဖရမယ္႕ စာေမးပြဲငယ္ - Test ေတြကေန ရမယ္။ ေနာက္ဆံုး 1/3 ကုိေတာ႕ ပါဝင္ဆင္ႏႊဲေျပာဆိုျခင္း - Oral  ကေန ရမယ္။ ကြ်န္မက အားလံုးကို မွတ္ထားရတယ္ ”
.
“ အဲဒီေတာ႕ ေက်ာင္းသားဟာ အတန္းထဲမွာ ရွက္ေနရင္ အမွတ္နည္းမွာပဲ။ အခုေျပာဆိုဖို႕ခက္ခဲေနလည္း ေကာလိပ္ေရာက္ရင္ ေျပာကိုေျပာရမယ္။ အခုဆို တစ္ခ်ိဳ႕ေက်ာင္းသားေတြက ပရင္႕စာရြက္ထုတ္ျပီး စားပြဲခံုေပၚမွာခ်ထားတယ္။ ၾကည္႕ျပီးေျဖတယ္ေလ ”
.
.
“ တစ္ခ်ိဳ႕က်ေတာ႕ နားပဲနားေထာင္တယ္။ မုိက္ခရိုေဆာ႕ဖ္ ရဲ႕ Power Point ဆလိုက္ေတြနဲ႕ ထုိးျပတာကုိ ေသခ်ာၾကည္႕ၾကတယ္။ ဖုန္းထဲမွာရွိတဲ႕ App ေတြကေနလည္း သံုးမယ္ဆို ခြင္႕ျပဳထားတယ္။ သူ႕ခ်စ္သူဆီ ဖုန္းထဲကေန မက္ေဆ႕ရိုက္ေနလုိ႕ေတာ႕ မရဘူးေပါ႕ ”
.
“ အိမ္စာက ေပးျပီးသား။ ဟုိမွာ .. အခန္းအေပါက္ဝက သင္ပုန္းျဖဴမွာ ေၾကျငာေပးထားတယ္ ”
.
.
အေမရိကားေက်ာင္းေတြမွာ ေက်ာင္းသားေတြဆီကုိ စာသင္မယ္႕ဆရာကေရာက္မလာပါဘူး။ ေက်ာင္းသားေတြကသာ ေစာင္႕ေနတဲ႕ဆရာ႕အခန္းေျပာင္းျပီး လုိက္တက္ရတဲ႕စံနစ္မ်ိဳးပါ။
.
Back To School Night ရဲ႕ ဓေလ႕ကလည္း ဒီအတုိင္းပါပဲ။ အတန္းေျပာင္းဖို႕ ၾကားထဲမွာ ( ၆ ) မိနစ္အခ်ိန္ေပးထားတယ္။ အခ်ိန္ေစ႕ရင္ နံရံက ေခါင္းေလာင္းသံျမည္လာျပီး စာရြက္ထဲကဇယားအတိုင္း ေနာက္တစ္ခန္းကို လိုက္ရွာၾကရတယ္။
.
.
ေက်ာင္းအေဆာင္ေတြရဲ႕ၾကားမွာ လုပ္အားေပး - Volunteer ေက်ာင္းသားေလးေတြက မိဘေတြရွာတဲ႕အေဆာင္ နဲ႕ အခန္းနံပါတ္ေတြကို လိုက္ပုိ႕ေပးတယ္။ အျမဲလိုလို ညေန ( ၆ ) နာရီမွာ စတင္ျပီး ( ၈ ) နာရီေက်ာ္အထိ ကုိယ္႕သားသမီးစာသင္တဲ႕အခန္းေတြမွာေစာင္႕ေနတဲ႕ ဆရာ ဆရာမေတြနဲ႕လုိက္လံေတြ႕ဆံုရင္း ကိုယ္႕သားသမီးအေျခအေနလည္းသိ၊ သူ႕ကိုသင္တဲ႕ဆရာ႕အေျခအေနလည္းသိရသမို႕ မိဘမ်ား မအား-အားေအာင္ သြားသင္႕တဲ႕အေၾကာင္း မွ်ေဝခ်င္ပါတယ္။
.
ေနာက္တစ္ပိုင္းမွာ က်န္ ( ၂ ) ခန္း ဆက္သြားပံုကို ဆက္လက္တင္ျပခ်င္ပါေသးတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
09-11-2015
.
.
.
Myanmar Unicode Version:
.
.

“ ( ၇ )  နှစ်ကြာ ( ၈ ) ကြိမ်မြောက်ရောက်ရှိခိုက် Back To School Night ”  အပိုင်း ( ၂ )
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
သား မလိုက်လာတဲ့  ဒီတစ်နှစ်ရဲ့ Back To School Night လေးဟာ ခြောက်ကပ်ကပ်လေးတော့ မဖြစ်ခဲ့ပါဘူး။ ရာသီဥတုပူသော်ငြားလည်း ဆရာ ဆရာမတို့က မိဘတွေကို သူတို့အခန်းတွေကနေ စိတ်ပါဝင်စားစွာ ခရီးဦးကြိုဆိုတဲ့အခါ ကြည်နူးချမ်းသာ အမောပြေရပါတယ်။ ပထမအခန်းက သင်္ချာ၊ ဒုတိယအခန်းက စိတ်ကြိုက်အင်္ဂလိပ်စာ  - Elective သင်တဲ့ဆရာတွေနားရောက်ပြီးလို့ နောက်တစ်ခန်းကြည့်လိုက်တော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သင်ရမယ်ဆိုတောင် သင်ခွင့်မရှိတဲ့ နိုင်ငံခြားဘာသာစကားကိုသင်တဲ့မေဂျာဆရာမကို မျက်နှာချင်းဆိုင်အခန်းမှာ တွေ့ရပါတယ်။ သူ့အခန်းထဲဝင်လိုက်တဲ့အခါ ..
.
.
.
Period – 3: Spanish 3
.
.
ကျွန်မတို့ဒီအခန်းထဲကိုရောက်လာတဲ့ကျောင်းသားတွေအားလုံးကို စပန်းနစ် - Spanish ( စပိန်စကား )  ပြောခိုင်းတယ်။ သူတို့ဟာ Think - စဉ်းစားရမယ်။ Enjoy - ပျော်ရွှင်ရမယ်။ Ask Questions - မေးခွန်းများမေးရမယ်။ ဒါ့အပြင် Awaken Alive - ထကြွနိုးကြားပြီးအသက်ဝင်နေရမယ် ”
.
ဘာသာခြားစကားတစ်ခုကို ငယ်ငယ်တုန်းကသင်ခဲ့ရင် ပိုကောင်းတယ်။ ပိုလွယ်တယ်။ ပြောကျင့်ရမယ်။ စကားလုံးတွေသုံးကြည့်ရမယ်။ ပြန်နားထောင်ရမယ်။ အာရုံစိုက်လုပ်ရင် ဘာသာခြားစကားဟာ အောင်မြင်အောင် သင်ယူနိုင်တယ်။ နို့မို့ဆို စိတ်ရှုတ်သွားပြီး ဘာမှမှတ်မိနိုင်မှာမဟုတ်ပါဘူး ”
.
.
စကားပြောဆိုပုံအဆင့်ဆင့် -  Process of Speaking ကို လေ့လာပြီး အသေးစိတ်လေးတွေကအစ Talk - ပြောကြည့်ရမယ်။ လမ်းကြုံတိုင်း၊ ခလုတ်တိုက်မိတိုင်း စကားလုံးတွေကို စဉ်းစားတတ်ရမယ်။ ဒီကနေမှ Setup Saturation - ဖြစ်ပေါ်လာတဲ့အခြေအနေကိုစကားလုံးတည်ဆောက်ခြင်း ဆိုတာကိုပြုလုပ်နိုင်လာတဲ့နောက် စာလုံးတွေကိုမှတ်မိဖို့မခက်နိုင်တော့ဘူး ”
.
ကျွန်မ စပိန်ဘာသာကိုသင်လာတာ ( ၂၅ ) နှစ်ရှိပြီ။ အတန်းတွေက Spanish – 1 ကနေ Spanish – 5 အထိသင်နေတော့ မိခင်ဘာသာကနေ နောက်တစ်မျိုးကိုပြောမယ့်သူကို ဘယ်လိုသင်ပေးရမယ်ဆိုတာ သိနေပြီ ”
.
.
စပိန်စကားက အိမ်စာ - Homework မှန်မှန်လုပ်ရင် နားလည်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အမေရိကန်မြေမှာ စပိန်စကားပြောသင်ရတာ A Tough Teach - ခက်ခဲတဲ့သင်ကြားမှုအလုပ်ပါ။ ဒါကို ကျွန်မက ကျောင်းသားတွေနားလည်အောင်သင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ် ”
.
ကျွန်မရဲ့သင်နည်းက မရှုတ်ပါဘူး။ သူတို့ကို အတိတ်ကာလ၊ ပစ္စုပ္ပန်ကာလ နဲ့ အတိတ်ကာလတွေကို ခွဲခြားပြတယ်။ မတူတာကို နှိုင်းယှဉ်ပြတယ်။ ကလေးတွေကို တွန်းပေးတယ်ဆိုပေမယ့် စိတ်မဖိစီးစေရဘူး။ ဒါပေမယ့် သူတို့ဟာ စာသင်ခန်းထဲမှာ ကျွန်မခိုင်းတာကို ကောင်းကောင်းကြီးလိုက်လုပ်ရလိမ့်မယ် ”
.
.
ဒီအထက်တန်းကျောင်းကနေ ကောလိပ်၊ တက္ကသိုလ်တက်ဖို့ အနည်းဆုံးဘာသာစကားယူနစ် ( ၃ ) ခု လိုတယ်။ သိပ္ပွံတွဲ နဲ့ သချာၤယူမယ့်ကျောင်းသားတွေက ကျောင်းစာများလာရင် တစ်ခုခုတော့ လက်လွှတ်ရမယ် ”
.
Good Outstanding - လက်ရှိအခြေအနေကောင်းတဲ့ ကျောင်းသားတွေ ဘာသာခြားစကားကိုသင်တော့ သူတစ်ပါးယဉ်ကျေးမှုကို Positive -  အရှိကိုအရှိအတိုင်း ( အကောင်းမြင် ) စေတယ်။ ဒါကြောင့် မိခင်ဘာသာစကားအပြင် ဘာသာခြားတစ်ခုသင်ဖို့လိုအပ်တယ်ဆိုတာ သိပြီးသားဖြစ်ကြတဲ့ မိဘများကို ထပ်လောင်းပြောပြချင်ပါတယ် ”
.
.
စပိန်စကားသင်ဆရာမ စကားပြောအပြီးမှာ သူ့ခန္ဓာကိုယ်က ဝတာကတစ်ကြောင်း၊ မရပ်မနားတစ်ယောက်တည်း ဆက်တိုက်ပြောနေတာကတစ်ကြောင်း၊ ရာသီဥတုကလည်း ပူလွန်းလှတာကတစ်ကြောင်း မျက်နှာ နဲ့ နဖူးပေါ်ကနေတောင် ချွေးတွေစီးကျနေပါတယ်။ ပြီးတော့ ကျောင်းသားတွေကို သူသင်ပေးတဲ့နည်းလမ်းတွေမှာ စေတနာပါတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်ကတည်းက ကျွန်တော်သတိထားမိတယ်။ စေတနာကောင်းတဲ့ဆရာမထဲမှာ ဒီ စပိန်ဆရာမလည်း အပါအဝင်ပါ။
.
( မှတ်ချက် ။ အပေါ်ကစာထဲမှာ ဘိုလိုညှပ်ရေးထားတာက ဆရာမပြောတာကို အမှီလိုက်ရေးထားတဲ့ အမေရိကန်စကားအစစ်ဖြစ်ပါတယ်။ အသုံးအစွဲမတူတာကိုသိစေဖို့ ကြားထဲမှာ ထည့်ရေးပြီး မျှဝေပေးလိုက်ပါတယ် ) ကျွန်တော်တို့နောက်တစ်ခန်းကူးတဲ့အခါ ..
.
.
.
Period – 4: AP U.S History
.
.
ကျွန်မက သမိုင်းသင်တာ ( ၁၄ ) နှစ်ရှိပါပြီ။ အမေရိကန်သမိုင်းမှာ ကမ္ဘာ့သမိုင်း -  World History နဲ့ U.S History ဆိုပြီး ( ၂ ) မျိုးရှိပါတယ်။ အထက်တန်းမှာ ကျောင်းသားတိုင်း ဒီ ( ၂ ) ခုလုံးအောင်သွားဖို့လိုတယ်။ အခု အမေရိကန်သမိုင်းမှာ အိမ်စာနည်းတာတစ်ခုက ကလေးတွေကို သက်သာစေတယ် ”
.
ဒီမှာ စာအုပ်အဟောင်း တစ်အုပ်ကို လက်ရှိအသုံးပြုနေပါတယ်။ မိဘတစ်ဦးကတင်ပြလာတဲ့ဖတ်စာအုပ်တစ်အုပ်ကို ကျောင်းကနေအတည်ပြုပြီး သုံးဖို့အစီအစဉ်ရှိတယ်။ စက်တင်ဘာလကုန်လောက်မှာ ခွင့်ပြုချက်ကျပါလိမ့်မယ်။ သိတဲ့အတိုင်း ကလေးတွေက သမိုင်းဆိုရင် အတိုချုံးထားတာကိုပဲ ကြိုက်ကြတယ်။ ဒါကြောင့် တစ်ချို့ကျောင်းသားတွေက ပြောင်းလာမယ့် သင်ရိုးညွှန်းတမ်းအသစ်ကို စောင့်နေကြတယ် ”
.
.
ကျောင်းသားတွေရမယ့် အမှတ် ( ၁ဝဝ ) ကို ( ၃ ) ပိုင်းခွဲပြီး Grading ပေးပါတယ်။ ပထမ 1/3 က အိမ်စာ - Homework  နဲ့ စာစီစာကုံးတွေကနေ သူရလိမ့်မယ်။ ဒုတိယ 1/3 က အကြိမ်ကြိမ်ဖြေရမယ့် စာမေးပွဲငယ် - Test တွေကနေ ရမယ်။ နောက်ဆုံး 1/3 ကိုတော့ ပါဝင်ဆင်နွှဲပြောဆိုခြင်း - Oral  ကနေ ရမယ်။ ကျွန်မက အားလုံးကို မှတ်ထားရတယ် ”
.
အဲဒီတော့ ကျောင်းသားဟာ အတန်းထဲမှာ ရှက်နေရင် အမှတ်နည်းမှာပဲ။ အခုပြောဆိုဖို့ခက်ခဲနေလည်း ကောလိပ်ရောက်ရင် ပြောကိုပြောရမယ်။ အခုဆို တစ်ချို့ကျောင်းသားတွေက ပရင့်စာရွက်ထုတ်ပြီး စားပွဲခုံပေါ်မှာချထားတယ်။ ကြည့်ပြီးဖြေတယ်လေ ”
.
.
တစ်ချို့ကျတော့ နားပဲနားထောင်တယ်။ မိုက်ခရိုဆော့ဖ် ရဲ့ Power Point ဆလိုက်တွေနဲ့ ထိုးပြတာကို သေချာကြည့်ကြတယ်။ ဖုန်းထဲမှာရှိတဲ့ App တွေကနေလည်း သုံးမယ်ဆို ခွင့်ပြုထားတယ်။ သူ့ချစ်သူဆီ ဖုန်းထဲကနေ မက်ဆေ့ရိုက်နေလို့တော့ မရဘူးပေါ့ ”
.
အိမ်စာက ပေးပြီးသား။ ဟိုမှာ .. အခန်းအပေါက်ဝက သင်ပုန်းဖြူမှာ ကြေငြာပေးထားတယ် ”
.
.
အမေရိကားကျောင်းတွေမှာ ကျောင်းသားတွေဆီကို စာသင်မယ့်ဆရာကရောက်မလာပါဘူး။ ကျောင်းသားတွေကသာ စောင့်နေတဲ့ဆရာ့အခန်းပြောင်းပြီး လိုက်တက်ရတဲ့စံနစ်မျိုးပါ။
.
Back To School Night ရဲ့ ဓလေ့ကလည်း ဒီအတိုင်းပါပဲ။ အတန်းပြောင်းဖို့ ကြားထဲမှာ ( ၆ ) မိနစ်အချိန်ပေးထားတယ်။ အချိန်စေ့ရင် နံရံက ခေါင်းလောင်းသံမြည်လာပြီး စာရွက်ထဲကဇယားအတိုင်း နောက်တစ်ခန်းကို လိုက်ရှာကြရတယ်။
.
.
ကျောင်းအဆောင်တွေရဲ့ကြားမှာ လုပ်အားပေး - Volunteer ကျောင်းသားလေးတွေက မိဘတွေရှာတဲ့အဆောင် နဲ့ အခန်းနံပါတ်တွေကို လိုက်ပို့ပေးတယ်။ အမြဲလိုလို ညနေ ( ၆ ) နာရီမှာ စတင်ပြီး ( ၈ ) နာရီကျော်အထိ ကိုယ့်သားသမီးစာသင်တဲ့အခန်းတွေမှာစောင့်နေတဲ့ ဆရာ ဆရာမတွေနဲ့လိုက်လံတွေ့ဆုံရင်း ကိုယ့်သားသမီးအခြေအနေလည်းသိ၊ သူ့ကိုသင်တဲ့ဆရာ့အခြေအနေလည်းသိရသမို့ မိဘများ မအား-အားအောင် သွားသင့်တဲ့အကြောင်း မျှဝေချင်ပါတယ်။
.
နောက်တစ်ပိုင်းမှာ ကျန် ( ၂ ) ခန်း ဆက်သွားပုံကို ဆက်လက်တင်ပြချင်ပါသေးတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
09-11-2015
.
“ ( ၇ ) ႏွစ္ၾကာ ( ၈ ) ၾကိမ္ေျမာက္ေရာက္ရွိခုိက္ Back To School Night ။ ၂ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ( ၁ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၄ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။


.
.
.

“ ( ၇ )  ႏွစ္ၾကာ ( ၈ ) ၾကိမ္ေျမာက္ေရာက္ရွိခုိက္ Back To School Night ”  အပိုင္း ( ၃ )။ အျပီးသတ္
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ေနာက္ဆံုးက်န္တဲ႕ ( ၂ ) ခန္း ဆက္မသြားခင္မွာ မုိးကခ်ဳပ္လာပါျပီ။ အလြန္ပူတဲ႕ရာသီဥတုကလည္း ကြ်န္ေတာ္တုိ႕ဇနီးေမာင္ႏွံကို ႏႈတ္ဆက္စျပဳလာျပီ။ ဒါနဲ႕ အနီးအနားက ရူပေဗဒအခန္းကိုလုိက္ရွာရင္း လုပ္အားေပးေက်ာင္းသားေတြ စုေပါင္းလုပ္ထားတဲ႕ “ Back To School Night ” နံရံကဒ္ေၾကာ္ျငာေလးကုိ လက္ကိုင္ဖုန္းနဲ႕ အမိအရဓါတ္ပံုရိုက္ျပီး ( H-1 ) အခန္းထဲကို ေျပးဝင္သြားပါတယ္။
.
အထဲမွာ တစ္ျခားမိဘတစ္ခ်ိဳ႕ၾကိဳေရာက္ေနၾကသလို ဆရာေပးတဲ႕ လက္ကမ္းစာရြက္ကိုဖတ္ေနၾကတယ္။ ဒီအခန္းက ပထမဦးဆံုး သခ်ာၤအခန္းလိုပဲ ခံုေတြကုိ ( ၄ ) ေယာက္တစ္ဖြဲ႕ထုိင္ဖို႕ စႏြင္းမကင္းပံု ေစာင္းေစာင္းေလးခင္းထားတယ္။ ရူပေဗဒကုိသင္ေနတာ ( ၂၅ ) ႏွစ္ရွိေနျပီဆိုတဲ႕ဆရာက သူ႕ကိုယ္သူမိတ္ဆက္ျပီး ..
.
.
.
Period – 5: AP Physics B
.
.
“ AP Physics ” မွာ ( ၂ ) ပိုင္း ပါဝင္ပါမယ္။ အဲဒါေတြကေတာ႕ Mechanical Physics နဲ႕ Electronic Physics တို႕ျဖစ္ၾကတယ္။ အေသးစိတ္အေနနဲ႕က ဆားကစ္ေတြ၊ Fluid ေတြ၊ Thermodynamics ေတြ နဲ႕ အလင္း - Optics ေတြ ပါဝင္ပါမယ္ ”
.
“ အႏုစိတ္ေလ႕လာဖို႕ထက္ သင္ရုိးညႊန္းတမ္းတစ္ခုလံုးကို အကုန္ျပီးေအာင္သင္ရမယ္ဆိုတဲ႕ပံုစံတစ္ခုရွိေနတာက အတန္းအတြက္ စိမ္ေခၚမႈတစ္ခုျဖစ္ေနပါတယ္။ ေနာက္ႏွစ္ဆန္း ေမလထဲမွာ AP Physics 1 စာေမးပြဲေျဖရမယ္ဆုိတာကုိေတာ႕ ေက်ာင္းသားအားလံုးကိုေျပာထားတယ္။ အဲဒီထဲမွာ ..”
.
.
“ Kinematics, Dynamics of Force and Motion, Universal Law of Gravitation, Simple Pendulum and Mass-Spring Systems,  Impulse, Linear Momentum, and Conservation of Linear Momentum, Work, Energy, and Conservation of Energy, Rotational Kinematics and Conservations of Angular Momentum, Electrostatics, Simple DC Circuits, and Waves and Sound တို႕ကို အက်ယ္တဝင္႕ေလ႕လာရမယ္ ”
.
“ အခု ဒီရူပေဗဒမွာ အေရွ႕ပိုင္းအယူအဆ နဲ႕ ေခတ္မီအယူအဆတုိ႕ရဲ႕ေခါင္းစဥ္ေတြ ( ၂ ) မ်ိဳးလံုး ပါမွာပါ။ ဒီအတြက္ေက်ာင္းသားဟာ Algebra  နဲ႕ Trigonometry တုိ႕ရဲ႕အေျချပဳလက္ခံခ်က္ေတြကို ေၾကညက္ျပီးသားျဖစ္ေနရပါမယ္။ သိတဲ႕အတိုင္း သိပၸံပညာရွင္တစ္ေယာက္ျဖစ္ဖို႕ သခ်ာၤေတာ္ဖို႕လိုတာ ပိုေသခ်ာေအာင္ ေျပာျပတာပါ ”
.
.
“ AP Physics မွာ အဓိကယူဆခ်က္ၾကီး ( ၆ ) ခ်က္နဲ႕ စုစည္းျပ႒ာန္းထားတယ္လို႕ ေျပာလုိ႕ရတယ္။ အဲဒီမွန္ကန္တဲ႕ယူဆခ်က္ေတြကိုေပါင္းစုျပီး ေက်ာင္းသားက အခ်ိတ္အဆက္မိမိနဲ႕ ဆက္စပ္ေတြးေခၚႏုိင္ရံုမက ပုစၦာေတြကုိ ရွင္းထုတ္ႏုိင္ရမယ္။ ဒီကမွတစ္ဆင္႕ လူ႕ဘဝထဲကိုပစ္ခ်လိုက္တဲ႕အခါ အတြင္းစည္းဝုိင္းမွာျငိတြယ္ေနတဲ႕ဘဝပေဟဠိ - The Interconnected Pieces of a Puzzle ဆိုတာ နဖူးေတြ႕ဒူးေတြ႕ ၾကံဳရတဲ႕အခ်ိန္ .. သူတုိ႕မွာ ယွဥ္ျပိဳင္တုိက္ခိုက္ရမယ္႕ ကိရိယာ ရွိျပီေလ ”
.
“ စားပြဲခံုေတြမွာ ( ၄ ) ေယာက္ ( ၉ ) တြဲရွိတယ္ဆိုေတာ႕ တစ္ခန္းလံုး ေက်ာင္းသား ( ၃၆ ) ေယာက္ရွိတယ္။ သူငယ္ခ်င္းအုပ္စုေတြကေန သူတုိ႕ဘာထြက္လာမလဲဆိုတဲ႕အေျဖကုိ ကြ်န္ေတာ္ေစာင္႕ၾကည္႕ပါမယ္။ ဖတ္စာအုပ္ကေပးထားတဲ႕ေခါင္းစဥ္ေတြကေန အခ်င္းခ်င္းစူးစမ္းလုိ႕ရလာတဲ႕ရလဒ္ - Inquiry-Based Explorations ေတြ ထြက္ေပၚလာမယ္။ တစ္ဆက္တည္း ဆင္႕ကဲျမွင္႕တင္ေတြးေခၚႏုိင္မယ္႕ More Conceptual Understanding  ေတြ ရရွိလာမယ္ ”
.
.
“ ဒီလိုအေလ႕အက်င္႕ေတြရလာရင္ ေဖာ္ျမဴလာထည္႕၊ ကိန္းကဏန္းရိုက္သြင္း၊ ေပးထားတာလုိက္ကူးျပီးအိမ္စာျပန္တင္ .. စတဲ႕ သမားရိုးက် သင္-ကူး-ေျဖ-တင္ အဆင္႕မွာ အခ်ိန္နည္းနည္းသာသံုးျပီး ေဝဖန္ပိုင္းျခားသံုးသပ္ေတြးတတ္တဲ႕အက်င္႕ - Critical Thinking နဲ႕ ဘာေၾကာင္႕ဒီလုိျဖစ္ရတာလဲဆုိတာကိုရွာတတ္တဲ႕ ဇာစ္ျမစ္ေလ႕လာေရးအရည္အေသြး - Reasoning Skills ေတြရလာေအာင္ ေလ႕က်င္႕ေပးခ်င္ပါတယ္ ”
.
.
မ်က္ႏွာခပ္တည္တည္နဲ႕ ရူပေဗဒဆရာရဲ႕စကားအဆံုးမွာ သူ႕အစား ကြ်န္ေတာ္ေမာေနမိတယ္။ တစ္ခါတစ္ရံ မ်က္ေမွာက္က်ဳံ႕ျပီးစကားေျပာတတ္သူ အေမရိကန္လူမ်ိဳးေက်ာင္းဆရာေတြရဲ႕ဘဝမွာလည္း ကြ်န္ေတာ္တုိ႕လို၊ ေက်ာင္းသားေတြလုိ စိတ္ရႈတ္စရာရွိေနမွာပဲဆိုတာ ေတြးမိျပန္တယ္။
.
ဘာသာရပ္အားလံုးထဲမွာထူးျခားတာက ရူပေဗဒမွာ ခက္ခဲတဲ႕ ခပ္ျမင္႕ျမင္႕ Course ေတြ ပါဝင္ေနတာျဖစ္လုိ႕ အမွတ္ေပး Grading မွာ ( A+ ) မရွိပါဘူး တဲ႕။ နားလည္ရင္လြယ္သေလာက္ ယူဆခ်က္ေတြကုိအလြယ္တကူလုိက္မေကာက ္ - Pick Up မလုပ္ႏုိင္တဲ႕ေက်ာင္းသားအဖို႕ေတာ႕ ခက္ေနမယ္႕ ရူပေဗဒပါပဲ။
.
.
.
Period – 6: English 11
.
.
အဂၤလိပ္ ( မိခင္ဘာသာ ) သင္မယ္႕ဆရာမက သူစာသင္တာ ( ၃ ) ႏွစ္ပဲရွိပါေသးတယ္ တဲ႕။ မိဘေတြထိုင္တဲ႕ေရွ႕မွာ သင္ပုန္းျဖဴတစ္ခ်ပ္ေထာင္ထားပါတယ္။ ေရးထားတာေတြက
.
.
1). Journal
.
2). Vocab
.
3). Vocab Exercise
.
4). “ Sinners .. ( ဝတၳဳတစ္ပုဒ္ရဲ႕နာမည္ ) ” တို႕ကုိ လိုက္ကူးထားမိတယ္။ ဆရာမ က ေျပာစရာစကားနည္းတဲ႕ အေမရိကန္လူမ်ိဳးျဖစ္ပံုရသလုိ မ်ိဳးခ်စ္စိတ္ဓါတ္ထက္ျမက္တဲ႕ပံုေပါက္ပါတယ္။ သူေပးတဲ႕စာရြက္ထဲမွာ
.
.
“ အခုအခ်ိန္ဟာ ( ၁၁ ) တန္း - Junior Year ေရာက္လာျပီျဖစ္လို႕ စိတ္လႈပ္ရွားစရာေတြအျပည္႕ပါ။ ဒီအတန္းကေနဆက္ျပီး အထက္တန္းေက်ာင္းျပီးသြားတဲ႕အခါ လူၾကီး-ဘဝ - Adult လမ္းေၾကာင္းကုိ မျဖစ္မေနေလွ်ာက္လွမ္းရမယ္႕ တစ္ဆင္႕ခံအတန္းလည္းျဖစ္ပါတယ္ ”
.
“ ဒီစာသင္ႏွစ္ရဲ႕အဂၤလိပ္စာမွာ အေမရိကန္စာေပယဥ္ေက်းမႈ၊ အက္ေဆး၊ ဝတၳဳတုိ၊ ျပဇာတ္၊ ကဗ်ာ နဲ႕ ဝတၳဳရွည္ ေတြ ပါဝင္ပါမယ္။ တစ္ဆက္တည္းမွာ ေက်ာင္းသားေတြရဲ႕ေဝါဟာရၾကြယ္ဝမႈ - Expanding Your Vocabulary နဲ႕ သဒၵါအသံုးခ်မႈတိုးတက္မႈ - Improving Your Grammar တို႕ကုိ ေနာင္အနာဂါတ္မွာ ေက်ာင္းသားေတြတည္ေဆာက္မယ္႕ ဘဝအတြက္ အေထာက္အကူျပဳကိရိယာ - Tool အေနနဲ႕ လက္ေဆာင္ေပးလိုက္မွာျဖစ္ပါတယ္ ”
.
.
“ ( ၁၁ ) တန္းေက်ာင္းသားေတြဟာ စာအေရးအသား - Written နဲ႕ ႏႈတ္ျဖင္႕ေျပာဆိုျခင္း - Oral Expression တို႕ကို ပိုမုိယံုၾကည္စိတ္ခ်စြာ လက္ကိုင္ထားလာႏုိင္မွာပါ။ ဒါေၾကာင္႕ သူတုိ႕ဟာ အေရးအသားလႈပ္ရွားမႈေတြ၊ စကားေျပာေရးသားျခင္းေတြ၊ ဇာတ္ေၾကာင္းျပန္ေရးသားမႈ - Narrative ေတြ၊ ခ်ဲ႕ေတြးရွင္းျပေရးသားမႈ - Expository ေတြ၊ ဂ်ာနယ္ေရးသားျခင္း - Journal ေတြ၊ အခ်က္အလက္ကိုးကားေရးသားမႈ - Descriptive နဲ႕ တီထြင္ဖန္တီးေရးသားမႈ - Ceative ေတြကုိ တတ္ေျမာက္လာေအာင္သင္ေပးရမွာ ကြ်န္မရဲ႕တာဝန္ျဖစ္ပါတယ္ ”
.
“ တစ္ခါတစ္ေလမွာ ေက်ာင္းသားတစ္ေယာက္တည္းကို ပေရာဂ်က္ ( ၂ ) ခု တစ္ျပိဳင္တည္းလုပ္ခိုင္းရတာေတြပါ ရွိလာပါလိမ္႕မယ္။ အဲဒိအခါမွာ ကိုယ္ဘာလုပ္ေနလဲ၊ ဘယ္အေျခအေနေရာက္ေနျပီလဲဆုိတာ အျမဲမျပတ္ေျခရာခံလိုက္ျပီး Keep Track လုပ္ေနမွသာ သင္ယူျပီးထားသမွ်အားလံုးစုစည္းမိျပီး ေအာင္ျမင္ႏုိင္မွာျဖစ္ပါတယ္ ”
.
.
“ ေက်ာင္းစာမလိုက္ႏုိင္တဲ႕ေက်ာင္းသားဟာ ကြ်န္မနဲ႕ေဆြးေႏြးဖို႕တာဝန္ သူ႕မွာရွိပါတယ္။ ဒါမွ ဆရာကသိျပီး သူ႕လုိအပ္ခ်က္ကို တစ္ျခားေက်ာင္းသားေတြကုိအမွီလိုက္လံျဖည္႕စြက္ေပးဖို႕အခ်ိန္ရမွာပါ။ ေက်ာင္းသားဟာ အိမ္စာတင္ဖို႕ပ်က္ကြက္ခဲ႕ရင္ အိမ္ကုိစာပို႕ပါမယ္။ ေနာက္က်တဲ႕အိမ္စာ - Late Homework ရွိခဲ႕ရင္ စာသင္ႏွစ္တစ္ႏွစ္စာလံုးအတြက္ ( ၁ ) ၾကိမ္သာ ခြင္႕ - Pass ေပးထားတယ္။ ပ်က္ကြက္ခြင္႕သံုးျပီးအိမ္စာ ( မွန္မွန္ကန္ကန္ ) တင္ဖို႕ ေက်ာင္းသားမွာ ( ၂ ) ပတ္ အခ်ိန္ရတယ္။ တစ္ျခားပ်က္ကြက္မႈေတြအတြက္က ပံုမွန္အမွတ္ရဲ႕ ( ၃ ) ပံု ( ၁ ) ပံုသာ ေပးသြားမွာ ျဖစ္ပါတယ္ ”
.
“ ေက်ာင္းခန္းထဲဝင္လာတဲ႕ေက်ာင္းသားမွန္သမွ် အေပါက္ဝဘီဒုိမွာတင္ထားတဲ႕စာအုပ္ေတြထဲက တစ္ခုခုကိုယူျပီး Journal တစ္ခုကို ဆြဲထုတ္ရမယ္။ အဲဒီကေန ဖတ္ထားသမွ်ထဲက ဘာကိုေတြ႕ရွိသလဲဆိုတာ ကြ်န္မကုိ ျပန္တင္ျပရပါမယ္ ”
.
.
“ အတန္းထဲမွာ စကားေျပာၾကမယ္။ အဖြဲ႕ထဲမွာလည္း စကားေျပာၾကမယ္။ တစ္ဖြဲ႕နဲ႕တစ္ဖြဲ႕ၾကားမွာ လွည္႕ျပီးနားေထာင္တာကိုလည္း အမွတ္ေပးမယ္။ တစ္ေယာက္ကေန အမ်ားနာလည္ေစဖို႕ တင္ဆက္မႈ - Presentation လုပ္ၾကမယ္။ ဒီအတြက္ အေမရိကန္အထက္တန္းေက်ာင္းသားမွန္သမွ် မရွက္ရပါဘူး ”
.
“ ကြ်န္မတုိ႕ဆရာေတြရဲ႕တာဝန္ဆိုတာလည္း ရွိပါေသးတယ္။ အဲဒီထဲမွာ ..
( ၁ ) ေက်ာင္းသားေတြကုိေလးစားစြာဆက္ဆံရန္
.
( ၂ ) အစီအစဥ္က်ျပီးလံုျခံဳစိတ္ခ်ရတဲ႕ပတ္ဝန္းက်င္ကိုဖန္တီးျခင္းအားျဖင္႕ ေက်ာင္းသားေတြတစ္ေယာက္နဲ႕တစ္ေယာက္ အၾကံဥာဏ္ေကာင္းေတြကုိ မွ်ေဝႏိုင္ေစရန္
.
( ၃ ) ေက်ာင္းသားမ်ားလုိအပ္တဲ႕စည္းကမ္းခ်က္မ်ားကိုအခါအားေလ်ာ္စြာ ခ်မွတ္ေပးရန္
.
( ၄ ) ေက်ာင္းသားမ်ားဘဝတိုးတက္ေအာင္ျမင္ေရးအတြက္ အားေပးျခင္း - Motivate  နဲ႕ အေထာက္အကူျပဳျခင္း - Assist တို႕ျပဳလုပ္ေပးရန္
.
( ၅ ) ကယ္လီဖိုးနီးယားျပည္နယ္အဆင္႕နဲ႕အညီ ေက်ာင္းသားထုရဲ႕အရည္အခ်င္းတက္လာေအာင္ ကူညီျမွင္႕တင္ေပးရန္ .. တုိ႕ ျဖစ္ပါတယ္ ”
.
.
စကားနည္းျပီး စာရြက္ေပၚမွာထိေရာက္ေအာင္ေရးထားတဲ႕ အဂၤလိပ္စာျပဆရာမရဲ႕စာကိုဖတ္ျပီး အုပ္ထိန္းသူတစ္ေယာက္ျဖစ္တဲ႕ကြ်န္ေတာ္ဟာ ယံုၾကည္မႈအျပည္႕ရွိလာတယ္။ ဒီလိုလာရတဲ႕ Back To School Night ဟာ ကြ်န္ေတာ႕လိုမိဘတစ္ေယာက္တည္းအတြက္ မျဖစ္ေစရပါဘူး။ တတ္ႏုိင္သေလာက္၊ မွတ္မိသေလာက္အေတြ႕အၾကံဳမ်ားကို ေရးသားမွ်ေဝရင္း ျမန္မာႏုိင္ငံက ခ်စ္မိတ္ေဆြမ်ားရဲ႕သားသမီးေတြကုိ ဘယ္သို႕ဘယ္ပံုဆက္လက္ပညာသင္ယူသင္႕တယ္ ဆိုတဲ႕ လမ္းျပမႈ - Guideline တစ္စံုတစ္ရာကိုေပးႏုိင္တယ္ဆိုရင္ပဲ ေက်နပ္လွပါျပီ။
.
ေျပာရမယ္ဆုိရင္ ဒီလိုေက်ာင္းမ်ိဳး ကြ်န္ေတာ္ ငယ္ငယ္ ( ၈ ) တန္းကတည္းက တက္ခ်င္ခဲ႕တာပါ။ ရခ်င္တာမရွိတဲ႕အခ်ိန္တုန္းက ရွိတာကိုရေအာင္ယူခဲ႕ရသလုိ ကြ်န္ေတာ္ဟာ ျမန္မာစကား နဲ႕ ျမန္မာစာကြ်မ္းက်င္ခဲ႕တယ္။ အခု ဒီေျမမွာ ပညာသင္ခြင္႕ရတဲ႕ “ စြမ္း ” ဟာ ဒီေျမရဲ႕ယဥ္ေက်းမႈ နဲ႕ ဘာသာစကားကို မလြဲသာမေရွာင္သာ သင္ယူရင္း ကမၻာ႕အဆင္႕ေခတ္မီပညာရပ္ေတြကို ဆက္လက္သင္ယူႏုိင္ေတာ႕မွာမုိ႕ ကြ်န္ေတာ႕ႏွလံုးသားေတြဟာ မိဘအားလံုးကုိကိုယ္စားျပဳျပီး ျပံဳးေနမိပါတယ္။
.
.
( ၇ ) ႏွစ္ဆက္တုိက္ စြမ္း တက္ခဲ႕တဲ႕ေက်ာင္းေတြရဲ႕ “ ညေနခင္း Back To School Night ” လာေရာက္ရတာ စုစုေပါင္း ( ၇ ) ၾကိမ္ ရွိပါျပီ။ အခု ေဘာ႕စတန္ျမိဳ႕မွာ ပုဂၢလိကတကၠသိုလ္သြားတက္ေနတဲ႕ သမီး ( ၁၂ ) တန္း တုန္းက တစ္ၾကိမ္နဲ႕ပါဆို အားလံုး ( ၈ ) ေခါက္ ျဖစ္ပါတယ္။ အရင္ႏွစ္ေတြကတည္းက ဒါကိုေရးမလို႕ပါပဲ။ ဒါေပမယ္႕ ကြ်န္ေတာ႕ရဲ႕ေလ႕လာအားေကာင္းေအာင္ ဒီႏွစ္က်မွ ေဆာင္းပါး ( ၃ ) ပုဒ္ခြဲျပီး ျပည္႕ျပည္႕စံုစံုတင္ျပေရးသားခြင္႕ရလိုက္တဲ႕အတြက္ ျမန္မာလူမ်ိဳး မိဘ ( ၂ ) ပါး အေနနဲ႕ ထုိက္ထုိက္တန္တန္ဂုဏ္ယူမိရင္း ပညာေရးသတင္းစကား ေဝေဝဆာဆာပါးလုိက္ရပါတယ္။
.
ခင္မင္ျခင္းမ်ာစြာျဖင္႕
.
09-13-2015
.
.
Back To School Night အပိုင္း ( ၁ )
https://www.facebook.com/photo.php?fbid=1626746457613821&set=a.1377780475843755.1073741829.100008354461942&type=1&theater
.
Back To School Night အပိုင္း ( ၂ )
https://www.facebook.com/photo.php?fbid=1627148300906970&set=a.1377780475843755.1073741829.100008354461942&type=1&theater
.
.
.
Myanmar Unicode Version:
.
.
“ ( ၇ )  နှစ်ကြာ ( ၈ ) ကြိမ်မြောက်ရောက်ရှိခိုက် Back To School Night ”  အပိုင်း ( ၃ )
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
နောက်ဆုံးကျန်တဲ့ ( ၂ ) ခန်း ဆက်မသွားခင်မှာ မိုးကချုပ်လာပါပြီ။ အလွန်ပူတဲ့ရာသီဥတုကလည်း ကျွန်တော်တို့ဇနီးမောင်နှံကို နှုတ်ဆက်စပြုလာပြီ။ ဒါနဲ့ အနီးအနားက ရူပဗေဒအခန်းကိုလိုက်ရှာရင်း လုပ်အားပေးကျောင်းသားတွေ စုပေါင်းလုပ်ထားတဲ့ “ Back To School Night ” နံရံကဒ်ကြော်ငြာလေးကို လက်ကိုင်ဖုန်းနဲ့ အမိအရဓါတ်ပုံရိုက်ပြီး ( H-1 ) အခန်းထဲကို ပြေးဝင်သွားပါတယ်။
.
အထဲမှာ တစ်ခြားမိဘတစ်ချို့ကြိုရောက်နေကြသလို ဆရာပေးတဲ့ လက်ကမ်းစာရွက်ကိုဖတ်နေကြတယ်။ ဒီအခန်းက ပထမဦးဆုံး သချာၤအခန်းလိုပဲ ခုံတွေကို ( ၄ ) ယောက်တစ်ဖွဲ့ထိုင်ဖို့ စနွင်းမကင်းပုံ စောင်းစောင်းလေးခင်းထားတယ်။ ရူပဗေဒကိုသင်နေတာ ( ၂၅ ) နှစ်ရှိနေပြီဆိုတဲ့ဆရာက သူ့ကိုယ်သူမိတ်ဆက်ပြီး ..
.
.
.
Period – 5: AP Physics B
.
.
AP Physics ” မှာ ( ၂ ) ပိုင်း ပါဝင်ပါမယ်။ အဲဒါတွေကတော့ Mechanical Physics နဲ့ Electronic Physics တို့ဖြစ်ကြတယ်။ အသေးစိတ်အနေနဲ့က ဆားကစ်တွေ၊ Fluid တွေ၊ Thermodynamics တွေ နဲ့ အလင်း - Optics တွေ ပါဝင်ပါမယ် ”
.
အနုစိတ်လေ့လာဖို့ထက် သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို အကုန်ပြီးအောင်သင်ရမယ်ဆိုတဲ့ပုံစံတစ်ခုရှိနေတာက အတန်းအတွက် စိမ်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ နောက်နှစ်ဆန်း မေလထဲမှာ AP Physics 1 စာမေးပွဲဖြေရမယ်ဆိုတာကိုတော့ ကျောင်းသားအားလုံးကိုပြောထားတယ်။ အဲဒီထဲမှာ ..”
.
.
Kinematics, Dynamics of Force and Motion, Universal Law of Gravitation, Simple Pendulum and Mass-Spring Systems,  Impulse, Linear Momentum, and Conservation of Linear Momentum, Work, Energy, and Conservation of Energy, Rotational Kinematics and Conservations of Angular Momentum, Electrostatics, Simple DC Circuits, and Waves and Sound တို့ကို အကျယ်တဝင့်လေ့လာရမယ် ”
.
အခု ဒီရူပဗေဒမှာ အရှေ့ပိုင်းအယူအဆ နဲ့ ခေတ်မီအယူအဆတို့ရဲ့ခေါင်းစဉ်တွေ ( ၂ ) မျိုးလုံး ပါမှာပါ။ ဒီအတွက်ကျောင်းသားဟာ Algebra  နဲ့ Trigonometry တို့ရဲ့အခြေပြုလက်ခံချက်တွေကို ကြေညက်ပြီးသားဖြစ်နေရပါမယ်။ သိတဲ့အတိုင်း သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ဖို့ သချာၤတော်ဖို့လိုတာ ပိုသေချာအောင် ပြောပြတာပါ ”
.
.
AP Physics မှာ အဓိကယူဆချက်ကြီး ( ၆ ) ချက်နဲ့ စုစည်းပြဋ္ဌာန်းထားတယ်လို့ ပြောလို့ရတယ်။ အဲဒီမှန်ကန်တဲ့ယူဆချက်တွေကိုပေါင်းစုပြီး ကျောင်းသားက အချိတ်အဆက်မိမိနဲ့ ဆက်စပ်တွေးခေါ်နိုင်ရုံမက ပုစ္ဆာတွေကို ရှင်းထုတ်နိုင်ရမယ်။ ဒီကမှတစ်ဆင့် လူ့ဘဝထဲကိုပစ်ချလိုက်တဲ့အခါ အတွင်းစည်းဝိုင်းမှာငြိတွယ်နေတဲ့ဘဝပဟေဠိ - The Interconnected Pieces of a Puzzle ဆိုတာ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန် .. သူတို့မှာ ယှဉ်ပြိုင်တိုက်ခိုက်ရမယ့် ကိရိယာ ရှိပြီလေ ”
.
စားပွဲခုံတွေမှာ ( ၄ ) ယောက် ( ၉ ) တွဲရှိတယ်ဆိုတော့ တစ်ခန်းလုံး ကျောင်းသား ( ၃၆ ) ယောက်ရှိတယ်။ သူငယ်ချင်းအုပ်စုတွေကနေ သူတို့ဘာထွက်လာမလဲဆိုတဲ့အဖြေကို ကျွန်တော်စောင့်ကြည့်ပါမယ်။ ဖတ်စာအုပ်ကပေးထားတဲ့ခေါင်းစဉ်တွေကနေ အချင်းချင်းစူးစမ်းလို့ရလာတဲ့ရလဒ် - Inquiry-Based Explorations တွေ ထွက်ပေါ်လာမယ်။ တစ်ဆက်တည်း ဆင့်ကဲမြှင့်တင်တွေးခေါ်နိုင်မယ့် More Conceptual Understanding  တွေ ရရှိလာမယ် ”
.
.
ဒီလိုအလေ့အကျင့်တွေရလာရင် ဖော်မြူလာထည့်၊ ကိန်းကဏန်းရိုက်သွင်း၊ ပေးထားတာလိုက်ကူးပြီးအိမ်စာပြန်တင် .. စတဲ့ သမားရိုးကျ သင်-ကူး-ဖြေ-တင် အဆင့်မှာ အချိန်နည်းနည်းသာသုံးပြီး ဝေဖန်ပိုင်းခြားသုံးသပ်တွေးတတ်တဲ့အကျင့် - Critical Thinking နဲ့ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုရှာတတ်တဲ့ ဇာစ်မြစ်လေ့လာရေးအရည်အသွေး - Reasoning Skills တွေရလာအောင် လေ့ကျင့်ပေးချင်ပါတယ် ”
.
.
မျက်နှာခပ်တည်တည်နဲ့ ရူပဗေဒဆရာရဲ့စကားအဆုံးမှာ သူ့အစား ကျွန်တော်မောနေမိတယ်။ တစ်ခါတစ်ရံ မျက်မှောက်ကျုံ့ပြီးစကားပြောတတ်သူ အမေရိကန်လူမျိုးကျောင်းဆရာတွေရဲ့ဘဝမှာလည်း ကျွန်တော်တို့လို၊ ကျောင်းသားတွေလို စိတ်ရှုတ်စရာရှိနေမှာပဲဆိုတာ တွေးမိပြန်တယ်။
.
ဘာသာရပ်အားလုံးထဲမှာထူးခြားတာက ရူပဗေဒမှာ ခက်ခဲတဲ့ ခပ်မြင့်မြင့် Course တွေ ပါဝင်နေတာဖြစ်လို့ အမှတ်ပေး Grading မှာ ( A+ ) မရှိပါဘူး တဲ့။ နားလည်ရင်လွယ်သလောက် ယူဆချက်တွေကိုအလွယ်တကူလိုက်မကောက ္ - Pick Up မလုပ်နိုင်တဲ့ကျောင်းသားအဖို့တော့ ခက်နေမယ့် ရူပဗေဒပါပဲ။
.
.
.
Period – 6: English 11
.
.
အင်္ဂလိပ် ( မိခင်ဘာသာ ) သင်မယ့်ဆရာမက သူစာသင်တာ ( ၃ ) နှစ်ပဲရှိပါသေးတယ် တဲ့။ မိဘတွေထိုင်တဲ့ရှေ့မှာ သင်ပုန်းဖြူတစ်ချပ်ထောင်ထားပါတယ်။ ရေးထားတာတွေက
.
.
1). Journal
.
2). Vocab
.
3). Vocab Exercise
.
4). “ Sinners .. ( ဝတ္ထုတစ်ပုဒ်ရဲ့နာမည် ) ” တို့ကို လိုက်ကူးထားမိတယ်။ ဆရာမ က ပြောစရာစကားနည်းတဲ့ အမေရိကန်လူမျိုးဖြစ်ပုံရသလို မျိုးချစ်စိတ်ဓါတ်ထက်မြက်တဲ့ပုံပေါက်ပါတယ်။ သူပေးတဲ့စာရွက်ထဲမှာ
.
.
အခုအချိန်ဟာ ( ၁၁ ) တန်း - Junior Year ရောက်လာပြီဖြစ်လို့ စိတ်လှုပ်ရှားစရာတွေအပြည့်ပါ။ ဒီအတန်းကနေဆက်ပြီး အထက်တန်းကျောင်းပြီးသွားတဲ့အခါ လူကြီး-ဘဝ - Adult လမ်းကြောင်းကို မဖြစ်မနေလျှောက်လှမ်းရမယ့် တစ်ဆင့်ခံအတန်းလည်းဖြစ်ပါတယ် ”
.
ဒီစာသင်နှစ်ရဲ့အင်္ဂလိပ်စာမှာ အမေရိကန်စာပေယဉ်ကျေးမှု၊ အက်ဆေး၊ ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာ နဲ့ ဝတ္ထုရှည် တွေ ပါဝင်ပါမယ်။ တစ်ဆက်တည်းမှာ ကျောင်းသားတွေရဲ့ဝေါဟာရကြွယ်ဝမှု - Expanding Your Vocabulary နဲ့ သဒ္ဒါအသုံးချမှုတိုးတက်မှု - Improving Your Grammar တို့ကို နောင်အနာဂါတ်မှာ ကျောင်းသားတွေတည်ဆောက်မယ့် ဘဝအတွက် အထောက်အကူပြုကိရိယာ - Tool အနေနဲ့ လက်ဆောင်ပေးလိုက်မှာဖြစ်ပါတယ် ”
.
.
( ၁၁ ) တန်းကျောင်းသားတွေဟာ စာအရေးအသား - Written နဲ့ နှုတ်ဖြင့်ပြောဆိုခြင်း - Oral Expression တို့ကို ပိုမိုယုံကြည်စိတ်ချစွာ လက်ကိုင်ထားလာနိုင်မှာပါ။ ဒါကြောင့် သူတို့ဟာ အရေးအသားလှုပ်ရှားမှုတွေ၊ စကားပြောရေးသားခြင်းတွေ၊ ဇာတ်ကြောင်းပြန်ရေးသားမှု - Narrative တွေ၊ ချဲ့တွေးရှင်းပြရေးသားမှု - Expository တွေ၊ ဂျာနယ်ရေးသားခြင်း - Journal တွေ၊ အချက်အလက်ကိုးကားရေးသားမှု - Descriptive နဲ့ တီထွင်ဖန်တီးရေးသားမှု - Ceative တွေကို တတ်မြောက်လာအောင်သင်ပေးရမှာ ကျွန်မရဲ့တာဝန်ဖြစ်ပါတယ် ”
.
တစ်ခါတစ်လေမှာ ကျောင်းသားတစ်ယောက်တည်းကို ပရောဂျက် ( ၂ ) ခု တစ်ပြိုင်တည်းလုပ်ခိုင်းရတာတွေပါ ရှိလာပါလိမ့်မယ်။ အဲဒိအခါမှာ ကိုယ်ဘာလုပ်နေလဲ၊ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာ အမြဲမပြတ်ခြေရာခံလိုက်ပြီး Keep Track လုပ်နေမှသာ သင်ယူပြီးထားသမျှအားလုံးစုစည်းမိပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ် ”
.
.
ကျောင်းစာမလိုက်နိုင်တဲ့ကျောင်းသားဟာ ကျွန်မနဲ့ဆွေးနွေးဖို့တာဝန် သူ့မှာရှိပါတယ်။ ဒါမှ ဆရာကသိပြီး သူ့လိုအပ်ချက်ကို တစ်ခြားကျောင်းသားတွေကိုအမှီလိုက်လံဖြည့်စွက်ပေးဖို့အချိန်ရမှာပါ။ ကျောင်းသားဟာ အိမ်စာတင်ဖို့ပျက်ကွက်ခဲ့ရင် အိမ်ကိုစာပို့ပါမယ်။ နောက်ကျတဲ့အိမ်စာ - Late Homework ရှိခဲ့ရင် စာသင်နှစ်တစ်နှစ်စာလုံးအတွက် ( ၁ ) ကြိမ်သာ ခွင့် - Pass ပေးထားတယ်။ ပျက်ကွက်ခွင့်သုံးပြီးအိမ်စာ ( မှန်မှန်ကန်ကန် ) တင်ဖို့ ကျောင်းသားမှာ ( ၂ ) ပတ် အချိန်ရတယ်။ တစ်ခြားပျက်ကွက်မှုတွေအတွက်က ပုံမှန်အမှတ်ရဲ့ ( ၃ ) ပုံ ( ၁ ) ပုံသာ ပေးသွားမှာ ဖြစ်ပါတယ် ”
.
ကျောင်းခန်းထဲဝင်လာတဲ့ကျောင်းသားမှန်သမျှ အပေါက်ဝဘီဒိုမှာတင်ထားတဲ့စာအုပ်တွေထဲက တစ်ခုခုကိုယူပြီး Journal တစ်ခုကို ဆွဲထုတ်ရမယ်။ အဲဒီကနေ ဖတ်ထားသမျှထဲက ဘာကိုတွေ့ရှိသလဲဆိုတာ ကျွန်မကို ပြန်တင်ပြရပါမယ် ”
.
.
အတန်းထဲမှာ စကားပြောကြမယ်။ အဖွဲ့ထဲမှာလည်း စကားပြောကြမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ လှည့်ပြီးနားထောင်တာကိုလည်း အမှတ်ပေးမယ်။ တစ်ယောက်ကနေ အများနာလည်စေဖို့ တင်ဆက်မှု - Presentation လုပ်ကြမယ်။ ဒီအတွက် အမေရိကန်အထက်တန်းကျောင်းသားမှန်သမျှ မရှက်ရပါဘူး ”
.
ကျွန်မတို့ဆရာတွေရဲ့တာဝန်ဆိုတာလည်း ရှိပါသေးတယ်။ အဲဒီထဲမှာ ..
( ၁ ) ကျောင်းသားတွေကိုလေးစားစွာဆက်ဆံရန်
.
( ၂ ) အစီအစဉ်ကျပြီးလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ကိုဖန်တီးခြင်းအားဖြင့် ကျောင်းသားတွေတစ်ယောက်နဲ့တစ်ယောက် အကြံဥာဏ်ကောင်းတွေကို မျှဝေနိုင်စေရန်
.
( ၃ ) ကျောင်းသားများလိုအပ်တဲ့စည်းကမ်းချက်များကိုအခါအားလျော်စွာ ချမှတ်ပေးရန်
.
( ၄ ) ကျောင်းသားများဘဝတိုးတက်အောင်မြင်ရေးအတွက် အားပေးခြင်း - Motivate  နဲ့ အထောက်အကူပြုခြင်း - Assist တို့ပြုလုပ်ပေးရန်
.
( ၅ ) ကယ်လီဖိုးနီးယားပြည်နယ်အဆင့်နဲ့အညီ ကျောင်းသားထုရဲ့အရည်အချင်းတက်လာအောင် ကူညီမြှင့်တင်ပေးရန် .. တို့ ဖြစ်ပါတယ် ”
.
.
စကားနည်းပြီး စာရွက်ပေါ်မှာထိရောက်အောင်ရေးထားတဲ့ အင်္ဂလိပ်စာပြဆရာမရဲ့စာကိုဖတ်ပြီး အုပ်ထိန်းသူတစ်ယောက်ဖြစ်တဲ့ကျွန်တော်ဟာ ယုံကြည်မှုအပြည့်ရှိလာတယ်။ ဒီလိုလာရတဲ့ Back To School Night ဟာ ကျွန်တော့လိုမိဘတစ်ယောက်တည်းအတွက် မဖြစ်စေရပါဘူး။ တတ်နိုင်သလောက်၊ မှတ်မိသလောက်အတွေ့အကြုံများကို ရေးသားမျှဝေရင်း မြန်မာနိုင်ငံက ချစ်မိတ်ဆွေများရဲ့သားသမီးတွေကို ဘယ်သို့ဘယ်ပုံဆက်လက်ပညာသင်ယူသင့်တယ် ဆိုတဲ့ လမ်းပြမှု - Guideline တစ်စုံတစ်ရာကိုပေးနိုင်တယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ။
.
ပြောရမယ်ဆိုရင် ဒီလိုကျောင်းမျိုး ကျွန်တော် ငယ်ငယ် ( ၈ ) တန်းကတည်းက တက်ချင်ခဲ့တာပါ။ ရချင်တာမရှိတဲ့အချိန်တုန်းက ရှိတာကိုရအောင်ယူခဲ့ရသလို ကျွန်တော်ဟာ မြန်မာစကား နဲ့ မြန်မာစာကျွမ်းကျင်ခဲ့တယ်။ အခု ဒီမြေမှာ ပညာသင်ခွင့်ရတဲ့ “ စွမ်း ” ဟာ ဒီမြေရဲ့ယဉ်ကျေးမှု နဲ့ ဘာသာစကားကို မလွဲသာမရှောင်သာ သင်ယူရင်း ကမ္ဘာ့အဆင့်ခေတ်မီပညာရပ်တွေကို ဆက်လက်သင်ယူနိုင်တော့မှာမို့ ကျွန်တော့နှလုံးသားတွေဟာ မိဘအားလုံးကိုကိုယ်စားပြုပြီး ပြုံးနေမိပါတယ်။
.
.
( ၇ ) နှစ်ဆက်တိုက် စွမ်း တက်ခဲ့တဲ့ကျောင်းတွေရဲ့ “ ညနေခင်း Back To School Night ” လာရောက်ရတာ စုစုပေါင်း ( ၇ ) ကြိမ် ရှိပါပြီ။ အခု ဘော့စတန်မြို့မှာ ပုဂ္ဂလိကတက္ကသိုလ်သွားတက်နေတဲ့ သမီး ( ၁၂ ) တန်း တုန်းက တစ်ကြိမ်နဲ့ပါဆို အားလုံး ( ၈ ) ခေါက် ဖြစ်ပါတယ်။ အရင်နှစ်တွေကတည်းက ဒါကိုရေးမလို့ပါပဲ။ ဒါပေမယ့် ကျွန်တော့ရဲ့လေ့လာအားကောင်းအောင် ဒီနှစ်ကျမှ ဆောင်းပါး ( ၃ ) ပုဒ်ခွဲပြီး ပြည့်ပြည့်စုံစုံတင်ပြရေးသားခွင့်ရလိုက်တဲ့အတွက် မြန်မာလူမျိုး မိဘ ( ၂ ) ပါး အနေနဲ့ ထိုက်ထိုက်တန်တန်ဂုဏ်ယူမိရင်း ပညာရေးသတင်းစကား ဝေဝေဆာဆာပါးလိုက်ရပါတယ်။
.
ခင်မင်ခြင်းမျာစွာဖြင့်
.
09-13-2015
.
.
Back To School Night အပိုင်း ( ၁ )
https://www.facebook.com/photo.php?fbid=1626746457613821&set=a.1377780475843755.1073741829.100008354461942&type=1&theater
.
Back To School Night အပိုင်း ( ၂ )
https://www.facebook.com/photo.php?fbid=1627148300906970&set=a.1377780475843755.1073741829.100008354461942&type=1&theater
.
.
“ ( ၇ ) ႏွစ္ၾကာ ( ၈ ) ၾကိမ္ေျမာက္ေရာက္ရွိခုိက္ Back To School Night ။ ၃ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ( ၈ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၅ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။












No comments: