ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, May 25, 2020

ဖယ်ရားရီကြောင့်လမ်ဘိုဂီးနီဖြစ်ပေါ်လာပုံအီတလီသမိုင်း


ဟိုးရှေးရှေးတုန်းက အင်မတန်အပြေးမြန်တဲ့မြင်းတစ်အုပ်ရှိတယ်။ အပြေးမြန်တဲ့မြင်းတွေကို တစ်ခြားသတ္တဝါတွေကအားကျရတဲ့အထဲမှာ နွားသိုးရိုင်းကြီးတစ်ကောင်လည်းပါသတဲ့။

တစ်နေ့တော့ နွားသိုးရိုင်းကြီးက ပြိုင်မြင်းတစ်ကောင်ကို သူ့ခွာသံကကြမ်းလွန်းပြီး အသံဆူလွန်းရုံမက မြေကြီးနဲ့အကြိမ်အများကြီးထောက်ရတဲ့စတီးခွာက ခဏခဏလဲပေးနေရတယ်လို့အကြံပြုမိတော့ ပြိုင်မြင်းကစိတ်ဆိုးသွားလေတော့တယ်။

ဒီအခါမှာ ပြိုင်မြင်းက မောက်မောက်မာမာပဲ "မင်းက ခန္ဓာကိုယ်ကြီးတော့ တုတ်တုတ်ခိုင်ခိုင်နဲ့ဆိုတော့ ပြိုင်မြင်းကောင်းတွေလိုဘယ်လိုလုပ်ကောင်းကောင်းပြေးနိုင်မလဲကွာ" ဆိုပြီး သူ့ရဲ့အကြံပြုချက်ကိုပျက်ရယ်ပြုခဲ့သတဲ့ကွယ်။

ကလေးတွေဆိုရင်တော့ ပုံပြင်က ဒီမှာတင်ပြီးသွားမှာပါ။ ဒါပေမဲ့ ပြိုင်ကားဝါသနာအိုးတွေအတွက်ဆက်ရှင်းပြစရာရှိနေပါသေးတယ်။ ဒီအဖြစ်အပျက်က ပုံပြင်မဟုတ်ဘဲ အီတလီနိုင်ငံမြောက်ပိုင်းမှာတစ်ကယ်ဖြစ်ခဲ့တာပါ။

စပျစ်ခြံလုပ်သားဇနီးမောင်နှံကမွေးဖွားခဲ့တဲ့ ဖယ်ရူးချိုလမ်ဘိုဂီးနီ-Ferruccio Lamborghini (https://www.youtube.com/watch?v=9SspgG2uynI) ဟာ စိုက်ပျိုးရေးဝါသနာမပါခဲ့ပါဘူး။ အဲဒီ့အစား စက်မှုယန္တရားဆိုင်ရာတွေကိုစိတ်ဝင်စားရင်း ဒုတိယကမ္ဘာစစ်မှာ လေတပ်ကနေပါဝင်ထမ်းဆောင်ခဲ့သူပါ။



တကုတ်ကုတ်နဲ့စက်အစုတ်တွေကိုလိုက်ပေါင်းစပ်ရင်း စစ်ဘက်ဆိုင်ရာမော်တာအဟောင်းတွေဟာ လမ်ဘိုဂီးနီအတွက် ထွန်စက်တွေ၊ ကိုယ်ပိုင်ထွင်ထားတဲ့လယ်ယာသုံးစက်ကြီးတွေဖြစ်လာပါတယ်။ ချမ်းသာလာတဲ့ လမ်ဘိုဂီးနီဟာ ပြိုင်ကားတွေစိတ်ဝင်စားလို့ ဝယ်ရင်း စီးရင်းနဲ့ ဖယ်ရားရီ-Ferrari (https://www.youtube.com/watch?v=NuHyQ_oRnzo) တစ်စီးပါဝင်ခဲ့တယ်။

ကားအကြောင်းနားလည်တဲ့ လမ်ဘိုဂီးနီဟာ သူတန်ဖိုးထားရတဲ့ ဖယ်ရားရီမှာ ပြင်ဆင်စရာတစ်ချို့ရှိနေတာကို စိတ်တိုင်းမကျဖြစ်လာမိတယ်။ ပြိုင်ကားကိုမောင်းတဲ့အခါအသံဆူလွန်းရုံမက ကားရဲ့ရုန်းကန်မှုဟာ လမ်းတွေပေါ်မှာကြမ်းတမ်းလွန်းတာကိုသတိပြုမိလာတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး ဖယ်ရားရီပြိုင်ကားရဲ့ လက်ထိုးဂီယာ-Stick Shift Gear နဲ့တွဲနင်းရတဲ့ ကလပ်-Clutch ကိုလည်း မကြာမကြာလဲပေးနေရတာကို သူစိတ်ပျက်လာတယ်။

၁၉၆ဝ ခုနှစ်ဝန်းကျင်မှာ အင်ဇိုဖယ်ရားရီ-Enzo Ferrari ရဲ့ ပြိုင်ကားတွေဟာ ကားလောကမှာဈေးအကြီးဆုံး၊ အမြန်ဆုံး၊ ဇိမ်ခံကားချစ်သူတိုင်းအတောင့်တရဆုံးဖြစ်ပါတယ်။ ဒီကားတစ်စီးကိုပိုင်ဆိုင်တဲ့ လမ်ဘိုဂီးနီဟာ ကားကုမ္ပဏီကို သူမြင်တဲ့ထင်မြင်ချက်တွေပေးပြီး ပိုမိုကောင်းမွန်တဲ့ပြိုင်ကားဖြစ်လာအောင် ကုမ္ပဏီသူဌေးဖယ်ရားရီကိုအကြံပေးခဲ့ပါတယ်။

ဖယ်ရားရီအမြင်မှာတော့ ဘာမလောက်လေးမလောက်စား ထရပ်ကားထုတ်တဲ့ချာတိတ်က ငါ့လိုထိပ်တန်းပြိုင်ကားထုတ်သူကို ဆရာလာလုပ်နေတယ်လို့ယူဆပြီး "မင်း ထွန်စက်ကြီးတစ်စီးကိုမောင်းချင်မောင်းနေနိုင်ပေမယ့် ဖယ်ရားရီတစ်စီးကိုတော့ ကောင်းကောင်းကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး" ဆိုပြီး ပြောလွှတ်လိုက်ပါတယ်။



ထရပ်ကားထုတ်သူတစ်ယောက်ရဲ့ "ပိုမိုကောင်းမွန်တဲ့ပြိုင်ကားဖြစ်ရာဖြစ်ကြောင်းအကြံဉာဏ်ကောင်းကိုလက်မခံရာကနေစပြီး" ပြိုင်ဘက်ပြိုင်ကားကုမ္ပဏီဖြစ်ပေါ်လာဖို့ အကြောင်းဖန်လာတာက လမ်ဘိုဂီးနီကို အသက် ၅ဝ မတိုင်ခင် ဒိတ်ဒိတ်ကျဲချမ်းသာတဲ့ဘဝကိုပို့ပေးခဲ့တယ်။ သူ့အကြံကိုလက်မခံတဲ့နောက် ၄ လ အကြာမှာ Lamborghini 350 GTV ဆိုတဲ့သူ့ကားမော်ဒယ်သစ်ကို Turin Motor Show မှာ ၁၉၆၃ ခုနှစ် အောက်တိုဘာလမှာတင်ခဲ့ပြီး ၁ နှစ်အတွင်း ၁၃ စီးရောင်းခဲ့ရတယ်။ (ဒီမောဒယ်ကို နောက်ပိုင်းမှာ Lamborghini 350 GT ဆိုပြီး ပြောင်းခဲ့ပါတယ်)


လမ်ဘိုဂီးနီဟာ ဖယ်ရားရီရဲ့ အားနည်းချက်တွေကိုအားသာချက်အဖြစ်ပြောင်းလဲပြီးသူ့စက်ရုံကိုတည်ဆောက်ခဲ့တယ်။ ဖယ်ရားရီအတွက်ထုတ်ပေးတဲ့ကားအင်ဂျင်ကုမ္ပဏီနဲ့ဆက်သွယ်ပြီးရုန်းအားကောင်းတဲ့၊ ပါဝါကြီးတဲ့အင်ဂျင်တွေဝယ်ခဲ့တယ်။ လမ်ဘိုဂီးနီဟာ အထူးကျွမ်းကျင်တဲ့ငယ်ရွယ်သူအင်ဂျင်နီယာ ၂ ယောက်ကိုခန့်ပြီး ကားအစိတ်အပိုင်းတွေကိုစိတ်တိုင်းကျမှာယူတပ်ဆင်တယ်။


ထူးခြားချက်တစ်ခုက ပင်မကားစက်ရုံရဲ့ဘေးမှာ လမ်ဘိုဂီးနီက အုပ်ချုပ်ရေးရုံးကိုထားလိုက်တာပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း ပညာရှင်၊ စိတ်မထင်ရင်မထင်သလို ရုံးခန်းဘေးစက်ရုံထဲကို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ အင်ဂျင်နီယာတွေကိုစိတ်တိုင်းကျကြီးကြပ်နိုင်တာဖြစ်လို့ လမ်ဘိုဂီးနီရဲ့တီထွင်မှုစွမ်းအားဟာ ဖယ်ရားရီနဲ့တမဟုတ်ချင်းယှဉ်ပြိုင်လာနိုင်ခဲ့တယ်။


"ပေးတဲ့အကြံကိုလက်မခံလိုက်ခြင်း" ဆိုတဲ့ မခံချင်စိတ်တစ်ခုကြောင့်၂ဝ ရာစုပြိုင်ကားလောကမှာ အီတလီနိုင်ငံအတွက်ယှဉ်ပြိုင်လို့မဆုံးနိုင်တဲ့ ပြိုင်မြင်းတစ်ကောင်နဲ့နွားသိုးတစ်ကောင်တို့ပေါ်ပေါက်လာပါတော့တယ်။ အခုချိန်မှာများ မိတ်ဆွေမှာပိုက်ဆံရှိလို့ ကားအကောင်းစားဝယ်ချင်ရင် ပြိုင်မြင်းတံဆိပ်ကိုယ်စားပြု ဖယ်ရားရီ-Ferrari ဝယ်မလား . . နွားသိုးရိုင်းတံဆိပ်ကိုယ်စားပြု-Lamborghini ဝယ်မလားဆိုတာ ဝေခွဲရခက်တဲ့ကာလဖြစ်နေကြတာ အီတလီကားသမိုင်းရဲ့မဟာအောင်မြင်မှုလို့ပြောလို့ရပါတယ်။


ပုံပြင် နဲ့ ပုံပြင်မဟုတ်တဲ့ဆင်ခြင်စရာတို့ကိုပြန်ဆက်စပ်လိုက်ရရင် ဒီလိုပြိုင်ဘက်ဖြစ်လာလို့ ဒီဘက်ခေတ်ပြိုင်ကားလောကမှာရွေးချယ်စရာများလာခဲ့တယ်။ သုံးစွဲသူအတွက်ပိုကောင်းအောင်အမြဲကြံဆရင်း တစ်ချက်ကလေးမှအိပ်မငိုက်မိရလေအောင် ကိုယ့်အလုပ်ကိုယ် ဂရုတစိုက်လုပ်လာကြတယ်။

ဒီကနေတစ်ဆင့်တက်ပြီး "မင်းဘယ်လောက်ထွင်နိုင်လဲ? ငါဘယ်‌လောက်ထွင်နိင်သလဲ?" ဆိုပြီး သူတို့ရဲ့ခံနိုင်ရည်စွမ်းရည် နဲ့ တီထွင်နိုင်မှုစွမ်းအားတွေကို လီဗာကုန်မောင်းနှင်ကြတာ အခု ၂၁ ခေတ်ရာစုနှစ်အထိပါပဲ။ လူကြီးကားချစ်သူတွေအလှည့်ပြီးရင် ပုံပြင်အဆုံးသတ်လေးဆက်ပြောရအောင်။

ကလေးတို့ရေ ကလေးတို့က အပြေးမြန်တိုင်း သိပ်ကောင်းတဲ့ရလဒ်ကိုအမြဲရနေလိမ့်မယ်လို့ထင်ကြတတ်တာ လောကရဲ့ဓမ္မတာပဲကွယ့်။ အခြားတစ်ဖက်မှာတော့ ဒီအောင်မြင်မှုကပဲ သူတစ်ပါးကပေးလာတဲ့ကောင်းမွန်အကျိုးရှိမယ့်အကြံကောင်း ဉာဏ်ကောင်းတွေကို ပယ်ချမိတတ်တယ်။ အဲဒါက မာနလို့ခေါ်တယ်နော်။ မှတ်ထားကြ။


သူတစ်ပါးက ကလေးတို့ကိုကောင်းဖို့ပြောတာဆိုရင် လိုက်လုပ်တာမလုပ်တာအသာထား သေသေချာချာနားထောင်ကွဲ့။ နွားသိုးရိုင်းကပြောပြော မပြေးနိုင်တဲ့သတ္တဝါကပဲပြောပြော ဘယ်သူ့နားကမဆို အကြံကောင်းတွေဆိုတာ ရတတ်တယ်။ အခု ပုံပြင်ထဲကလို နွားသိုးရိုင်းကြီးက သူ့အကြံကိုလက်မခံလို့ သူကိုယ်တိုင်အပြေးလေ့ကျင့်လို့သန်မြန်အစွမ်းထက်သွားလိုက်တာ ကလေးတို့ ပြိုင်မြင်းတွေတောင် အမှီပြန်လိုက်နေရတယ်မဟုတ်လားနော်။

အကောင်းဆုံးကတော့ ကလေးတို့ရဲ့အားနည်းချက်ကို ကိုယ်တိုင်ရှာ၊ ပြန်ပြင်၊ အပြုသဘောစိတ်ထားနဲ့ အကောင်းမြင်စိတ်ဓာတ်ကိုယှဉ်ပါးအောင်လုပ်ထားရမယ်။ ကလေးတို့ရဲ့မာနကြောင့် ပြိုင်နေတုန်း ခွာခေါက်လဲတတ်တာကိုလည်း သတိထားကြကွယ့်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

Reference: Entrepreneur Mindset and Several Articles

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-25-2020

<Zawgyi>

"ဖယ္ရားရီေၾကာင့္လမ္ဘိုဂီးနီျဖစ္ေပၚလာပုံအီတလီသမိုင္း"
          ဟိုးေရွးေရွးတုန္းက အင္မတန္အေျပးျမန္တဲ့ျမင္းတစ္အုပ္ရွိတယ္။ အေျပးျမန္တဲ့ျမင္းေတြကို တစ္ျခားသတၱဝါေတြကအားက်ရတဲ့အထဲမွာ ႏြားသိုးရိုင္းႀကီးတစ္ေကာင္လည္းပါသတဲ့။ 

          တစ္ေန႔ေတာ့ ႏြားသိုးရိုင္းႀကီးက ၿပိဳင္ျမင္းတစ္ေကာင္ကို သူ႔ခြာသံကၾကမ္းလြန္းၿပီး အသံဆူလြန္း႐ုံမက ေျမႀကီးနဲ႔အႀကိမ္အမ်ားႀကီးေထာက္ရတဲ့စတီးခြာက ခဏခဏလဲေပးေနရတယ္လို႔အႀကံျပဳမိေတာ့ ၿပိဳင္ျမင္းကစိတ္ဆိုးသြားေလေတာ့တယ္။ 

          ဒီအခါမွာ ၿပိဳင္ျမင္းက ေမာက္ေမာက္မာမာပဲ "မင္းက ခႏၶာကိုယ္ႀကီးေတာ့ တုတ္တုတ္ခိုင္ခိုင္နဲ႔ဆိုေတာ့ ၿပိဳင္ျမင္းေကာင္းေတြလိုဘယ္လိုလုပ္ေကာင္းေကာင္းေျပးနိုင္မလဲကြာ" ဆိုၿပီး သူ႔ရဲ့အႀကံျပဳခ်က္ကိုပ်က္ရယ္ျပဳခဲ့သတဲ့ကြယ္။ 

          ကေလးေတြဆိုရင္ေတာ့ ပုံျပင္က ဒီမွာတင္ၿပီးသြားမွာပါ။ ဒါေပမဲ့ ၿပိဳင္ကားဝါသနာအိုးေတြအတြက္ဆက္ရွင္းျပစရာရွိေနပါေသးတယ္။ ဒီအျဖစ္အပ်က္က ပုံျပင္မဟုတ္ဘဲ အီတလီနိုင္ငံေျမာက္ပိုင္းမွာတစ္ကယ္ျဖစ္ခဲ့တာပါ။ 

          စပ်စ္ၿခံလုပ္သားဇနီးေမာင္ႏွံကေမြးဖြားခဲ့တဲ့ ဖယ္႐ူးခ်ိဳလမ္ဘိုဂီးနီ-Ferruccio Lamborghini (https://www.youtube.com/watch?v=9SspgG2uynI) ဟာ စိုက္ပ်ိဳးေရးဝါသနာမပါခဲ့ပါဘူး။ အဲဒီ့အစား စက္မႈယႏၲရားဆိုင္ရာေတြကိုစိတ္ဝင္စားရင္း ဒုတိယကမၻာစစ္မွာ ေလတပ္ကေနပါဝင္ထမ္းေဆာင္ခဲ့သူပါ။ 

          တကုတ္ကုတ္နဲ႔စက္အစုတ္ေတြကိုလိုက္ေပါင္းစပ္ရင္း စစ္ဘက္ဆိုင္ရာေမာ္တာအေဟာင္းေတြဟာ လမ္ဘိုဂီးနီအတြက္ ထရပ္ကားေတြ၊ ကိုယ္ပိုင္ထြင္ထားတဲ့လယ္ယာသုံးစက္ႀကီးေတြျဖစ္လာပါတယ္။ ခ်မ္းသာလာတဲ့ လမ္ဘိုဂီးနီဟာ ၿပိဳင္ကားေတြစိတ္ဝင္စားလို႔ ဝယ္ရင္း စီးရင္းနဲ႔ ဖယ္ရားရီ-Ferrari (https://www.youtube.com/watch?v=NuHyQ_oRnzo) တစ္စီးပါဝင္ခဲ့တယ္။ 

          ကားအေၾကာင္းနားလည္တဲ့ လမ္ဘိုဂီးနီဟာ သူတန္ဖိုးထားရတဲ့ ဖယ္ရားရီမွာ ျပင္ဆင္စရာတစ္ခ်ိဳ႕ရွိေနတာကို စိတ္တိုင္းမက်ျဖစ္လာမိတယ္။ ၿပိဳင္ကားကိုေမာင္းတဲ့အခါအသံဆူလြန္း႐ုံမက ကားရဲ့႐ုန္းကန္မႈဟာ လမ္းေတြေပၚမွာၾကမ္းတမ္းလြန္းတာကိုသတိျပဳမိလာတယ္။ ဒါတင္ပဲလားဆိုေတာ့မဟုတ္ေသးဘူး ဖယ္ရားရီၿပိဳင္ကားရဲ့ လက္ထိုးဂီယာ-Stick Shift Gear နဲ႔တြဲနင္းရတဲ့ ကလပ္-Clutch ကိုလည္း မၾကာမၾကာလဲေပးေနရတာကို သူစိတ္ပ်က္လာတယ္။ 

          ၁၉၆ဝ ခုႏွစ္ဝန္းက်င္မွာ အင္ဇိုဖယ္ရားရီ-Enzo Ferrari ရဲ့ ၿပိဳင္ကားေတြဟာ ကားေလာကမွာေဈးအႀကီးဆုံး၊ အျမန္ဆုံး၊ ဇိမ္ခံကားခ်စ္သူတိုင္းအေတာင့္တရဆုံးျဖစ္ပါတယ္။ ဒီကားတစ္စီးကိုပိုင္ဆိုင္တဲ့ လမ္ဘိုဂီးနီဟာ ကားကုမၸဏီကို သူျမင္တဲ့ထင္ျမင္ခ်က္ေတြေပးၿပီး ပိုမိုေကာင္းမြန္တဲ့ၿပိဳင္ကားျဖစ္လာေအာင္ ကုမၸဏီသူေဌးဖယ္ရားရီကိုအႀကံေပးခဲ့ပါတယ္။ 

          ဖယ္ရားရီအျမင္မွာေတာ့ ဘာမေလာက္ေလးမေလာက္စား ထရပ္ကားထုတ္တဲ့ခ်ာတိတ္က ငါ့လိုထိပ္တန္းၿပိဳင္ကားထုတ္သူကို ဆရာလာလုပ္ေနတယ္လို႔ယူဆၿပီး "မင္း ထရပ္ကားႀကီးတစ္စီးကိုေမာင္းခ်င္ေမာင္းေနနိုင္ေပမယ့္ ဖယ္ရားရီတစ္စီးကိုေတာ့ ေကာင္းေကာင္းကိုင္တြယ္နိုင္မွာမဟုတ္ပါဘူး" ဆိုၿပီး ေျပာလႊတ္လိုက္ပါတယ္။ 

          ထရပ္ကားထုတ္သူတစ္ေယာက္ရဲ့ "ပိုမိုေကာင္းမြန္တဲ့ၿပိဳင္ကားျဖစ္ရာျဖစ္ေၾကာင္းအႀကံဉာဏ္ေကာင္းကိုလက္မခံရာကေနစၿပီး"  ၿပိဳင္ဘက္ၿပိဳင္ကားကုမၸဏီျဖစ္ေပၚလာဖို႔ အေၾကာင္းဖန္လာတာက လမ္ဘိုဂီးနီကို အသက္ ၅ဝ မတိုင္ခင္ ဒိတ္ဒိတ္က်ဲခ်မ္းသာတဲ့ဘဝကိုပို႔ေပးခဲ့တယ္။ သူ႔အႀကံကိုလက္မခံတဲ့ေနာက္ ၄ လ အၾကာမွာ Lamborghini 350 GTV ဆိုတဲ့သူ႔ကားေမာ္ဒယ္သစ္ကို Turin Motor Show မွာ ၁၉၆၃ ခုႏွစ္ ေအာက္တိုဘာလမွာတင္ခဲ့ၿပီး ၁ ႏွစ္အတြင္း ၁၃ စီးေရာင္းခဲ့ရတယ္။ (ဒီေမာ္ဒယ္ကို ေနာက္ပိုင္းမွာ Lamborghini 350 GT ဆိုၿပီး ေျပာင္းခဲ့ပါတယ္) 

        လမ္ဘိုဂီးနီဟာ ဖယ္ရားရီရဲ့ အားနည္းခ်က္ေတြကိုအားသာခ်က္အျဖစ္ေျပာင္းလဲၿပီးသူ႔စက္႐ုံကိုတည္ေဆာက္ခဲ့တယ္။ ဖယ္ရားရီအတြက္ထုတ္ေပးတဲ့ကားအင္ဂ်င္ကုမၸဏီနဲ႔ဆက္သြယ္ၿပီး႐ုန္းအားေကာင္းတဲ့၊ ပါဝါႀကီးတဲ့အင္ဂ်င္ေတြဝယ္ခဲ့တယ္။ လမ္ဘိုဂီးနီဟာ အထူးကၽြမ္းက်င္တဲ့ငယ္ရြယ္သူအင္ဂ်င္နီယာ ၂ ေယာက္ကိုခန႔္ၿပီး ကားအစိတ္အပိုင္းေတြကိုစိတ္တိုင္းက်မွာယူတပ္ဆင္တယ္။ 

          ထူးျခားခ်က္တစ္ခုက ပင္မကားစက္႐ုံရဲ့ေဘးမွာ လမ္ဘိုဂီးနီက အုပ္ခ်ဳပ္ေရး႐ုံးကိုထားလိုက္တာပါပဲ။ ကိုယ္ကိုယ္တိုင္ကလည္း ပညာရွင္၊ စိတ္မထင္ရင္မထင္သလို ႐ုံးခန္းေဘးစက္႐ုံထဲကို ဝင္ခ်င္သလိုဝင္၊ ထြက္ခ်င္သလိုထြက္၊ အင္ဂ်င္နီယာေတြကိုစိတ္တိုင္းက်ႀကီးၾကပ္နိုင္တာျဖစ္လို႔ လမ္ဘိုဂီးနီရဲ့တီထြင္မႈစြမ္းအားဟာ ဖယ္ရားရီနဲ႔တမဟုတ္ခ်င္းယွဥ္ၿပိဳင္လာနိုင္ခဲ့တယ္။ 

          "ေပးတဲ့အႀကံကိုလက္မခံလိုက္ျခင္း" ဆိုတဲ့ မခံခ်င္စိတ္တစ္ခုေၾကာင့္၂ဝ ရာစုၿပိဳင္ကားေလာကမွာ အီတလီနိုင္ငံအတြက္ယွဥ္ၿပိဳင္လို႔မဆုံးနိုင္တဲ့ ၿပိဳင္ျမင္းတစ္ေကာင္နဲ႔ႏြားသိုးတစ္ေကာင္တို႔ေပၚေပါက္လာပါေတာ့တယ္။ အခုခ်ိန္မွာမ်ား မိတ္ေဆြမွာပိုက္ဆံရွိလို႔ ကားအေကာင္းစားဝယ္ခ်င္ရင္ ၿပိဳင္ျမင္းတံဆိပ္ကိုယ္စားျပဳ ဖယ္ရားရီ-Ferrari ဝယ္မလား . . ႏြားသိုးရိုင္းတံဆိပ္ကိုယ္စားျပဳ-Lamborghini ဝယ္မလားဆိုတာ ေဝခြဲရခက္တဲ့ကာလျဖစ္ေနၾကတာ အီတလီကားသမိုင္းရဲ့မဟာေအာင္ျမင္မႈလို႔ေျပာလို႔ရပါတယ္။

          ပုံျပင္ နဲ႔ ပုံျပင္မဟုတ္တဲ့ဆင္ျခင္စရာတို႔ကိုျပန္ဆက္စပ္လိုက္ရရင္ ဒီလိုၿပိဳင္ဘက္ျဖစ္လာလို႔ ဒီဘက္ေခတ္ၿပိဳင္ကားေလာကမွာေရြးခ်ယ္စရာမ်ားလာခဲ့တယ္။ သုံးစြဲသူအတြက္ပိုေကာင္းေအာင္အျမဲႀကံဆရင္း တစ္ခ်က္ကေလးမွအိပ္မငိုက္မိရေလေအာင္ ကိုယ့္အလုပ္ကိုယ္ ဂ႐ုတစိုက္လုပ္လာၾကတယ္။ 

          ဒီကေနတစ္ဆင့္တက္ၿပီး "မင္းဘယ္ေလာက္ထြင္နိုင္လဲ? ငါဘယ္‌ေလာက္ထြင္နိင္သလဲ?" ဆိုၿပီး သူတို႔ရဲ့ခံနိုင္ရည္စြမ္းရည္ နဲ႔ တီထြင္နိုင္မႈစြမ္းအားေတြကို လီဗာကုန္ေမာင္းႏွင္ၾကတာ အခု ၂၁ ေခတ္ရာစုႏွစ္အထိပါပဲ။ လူႀကီးကားခ်စ္သူေတြအလွည့္ၿပီးရင္ ပုံျပင္အဆုံးသတ္ေလးဆက္ေျပာရေအာင္။ 

          ကေလးတို႔ေရ ကေလးတို႔က အေျပးျမန္တိုင္း သိပ္ေကာင္းတဲ့ရလဒ္ကိုအျမဲရေနလိမ့္မယ္လို႔ထင္ၾကတတ္တာ ေလာကရဲ့ဓမၼတာပဲကြယ့္။ အျခားတစ္ဖက္မွာေတာ့ ဒီေအာင္ျမင္မႈကပဲ သူတစ္ပါးကေပးလာတဲ့ေကာင္းမြန္အက်ိဳးရွိမယ့္အႀကံေကာင္း ဉာဏ္ေကာင္းေတြကို ပယ္ခ်မိတတ္တယ္။ အဲဒါက မာနလို႔ေခၚတယ္ေနာ္။ မွတ္ထားၾက။ 

          သူတစ္ပါးက ကေလးတို႔ကိုေကာင္းဖို႔ေျပာတာဆိုရင္ လိုက္လုပ္တာမလုပ္တာအသာထား ေသေသခ်ာခ်ာနားေထာင္ကြဲ႕။ ႏြားသိုးရိုင္းကေျပာေျပာ မေျပးနိုင္တဲ့သတၱဝါကပဲေျပာေျပာ ဘယ္သူ႔နားကမဆို အႀကံေကာင္းေတြဆိုတာ ရတတ္တယ္။ အခု ပုံျပင္ထဲကလို ႏြားသိုးရိုင္းႀကီးက သူ႔အႀကံကိုလက္မခံလို႔ သူကိုယ္တိုင္အေျပးေလ့က်င့္လို႔သန္ျမန္အစြမ္းထက္သြားလိုက္တာ ကေလးတို႔ ၿပိဳင္ျမင္းေတြေတာင္ အမွီျပန္လိုက္ေနရတယ္မဟုတ္လားေနာ္။

           အေကာင္းဆုံးကေတာ့ ကေလးတို႔ရဲ့အားနည္းခ်က္ကို ကိုယ္တိုင္ရွာ၊ ျပန္ျပင္၊ အျပဳသေဘာစိတ္ထားနဲ႔ အေကာင္းျမင္စိတ္ဓာတ္ကိုယွဥ္ပါးေအာင္လုပ္ထားရမယ္။ ကေလးတို႔ရဲ့မာနေၾကာင့္ ၿပိဳင္ေနတုန္း ခြာေခါက္လဲတတ္တာကိုလည္း သတိထားၾကကြယ့္။ ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။

Reference: Entrepreneur Mindset and Several Articles

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)

05-25-2020

No comments: