ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, March 14, 2017

မီးပံုၾကီး၊ ပင္လယ္ေအာ္ႏွင္႕လဲႏုိင္သည္႕အရာ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

. မနက္မနက္နာမိတဲ႕တရားေတာ္ကေန ဆရာေတာ္ဘုရားရဲ႕ေဟာၾကားမႈက ငယ္ထိပ္ကိုထိပါတယ္။ အက်ဥ္းခ်ဳပ္လိုက္ရင္ “ မီးပံုၾကီး နဲ႕ ပင္လယ္ေအာ္ ” ဆိုတဲ႕ဥပမာက ဆန္႕က်င္ဘက္ေတြကိုေဟာလုိက္သလား? 
ပူေလာင္
ေအးျမ
ျမင္႕တက္
နက္နဲမႈ တုိ႕ကုိ မိန္႕ၾကားလိုက္သလားဆုိတာ သိခ်င္ၾကေလာက္ေရာေပါ႕။
.
. မီးပံုၾကီးဟာ ေလာင္တယ္။ သူ႕ဟာသူ ေလာင္တယ္။ သူမ်ားကိုလည္း ေလာင္တယ္။ မေလာင္ေသးတဲ႕အရာဝတၳဳေတြကုိလည္း ပူေလာင္ကြ်မ္းေျမ႕ေစတယ္။ ဒါ႕အျပင္ မီး ဆုိတဲ႕အသံကုိၾကားရင္ လူေတြက လန္႕ကုန္တယ္။ ေကာင္းတာထက္စာရင္ မေကာင္းတာတစ္ခုခုမ်ားလုပ္သြားေလမလားဆုိတဲ႕အေတြးကို မထင္မွတ္ပဲ ခုိးဝင္ေစတယ္။ ဒါဆိုရင္ ပင္လယ္ေအာ္ ကေရာ . . ေအးျမေနသတဲ႕လား?
.
.
. ပင္လယ္ဟာ လိႈင္းၾကီး၊ လိႈင္းေသး၊ လိႈင္းၾကပ္ခြပ္ ဘယ္လုိလိႈင္းမ်ိဳးကိုမဆို လႈပ္ရွားသမွ် ဆတ္ဆတ္မထိတုံ႕ျပန္တယ္။ ဒီဘက္ကမ္းကလူကို ေနာက္တစ္ဖက္ကမ္းကို မမွီမကမ္းျဖစ္ရံုမက မျမင္ရေလေအာင္ သူ႕ “ ေရ ” ေတြနဲ႕ ကာထား ျခားထားတယ္။ ဒီလိုပဲ ပင္လယ္ဆုိတဲ႕အသံၾကားရင္ လူေတြဟာ ေရလယ္ကိုမသြားရဲတဲ႕အျပင္ ကမ္းေျခမွာအပန္းေျဖဖို႕ကိုပဲ သိၾကတယ္။ ေရနစ္တတ္တယ္ဆုိတဲ႕ စုိးစိတ္ေၾကာင္႕ ေဝးေဝးကေရွာင္ၾကတယ္။ ဒါဆိုရင္ ပုိနက္ရွိင္းက်ယ္ျပန္႕တဲ႕ ပင္လယ္ေအာ္ျဖစ္ခဲ႕မယ္ဆုိရင္ေရာ . .?
.
. ဆရာေတာ္ေဟာၾကားတာက အေပၚမွာေရးျပခဲ႕သလို ရည္ရြယ္ရင္းနမူနာတစ္ခုမွ မပါပါဘူး။ ဒီ႕အတြက္လည္း စိတ္မရွိၾကပါနဲ႕။ ေတြးမိတာကုိေရးမိတုိင္း သူမ်ားအေတြး နဲ႕ မတူတတ္တာထံုးစံပါပဲ။ ဒါ႕အျပင္ အမ်ားမွန္းထားတဲ႕အတုိင္း ဖတ္ခြင္႕မရၾကတာ ဓမၼတာပါပဲ။ ဒါကိုမွ မလိုခ်င္လို႕ မရ၊ စိတ္တုိင္းက မက်၊ ျငင္းပယ္လို႕မလြယ္၊ ေရွာင္လြဲဖို႕ခက္တာဟာ ေလာကီလူသားတို႕ရဲ႕ ေလာကဓံတရားပဲမဟုတ္ပါလား။


.
.
. တရားေတာ္အလုိအရ မီးပံုၾကီးကိုဘာထည္႕ထည္႕ “ ျပည္႕သြားတယ္မရွိပါဘူး ” ။ ပင္လယ္ေအာ္ၾကီးကို ဘာစီးဝင္ စီးဝင္ “ လွ်ံက်သြားတယ္ရယ္လို႕မရွိပါဘူး ” ။ ဒီလိုပါပဲ လုိခ်င္တပ္မက္မႈ - ေလာဘ ဟာ “ ဘယ္လိုနည္းနဲ႕မွရပ္မသြားပါဘူး ” ဆုိတာကို နာၾကားမိတဲ႕အခါ အခုေခတ္အခါနဲ႕ကိုက္ညီတဲ႕ဥပမာတစ္ခုနဲ႕ေျပာင္းလဲျပီး ႏွလံုးသြင္းၾကည္႕မိတယ္။
.
. ဒီတရားေတာ္ရဲ႕ “ ဘာထည္႕ထည္႕မျပည္႕ဘူး ” ဆိုတဲ႕ ေက်ာရုိးမ႑ိဳင္ကိုယူျပီး အခုမ်က္ေမွာက္ကာလနဲ႕ေၾကာင္းက်ိဳးညီညြတ္စြာ အစားထုိးႏိုင္တဲ႕ “ နာမ္စား ” တစ္ခုက ကြ်န္ေတာ႕စိတ္ကူးထဲကိုေရာက္လာတယ္။ အဲဒါကေတာ႕ အမွန္ကိုအမွန္ဟု ျမင္ႏုိင္ျခင္း၊ အေကာင္းအဆိုး အေၾကာင္းအက်ိဳးကို ခြဲျခားတတ္ျခင္း၊ ျဖစ္ရင္းေၾကာင္းအမွန္ကို သိလိုျခင္း၊ လုပ္နည္းအမွန္ကို တတ္လိုျခင္း၊ စူးစမ္းပ႔ဲျပင္မႈ ရွိျခင္း၊ အမ်ားႏွင္႕သင္႕တင္႕ေလ်ာက္ပတ္ေအာင္ ဆက္ဆံတတ္ျခင္း စတာေတြပါဝင္တဲ႕ “ ပညာ ” ပဲ ျဖစ္ပါတယ္။
.
.
. ဒါဆိုရင္ ကြ်န္ေတာ္ေရးျပခဲ႕တဲ႕ “ မီးပံုၾကီး နဲ႕ ပင္လယ္ေအာ္ ” ဥပမာ ( ၂ ) ခု စလံုးကို တစ္ေခါက္ျပန္သြားျပီး ဖတ္ေပးပါ။ “ မီးပံုၾကီး ” ေနရာမွာ ( ပညာ ) လို႕ ထည္႕ဖတ္ပါ။ “ ပင္လယ္ေအာ္ ” ေနရာမွာ ( ပညာ ) လို႕ ထည္႕စဥ္းစားပါ။ ဒီ႕ေနာက္မွာ အဓိပၸာယ္အားလံုးဟာ ေျပာင္းျပန္ပက္လက္ၾကီး ျဖစ္သြားတဲ႕အျပင္ . .
.
အေကာင္းဘက္ကို လက္ခံလာႏုိင္ပါလိမ္႕မယ္။
.
အျပဳသေဘာေဆာင္တဲ႕ လုပ္ရပ္ေတြကုိ စဥ္းစားလာႏိုင္ပါမယ္။
.
အျပစ္ကိုအျပစ္လို႕ျမင္ျပီး သင္ယူခ်င္စိတ္ျပင္းပ်လာပါလိမ္႕မယ္။
.
မိမိပညာတတ္ဖို႕ပဲ စိတ္ပူပါ။ သူတစ္ပါး ပညာမရွိတာကို ကိုယ္စားဝင္ျပီးစိတ္အဆင္းရဲမခံပါနဲ႕။
.
ဒီနည္းအားျဖင္႕ မိတ္ေဆြတို႕ရဲ႕အနာဂါတ္ဘဝေခ်ာ႕ေမြ႕ဖို႕ အပူမီးနဲ႕ေဝးႏုိင္သလို အေအးခဲလြန္ျခင္းနဲ႕ ကင္းေဝးသြားႏုိင္ပါတယ္။ ဒါ႕ထက္အက်ိဳးရွိေအာင္ အိပ္ယာထလိုက္တဲ႕ မိတ္ေဆြတို႕ရဲ႕မနက္ျဖန္တိုင္းလွပဖို႕ “ မီးပံုၾကီး နဲ႕ ပင္လယ္ေအာ္ ” အေၾကာင္းကို ဘက္ေပါင္းစံုက ေထာင္႕ေစ႕ေအာင္ဆက္လက္ေတြးေတာျပီး မြန္းတည္႕၊ ေန႕႔လည္၊ ညေန တို႕ဆီ ေပါ႕ေပါ႕ပါးပါးသယ္ေဆာင္သြားရင္း ခက္ခဲတဲ႕မဟူရာညည္႕နက္သန္းေခါင္ေတြကို ျငိမ္႕ျငိမ္႕ေအးေအး ျဖတ္ေက်ာ္ႏုိင္ၾကပါေစ . .။
.
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 03-10-2017
.
.
Unicode Version:
.
.
. “ မီးပုံကြီး၊ ပင်လယ်အော်နှင့်လဲနိုင်သည့်အရာ ”
. မနက်မနက်နာမိတဲ့တရားတော်ကနေ ဆရာတော်ဘုရားရဲ့ဟောကြားမှုက ငယ်ထိပ်ကိုထိပါတယ်။ အကျဉ်းချုပ်လိုက်ရင် “ မီးပုံကြီး နဲ့ ပင်လယ်အော် ” ဆိုတဲ့ဥပမာက ဆန့်ကျင်ဘက်တွေကိုဟောလိုက်သလား?
ပူလောင်
အေးမြ
မြင့်တက်
နက်နဲမှု တို့ကို မိန့်ကြားလိုက်သလားဆိုတာ သိချင်ကြလောက်ရောပေါ့။
.
. မီးပုံကြီးဟာ လောင်တယ်။ သူ့ဟာသူ လောင်တယ်။ သူများကိုလည်း လောင်တယ်။ မလောင်သေးတဲ့အရာဝတ္ထုတွေကိုလည်း ပူလောင်ကျွမ်းမြေ့စေတယ်။ ဒါ့အပြင် မီး ဆိုတဲ့အသံကိုကြားရင် လူတွေက လန့်ကုန်တယ်။ ကောင်းတာထက်စာရင် မကောင်းတာတစ်ခုခုများလုပ်သွားလေမလားဆိုတဲ့အတွေးကို မထင်မှတ်ပဲ ခိုးဝင်စေတယ်။ ဒါဆိုရင် ပင်လယ်အော် ကရော . . အေးမြနေသတဲ့လား?
.
.
. ပင်လယ်ဟာ လှိုင်းကြီး၊ လှိုင်းသေး၊ လှိုင်းကြပ်ခွပ် ဘယ်လိုလှိုင်းမျိုးကိုမဆို လှုပ်ရှားသမျှ ဆတ်ဆတ်မထိတုံ့ပြန်တယ်။ ဒီဘက်ကမ်းကလူကို နောက်တစ်ဖက်ကမ်းကို မမှီမကမ်းဖြစ်ရုံမက မမြင်ရလေအောင် သူ့ “ ရေ ” တွေနဲ့ ကာထား ခြားထားတယ်။ ဒီလိုပဲ ပင်လယ်ဆိုတဲ့အသံကြားရင် လူတွေဟာ ရေလယ်ကိုမသွားရဲတဲ့အပြင် ကမ်းခြေမှာအပန်းဖြေဖို့ကိုပဲ သိကြတယ်။ ရေနစ်တတ်တယ်ဆိုတဲ့ စိုးစိတ်ကြောင့် ဝေးဝေးကရှောင်ကြတယ်။ ဒါဆိုရင် ပိုနက်ရှိင်းကျယ်ပြန့်တဲ့ ပင်လယ်အော်ဖြစ်ခဲ့မယ်ဆိုရင်ရော . .?
.
. ဆရာတော်ဟောကြားတာက အပေါ်မှာရေးပြခဲ့သလို ရည်ရွယ်ရင်းနမူနာတစ်ခုမှ မပါပါဘူး။ ဒီ့အတွက်လည်း စိတ်မရှိကြပါနဲ့။ တွေးမိတာကိုရေးမိတိုင်း သူများအတွေး နဲ့ မတူတတ်တာထုံးစံပါပဲ။ ဒါ့အပြင် အများမှန်းထားတဲ့အတိုင်း ဖတ်ခွင့်မရကြတာ ဓမ္မတာပါပဲ။ ဒါကိုမှ မလိုချင်လို့ မရ၊ စိတ်တိုင်းက မကျ၊ ငြင်းပယ်လို့မလွယ်၊ ရှောင်လွဲဖို့ခက်တာဟာ လောကီလူသားတို့ရဲ့ လောကဓံတရားပဲမဟုတ်ပါလား။
.
.
. တရားတော်အလိုအရ မီးပုံကြီးကိုဘာထည့်ထည့် “ ပြည့်သွားတယ်မရှိပါဘူး ” ။ ပင်လယ်အော်ကြီးကို ဘာစီးဝင် စီးဝင် “ လျှံကျသွားတယ်ရယ်လို့မရှိပါဘူး ” ။ ဒီလိုပါပဲ လိုချင်တပ်မက်မှု - လောဘ ဟာ “ ဘယ်လိုနည်းနဲ့မှရပ်မသွားပါဘူး ” ဆိုတာကို နာကြားမိတဲ့အခါ အခုခေတ်အခါနဲ့ကိုက်ညီတဲ့ဥပမာတစ်ခုနဲ့ပြောင်းလဲပြီး နှလုံးသွင်းကြည့်မိတယ်။
.
. ဒီတရားတော်ရဲ့ “ ဘာထည့်ထည့်မပြည့်ဘူး ” ဆိုတဲ့ ကျောရိုးမဏ္ဍိုင်ကိုယူပြီး အခုမျက်မှောက်ကာလနဲ့ကြောင်းကျိုးညီညွတ်စွာ အစားထိုးနိုင်တဲ့ “ နာမ်စား ” တစ်ခုက ကျွန်တော့စိတ်ကူးထဲကိုရောက်လာတယ်။ အဲဒါကတော့ အမှန်ကိုအမှန်ဟု မြင်နိုင်ခြင်း၊ အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားတတ်ခြင်း၊ ဖြစ်ရင်းကြောင်းအမှန်ကို သိလိုခြင်း၊ လုပ်နည်းအမှန်ကို တတ်လိုခြင်း၊ စူးစမ်းပဲ့ပြင်မှု ရှိခြင်း၊ အများနှင့်သင့်တင့်လျောက်ပတ်အောင် ဆက်ဆံတတ်ခြင်း စတာတွေပါဝင်တဲ့ “ ပညာ ” ပဲ ဖြစ်ပါတယ်။
.
.
. ဒါဆိုရင် ကျွန်တော်ရေးပြခဲ့တဲ့ “ မီးပုံကြီး နဲ့ ပင်လယ်အော် ” ဥပမာ ( ၂ ) ခု စလုံးကို တစ်ခေါက်ပြန်သွားပြီး ဖတ်ပေးပါ။ “ မီးပုံကြီး ” နေရာမှာ ( ပညာ ) လို့ ထည့်ဖတ်ပါ။ “ ပင်လယ်အော် ” နေရာမှာ ( ပညာ ) လို့ ထည့်စဉ်းစားပါ။ ဒီ့နောက်မှာ အဓိပ္ပာယ်အားလုံးဟာ ပြောင်းပြန်ပက်လက်ကြီး ဖြစ်သွားတဲ့အပြင် . .
.
အကောင်းဘက်ကို လက်ခံလာနိုင်ပါလိမ့်မယ်။
.
အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို စဉ်းစားလာနိုင်ပါမယ်။
.
အပြစ်ကိုအပြစ်လို့မြင်ပြီး သင်ယူချင်စိတ်ပြင်းပျလာပါလိမ့်မယ်။
.
မိမိပညာတတ်ဖို့ပဲ စိတ်ပူပါ။ သူတစ်ပါး ပညာမရှိတာကို ကိုယ်စားဝင်ပြီးစိတ်အဆင်းရဲမခံပါနဲ့။
.
ဒီနည်းအားဖြင့် မိတ်ဆွေတို့ရဲ့အနာဂါတ်ဘဝချော့မွေ့ဖို့ အပူမီးနဲ့ဝေးနိုင်သလို အအေးခဲလွန်ခြင်းနဲ့ ကင်းဝေးသွားနိုင်ပါတယ်။ ဒါ့ထက်အကျိုးရှိအောင် အိပ်ယာထလိုက်တဲ့ မိတ်ဆွေတို့ရဲ့မနက်ဖြန်တိုင်းလှပဖို့ “ မီးပုံကြီး နဲ့ ပင်လယ်အော် ” အကြောင်းကို ဘက်ပေါင်းစုံက ထောင့်စေ့အောင်ဆက်လက်တွေးတောပြီး မွန်းတည့်၊ နေ့့လည်၊ ညနေ တို့ဆီ ပေါ့ပေါ့ပါးပါးသယ်ဆောင်သွားရင်း ခက်ခဲတဲ့မဟူရာညည့်နက်သန်းခေါင်တွေကို ငြိမ့်ငြိမ့်အေးအေး ဖြတ်ကျော်နိုင်ကြပါစေ . .။
.
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 03-10-2017

No comments: