ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, December 19, 2017

ေမးေနက်မဟုတ္ေသာေမးခြန္းႏွင္႕အေျဖမ်ား

. "ေမးေနက်မဟုတ္ေသာေမးခြန္းႏွင္႕အေျဖမ်ား။ (၁)"
. Hi ဦးညီ . . အားမွ Reply ျပန္ပါေနာ္။ ေမးထားလိုက္မယ္။
အေမရိကန္ေကာလိပ္တစ္ခု မွာ ဘာသာရပ္တစ္ခုအတြက္ လူတစ္ေယာက္က Physics တို႔ Maths တို႔ လိုဘာသာရပ္မ်ိဳးကို အေျခခံကေနစတက္ရတယ္ဆိုတာ မွန္သလားလို႔ပါ?
.
ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က Physics တို႔ Maths တို႔လိုဘာသာရပ္ေတြမွာ အရမ္း Dumb ျဖစ္ေတာ့ ကြၽန္ေတာ့ အေနနဲ႔မ်ားသိပၸံပညာ႐ွင္တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ 'လြန္' မလားလို႔ ေမးၾကည့္တာပါ?
ႀကိဳးစားၾကည့္ခ်င္လို႔။ ဦးညီရဲ႕အျမင္ေလးသိခ်င္လို႔ပါ။
.
.
.
(ေျဖ)
. ဒီေမးခြန္းရဲ႕အေျဖကိုမေျပာခင္ ေအာက္က သခ်ာၤအေခၚအေဝၚေလးေတြကို အရင္စဥ္းစားေပးပါဦးေနာ္။
(၁) ပိုင္းေဝ
(၂) ပိုင္းေျခ
(၃) ကြင္းစ ကြင္းပိတ္
(၄) ပုိင္သဂုိးရပ္သီအိုရမ္ . . စတာေတြကို အဂၤလိပ္လိုဘယ္လုိေခၚပါသလဲ?
.
. တဆက္တည္း ဒီအေခၚအေဝၚေတြကို အဂၤလိပ္လိုသိသူမ်ားမယ္ဆုိတာသိေပမဲ႕ အမ်ားနဲ႕စံႏႈန္းကိုက္ေျဖၾကားရသူတစ္ေယာက္အဖို႕ ကေလးကစားတဲ႕ဂိမ္းကို အံဇာဝွက္ေနတယ္လို႕ထင္ရင္လည္းခံရမယ္ဆုိတာ ဦးညီသိထားပါတယ္။

.
. အေျဖေတြက (အသံထြက္အပါ)
(1) Numerator (ႏ်ဴမေရတာ)
(2) Denominator or Divisor (ဒီေနာ္မေရတာ - သို႕- ဒဗိုက္ဆာ)
(3) Parenthesis (ဖွရမ္းသစစ္စ္)
(4) Pythagorean Theorem (ပေသ႕ဂရီရမ္သီအုိရမ္) တို႕ျဖစ္ျပီး သူတုိ႕ရဲ႕အသံထြက္အမွန္ကို ေဘးမွာ ျမန္းဂလစ္ နဲ႕ ေရးျပထားပါတယ္။
.
.
. ဒါကိုၾကည္႕ျပီး အေမရိကားကုိေျပာင္းေရႊ႕လာျပီး ေကာလိပ္မွာသင္တဲ႕စာကိုဘယ္ေလာက္အထိလုိက္ႏုိင္တယ္ဆုိတာကုိ ေက်ာင္းဝင္ခြင္႕စာေမးပြဲ - Assessment Test ကစစ္ေဆးတဲ႕အေျခအေနကိုမွန္းဆႏိုင္ပါျပီ။ ဆုိလုိတာက ဦးညီတုိ႕ျမန္မာႏိုင္ငံမွာတုန္းကသင္ခဲ႕တာနဲ႕ အခု ဒီဘက္မွာသင္တာက ဘယ္လုိမွမတူပါဘူး။ ဒါေၾကာင္႕ နယ္ေျမေဝးေရျခား ယဥ္ေက်းမႈ နဲ႕ စာသင္စံနစ္မတူတဲ႕တုိင္းျပည္မွာ ဘာသင္ရသင္ရ အကုန္တန္တယ္၊ သင္ခြင္႕ရတာက သင္ခြင္႕မရတာထက္ ကံေကာင္းတယ္လုိ႕ ခံယူထားေစခ်င္တယ္။
.
. ေျမျပင္အေျခအေနအမွန္ကုိလက္ခံရင္း ေနရာသစ္ကေပးမယ္႕ပညာေရးလက္ေဆာင္ေတြဟာ အေရာင္အေသြးစံုလွသလို ေက်ာင္းသားတစ္ေယာက္ရဲ႕ဦးေႏွာက္ကုိ အဆင္႕လိုက္၊ အလႊာလုိက္၊ တဆင္႕ျပီးတဆင္႕တက္စဥ္းစားေစတာေၾကာင္႕ အေျခခံကတက္ရတယ္ဆုိတာကို ဂုဏ္ယူသင္႕ပါတယ္။ ဒါက အသစ္ေျပာင္းေရႊ႕လာေတာ႕မယ္႕ - New Immigrant ေတြကိုသာ အၾကံေပးလိုတာျဖစ္ျပီး စာေတာ္ျပီး တကၠသိုလ္ေတြကိုတာရိုက္တက္ႏုိင္မယ္႕ ျမန္မာႏိုင္ငံကထူးခြ်န္ေက်ာင္းသားေတြကုိမရည္ရြယ္ပါ။
.
.
. ဒါကိုမွ ျမန္မာေက်ာင္းသားတစ္ေယာက္ဟာ သူရထားတဲ႕အေျခခံအတန္းေတြထက္အမ်ားၾကီးအဆင္႕ျမင္႕စြာတတ္ေနတယ္ဆုိရင္ ေက်ာင္းဆရာကုိေျပာျပီး အတန္းတက္ခုိင္းဖို႕ အတန္းတင္တဲ႕စာေမးပြဲစစ္ခုိင္းလို႕ရပါတယ္။ ဟုတ္တယ္ေလ . . ကိုယ္က ပိုက္ဆံေပးျပီးတက္တာ . . ဒါမွမဟုတ္ Green Card ကိုင္ထားသမားဆိုရင္ ေက်ာင္သားပညာေရးကူေငြ - Financial Aid အရ ကုိယ္ေနတဲ႕ျပည္နယ္ကေငြရွင္းေပးသြားမွာဆုိေတာ႕ ဘာအေၾကာင္းေၾကာင္႕မွ မေျပာရဲစရာမရွိပါဘူး။
.
. ေမးခြန္းရဲ႕အေျဖကိုတုိက္ရုိက္ေျဖရရင္ ေက်ာင္းသားအားလံုး အစကေနျပန္တက္ရတာမဟုတ္ပါ။ ဝင္ခြင္႕စာေမးပြဲမွာ အစြမး္ျပႏုိင္ရင္ျပႏုိင္သေလာက္ အထက္ကိုေရာက္ပါတယ္။ ျပီးေတာ႕ ေမးခြန္းရွင္ရဲ႕ဆႏၵအရ "သိပၸံပညာရွင္ျဖစ္ခ်င္တယ္" ဆိုတာကုိျဖစ္ေအာင္လုပ္ဖို႕ ဦးညီအမ်ားၾကီး အားေပးခ်င္တယ္။
.
. မျဖစ္ႏုိင္ဘူးဆိုတာ အေမရိကားမွာသိပ္ရွားပါတယ္။ လုပ္လို႕မရဘူးဆိုတာလည္း သိပ္နည္းပါးတယ္။ သုိ႕ေသာ္ "လုပ္ခ်င္တဲ႕စိတ္ရွိသူ" နဲ႕ "အိပ္မက္ကိုတကယ္အေကာင္အထည္ေပၚေအာင္လုပ္တဲ႕သူေတြ" သာ အေမရိကားမွာ အရွားဆံုးပါ ဆုိတာကို ဒီပုိ႕စ္ေလးနဲ႕ေျဖလုိက္ပါေရေစ။ အစစအရာရာေအာင္ျမင္ပါေစ။
.
.
တုိက္တြန္းခ်က္။။။။။။။။။။။ ကိုယ္တက္မယ္႕ေက်ာင္းရဲ႕အင္တာနက္စာမ်က္ႏွာထဲဝင္ျပီး ကိုယ္တက္ခ်င္တဲ႕ေမဂ်ာရဲ႕ေတာင္းထားတဲ႕ အတန္းလိုအပ္ခ်က္ - Requirement ေတြကိုဖတ္ထားျပီး ကိုယ္႕မွာရွိေအာင္ျပင္ဆင္ထားရင္ အေမရိကန္ေကာလိပ္မွာ အေျခခံေအာက္ေျခအတန္းကေနမတက္ရပဲ အတန္းေက်ာ္ခြင္႕ရွိလာမွာျဖစ္ပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 12-19-2017
.
.
Unicode Version:
.
.
. "မေးနေကျမဟုတ်သောမေးခွန်းနှင့်အဖြေများ။ (၁)"
. Hi ဦးညီ . . အားမှ Reply ပြန်ပါနော်။ မေးထားလိုက်မယ်။
အမေရိကန်ကောလိပ်တစ်ခု မှာ ဘာသာရပ်တစ်ခုအတွက် လူတစ်ယောက်က Physics တို့ Maths တို့ လိုဘာသာရပ်မျိုးကို အခြေခံကနေစတက်ရတယ်ဆိုတာ မှန်သလားလို့ပါ?
.
ဘာလို့လဲဆိုတော့ ကျွန်တော်က Physics တို့ Maths တို့လိုဘာသာရပ်တွေမှာ အရမ်း Dumb ဖြစ်တော့ ကျွန်တော့ အနေနဲ့များသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် 'လွန်' မလားလို့ မေးကြည့်တာပါ?
ကြိုးစားကြည့်ချင်လို့။ ဦးညီရဲ့အမြင်လေးသိချင်လို့ပါ။
.
.
.
(ဖြေ)
. ဒီမေးခွန်းရဲ့အဖြေကိုမပြောခင် အောက်က သချာင်္အခေါ်အဝေါ်လေးတွေကို အရင်စဉ်းစားပေးပါဦးနော်။
(၁) ပိုင်းဝေ
(၂) ပိုင်းခြေ
(၃) ကွင်းစ ကွင်းပိတ်
(၄) ပိုင်သဂိုးရပ်သီအိုရမ် . . စတာတွေကို အင်္ဂလိပ်လိုဘယ်လိုခေါ်ပါသလဲ?
.
. တဆက်တည်း ဒီအခေါ်အဝေါ်တွေကို အင်္ဂလိပ်လိုသိသူများမယ်ဆိုတာသိပေမဲ့ အများနဲ့စံနှုန်းကိုက်ဖြေကြားရသူတစ်ယောက်အဖို့ ကလေးကစားတဲ့ဂိမ်းကို အံဇာဝှက်နေတယ်လို့ထင်ရင်လည်းခံရမယ်ဆိုတာ ဦးညီသိထားပါတယ်။
.
. အဖြေတွေက (အသံထွက်အပါ)
(1) Numerator (နျူမရေတာ)
(2) Denominator or Divisor (ဒီနော်မရေတာ - သို့- ဒဗိုက်ဆာ)
(3) Parenthesis (ဖှရမ်းသစစ်စ်)
(4) Pythagorean Theorem (ပသေ့ဂရီရမ်သီအိုရမ်) တို့ဖြစ်ပြီး သူတို့ရဲ့အသံထွက်အမှန်ကို ဘေးမှာ မြန်းဂလစ် နဲ့ ရေးပြထားပါတယ်။
.
.
. ဒါကိုကြည့်ပြီး အမေရိကားကိုပြောင်းရွှေ့လာပြီး ကောလိပ်မှာသင်တဲ့စာကိုဘယ်လောက်အထိလိုက်နိုင်တယ်ဆိုတာကို ကျောင်းဝင်ခွင့်စာမေးပွဲ - Assessment Test ကစစ်ဆေးတဲ့အခြေအနေကိုမှန်းဆနိုင်ပါပြီ။ ဆိုလိုတာက ဦးညီတို့မြန်မာနိုင်ငံမှာတုန်းကသင်ခဲ့တာနဲ့ အခု ဒီဘက်မှာသင်တာက ဘယ်လိုမှမတူပါဘူး။ ဒါကြောင့် နယ်မြေဝေးရေခြား ယဉ်ကျေးမှု နဲ့ စာသင်စံနစ်မတူတဲ့တိုင်းပြည်မှာ ဘာသင်ရသင်ရ အကုန်တန်တယ်၊ သင်ခွင့်ရတာက သင်ခွင့်မရတာထက် ကံကောင်းတယ်လို့ ခံယူထားစေချင်တယ်။
.
. မြေပြင်အခြေအနေအမှန်ကိုလက်ခံရင်း နေရာသစ်ကပေးမယ့်ပညာရေးလက်ဆောင်တွေဟာ အရောင်အသွေးစုံလှသလို ကျောင်းသားတစ်ယောက်ရဲ့ဦးနှောက်ကို အဆင့်လိုက်၊ အလွှာလိုက်၊ တဆင့်ပြီးတဆင့်တက်စဉ်းစားစေတာကြောင့် အခြေခံကတက်ရတယ်ဆိုတာကို ဂုဏ်ယူသင့်ပါတယ်။ ဒါက အသစ်ပြောင်းရွှေ့လာတော့မယ့် - New Immigrant တွေကိုသာ အကြံပေးလိုတာဖြစ်ပြီး စာတော်ပြီး တက္ကသိုလ်တွေကိုတာရိုက်တက်နိုင်မယ့် မြန်မာနိုင်ငံကထူးချွန်ကျောင်းသားတွေကိုမရည်ရွယ်ပါ။
.
.
. ဒါကိုမှ မြန်မာကျောင်းသားတစ်ယောက်ဟာ သူရထားတဲ့အခြေခံအတန်းတွေထက်အများကြီးအဆင့်မြင့်စွာတတ်နေတယ်ဆိုရင် ကျောင်းဆရာကိုပြောပြီး အတန်းတက်ခိုင်းဖို့ အတန်းတင်တဲ့စာမေးပွဲစစ်ခိုင်းလို့ရပါတယ်။ ဟုတ်တယ်လေ . . ကိုယ်က ပိုက်ဆံပေးပြီးတက်တာ . . ဒါမှမဟုတ် Green Card ကိုင်ထားသမားဆိုရင် ကျောင်သားပညာရေးကူငွေ - Financial Aid အရ ကိုယ်နေတဲ့ပြည်နယ်ကငွေရှင်းပေးသွားမှာဆိုတော့ ဘာအကြောင်းကြောင့်မှ မပြောရဲစရာမရှိပါဘူး။
.
. မေးခွန်းရဲ့အဖြေကိုတိုက်ရိုက်ဖြေရရင် ကျောင်းသားအားလုံး အစကနေပြန်တက်ရတာမဟုတ်ပါ။ ဝင်ခွင့်စာမေးပွဲမှာ အစွမး်ပြနိုင်ရင်ပြနိုင်သလောက် အထက်ကိုရောက်ပါတယ်။ ပြီးတော့ မေးခွန်းရှင်ရဲ့ဆန္ဒအရ "သိပ္ပံပညာရှင်ဖြစ်ချင်တယ်" ဆိုတာကိုဖြစ်အောင်လုပ်ဖို့ ဦးညီအများကြီး အားပေးချင်တယ်။
.
. မဖြစ်နိုင်ဘူးဆိုတာ အမေရိကားမှာသိပ်ရှားပါတယ်။ လုပ်လို့မရဘူးဆိုတာလည်း သိပ်နည်းပါးတယ်။ သို့သော် "လုပ်ချင်တဲ့စိတ်ရှိသူ" နဲ့ "အိပ်မက်ကိုတကယ်အကောင်အထည်ပေါ်အောင်လုပ်တဲ့သူတွေ" သာ အမေရိကားမှာ အရှားဆုံးပါ ဆိုတာကို ဒီပို့စ်လေးနဲ့ဖြေလိုက်ပါရေစေ။ အစစအရာရာအောင်မြင်ပါစေ။
.
.
တိုက်တွန်းချက်။။။။။။။။။။။ ကိုယ်တက်မယ့်ကျောင်းရဲ့အင်တာနက်စာမျက်နှာထဲဝင်ပြီး ကိုယ်တက်ချင်တဲ့မေဂျာရဲ့တောင်းထားတဲ့ အတန်းလိုအပ်ချက် - Requirement တွေကိုဖတ်ထားပြီး ကိုယ့်မှာရှိအောင်ပြင်ဆင်ထားရင် အမေရိကန်ကောလိပ်မှာ အခြေခံအောက်ခြေအတန်းကနေမတက်ရပဲ အတန်းကျော်ခွင့်ရှိလာမှာဖြစ်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 12-19-2017
.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
 . "ေမးေနက်မဟုတ္ေသာေမးခြန္းႏွင္႕အေျဖမ်ား။ (၂)"
မဂၤလာပါဦးညီ . . ကၽြန္ေတာ္က ခု New York မွာေနေနတာပါ။ Sushi Chef လုပ္ပါတယ္။ California ဘက္ေျပာင္းလာခ်င္လို႔ ဦးညီေျပာတဲ့ Tesla အလုပ္ဆိုတာ ရဖို႔လြယ္ပါ့မလားခင္ဗ်ာ။ အဲဒီဘက္မွာအသိလဲမရွိလို႔ပါ။
.
ဦးညီေရးတဲ့ Bay Area အေၾကာင္းေတြဖတ္ၿပီးလာခ်င္ေနမိတာ ကၽြန္ေတာ္က ကားျပင္တဲ့အပိုင္းလဲစိတ္ဝင္စားတယ္။ အေမရိကားေရာက္တာ (၁) ႏွစ္ရွိၿပီဗ်။ English လဲ အတန္အသင့္ရပါတယ္။ အခု Sushi အလုပ္ကပိုက္ဆံေတာ့ရပါရဲ႕ . . English ေရာ ပညာအရေရာ ကိုယ္နဲ႔မကိုက္သလိုခံစားရလို႔ပါ။
.
ရန္ကုန္ကလဲ Mechanical Engineering နဲ႔ဘဲြ႕ရခဲ့ေတာ့ ဒီမွာလဲေက်ာင္းျပန္တက္မယ္စိတ္ကူးထားတယ္။ ကြ်န္ေတာ႕အသက္က (၂၇) ပါ။ ကြ််န္ေတာ္ ဒီမွာေက်ာင္းစားရိတ္သက္သာဖို႕က ေစာင္႕ရဦးမွာမုိ႕ ဒီ (၁) ႏွစ္ကို ပိုက္ဆံမ်ားမ်ားရတဲ႕အလုပ္လုပ္ျပီးစုမလားလို႕ပါ။ NYC မွာက ေန/စား စားရိတ္ကၾကီးေတာ႕ Sushi လုပ္တာေတာင္ သိပ္မက်န္လွပါဘူး။
.
.
ေျဖ
. ပထမဦးဆံုးေျပာလုိတာကေတာ႕ ဒီဘက္ႏိုင္ငံကုိတေလာကမွေရာက္လာျပီး New York လို ျမိဳ႕ၾကီးမွာ (၁) ႏွစ္ေလာက္ရွင္သန္ႏုိင္တာကို ခ်ီက်ဴးခ်င္တာပါ။ ဦးညီ နယူးေယာက္ကို စာေစာင္နဲ႕သတင္းေတြထဲမွာသာေရာက္ဖူးျပီး အျပင္မွာကိုယ္ေတြ႕မေရာက္ဖူးတာဝန္ခံထားပါရေစ။ သူနဲ႕နီးတာဆုိလို႕ Buffalo ျမိဳ႕ကိုျဖတ္သြားဖူးျပီး ႏုိင္ရာဂရာေရတံခြန္ကိုသာ ေျခစုိလက္စိုေရာက္ဖူးပါတယ္။
.
. ဘို ေတြ အေနမ်ားတဲ႕ေနရာေတြနဲ႕ အစားအေသာက္လုပ္ငန္းထြန္းကားက်ယ္ျပန္႕တဲ႕ နယူးေယာက္တစ္ဝုိက္မွာ ဆူရွီလုပ္ငန္းက ေရာက္ခါစေျပာင္းေရႊ႕ျမန္မာေတြရွင္သန္ေနက် စခန္းေထာက္ေနရာဆိုရင္မမွားပါဘူး။ ျပီးေတာ႕ နယူးေယာက္မွာေနရင္ ေတာ္ရံုတန္ရံုအရည္အခ်င္းနဲ႕မရဘူးဆိုတာသိထားပါတယ္။ အစစအရာရာအသစ္ျဖစ္ေစတဲ႕ နည္းပညာျမင္႕နယူးေယာက္ျမိဳ႕မွာ ကုန္က်စားရိတ္ၾကီးသေလာက္ ရုန္းကန္ဖို႕ထည္႕သြင္းရတဲ႕အင္အားကမေသးလွတာကို ငါ႕တူရဲ႕စာဖတ္ၾကည္႕တာနဲ႕ခန္႕မွန္းမိပါတယ္။
.
.
. ဦးညီေရးတဲ႕ "Welcome to the Bay Area" စီးရီးကိုဖတ္ေပးလို႕ ေက်းဇူးတင္ပါတယ္။ ဒါေပမယ္႕ ငါ႕တူကိုတစ္ခုေျပာခ်င္တာက ဒီစီးရီးတြဲဟာ ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသဘက္ကုိမသိေသးသူမ်ား၊ အေမရိကားဆုိရင္ျပီးေရာ သိပ္အထင္ၾကီးတတ္သူမ်ား နဲ႕ (ဦးညီက ဘာေရးေရး အေမရိကားဆုိတာမေကာင္းဘူးခ်ည္းပဲ) လုိ႕ ေျပာသူမ်ားကုိ ေယဘုယ်မိတ္ဆက္ေပးတဲ႕ ေဒသႏၱရဗဟုသုတအျဖာျဖာေဆာင္းပါးသာျဖစ္တယ္ဆုိတာပါဘဲ။
.
. ဒါကိုဖတ္ျပီး မသိတဲ႕သူကသိလာမယ္၊ သိျပီးသားသူက သူတုိ႕ေရာက္တဲ႕ေနရာနဲ႕ ဒီဘက္ အေနာက္ဘက္ျခမ္းကို ခ်ိန္ထုိးႏိႈင္းယွဥ္တတ္လာမယ္၊ ေနာက္တစ္ခ်က္က ေတြးေတာတတ္သူေတြအဖို႕ေရြးခ်ယ္စရာမ်ားလာမယ္ဆုိတာေတြကုိ ရည္ရြယ္ျပီး ေစတနာအရင္းခံနဲ႕ေရးခဲ႕တာျဖစ္ပါတယ္။
.
.
. Tesla အလုပ္က လူတိုင္းကိုခန္႕ပါတယ္။ စီးရီးေဆာင္းပါးထဲမွာေျပာခဲ႕သလုိပါပဲ . . သူ႕ကုမၸဏီကေရြးထားတဲ႕ေအးဂ်င္႕ကေနတဆင္႕ေလွ်ာက္ရင္၊ အလုပ္လိုအပ္ခ်က္နဲ႕ေဘာင္ဝင္ရင္ အလုပ္ရႏုိင္ပါတယ္။ ဒါေပမယ္႕ တပ္ဆင္ျခင္း - Assembler အလုပ္ေတြကိုသာ အေျခခံအားျဖင္႕ေခၚတာျဖစ္ျပီး ကန္ထရိုက္စံနစ္နဲ႕ (၆) လ ပတ္ဝန္းက်င္က်ရင္ အလုပ္မျမဲတတ္တဲ႕ Tesla ရဲ႕ မေကာင္းသတင္းကို မၾကာခဏ ၾကားၾကားေနရပါတယ္။ ဒါက Tesla အေၾကာင္း အက်ဥ္းခ်ဳပ္ပါ။
.
. ေနာက္တစ္ခုက ငါ႕တူရထားတဲ႕ Mechanical ဘြဲ႕ကိုအေရာင္ျပန္ေသြးရင္ေရာ? မျဖစ္ႏိုင္ဘူးလား? နယူးေယာက္မွာေနေန ဘယ္ျပည္နယ္မွာပဲေနေန အေမရိကားရဲ႕အေျခခံကုန္က်စားရိတ္က ၾကီးမားစြာကြာဟာေနတယ္လို႕ထင္ရင္ သိပ္မမွန္ပါဘူး။ အထူးသျဖင္႕ ဆန္ဖရန္စစၥကိုေဒသက ေစ်းၾကီးတဲ႕အထဲမွာပါေနပါတယ္ဆုိတာ အဂၤလိပ္သတင္းေတြဖတ္တဲ႕ငါ႕တူေလ႕လာမိထားျပီးျဖစ္ေလာက္မွာပါ။
.
.
. အေရးၾကီးတာတစ္ခုက ငါ႕တူက အြန္လိုင္းကေန စာဖတ္ဖို႕လိုပါတယ္။ အခမဲ႕ပညာသင္ေပးတဲ႕စံနစ္ေတြ YouTube တုိ႕၊ Vimeo တို႕မွာ အမ်ားၾကီးရွိတယ္။ ဒီ႕အျပင္ Coursera တို႕၊ Udemy တုိ႕လို အခေပးသင္ရိုးညႊန္းတမ္းေပၚတယ္ေတြ ရွိတယ္။ ဒီကေနကုိယ္တတ္ထားတဲ႕အရည္အခ်င္းကုိတစ္ဆင္႕ျမွင္႕ျပီး အလုပ္ေလွ်ာက္ေဖာင္ - Resume ကို အေရာင္ေသြးျပီး အလုပ္ခန္႕ပြဲစား - Agency ေတြကေန အင္ဂ်င္နီယာအလုပ္ကိုေလွ်ာက္ၾကည္႕သင္႕ပါတယ္။
.
. တစ္ခုေတာ႕ရွိတာေပါ႕ . . ကိုယ္ေရးထားတဲ႕အလုပ္ေလွ်ာက္လႊာထဲမွာပါသမွ် လူေတြ႕အင္တာဗ်ဴးမွာ ေကာင္းေကာင္းေျပာႏိုင္၊ ေကာင္းေကာင္းေျဖႏုိင္တဲ႕အဆင္႕ရွိရမယ္။ သူတုိ႕လုပ္ခုိင္းတဲ႕လက္ေတြ႕ေတြကို လုပ္ျပႏုိင္ဖို႕ျပင္ဆင္ထားရပါမယ္။
.
. ေမးခြန္းကုိတုိက္ရုိက္ေျဖရရင္
.
(၁) Tesla အလုပ္ဟာ ယာယီလုပ္သား - Temporary သာျဖစ္လို႕
ဒီဘက္ေဒသမွာလက္ရွိေနထုိင္သူမဟုတ္ရင္
နယ္ေျမေျပာင္းလာရေလာက္ေအာင္
ေရရွည္ ယံုၾကည္အားကုိးရဖို႕ခက္ပါတယ္။
.
(၂) တတ္ထားတဲ႕မက္ကင္းနစ္ပညာကုိစိတ္ဝင္စားေသးရင္
အားတိုင္း အားတုိင္း ဘာသာရပ္နဲ႕ဆုိင္တဲ႕စာေတြျပန္ဖတ္ပါ။
ေက်ာင္းတက္တဲ႕ကိစၥကုိ အခိ်န္ေရာက္ရင္ စ စဥ္းစားပါ။
ကားျပင္တဲ႕အလုပ္နဲ႕ M.E တုိ႕ မတူတာကိုျပန္သံုးသပ္ပါ။
.
(၃) အေမရိကားမွာ အလုပ္ခြင္ဆက္ဆံေရးကအေရးၾကီးပါတယ္။
ကိုယ္ဘာလုပ္တတ္သလဲဆုိတာကုိ အလုပ္ရွင္သိေအာင္ျပႏုိင္ဖို႕က အခရာက်ပါတယ္။
ဘြဲ႕ေတြ၊ လက္မွတ္ေတြလုိတယ္ဆုိေပမဲ႕
လုပ္ငန္းကြ်မ္းက်င္ရင္ (ျမန္မာႏုိင္ငံကလိုအရစ္ရွည္ျပီး)
ဘယ္သူကမွ ဘြြဲ႕လက္မွတ္ေတာင္းမၾကည္႕ပါ။
တကယ္တတ္မတတ္ဆိုတာ အင္တာဗ်ဴးမွာအေမးခံရပါမယ္။
.
(၄) ကိုယ္႕အတြက္ ပိုင္ပိုင္ႏုိင္ႏုိင္အတတ္ပညာတစ္ခုရွိထားျပီဆိုမွ
အေျခက်ျပီးသားေနရာကေန ပိုေကာင္းတဲ႕ေနရာကုိ
အလုပ္ေရာ (မိသားစုရွိရင္) မိသားစုပါ ေျပာင္းပါ။
.
(၅) အသက္မၾကီးေသးခင္၊ တာဝန္ေတြမမ်ားေသးခင္
စာျမန္ျမန္ဖတ္ႏုိင္ရင္သိပ္ေကာင္းပါတယ္။
.
.
. နာမယ္ၾကီးအလုပ္ရွာဝဘ္ဆုိဒ္ေတြကေတာ႕
https://www.ziprecruiter.com
https://www.monster.com
https://www.aerotek.com/ နဲ႕ ေနာက္ပိုင္း
https://www.facebook.com/jobs/ တို႕ကုိပါ ဝင္ၾကည္႕ျပီး
အဆင္ေျပပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးရင္း
ဒီပုိ႕စ္ေလးနဲ႕ေျဖၾကားလိုက္ပါတယ္ကြယ္။
အစစအရာရာေအာင္ျမင္ပါေစေနာ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 12-20-2017
.
.
Unicode Version:
.
.
. "မေးနေကျမဟုတ်သောမေးခွန်းနှင့်အဖြေများ။ (၂)"
မင်္ဂလာပါဦးညီ . . ကျွန်တော်က ခု New York မှာနေနေတာပါ။ Sushi Chef လုပ်ပါတယ်။ California ဘက်ပြောင်းလာချင်လို့ ဦးညီပြောတဲ့ Tesla အလုပ်ဆိုတာ ရဖို့လွယ်ပါ့မလားခင်ဗျာ။ အဲဒီဘက်မှာအသိလဲမရှိလို့ပါ။
.
ဦးညီရေးတဲ့ Bay Area အကြောင်းတွေဖတ်ပြီးလာချင်နေမိတာ ကျွန်တော်က ကားပြင်တဲ့အပိုင်းလဲစိတ်ဝင်စားတယ်။ အမေရိကားရောက်တာ (၁) နှစ်ရှိပြီဗျ။ English လဲ အတန်အသင့်ရပါတယ်။ အခု Sushi အလုပ်ကပိုက်ဆံတော့ရပါရဲ့ . . English ရော ပညာအရရော ကိုယ်နဲ့မကိုက်သလိုခံစားရလို့ပါ။
.
ရန်ကုန်ကလဲ Mechanical Engineering နဲ့ဘွဲ့ရခဲ့တော့ ဒီမှာလဲကျောင်းပြန်တက်မယ်စိတ်ကူးထားတယ်။ ကျွန်တော့အသက်က (၂၇) ပါ။ ကျွျန်တော် ဒီမှာကျောင်းစားရိတ်သက်သာဖို့က စောင့်ရဦးမှာမို့ ဒီ (၁) နှစ်ကို ပိုက်ဆံများများရတဲ့အလုပ်လုပ်ပြီးစုမလားလို့ပါ။ NYC မှာက နေ/စား စားရိတ်ကကြီးတော့ Sushi လုပ်တာတောင် သိပ်မကျန်လှပါဘူး။
.
.
ဖြေ
. ပထမဦးဆုံးပြောလိုတာကတော့ ဒီဘက်နိုင်ငံကိုတလောကမှရောက်လာပြီး New York လို မြို့ကြီးမှာ (၁) နှစ်လောက်ရှင်သန်နိုင်တာကို ချီကျူးချင်တာပါ။ ဦးညီ နယူးယောက်ကို စာစောင်နဲ့သတင်းတွေထဲမှာသာရောက်ဖူးပြီး အပြင်မှာကိုယ်တွေ့မရောက်ဖူးတာဝန်ခံထားပါရစေ။ သူနဲ့နီးတာဆိုလို့ Buffalo မြို့ကိုဖြတ်သွားဖူးပြီး နိုင်ရာဂရာရေတံခွန်ကိုသာ ခြေစိုလက်စိုရောက်ဖူးပါတယ်။
.
. ဘို တွေ အနေများတဲ့နေရာတွေနဲ့ အစားအသောက်လုပ်ငန်းထွန်းကားကျယ်ပြန့်တဲ့ နယူးယောက်တစ်ဝိုက်မှာ ဆူရှီလုပ်ငန်းက ရောက်ခါစပြောင်းရွှေ့မြန်မာတွေရှင်သန်နေကျ စခန်းထောက်နေရာဆိုရင်မမှားပါဘူး။ ပြီးတော့ နယူးယောက်မှာနေရင် တော်ရုံတန်ရုံအရည်အချင်းနဲ့မရဘူးဆိုတာသိထားပါတယ်။ အစစအရာရာအသစ်ဖြစ်စေတဲ့ နည်းပညာမြင့်နယူးယောက်မြို့မှာ ကုန်ကျစားရိတ်ကြီးသလောက် ရုန်းကန်ဖို့ထည့်သွင်းရတဲ့အင်အားကမသေးလှတာကို ငါ့တူရဲ့စာဖတ်ကြည့်တာနဲ့ခန့်မှန်းမိပါတယ်။
.
.
. ဦးညီရေးတဲ့ "Welcome to the Bay Area" စီးရီးကိုဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့တူကိုတစ်ခုပြောချင်တာက ဒီစီးရီးတွဲဟာ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသဘက်ကိုမသိသေးသူများ၊ အမေရိကားဆိုရင်ပြီးရော သိပ်အထင်ကြီးတတ်သူများ နဲ့ (ဦးညီက ဘာရေးရေး အမေရိကားဆိုတာမကောင်းဘူးချည်းပဲ) လို့ ပြောသူများကို ယေဘုယျမိတ်ဆက်ပေးတဲ့ ဒေသန္တရဗဟုသုတအဖြာဖြာဆောင်းပါးသာဖြစ်တယ်ဆိုတာပါဘဲ။
.
. ဒါကိုဖတ်ပြီး မသိတဲ့သူကသိလာမယ်၊ သိပြီးသားသူက သူတို့ရောက်တဲ့နေရာနဲ့ ဒီဘက် အနောက်ဘက်ခြမ်းကို ချိန်ထိုးနှိုင်းယှဉ်တတ်လာမယ်၊ နောက်တစ်ချက်က တွေးတောတတ်သူတွေအဖို့ရွေးချယ်စရာများလာမယ်ဆိုတာတွေကို ရည်ရွယ်ပြီး စေတနာအရင်းခံနဲ့ရေးခဲ့တာဖြစ်ပါတယ်။
.
.
. Tesla အလုပ်က လူတိုင်းကိုခန့်ပါတယ်။ စီးရီးဆောင်းပါးထဲမှာပြောခဲ့သလိုပါပဲ . . သူ့ကုမ္ပဏီကရွေးထားတဲ့အေးဂျင့်ကနေတဆင့်လျှောက်ရင်၊ အလုပ်လိုအပ်ချက်နဲ့ဘောင်ဝင်ရင် အလုပ်ရနိုင်ပါတယ်။ ဒါပေမယ့် တပ်ဆင်ခြင်း - Assembler အလုပ်တွေကိုသာ အခြေခံအားဖြင့်ခေါ်တာဖြစ်ပြီး ကန်ထရိုက်စံနစ်နဲ့ (၆) လ ပတ်ဝန်းကျင်ကျရင် အလုပ်မမြဲတတ်တဲ့ Tesla ရဲ့ မကောင်းသတင်းကို မကြာခဏ ကြားကြားနေရပါတယ်။ ဒါက Tesla အကြောင်း အကျဉ်းချုပ်ပါ။
.
. နောက်တစ်ခုက ငါ့တူရထားတဲ့ Mechanical ဘွဲ့ကိုအရောင်ပြန်သွေးရင်ရော? မဖြစ်နိုင်ဘူးလား? နယူးယောက်မှာနေနေ ဘယ်ပြည်နယ်မှာပဲနေနေ အမေရိကားရဲ့အခြေခံကုန်ကျစားရိတ်က ကြီးမားစွာကွာဟာနေတယ်လို့ထင်ရင် သိပ်မမှန်ပါဘူး။ အထူးသဖြင့် ဆန်ဖရန်စစ္စကိုဒေသက စျေးကြီးတဲ့အထဲမှာပါနေပါတယ်ဆိုတာ အင်္ဂလိပ်သတင်းတွေဖတ်တဲ့ငါ့တူလေ့လာမိထားပြီးဖြစ်လောက်မှာပါ။
.
.
. အရေးကြီးတာတစ်ခုက ငါ့တူက အွန်လိုင်းကနေ စာဖတ်ဖို့လိုပါတယ်။ အခမဲ့ပညာသင်ပေးတဲ့စံနစ်တွေ YouTube တို့၊ Vimeo တို့မှာ အများကြီးရှိတယ်။ ဒီ့အပြင် Coursera တို့၊ Udemy တို့လို အခပေးသင်ရိုးညွှန်းတမ်းပေါ်တယ်တွေ ရှိတယ်။ ဒီကနေကိုယ်တတ်ထားတဲ့အရည်အချင်းကိုတစ်ဆင့်မြှင့်ပြီး အလုပ်လျှောက်ဖောင် - Resume ကို အရောင်သွေးပြီး အလုပ်ခန့်ပွဲစား - Agency တွေကနေ အင်ဂျင်နီယာအလုပ်ကိုလျှောက်ကြည့်သင့်ပါတယ်။
.
. တစ်ခုတော့ရှိတာပေါ့ . . ကိုယ်ရေးထားတဲ့အလုပ်လျှောက်လွှာထဲမှာပါသမျှ လူတွေ့အင်တာဗျူးမှာ ကောင်းကောင်းပြောနိုင်၊ ကောင်းကောင်းဖြေနိုင်တဲ့အဆင့်ရှိရမယ်။ သူတို့လုပ်ခိုင်းတဲ့လက်တွေ့တွေကို လုပ်ပြနိုင်ဖို့ပြင်ဆင်ထားရပါမယ်။
.
. မေးခွန်းကိုတိုက်ရိုက်ဖြေရရင်
.
(၁) Tesla အလုပ်ဟာ ယာယီလုပ်သား - Temporary သာဖြစ်လို့
ဒီဘက်ဒေသမှာလက်ရှိနေထိုင်သူမဟုတ်ရင်
နယ်မြေပြောင်းလာရလောက်အောင်
ရေရှည် ယုံကြည်အားကိုးရဖို့ခက်ပါတယ်။
.
(၂) တတ်ထားတဲ့မက်ကင်းနစ်ပညာကိုစိတ်ဝင်စားသေးရင်
အားတိုင်း အားတိုင်း ဘာသာရပ်နဲ့ဆိုင်တဲ့စာတွေပြန်ဖတ်ပါ။
ကျောင်းတက်တဲ့ကိစ္စကို အချိန်ရောက်ရင် စ စဉ်းစားပါ။
ကားပြင်တဲ့အလုပ်နဲ့ M.E တို့ မတူတာကိုပြန်သုံးသပ်ပါ။
.
(၃) အမေရိကားမှာ အလုပ်ခွင်ဆက်ဆံရေးကအရေးကြီးပါတယ်။
ကိုယ်ဘာလုပ်တတ်သလဲဆိုတာကို အလုပ်ရှင်သိအောင်ပြနိုင်ဖို့က အခရာကျပါတယ်။
ဘွဲ့တွေ၊ လက်မှတ်တွေလိုတယ်ဆိုပေမဲ့
လုပ်ငန်းကျွမ်းကျင်ရင် (မြန်မာနိုင်ငံကလိုအရစ်ရှည်ပြီး)
ဘယ်သူကမှ ဘွွဲ့လက်မှတ်တောင်းမကြည့်ပါ။
တကယ်တတ်မတတ်ဆိုတာ အင်တာဗျူးမှာအမေးခံရပါမယ်။
.
(၄) ကိုယ့်အတွက် ပိုင်ပိုင်နိုင်နိုင်အတတ်ပညာတစ်ခုရှိထားပြီဆိုမှ
အခြေကျပြီးသားနေရာကနေ ပိုကောင်းတဲ့နေရာကို
အလုပ်ရော (မိသားစုရှိရင်) မိသားစုပါ ပြောင်းပါ။
.
(၅) အသက်မကြီးသေးခင်၊ တာဝန်တွေမများသေးခင်
စာမြန်မြန်ဖတ်နိုင်ရင်သိပ်ကောင်းပါတယ်။
.
.
. နာမယ်ကြီးအလုပ်ရှာဝဘ်ဆိုဒ်တွေကတော့
https://www.ziprecruiter.com
https://www.monster.com
https://www.aerotek.com/ နဲ့ နောက်ပိုင်း
https://www.facebook.com/jobs/ တို့ကိုပါ ဝင်ကြည့်ပြီး
အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရင်း
ဒီပို့စ်လေးနဲ့ဖြေကြားလိုက်ပါတယ်ကွယ်။
အစစအရာရာအောင်မြင်ပါစေနော်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 12-20-2017
.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
 . "ေမးေနက်မဟုတ္ေသာေမးခြန္းႏွင္႕အေျဖမ်ား။ (၃)"
. ဦးညီ အ​ေမရိကားမွာ​ေနတာလား? ​သိခ်င္​တာ​ေလးတစ္ခု​ေလာက္​​ေမးခ်င္​လို႔ပါ။ ကြ်န္​ေတာ္​့သူငယ္​ခ်င္​းတစ္​ေယာက္​ အ​ေမရိကားကမိန္းမတစ္​ေယာက္​နဲ႔ဟန္​​ေဆာင္​လက္​ထပ္​ထားတယ္​....​ေတာ္​​ေတာ္​ၾကာျပီ တႏွစ္​​ေက်ာ္​​ေလာက္​႐ွိျပီ။ သိန္​း xxx ​ေပးျပီး နားလည္​မူနဲ႔ဟန္​ေဆာင္​လက္​ထပ္​ထားတာ။ အဲဒီအမ်ိဳးသမီးက U.S မွာ Green Card နဲ႔ ​ေန​ေနတာ ​ေလး ငါးႏွစ္​​ေလာက္ ​႐ွိ​ေနျပီ။ ႏုိင္ငံသား - Citizen​ ​ေတာ့ မဟုတ္​ဘူး။
.
ခု ​ေစာင္​့ရတာအရမ္​းၾကာ​ေနလို႔ ဆက္​သြယ္တာ ဖုန္​းလဲမကိုင္​​ေတာ့ဘူး . . ဘာမွလဲအဆက္​အသြယ္​မရ​ေတာ့ဘူး။ ဟိုး အရင္​တခါက အဆက္​အသြယ္​ရ​ေသးတယ္​။ သံ႐ုံးတင္​ထားတယ္​လို႔​ေျပာတာပဲ။ အဲဒါတကယ္​သံ႐ုံးတင္​တာဟုတ္မဟုတ္​သိခ်င္​ရင္​ျမန္​မာႏိုင္​ငံဘက္​မွာ​ေနတဲ့ ကြ်န္​ေတာ႕သူငယ္​ခ်င္​းဘက္​က ဘယ္​လိုစုံစမ္​းရင္​ရႏိုင္​မလဲဆိုတာသိခ်င္​လို႔ပါ။ ကြ်န္ေတာ္က အသက္ (၃၂) ႏွစ္ ရန္ကုန္မွာေနပါတယ္။
.
.
ေျဖ
.
. ငါ႕တူ သူငယ္ခ်င္းအေၾကာင္းဖတ္ရတာ ရင္ထိပ္သဲဖိုဝတၱဳတစ္အုပ္ဖတ္ေနရသလိုပါပဲ။ ဒီလိုအျဖစ္မ်ိဳး အခုအခ်ိန္အထိရွိေနေသးပါလားဆိုတာ ခပ္နက္နဲနဲအေတြးေရာက္လာေစတယ္။ "ဟန္​​ေဆာင္​လက္​ထပ္​ထားတယ္" ဆိုတဲ႕အေမးကုိ မေျဖခင္ "အမွန္တကယ္လက္ထပ္သူေတြ" ရဲ႕ လုပ္ရုိးလုပ္စဥ္အမွန္ေတြကို အေမရိကန္အစုိးရရဲ႕ ျပည္ဝင္ခြင္႕ဝဘ္ဆိုဒ္ျဖစ္တဲ႕ www.uscis.gov က တရားဝင္လမ္းညႊန္ခ်က္္ေတြကို အက်ဥ္းေရးျပပါဦးမယ္။
.
.
. လင္မယားအေနနဲ႕လက္ထပ္ျပီးအေမရိကားကိုေခၚတာကို "Bringing Spouses to Live in the United States as Permanent Resident" လို႕ေခၚပါတယ္။ "Permanent Residents" ဆိုတာက အမ်ားသိၾကတဲ႕ "P.R" ကိုင္ထားသူေတြျဖစ္ျပီး ေမးခြန္းထဲမွာပါတဲ႕ "Green Card" ကိုင္ထားသူ / ႏို္င္ငံသားမေျဖေသးသူ / ေျဖဖို႕အခ်ိန္မက်ေသးသူေတြကို ေနထိုင္ခြင္႕ရရွိေရးထုတ္ေပးထားတဲ႕ ဓါတ္ပံုပါသက္ေသခံကဒ္ျပားျဖစ္ပါတယ္။ (ဒီေျမကေနထြက္ခြာျပီး ျပန္ဝင္ခြင္႕ရႏုိင္ဖို႕ GC ကို အဝင္ေလဆိပ္မွာျပန္ျပရတာျဖစ္လုိ႕ အင္မတန္အေရးၾကီးပါတယ္)
.
. ဒီဘက္ႏုိင္ငံသားခံယူျပီးထားသူေရာ၊ GC သမားေရာ တစ္ျခားႏုိင္ငံတစ္ခုခုက အိမ္ေထာင္ဘက္ကိုေခၚယူခြင္႕ရွိပါတယ္ = တင္ရမယ္႕ေဖာင္ Form I-130 (https://www.uscis.gov/system/files_force/files/form/i-130.pdf?download=1)
.
. လက္ထပ္ေခၚယူခံရမယ္႕သူက အေမရိကန္ႏိုင္ငံကုိအေၾကာင္းတစ္ခုနဲ႕ေရာက္ေနျပီးသားဆိုရင္ ဗီဆာနဲ႕တကြ လူကိုယ္တိုင္လည္း ျပည္တြင္းကိုေရာက္ေနျပီးသားျဖစ္လို႕ ေခၚယူသူ - Petitioner က ေဖာင္ Form I-485 = Application to Register Permanent Residence or Adjust Status = (https://www.uscis.gov/system/files_force/files/form/i-485.pdf?download=1) ကုိတင္ေပးျပီး ေရာက္ရွိေနတဲ႕အေျခအေန - Status ကိုေျပာင္းေပးလုိက္ရံံုနဲ႕ အားလံုးေခ်ာေခ်ာေမြ႕ေမြ႕အဆင္ေျပႏုိင္ပါတယ္။
.
.
. လုပ္ေဆာင္ခ်က္ေတြအေနနဲ႕ ျမန္မာႏိုင္ငံ (သို႕) ႏိုင္ငံတစ္ခုခုကိုသြားေရာက္လက္ထပ္ျပီး တရားဝင္စာရြက္စာတမ္္းေတြစုေဆာင္းျပင္ဆင္ရပါမယ္။ ဒီဘက္ႏိုင္ငံကေလွ်ာက္ေပးသူတင္ရမယ္႕ေဖာင္ေတြက
.
A copy of your civil marriage certificate
(လက္ထပ္စာခ်ဳပ္)
.
A copy of all divorce decrees, death certificates, or annulment decrees that demonstrate that all previous marriages entered into by you and/or your spouse were terminated
(ကြာရွင္းစာခ်ဳပ္၊ ေသစာရင္း၊
ယခင္လက္ထပ္ထားခဲ႕လွ်င္
လက္ထပ္စာခ်ဳပ္၊ ကြာရွင္း၊ ေသစာရင္း အေဟာင္း)
.
Passport style photos of you and your spouse
(ေလွ်ာက္ထားသူနဲ႕လိုက္လာမယ္႕သူတုိ႕ရဲ႕ပါ႕စပို႕စ္ ဓါတ္ပံုမ်ား)
.
Evidence of all legal name changes for you and/or your spouse (may include marriage certificates, divorce decrees, court judgment of name change, adoption decrees, etc.)
(တရားဝင္စာရြက္ေတြေပၚက နာမယ္ေျပာင္းထားတာမွန္သမွ်အေထာက္အထား)

တို႕ကုိ ဒီဘက္ေျမမွာတင္ေပးရမွာပါ။
.
.
. တကယ္လို႕ ေခၚမယ္႕သူက အေမရိကန္ႏို္င္ငံသားျဖစ္ရင္
သိပ္မရႈတ္ပါဘူး။ လုိတာေတြက
.
A copy of your valid U.S. passport
(အေမရိကန္ႏုိ္င္ငံကူးလက္မွတ္)
.
A copy of your U.S. birth certificate OR
A copy of Consular Report of Birth Abroad
(အေမရိကန္ေမြးစာရင္း - သို႕ - ေကာင္စစ္ဝန္ရံုးအသိအမွတ္ျပဳေမြးစာရင္း)
.
A copy of your naturalization certificate OR
A copy of your certificate of citizenship
(အေမရိကန္ႏုိ္င္ငံသားျဖစ္ေၾကာင္းသက္ေသခံစာရြက္ - သို႕ - က်မ္းက်ိမ္လႊာ)

တုိ႕ ျဖစ္ပါတယ္။
.
.
. တကယ္လို႕ Green Card Holder အေနနဲ႕ေခၚရင္ Green Card ေရွ႕/ေနာက္ မိတၱဴ နဲ႕ မူရင္းႏို္င္ငံကႏုိင္ငံကူးလက္မွတ္တို႕ကိုပါ ပူးတြဲတင္ဖို႕ေရးထားပါတယ္။
.
.
. ေမးခြန္း "​ျမန္​မာႏိုင္​ငံဘက္​မွာ​ေနတဲ့ ကြ်န္​ေတာ႕သူငယ္​ခ်င္​းဘက္​က ဘယ္​လိုစုံစမ္​းရင္​ရႏိုင္​မလဲဆိုတာသိခ်င္​လို႔ပါ" ကိုေျဖရရင္ အေျဖကို "မသိဘူး" လို႕ပဲ ေပးရမွာပါ။ အေပၚကလုပ္ေဆာင္ရန္အေၾကာင္းအခ်က္္ေတြက ဟန္ေဆာင္ပဲလက္ထပ္လက္ထပ္၊ တကယ္ခ်စ္လို႕ၾကိဳက္လို႕ ရြာျပန္ျပီး ဆယ္အိမ္ၾကား ဆယ္႕ႏွစ္အိမ္ၾကား မဂၤလာပဲေဆာင္ေဆာင္ ဒီဘက္ေျမကလူ မျဖစ္မေနတင္ရမယ္႕လုပ္ေဆာင္ခ်က္ေတြဟာ ေျပးလႊားလုပ္ကိုင္ရ၊ ဖုန္းေျပာရ၊ အလုပ္ပ်က္ရ အကိုင္ပ်က္ရ နဲ႕ တကယ္ၾကံဳဖူးမွခက္ခဲနက္နဲတယ္ဆုိတာကိုသိရပါမယ္။
.
. ျပီးေတာ႕ တဆက္တည္းေျပာခ်င္တာက အခုေနာက္ပိုင္း သမၼတအေျပာင္းအလဲမွာ ျပည္ဝင္ခြင္႕အဆင္႕ဆင္႕ကိုျပင္ဖို႕ အာက်ယ္က်ယ္ေအာ္ေနတာကိုမေျပာနဲ႕ဦး . . အရင္ သမၼတေခတ္ကတည္းက ဟန္ေဆာင္လက္ထပ္တာကို ၾကပ္မတ္စစ္ေဆးတယ္ဆုိတာၾကားဖူးခဲ႕ပါတယ္။ ဒါေၾကာင္႕ ဒုတိယအေျဖကုိ ဒီဘက္ေျမကေခၚသူက "မွန္ခ်င္လည္းမွန္မယ္၊ မမွန္ခ်င္လည္းမမွန္ဘူး။ သူ႕သေဘာဘဲ" လို႕ ေပးခ်င္ပါတယ္။ ဟုတ္ပါတယ္ . . ဒီအေျဖကုိ ကာယကံရွင္ကသာ အသိဆံုးျဖစ္မွာပါ။
.
.
. အမွန္က ဦးညီ ဒီလို အေမးအေျဖ Q&A Channel ေလးလုပ္တာက တုိးတိုးတိတ္တိတ္အလိမ္မခံရေအာင္ နဲ႕ မသိလိုက္လို႕ / မၾကားမိလိုက္လို႕ အခက္အခဲမ်ားမွာကုိကာကြယ္ေပးခ်င္တဲ႕ေစတနာတစ္ခုတည္းေၾကာင္႕ပါ။ ဘယ္သူ႕နားကမွ ေငြရျပီး အားလပ္လြန္းလို႕လုပ္ရတာမဟုတ္သလို မည္သည္႕တရားမဝင္ျပည္ဝင္ခြင္႕လမ္းေၾကာင္းကိုမွ ဦးညီ အၾကံမေပးတတ္ပါဘူး။ ေပးလည္းမေပးပါဘူး။
.
. တကယ္လို႕သာ အဲဒီအခ်ိန္တုန္းက ဦးညီထက္သိကြ်မ္းသူတစ္ေယာက္ေယာက္နဲ႕ျဖစ္ႏုိင္ေျခရွိမရွိကိုတုိင္ပင္ၾကည္႕မိခဲ႕ရင္ ရလဒ္က တစ္မ်ိဳးေျပာင္းသြားႏိုင္သလုိ လူမွန္ကေခၚရင္လည္း ဒီဘက္ေျမကိုေရာက္လာေလာက္ပါျပီ။ လူေရြးမွားျပီး ေငြထုပ္ပါးမိရင္ေတာ႕ ေငြပမာဏက မနည္းလွတဲ႕အေၾကာင္း အေၾကာင္းျပန္ၾကားလုိက္ပါတယ္ . . ရန္ကုန္သား လူလည္တို႕ေရ . .။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 12-21-2017
.
.
Unicode Version:
.
.
. "မေးနေကျမဟုတ်သောမေးခွန်းနှင့်အဖြေများ။ (၃)"
. ဦးညီ အ​မေရိကားမှာ​နေတာလား? ​သိချင်​တာ​လေးတစ်ခု​လောက်​​မေးချင်​လို့ပါ။ ကျွန်​တော်​့သူငယ်​ချင်​းတစ်​ယောက်​ အ​မေရိကားကမိန်းမတစ်​ယောက်​နဲ့ဟန်​​ဆောင်​လက်​ထပ်​ထားတယ်​....​တော်​​တော်​ကြာပြီ တနှစ်​​ကျော်​​လောက်​ရှိပြီ။ သိန်​း xxx ​ပေးပြီး နားလည်​မူနဲ့ဟန်​ဆောင်​လက်​ထပ်​ထားတာ။ အဲဒီအမျိုးသမီးက U.S မှာ Green Card နဲ့ ​နေ​နေတာ ​လေး ငါးနှစ်​​လောက် ​ရှိ​နေပြီ။ နိုင်ငံသား - Citizen​ ​တော့ မဟုတ်​ဘူး။
.
ခု ​စောင်​့ရတာအရမ်​းကြာ​နေလို့ ဆက်​သွယ်တာ ဖုန်​းလဲမကိုင်​​တော့ဘူး . . ဘာမှလဲအဆက်​အသွယ်​မရ​တော့ဘူး။ ဟိုး အရင်​တခါက အဆက်​အသွယ်​ရ​သေးတယ်​။ သံရုံးတင်​ထားတယ်​လို့​ပြောတာပဲ။ အဲဒါတကယ်​သံရုံးတင်​တာဟုတ်မဟုတ်​သိချင်​ရင်​မြန်​မာနိုင်​ငံဘက်​မှာ​နေတဲ့ ကျွန်​တော့သူငယ်​ချင်​းဘက်​က ဘယ်​လိုစုံစမ်​းရင်​ရနိုင်​မလဲဆိုတာသိချင်​လို့ပါ။ ကျွန်တော်က အသက် (၃၂) နှစ် ရန်ကုန်မှာနေပါတယ်။
.
.
ဖြေ
.
. ငါ့တူ သူငယ်ချင်းအကြောင်းဖတ်ရတာ ရင်ထိပ်သဲဖိုဝတ္တုတစ်အုပ်ဖတ်နေရသလိုပါပဲ။ ဒီလိုအဖြစ်မျိုး အခုအချိန်အထိရှိနေသေးပါလားဆိုတာ ခပ်နက်နဲနဲအတွေးရောက်လာစေတယ်။ "ဟန်​​ဆောင်​လက်​ထပ်​ထားတယ်" ဆိုတဲ့အမေးကို မဖြေခင် "အမှန်တကယ်လက်ထပ်သူတွေ" ရဲ့ လုပ်ရိုးလုပ်စဉ်အမှန်တွေကို အမေရိကန်အစိုးရရဲ့ ပြည်ဝင်ခွင့်ဝဘ်ဆိုဒ်ဖြစ်တဲ့ www.uscis.gov က တရားဝင်လမ်းညွှန်ချက််တွေကို အကျဉ်းရေးပြပါဦးမယ်။
.
.
. လင်မယားအနေနဲ့လက်ထပ်ပြီးအမေရိကားကိုခေါ်တာကို "Bringing Spouses to Live in the United States as Permanent Resident" လို့ခေါ်ပါတယ်။ "Permanent Residents" ဆိုတာက အများသိကြတဲ့ "P.R" ကိုင်ထားသူတွေဖြစ်ပြီး မေးခွန်းထဲမှာပါတဲ့ "Green Card" ကိုင်ထားသူ / နို်င်ငံသားမဖြေသေးသူ / ဖြေဖို့အချိန်မကျသေးသူတွေကို နေထိုင်ခွင့်ရရှိရေးထုတ်ပေးထားတဲ့ ဓါတ်ပုံပါသက်သေခံကဒ်ပြားဖြစ်ပါတယ်။ (ဒီမြေကနေထွက်ခွာပြီး ပြန်ဝင်ခွင့်ရနိုင်ဖို့ GC ကို အဝင်လေဆိပ်မှာပြန်ပြရတာဖြစ်လို့ အင်မတန်အရေးကြီးပါတယ်)
.
. ဒီဘက်နိုင်ငံသားခံယူပြီးထားသူရော၊ GC သမားရော တစ်ခြားနိုင်ငံတစ်ခုခုက အိမ်ထောင်ဘက်ကိုခေါ်ယူခွင့်ရှိပါတယ် = တင်ရမယ့်ဖောင် Form I-130 (https://www.uscis.gov/system/files_force/files/form/i-130.pdf?download=1)
.
. လက်ထပ်ခေါ်ယူခံရမယ့်သူက အမေရိကန်နိုင်ငံကိုအကြောင်းတစ်ခုနဲ့ရောက်နေပြီးသားဆိုရင် ဗီဆာနဲ့တကွ လူကိုယ်တိုင်လည်း ပြည်တွင်းကိုရောက်နေပြီးသားဖြစ်လို့ ခေါ်ယူသူ - Petitioner က ဖောင် Form I-485 = Application to Register Permanent Residence or Adjust Status = (https://www.uscis.gov/system/files_force/files/form/i-485.pdf?download=1) ကိုတင်ပေးပြီး ရောက်ရှိနေတဲ့အခြေအနေ - Status ကိုပြောင်းပေးလိုက်ရုံံနဲ့ အားလုံးချောချောမွေ့မွေ့အဆင်ပြေနိုင်ပါတယ်။
.
.
. လုပ်ဆောင်ချက်တွေအနေနဲ့ မြန်မာနိုင်ငံ (သို့) နိုင်ငံတစ်ခုခုကိုသွားရောက်လက်ထပ်ပြီး တရားဝင်စာရွက်စာတမ််းတွေစုဆောင်းပြင်ဆင်ရပါမယ်။ ဒီဘက်နိုင်ငံကလျှောက်ပေးသူတင်ရမယ့်ဖောင်တွေက
.
A copy of your civil marriage certificate
(လက်ထပ်စာချုပ်)
.
A copy of all divorce decrees, death certificates, or annulment decrees that demonstrate that all previous marriages entered into by you and/or your spouse were terminated
(ကွာရှင်းစာချုပ်၊ သေစာရင်း၊
ယခင်လက်ထပ်ထားခဲ့လျှင်
လက်ထပ်စာချုပ်၊ ကွာရှင်း၊ သေစာရင်း အဟောင်း)
.
Passport style photos of you and your spouse
(လျှောက်ထားသူနဲ့လိုက်လာမယ့်သူတို့ရဲ့ပါ့စပို့စ် ဓါတ်ပုံများ)
.
Evidence of all legal name changes for you and/or your spouse (may include marriage certificates, divorce decrees, court judgment of name change, adoption decrees, etc.)
(တရားဝင်စာရွက်တွေပေါ်က နာမယ်ပြောင်းထားတာမှန်သမျှအထောက်အထား)

တို့ကို ဒီဘက်မြေမှာတင်ပေးရမှာပါ။
.
.
. တကယ်လို့ ခေါ်မယ့်သူက အမေရိကန်နို်င်ငံသားဖြစ်ရင်
သိပ်မရှုတ်ပါဘူး။ လိုတာတွေက
.
A copy of your valid U.S. passport
(အမေရိကန်နို်င်ငံကူးလက်မှတ်)
.
A copy of your U.S. birth certificate OR
A copy of Consular Report of Birth Abroad
(အမေရိကန်မွေးစာရင်း - သို့ - ကောင်စစ်ဝန်ရုံးအသိအမှတ်ပြုမွေးစာရင်း)
.
A copy of your naturalization certificate OR
A copy of your certificate of citizenship
(အမေရိကန်နို်င်ငံသားဖြစ်ကြောင်းသက်သေခံစာရွက် - သို့ - ကျမ်းကျိမ်လွှာ)

တို့ ဖြစ်ပါတယ်။
.
.
. တကယ်လို့ Green Card Holder အနေနဲ့ခေါ်ရင် Green Card ရှေ့/နောက် မိတ္တူ နဲ့ မူရင်းနို်င်ငံကနိုင်ငံကူးလက်မှတ်တို့ကိုပါ ပူးတွဲတင်ဖို့ရေးထားပါတယ်။
.
.
. မေးခွန်း "​မြန်​မာနိုင်​ငံဘက်​မှာ​နေတဲ့ ကျွန်​တော့သူငယ်​ချင်​းဘက်​က ဘယ်​လိုစုံစမ်​းရင်​ရနိုင်​မလဲဆိုတာသိချင်​လို့ပါ" ကိုဖြေရရင် အဖြေကို "မသိဘူး" လို့ပဲ ပေးရမှာပါ။ အပေါ်ကလုပ်ဆောင်ရန်အကြောင်းအချက််တွေက ဟန်ဆောင်ပဲလက်ထပ်လက်ထပ်၊ တကယ်ချစ်လို့ကြိုက်လို့ ရွာပြန်ပြီး ဆယ်အိမ်ကြား ဆယ့်နှစ်အိမ်ကြား မင်္ဂလာပဲဆောင်ဆောင် ဒီဘက်မြေကလူ မဖြစ်မနေတင်ရမယ့်လုပ်ဆောင်ချက်တွေဟာ ပြေးလွှားလုပ်ကိုင်ရ၊ ဖုန်းပြောရ၊ အလုပ်ပျက်ရ အကိုင်ပျက်ရ နဲ့ တကယ်ကြုံဖူးမှခက်ခဲနက်နဲတယ်ဆိုတာကိုသိရပါမယ်။
.
. ပြီးတော့ တဆက်တည်းပြောချင်တာက အခုနောက်ပိုင်း သမ္မတအပြောင်းအလဲမှာ ပြည်ဝင်ခွင့်အဆင့်ဆင့်ကိုပြင်ဖို့ အာကျယ်ကျယ်အော်နေတာကိုမပြောနဲ့ဦး . . အရင် သမ္မတခေတ်ကတည်းက ဟန်ဆောင်လက်ထပ်တာကို ကြပ်မတ်စစ်ဆေးတယ်ဆိုတာကြားဖူးခဲ့ပါတယ်။ ဒါကြောင့် ဒုတိယအဖြေကို ဒီဘက်မြေကခေါ်သူက "မှန်ချင်လည်းမှန်မယ်၊ မမှန်ချင်လည်းမမှန်ဘူး။ သူ့သဘောဘဲ" လို့ ပေးချင်ပါတယ်။ ဟုတ်ပါတယ် . . ဒီအဖြေကို ကာယကံရှင်ကသာ အသိဆုံးဖြစ်မှာပါ။
.
.
. အမှန်က ဦးညီ ဒီလို အမေးအဖြေ Q&A Channel လေးလုပ်တာက တိုးတိုးတိတ်တိတ်အလိမ်မခံရအောင် နဲ့ မသိလိုက်လို့ / မကြားမိလိုက်လို့ အခက်အခဲများမှာကိုကာကွယ်ပေးချင်တဲ့စေတနာတစ်ခုတည်းကြောင့်ပါ။ ဘယ်သူ့နားကမှ ငွေရပြီး အားလပ်လွန်းလို့လုပ်ရတာမဟုတ်သလို မည်သည့်တရားမဝင်ပြည်ဝင်ခွင့်လမ်းကြောင်းကိုမှ ဦးညီ အကြံမပေးတတ်ပါဘူး။ ပေးလည်းမပေးပါဘူး။
.
. တကယ်လို့သာ အဲဒီအချိန်တုန်းက ဦးညီထက်သိကျွမ်းသူတစ်ယောက်ယောက်နဲ့ဖြစ်နိုင်ခြေရှိမရှိကိုတိုင်ပင်ကြည့်မိခဲ့ရင် ရလဒ်က တစ်မျိုးပြောင်းသွားနိုင်သလို လူမှန်ကခေါ်ရင်လည်း ဒီဘက်မြေကိုရောက်လာလောက်ပါပြီ။ လူရွေးမှားပြီး ငွေထုပ်ပါးမိရင်တော့ ငွေပမာဏက မနည်းလှတဲ့အကြောင်း အကြောင်းပြန်ကြားလိုက်ပါတယ် . . ရန်ကုန်သား လူလည်တို့ရေ . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 12-21-2017
.
.
 . "ေမးေနက်မဟုတ္ေသာေမးခြန္းႏွင္႕အေျဖမ်ား။ (၄)"
.
. ဦးညီ ေရ . .
ဒီႏိုင္ငံကိုအလည္ဗီဆာနဲ႔လာၿပီးသတ္တမ္းေက်ာ္လည္း ေနတယ္ . . တရားမဝင္အလုပ္လည္း လုပ္တယ္။ အဲဒီလိုလူက ကြၽန္ေတာ္တို႔လိုတရားဝင္ေနထိုင္သမားကို အလုပ္ထဲမွာအရမ္းဖိ၊ အရမ္းႏွိမ္၊ အရမ္းခ်ဳပ္ခ်ယ္တာေတြတအားလုပ္လာရင္ ကြၽန္ေတာ္တို႔လိုတရားဝင္အလုပ္သမားေတြအေနနဲ႔ ဘယ္သူ႕ကိုတိုင္ၾကားႏိုင္ပါသလဲ? တရားဝင္အေရးယူေပးတာေတြ႐ွိပါသလား? ႐ိုး႐ိုးရဲကေရာအလုပ္သမားကိစၥေတြကို႐ွင္းေပးပါ႕မလား?
.
အဲဒီလူက တ႐ုတ္လူမ်ိဳး . . သူေ႒းကလည္း တ႐ုတ္ဘဲ။ ဖြင့္ထားတာေတာ့ဂ်ပန္စားေသာက္ဆိုင္။ ကြၽန္ေတာ္ကေတာ့ၾကက္သားေၾကာ္သမားေပါ႕။ အသိတစ္ေယာက္ကေျပာတာေတာ့ ႐ိုး႐ိုးရဲကမလုပ္ဘူး . . ICE ရဲ သပ္သပ္႐ွိတယ္တဲ႕။ အဲဒီလိုေျပာတာၾကားလို႔။
.
ၿပီးေတာ႕သူမ်ားစီးပြားေရးပ်က္မယ့္ကိစၥမ်ိဳးလည္းကြၽန္ေတာ္မလုပ္ခ်င္ပါဘူး။ ဒါေပမဲ႕ဟိုတ႐ုတ္တစ္ေယာက္ပဲ တစ္ဆိုင္လံုးကိုလိုက္ၿပီးေဟာက္စားအႏိုင္က်င့္ေနတာ။ သူေ႒းကမသိတာလား . . မသိခ်င္ေယာင္ေဆာင္ေနတာလားမသိဘူး။ သူေ႒း နဲ႕ သူနဲ႕ကေတာ့ တ႐ုတ္အခ်င္းခ်င္းအဆင္ေျပၾကမယ္ဗ် . . ဘာသာစကားလည္းတူေနေတာ့ေလ။ အလုပ္ေျပာင္းဖို႔စိတ္ကူးတာပဲေကာင္းမလားမသိဘူး။ အၾကံေပးပါအံုး ဦးညီရယ္ . .။
.
ကြၽန္ေတာ္ဗုဒၶဘာသာျမန္မာလူမ်ိဳး မိေကာင္းဖခင္သားသမီးပါ။ သူမ်ားအေပၚမေကာင္းၾကံခ်င္စိတ္မ႐ွိပါဘူး။ တစ္ကယ္ပါ။ လြန္လြန္းလို႔ စိတ္တိုလုိ႕ စိတ္ေပါက္ေပါက္နဲ႔ရင္ဖြင့္မိတာပါ . . ေဆာရီးေနာ္။ ဦးညီ လုပ္ပံုကိုင္ပုံ လုပ္နည္းကိုင္နည္းေလးေတြ ေျပာျပေပးပါလား . .။ အပူေပးတယ္မထင္ပါနဲ႔ေနာ္။ ရတယ္ဦးညီ ႀကိဳက္သလိုတင္ ဖတ္ရဖို႔အဓိကဘဲ ဖတ္ခ်င္ေနတာၾကာၿပီ။ ေက်းဇူးပါဗ်။
.
.
ေျဖ
.
. ငါ႕တူတို႕ရင္ဆုိင္ရတဲ႕ဘဝကိုကိုယ္ခ်င္းစာပါတယ္။ သက္ေတာင္႕သက္သာအလုပ္လုပ္ခ်င္ေပမဲ႕ စိတ္မခ်မ္းသာရတဲ႕အလုပ္ခြင္ေတြ အေမရိကားမွာရွိတဲ႕အေၾကာင္း ေထာက္ျပတာသိပ္ေကာင္းပါတယ္။ ေနာက္တစ္ခုက အခုလက္ရွိအေမရိကားမွာၾကံဳေနရတဲ႕ အခေၾကးေငြနည္းနည္း နဲ႕ ေနထုိင္လုပ္ကိုင္ေနၾကတဲ႕ တရားမဝင္လုပ္သားေတြေၾကာင္႕ လက္ရွိသမၼတရဲ႕ႏုိင္ငံျခားေရးမူဝါဒျဖစ္ျဖစ္၊ အေမရိကန္ျပည္ဝင္ခြင္႕မူဝါဒျဖစ္ျဖစ္ အနည္းနဲ႕အမ်ား အေျပာင္းအလဲရွိႏုိင္တယ္ဆုိတာ အားလံုးကုိသတိေပးလုိက္သလိုပါဘဲ။
.
. ေမးခြန္းေတြကိုမေျဖခင္ စိတ္ေျပလက္ေပ်ာက္ျဖစ္သြားေအာင္ ဦးညီသိထားတဲ႕ျဖစ္ရပ္မွန္ေလးတစ္ခ်ိဳ႕ေျပာျပၾကည္႕မယ္။ ပထမတစ္ခုက တရားမဝင္လုပ္သားမပါေပမယ္႕ ကိုင္တြယ္တဲ႕အလုပ္ရွင္က အာရွတုိက္သားျဖစ္ေနလို႕ သင္ခန္းစာယူႏုိင္ေအာင္ေပါ႕ . . ဟုတ္ျပီလား . .။
.
. နည္းနည္းေပးျပီးအရင္ေက်ေအးမလား? မ်ားမ်ားေပးရေအာင္အစြဲခံမလား?
.
. အေမရိကန္ျပည္ေထာင္စုရဲ႕ျမိဳ႕တစ္ျမိဳ႕မွာ အမ်ိဳးသမီးတစ္ေယာက္က ဓါတ္ဆီဆိုင္တစ္ခုမွာအလုပ္လုပ္ပါတယ္။ ပိုင္ရွင္က တရုတ္လူမ်ိဳးလို႕သိရျပီး စုစုေပါင္း အမ်ိဳးသမီးဝန္ထမ္း (၂) ေယာက္သာ လုပ္ကုိင္ပါတယ္။ တစ္ဆိုင္လံုးမွာ မုန္႕ပဲသားေရစာ၊ လီပုိ၊ ဖဲထုတ္၊ ဖုန္းအားသြင္းၾကိဳးေတြ နဲ႕ ကြန္ဒံုးအထိအကုန္ရတာက အေမရိကန္ကဓါတ္ဆီဆိုင္ေတြရဲ႕ထံုးစံပါ။ ပစၥည္းစံု၊ ကားစံု၊ ေနရာစံုေတာ႕ ဓါတ္ဆီဆိုင္ကို လူစံုလာတယ္။ တခါတခါမ်ားဆုိ ဖိတ္ေခၚမထားတဲ႕ဧည္႕သည္ေတြေရာက္ေရာက္လာရင္ ဝန္ထမ္းေတြစိတ္ညစ္ရပါတယ္။
.
.
. တစ္ရက္ေတာ႕ ဆုိက္ဆုိက္ျမိဳက္ျမိဳက္ေရာက္လာတဲ႕လူတစ္ေယာက္ကေသနတ္ျပျပီး ေဒၚလာ (၁ဝဝဝ) ဓါးျပတိုက္သြားပါေလေရာ။ အဲဒါကို နားမလည္ ပါးမလည္ ဆုိင္ရွင္တရုတ္က တာဝန္က်ဝန္ထမ္းအမ်ိဳးသမီးကုိ အေလွ်ာ္ေတာင္းပါတယ္။ ဥပေဒမွာ ဓါးျပတုိက္ခံရရင္ ဆံုးရွံဴးမႈအစုစု - Liability က ဆိုင္ရွင္နဲ႕ပဲဆုိင္တာကုိ ကုိေရႊတရုတ္က သိဟန္မတူပါဘူး။ လုပ္ရိုးလုပ္စဥ္ျဖစ္တဲ႕ ရဲစခန္းတုိင္၊ အမႈဖြင္႕၊ မွတ္ခ်က္ယူထား။ ႏွစ္ကုန္လို႕အခြန္ေဆာင္တဲ႕အခါျပန္ရတဲ႕ Tax Return မွာ ေပးသေလာက္ျပန္ေလွ်ာက္ယူ . . လုပ္ရမယ္႕အစား တရုတ္နည္းတရုတ္ဟန္ နဲ႕ မဆုိင္တဲ႕ဝန္ထမ္းကုိအေလ်ာ္ေတာင္းတယ္ဆုိတာ ေတာ္ေတာ႕ကုိလြဲေနတာပါ။
.
. ဒါကို ဆိုင္ဝန္ထမ္းက သူနဲ႕မဆိုင္ဘူး . . မေလ်ာ္ႏုိင္ဘူး လို႕ေျပာတာကို ဆုိင္ရွင္က သူ႕ကုိေပးတဲ႕လခကေန ႏႈတ္ခ်ပစ္လိုက္ပါတယ္။ ဒီအခါမွာ ဥပေဒရဲ႕အကာအကြယ္ကုိမယူမျဖစ္ယူရတဲ႕ တန္းတူအခြင္႕အေရး နဲ႕ ႏွိမ္႕ခ်ဆက္ဆံျခင္းကိုမလိုလားတဲ႕ သာမန္အေမရိကန္ျပည္သူတစ္ေယာက္ရဲ႕အရည္အေသြးကုိထုတ္သံုးလုိက္တဲ႕အခါ . .။
.
.
. ဆုိင္ရွင္ကုိတရားရံုးကဆင္႕ေခၚပါတယ္။ သူ႕ဝန္ထမ္းစြဲထားတဲ႕ကိစၥကို အမႈရင္ဆုိင္မလား? အျပင္မွာညွိႏိႈင္းျပီး အမႈရုတ္သိမ္းမလား? ဆိုတာ ဥပေဒအၾကံေပးကေနတစ္ဆင္႕ ညႊန္ၾကားလာတယ္။ တရားရံုးလည္းဆုိေရာ ဆုိင္ရွင္က ေၾကာက္အားလန္႕အား နဲ႕ ေဒၚလာ (၁ဝဝဝ) အေလ်ာ္ေတာင္းထားတဲ႕ဝန္ထမ္းကို အမႈပိတ္ေပးဖို႕ ေဒၚလာ (၃ဝဝဝ) ေပးျပီး ကမ္းလွမ္းပါတယ္။ သာတူညီမွ်မႈအရ ဒီအမႈမွာပတ္သက္ေသာ္လည္း ဓါးျပနဲ႕မရင္ဆုိင္လုိက္ရတဲ႕ေနာက္ဝန္ထမ္းတစ္ေယာက္ကိုပါ ညိွႏိႈင္းေတာ႕ အဲဒီတစ္ေယာက္က အလကားရတဲ႕ေဒၚလာ (၃ဝဝဝ) ကိုယူျပီး လက္မွတ္ထုိးေပးလုိက္တယ္။ သုိ႕ေသာ္ . . ။
.
. ေဒၚလာ (၁ဝဝဝ) အေလ်ာ္ေတာင္းခံရတဲ႕ဝန္ထမ္းက သူ႕ကုိေစာ္ကားတယ္လုိ႕ခံယူတာေၾကာင္႕ မေက်ေအး အေလွ်ာ႕မေပးပဲ ဆက္ျပီးရံုးတက္တရားစြဲေတာ႕ ေနာက္ဆံုးမွာ “နစ္နာေၾကး ေဒၚလာ (၁ဝဝဝဝ) ေပးေစ” ဆုိတဲ႕အမိန္႕စာက်လာေတာ႕ ကိုေရႊတရုတ္ၾကီးမ်က္စိျပဴးသြားရတယ္။ ဒါက လူမ်ိဳးနဲ႕ဒုစရုိက္မႈကိုကြက္ျပီးေျပာလိုတာမဟုတ္ပဲ ဥပေဒကုိနားလည္သူ နဲ႕ ဥပေဒကိုနားလည္ေအာင္မလုပ္ပဲ လုပ္ခ်င္ရာလုပ္တတ္တဲ႕အာရွတုိက္သားတုိ႕ဆီက ေရွာင္က်ဥ္သင္႕တဲ႕သင္ခန္းစာတစ္ခုပါ။ ကဲ . ကဲ . . စိတ္ညစ္သြားျပီ . . ေပ်ာ္ေပ်ာ္ပါးပါးေလး ေနာက္ထပ္ျဖစ္ရပ္မွန္တစ္ပုဒ္ေျပာျပမယ္ . .။
.
. တရားမဝင္မွန္းၾကိဳသိရင္
.
. ကုမၸဏီတစ္ခုမွာ စားေသာက္ခန္း၊ နားေနခန္း နဲ႕ အိမ္သာေတြကိုေဆးေၾကာသန္႕စင္တဲ႕လုပ္သား - Janitor တစ္ေယာက္ရွိပါသတဲ႕။ ကုမၸဏီက တစ္ျဖည္းျဖည္းၾကီးလာတာနဲ႕အမွ် လိုအပ္လို႕ ေနာက္ထပ္တစ္ေယာက္ငွားတဲ႕အခါ ပထမလူနဲ႕ျပသနာတက္ပါေတာ႕တယ္။ ဒီအလုပ္ကိုငါလုပ္ရတာမ်ားတယ္ . . သူက်ေတာ႕မလုပ္ဘူး။ ညစ္ပတ္တဲ႕အလုပ္ေတြက်ေတာ႕ငါ႕အတြက္ခ်န္ထားတယ္ . . သူက စားေသာက္ခန္းေတြပဲ သြားရွင္းေနတယ္ . . ဆုိျပီး တစ္ေယာက္ကုိတစ္ေယာက္တြက္ကတ္ရာကေန ဇာတ္လမ္းကမသန္းေတြ ဘာေတြျဖစ္လာေတာ႕ ေနာက္ဆံုး ပထမေရာက္ေနတဲ႕သူက လူ႕အရင္းအျမစ္႒ာန - HR (Human Resources) ကုိ သြားတုိင္ပါတယ္။ ေနာက္ေရာက္လာသူက တရားမဝင္အလုပ္လုပ္ေနတဲ႕ Illegal Worker ဆိုျပီးေတာ႕ေပါ႕။
.
. ဒီေနရာမွာတစ္ခုေျပာခ်င္တာက လုပ္ငန္းၾကီးလုပ္တဲ႕ကုမၸဏီအမ်ားစုဟာ ဝန္ထမ္းကိစၥဆုိရင္ရႈတ္ေထြးလြန္းလို႕ကုိယ္တုိင္မအုပ္ခ်ဳပ္ခ်င္ၾကပါဘူး။ ဒါေၾကာင္႕ တစ္ခုခုလုိရင္ ကန္ထရုိက္စံနစ္နဲ႕အငွားလုိက္တဲ႕ဝန္ထမ္းေတြကို ေခၚသံုးၾကတယ္။ အဲဒီလို ေအးဂ်င္႕က ေမာင္ျဖဴ ဘယ္ကုိသြားလုပ္ . . မခင္ ဘယ္ကုမၸဏီကုိ (၃) လ သြားအလုပ္ဆင္းဆိုျပီး သူ႕လူေတြကုိသူ ကိုင္တြယ္ပါတယ္။ ဒီေနရာေလးမွာလွည္႕ကြက္ကေလးတစ္ခုရွိတာကုိ ျမင္ေအာင္ၾကည္႕ပါ။
.
.
. ျပသနာျဖစ္ေတာ႕ (လက္ရွိအလုပ္ဆင္းေနတဲ႕ ကုမၸဏီရဲ႕ HR ကုိ) သြားတုိင္ေပမယ္႕ HR က သူ႕မူလကန္ထရုိက္တာကိုျပန္လႊဲတယ္။ အဲဒါ မူလကုမၸဏီက အတုိင္ခံရတဲ႕တရားမဝင္အလုပ္သမားကိုအလုပ္ျဖဳတ္တယ္။ ျပီးေတာ႕ တုိင္တဲ႕သူကိုပါျဖဳတ္ပစ္တယ္။ အေၾကာင္းကေတာ႕ တုိင္တဲ႕သူကပါ တရားမဝင္ျဖစ္ေနတာေလ။
.
. ဒီလိုကိစၥကိုသာမန္ကေလးငယ္ေတာင္စဥ္းစားတတ္တယ္။ ကိုယ္တုိင္က တရားမဝင္ျဖစ္ေနတာကုိ ေနာက္လူကိုတရားမဝင္လို႕အလုပ္ျဖဳတ္ေပးပါလို႕သြားတုိင္ရင္ သူပါျပဳတ္သြားႏုိင္တာကုိ စဥ္းစားတတ္ရမွာေပါ႕ . . မဟုတ္ဘူးလား . .။ ဒါေပမယ္႕ တရားမဝင္လုပ္သူတုိ႕ရဲ႕စိတ္ထဲမွာအျမဲသိမ္ငယ္ေနတတ္တယ္။ တစ္ခုခုကိုအျမဲေၾကာက္လန္႕ေနတတ္တယ္။ လုပ္ေဖာ္ကိုင္ဘက္ေတြက “ငါတရားမဝင္အလုပ္လုပ္ေနတာသိသြားလုိ႕မျဖစ္ဘူး” ဆုိျပီး တရားမဝင္ခန္္႕တဲ႕အလုပ္ရွင္ရဲ႕လုပ္ပိုင္ခြင္႕အာဏာကိုငွားသံုးျပီး သူမ်ားေၾကာက္ေအာင္ေျခာက္လွန္႕ထားတဲ႕သေဘာ။ အခုေျပာခဲ႕တဲ႕ ဒုတိယျဖစ္ရပ္မွန္က မကၠဆီကန္အလုပ္သမား (၂) ေယာက္အေၾကာင္းက အေၾကာက္တရားကိုအဖံုးကြယ္လြန္လို႕ျဖစ္သြားရတာ။ ငါ႕တူရဲ႕အျဖစ္က ဒီဇာတ္လမ္း (၂) ပုဒ္ကုိေပါင္းထားသလုိမ်ိဳး . . အဲဒါကုိေျပာခ်င္လို႕ ဒီေလာက္အရွည္ၾကီးေရးရတာ . . ဟူး . .။
.
.
. ေမးခြန္းရဲ႕အေျဖကုိတုိက္ရုိက္ေျပာရရင္
.
၁.. အလုပ္မွာအလုပ္သမားေခါင္းေဆာင္ - Lead ရွိရင္ အရင္သြားေျပာပါ
.
၂.. Lead မရွိရင္ အလုပ္သမားအုပ္ခ်ဳပ္တဲ႕ HR ရွိရင္ အရင္တင္ျပပါ
.
၃.. HR မရွိရင္ေတာ႕ သူေ႒းကုိတင္ျပဖို႕ၾကိဳးစားပါ
.
၄.. ဒါနဲ႕မွမေျပလည္ေသးဘူး / ဆက္ျဖစ္ေနလို႕ မခံႏုိင္ဘူး / လုပ္ေတာ႕မယ္ဆုိရင္ေတာ႕ အလုပ္သမားဘုတ္အဖြဲ႕ - Labor Board (သုိ႕မဟုတ္) အလုပ္သမားသမၼဂ - Labor Union ကုိေျပာျပီး ေျဖရွင္းခုိင္းပါ
.
၅.. ဒီေနာက္မွာေတာ႕ တရားရံုးတက္တာတုိ႕ဘာတို႕ကုိ အခ်ိန္ကုန္ခံႏိုင္ရင္ဆက္လုပ္ႏုိင္သလို ဒီထက္ေကာင္းတဲ႕ / အလုပ္သမားတန္းတူညီမွ်မႈကိုေလးစားတဲ႕ / လခပုိေကာင္းတဲ႕ / မပင္ပန္းတဲ႕ / ပညာကုိအေျခခံတဲ႕ကုမၸဏီမွာ အလုပ္အသစ္ရွာႏုိင္ပါတယ္။
.
.
. ေျပာခ်င္တာက ဒီေလာက္ပါဘဲ။ ေနရာတုိင္းမွာ သူ႕ဘက္ ကိုယ္႕ဘက္ ရွိတယ္ဆုိေပမယ္႕ အေမရိကန္ေျမေပၚမွာ ဘယ္သူမဆိုမွ်တေအာင္ၾကည္႕တတ္ရင္အေကာင္းဆံုးပါ။ ဒါေၾကာင္႕ စီးပြားေရးေကာင္းျပီး ဝင္ေငြမ်ားတဲ႕ကုမၸဏီေတြမွာ ဝန္ထမ္းေလ႕က်င္႕ေရး - Training ၊ ျဖည္႕စြက္ကြ်မ္းက်င္သင္တန္း - Proficiency Training ဆိုတာေတြေပးေလ႕ရွိတယ္။
.
. အဲဒီကေန လုပ္ေဖာ္ကိုင္ဘက္အခ်င္းခ်င္းဆက္ဆံပံု တုိ႕၊ အထက္လူၾကီးကိုရုိေသတတ္ဖို႕ တုိ႕၊ ေပးတဲ႕တာဝန္ကုိထမ္းေဆာင္တတ္ဖို႕ တုိ႕ အျပင္ ကာမအိေျႏၵကိုထိပါးမေစာ္ကားမိေစဖို႕ Anti Sexual Harassment Training တုိ႕ ေပးတဲ႕ကုမၸဏီေတြေရာက္ရင္ ေသေသခ်ာခ်ာေလ႕လာသင္႕တဲ႕အေၾကာင္း စကားလက္ေဆာင္ေပးလုိက္ပါတယ္ေနာ္။ ေနရာသစ္မွာ ေျခရာစစ္ရင္း ဘဝသစ္ကုိ ခ်စ္ျခင္းေမတၱာတုိ႕ျဖင္႕ ထုဆစ္ႏိုင္ပါေစ။
.
.
စာၾကြင္း ။။။။။။။။။ ေမးခြန္းရွင္ေျပာတဲ႕ ICE ရဲ ရဲ႕ အဓိပၸာယ္ဖြင္႕ (အဂၤလိပ္လို) U.S. Immigration and Customs Enforcement (or ICE) is a U.S. federal government law enforcement agency under the jurisdiction of the Department of Homeland Security (DHS).
ICE has two primary components: Homeland Security Investigations (HSI) and Enforcement and Removal Operations (ERO).
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 01-23-2018
.
.
Unicode Version:
.
.
. "မေးနေကျမဟုတ်သောမေးခွန်းနှင့်အဖြေများ။ (၄)"
.
. ဦးညီ ရေ . .
ဒီနိုင်ငံကိုအလည်ဗီဆာနဲ့လာပြီးသတ်တမ်းကျော်လည်း နေတယ် . . တရားမဝင်အလုပ်လည်း လုပ်တယ်။ အဲဒီလိုလူက ကျွန်တော်တို့လိုတရားဝင်နေထိုင်သမားကို အလုပ်ထဲမှာအရမ်းဖိ၊ အရမ်းနှိမ်၊ အရမ်းချုပ်ချယ်တာတွေတအားလုပ်လာရင် ကျွန်တော်တို့လိုတရားဝင်အလုပ်သမားတွေအနေနဲ့ ဘယ်သူ့ကိုတိုင်ကြားနိုင်ပါသလဲ? တရားဝင်အရေးယူပေးတာတွေရှိပါသလား? ရိုးရိုးရဲကရောအလုပ်သမားကိစ္စတွေကိုရှင်းပေးပါ့မလား?
.
အဲဒီလူက တရုတ်လူမျိုး . . သူဋ္ဌေးကလည်း တရုတ်ဘဲ။ ဖွင့်ထားတာတော့ဂျပန်စားသောက်ဆိုင်။ ကျွန်တော်ကတော့ကြက်သားကြော်သမားပေါ့။ အသိတစ်ယောက်ကပြောတာတော့ ရိုးရိုးရဲကမလုပ်ဘူး . . ICE ရဲ သပ်သပ်ရှိတယ်တဲ့။ အဲဒီလိုပြောတာကြားလို့။
.
ပြီးတော့သူများစီးပွားရေးပျက်မယ့်ကိစ္စမျိုးလည်းကျွန်တော်မလုပ်ချင်ပါဘူး။ ဒါပေမဲ့ဟိုတရုတ်တစ်ယောက်ပဲ တစ်ဆိုင်လုံးကိုလိုက်ပြီးဟောက်စားအနိုင်ကျင့်နေတာ။ သူဋ္ဌေးကမသိတာလား . . မသိချင်ယောင်ဆောင်နေတာလားမသိဘူး။ သူဋ္ဌေး နဲ့ သူနဲ့ကတော့ တရုတ်အချင်းချင်းအဆင်ပြေကြမယ်ဗျ . . ဘာသာစကားလည်းတူနေတော့လေ။ အလုပ်ပြောင်းဖို့စိတ်ကူးတာပဲကောင်းမလားမသိဘူး။ အကြံပေးပါအုံး ဦးညီရယ် . .။
.
ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုး မိကောင်းဖခင်သားသမီးပါ။ သူများအပေါ်မကောင်းကြံချင်စိတ်မရှိပါဘူး။ တစ်ကယ်ပါ။ လွန်လွန်းလို့ စိတ်တိုလို့ စိတ်ပေါက်ပေါက်နဲ့ရင်ဖွင့်မိတာပါ . . ဆောရီးနော်။ ဦးညီ လုပ်ပုံကိုင်ပုံ လုပ်နည်းကိုင်နည်းလေးတွေ ပြောပြပေးပါလား . .။ အပူပေးတယ်မထင်ပါနဲ့နော်။ ရတယ်ဦးညီ ကြိုက်သလိုတင် ဖတ်ရဖို့အဓိကဘဲ ဖတ်ချင်နေတာကြာပြီ။ ကျေးဇူးပါဗျ။
.
.
ဖြေ
.
. ငါ့တူတို့ရင်ဆိုင်ရတဲ့ဘဝကိုကိုယ်ချင်းစာပါတယ်။ သက်တောင့်သက်သာအလုပ်လုပ်ချင်ပေမဲ့ စိတ်မချမ်းသာရတဲ့အလုပ်ခွင်တွေ အမေရိကားမှာရှိတဲ့အကြောင်း ထောက်ပြတာသိပ်ကောင်းပါတယ်။ နောက်တစ်ခုက အခုလက်ရှိအမေရိကားမှာကြုံနေရတဲ့ အခကြေးငွေနည်းနည်း နဲ့ နေထိုင်လုပ်ကိုင်နေကြတဲ့ တရားမဝင်လုပ်သားတွေကြောင့် လက်ရှိသမ္မတရဲ့နိုင်ငံခြားရေးမူဝါဒဖြစ်ဖြစ်၊ အမေရိကန်ပြည်ဝင်ခွင့်မူဝါဒဖြစ်ဖြစ် အနည်းနဲ့အများ အပြောင်းအလဲရှိနိုင်တယ်ဆိုတာ အားလုံးကိုသတိပေးလိုက်သလိုပါဘဲ။
.
. မေးခွန်းတွေကိုမဖြေခင် စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ဦးညီသိထားတဲ့ဖြစ်ရပ်မှန်လေးတစ်ချို့ပြောပြကြည့်မယ်။ ပထမတစ်ခုက တရားမဝင်လုပ်သားမပါပေမယ့် ကိုင်တွယ်တဲ့အလုပ်ရှင်က အာရှတိုက်သားဖြစ်နေလို့ သင်ခန်းစာယူနိုင်အောင်ပေါ့ . . ဟုတ်ပြီလား . .။
.
. နည်းနည်းပေးပြီးအရင်ကျေအေးမလား? များများပေးရအောင်အစွဲခံမလား?
.
. အမေရိကန်ပြည်ထောင်စုရဲ့မြို့တစ်မြို့မှာ အမျိုးသမီးတစ်ယောက်က ဓါတ်ဆီဆိုင်တစ်ခုမှာအလုပ်လုပ်ပါတယ်။ ပိုင်ရှင်က တရုတ်လူမျိုးလို့သိရပြီး စုစုပေါင်း အမျိုးသမီးဝန်ထမ်း (၂) ယောက်သာ လုပ်ကိုင်ပါတယ်။ တစ်ဆိုင်လုံးမှာ မုန့်ပဲသားရေစာ၊ လီပို၊ ဖဲထုတ်၊ ဖုန်းအားသွင်းကြိုးတွေ နဲ့ ကွန်ဒုံးအထိအကုန်ရတာက အမေရိကန်ကဓါတ်ဆီဆိုင်တွေရဲ့ထုံးစံပါ။ ပစ္စည်းစုံ၊ ကားစုံ၊ နေရာစုံတော့ ဓါတ်ဆီဆိုင်ကို လူစုံလာတယ်။ တခါတခါများဆို ဖိတ်ခေါ်မထားတဲ့ဧည့်သည်တွေရောက်ရောက်လာရင် ဝန်ထမ်းတွေစိတ်ညစ်ရပါတယ်။
.
.
. တစ်ရက်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့လူတစ်ယောက်ကသေနတ်ပြပြီး ဒေါ်လာ (၁ဝဝဝ) ဓါးပြတိုက်သွားပါလေရော။ အဲဒါကို နားမလည် ပါးမလည် ဆိုင်ရှင်တရုတ်က တာဝန်ကျဝန်ထမ်းအမျိုးသမီးကို အလျှော်တောင်းပါတယ်။ ဥပဒေမှာ ဓါးပြတိုက်ခံရရင် ဆုံးရှံူးမှုအစုစု - Liability က ဆိုင်ရှင်နဲ့ပဲဆိုင်တာကို ကိုရွှေတရုတ်က သိဟန်မတူပါဘူး။ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ရဲစခန်းတိုင်၊ အမှုဖွင့်၊ မှတ်ချက်ယူထား။ နှစ်ကုန်လို့အခွန်ဆောင်တဲ့အခါပြန်ရတဲ့ Tax Return မှာ ပေးသလောက်ပြန်လျှောက်ယူ . . လုပ်ရမယ့်အစား တရုတ်နည်းတရုတ်ဟန် နဲ့ မဆိုင်တဲ့ဝန်ထမ်းကိုအလျော်တောင်းတယ်ဆိုတာ တော်တော့ကိုလွဲနေတာပါ။
.
. ဒါကို ဆိုင်ဝန်ထမ်းက သူနဲ့မဆိုင်ဘူး . . မလျော်နိုင်ဘူး လို့ပြောတာကို ဆိုင်ရှင်က သူ့ကိုပေးတဲ့လခကနေ နှုတ်ချပစ်လိုက်ပါတယ်။ ဒီအခါမှာ ဥပဒေရဲ့အကာအကွယ်ကိုမယူမဖြစ်ယူရတဲ့ တန်းတူအခွင့်အရေး နဲ့ နှိမ့်ချဆက်ဆံခြင်းကိုမလိုလားတဲ့ သာမန်အမေရိကန်ပြည်သူတစ်ယောက်ရဲ့အရည်အသွေးကိုထုတ်သုံးလိုက်တဲ့အခါ . .။
.
.
. ဆိုင်ရှင်ကိုတရားရုံးကဆင့်ခေါ်ပါတယ်။ သူ့ဝန်ထမ်းစွဲထားတဲ့ကိစ္စကို အမှုရင်ဆိုင်မလား? အပြင်မှာညှိနှိုင်းပြီး အမှုရုတ်သိမ်းမလား? ဆိုတာ ဥပဒေအကြံပေးကနေတစ်ဆင့် ညွှန်ကြားလာတယ်။ တရားရုံးလည်းဆိုရော ဆိုင်ရှင်က ကြောက်အားလန့်အား နဲ့ ဒေါ်လာ (၁ဝဝဝ) အလျော်တောင်းထားတဲ့ဝန်ထမ်းကို အမှုပိတ်ပေးဖို့ ဒေါ်လာ (၃ဝဝဝ) ပေးပြီး ကမ်းလှမ်းပါတယ်။ သာတူညီမျှမှုအရ ဒီအမှုမှာပတ်သက်သော်လည်း ဓါးပြနဲ့မရင်ဆိုင်လိုက်ရတဲ့နောက်ဝန်ထမ်းတစ်ယောက်ကိုပါ ညှိနှိုင်းတော့ အဲဒီတစ်ယောက်က အလကားရတဲ့ဒေါ်လာ (၃ဝဝဝ) ကိုယူပြီး လက်မှတ်ထိုးပေးလိုက်တယ်။ သို့သော် . . ။
.
. ဒေါ်လာ (၁ဝဝဝ) အလျော်တောင်းခံရတဲ့ဝန်ထမ်းက သူ့ကိုစော်ကားတယ်လို့ခံယူတာကြောင့် မကျေအေး အလျှော့မပေးပဲ ဆက်ပြီးရုံးတက်တရားစွဲတော့ နောက်ဆုံးမှာ “နစ်နာကြေး ဒေါ်လာ (၁ဝဝဝဝ) ပေးစေ” ဆိုတဲ့အမိန့်စာကျလာတော့ ကိုရွှေတရုတ်ကြီးမျက်စိပြူးသွားရတယ်။ ဒါက လူမျိုးနဲ့ဒုစရိုက်မှုကိုကွက်ပြီးပြောလိုတာမဟုတ်ပဲ ဥပဒေကိုနားလည်သူ နဲ့ ဥပဒေကိုနားလည်အောင်မလုပ်ပဲ လုပ်ချင်ရာလုပ်တတ်တဲ့အာရှတိုက်သားတို့ဆီက ရှောင်ကျဉ်သင့်တဲ့သင်ခန်းစာတစ်ခုပါ။ ကဲ . ကဲ . . စိတ်ညစ်သွားပြီ . . ပျော်ပျော်ပါးပါးလေး နောက်ထပ်ဖြစ်ရပ်မှန်တစ်ပုဒ်ပြောပြမယ် . .။
.
. တရားမဝင်မှန်းကြိုသိရင်
.
. ကုမ္ပဏီတစ်ခုမှာ စားသောက်ခန်း၊ နားနေခန်း နဲ့ အိမ်သာတွေကိုဆေးကြောသန့်စင်တဲ့လုပ်သား - Janitor တစ်ယောက်ရှိပါသတဲ့။ ကုမ္ပဏီက တစ်ဖြည်းဖြည်းကြီးလာတာနဲ့အမျှ လိုအပ်လို့ နောက်ထပ်တစ်ယောက်ငှားတဲ့အခါ ပထမလူနဲ့ပြသနာတက်ပါတော့တယ်။ ဒီအလုပ်ကိုငါလုပ်ရတာများတယ် . . သူကျတော့မလုပ်ဘူး။ ညစ်ပတ်တဲ့အလုပ်တွေကျတော့ငါ့အတွက်ချန်ထားတယ် . . သူက စားသောက်ခန်းတွေပဲ သွားရှင်းနေတယ် . . ဆိုပြီး တစ်ယောက်ကိုတစ်ယောက်တွက်ကတ်ရာကနေ ဇာတ်လမ်းကမသန်းတွေ ဘာတွေဖြစ်လာတော့ နောက်ဆုံး ပထမရောက်နေတဲ့သူက လူ့အရင်းအမြစ်ဋ္ဌာန - HR (Human Resources) ကို သွားတိုင်ပါတယ်။ နောက်ရောက်လာသူက တရားမဝင်အလုပ်လုပ်နေတဲ့ Illegal Worker ဆိုပြီးတော့ပေါ့။
.
. ဒီနေရာမှာတစ်ခုပြောချင်တာက လုပ်ငန်းကြီးလုပ်တဲ့ကုမ္ပဏီအများစုဟာ ဝန်ထမ်းကိစ္စဆိုရင်ရှုတ်ထွေးလွန်းလို့ကိုယ်တိုင်မအုပ်ချုပ်ချင်ကြပါဘူး။ ဒါကြောင့် တစ်ခုခုလိုရင် ကန်ထရိုက်စံနစ်နဲ့အငှားလိုက်တဲ့ဝန်ထမ်းတွေကို ခေါ်သုံးကြတယ်။ အဲဒီလို အေးဂျင့်က မောင်ဖြူ ဘယ်ကိုသွားလုပ် . . မခင် ဘယ်ကုမ္ပဏီကို (၃) လ သွားအလုပ်ဆင်းဆိုပြီး သူ့လူတွေကိုသူ ကိုင်တွယ်ပါတယ်။ ဒီနေရာလေးမှာလှည့်ကွက်ကလေးတစ်ခုရှိတာကို မြင်အောင်ကြည့်ပါ။
.
.
. ပြသနာဖြစ်တော့ (လက်ရှိအလုပ်ဆင်းနေတဲ့ ကုမ္ပဏီရဲ့ HR ကို) သွားတိုင်ပေမယ့် HR က သူ့မူလကန်ထရိုက်တာကိုပြန်လွှဲတယ်။ အဲဒါ မူလကုမ္ပဏီက အတိုင်ခံရတဲ့တရားမဝင်အလုပ်သမားကိုအလုပ်ဖြုတ်တယ်။ ပြီးတော့ တိုင်တဲ့သူကိုပါဖြုတ်ပစ်တယ်။ အကြောင်းကတော့ တိုင်တဲ့သူကပါ တရားမဝင်ဖြစ်နေတာလေ။
.
. ဒီလိုကိစ္စကိုသာမန်ကလေးငယ်တောင်စဉ်းစားတတ်တယ်။ ကိုယ်တိုင်က တရားမဝင်ဖြစ်နေတာကို နောက်လူကိုတရားမဝင်လို့အလုပ်ဖြုတ်ပေးပါလို့သွားတိုင်ရင် သူပါပြုတ်သွားနိုင်တာကို စဉ်းစားတတ်ရမှာပေါ့ . . မဟုတ်ဘူးလား . .။ ဒါပေမယ့် တရားမဝင်လုပ်သူတို့ရဲ့စိတ်ထဲမှာအမြဲသိမ်ငယ်နေတတ်တယ်။ တစ်ခုခုကိုအမြဲကြောက်လန့်နေတတ်တယ်။ လုပ်ဖော်ကိုင်ဘက်တွေက “ငါတရားမဝင်အလုပ်လုပ်နေတာသိသွားလို့မဖြစ်ဘူး” ဆိုပြီး တရားမဝင်ခန့််တဲ့အလုပ်ရှင်ရဲ့လုပ်ပိုင်ခွင့်အာဏာကိုငှားသုံးပြီး သူများကြောက်အောင်ခြောက်လှန့်ထားတဲ့သဘော။ အခုပြောခဲ့တဲ့ ဒုတိယဖြစ်ရပ်မှန်က မက္ကဆီကန်အလုပ်သမား (၂) ယောက်အကြောင်းက အကြောက်တရားကိုအဖုံးကွယ်လွန်လို့ဖြစ်သွားရတာ။ ငါ့တူရဲ့အဖြစ်က ဒီဇာတ်လမ်း (၂) ပုဒ်ကိုပေါင်းထားသလိုမျိုး . . အဲဒါကိုပြောချင်လို့ ဒီလောက်အရှည်ကြီးရေးရတာ . . ဟူး . .။
.
.
. မေးခွန်းရဲ့အဖြေကိုတိုက်ရိုက်ပြောရရင်
.
၁.. အလုပ်မှာအလုပ်သမားခေါင်းဆောင် - Lead ရှိရင် အရင်သွားပြောပါ
.
၂.. Lead မရှိရင် အလုပ်သမားအုပ်ချုပ်တဲ့ HR ရှိရင် အရင်တင်ပြပါ
.
၃.. HR မရှိရင်တော့ သူဋ္ဌေးကိုတင်ပြဖို့ကြိုးစားပါ
.
၄.. ဒါနဲ့မှမပြေလည်သေးဘူး / ဆက်ဖြစ်နေလို့ မခံနိုင်ဘူး / လုပ်တော့မယ်ဆိုရင်တော့ အလုပ်သမားဘုတ်အဖွဲ့ - Labor Board (သို့မဟုတ်) အလုပ်သမားသမ္မဂ - Labor Union ကိုပြောပြီး ဖြေရှင်းခိုင်းပါ
.
၅.. ဒီနောက်မှာတော့ တရားရုံးတက်တာတို့ဘာတို့ကို အချိန်ကုန်ခံနိုင်ရင်ဆက်လုပ်နိုင်သလို ဒီထက်ကောင်းတဲ့ / အလုပ်သမားတန်းတူညီမျှမှုကိုလေးစားတဲ့ / လခပိုကောင်းတဲ့ / မပင်ပန်းတဲ့ / ပညာကိုအခြေခံတဲ့ကုမ္ပဏီမှာ အလုပ်အသစ်ရှာနိုင်ပါတယ်။
.
.
. ပြောချင်တာက ဒီလောက်ပါဘဲ။ နေရာတိုင်းမှာ သူ့ဘက် ကိုယ့်ဘက် ရှိတယ်ဆိုပေမယ့် အမေရိကန်မြေပေါ်မှာ ဘယ်သူမဆိုမျှတအောင်ကြည့်တတ်ရင်အကောင်းဆုံးပါ။ ဒါကြောင့် စီးပွားရေးကောင်းပြီး ဝင်ငွေများတဲ့ကုမ္ပဏီတွေမှာ ဝန်ထမ်းလေ့ကျင့်ရေး - Training ၊ ဖြည့်စွက်ကျွမ်းကျင်သင်တန်း - Proficiency Training ဆိုတာတွေပေးလေ့ရှိတယ်။
.
. အဲဒီကနေ လုပ်ဖော်ကိုင်ဘက်အချင်းချင်းဆက်ဆံပုံ တို့၊ အထက်လူကြီးကိုရိုသေတတ်ဖို့ တို့၊ ပေးတဲ့တာဝန်ကိုထမ်းဆောင်တတ်ဖို့ တို့ အပြင် ကာမအိန္ဒြေကိုထိပါးမစော်ကားမိစေဖို့ Anti Sexual Harassment Training တို့ ပေးတဲ့ကုမ္ပဏီတွေရောက်ရင် သေသေချာချာလေ့လာသင့်တဲ့အကြောင်း စကားလက်ဆောင်ပေးလိုက်ပါတယ်နော်။ နေရာသစ်မှာ ခြေရာစစ်ရင်း ဘဝသစ်ကို ချစ်ခြင်းမေတ္တာတို့ဖြင့် ထုဆစ်နိုင်ပါစေ။
.
.
စာကြွင်း ။။။။။။။။။ မေးခွန်းရှင်ပြောတဲ့ ICE ရဲ ရဲ့ အဓိပ္ပာယ်ဖွင့် (အင်္ဂလိပ်လို) U.S. Immigration and Customs Enforcement (or ICE) is a U.S. federal government law enforcement agency under the jurisdiction of the Department of Homeland Security (DHS).
ICE has two primary components: Homeland Security Investigations (HSI) and Enforcement and Removal Operations (ERO).
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 01-23-2018


No comments: