ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, May 25, 2017

ႏိုင္ရာဂရာေရတံခြန္ - Niagara Falls ေရာက္ခဲ့တယ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. သမီးဘြဲ႕ယူဖို႔ ေဘာ္စတန္ၿမိဳ႕ကိုသြားမယ္လုပ္ေတာ႔ မိသားစုစံုလင္တုန္းဘယ္ကိုခရီးဆက္မလဲဆိုတာ ေတာ္ေတာ္စဥ္းစားရခက္ခဲ႔တယ္။ အရင္တစ္ႏွစ္က " စြမ္း " ကို သူ ႔အစ္မနားအလည္လႊတ္လိုက္ၿပီး ေလ႔လာထားခိုင္းခဲ႔တာဆိုေတာ့ ၿမိဳ႕အျပင္ကို တစ္ေခါက္ေတာ႔ထြက္ဦးမွလို႔လည္း တစ္ဆက္တည္းေတြးမိတယ္။
.
. သူတို႔သြားခဲ့တုန္းက ေဝၚရွင္တန္ဒီစီ၊ နယူးေယာက္ (၂) ညအိပ္ (၃) ရက္ခရီး။ ထပ္သြားဖို႔ေလ႔လာၾကည္ ႔ေတာ႔ သူတို႔ေရာက္ဖူးထားတဲ႔ခရီးစဥ္ကိုေရွာင္ၿပီး ရက္တိုတဲ႔ (၁) ညအိပ္ (၂) ရက္ ေရတံခြန္ခရီးကိုေရြးခဲ႔တယ္။ ဒါဆိုရင္ သြားရတာလည္း ခရီးသိပ္မပန္း၊ ျပန္ေရာက္ေတာ့လည္း ေဘာ္စတန္မွာ လည္ရဦးမယ္မဟုတ္လား။
.
.
. ေျမပံုမွာၾကည္႔လိုက္ရင္ မိုင္ (၄ဝဝ) ေက်ာ္ (၇) နာရီခရီးကို ကြၽန္ေတာ္တို႔မိသားစုစီးတဲ႔ တရုတ္တိုးလ္ - www.goldenbustours.com အျမန္ကားက (၉) နာရီေမာင္းပါတယ္။ လမ္းမွာ နားခ်ိန္၊ ျပန္တက္ခ်ိန္ တင္းၾကပ္သလို ေနာက္က်သူကို အားမနာတမ္းအျပစ္တင္တယ္။ ေပးထားရင္ ေပးထားတဲ႕အခ်ိန္အတိုင္း ကားေပၚျပန္ေရာက္ဖို႕ မူလတန္းကေလးကိုထိန္းသလို တရုတ္နည္း တရုတ္ဟန္ နဲ႕ ခရီးသည္လူၾကီးေတြကို ထိန္းပါတယ္။
.
. (၂) နာရီျခား တစ္ခါနား (၁၅) မိနစ္၊ ထမင္းစားခ်ိန္ နာရီဝက္ နဲ႕ ေနာက္ဆံုးႏိုင္ရာဂရာေရတံခြန္ေရာက္ေတာ႕ ညေန (၄) နာရီထုိးျပီ။ လမ္းမွာ တစ္ျခားလူစီးကားတစ္စီးမေတာ္တဆျဖစ္လို႕ ကားလမ္းပိတ္တဲ႕ မိနစ္ (၂ဝ) ကိုထည္႕မေပါင္းရင္ သူ႕ကားက ဝင္ခ်ိန္မွန္တယ္လို႕ သိရတယ္။
.
.
. သူ႕ခရီးစဥ္မွာ ေဘာ္စတန္ျမိဳ႕ကထြက္ျပီး ႏိုင္ရာဂရာေရတံခြန္ကုိမေရာက္ခင္ ခံတပ္ရဲတုိက္ၾကီးပံုပါတဲ႕ Old Fort Niagara - https://www.oldfortniagara.org/ ကုိ ဝင္မယ္႕ကိစၥဟာ ကြ်န္ေတာ္တုိ႕ကားေရာက္ခ်ိန္ နဲ႕ ဟိုမွာ အထိမ္းအမွတ္ပြဲတစ္ခုရွိလုိ႕ ခံတပ္ေဟာင္းၾကီးပိတ္္ခ်ိန္နဲ႕တိုက္ေနသမို႕ မေရာက္ျဖစ္လိုက္ဘူး။ ဒါနဲ႕ ေရတံခြန္ၾကီးကို အခ်ိန္နည္းနည္းေစာျပီးေရာက္သြားခဲ႕တယ္။

.
. ေရတံခြန္ေရာက္ေတာ႕ ေနာက္ဆံုးျပန္ခ်ိန္းရမယ္႕ေနရာ နဲ႕ ညစာဝယ္စားရမယ္႕ေနရာကိုေရာက္ေတာ႕ အားလံုးလက္မွတ္ကိုယ္စီနဲ႕ ေရတံခြန္ၾကီးကိုပတ္ၾကည္႕မယ္႕ သေဘာၤဆီကုိ ဓါတ္ေလွခါးနဲ႕ဆင္းၾကတယ္။ အဲဒီမွာ တစ္ဦးကိုတစ္ထည္ထုတ္ေပးတဲ႕မုိးကာကို ေလၾကမ္းတိုက္ေနတဲ႕ ေဘာ႕တံတားေပၚမွာဝတ္ရင္း လက္ကိုင္ဖုန္းေတြ၊ အေကာင္းစားကင္မရာေတြနဲ႕ မိမိပစၥည္းမိမိတာဝန္ယူဖို႕ တရုတ္ၾကီးရဲ႕ၾသဝါဒကို ခံယူရျပန္တယ္။
.
.
. အပိုင္း (၃) ပိုင္း နဲ႕ ဖြဲ႕စည္းထားတဲ႕ ေရတံခြန္ကို အေမရိကားက အမ်ားစုပိုင္ဆုိင္တယ္။ ကြ်န္ေတာ္တုိ႕သြားခဲ႕တဲ႕ အေမရိကားအပုိင္းေရတံခြန္ - American Falls ဟာ ေရက်အားၾကီးသလို ေရမႈန္ထုတ္လႊတ္အားၾကီးတယ္။ တစ္ခ်ိန္က ဝင္ကြန္စင္ျပတ္ေရြ႕ေၾကာၾကီးျဖစ္စဥ္ေၾကာင္႕ ႏိုင္ရာဂရာျမစ္အတြင္း ေျမသားနိမ္႕ဆင္းရာကေန ေငြရေပါက္အထိမ္းအမွတ္သဘာဝရႈေမွ်ာ္ခင္းတစ္ခုအေနနဲ႕ အေမရိကား နဲ႕ ကေနဒါအတြက္ေတာ႕ ႏုိင္ရာဂရာေရတံခြန္ဟာ ဘုရားေပးတဲ႕ဆုပါပဲ။
.
. ႏိုင္ရာဂရာေရတံခြန္ကို ေဒသခံလူနီရုိင္းေတြရဲ႕အသံအမွန္နဲ႕ဆိုရင္ " ႏိုင္ရာဂါရာ " လို႕ ေလးေလးပင္ပင္ေခၚတာကို ေနာက္ပိုင္းမွာျပတဲ႕သူတို႕ေရတံခြန္ရဲ႕သမုိင္းေၾကာင္းရုပ္ရွင္မွာ နားေထာင္လိုက္ရတယ္။ သမိုင္းအရ အားလံုးႏွစ္သက္တဲ႕ မင္းသမီးေလးတစ္ပါးက ေရတံခြန္ကေန က်ဆင္းေသဆံုးသြားရာကေန အထိမ္းအမွတ္တစ္ခုအျဖစ္ ပူေဇာ္ၾကတယ္ဆုိတာကိုပါ ေလ႕လာခဲ႕ရတယ္။
.
.
. ဒီေရတံခြန္ေၾကာင္႕ ဟုိးေရွ႕ အေမရိကား နဲ႕ ကေနဒါတုိ႕ နယ္ေျမလုပြဲျဖစ္ခဲ႕ၾကတယ္ဆုိတဲ႕ ငယ္ငယ္ကဖတ္ဖူးထားတာ အမွန္ျဖစ္ေနတယ္။ ဒါေပမယ္႕ ျမင္းခြာပံုနဲ႕တူတဲ႕ အင္တာနက္ဓါတ္ပံုမွာအျမင္မ်ားရတဲ႕ ေရတံခြန္ဟာ အေမရိကားဘက္မွာ ရွိေနတာပါ။ ဒါေၾကာင္႕ ဒီခရီးစဥ္ရဲ႕ ေရမႈန္ၾကည္႕တဲ႕ေလွ - Maid of the Mist Boat Ride ဟာ နယ္စပ္ကိုျဖတ္ေက်ာ္စရာမလိုပဲ ျမင္းခြာေရၾကမ္းၾကီးကေန ေတာင္ကမၻားေတြကိုရွပ္တုိက္ဆင္းလာတဲ႕ေရေၾကာၾကီးေတြကေန လြင္႕စင္လာတဲ႕ ေရမႈန္ေရမႊားေလးေတြကို လုိက္ဖမ္းခံစားရတဲ႕ ရင္သိမ္႕တုန္ေရလမ္းစြန္႕စားမႈၾကီးလို႕ သူတို႕က တင္စားၾကပါတယ္။
.
.
. အဲဒီကေန ႏုိင္ရာဂရာေရတံခြန္သမိုင္းရုပ္ရွင္ - Niagara Adventure Movie ဝင္ၾကည္႕၊ ထမင္းဝင္စား (ေစ်းအရမ္းၾကီးတယ္) ၊ ျပီးေတာ႕ အေပၚထပ္မွာ ေရတံခြန္ရဲ႕မူလတုိင္းရင္းသားအက တက္ၾကည္႕ျပီး ကားေပၚျပန္တက္ရတယ္။ ည (၈) နာရီအေရာက္မွာ ေနလည္းညိဳျပီ ညလည္းေရာက္ေတာ႕မယ္႕အေနအထားမ်ိဳးမွာ ေရတံခြန္ရဲ႕ထိပ္ပိုင္းညအလွကို သြားၾကည္႕တဲ႕အခါ ကမ္းပါးကမက်ခင္ တည္ျငိမ္ဟန္ေဆာင္ေနတဲ႕ေရစီးၾကား လက္တန္းေတြနားမွာ လူသားေတြက ဓါတ္ပံုရိုက္ၾကတယ္။
.
. ထမင္းစားခ်ိန္ေရာက္ေတာ႕ ကြ်န္ေတာ႕ကို အြန္လိုင္းကခင္မင္ခဲ႕တဲ႕ ဘတ္ဖလို - Buffalo ျမိဳ႕က မိတ္ေဆြတစ္ေယာက္ နဲ႕ နယူးေယာက္က မိတ္ေဆြတစ္ေယာက္တုိ႕က လာေတြ႕ခ်င္တယ္၊ ထမင္းေကြ်းခ်င္တယ္ဆုိတာကို ပတ္လည္ခရီးစဥ္ - Tour Package နဲ႕ လုိက္လာသူတစ္ေယာက္အဖို႕ ဘယ္လုိမွထြက္မရလုိ႕ ဒီေနရာကေန အႏူးအညြန္ေတာင္းပန္လိုက္ပါတယ္။ (ေနာက္အခါမ်ားက်ရင္ ဘယ္အရင္သြားမယ္၊ ဘယ္ေနရာေတြပါတယ္ဆုိတာ အရင္ေျပာျပပါမယ္)
.
.
. ေဟာ္တယ္က ေရတံခြန္ကေန (၁) နာရီခြဲ ေမာင္းရတယ္။ R.I.T ဆိုတာ ေဟာ္တယ္နာမယ္ပါ။ အနံ႕အသက္အနည္းငယ္ကိုသည္းခံႏိုင္ရင္ တည္းေပ်ာ္ပါတယ္။ ခပ္ေစာေစာထႏိုင္ရင္ ေရကူးကန္ နဲ႕ ေရေႏြးစိမ္ကန္ကို သြားႏုိင္တယ္။ အားကစားလုပ္ဖို႕ Gym ရွိတယ္။ ေရခ်ိဳးခန္း၊ အိမ္သာက သန္႕ပါတယ္။ ဆံပင္မႈတ္စက္ယူသြားစရာမလိုဘူး သူတုိ႕ေပးထားတယ္။ အဝတ္ခ်ိတ္ခန္းမွာ မီးပူတုိက္ဖို႕ခံုနဲ႕ မီးပူတစ္ခုစီစဥ္ေပးတယ္။ ကြ်န္ေတာ္တုိ႕မိသားစု (၄) ေယာက္ကို (၁) ခန္းယူတာဆုိေတာ႕ ေရခ်ိဳးဖို႕ သြားတုိက္ဖို႕ တစ္ေယာက္ျပီးေအာင္တစ္ေယာက္ေစာင္႕ရတာကလြဲရင္ အကုန္အဆင္ေျပပါတယ္။
.
. ေနာက္တစ္ေန႕ မနက္ (၇) နာရီထျပီး ကြ်န္းေပါင္းတစ္ေထာင္ - Thousand Islands ကုိ ခရီးဆက္ၾကတယ္။ ( ၃ ) နာရီခြဲ ေမာင္းတာကို လမ္းမွာမနက္စာတစ္ၾကိမ္နားေပးတယ္။ သေဘာၤစီးဖို႕ အလက္ဇန္ဒရီယာပင္လယ္ေကြ႕ - Alexandria bay မွာ လူ (၂ဝဝ) ေလာက္ဆန္႕တဲ႕ Cruise နဲ႕ အေမရိကန္-ကေနဒါေရပိုင္နက္ျခားအထိေက်ာ္လြန္ျပီး လိုက္ျပတယ္။ ေနာက္မွ အန္ကပ္ဆမ္ - http://usboattours.com/1000islands/ သေဘာၤဝန္ထမ္းကိုေမးၾကည္႕တာ တစ္ဦးကို ($17.50) ဆုိတာ သိရတယ္။
.
.
. ကိန္းဂဏန္း (၃) ခုျဖစ္ေနျပီး မညီမညြတ္ျဖစ္ေနတဲ႕ ကြ်န္းအေရအတြက္အမွန္ရဖို႕ အေမရိကား နဲ႕ ကေနဒါအစုိးရတုိ႕ရဲ႕ ပညာရွင္ေတြရဲ႕ၾကိဳးစားညွိႏိႈင္းမႈေၾကာင္႕ Thousand Islands ကြ်န္းစုၾကီးမွာ ကြ်န္းၾကီး၊ ကြ်န္းလတ္၊ ကြ်န္းေသးေသးေလး စုစုေပါင္း (၁၈၆၄) ကြ်န္းရွိတယ္ဆုိတာကို သိရတယ္။ ျပီးေတာ႕ ေပါက္ေဖာ္တရုတ္ၾကီးေျပာတဲ႕အခ်က္အရ (ဖတ္သူကိုယ္တိုင္အတည္ျပဳရန္) ကြ်န္းတစ္ခု - An Island တစ္ခုျဖစ္ဖို႕ အခ်က္ (၂) ခ်က္လိုအပ္ပါသတဲ႕။
.
. ၁။ ။ ေရေပၚမွာေပၚေနတဲ႕ ကြ်န္းမွာ အနည္းဆံုး သစ္ပင္ (၂) ပင္ ရွိရမယ္။
. ၂။ ။ ေရေပၚမွာေပၚေနတဲ႕ ကြ်န္းဟာ (၁၂) လ ရာသီပတ္လံုး ေရတက္၊ ေရက် မေရြး ေရေပၚမွာ " အျမဲေပၚေန " ရမယ္ဆုိတာ ေဒသႏၱရဗဟုသုတအေနနဲ႕ ေလ႕လာမိပါတယ္။
.
. ေငြရွိတဲ႕ နာမယ္ၾကီးသူေ႒းေတြဟာ ဒီ ကြ်န္းေပါင္းတစ္ေထာင္အတြက္ တစ္္ဖက္တစ္လမ္းကေန ဝင္ေငြရွာေဖြေပးတဲ႕အလုပ္ကိုလုပ္ၾကတယ္။ သူတုိ႕တည္ေဆာက္ထားတဲ႕ ရဲတုိက္ၾကီးေတြ၊ အိမ္ေတြ၊ ျမက္ခင္းေတြ၊ တံတားေတြ နဲ႕ အမွတ္တရအေဆာက္အဦ - Monument ေတြက လည္ပတ္သူပရိသတ္ကို ဆြဲေဆာင္ၾကတယ္။
.
.
. သေဘၤာစီးရင္း အသက္အႏၱရာယ္က်ေရာက္လာရင္ ၾကိဳတင္ကာကြယ္ဖို႕ အသက္ကယ္ဝတ္စံုဝတ္နည္း နဲ႕ လမ္းခရီးမွာေတြ႕ရတဲ႕ အရြယ္အစားအမ်ိဳးမ်ိဳးေသာကြ်န္းေတြရဲ႕သမိုင္းေၾကာင္းကို ဘုိ အစစ္ ေကာင္ကေလးက ရွင္းျပတယ္။ လူေတြရဲ႕လက္ထဲမွာ လက္ကိုင္ဖုန္း၊ ကင္မရာ၊ Go Pro စတဲ႕ ကိရိယာေလးေတြကိုယ္စီနဲ႕ တစ္ခ်ိဳ႕စံုတြဲေတြဆုိရင္ ($4.50) ေပးရတဲ႕ ဘီယာခြက္ကိုယ္စီ နဲ႕ အေမရိကန္-ကေနဒါေရလက္ၾကားကို ပါ႕စပို႕မပါပဲ ေရထဲကေန တစ္ပတ္ေကြ႕ေက်ာ္ျဖတ္ၾကရင္း ခ်စ္ျခင္းေမတၱာကုိေဖာ္က်ဴးတဲ႕ ေရေပၚမွတ္တိုင္ေတြစိုက္ထူၾကတယ္။
.
. ခရီးစဥ္ျပီးေတာ႕ ထမင္းစားခ်ိန္မွာ တရုတ္ဆုိင္ဘူေဖး စားရမယ္လည္းဆုိေရာ မေန႕ ေန႕လည္စာကို ပီဇာစားျပီး မတင္းတိမ္တဲ႕ ကြ်န္ေတာ္တုိ႕မိသားစု အေပ်ာ္ၾကီးေပ်ာ္သြားၾကတယ္။ ဒါနဲ႕ စားျပီး ေသာက္ျပီး ဗိုက္ေလးေလးၾကီးနဲ႕ ေဘာစတန္ကိုျပန္ဖို႕ ( ၆) နာရီေက်ာ္စီးဖို႕ အားျပန္တင္းရပါတယ္။ အဲဒီကေန ေဘာ္စတန္တရုတ္တန္း - Harrison လမ္းအထိ ဘာဝင္စရာမွ မရွိေတာ႕ဘူး။ တန္းျပန္ရတာ။ လမ္းမွာကားဆီျဖည္႕ေတာ႕ ခဏနား ဝိတ္ေလွ်ာ႕တာကလႊဲရင္ တစ္ခ်ိန္လံုး ကားေပၚမွာပါပဲ။
.
.
. အေမရိကားရဲ႕အေရွ႕ဘက္ျခမ္းက ႏွင္းက်ျပီး ရာသီးဥတုၾကမ္းတဲ႕သဘာဝရွိေတာ႕ ေဆာင္း - Winter မွာ ကြ်န္ေတာ္တို႕သြားခဲ႕တဲ႕ေနရာေတြက ေရခဲျပင္ၾကီးျဖစ္ေနတတ္တယ္။ ဒါေၾကာင္႕ အသြားခရီး ႏုိင္ရာဂရာေရမႈန္ၾကည္႕တဲ႕ခရီးစဥ္အစား ဂ်က္သေဘာၤနဲ႕စြန္႕စားခန္း - Jet Boat Ride နဲ႕ အစားထိုးေပးထားတာကို သိခဲ႕ရတယ္။
.
. ဒီလိုပဲ အျပန္ခရီး ေဆာင္းတြင္းၾကီးမွာ ေရခဲေနမယ္႕ Thousand Islands ခရီးအစား ေကာနင္းဖန္ပစၥည္းျပတိုက္ - Corning Museum of Glass နဲ႕ ျမစ္ကမ္းပါးနေဘးမွာတည္ရွိတဲ႕ လူဦးေရ (၁၁ဝဝဝ) သာ ရွိတဲ႕ ေကာနင္းျမိဳ႕ - Corning City ကို အစားထုိးဝင္လည္ရမယ္ဆုိတာကိုလည္း ေနာက္လာမယ္႕သူေတြအတြက္ ရွင္းျပတယ္။
.
.
. ခရီးစဥ္မသြားခင္ လက္ကုိင္ဖုန္းမွာ ရာသီဥတုကို စစ္ေဆးသင္႕ျပီး မိမိယူေဆာင္သြားရမယ္႕ အက်ီၤ အထူအပါး နဲ႕ အေႏြးထည္ကုိေရြးခ်ယ္သင္႕တယ္။ တစ္ဆက္တည္း မိုးရြာရင္ မိုးကာ၊ ေနပူရင္ ေနကာမ်က္မွန္ နဲ႕ ေရတံခြန္ကိုသြားရင္ တဘက္တစ္ထည္ေဆာင္ထားရင္ အတုိင္းထက္အလြန္အဆင္ေျပႏုိင္တဲ႕အေၾကာင္း သြားခဲ႕ဖူးတဲ႕ခရီးကို မွတ္တမ္းတင္လိုက္ပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 05-25-2017
.
.
Unicode Version:
.
.
. " နိုင်ရာဂရာရေတံခွန် - Niagara Falls ရောက်ခဲ့တယ် "
. သမီးဘွဲ့ယူဖို့ ဘော်စတန်မြို့ကိုသွားမယ်လုပ်တော့ မိသားစုစုံလင်တုန်းဘယ်ကိုခရီးဆက်မလဲဆိုတာ တော်တော်စဉ်းစားရခက်ခဲ့တယ်။ အရင်တစ်နှစ်က " စွမ်း " ကို သူ့အစ်မနားအလည်လွှတ်လိုက်ပြီး လေ့လာထားခိုင်းခဲ့တာဆိုတော့ မြို့အပြင်ကို တစ်ခေါက်တော့ထွက်ဦးမှလို့လည်း တစ်ဆက်တည်းတွေးမိတယ်။
.
. သူတို့သွားခဲ့တုန်းက ဝေါ်ရှင်တန်ဒီစီ၊ နယူးယောက် (၂) ညအိပ် (၃) ရက်ခရီး။ ထပ်သွားဖို့လေ့လာကြည့်တော့ သူတို့ရောက်ဖူးထားတဲ့ခရီးစဉ်ကိုရှောင်ပြီး ရက်တိုတဲ့ (၁) ညအိပ် (၂) ရက် ရေတံခွန်ခရီးကိုရွေးခဲ့တယ်။ ဒါဆိုရင် သွားရတာလည်း ခရီးသိပ်မပန်း၊ ပြန်ရောက်တော့လည်း ဘော်စတန်မှာ လည်ရဦးမယ်မဟုတ်လား။
.
.
. မြေပုံမှာကြည့်လိုက်ရင် မိုင် (၄ဝဝ) ကျော် (၇) နာရီခရီးကို ကျွန်တော်တို့မိသားစုစီးတဲ့ တရုတ်တိုးလ် - www.goldenbustours.com အမြန်ကားက (၉) နာရီမောင်းပါတယ်။ လမ်းမှာ နားချိန်၊ ပြန်တက်ချိန် တင်းကြပ်သလို နောက်ကျသူကို အားမနာတမ်းအပြစ်တင်တယ်။ ပေးထားရင် ပေးထားတဲ့အချိန်အတိုင်း ကားပေါ်ပြန်ရောက်ဖို့ မူလတန်းကလေးကိုထိန်းသလို တရုတ်နည်း တရုတ်ဟန် နဲ့ ခရီးသည်လူကြီးတွေကို ထိန်းပါတယ်။
.
. (၂) နာရီခြား တစ်ခါနား (၁၅) မိနစ်၊ ထမင်းစားချိန် နာရီဝက် နဲ့ နောက်ဆုံးနိုင်ရာဂရာရေတံခွန်ရောက်တော့ ညနေ (၄) နာရီထိုးပြီ။ လမ်းမှာ တစ်ခြားလူစီးကားတစ်စီးမတော်တဆဖြစ်လို့ ကားလမ်းပိတ်တဲ့ မိနစ် (၂ဝ) ကိုထည့်မပေါင်းရင် သူ့ကားက ဝင်ချိန်မှန်တယ်လို့ သိရတယ်။
.
.
. သူ့ခရီးစဉ်မှာ ဘော်စတန်မြို့ကထွက်ပြီး နိုင်ရာဂရာရေတံခွန်ကိုမရောက်ခင် ခံတပ်ရဲတိုက်ကြီးပုံပါတဲ့ Old Fort Niagara - https://www.oldfortniagara.org/ ကို ဝင်မယ့်ကိစ္စဟာ ကျွန်တော်တို့ကားရောက်ချိန် နဲ့ ဟိုမှာ အထိမ်းအမှတ်ပွဲတစ်ခုရှိလို့ ခံတပ်ဟောင်းကြီးပိတ်ချိန်နဲ့တိုက်နေသမို့ မရောက်ဖြစ်လိုက်ဘူး။ ဒါနဲ့ ရေတံခွန်ကြီးကို အချိန်နည်းနည်းစောပြီးရောက်သွားခဲ့တယ်။
.
. ရေတံခွန်ရောက်တော့ နောက်ဆုံးပြန်ချိန်းရမယ့်နေရာ နဲ့ ညစာဝယ်စားရမယ့်နေရာကိုရောက်တော့ အားလုံးလက်မှတ်ကိုယ်စီနဲ့ ရေတံခွန်ကြီးကိုပတ်ကြည့်မယ့် သဘောၤဆီကို ဓါတ်လှေခါးနဲ့ဆင်းကြတယ်။ အဲဒီမှာ တစ်ဦးကိုတစ်ထည်ထုတ်ပေးတဲ့မိုးကာကို လေကြမ်းတိုက်နေတဲ့ ဘော့တံတားပေါ်မှာဝတ်ရင်း လက်ကိုင်ဖုန်းတွေ၊ အကောင်းစားကင်မရာတွေနဲ့ မိမိပစ္စည်းမိမိတာဝန်ယူဖို့ တရုတ်ကြီးရဲ့ဩဝါဒကို ခံယူရပြန်တယ်။
.
.
. အပိုင်း (၃) ပိုင်း နဲ့ ဖွဲ့စည်းထားတဲ့ ရေတံခွန်ကို အမေရိကားက အများစုပိုင်ဆိုင်တယ်။ ကျွန်တော်တို့သွားခဲ့တဲ့ အမေရိကားအပိုင်းရေတံခွန် - American Falls ဟာ ရေကျအားကြီးသလို ရေမှုန်ထုတ်လွှတ်အားကြီးတယ်။ တစ်ချိန်က ဝင်ကွန်စင်ပြတ်ရွေ့ကြောကြီးဖြစ်စဉ်ကြောင့် နိုင်ရာဂရာမြစ်အတွင်း မြေသားနိမ့်ဆင်းရာကနေ ငွေရပေါက်အထိမ်းအမှတ်သဘာဝရှုမျှော်ခင်းတစ်ခုအနေနဲ့ အမေရိကား နဲ့ ကနေဒါအတွက်တော့ နိုင်ရာဂရာရေတံခွန်ဟာ ဘုရားပေးတဲ့ဆုပါပဲ။
.
. နိုင်ရာဂရာရေတံခွန်ကို ဒေသခံလူနီရိုင်းတွေရဲ့အသံအမှန်နဲ့ဆိုရင် " နိုင်ရာဂါရာ " လို့ လေးလေးပင်ပင်ခေါ်တာကို နောက်ပိုင်းမှာပြတဲ့သူတို့ရေတံခွန်ရဲ့သမိုင်းကြောင်းရုပ်ရှင်မှာ နားထောင်လိုက်ရတယ်။ သမိုင်းအရ အားလုံးနှစ်သက်တဲ့ မင်းသမီးလေးတစ်ပါးက ရေတံခွန်ကနေ ကျဆင်းသေဆုံးသွားရာကနေ အထိမ်းအမှတ်တစ်ခုအဖြစ် ပူဇော်ကြတယ်ဆိုတာကိုပါ လေ့လာခဲ့ရတယ်။
.
.
. ဒီရေတံခွန်ကြောင့် ဟိုးရှေ့ အမေရိကား နဲ့ ကနေဒါတို့ နယ်မြေလုပွဲဖြစ်ခဲ့ကြတယ်ဆိုတဲ့ ငယ်ငယ်ကဖတ်ဖူးထားတာ အမှန်ဖြစ်နေတယ်။ ဒါပေမယ့် မြင်းခွာပုံနဲ့တူတဲ့ အင်တာနက်ဓါတ်ပုံမှာအမြင်များရတဲ့ ရေတံခွန်ဟာ အမေရိကားဘက်မှာ ရှိနေတာပါ။ ဒါကြောင့် ဒီခရီးစဉ်ရဲ့ ရေမှုန်ကြည့်တဲ့လှေ - Maid of the Mist Boat Ride ဟာ နယ်စပ်ကိုဖြတ်ကျော်စရာမလိုပဲ မြင်းခွာရေကြမ်းကြီးကနေ တောင်ကမ္ဘားတွေကိုရှပ်တိုက်ဆင်းလာတဲ့ရေကြောကြီးတွေကနေ လွင့်စင်လာတဲ့ ရေမှုန်ရေမွှားလေးတွေကို လိုက်ဖမ်းခံစားရတဲ့ ရင်သိမ့်တုန်ရေလမ်းစွန့်စားမှုကြီးလို့ သူတို့က တင်စားကြပါတယ်။
.
.
. အဲဒီကနေ နိုင်ရာဂရာရေတံခွန်သမိုင်းရုပ်ရှင် - Niagara Adventure Movie ဝင်ကြည့်၊ ထမင်းဝင်စား (ဈေးအရမ်းကြီးတယ်) ၊ ပြီးတော့ အပေါ်ထပ်မှာ ရေတံခွန်ရဲ့မူလတိုင်းရင်းသားအက တက်ကြည့်ပြီး ကားပေါ်ပြန်တက်ရတယ်။ ည (၈) နာရီအရောက်မှာ နေလည်းညိုပြီ ညလည်းရောက်တော့မယ့်အနေအထားမျိုးမှာ ရေတံခွန်ရဲ့ထိပ်ပိုင်းညအလှကို သွားကြည့်တဲ့အခါ ကမ်းပါးကမကျခင် တည်ငြိမ်ဟန်ဆောင်နေတဲ့ရေစီးကြား လက်တန်းတွေနားမှာ လူသားတွေက ဓါတ်ပုံရိုက်ကြတယ်။
.
. ထမင်းစားချိန်ရောက်တော့ ကျွန်တော့ကို အွန်လိုင်းကခင်မင်ခဲ့တဲ့ ဘတ်ဖလို - Buffalo မြို့က မိတ်ဆွေတစ်ယောက် နဲ့ နယူးယောက်က မိတ်ဆွေတစ်ယောက်တို့က လာတွေ့ချင်တယ်၊ ထမင်းကျွေးချင်တယ်ဆိုတာကို ပတ်လည်ခရီးစဉ် - Tour Package နဲ့ လိုက်လာသူတစ်ယောက်အဖို့ ဘယ်လိုမှထွက်မရလို့ ဒီနေရာကနေ အနူးအညွန်တောင်းပန်လိုက်ပါတယ်။ (နောက်အခါများကျရင် ဘယ်အရင်သွားမယ်၊ ဘယ်နေရာတွေပါတယ်ဆိုတာ အရင်ပြောပြပါမယ်)
.
.
. ဟော်တယ်က ရေတံခွန်ကနေ (၁) နာရီခွဲ မောင်းရတယ်။ R.I.T ဆိုတာ ဟော်တယ်နာမယ်ပါ။ အနံ့အသက်အနည်းငယ်ကိုသည်းခံနိုင်ရင် တည်းပျော်ပါတယ်။ ခပ်စောစောထနိုင်ရင် ရေကူးကန် နဲ့ ရေနွေးစိမ်ကန်ကို သွားနိုင်တယ်။ အားကစားလုပ်ဖို့ Gym ရှိတယ်။ ရေချိုးခန်း၊ အိမ်သာက သန့်ပါတယ်။ ဆံပင်မှုတ်စက်ယူသွားစရာမလိုဘူး သူတို့ပေးထားတယ်။ အဝတ်ချိတ်ခန်းမှာ မီးပူတိုက်ဖို့ခုံနဲ့ မီးပူတစ်ခုစီစဉ်ပေးတယ်။ ကျွန်တော်တို့မိသားစု (၄) ယောက်ကို (၁) ခန်းယူတာဆိုတော့ ရေချိုးဖို့ သွားတိုက်ဖို့ တစ်ယောက်ပြီးအောင်တစ်ယောက်စောင့်ရတာကလွဲရင် အကုန်အဆင်ပြေပါတယ်။
.
. နောက်တစ်နေ့ မနက် (၇) နာရီထပြီး ကျွန်းပေါင်းတစ်ထောင် - Thousand Islands ကို ခရီးဆက်ကြတယ်။ ( ၃ ) နာရီခွဲ မောင်းတာကို လမ်းမှာမနက်စာတစ်ကြိမ်နားပေးတယ်။ သဘောၤစီးဖို့ အလက်ဇန်ဒရီယာပင်လယ်ကွေ့ - Alexandria bay မှာ လူ (၂ဝဝ) လောက်ဆန့်တဲ့ Cruise နဲ့ အမေရိကန်-ကနေဒါရေပိုင်နက်ခြားအထိကျော်လွန်ပြီး လိုက်ပြတယ်။ နောက်မှ အန်ကပ်ဆမ် - http://usboattours.com/1000islands/ သဘောၤဝန်ထမ်းကိုမေးကြည့်တာ တစ်ဦးကို ($17.50) ဆိုတာ သိရတယ်။
.
.
. ကိန်းဂဏန်း (၃) ခုဖြစ်နေပြီး မညီမညွတ်ဖြစ်နေတဲ့ ကျွန်းအရေအတွက်အမှန်ရဖို့ အမေရိကား နဲ့ ကနေဒါအစိုးရတို့ရဲ့ ပညာရှင်တွေရဲ့ကြိုးစားညှိနှိုင်းမှုကြောင့် Thousand Islands ကျွန်းစုကြီးမှာ ကျွန်းကြီး၊ ကျွန်းလတ်၊ ကျွန်းသေးသေးလေး စုစုပေါင်း (၁၈၆၄) ကျွန်းရှိတယ်ဆိုတာကို သိရတယ်။ ပြီးတော့ ပေါက်ဖော်တရုတ်ကြီးပြောတဲ့အချက်အရ (ဖတ်သူကိုယ်တိုင်အတည်ပြုရန်) ကျွန်းတစ်ခု - An Island တစ်ခုဖြစ်ဖို့ အချက် (၂) ချက်လိုအပ်ပါသတဲ့။
.
. ၁။ ။ ရေပေါ်မှာပေါ်နေတဲ့ ကျွန်းမှာ အနည်းဆုံး သစ်ပင် (၂) ပင် ရှိရမယ်။
. ၂။ ။ ရေပေါ်မှာပေါ်နေတဲ့ ကျွန်းဟာ (၁၂) လ ရာသီပတ်လုံး ရေတက်၊ ရေကျ မရွေး ရေပေါ်မှာ " အမြဲပေါ်နေ " ရမယ်ဆိုတာ ဒေသန္တရဗဟုသုတအနေနဲ့ လေ့လာမိပါတယ်။
.
. ငွေရှိတဲ့ နာမယ်ကြီးသူဋ္ဌေးတွေဟာ ဒီ ကျွန်းပေါင်းတစ်ထောင်အတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာဖွေပေးတဲ့အလုပ်ကိုလုပ်ကြတယ်။ သူတို့တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးတွေ၊ အိမ်တွေ၊ မြက်ခင်းတွေ၊ တံတားတွေ နဲ့ အမှတ်တရအဆောက်အဦ - Monument တွေက လည်ပတ်သူပရိသတ်ကို ဆွဲဆောင်ကြတယ်။
.
.
. သင်္ဘောစီးရင်း အသက်အန္တရာယ်ကျရောက်လာရင် ကြိုတင်ကာကွယ်ဖို့ အသက်ကယ်ဝတ်စုံဝတ်နည်း နဲ့ လမ်းခရီးမှာတွေ့ရတဲ့ အရွယ်အစားအမျိုးမျိုးသောကျွန်းတွေရဲ့သမိုင်းကြောင်းကို ဘို အစစ် ကောင်ကလေးက ရှင်းပြတယ်။ လူတွေရဲ့လက်ထဲမှာ လက်ကိုင်ဖုန်း၊ ကင်မရာ၊ Go Pro စတဲ့ ကိရိယာလေးတွေကိုယ်စီနဲ့ တစ်ချို့စုံတွဲတွေဆိုရင် ($4.50) ပေးရတဲ့ ဘီယာခွက်ကိုယ်စီ နဲ့ အမေရိကန်-ကနေဒါရေလက်ကြားကို ပါ့စပို့မပါပဲ ရေထဲကနေ တစ်ပတ်ကွေ့ကျော်ဖြတ်ကြရင်း ချစ်ခြင်းမေတ္တာကိုဖော်ကျူးတဲ့ ရေပေါ်မှတ်တိုင်တွေစိုက်ထူကြတယ်။
.
. ခရီးစဉ်ပြီးတော့ ထမင်းစားချိန်မှာ တရုတ်ဆိုင်ဘူဖေး စားရမယ်လည်းဆိုရော မနေ့ နေ့လည်စာကို ပီဇာစားပြီး မတင်းတိမ်တဲ့ ကျွန်တော်တို့မိသားစု အပျော်ကြီးပျော်သွားကြတယ်။ ဒါနဲ့ စားပြီး သောက်ပြီး ဗိုက်လေးလေးကြီးနဲ့ ဘောစတန်ကိုပြန်ဖို့ ( ၆) နာရီကျော်စီးဖို့ အားပြန်တင်းရပါတယ်။ အဲဒီကနေ ဘော်စတန်တရုတ်တန်း - Harrison လမ်းအထိ ဘာဝင်စရာမှ မရှိတော့ဘူး။ တန်းပြန်ရတာ။ လမ်းမှာကားဆီဖြည့်တော့ ခဏနား ဝိတ်လျှော့တာကလွှဲရင် တစ်ချိန်လုံး ကားပေါ်မှာပါပဲ။
.
.
. အမေရိကားရဲ့အရှေ့ဘက်ခြမ်းက နှင်းကျပြီး ရာသီးဥတုကြမ်းတဲ့သဘာဝရှိတော့ ဆောင်း - Winter မှာ ကျွန်တော်တို့သွားခဲ့တဲ့နေရာတွေက ရေခဲပြင်ကြီးဖြစ်နေတတ်တယ်။ ဒါကြောင့် အသွားခရီး နိုင်ရာဂရာရေမှုန်ကြည့်တဲ့ခရီးစဉ်အစား ဂျက်သဘောၤနဲ့စွန့်စားခန်း - Jet Boat Ride နဲ့ အစားထိုးပေးထားတာကို သိခဲ့ရတယ်။
.
. ဒီလိုပဲ အပြန်ခရီး ဆောင်းတွင်းကြီးမှာ ရေခဲနေမယ့် Thousand Islands ခရီးအစား ကောနင်းဖန်ပစ္စည်းပြတိုက် - Corning Museum of Glass နဲ့ မြစ်ကမ်းပါးနဘေးမှာတည်ရှိတဲ့ လူဦးရေ (၁၁ဝဝဝ) သာ ရှိတဲ့ ကောနင်းမြို့ - Corning City ကို အစားထိုးဝင်လည်ရမယ်ဆိုတာကိုလည်း နောက်လာမယ့်သူတွေအတွက် ရှင်းပြတယ်။
.
.
. ခရီးစဉ်မသွားခင် လက်ကိုင်ဖုန်းမှာ ရာသီဥတုကို စစ်ဆေးသင့်ပြီး မိမိယူဆောင်သွားရမယ့် အကျီၤ အထူအပါး နဲ့ အနွေးထည်ကိုရွေးချယ်သင့်တယ်။ တစ်ဆက်တည်း မိုးရွာရင် မိုးကာ၊ နေပူရင် နေကာမျက်မှန် နဲ့ ရေတံခွန်ကိုသွားရင် တဘက်တစ်ထည်ဆောင်ထားရင် အတိုင်းထက်အလွန်အဆင်ပြေနိုင်တဲ့အကြောင်း သွားခဲ့ဖူးတဲ့ခရီးကို မှတ်တမ်းတင်လိုက်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-25-2017

No comments: