ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
လူမႈကြန္ယက္ေပၚလာတဲ႕ေနာက္ အရင္က ခင္မင္ခဲ႕၊ သိကြ်မ္းခဲ႕၊ ရင္းႏွီးခဲ႕သူေတြကိုျပန္ေတြ႕ရလို႕ေပ်ာ္ေနသူေတြကမၻာမွာအမ်ားၾကီးပါ။ သံုးစြဲေနသူေတြကိုေမးၾကည္႕လိုက္ရင္ ျပန္ဆံုေတြ႕ရလို႕ေပ်ာ္တယ္လို႕ေျပာမယ္႕သူေတြက ခန္႕မွန္းေျခ (၉၁%) ေက်ာ္ပါလိိမ္႕မယ္။ ဒါေပမဲ႕ ကြ်န္ေတာ္ရည္ညႊန္းတဲ႕လူတစ္ခ်ိဳ႕အတြက္ က်န္တဲ႕ (၉%) ဘက္ကေနျပီး ကြ်န္ေတာ႕ဘဝမွတ္တိုင္အတြက္ ဒီေဆာင္းပါးကိုဆက္ေရးခ်င္ပါတယ္။
ကြ်န္ေတာ္လူတစ္ခ်ိဳ႕ကုိမေတြ႕ခ်င္ပါဘူး . . ေတြ႕ဖို႕မလိုလို႕ပါ။ ဒီလိုဆိုေတာ႕ ကြ်န္ေတာ္ကမမွတ္မိဘူးလားဆိုေတာ႕ မဟုတ္ပါ . . မွတ္ဥာဏ္ထဲမွာေမ႕လို႕မရလို႕ေတြ႕ဖို႕မလိုတာပါ။ တိုက္ဆိုင္မႈရွိလာတုိင္း သူတို႕အေၾကာင္းကိုမစဥ္းစားပဲနဲ႕ေခါင္္းထဲေရာက္ေရာက္လာတတ္တယ္။ မဖိတ္ေခၚပဲ ငယ္ဘဝကနာက်င္ခဲ႕ရတဲ႕ ေခ်ာင္ပိတ္ေနတဲ႕အခန္းငယ္ေလးထဲ ကြ်န္ေတာ႕ကိုမၾကာခဏေခၚသြားတတ္တယ္။ တကယ္ေတာ႕ ကေလးတစ္ေယာက္ဘဝရဲ႕ငရဲခန္းလုိ႕လည္းေျပာလို႕ရပါတယ္။
အခု အသက္ၾကီးမွအေမရိကားေရာက္လာသူတစ္ေယာက္က ကြ်န္ေတာ႕ကုိငယ္ငယ္တုန္းကစက္ဘီးနဲ႕ေက်ာင္းလိုက္ပို႕ေပးဖူးတယ္လို႕ေျပာပါတယ္။ အေဖ႕ရဲ႕လူလတ္ပိုင္းဘဝတုန္းက သူငယ္ခ်င္းတစ္ေယာက္ပါ။ သူမွတ္မိေနတာက ကြ်န္ေတာ႕ကေလးဘဝကိုကူညီေပးခဲ႕ပံု၊ ကြ်န္ေတာ္သူ႕ကိုမွတ္မိေနတာက သူ႕ေၾကာင္႕ ကေလးဘဝက ကြ်န္ေတာ္စိတ္ဒဏ္ရာရခဲ႕ပံု . . ဒီလိုယူဆပံုမတူတာေၾကာင္႕ ေတြ႕ဖို႕မလိုအပ္သူေတြစာရင္းထဲမွာ သူ႕ကို အႏွစ္ (၄ဝ) ေလာက္ကြ်န္ေတာ္ထားခဲ႕လိုက္ႏိုင္ပါတယ္။
ဇာတ္ေၾကာင္းရယ္ကုန္စင္ကုိျပန္ခင္းျပရရင္ ေတာင္ၾကီးျမိဳ႕မွာ ခ်မ္းသာတဲ႕မိသားစုမဟုတ္ေပမယ္႕ နီဆန္းကားစေပၚတဲ႕အခါ ကြ်န္ေတာ္တုိ႕အိမ္မွာ (အေရွ႕ကအကၡရာ မမွတ္မိ) ?/၇၅၆ ဆိုတဲ႕ ဒတ္ဆန္းေလးက်ိတ္ကားေလးပိုင္ဖူးပါတယ္။ ကေလးပီပီ ကားေမာင္းတတ္တဲ႕အစ္ကိုေတြၾကားမွာ သြားေလရာပါတဲ႕ အသက္ (၈) ႏွစ္အရြယ္ကြ်န္ေတာ္က မွတ္ဥာဏ္သိပ္ေကာင္းသေပါ႕ဗ်ာ။
တစ္ေန႕မွာ (အခု အေမရိကားေရာက္လာသူ) အိမ္နီးနားခ်င္းဦးေလးက ေတာင္ၾကီးအိမ္မွာဒတ္ဆန္းကားလာငွားပါတယ္။ အဲဒါအခ်ိန္မွာ အစ္ကုိေတြကအိမ္မွာရွိမေနပါဘူး။ ဒါနဲ႕ အိမ္ကလူေတြက မငွားခ်င္တဲ႕အခါ အစ္ကိုေတြမရွိဘူး . . ကားေသာ႕လည္းဘယ္နားထားမွန္းမသိဘူး လို႕ ေျပာလိုက္ပါတယ္။ ကေလးငယ္ညီညီက အမွန္တရားကိုျမတ္ႏိုးသူျဖစ္ေလေတာ႕ "သားသား ကားေသာ႕ထားတဲ႕ေနရာကိုသိတယ္" လို႕ ေျပာရင္း ကားနားအတင္းေျပးသြားျပီး ကားထုိင္ခံုအတင္အခ်လုပ္တဲ႕ခလုပ္မွာခ်ိတ္ထားတဲ႕ကားေသာ႕ကုိထုတ္ေပးလုိက္ေတာ႕ အဲဒီဦးေလးၾကီးက ကားေမာင္းထြက္သြားပါတယ္။
ရင္ခုန္သံအပိုင္းက အခုမွလာမွာပါ။ ေျပာရရင္ "ရင္နာသံ" လို႕ဆုိရင္ ပုိမွန္ပါတယ္။ ဘာလို႕လည္းဆုိေတာ႕ အိမ္ကလူၾကီးေတြလည္းျပန္လာေရာ ကားက ကားဂိုေဒါင္မွာမေတြ႕တဲ႕အခါ ေမးေတာ႕ ကြ်န္ေတာ္က ကားေသာ႕ထုတ္ေပးလုိက္လို႕ မငွားေပးခ်င္တဲ႕ကားကုိ သူမ်ားေမာင္းထြက္သြားတာကုိသိသြားၾကပါတယ္။ ကြ်န္ေတာ္ဘာမ်ားအမွားလုပ္မိလို႕လဲ? ကြ်န္ေတာ္ဘယ္မွာလိမ္လို႕လဲ? ကြ်န္ေတာ္ဘာမ်ားထိန္ခ်န္ထားမိလို႕လဲ? ေမးခြန္းေတြညံသြားတယ္။ အသံေတြဆူညံသြားတယ္။ အဲဒီထဲကမွ "ကေလးငယ္ညီညီ" ရဲ႕ "ငိုသံ" က အဆူညံဆံုးပါ။ အဲဒီ အသံအက္ကြဲမိုးယံညကို ကြ်န္ေတာ္ဘယ္လုိေမ႕လို႕ရႏုိင္ပါ႕မလဲ . . ကြ်န္ေတာ္အရိုက္ခံရတယ္ေလ။
ကြ်န္ေတာ္မွတ္မိတာက သူ႕ေၾကာင္႕ကြ်န္ေတာ္အရုိက္ခံရတာ၊ သူမွတ္မိတာက ကြ်န္ေတာ႕ကုိစက္ဘီးနင္းျပီးေက်ာင္းပို႕ေပးခဲ႕တာ၊ ကြာေနတာက ရင္ထဲမွာက်န္ခဲ႕တဲ႕ခံစားမႈတို႕ရဲ႕အရင္းအျမစ္သံစဥ္ေတြပါ။ သူက သူရင္းႏွီးခဲ႕ရတဲ႕လုပ္အားနဲ႕သူငယ္ခ်င္းမအားတုန္း သူငယ္ခ်င္းရဲ႕ကေလးကုိ ခြန္အားတစ္ခုထုတ္ျပီး ေက်ာင္းလုိက္ပို႕ေပးခဲ႕ေတာ႕ သူလိုတဲ႕အခါ သူငယ္ခ်င္းရဲ႕ကား ငွားသံုးခ်င္ရွာမွာေပါ႕။ ဒီအခ်က္ေၾကာင္႕ အဲဒီကေလးအရိုက္ခံရတယ္ဆုိတာ သူဘယ္လိုလုပ္ျပန္သိႏိုင္ပါ႕မလဲေလ။
သို႕ေသာ္လည္း ကြ်န္ေတာ႕ဘက္ကျပန္ၾကည္႕ရင္ သူစက္ဘီးနင္းျပီးကြ်န္ေတာ႕ကိုေက်ာင္းလုိက္ပို႕တာ လံုးဝမမွတ္မိဘူး။ ဘာျဖစ္လုိ႕လည္းဆိုေတာ႕ ကြ်န္ေတာ္ရင္ထဲမွာမက်န္ခဲ႕လို႕ေပါ႕၊ ရွင္းရွင္းေလးပါ။ ဒါေၾကာင္႕ ဆရာစိုင္းခမ္းလိတ္က "တြန္္းသူေမ႕ လဲသူသတိရဆဲ" လို႕ ေရးခဲ႕တာေနမွာ။ (ဆရာ႕သီခ်င္းစာသားကုိေခါင္းစဥ္အျဖစ္ငွားသံုးပါတယ္။ ေက်းဇူးပါ ဆရာ)
အဲဒီဦးေလးကိုမေတြ႕ရလို႕အားနာေပမယ္႕ သူ႕အေၾကာင္းစဥ္းစားမိတုိင္း ကြ်န္ေတာ္အရိုက္ခံရတာကို ဘယ္သူ႕ကို႕ရင္ဖြင္႕ရပါ႕မလဲ? သူ႕ကုိအခုအခ်ိန္မွေျပာျပရင္ေရာ ကေလးဘဝကအရိုက္ခံရတဲ႕စိတ္ဒဏ္ရာကိုျပန္လည္ကုစားႏုိင္ပါ႕မလား? "ငါမသိလို႕ကားလာငွားမိတာပါ ညီညီရာ" လို႕ သူေတြးမိပါ႕မလား? ေမးခြန္းေတြက အခုမွတကယ္ညံေနတာပါ။
ျပီးေတာ႕တစ္ဆက္တည္းေတြ႕ရန္မလိုသူေတြတစ္ခ်ိဳ႕ျမန္မာေတြအေၾကာင္းေျပာရဦးမယ္။ "ဟယ္ နင္ပိန္လိုက္တာ။ အသားကမည္းသြားတယ္ေနာ္" ၊ "အရင္က ပိန္ပိန္ေလး၊ အခု ဗိုက္ထြက္လာတယ္ေနာ္၊ ဝိတ္မခ်ဘူးလား" ဆိုတာမ်ိဳး Body-Shaming လုပ္တဲ႕သူေတြ။ ဒီအထဲမွာ အေမရိကားကို ႏွစ္ဆယ္စုနဲ႕ခ်ီျပီးေရာက္္ေနသူေတြပါတယ္။
ကြ်န္ေတာ္ပိန္ေတာ႕ေရာ သူတုိ႕က ေန႕တုိင္းပရိုတိန္းလာေကြ်းမွာမုိ႕လို႕လား? ကြ်န္ေတာ္ ဝေနေတာ႕ေရာ သူတုိ႕ကားနဲ႕ေန႕တုိင္း Gym လိုက္ပို႕ေပးမွာမုိ႕လို႕လား? ကြ်န္ေတာ႕မ်က္ႏွာမွာအေရးအေၾကာင္းေပၚေနေတာ႕ေရာ သူတုိ႕က Olay Regenerist Regenerating Serum ကို တစ္လ (၁) ဗူးဝယ္ပုိ႕ေပးမွာမို႕လို႕လား?
ဒါေၾကာင္႕ လူတစ္ေယာက္ဟာ လူလူခ်င္းဆက္ဆံတဲ႕ေနရာမွာ မေသမခ်င္း ေန႕တုိင္းသင္ယူသင္႕တယ္။ အေတြ႕အၾကံဳဆုိတာ တစ္ေန႕နဲ႕တစ္ေန႕မတူတာ သိပ္ေသခ်ာတယ္။ သင္ယူသူေတြရဲ႕ဦးေႏွာက္မွာအခန္းသစ္ေတြတုိးလာေပမယ္႕ သင္ရေကာင္းမွန္းမသိသူေတြရဲ႕ႏွလံုးသားမွာအခန္းေဟာင္းေတြေလ်ာ႕သြားတယ္ဆုိတာ ၾကံဳဖူးသူေတြသိၾကလိမ္႕မယ္။ ကုိယ္႕ဘဝနဲ႕ကိုယ္လူျဖစ္လာတယ္ဆုိတာသူတို႕သိလာၾကလိမ္႕မယ္။
မိမိအားသာတုန္း အားနည္းသူကိုအႏုိင္က်င္႕ခဲ႕သူေတြ၊ မိမိကအၾကီးမို႕လို႕အငယ္ကို မညွာမတာရိုက္ႏွက္ခဲ႕သူေတြ၊ မိမိကၾသဇာအာဏာထြားတုန္းမို႕လို႕ တန္ခုိးျပဖိႏွိပ္ရက္စက္ထားခဲ႕တာေတြဟာ သူတုိ႕လက္ထဲမွာ အသက္အရြယ္အရအားမရွိေတာ႕တဲ႕အခ်ိန္၊ အားကိုးမရွိေတာ႕တဲ႕အခ်ိန္၊ အာဏာပါဝါနဲ႕ရာထူးမရွိေတာ႕တဲ႕အခ်ိန္ အထူးသျဖင္႕ မိမိကုိလူ႕ေလာကကပစ္ထားတဲ႕အခ်ိန္ေရာက္ေတာ႕မွ "သံသရာတစ္ပတ္လည္သြားျခင္း" နဲ႕အတူသိလာႏုိင္မွာအေသအခ်ာပါ။
ကြ်န္ေတာ္ဟာ ငယ္ငယ္တုန္းက အင္မတန္ေဆာ႕တဲ႕ကေလးတစ္ေယာက္ပါ။ အရာရာကိုစူးစမ္းခ်င္တယ္။ လက္တည္႕စမ္းခ်င္တယ္။ အေၾကာင္းအရာမွန္သမွ် မရမကကို သိခ်င္လွတယ္။ ဒီလိုစိတ္နဲ႕ ဒီဘက္အေမရိကန္ေျမဆီလႊာေပၚမွာၾကီးျပင္းခဲ႕ရရင္သိပ္ေကာင္းခဲ႕မွာေပါ႕။
အခုေတာ႕ ခင္မင္ရမယ္႕သူေတြနဲ႕မ်က္ႏွာပ်က္ရျပီ။ သမိုင္းစာမ်က္ႏွာမွာ သူတုိ႕ရဲ႕နာမည္ပါတဲ႕စာရြက္ေတြကိုစုတ္ျဖဲပစ္လုိက္ရျပီ။ အဲဒီလြတ္သြားတဲ႕စာရြက္ေတြေနရာမွာ သင္ယူခဲ႕သမွ်ဘဝသင္ခန္းစာအသစ္ေတြထပ္ေရးဖို႕ဗလာစာရြက္အလြတ္ေတြကို ထမင္းလံုးနဲ႕ဖိျပီးကပ္ေနရပါျပီ။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
03-17-2019
Unicode:
"တွန်းသူမေ့ လဲသူသတိရဆဲ (၁)"
လူမှုကွန်ယက်ပေါ်လာတဲ့နောက် အရင်က ခင်မင်ခဲ့၊ သိကျွမ်းခဲ့၊ ရင်းနှီးခဲ့သူတွေကိုပြန်တွေ့ရလို့ပျော်နေသူတွေကမ္ဘာမှာအများကြီးပါ။ သုံးစွဲနေသူတွေကိုမေးကြည့်လိုက်ရင် ပြန်ဆုံတွေ့ရလို့ပျော်တယ်လို့ပြောမယ့်သူတွေက ခန့်မှန်းခြေ (၉၁%) ကျော်ပါလိိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ရည်ညွှန်းတဲ့လူတစ်ချို့အတွက် ကျန်တဲ့ (၉%) ဘက်ကနေပြီး ကျွန်တော့ဘဝမှတ်တိုင်အတွက် ဒီဆောင်းပါးကိုဆက်ရေးချင်ပါတယ်။
ကျွန်တော်လူတစ်ချို့ကိုမတွေ့ချင်ပါဘူး . . တွေ့ဖို့မလိုလို့ပါ။ ဒီလိုဆိုတော့ ကျွန်တော်ကမမှတ်မိဘူးလားဆိုတော့ မဟုတ်ပါ . . မှတ်ဉာဏ်ထဲမှာမေ့လို့မရလို့တွေ့ဖို့မလိုတာပါ။ တိုက်ဆိုင်မှုရှိလာတိုင်း သူတို့အကြောင်းကိုမစဉ်းစားပဲနဲ့ခေါင််းထဲရောက်ရောက်လာတတ်တယ်။ မဖိတ်ခေါ်ပဲ ငယ်ဘဝကနာကျင်ခဲ့ရတဲ့ ချောင်ပိတ်နေတဲ့အခန်းငယ်လေးထဲ ကျွန်တော့ကိုမကြာခဏခေါ်သွားတတ်တယ်။ တကယ်တော့ ကလေးတစ်ယောက်ဘဝရဲ့ငရဲခန်းလို့လည်းပြောလို့ရပါတယ်။
အခု အသက်ကြီးမှအမေရိကားရောက်လာသူတစ်ယောက်က ကျွန်တော့ကိုငယ်ငယ်တုန်းကစက်ဘီးနဲ့ကျောင်းလိုက်ပို့ပေးဖူးတယ်လို့ပြောပါတယ်။ အဖေ့ရဲ့လူလတ်ပိုင်းဘဝတုန်းက သူငယ်ချင်းတစ်ယောက်ပါ။ သူမှတ်မိနေတာက ကျွန်တော့ကလေးဘဝကိုကူညီပေးခဲ့ပုံ၊ ကျွန်တော်သူ့ကိုမှတ်မိနေတာက သူ့ကြောင့် ကလေးဘဝက ကျွန်တော်စိတ်ဒဏ်ရာရခဲ့ပုံ . . ဒီလိုယူဆပုံမတူတာကြောင့် တွေ့ဖို့မလိုအပ်သူတွေစာရင်းထဲမှာ သူ့ကို အနှစ် (၄ဝ) လောက်ကျွန်တော်ထားခဲ့လိုက်နိုင်ပါတယ်။
ဇာတ်ကြောင်းရယ်ကုန်စင်ကိုပြန်ခင်းပြရရင် တောင်ကြီးမြို့မှာ ချမ်းသာတဲ့မိသားစုမဟုတ်ပေမယ့် နီဆန်းကားစပေါ်တဲ့အခါ ကျွန်တော်တို့အိမ်မှာ (အရှေ့ကအက္ခရာ မမှတ်မိ) ?/၇၅၆ ဆိုတဲ့ ဒတ်ဆန်းလေးကျိတ်ကားလေးပိုင်ဖူးပါတယ်။ ကလေးပီပီ ကားမောင်းတတ်တဲ့အစ်ကိုတွေကြားမှာ သွားလေရာပါတဲ့ အသက် (၈) နှစ်အရွယ်ကျွန်တော်က မှတ်ဉာဏ်သိပ်ကောင်းသပေါ့ဗျာ။
တစ်နေ့မှာ (အခု အမေရိကားရောက်လာသူ) အိမ်နီးနားချင်းဦးလေးက တောင်ကြီးအိမ်မှာဒတ်ဆန်းကားလာငှားပါတယ်။ အဲဒါအချိန်မှာ အစ်ကိုတွေကအိမ်မှာရှိမနေပါဘူး။ ဒါနဲ့ အိမ်ကလူတွေက မငှားချင်တဲ့အခါ အစ်ကိုတွေမရှိဘူး . . ကားသော့လည်းဘယ်နားထားမှန်းမသိဘူး လို့ ပြောလိုက်ပါတယ်။ ကလေးငယ်ညီညီက အမှန်တရားကိုမြတ်နိုးသူဖြစ်လေတော့ "သားသား ကားသော့ထားတဲ့နေရာကိုသိတယ်" လို့ ပြောရင်း ကားနားအတင်းပြေးသွားပြီး ကားထိုင်ခုံအတင်အချလုပ်တဲ့ခလုပ်မှာချိတ်ထားတဲ့ကားသော့ကိုထုတ်ပေးလိုက်တော့ အဲဒီဦးလေးကြီးက ကားမောင်းထွက်သွားပါတယ်။
ရင်ခုန်သံအပိုင်းက အခုမှလာမှာပါ။ ပြောရရင် "ရင်နာသံ" လို့ဆိုရင် ပိုမှန်ပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်ကလူကြီးတွေလည်းပြန်လာရော ကားက ကားဂိုဒေါင်မှာမတွေ့တဲ့အခါ မေးတော့ ကျွန်တော်က ကားသော့ထုတ်ပေးလိုက်လို့ မငှားပေးချင်တဲ့ကားကို သူများမောင်းထွက်သွားတာကိုသိသွားကြပါတယ်။ ကျွန်တော်ဘာများအမှားလုပ်မိလို့လဲ? ကျွန်တော်ဘယ်မှာလိမ်လို့လဲ? ကျွန်တော်ဘာများထိန်ချန်ထားမိလို့လဲ? မေးခွန်းတွေညံသွားတယ်။ အသံတွေဆူညံသွားတယ်။ အဲဒီထဲကမှ "ကလေးငယ်ညီညီ" ရဲ့ "ငိုသံ" က အဆူညံဆုံးပါ။ အဲဒီ အသံအက်ကွဲမိုးယံညကို ကျွန်တော်ဘယ်လိုမေ့လို့ရနိုင်ပါ့မလဲ . . ကျွန်တော်အရိုက်ခံရတယ်လေ။
ကျွန်တော်မှတ်မိတာက သူ့ကြောင့်ကျွန်တော်အရိုက်ခံရတာ၊ သူမှတ်မိတာက ကျွန်တော့ကိုစက်ဘီးနင်းပြီးကျောင်းပို့ပေးခဲ့တာ၊ ကွာနေတာက ရင်ထဲမှာကျန်ခဲ့တဲ့ခံစားမှုတို့ရဲ့အရင်းအမြစ်သံစဉ်တွေပါ။ သူက သူရင်းနှီးခဲ့ရတဲ့လုပ်အားနဲ့သူငယ်ချင်းမအားတုန်း သူငယ်ချင်းရဲ့ကလေးကို ခွန်အားတစ်ခုထုတ်ပြီး ကျောင်းလိုက်ပို့ပေးခဲ့တော့ သူလိုတဲ့အခါ သူငယ်ချင်းရဲ့ကား ငှားသုံးချင်ရှာမှာပေါ့။ ဒီအချက်ကြောင့် အဲဒီကလေးအရိုက်ခံရတယ်ဆိုတာ သူဘယ်လိုလုပ်ပြန်သိနိုင်ပါ့မလဲလေ။
သို့သော်လည်း ကျွန်တော့ဘက်ကပြန်ကြည့်ရင် သူစက်ဘီးနင်းပြီးကျွန်တော့ကိုကျောင်းလိုက်ပို့တာ လုံးဝမမှတ်မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ရင်ထဲမှာမကျန်ခဲ့လို့ပေါ့၊ ရှင်းရှင်းလေးပါ။ ဒါကြောင့် ဆရာစိုင်းခမ်းလိတ်က "တွန််းသူမေ့ လဲသူသတိရဆဲ" လို့ ရေးခဲ့တာနေမှာ။ (ဆရာ့သီချင်းစာသားကိုခေါင်းစဉ်အဖြစ်ငှားသုံးပါတယ်။ ကျေးဇူးပါ ဆရာ)
အဲဒီဦးလေးကိုမတွေ့ရလို့အားနာပေမယ့် သူ့အကြောင်းစဉ်းစားမိတိုင်း ကျွန်တော်အရိုက်ခံရတာကို ဘယ်သူ့ကို့ရင်ဖွင့်ရပါ့မလဲ? သူ့ကိုအခုအချိန်မှပြောပြရင်ရော ကလေးဘဝကအရိုက်ခံရတဲ့စိတ်ဒဏ်ရာကိုပြန်လည်ကုစားနိုင်ပါ့မလား? "ငါမသိလို့ကားလာငှားမိတာပါ ညီညီရာ" လို့ သူတွေးမိပါ့မလား? မေးခွန်းတွေက အခုမှတကယ်ညံနေတာပါ။
ပြီးတော့တစ်ဆက်တည်းတွေ့ရန်မလိုသူတွေတစ်ချို့မြန်မာတွေအကြောင်းပြောရဦးမယ်။ "ဟယ် နင်ပိန်လိုက်တာ။ အသားကမည်းသွားတယ်နော်" ၊ "အရင်က ပိန်ပိန်လေး၊ အခု ဗိုက်ထွက်လာတယ်နော်၊ ဝိတ်မချဘူးလား" ဆိုတာမျိုး Body-Shaming လုပ်တဲ့သူတွေ။ ဒီအထဲမှာ အမေရိကားကို နှစ်ဆယ်စုနဲ့ချီပြီးရောက််နေသူတွေပါတယ်။
ကျွန်တော်ပိန်တော့ရော သူတို့က နေ့တိုင်းပရိုတိန်းလာကျွေးမှာမို့လို့လား? ကျွန်တော် ဝနေတော့ရော သူတို့ကားနဲ့နေ့တိုင်း Gym လိုက်ပို့ပေးမှာမို့လို့လား? ကျွန်တော့မျက်နှာမှာအရေးအကြောင်းပေါ်နေတော့ရော သူတို့က Olay Regenerist Regenerating Serum ကို တစ်လ (၁) ဗူးဝယ်ပို့ပေးမှာမို့လို့လား?
ဒါကြောင့် လူတစ်ယောက်ဟာ လူလူချင်းဆက်ဆံတဲ့နေရာမှာ မသေမချင်း နေ့တိုင်းသင်ယူသင့်တယ်။ အတွေ့အကြုံဆိုတာ တစ်နေ့နဲ့တစ်နေ့မတူတာ သိပ်သေချာတယ်။ သင်ယူသူတွေရဲ့ဦးနှောက်မှာအခန်းသစ်တွေတိုးလာပေမယ့် သင်ရကောင်းမှန်းမသိသူတွေရဲ့နှလုံးသားမှာအခန်းဟောင်းတွေလျော့သွားတယ်ဆိုတာ ကြုံဖူးသူတွေသိကြလိမ့်မယ်။ ကိုယ့်ဘဝနဲ့ကိုယ်လူဖြစ်လာတယ်ဆိုတာသူတို့သိလာကြလိမ့်မယ်။
မိမိအားသာတုန်း အားနည်းသူကိုအနိုင်ကျင့်ခဲ့သူတွေ၊ မိမိကအကြီးမို့လို့အငယ်ကို မညှာမတာရိုက်နှက်ခဲ့သူတွေ၊ မိမိကသြဇာအာဏာထွားတုန်းမို့လို့ တန်ခိုးပြဖိနှိပ်ရက်စက်ထားခဲ့တာတွေဟာ သူတို့လက်ထဲမှာ အသက်အရွယ်အရအားမရှိတော့တဲ့အချိန်၊ အားကိုးမရှိတော့တဲ့အချိန်၊ အာဏာပါဝါနဲ့ရာထူးမရှိတော့တဲ့အချိန် အထူးသဖြင့် မိမိကိုလူ့လောကကပစ်ထားတဲ့အချိန်ရောက်တော့မှ "သံသရာတစ်ပတ်လည်သွားခြင်း" နဲ့အတူသိလာနိုင်မှာအသေအချာပါ။
ကျွန်တော်ဟာ ငယ်ငယ်တုန်းက အင်မတန်ဆော့တဲ့ကလေးတစ်ယောက်ပါ။ အရာရာကိုစူးစမ်းချင်တယ်။ လက်တည့်စမ်းချင်တယ်။ အကြောင်းအရာမှန်သမျှ မရမကကို သိချင်လှတယ်။ ဒီလိုစိတ်နဲ့ ဒီဘက်အမေရိကန်မြေဆီလွှာပေါ်မှာကြီးပြင်းခဲ့ရရင်သိပ်ကောင်းခဲ့မှာပေါ့။
အခုတော့ ခင်မင်ရမယ့်သူတွေနဲ့မျက်နှာပျက်ရပြီ။ သမိုင်းစာမျက်နှာမှာ သူတို့ရဲ့နာမည်ပါတဲ့စာရွက်တွေကိုစုတ်ဖြဲပစ်လိုက်ရပြီ။ အဲဒီလွတ်သွားတဲ့စာရွက်တွေနေရာမှာ သင်ယူခဲ့သမျှဘဝသင်ခန်းစာအသစ်တွေထပ်ရေးဖို့ဗလာစာရွက်အလွတ်တွေကို ထမင်းလုံးနဲ့ဖိပြီးကပ်နေရပါပြီ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-17-2019
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး) |
"တြန္းသူေမ႕ လဲသူသတိရဆဲ (၂)"
စကားဆုိတာေျပာရင္းေျပာရင္းနဲ႕အရွိန္ရလာရင္ အေတာမသတ္ေတာ႕သလို စာေရးသူတစ္ေယာက္ရဲ႕ငယ္ဘဝကဒဏ္ရာေတြဟာ အေတြးဝင္လာျပီဆိုတာနဲ႕ တားမရဆီးမႏုိင္ေတာ႕ေအာင္ ခရီးႏွင္ေတာ႕တာပါပဲ။
အထူးသျဖင္႕ ငယ္ငယ္တုန္းကသင္ခန္းစာေတြက ျပင္လုိ႕မရေတာ႕တဲ႕အျပင္ နားလည္လာတဲ႕အရြယ္ေရာက္ေတာ႕ သူတစ္ပါးအေပၚကုိမက်ဴးလြန္ဖို႕ ကိုယ္ခ်င္းစာစိတ္-Courtesy ကို ရသတစ္ခုအေနနဲ႕ေလာကဓံအျမင္ကုိပဲ႕ျပင္ေပးတတ္ပါတယ္။
ငယ္ငယ္တုန္းကဆို အိမ္ဦးနတ္ဟာ အေဖ၊ မီးဖိုေခ်ာင္ေစာင္႕နတ္ဟာ အေမ၊ အိပ္ခန္းေစာင္႕နတ္ေတြဟာ အစ္ကိုေတြ အစ္မေတြျဖစ္ခဲ႕ၾကတယ္။ အိမ္ဦးနတ္ကေတာ႕ လူေတြသိျပီးသားမို႕လို႕မရွင္းျပေတာ႕ပါဘူး။ မီးဖိုေခ်ာင္ေစာင္႕နတ္ဆိုတာက ဘာစားစရာလိုလို အာလာဒင္မီးခြက္လို တမ္းတလိုက္တုိင္း မီးဖိုေခ်ာင္ကေနအျမဲထုတ္လုပ္ေပးတတ္တဲ႕ အေမ႕ကိုခ်စ္ရလြန္းလို႕ တင္စားျပီးအမႊန္းတင္မိတာပါ။
အိပ္ခန္းေစာင္႕နတ္ဆုိတာက ကြ်န္ေတာ္မေကာင္းတဲ႕အေၾကာင္းကိုေရးျပခ်င္တာ။ ငယ္ငယ္ကတည္းက အတင္းၾကီးခုိင္းတာကိုမၾကိဳက္တဲ႕ကြ်န္ေတာ္ဟာ အျမဲလိုလိုအတင္းခုိင္းခံရတယ္။ မသြားခ်င္မွန္းမသိ သြားခ်င္မွန္းမသိ သြားပဲ။ မစားခ်င္မွန္းမသိ စားခ်င္မွန္းမသိ စားပဲ။ စာဆိုလည္း ဘယ္ေလာက္အိပ္ငုိက္ေနေန က်က္ဆိုရင္က်က္ပဲ။
ဒီေတာ႕ အစ္ကုိေတြ အစ္မေတြအလစ္မွာ (သူတုိ႕အိပ္ငိုက္တုန္း၊ အိပ္ခန္းဝ ထုိင္ခံုကေန ခဏထသြားတုန္း) ကြ်န္ေတာ္က လွစ္ကနဲဆုိ အခန္းထဲဝင္ခိုးဝင္အိပ္ေနလုိက္တာေလ . . ခဏၾကာေတာ႕ ညီညီ ဘယ္ေရာက္သြားလဲဆိုမွလုိက္ရွာရင္း ေစာင္ေအာက္မွာပုန္းျပီးအိပ္ေပ်ာ္ေနတဲ႕ကြ်န္ေတာ႕ကိုရွာေတြ႕ၾကတာ။ သူတုိ႕လည္းအိပ္ေပ်ာ္သြားတဲ႕ကေလးကုိအိပ္ပါေစေတာ႕ဆုိျပီးခြင္႕လႊတ္လိုက္ရင္း အဲဒီတစ္ညကုိ စာအကုန္မက်က္လိုက္ရပဲ ေက်ာ္ျဖတ္ခြင္႕ရလုိက္တယ္ဆုိပါေတာ႕ဗ်ာ။
အဲဒီလုိ အတင္းခုိင္းခံခဲ႕ရတဲ႕ကြ်န္ေတာ႕အသိသညာမွာ ဘာလို႕လုပ္ရမွာလဲ? ငါ႕မွာဘာေရြးခ်ယ္စရာရွိေသးလဲ? ဒီထက္ေကာင္းတာထဲက ငါ ဘာကိုလုပ္ႏုိင္မလဲ? ဆုိတာမ်ိဳးစဥ္းစားႏုိင္ဖို႕အေျခအေနမရရွိခဲ႕ဘူး။ ဒါေပမဲ႕ ခုိင္မာတဲ႕ဆံုးျဖတ္ခ်က္တစ္ခုေတာ႕ခ်ႏိုင္ခဲ႕တယ္။
အခိ်န္တန္အရြယ္ေရာက္လို႕ ငါ႕မွာေနာက္မ်ိဳးဆက္ေတြရွိခဲ႕ရင္ ငါမသြားႏုိင္ခဲ႕တဲ႕ခရီးကုိ သြားခုိင္းမယ္၊ ငါမစားႏုိင္ခဲ႕တဲ႕အစားအစားေတြကုိ စားခိုင္းမယ္၊ ငါမတက္ႏုိင္ခဲ႕တဲ႕ကမၻာ႕အဆင္႕မွီေက်ာင္းၾကီးေတြကုိတက္ျပီး စာက်က္စရာမလုိတဲ႕ ေတြးေတာဆင္ျခင္ႏုိင္တဲ႕ပညာတတ္ေတြျဖစ္ေအာင္လုပ္ေပးမယ္ဆိုတဲ႕ရည္မွန္းခ်က္အတုိင္း အခုအသက္အရြယ္မွာအေကာင္အထည္ေဖာ္ႏုိင္ခဲ႕တယ္။
ဒါဟာ လဲက်သူတစ္ေယာက္ရဲ႕လက္စားေခ်နည္းလားလို႕ေမးရင္ ရင္ကုိထိမွန္တဲ႕အေျဖစကားေတာ႕ ကြ်န္ေတာ႕ဆီကျပန္ၾကားရဖို႕ အာမ မခံႏိုင္ပါဘူး။ ဒီလိုတြန္းခဲ႕သူေတြကုိ အခုအခ်ိန္မွာကြ်န္ေတာ္ေက်းဇူးတင္တယ္။ သူတုိ႕သာအတင္းၾကီးမလုပ္ခဲ႕ရင္ ဒီဘက္ေခတ္ ဒီဘက္ႏိုင္ငံမွာ ကြ်န္ေတာ္ Survive-လြတ္ေျမာက္ဖို႕ မျဖစ္ႏိုင္ဘူး။ ခါးတဲ႕အသီးကို ကုိယ္႕သားသမီးကိုမစားေစခ်င္သလို ခ်ိဳတဲ႕အသီးကိုက်ေတာ႕သားသမီးေတြအတြက္ ကြ်န္ေတာ္ခ်န္ထားတတ္လာတာ တြန္းခဲ႕သူေတြရဲ႕ေက်းဇူးေပါ႕ဗ်ာ။
တြန္းသူတိုင္းသာအျပစ္ရွိရမယ္ဆုိရင္ ကြ်န္ေတာ႕ေလာက္အျပစ္ၾကီးသူ ဒီေလာကၾကီးမွာဘယ္ရွိပါဦးမလဲ . .။ ကုိယ္အတြန္းခံရတိုင္း ကုိယ္႕သားသမီးငယ္ငယ္တုန္းက ကြ်န္ေတာ္ အတင္းၾကီး အတင္းၾကီးတြန္းခဲ႕တယ္။ ဒါေပမဲ႕ ကြ်န္ေတာ္တြန္းခဲ႕တာက အသိတရား နဲ႕ ဥာဏ္နဲ႕ဆင္ျခင္ျပီးတြန္းတတ္လာေအာင္ ကိုယ္႕ဟာကုိယ္မနည္းၾကီးျပင္ခဲ႕ရတယ္။ တစ္ဖက္ပိတ္အေမွာင္ကမၻာထဲက ကြ်န္ေတာ႕အမွားေတြၾကားမွာ သူတုိ႕ရဲ႕ငယ္ဘဝေပ်ာ္ရႊင္မႈေတြကိုစေတးေပးခဲ႕ၾကရေလတယ္။
ကိုယ္တြန္းလိုက္တဲ႕တံခါးဟာ ေမာ္ေတာ္ကားတံခါးလို "အျပင္ဖြင္႕" ျဖစ္ေနဖို႕အေရးၾကီးတယ္။ ကြ်န္ေတာ္တို႕လူသားေတြဟာ အျပင္မွာရွိေနရင္ အခန္းထဲဝင္ခ်င္တယ္။ အခန္းထဲမွာရွိေနရင္ အျပင္ကိုထြက္ခ်င္တယ္။ ဒါေၾကာင္႕ တံခါးကိုတြန္းဖြင္႕ၾကတယ္။
ဒါေပမဲ႕ ကုိယ္တြန္းေနတဲ႕တံခါးဟာ "အတြင္းဖြင္႕" ျဖစ္ေနလို႕ကေတာ႕ ဘယ္ေလာက္တြန္းတြန္း အဲဒီတံခါးက ပြင္႕ထြက္သြားမွာမဟုတ္ဘူး။ ဒါေၾကာင္႕ အထဲကလူက အျပင္ကအလင္းေရာင္ကုိျမင္ဖို႕ရာမျဖစ္ႏုိင္ဘူး။ ထြက္ေပါက္မရွိပဲနဲ႕လူေတြဟာေလေကာင္းေကာင္းရွဴႏုိင္စရာအေၾကာင္းမရွိဘူး။
ဒီလိုအေၾကာင္းေတြကိုေပါင္းစပ္ျပီး အခုေခတ္သားရွင္ သမီးရွင္တို႕ရဲ႕မိဘေတြကိုေမးခ်င္တယ္။
ကိုယ္ငယ္ငယ္တုန္းက
အတြန္းခံခဲ႕ရသလိုသားသမီးကုိ
ပံုစံတူတြန္းခဲ႕မိသလား?
ကိုယ္ငယ္ငယ္တုန္းကလုိ
အတြန္းမခံရဖို႕ ကိုယ္႕သားသမီးကို
နည္းမွန္လမ္းမွန္တြန္းတတ္ပါျပီလား?
"အျပင္ဖြင္႕တံခါး" နဲ႕
"အတြင္းဖြင္႕တံခါး"
ခြဲျခားတတ္ပါျပီလား?
လဲက်သူတုိ႕ရဲ႕ပီတိကို
ခံစားတတ္ပါျပီလား?
ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
03-20-2019
Unicode:
"တွန်းသူမေ့ လဲသူသတိရဆဲ (၂)"
စကားဆိုတာပြောရင်းပြောရင်းနဲ့အရှိန်ရလာရင် အတောမသတ်တော့သလို စာရေးသူတစ်ယောက်ရဲ့ငယ်ဘဝကဒဏ်ရာတွေဟာ အတွေးဝင်လာပြီဆိုတာနဲ့ တားမရဆီးမနိုင်တော့အောင် ခရီးနှင်တော့တာပါပဲ။
အထူးသဖြင့် ငယ်ငယ်တုန်းကသင်ခန်းစာတွေက ပြင်လို့မရတော့တဲ့အပြင် နားလည်လာတဲ့အရွယ်ရောက်တော့ သူတစ်ပါးအပေါ်ကိုမကျူးလွန်ဖို့ ကိုယ်ချင်းစာစိတ်-Courtesy ကို ရသတစ်ခုအနေနဲ့လောကဓံအမြင်ကိုပဲ့ပြင်ပေးတတ်ပါတယ်။
ငယ်ငယ်တုန်းကဆို အိမ်ဦးနတ်ဟာ အဖေ၊ မီးဖိုချောင်စောင့်နတ်ဟာ အမေ၊ အိပ်ခန်းစောင့်နတ်တွေဟာ အစ်ကိုတွေ အစ်မတွေဖြစ်ခဲ့ကြတယ်။ အိမ်ဦးနတ်ကတော့ လူတွေသိပြီးသားမို့လို့မရှင်းပြတော့ပါဘူး။ မီးဖိုချောင်စောင့်နတ်ဆိုတာက ဘာစားစရာလိုလို အာလာဒင်မီးခွက်လို တမ်းတလိုက်တိုင်း မီးဖိုချောင်ကနေအမြဲထုတ်လုပ်ပေးတတ်တဲ့ အမေ့ကိုချစ်ရလွန်းလို့ တင်စားပြီးအမွှန်းတင်မိတာပါ။
အိပ်ခန်းစောင့်နတ်ဆိုတာက ကျွန်တော်မကောင်းတဲ့အကြောင်းကိုရေးပြချင်တာ။ ငယ်ငယ်ကတည်းက အတင်းကြီးခိုင်းတာကိုမကြိုက်တဲ့ကျွန်တော်ဟာ အမြဲလိုလိုအတင်းခိုင်းခံရတယ်။ မသွားချင်မှန်းမသိ သွားချင်မှန်းမသိ သွားပဲ။ မစားချင်မှန်းမသိ စားချင်မှန်းမသိ စားပဲ။ စာဆိုလည်း ဘယ်လောက်အိပ်ငိုက်နေနေ ကျက်ဆိုရင်ကျက်ပဲ။
ဒီတော့ အစ်ကိုတွေ အစ်မတွေအလစ်မှာ (သူတို့အိပ်ငိုက်တုန်း၊ အိပ်ခန်းဝ ထိုင်ခုံကနေ ခဏထသွားတုန်း) ကျွန်တော်က လှစ်ကနဲဆို အခန်းထဲဝင်ခိုးဝင်အိပ်နေလိုက်တာလေ . . ခဏကြာတော့ ညီညီ ဘယ်ရောက်သွားလဲဆိုမှလိုက်ရှာရင်း စောင်အောက်မှာပုန်းပြီးအိပ်ပျော်နေတဲ့ကျွန်တော့ကိုရှာတွေ့ကြတာ။ သူတို့လည်းအိပ်ပျော်သွားတဲ့ကလေးကိုအိပ်ပါစေတော့ဆိုပြီးခွင့်လွှတ်လိုက်ရင်း အဲဒီတစ်ညကို စာအကုန်မကျက်လိုက်ရပဲ ကျော်ဖြတ်ခွင့်ရလိုက်တယ်ဆိုပါတော့ဗျာ။
အဲဒီလို အတင်းခိုင်းခံခဲ့ရတဲ့ကျွန်တော့အသိသညာမှာ ဘာလို့လုပ်ရမှာလဲ? ငါ့မှာဘာရွေးချယ်စရာရှိသေးလဲ? ဒီထက်ကောင်းတာထဲက ငါ ဘာကိုလုပ်နိုင်မလဲ? ဆိုတာမျိုးစဉ်းစားနိုင်ဖို့အခြေအနေမရရှိခဲ့ဘူး။ ဒါပေမဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ချနိုင်ခဲ့တယ်။
အချိန်တန်အရွယ်ရောက်လို့ ငါ့မှာနောက်မျိုးဆက်တွေရှိခဲ့ရင် ငါမသွားနိုင်ခဲ့တဲ့ခရီးကို သွားခိုင်းမယ်၊ ငါမစားနိုင်ခဲ့တဲ့အစားအစားတွေကို စားခိုင်းမယ်၊ ငါမတက်နိုင်ခဲ့တဲ့ကမ္ဘာ့အဆင့်မှီကျောင်းကြီးတွေကိုတက်ပြီး စာကျက်စရာမလိုတဲ့ တွေးတောဆင်ခြင်နိုင်တဲ့ပညာတတ်တွေဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ရည်မှန်းချက်အတိုင်း အခုအသက်အရွယ်မှာအကောင်အထည်ဖော်နိုင်ခဲ့တယ်။
ဒါဟာ လဲကျသူတစ်ယောက်ရဲ့လက်စားချေနည်းလားလို့မေးရင် ရင်ကိုထိမှန်တဲ့အဖြေစကားတော့ ကျွန်တော့ဆီကပြန်ကြားရဖို့ အာမ မခံနိုင်ပါဘူး။ ဒီလိုတွန်းခဲ့သူတွေကို အခုအချိန်မှာကျွန်တော်ကျေးဇူးတင်တယ်။ သူတို့သာအတင်းကြီးမလုပ်ခဲ့ရင် ဒီဘက်ခေတ် ဒီဘက်နိုင်ငံမှာ ကျွန်တော် Survive-လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ ခါးတဲ့အသီးကို ကိုယ့်သားသမီးကိုမစားစေချင်သလို ချိုတဲ့အသီးကိုကျတော့သားသမီးတွေအတွက် ကျွန်တော်ချန်ထားတတ်လာတာ တွန်းခဲ့သူတွေရဲ့ကျေးဇူးပေါ့ဗျာ။
တွန်းသူတိုင်းသာအပြစ်ရှိရမယ်ဆိုရင် ကျွန်တော့လောက်အပြစ်ကြီးသူ ဒီလောကကြီးမှာဘယ်ရှိပါဦးမလဲ . .။ ကိုယ်အတွန်းခံရတိုင်း ကိုယ့်သားသမီးငယ်ငယ်တုန်းက ကျွန်တော် အတင်းကြီး အတင်းကြီးတွန်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တွန်းခဲ့တာက အသိတရား နဲ့ ဉာဏ်နဲ့ဆင်ခြင်ပြီးတွန်းတတ်လာအောင် ကိုယ့်ဟာကိုယ်မနည်းကြီးပြင်ခဲ့ရတယ်။ တစ်ဖက်ပိတ်အမှောင်ကမ္ဘာထဲက ကျွန်တော့အမှားတွေကြားမှာ သူတို့ရဲ့ငယ်ဘဝပျော်ရွှင်မှုတွေကိုစတေးပေးခဲ့ကြရလေတယ်။
ကိုယ်တွန်းလိုက်တဲ့တံခါးဟာ မော်တော်ကားတံခါးလို "အပြင်ဖွင့်" ဖြစ်နေဖို့အရေးကြီးတယ်။ ကျွန်တော်တို့လူသားတွေဟာ အပြင်မှာရှိနေရင် အခန်းထဲဝင်ချင်တယ်။ အခန်းထဲမှာရှိနေရင် အပြင်ကိုထွက်ချင်တယ်။ ဒါကြောင့် တံခါးကိုတွန်းဖွင့်ကြတယ်။
ဒါပေမဲ့ ကိုယ်တွန်းနေတဲ့တံခါးဟာ "အတွင်းဖွင့်" ဖြစ်နေလို့ကတော့ ဘယ်လောက်တွန်းတွန်း အဲဒီတံခါးက ပွင့်ထွက်သွားမှာမဟုတ်ဘူး။ ဒါကြောင့် အထဲကလူက အပြင်ကအလင်းရောင်ကိုမြင်ဖို့ရာမဖြစ်နိုင်ဘူး။ ထွက်ပေါက်မရှိပဲနဲ့လူတွေဟာလေကောင်းကောင်းရှူနိုင်စရာအကြောင်းမရှိဘူး။
ဒီလိုအကြောင်းတွေကိုပေါင်းစပ်ပြီး အခုခေတ်သားရှင် သမီးရှင်တို့ရဲ့မိဘတွေကိုမေးချင်တယ်။
ကိုယ်ငယ်ငယ်တုန်းက
အတွန်းခံခဲ့ရသလိုသားသမီးကို
ပုံစံတူတွန်းခဲ့မိသလား?
ကိုယ်ငယ်ငယ်တုန်းကလို
အတွန်းမခံရဖို့ ကိုယ့်သားသမီးကို
နည်းမှန်လမ်းမှန်တွန်းတတ်ပါပြီလား?
"အပြင်ဖွင့်တံခါး" နဲ့
"အတွင်းဖွင့်တံခါး"
ခွဲခြားတတ်ပါပြီလား?
လဲကျသူတို့ရဲ့ပီတိကို
ခံစားတတ်ပါပြီလား?
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-20-2019
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
"တြန္းသူေမ႕ လဲသူသတိရဆဲ (၃)"
"ဆယ္လမြန္ငါးတို႕ဟာ မိမိေမြးဖြားရာေဒသမွာျပန္ေသဆံုးခ်င္ၾကတယ္"
တဲ႕။ ဒါေၾကာင္႕ သူတုိ႕ခရီးဘယ္ေလာက္ထြက္ထြက္၊ ဘယ္ေလာက္ခရီးလြန္လြန္ ရာသီခ်ိန္ျပန္ေရာက္ျပီဆုိရင္
မိုင္ေပါင္းရာခ်ီေဝးေနပါေစ အိမ္ျပန္ၾကတယ္လို႕ဆိုၾကတယ္။
ကြ်န္ေတာ္ဟာ ရွမ္းျပည္က ေရးမကူးတတ္တဲ႕ဆယ္္လမြန္ငါးတစ္ေကာင္ပါ။ ဒါေၾကာင္႕ အခုအခ်ိန္ေမြးရပ္ေျမကိုျပန္ခ်င္ေပမယ္႕ အတိတ္ရဲ႕အရိပ္မည္းေတြလႊမ္းမိုးခဲ႕တဲ႕ အေဖနဲ႕အေမတို႕ေန႕ညမျပတ္ရုန္းကန္ခဲ႕ရတဲ႕အိမ္ေလး (အခု သူမ်ားအိမ္) ကိုေတာ႕ ျပန္သြားခ်င္တဲ႕စိတ္ကို သိပ္အားမေပးႏုိင္ခဲ႕ပါဘူး။
ကြၽန္ေတာ္ငယ္စဥ္ဘဝတုန္းက အေဖနဲ႔အေမတို႔ဟာ အင္မတန္ရုန္းကန္ခဲ့ရတယ္။ စားစရာလည္းစားစရာအေလ်ာက္၊ ဝတ္စရာလည္း ဝတ္စရာအေလ်ာက္၊ ေနစရာလည္း ေနစရာအေလ်ာက္ အခ်ိန္အခါမလပ္စိတ္ပူရတယ္။ အဲဒီထဲကမွ ေနစရာအေျခက်လို႔ ကြၽန္ေတာ္တို႔ရဲ႕"ကုိယ္ပိုင္အိမ္" ရေတာ့မွ ရွယ္ယာလုပ္တဲ့အေဖ့ဦးေလးကိုပိုင္းေပးလိုက္ရတဲ့အိမ္ရဲ့ေအာက္ထပ္မွာ ေမာင္ႏွမမ်ားတဲ့ကြၽန္ေတာ္တို႔မိသားစုေနထိုင္ခဲ႕ၾကပါတယ္။
ေနေတာ႕လည္း အေပၚထက္နဲ႕ေအာက္ထပ္၊ လူၾကီးနဲ႕ကေလးလို၊ ဆက္ဆံခံရေတာ႕လည္း အငယ္မိသားစုက အၾကီးမိသားစုကုိ အျမဲတမ္းအရိုအေသေပးရတဲ႕ပံုစံမ်ိဳးဆုိေတာ႕ ျမန္မာ႕လမ္းစဥ္ပါတီ (မဆလ) ေခတ္ (၁၉၇၆) ခုႏွစ္ပတ္ဝန္းက်င္ရဲ႕ လက္ဝဲတိမ္း နဲ႕ လက္ယာယိမ္းတုိ႕ရဲ႕အားျပိဳင္မႈတို႕ၾကားက သမဝါယမ-ျပည္သူ႕ဆုိင္မွာ ေျမဇာပင္ျဖစ္ရတဲ႕ျပည္သူျပည္သားေတြပမာ အငယ္မိသားစုရဲ႕သားသမီးေတြဟာ မ်က္ႏွာငယ္ခဲ႕ရပါတယ္။
တစ္ေန႕ေတာ႕ ကြ်န္ေတာ္တို႕ အိမ္အေပၚထပ္နဲ႕ေအာက္ထပ္ ေမာင္ႏွမေတြနဲ႕ အေဒၚဝမ္းကြဲ (အသက္ေတြမကြာၾက) တုိ႕ အတူတူကစားၾကရင္း ေလွခါးကေနေျပးတက္မယ္႕ကြ်န္ေတာ႕ကိုတံခါးေဆာင္႕ပိတ္လိုက္တာေၾကာင္႕ ကေလးပီပီစိတ္ဆုိးျပီး တံခါးေမ်ာက္ျမီးမွာခ်ိတ္ထားတဲ႕ေသာ႕ဂေလာက္နဲ႕သူ႕ကုိပစ္ေပါက္လိုက္မိသြားတယ္။ ျဖစ္ခ်င္ေတာ႕ နဂုိကတည္းက ေျခေထာက္အားနည္းေနရံုမက ေျခတစ္ဖက္ဆာသလို ျဖစ္ေနတဲ႕အဲဒီအေဒၚ (ကြ်န္ေတာ႕ထက္ (၆) ႏွစ္ၾကီး) က ငိုေရာဗ်။ သူက ကြ်န္ေတာ႕အေမကိုငုိယုိျပီးသြားတုိင္လိုက္တဲ႕အခါ . .။
တစ္မ်ိဳးလံုးတစ္ေဆြလံုးေလးစားရတဲ႕ "ဦးေလး" ရဲ႕သမီးကုိ ငိုေအာင္လုပ္ရေကာင္းလားဆိုျပီး ေရႊငါးေမြးတာဝါသနာပါတဲ႕အစ္ကုိ (၂) ေယာက္လုပ္ထားတဲ႕ ကားဂိုေဒါင္ထဲက အဂၤေဒငါးကန္ထဲကုိ အေမက ကြ်န္ေတာ႕တစ္ကုိယ္လံုးကုိ နစ္ပါေလေရာ။ မွတ္မိေသးတယ္ . . ေရမကူးတတ္တဲ႕ကေလးအရြယ္ကနိမိတ္ဆိုးကို . .။ လိေမၼာ္ေရာင္ေရႊငါးေလး (၂) ေကာင္ဆိုရင္သူတုိ႕ကုိယ္ေပၚကအမည္းအစင္းေၾကာင္းေလးေတြဘယ္ႏွစ္ေၾကာင္းရွိတယ္ဆုိတာ အခုေတြး အခုခ်က္ခ်င္းမ်က္စိထဲျမင္ေယာင္ေနမိတယ္။
အေမဟာ အလုပ္မ်ားတယ္။ သားသမီးမ်ားတဲ႕ စစ္ျပီးစမိသားစုမ်ိဳးဆက္ဆိုေတာ႕ ပညာသင္ခြင္႕မရခဲ႕ဘူး။ စာသင္တာဟာ အခ်ိန္ျဖဳန္းတာ၊ အသက္ၾကီးလာတာဟာ လင္ရွာတာ၊ အလုပ္လုပ္တာကသာ ပိုက္ဆံရွာတာဆုိတဲ႕ မဆလေခတ္မွာ ေယာက္်ားရွာသမွ်ဓနဥစၥာကို စီးတဲ႕ေရ ဆည္တဲ႕ကန္သင္းလို မီးဖိုေခ်ာင္ထဲမွာ ခ်က္-ျပဳတ္၊ ေရခ်ိဳးခန္းထဲမွာ ေလွ်ာ္-ဖြတ္၊ တျပြတ္ျပြတ္ဆက္တိုက္ေမြးေနတဲ႕သားသမီးေတြကို ထိန္း-ေက်ာင္း . . ဒီေလာက္ပဲ သိခဲ႕ ဒီေလာက္ပဲ တတ္ခဲ႕တဲ႕ အသိဥာဏ္ဟာ အေမ႕အတြက္ ကမၻာေျမၾကီးတမွ်က်ယ္ေျပာလွတယ္လို႕ေျပာရမယ္။
အဲဒီတုန္းကအျဖစ္အပ်က္ကို အေႏွးဖြင္႕-Slowmo နဲ႕ျပန္ရစ္ၾကည္႕ရင္ တစ္ဖက္ကငိုေနတာက ၾသဇာရွိတဲ႕ဦးေလးရဲ႕သမီး၊ တစ္ျခားတစ္ဖက္မွာထိတ္လန္႕စိုးရြံ႕ေနတာက သူ႕သားအငယ္ဆံုး . . ဘယ္တစ္ခုကိုေရြးမလဲ? အေမေတြးရသိပ္ခက္၊ ဆံုးျဖတ္ရသိပ္ခက္ေနမွာ ကြ်န္ေတာ္သိလိုက္တယ္။ ရုိက္မယ္႕ရိုက္ ကိုယ္႕ကေလးကုိသာရိုက္မိေအာင္ အေမဆံုးျဖတ္ခဲ႕တယ္။ ဒီအတုိင္းလည္း လုပ္ခဲ႕တယ္။ ဒါေပမဲ႕ အေမကြ်န္ေတာ႕ကိုမရိုက္ခဲ႕ဘူး။ လန္႕သြားေအာင္သာ လုပ္ခ်င္ခဲ႕တယ္။
ေရနစ္ဖူးတဲ႕သူေတြဆုိ ဒီခံစားခ်က္ကိုသိၾကလိမ္႕မယ္။ ေရကမြန္း၊ မ်က္စိကဖြင္႕ေပမယ္႕ ဘာမွၾကည္ၾကည္လင္လင္မျမင္ရ၊ စကားေျပာဖို႕ပါးစပ္ဟလုိက္ေတာ႕ ေနာက္က်ိေနတဲ႕ေရေတြကဝင္လာ၊ အသက္ကရွဴမရ . . ကြ်န္ေတာ္ဟာ ေန႕ခင္းဘက္ၾကီး အေမွာင္ကမၻာထဲ ခ်က္ခ်င္းၾကီးသက္ဆင္းသြားခဲ႕ရတယ္။ မ်က္မွန္အထူၾကီးတပ္ထားရတဲ႕ကေလးတစ္ေယာက္ကို သဲကႏၱာရထဲတြန္းထုတ္ျပီး အေပၚကေန ေရခဲေရပံုးနဲ႕ေခါင္းအထက္ကေလာင္းခ်တာကိုခံလိုက္ရသလိုမ်ိဳးထက္ဆုိးတယ္။ ကြ်န္ေတာ္တစ္သက္လံုး အေၾကာက္ဆံုးမွတ္ဥာဏ္ေတြထဲမွာ ဒီ "ငါးကန္ထဲအနစ္ခံရျခင္း" ဟာ တစ္ခုအပါအဝင္ျဖစ္ခဲ႕တယ္။
ဝန္ခံပါရေစ။ နာက်င္ခဲ႕တယ္ဆုိတာ ကြ်န္ေတာ္ဝန္ခံပါရေစ။ ေရမကူးတတ္တဲ႕ဆယ္လမြန္ငါးတစ္ေကာင္ထက္အံၾကိတ္ခံစားခဲ႕ရသူတစ္ေယာက္ရွိေနလိမ္႕ဦးမယ္။ သူကေတာ႕ အသည္းထဲအထိနာက်င္ေနခဲ႕မွာ။ အၾကင္နာမပြားႏိုင္၊ မေခ်ာ႕ေမာ႕ႏုိင္ဘဲ အေၾကာက္တရားနဲ႕ေနခဲ႕ရတဲ႕ပတ္ဝန္းက်င္မွာ နာက်င္ေနသူတစ္ေယာက္ရွိေသးတယ္။
အဲဒီတစ္ေယာက္ဟာ
ေသာ႕ခေလာက္နဲ႕အေပါက္ခံရတဲ႕ ကြ်န္ေတာ႕အေဒၚလား? သူလုိ႕ထင္ပါသလား? မဟုတ္ရင္ ဘယ္သူမ်ားျဖစ္မယ္လို႕ စာဖတ္သူထင္ပါသလဲ?
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
03-24-2019
ကြ်န္ေတာ္ဟာ ရွမ္းျပည္က ေရးမကူးတတ္တဲ႕ဆယ္္လမြန္ငါးတစ္ေကာင္ပါ။ ဒါေၾကာင္႕ အခုအခ်ိန္ေမြးရပ္ေျမကိုျပန္ခ်င္ေပမယ္႕ အတိတ္ရဲ႕အရိပ္မည္းေတြလႊမ္းမိုးခဲ႕တဲ႕ အေဖနဲ႕အေမတို႕ေန႕ညမျပတ္ရုန္းကန္ခဲ႕ရတဲ႕အိမ္ေလး (အခု သူမ်ားအိမ္) ကိုေတာ႕ ျပန္သြားခ်င္တဲ႕စိတ္ကို သိပ္အားမေပးႏုိင္ခဲ႕ပါဘူး။
ကြၽန္ေတာ္ငယ္စဥ္ဘဝတုန္းက အေဖနဲ႔အေမတို႔ဟာ အင္မတန္ရုန္းကန္ခဲ့ရတယ္။ စားစရာလည္းစားစရာအေလ်ာက္၊ ဝတ္စရာလည္း ဝတ္စရာအေလ်ာက္၊ ေနစရာလည္း ေနစရာအေလ်ာက္ အခ်ိန္အခါမလပ္စိတ္ပူရတယ္။ အဲဒီထဲကမွ ေနစရာအေျခက်လို႔ ကြၽန္ေတာ္တို႔ရဲ႕"ကုိယ္ပိုင္အိမ္" ရေတာ့မွ ရွယ္ယာလုပ္တဲ့အေဖ့ဦးေလးကိုပိုင္းေပးလိုက္ရတဲ့အိမ္ရဲ့ေအာက္ထပ္မွာ ေမာင္ႏွမမ်ားတဲ့ကြၽန္ေတာ္တို႔မိသားစုေနထိုင္ခဲ႕ၾကပါတယ္။
ေနေတာ႕လည္း အေပၚထက္နဲ႕ေအာက္ထပ္၊ လူၾကီးနဲ႕ကေလးလို၊ ဆက္ဆံခံရေတာ႕လည္း အငယ္မိသားစုက အၾကီးမိသားစုကုိ အျမဲတမ္းအရိုအေသေပးရတဲ႕ပံုစံမ်ိဳးဆုိေတာ႕ ျမန္မာ႕လမ္းစဥ္ပါတီ (မဆလ) ေခတ္ (၁၉၇၆) ခုႏွစ္ပတ္ဝန္းက်င္ရဲ႕ လက္ဝဲတိမ္း နဲ႕ လက္ယာယိမ္းတုိ႕ရဲ႕အားျပိဳင္မႈတို႕ၾကားက သမဝါယမ-ျပည္သူ႕ဆုိင္မွာ ေျမဇာပင္ျဖစ္ရတဲ႕ျပည္သူျပည္သားေတြပမာ အငယ္မိသားစုရဲ႕သားသမီးေတြဟာ မ်က္ႏွာငယ္ခဲ႕ရပါတယ္။
တစ္ေန႕ေတာ႕ ကြ်န္ေတာ္တို႕ အိမ္အေပၚထပ္နဲ႕ေအာက္ထပ္ ေမာင္ႏွမေတြနဲ႕ အေဒၚဝမ္းကြဲ (အသက္ေတြမကြာၾက) တုိ႕ အတူတူကစားၾကရင္း ေလွခါးကေနေျပးတက္မယ္႕ကြ်န္ေတာ႕ကိုတံခါးေဆာင္႕ပိတ္လိုက္တာေၾကာင္႕ ကေလးပီပီစိတ္ဆုိးျပီး တံခါးေမ်ာက္ျမီးမွာခ်ိတ္ထားတဲ႕ေသာ႕ဂေလာက္နဲ႕သူ႕ကုိပစ္ေပါက္လိုက္မိသြားတယ္။ ျဖစ္ခ်င္ေတာ႕ နဂုိကတည္းက ေျခေထာက္အားနည္းေနရံုမက ေျခတစ္ဖက္ဆာသလို ျဖစ္ေနတဲ႕အဲဒီအေဒၚ (ကြ်န္ေတာ႕ထက္ (၆) ႏွစ္ၾကီး) က ငိုေရာဗ်။ သူက ကြ်န္ေတာ႕အေမကိုငုိယုိျပီးသြားတုိင္လိုက္တဲ႕အခါ . .။
တစ္မ်ိဳးလံုးတစ္ေဆြလံုးေလးစားရတဲ႕ "ဦးေလး" ရဲ႕သမီးကုိ ငိုေအာင္လုပ္ရေကာင္းလားဆိုျပီး ေရႊငါးေမြးတာဝါသနာပါတဲ႕အစ္ကုိ (၂) ေယာက္လုပ္ထားတဲ႕ ကားဂိုေဒါင္ထဲက အဂၤေဒငါးကန္ထဲကုိ အေမက ကြ်န္ေတာ႕တစ္ကုိယ္လံုးကုိ နစ္ပါေလေရာ။ မွတ္မိေသးတယ္ . . ေရမကူးတတ္တဲ႕ကေလးအရြယ္ကနိမိတ္ဆိုးကို . .။ လိေမၼာ္ေရာင္ေရႊငါးေလး (၂) ေကာင္ဆိုရင္သူတုိ႕ကုိယ္ေပၚကအမည္းအစင္းေၾကာင္းေလးေတြဘယ္ႏွစ္ေၾကာင္းရွိတယ္ဆုိတာ အခုေတြး အခုခ်က္ခ်င္းမ်က္စိထဲျမင္ေယာင္ေနမိတယ္။
အေမဟာ အလုပ္မ်ားတယ္။ သားသမီးမ်ားတဲ႕ စစ္ျပီးစမိသားစုမ်ိဳးဆက္ဆိုေတာ႕ ပညာသင္ခြင္႕မရခဲ႕ဘူး။ စာသင္တာဟာ အခ်ိန္ျဖဳန္းတာ၊ အသက္ၾကီးလာတာဟာ လင္ရွာတာ၊ အလုပ္လုပ္တာကသာ ပိုက္ဆံရွာတာဆုိတဲ႕ မဆလေခတ္မွာ ေယာက္်ားရွာသမွ်ဓနဥစၥာကို စီးတဲ႕ေရ ဆည္တဲ႕ကန္သင္းလို မီးဖိုေခ်ာင္ထဲမွာ ခ်က္-ျပဳတ္၊ ေရခ်ိဳးခန္းထဲမွာ ေလွ်ာ္-ဖြတ္၊ တျပြတ္ျပြတ္ဆက္တိုက္ေမြးေနတဲ႕သားသမီးေတြကို ထိန္း-ေက်ာင္း . . ဒီေလာက္ပဲ သိခဲ႕ ဒီေလာက္ပဲ တတ္ခဲ႕တဲ႕ အသိဥာဏ္ဟာ အေမ႕အတြက္ ကမၻာေျမၾကီးတမွ်က်ယ္ေျပာလွတယ္လို႕ေျပာရမယ္။
အဲဒီတုန္းကအျဖစ္အပ်က္ကို အေႏွးဖြင္႕-Slowmo နဲ႕ျပန္ရစ္ၾကည္႕ရင္ တစ္ဖက္ကငိုေနတာက ၾသဇာရွိတဲ႕ဦးေလးရဲ႕သမီး၊ တစ္ျခားတစ္ဖက္မွာထိတ္လန္႕စိုးရြံ႕ေနတာက သူ႕သားအငယ္ဆံုး . . ဘယ္တစ္ခုကိုေရြးမလဲ? အေမေတြးရသိပ္ခက္၊ ဆံုးျဖတ္ရသိပ္ခက္ေနမွာ ကြ်န္ေတာ္သိလိုက္တယ္။ ရုိက္မယ္႕ရိုက္ ကိုယ္႕ကေလးကုိသာရိုက္မိေအာင္ အေမဆံုးျဖတ္ခဲ႕တယ္။ ဒီအတုိင္းလည္း လုပ္ခဲ႕တယ္။ ဒါေပမဲ႕ အေမကြ်န္ေတာ႕ကိုမရိုက္ခဲ႕ဘူး။ လန္႕သြားေအာင္သာ လုပ္ခ်င္ခဲ႕တယ္။
ေရနစ္ဖူးတဲ႕သူေတြဆုိ ဒီခံစားခ်က္ကိုသိၾကလိမ္႕မယ္။ ေရကမြန္း၊ မ်က္စိကဖြင္႕ေပမယ္႕ ဘာမွၾကည္ၾကည္လင္လင္မျမင္ရ၊ စကားေျပာဖို႕ပါးစပ္ဟလုိက္ေတာ႕ ေနာက္က်ိေနတဲ႕ေရေတြကဝင္လာ၊ အသက္ကရွဴမရ . . ကြ်န္ေတာ္ဟာ ေန႕ခင္းဘက္ၾကီး အေမွာင္ကမၻာထဲ ခ်က္ခ်င္းၾကီးသက္ဆင္းသြားခဲ႕ရတယ္။ မ်က္မွန္အထူၾကီးတပ္ထားရတဲ႕ကေလးတစ္ေယာက္ကို သဲကႏၱာရထဲတြန္းထုတ္ျပီး အေပၚကေန ေရခဲေရပံုးနဲ႕ေခါင္းအထက္ကေလာင္းခ်တာကိုခံလိုက္ရသလိုမ်ိဳးထက္ဆုိးတယ္။ ကြ်န္ေတာ္တစ္သက္လံုး အေၾကာက္ဆံုးမွတ္ဥာဏ္ေတြထဲမွာ ဒီ "ငါးကန္ထဲအနစ္ခံရျခင္း" ဟာ တစ္ခုအပါအဝင္ျဖစ္ခဲ႕တယ္။
ဝန္ခံပါရေစ။ နာက်င္ခဲ႕တယ္ဆုိတာ ကြ်န္ေတာ္ဝန္ခံပါရေစ။ ေရမကူးတတ္တဲ႕ဆယ္လမြန္ငါးတစ္ေကာင္ထက္အံၾကိတ္ခံစားခဲ႕ရသူတစ္ေယာက္ရွိေနလိမ္႕ဦးမယ္။ သူကေတာ႕ အသည္းထဲအထိနာက်င္ေနခဲ႕မွာ။ အၾကင္နာမပြားႏိုင္၊ မေခ်ာ႕ေမာ႕ႏုိင္ဘဲ အေၾကာက္တရားနဲ႕ေနခဲ႕ရတဲ႕ပတ္ဝန္းက်င္မွာ နာက်င္ေနသူတစ္ေယာက္ရွိေသးတယ္။
အဲဒီတစ္ေယာက္ဟာ
ေသာ႕ခေလာက္နဲ႕အေပါက္ခံရတဲ႕ ကြ်န္ေတာ႕အေဒၚလား? သူလုိ႕ထင္ပါသလား? မဟုတ္ရင္ ဘယ္သူမ်ားျဖစ္မယ္လို႕ စာဖတ္သူထင္ပါသလဲ?
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
03-24-2019
Unicode:
"တွန်းသူမေ့
လဲသူသတိရဆဲ (၃)"
"ဆယ်လမွန်ငါးတို့ဟာ မိမိမွေးဖွားရာဒေသမှာပြန်သေဆုံးချင်ကြတယ်" တဲ့။ ဒါကြောင့် သူတို့ခရီးဘယ်လောက်ထွက်ထွက်၊
ဘယ်လောက်ခရီးလွန်လွန် ရာသီချိန်ပြန်ရောက်ပြီဆိုရင် မိုင်ပေါင်းရာချီဝေးနေပါစေ အိမ်ပြန်ကြတယ်လို့ဆိုကြတယ်။
ကျွန်တော်ဟာ ရှမ်းပြည်က
ရေးမကူးတတ်တဲ့ဆယ််လမွန်ငါးတစ်ကောင်ပါ။ ဒါကြောင့် အခုအချိန်မွေးရပ်မြေကိုပြန်ချင်ပေမယ့်
အတိတ်ရဲ့အရိပ်မည်းတွေလွှမ်းမိုးခဲ့တဲ့ အဖေနဲ့အမေတို့နေ့ညမပြတ်ရုန်းကန်ခဲ့ရတဲ့အိမ်လေး
(အခု သူများအိမ်) ကိုတော့ ပြန်သွားချင်တဲ့စိတ်ကို သိပ်အားမပေးနိုင်ခဲ့ပါဘူး။
ကျွန်တော်ငယ်စဉ်ဘဝတုန်းက အဖေနဲ့အမေတို့ဟာ
အင်မတန်ရုန်းကန်ခဲ့ရတယ်။ စားစရာလည်းစားစရာအလျောက်၊ ဝတ်စရာလည်း ဝတ်စရာအလျောက်၊ နေစရာလည်း
နေစရာအလျောက် အချိန်အခါမလပ်စိတ်ပူရတယ်။ အဲဒီထဲကမှ
နေစရာအခြေကျလို့ ကျွန်တော်တို့ရဲ့"ကိုယ်ပိုင်အိမ်" ရတော့မှ ရှယ်ယာလုပ်တဲ့အဖေ့ဦးလေးကိုပိုင်းပေးလိုက်ရတဲ့အိမ်ရဲ့အောက်ထပ်မှာ မောင်နှမများတဲ့ကျွန်တော်တို့မိသားစုနေထိုင်ခဲ့ကြပါတယ်။
နေတော့လည်း အပေါ်ထက်နဲ့အောက်ထပ်၊ လူကြီးနဲ့ကလေးလို၊
ဆက်ဆံခံရတော့လည်း အငယ်မိသားစုက အကြီးမိသားစုကို အမြဲတမ်းအရိုအသေပေးရတဲ့ပုံစံမျိုးဆိုတော့
မြန်မာ့လမ်းစဉ်ပါတီ (မဆလ) ခေတ် (၁၉၇၆) ခုနှစ်ပတ်ဝန်းကျင်ရဲ့ လက်ဝဲတိမ်း နဲ့ လက်ယာယိမ်းတို့ရဲ့အားပြိုင်မှုတို့ကြားက သမဝါယမ-ပြည်သူ့ဆိုင်မှာ
မြေဇာပင်ဖြစ်ရတဲ့ပြည်သူပြည်သားတွေပမာ အငယ်မိသားစုရဲ့သားသမီးတွေဟာ မျက်နှာငယ်ခဲ့ရပါတယ်။
တစ်နေ့တော့ ကျွန်တော်တို့ အိမ်အပေါ်ထပ်နဲ့အောက်ထပ်
မောင်နှမတွေနဲ့ အဒေါ်ဝမ်းကွဲ (အသက်တွေမကွာကြ)
တို့ အတူတူကစားကြရင်း လှေခါးကနေပြေးတက်မယ့်ကျွန်တော့ကိုတံခါးဆောင့်ပိတ်လိုက်တာကြောင့်
ကလေးပီပီစိတ်ဆိုးပြီး တံခါးမျောက်မြီးမှာချိတ်ထားတဲ့သော့ဂလောက်နဲ့သူ့ကိုပစ်ပေါက်လိုက်မိသွားတယ်။
ဖြစ်ချင်တော့ နဂိုကတည်းက ခြေထောက်အားနည်းနေရုံမက ခြေတစ်ဖက်ဆာသလို ဖြစ်နေတဲ့အဲဒီအဒေါ်
(ကျွန်တော့ထက် (၆) နှစ်ကြီး) က ငိုရောဗျ။ သူက ကျွန်တော့အမေကိုငိုယိုပြီးသွားတိုင်လိုက်တဲ့အခါ
. .။
တစ်မျိုးလုံးတစ်ဆွေလုံးလေးစားရတဲ့ "ဦးလေး"
ရဲ့သမီးကို ငိုအောင်လုပ်ရကောင်းလားဆိုပြီး ရွှေငါးမွေးတာဝါသနာပါတဲ့အစ်ကို (၂) ယောက်လုပ်ထားတဲ့
ကားဂိုဒေါင်ထဲက အင်္ဂဒေငါးကန်ထဲကို အမေက ကျွန်တော့တစ်ကိုယ်လုံးကို နစ်ပါလေရော။ မှတ်မိသေးတယ် . . ရေမကူးတတ်တဲ့ကလေးအရွယ်ကနိမိတ်ဆိုးကို . .။ လိမ္မော်ရောင်ရွှေငါးလေး (၂) ကောင်ဆိုရင်သူတို့ကိုယ်ပေါ်ကအမည်းအစင်းကြောင်းလေးတွေဘယ်နှစ်ကြောင်းရှိတယ်ဆိုတာ အခုတွေး အခုချက်ချင်းမျက်စိထဲမြင်ယောင်နေမိတယ်။
အမေဟာ အလုပ်များတယ်။ သားသမီးများတဲ့ စစ်ပြီးစမိသားစုမျိုးဆက်ဆိုတော့
ပညာသင်ခွင့်မရခဲ့ဘူး။ စာသင်တာဟာ အချိန်ဖြုန်းတာ၊ အသက်ကြီးလာတာဟာ လင်ရှာတာ၊ အလုပ်လုပ်တာကသာ ပိုက်ဆံရှာတာဆိုတဲ့ မဆလခေတ်မှာ ယောက်ျားရှာသမျှဓနဥစ္စာကို
စီးတဲ့ရေ ဆည်တဲ့ကန်သင်းလို မီးဖိုချောင်ထဲမှာ ချက်-ပြုတ်၊ ရေချိုးခန်းထဲမှာ လျှော်-ဖွတ်၊ တပြွတ်ပြွတ်ဆက်တိုက်မွေးနေတဲ့သားသမီးတွေကို
ထိန်း-ကျောင်း . . ဒီလောက်ပဲ သိခဲ့ ဒီလောက်ပဲ တတ်ခဲ့တဲ့ အသိဉာဏ်ဟာ အမေ့အတွက် ကမ္ဘာမြေကြီးတမျှကျယ်ပြောလှတယ်လို့ပြောရမယ်။
အဲဒီတုန်းကအဖြစ်အပျက်ကို အနှေးဖွင့်-Slowmo နဲ့ပြန်ရစ်ကြည့်ရင် တစ်ဖက်ကငိုနေတာက သြဇာရှိတဲ့ဦးလေးရဲ့သမီး၊ တစ်ခြားတစ်ဖက်မှာထိတ်လန့်စိုးရွံ့နေတာက
သူ့သားအငယ်ဆုံး . . ဘယ်တစ်ခုကိုရွေးမလဲ? အမေတွေးရသိပ်ခက်၊ ဆုံးဖြတ်ရသိပ်ခက်နေမှာ ကျွန်တော်သိလိုက်တယ်။ ရိုက်မယ့်ရိုက် ကိုယ့်ကလေးကိုသာရိုက်မိအောင်
အမေဆုံးဖြတ်ခဲ့တယ်။ ဒီအတိုင်းလည်း လုပ်ခဲ့တယ်။ ဒါပေမဲ့ အမေကျွန်တော့ကိုမရိုက်ခဲ့ဘူး။
လန့်သွားအောင်သာ လုပ်ချင်ခဲ့တယ်။
ရေနစ်ဖူးတဲ့သူတွေဆို ဒီခံစားချက်ကိုသိကြလိမ့်မယ်။
ရေကမွန်း၊ မျက်စိကဖွင့်ပေမယ့် ဘာမှကြည်ကြည်လင်လင်မမြင်ရ၊ စကားပြောဖို့ပါးစပ်ဟလိုက်တော့
နောက်ကျိနေတဲ့ရေတွေကဝင်လာ၊ အသက်ကရှူမရ . . ကျွန်တော်ဟာ နေ့ခင်းဘက်ကြီး
အမှောင်ကမ္ဘာထဲ ချက်ချင်းကြီးသက်ဆင်းသွားခဲ့ရတယ်။
မျက်မှန်အထူကြီးတပ်ထားရတဲ့ကလေးတစ်ယောက်ကို
သဲကန္တာရထဲတွန်းထုတ်ပြီး အပေါ်ကနေ ရေခဲရေပုံးနဲ့ခေါင်းအထက်ကလောင်းချတာကိုခံလိုက်ရသလိုမျိုးထက်ဆိုးတယ်။
ကျွန်တော်တစ်သက်လုံး အကြောက်ဆုံးမှတ်ဉာဏ်တွေထဲမှာ ဒီ "ငါးကန်ထဲအနစ်ခံရခြင်း" ဟာ တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်။
ဝန်ခံပါရစေ။ နာကျင်ခဲ့တယ်ဆိုတာ ကျွန်တော်ဝန်ခံပါရစေ။
ရေမကူးတတ်တဲ့ဆယ်လမွန်ငါးတစ်ကောင်ထက်အံကြိတ်ခံစားခဲ့ရသူတစ်ယောက်ရှိနေလိမ့်ဦးမယ်။ သူကတော့ အသည်းထဲအထိနာကျင်နေခဲ့မှာ။ အကြင်နာမပွားနိုင်၊ မချော့မော့နိုင်ဘဲ အကြောက်တရားနဲ့နေခဲ့ရတဲ့ပတ်ဝန်းကျင်မှာ နာကျင်နေသူတစ်ယောက်ရှိသေးတယ်။
အဲဒီတစ်ယောက်ဟာ
သော့ခလောက်နဲ့အပေါက်ခံရတဲ့ ကျွန်တော့အဒေါ်လား? သူလို့ထင်ပါသလား?
မဟုတ်ရင် ဘယ်သူများဖြစ်မယ်လို့ စာဖတ်သူထင်ပါသလဲ?
ခင်လျက်
ကိုညီညီ (တောင်ကြီး)
"တြန္းသူေမ႕ လဲသူသတိရဆဲ (၄)" အပိုင္း (၃) ကုိဖတ္ခဲ႕ဖူးမယ္ဆိုရင္ ကြ်န္ေတာ႕ငယ္ဘဝမွာအမ်ိဳးေတြနဲ႕အိမ္အေပၚထပ္ေအာက္ထပ္ေနခဲ႕တာကိုအမွတ္ရေနေလာက္မွာပါ။ ကြ်န္ေတာ္ဟာ ငယ္ငယ္တုန္းက အင္မတန္ေဆာ႕တဲ႕ကေလးငယ္တစ္ေယာက္ျဖစ္ခဲ႕တယ္။ ကစားေဖာ္ေတြထဲမွာအေကာင္အေသးဆံုး၊ အမ်ိဳးေတြၾကားထဲမွာအေထြးဆံုး နဲ႕ ၾကီးစဥ္ငယ္လိုက္တန္းလိုက္ရင္ အပယ္အခံရဆံုးပါ။ဥပမာေျပာရရင္ ႏို႕ဆီခြက္ေလးေတြ ၄_၃_၂_၁ ပိရမစ္လိုတန္းစီျပီး တင္းနစ္ေဘာ္လံုးေလးနဲ႕ပစ္တဲ႕ကစားနည္းမွာ ေပးဝင္မကစားဘဲ လြင္႕စင္သြားတဲ႕ဗူးခြံေတြကိုလိုက္ေကာက္ခုိင္းတာ အငယ္ဆံုးကြ်န္ေတာ႕ကိုပါ။ အိမ္ကကားေလးနဲ႕မိသားစုအျပင္သြားတဲ႕အခါ ကားေပၚပါသူအားလံုးဆင္းသြားၾကတယ္ . . ကားကုိစိတ္မခ်လို႕ ကားေစာင္႕ခိုင္းတာ အငယ္ဆံုးကြ်န္ေတာ႕ကိုပါ။
ဒါေပမဲ႕ ဒါကို တရားမမွ်တဘူးလို႕ေျပာရေကာင္းမွန္းမသိတဲ႕ေခတ္၊ အငယ္ကိုတန္းတူအခြင္႕အေရးေပးရေကာင္းမွန္းမသိတဲ႕ေခတ္၊ "အထက္အမိန္႕သာ ေတမိ အထက္အမိန္႕သာ အဘ" လို႕ခံယူရတဲ႕ေခတ္ကိုသာ အျပစ္ပံုခ်ခြင္႕ေပးၾကပါ။ ဒါမွလည္း အခုလက္ရွိအမ်ိဳးေတြနဲ႕စကားဆက္ေျပာလို႕ရမွာ။
ဒီလိုျဖစ္ေနေပမဲ႕ ကြ်န္ေတာ္သိပ္ၾကိဳက္တဲ႕စကားနည္းတစ္ခုရွိတယ္။ အဲဒါက "တူးတူပုန္းတမ္း" ျဖစ္ပါတယ္။ လူတစ္ကုိယ္ အမွတ္တစ္ခုပဲ။ ဆုိလိုတာက ကြ်န္ေတာ္ကလူေကာင္ေသးလို႕၊ အငယ္ဆံုးမို႕လို႕၊ အပယ္ခံရသူမို႕လို႕ ဆုိတာေတြမရွိဘူး။
"တူးျပီလား?" ၊ "တူးျပီ" လို႕ဆုိတာနဲ႕ လူတစ္ကိုယ္လံုးဘယ္နားပုန္းပုန္း အခြင္႕အေရးအတူတူရလို႕ပါပဲ။ ကြ်န္ေတာ္ပုန္းရင္ အစ္ကိုေတြ အစ္မေတြ ဦးေလးေတြ အေဒၚေတြေတာ္ေတာ္နဲ႕ရွာမေတြ႕ဘူး။ ဘာျဖစ္လုိ႕လည္းဆိုေတာ႕ ကြ်န္ေတာ္က ရွာရခက္တဲ႕ေနရာေတြကို အေပၚထပ္မွာေရာ ေအာက္ထပ္မွာပါ အကုန္သိေနလို႕ကုိး။
ဒီလိုအားသာခ်က္ေၾကာင္႕ပဲ ညေနခင္းတစ္ခုမွာေတာ႕ မေမွ်ာ္လင္႕တဲ႕ကိစၥရပ္တစ္ခုျဖစ္ပြားခဲ႕တယ္။ တူးတူပုန္းရင္း ကြ်န္ေတာ္အပုန္းေကာင္းလိုက္၊ ျပန္မိလိုက္၊ ျပန္ပုန္းလုိက္လုပ္ေနရင္း အေပၚထပ္ရဲ႕ေထာင္႕ခန္းတစ္ခန္းထဲဝင္ပုန္းျပီး တံခါးေလာ႕ခ်လုိက္တယ္။ ျပီးေတာ႕ ေဘးဘီၾကည္႕၊ အခန္းထဲၾကည္႕၊ ခံုေအာက္ေတြဝင္ၾကည္႕ ဘယ္သူမွမရွိ . . အပီအျပင္ပဲ ကြ်န္ေတာ္တစ္ေယာက္တည္း။ အသံမေပးရင္ ဘယ္သူမွ ညီညီကုိရွာလို႕မေတြ႕ဘူးဆိုျပီးေပ်ာ္ျပီးပုန္းေနလုိက္တာေပါ႕။
တကယ္လည္း ကြ်န္ေတာ႕ကိုဘယ္သူမွမေတြ႕ၾကဘူး။ အျပင္ကေနလွမ္းေခၚလည္း ကြ်န္ေတာ္ကမထူးဘူး။ အဲဒီတစ္ေခါက္တူတူပုန္းတာေတာ္ေတာ္ၾကာတယ္ . . ကြ်န္ေတာ႕ကိုဘယ္သူမွရွာမေတြ႕ဘူး။ ေနာက္ေတာ႕ အၾကီးပိုင္းေတြက လက္ေလွ်ာ႕လိုက္ျပီး "ညီညီေရ ပန္းေပးတယ္ ထြက္လာေတာ႕" ဆိုေတာ႕မွ ကြ်န္ေတာ္က "ေဟး . . သားသားႏုိင္ျပီ" ဆိုျပီး အခန္းအျပင္ထြက္ဖို႕အလုပ္မွာ ျပႆနာကစေတာ႕တာပါပဲ။
"ငါ႕ကိုလူရာမသြင္းတဲ႕အၾကီးပိုင္းေတြ အခုေတာ႕ ငါ႕ကိုမရွာႏုိင္ေတာ႕ဘူး" ဆိုျပီးေပ်ာ္ခဲ႕ရတဲ႕အခ်ိန္ဟာၾကာၾကာမခံလိုက္ဘူး။ ဒီလိုပဲ အၾကီးပိုင္းေတြကိုအႏုိင္ပိုင္းခြင္႕ရလိုက္တဲ႕ကြ်န္ေတာ႕ရဲ႕အာခံမႈဟာ အခ်ိန္တိုအတြင္းမွာက်ရွံဳးသြားခဲ႕ရရွာတယ္။ အေၾကာင္းရင္းကေတာ႕ အဲဒီတရုတ္တံခါးဘုေသးေသးေလးကို အတြင္းကေန ကြ်န္ေတာ္ျပန္မဖြင္႕တတ္ဘူးျဖစ္ေနခဲ႕လို႕ပါ။ (အျပင္ကေနဖြင္႕တဲ႕အခန္းေသာ႕က လူၾကီးတစ္ေယာက္ယူသြားလို႕ ဖြင္႕စရာေသာ႕မရွိပါဘူး)
ဒီတစ္ခါမွ တကယ္႕ျပႆနာ။ အၾကီးပိုင္းေတြက "ဟုိလိုဖြင္႕ပါလား . . ဒီလိုဖြင္႕ပါလား" လို႕ေျပာ၊ ကြ်န္ေတာ္ကေၾကာက္ေၾကာက္နဲ႕လုပ္၊ မရေတာ႕ "မင္းကလွ်ာရွည္တာကိုး . . အစကတည္းကမပါနဲ႕လို႕ေျပာတာကုိ ဘာျဖစ္လို႕ပါတာလဲ" လို႕ဆူ၊ ေၾကာက္ေၾကာက္နဲ႕လုပ္ မဖြင္႕တတ္ျပန္၊ အၾကီးပိုင္းေတြကစိတ္တုိ၊ ထပ္ဆူ။ တစ္ေယာက္ဆူရာကေန မေက်နပ္၊ တစ္အုပ္စုလံုးထပ္ဆူ၊ တစ္အိမ္လံုးဆူ . . ေနာက္ဆံုးေတာ႕ ကြ်န္ေတာ္တစ္ခုပဲလုပ္တတ္ေတာ႕တယ္ . . "ဝါး . ." ငိုခ်လုိက္တယ္။ တစ္အိမ္လံုးၾကားတယ္။ အိမ္ပတ္ဝန္းက်င္ၾကားတယ္။ ကြ်န္ေတာ္သိပ္ေၾကာက္တယ္။
ဆူေလ ေၾကာက္ေလ၊ ေၾကာက္ေလ ငိုေလ၊ ငိုေလ ဆူေလ၊ ဆူေလ ငိုေလ၊ ငုိေလ ဆူေလ . . ဘယ္လိုမွမရပ္ေတာ႕ဘူး။ အဲဒီလိုျဖစ္ေနရင္း အသက္အရြယ္ပိုၾကီးတဲ႕အၾကီးပိုင္းေတြေရာက္လာမွ တံခါးဘုလံုးေသးေသးေလးကုိ အဲဒီအခန္းရဲ႕အေပၚထပ္အျပင္ဝရန္ဒါကေန ဝါးလံုးရွည္နဲ႕လွမ္ထိုးရင္း ဆူရင္း၊ ဝါးလံုးကေခ်ာ္ထြက္သြားရင္ ထပ္ဆူရင္း၊ မိမလိုလိုျဖစ္သြားရင္း ထပ္ခါထပ္ခါဆူရင္း ေနာက္ဆံုးတံခါးပြင္႕သြားပါတယ္။ အဲဒီမွာပိုဆုိးေတာ႕တာပါပဲ။
(ဘယ္သူလဲေတာ႕မမွတ္မိပါ) အခန္းအျပင္ေရာက္ေရာက္ခ်င္း နားထင္ကုိရိုက္ထည္႕လိုက္တာ အသက္ (၇) ႏွစ္ကေလးက လြင္႕ထြက္သြားမလားေအာက္ေမ႕ရတယ္။ ငိုတာ ငိုတာ . . ဒီစာကုိေရးေနရင္းနဲ႕ကို ကြန္ေတာ္သတိရျပီးျပန္ငိုခ်င္ေနတာ။ ကြ်န္ေတာ္ဝင္ကစားမယ္ဆုိေတာ႕လည္း ဘယ္ကစားနည္းမွဝင္ေပးမကစားဘူး . . ေဘာ္လံုးေကာက္ခုိင္းတယ္ . . ႏုိ႕ဆီခြက္ေကာက္ခုိင္းတယ္ . . ျပန္စီခုိင္းတယ္။ တန္းတူအခြင္႕အေရးရလို႕ တူးတူပုန္းတမ္းကစားေတာ႕ သူတို႕မိေအာင္လည္းမရွာႏုိင္ဘူး။ ပုန္းႏုိင္တာကို အားကစားစိတ္ဓါတ္နဲ႕ဂုဏ္မျပဳတဲ႕အျပင္ အသိအမွတ္မျပဳရံုမက ကြ်န္ေတာ္မွ တံခါးမဖြင္႕တတ္တာကိုမဖြင္႕တတ္လို႕ အလီလီအခါခါဆူတယ္။
ဆူတယ္ ပူတယ္ဆုိတာ ကမၻာေပၚမွာလူတိုင္းလုပ္တတ္တဲ႕အလြယ္ကူဆံုးအလုပ္ၾကီးပါ။ လုပ္တတ္သေလာက္လည္း လူတိုင္းနီးပါးေန႕စဥ္လုပ္ၾကပါတယ္။ အဲဒီတုန္းက အဲဒီကေလးငယ္တစ္ေယာက္ကုိဆူခဲ႕လို႕ အၾကီးပိုင္းကလူေတြ ဘယ္ေလာက္တိုးတက္ၾကီးပြားသြားပါသလဲ? သူတုိ႕ကုိယ္စီမွာသားသမီးေတြစီးပြားလာေတာ႕ေရာ သူတုိ႕ရဲ႕ကိုယ္ပုိင္ကေလးေတြကို အေၾကာက္တရားကုိေသရာေနာက္ပါေအာင္ ဆူပူၾကိမ္းေမာင္းပါရဲ႕လား? တြန္းခ်ခဲ႕သူအၾကီးပုိင္းေတြကေမ႕ေနၾကမွာပဲ။ လဲက်ခဲ႕သူ ကေလးေလးကေတာ႕ အခုထိသတိရေနဆဲ။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
03-26-2019
Unicode Version:
"တွန်းသူမေ့ လဲသူသတိရဆဲ (၄)"
အပိုင်း (၃) ကိုဖတ်ခဲ့ဖူးမယ်ဆိုရင် ကျွန်တော့ငယ်ဘဝမှာအမျိုးတွေနဲ့အိမ်အပေါ်ထပ်အောက်ထပ်နေခဲ့တာကိုအမှတ်ရနေလောက်မှာပါ။ ကျွန်တော်ဟာ ငယ်ငယ်တုန်းက အင်မတန်ဆော့တဲ့ကလေးငယ်တစ်ယောက်ဖြစ်ခဲ့တယ်။ ကစားဖော်တွေထဲမှာအကောင်အသေးဆုံး၊ အမျိုးတွေကြားထဲမှာအထွေးဆုံး နဲ့ ကြီးစဉ်ငယ်လိုက်တန်းလိုက်ရင် အပယ်အခံရဆုံးပါ။
ဥပမာပြောရရင် နို့ဆီခွက်လေးတွေ ၄_၃_၂_၁ ပိရမစ်လိုတန်းစီပြီး တင်းနစ်ဘော်လုံးလေးနဲ့ပစ်တဲ့ကစားနည်းမှာ ပေးဝင်မကစားဘဲ လွင့်စင်သွားတဲ့ဗူးခွံတွေကိုလိုက်ကောက်ခိုင်းတာ အငယ်ဆုံးကျွန်တော့ကိုပါ။ အိမ်ကကားလေးနဲ့မိသားစုအပြင်သွားတဲ့အခါ ကားပေါ်ပါသူအားလုံးဆင်းသွားကြတယ် . . ကားကိုစိတ်မချလို့ ကားစောင့်ခိုင်းတာ အငယ်ဆုံးကျွန်တော့ကိုပါ။
ဒါပေမဲ့ ဒါကို တရားမမျှတဘူးလို့ပြောရကောင်းမှန်းမသိတဲ့ခေတ်၊ အငယ်ကိုတန်းတူအခွင့်အရေးပေးရကောင်းမှန်းမသိတဲ့ခေတ်၊ "အထက်အမိန့်သာ တေမိ အထက်အမိန့်သာ အဘ" လို့ခံယူရတဲ့ခေတ်ကိုသာ အပြစ်ပုံချခွင့်ပေးကြပါ။ ဒါမှလည်း အခုလက်ရှိအမျိုးတွေနဲ့စကားဆက်ပြောလို့ရမှာ။
ဒီလိုဖြစ်နေပေမဲ့ ကျွန်တော်သိပ်ကြိုက်တဲ့စကားနည်းတစ်ခုရှိတယ်။ အဲဒါက "တူးတူပုန်းတမ်း" ဖြစ်ပါတယ်။ လူတစ်ကိုယ် အမှတ်တစ်ခုပဲ။ ဆိုလိုတာက ကျွန်တော်ကလူကောင်သေးလို့၊ အငယ်ဆုံးမို့လို့၊ အပယ်ခံရသူမို့လို့ ဆိုတာတွေမရှိဘူး။
"တူးပြီလား?" ၊ "တူးပြီ" လို့ဆိုတာနဲ့ လူတစ်ကိုယ်လုံးဘယ်နားပုန်းပုန်း အခွင့်အရေးအတူတူရလို့ပါပဲ။ ကျွန်တော်ပုန်းရင် အစ်ကိုတွေ အစ်မတွေ ဦးလေးတွေ အဒေါ်တွေတော်တော်နဲ့ရှာမတွေ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က ရှာရခက်တဲ့နေရာတွေကို အပေါ်ထပ်မှာရော အောက်ထပ်မှာပါ အကုန်သိနေလို့ကိုး။
ဒီလိုအားသာချက်ကြောင့်ပဲ ညနေခင်းတစ်ခုမှာတော့ မမျှော်လင့်တဲ့ကိစ္စရပ်တစ်ခုဖြစ်ပွားခဲ့တယ်။ တူးတူပုန်းရင်း ကျွန်တော်အပုန်းကောင်းလိုက်၊ ပြန်မိလိုက်၊ ပြန်ပုန်းလိုက်လုပ်နေရင်း အပေါ်ထပ်ရဲ့ထောင့်ခန်းတစ်ခန်းထဲဝင်ပုန်းပြီး တံခါးလော့ချလိုက်တယ်။ ပြီးတော့ ဘေးဘီကြည့်၊ အခန်းထဲကြည့်၊ ခုံအောက်တွေဝင်ကြည့် ဘယ်သူမှမရှိ . . အပီအပြင်ပဲ ကျွန်တော်တစ်ယောက်တည်း။ အသံမပေးရင် ဘယ်သူမှ ညီညီကိုရှာလို့မတွေ့ဘူးဆိုပြီးပျော်ပြီးပုန်းနေလိုက်တာပေါ့။
တကယ်လည်း ကျွန်တော့ကိုဘယ်သူမှမတွေ့ကြဘူး။ အပြင်ကနေလှမ်းခေါ်လည်း ကျွန်တော်ကမထူးဘူး။ အဲဒီတစ်ခေါက်တူတူပုန်းတာတော်တော်ကြာတယ် . . ကျွန်တော့ကိုဘယ်သူမှရှာမတွေ့ဘူး။ နောက်တော့ အကြီးပိုင်းတွေက လက်လျှော့လိုက်ပြီး "ညီညီရေ ပန်းပေးတယ် ထွက်လာတော့" ဆိုတော့မှ ကျွန်တော်က "ဟေး . . သားသားနိုင်ပြီ" ဆိုပြီး အခန်းအပြင်ထွက်ဖို့အလုပ်မှာ ပြဿနာကစတော့တာပါပဲ။
"ငါ့ကိုလူရာမသွင်းတဲ့အကြီးပိုင်းတွေ အခုတော့ ငါ့ကိုမရှာနိုင်တော့ဘူး" ဆိုပြီးပျော်ခဲ့ရတဲ့အချိန်ဟာကြာကြာမခံလိုက်ဘူး။ ဒီလိုပဲ အကြီးပိုင်းတွေကိုအနိုင်ပိုင်းခွင့်ရလိုက်တဲ့ကျွန်တော့ရဲ့အာခံမှုဟာ အချိန်တိုအတွင်းမှာကျရှုံးသွားခဲ့ရရှာတယ်။ အကြောင်းရင်းကတော့ အဲဒီတရုတ်တံခါးဘုသေးသေးလေးကို အတွင်းကနေ ကျွန်တော်ပြန်မဖွင့်တတ်ဘူးဖြစ်နေခဲ့လို့ပါ။ (အပြင်ကနေဖွင့်တဲ့အခန်းသော့က လူကြီးတစ်ယောက်ယူသွားလို့ ဖွင့်စရာသော့မရှိပါဘူး)
ဒီတစ်ခါမှ တကယ့်ပြဿနာ။ အကြီးပိုင်းတွေက "ဟိုလိုဖွင့်ပါလား . . ဒီလိုဖွင့်ပါလား" လို့ပြော၊ ကျွန်တော်ကကြောက်ကြောက်နဲ့လုပ်၊ မရတော့ "မင်းကလျှာရှည်တာကိုး . . အစကတည်းကမပါနဲ့လို့ပြောတာကို ဘာဖြစ်လို့ပါတာလဲ" လို့ဆူ၊ ကြောက်ကြောက်နဲ့လုပ် မဖွင့်တတ်ပြန်၊ အကြီးပိုင်းတွေကစိတ်တို၊ ထပ်ဆူ။ တစ်ယောက်ဆူရာကနေ မကျေနပ်၊ တစ်အုပ်စုလုံးထပ်ဆူ၊ တစ်အိမ်လုံးဆူ . . နောက်ဆုံးတော့ ကျွန်တော်တစ်ခုပဲလုပ်တတ်တော့တယ် . . "ဝါး . ." ငိုချလိုက်တယ်။ တစ်အိမ်လုံးကြားတယ်။ အိမ်ပတ်ဝန်းကျင်ကြားတယ်။ ကျွန်တော်သိပ်ကြောက်တယ်။
ဆူလေ ကြောက်လေ၊ ကြောက်လေ ငိုလေ၊ ငိုလေ ဆူလေ၊ ဆူလေ ငိုလေ၊ ငိုလေ ဆူလေ . . ဘယ်လိုမှမရပ်တော့ဘူး။ အဲဒီလိုဖြစ်နေရင်း အသက်အရွယ်ပိုကြီးတဲ့အကြီးပိုင်းတွေရောက်လာမှ တံခါးဘုလုံးသေးသေးလေးကို အဲဒီအခန်းရဲ့အပေါ်ထပ်အပြင်ဝရန်ဒါကနေ ဝါးလုံးရှည်နဲ့လှမ်ထိုးရင်း ဆူရင်း၊ ဝါးလုံးကချော်ထွက်သွားရင် ထပ်ဆူရင်း၊ မိမလိုလိုဖြစ်သွားရင်း ထပ်ခါထပ်ခါဆူရင်း နောက်ဆုံးတံခါးပွင့်သွားပါတယ်။ အဲဒီမှာပိုဆိုးတော့တာပါပဲ။
(ဘယ်သူလဲတော့မမှတ်မိပါ) အခန်းအပြင်ရောက်ရောက်ချင်း နားထင်ကိုရိုက်ထည့်လိုက်တာ အသက် (၇) နှစ်ကလေးက လွင့်ထွက်သွားမလားအောက်မေ့ရတယ်။ ငိုတာ ငိုတာ . . ဒီစာကိုရေးနေရင်းနဲ့ကို ကွန်တော်သတိရပြီးပြန်ငိုချင်နေတာ။ ကျွန်တော်ဝင်ကစားမယ်ဆိုတော့လည်း ဘယ်ကစားနည်းမှဝင်ပေးမကစားဘူး . . ဘော်လုံးကောက်ခိုင်းတယ် . . နို့ဆီခွက်ကောက်ခိုင်းတယ် . . ပြန်စီခိုင်းတယ်။ တန်းတူအခွင့်အရေးရလို့ တူးတူပုန်းတမ်းကစားတော့ သူတို့မိအောင်လည်းမရှာနိုင်ဘူး။ ပုန်းနိုင်တာကို အားကစားစိတ်ဓါတ်နဲ့ဂုဏ်မပြုတဲ့အပြင် အသိအမှတ်မပြုရုံမက ကျွန်တော်မှ တံခါးမဖွင့်တတ်တာကိုမဖွင့်တတ်လို့ အလီလီအခါခါဆူတယ်။
ဆူတယ် ပူတယ်ဆိုတာ ကမ္ဘာပေါ်မှာလူတိုင်းလုပ်တတ်တဲ့အလွယ်ကူဆုံးအလုပ်ကြီးပါ။ လုပ်တတ်သလောက်လည်း လူတိုင်းနီးပါးနေ့စဉ်လုပ်ကြပါတယ်။ အဲဒီတုန်းက အဲဒီကလေးငယ်တစ်ယောက်ကိုဆူခဲ့လို့ အကြီးပိုင်းကလူတွေ ဘယ်လောက်တိုးတက်ကြီးပွားသွားပါသလဲ? သူတို့ကိုယ်စီမှာသားသမီးတွေစီးပွားလာတော့ရော သူတို့ရဲ့ကိုယ်ပိုင်ကလေးတွေကို အကြောက်တရားကိုသေရာနောက်ပါအောင် ဆူပူကြိမ်းမောင်းပါရဲ့လား? တွန်းချခဲ့သူအကြီးပိုင်းတွေကမေ့နေကြမှာပဲ။ လဲကျခဲ့သူ ကလေးလေးကတော့ အခုထိသတိရနေဆဲ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-26-2019
"တြန္းသူေမ႕ လဲသူသတိရဆဲ (၅)"
တစ္ေလာကလံုးကအခန္းတစ္ခုထဲမွာ ကိုယ္ကအျပင္မွာ (ဒါမွမဟုတ္) ကုိယ္ကအခန္းတစ္ခုထဲမွာ တစ္ေလာကလံုးက အျပင္မွာ . .။ ေခၚမၾကား ေအာ္မၾကား ဘယ္လုိမွဆက္သြယ္လို႕မရ . . ငိုလို႕မဝတဲ႕ကေလးဘဝကအေၾကာင္းဟာ ကြ်န္ေတာ္ဘယ္ေတာ႕ေတြးလိုက္ေတြးလိုက္ အေျပးလိုက္လာတဲ႕အတိတ္ရဲ႕အေမွာင္ရိပ္လို စုိးစိတ္တိုးတိတ္ တဒိတ္ဒိတ္ျဖစ္ေနရတုန္းပါ။
ဘယ္သူ႕ကိုမွအျပစ္မတင္ခ်င္ေပမဲ႕ ေမ့လို႔မရတာကုိအျပစ္လို႕သတ္မွတ္ၾကမလို႕လား? ကြယ္လြန္သြားျပီးျဖစ္တဲ႕အာဖရိကေခါင္းေဆာင္ၾကီး နယ္ဆင္မင္ဒဲလားေျပာခဲ့သလို "ခြင့္လႊတ္လို႔ရတယ္ ေမ့လို႔မရဘူး" လို႔ေျပာရေလာက္ေအာင္ ကြၽန္ေတာ္က တစ္ခါမွႏိုင္ငံေရးအက်ဥ္းမက်ခဲ့ဖူးပါဘူး။ ဒါေပမဲ့ အဲဒီညဟာ ကြၽန္ေတာ့ရဲ့ကေလးဘဝရဲ့ အက်ဥ္းက်ညေတြထဲကတစ္ညအျဖစ္က်န္ရစ္ခဲ႕တာ အမွန္ပါ။
ငယ္ဘဝကိုျပန္ေျပာရတဲ႕အထဲမွာ လူၾကီးေတြနဲ႕အျပင္ကိုလုိက္သြားတဲ႕အခါ
မျပီးႏုိင္ မစီးႏုိင္ စကားေတြေဖာင္ဖြဲ႕ေနရင္ ခ်ီေပးထားသူရဲ႕လက္ထဲမွာအိပ္ေပ်ာ္သြားရတာက
သိပ္အရသာရွိတာခင္ဗ်။ ဆိုလုိတာက (အခုစာဖတ္ေနသူေတြလည္းျဖစ္ဖူးၾကလိမ္႕မယ္) လမ္းမေလွ်ာက္ခ်င္လို႕
ခ်ီခုိင္း၊ ခ်ီတဲ႕သူ လက္ေညာင္းလာေတာ႕ ေနာက္တစ္ေယာက္ေျပာင္း၊ ကေလးက အိပ္ငိုက္ နဲ႕ ေနာက္ဆံုးအိပ္ေပ်ာ္သြားရင္း
အိမ္ကိုဘယ္လုိျပန္ေရာက္လာမွန္းမသိလိုက္ဘူး။ အဲဒါက အရသာ . . အရသာ။
လူၾကီးေတြက မခ်ီႏိုင္လို႕အိမ္ကုိျမင္းလွည္းငွားျပန္တဲ႕အခါ
(တကၠဆီမစီးႏုိင္ပါ။ အဲဒီတုန္းကေစ်းၾကီးသဗ်) ခ်ီထားသူရဲ႕လက္ထဲကေနႏုိးလာေပမဲ႕ကုိယ္႕ကုိခ်ီသြားမွာကုိသိေနတာမို႕လို႕
အိပ္ခ်င္ေယာင္ေဆာင္ရင္း၊ အခန္႕သားေလးလိုက္ပါသြားရင္း၊ အိပ္ယာေပၚမွာအသာေလးႏွပ္ရင္း သိပ္ဇိမ္ရွိလိုက္တာဗ်ာ။
အဲဒီညအတြက္ အျပီးမအိပ္ခင္ အေမက စိတ္မခ်လို႕ ေသးသယ္လိုက္တာကိုလည္း မသိခ်င္ဟန္ေဆာင္၊
မ်က္ခြံေတြၾကားက လူၾကီးအရိပ္အကဲကိုခုိးၾကည္႕၊ ပီတိေတြကျဖာ သိပ္သာယာတဲ႕စည္းစိမ္အျပည္႕ခံစားရတဲ႕
ကေလးဘဝေပါ႕ဗ်ာ။ သိပ္လြမ္းတာ . . သိပ္လြမ္းလိုက္တာ။
စကားမစပ္ ေျပာရဦးမယ္။ ကြန္ေတာ္ငယ္စဥ္အခါက
လူၾကီးေတြပင္ပန္းတဲ႕အခါ အျမဲအပန္းေျဖတဲ႕အရာေတြထဲမွာ ဘိုင္စကုပ္ၾကည္႕တာက ထိပ္ဆံုးကဗ်။
အခုေခတ္လို “ဘယ္ရံုမွာဘယ္ကားျပ” ဆိုတာ သတင္းစာမွာလိုက္ၾကည္႕စရာမလိုဘူး။ ရပ္ကြက္ထဲကို
ကားနဲ႕ပတ္ျပီးေလာ္စပီကာနဲ႕ေအာ္ၾကေတာ႕ လူတိုင္းပါးစပ္ဖ်ားမွာ ဘယ္ဇာတ္ကားထဲက ဘယ္ဇာတ္လိုက္က
ဇာတ္လုိက္မကိုဘယ္လုိေျပာလိုက္တာဆိုတာမ်ိဳး၊ အစ္မေတြ အေဒၚေတြဆိုရင္ ရုပ္ရွင္ဇာတ္ကားနာမည္ဖြက္တမ္းကစားတာမ်ိဳးကိုေဘးကအျမဲၾကားေနတဲ႕ကေလးအရြယ္ကြ်န္ေတာ္က
ပါးစပ္အေဟာင္းသားေလးနဲ႕ေပါ႕ဗ်ာ။
ေတာင္ၾကီးမွာမေမြးခ်င္ေန ေတာင္ၾကီးကိုရုပ္ရွင္တက္ၾကည္႕ဖူးသူေတြဆိုရင္
တစ္ျမိဳ႕လံုးကရုပ္ရွင္ (၅) ရံုလံုးရဲ႕နာမည္ေတြကိုအလြတ္ရတယ္။ ဘာတဲ႕ . . ဗႏၶဳလ၊ ျမသုခ၊
ျမိဳ႕ေတာ္၊ ရုိးမ နဲ႕ (ေနာက္တစ္ရံုကုိ ပေဟဠိခ်န္ထားေပးပါတယ္) “______” ရံုေတြအျပင္
ျမိဳ႕အျပင္ (အခု စူဠာမုနိဘုရားေျခေတာ္ရင္းကကြင္းမွာ) တူးဝမ္းတူး_212 တပ္မ (၂၁၂) တပ္ရင္းမွာ
“ဆရာမႏုိင္ ႏွစ္ေဆာင္ျပိဳင္” စုန္းရုပ္ရွင္တို႕တင္တဲ႕ေခတ္၊ လူသားနဲ႕ေရႊငါးနတ္မင္းသမီးတုိ႕ခ်စ္ၾကိဳက္ၾကတဲ႕
အျဖဴအမည္းတရုတ္ကား (ဇာတ္ကားနာမည္မမွတ္မိ) တုိ႕မင္းမူေနတဲ႕ေခတ္၊ အဲဒီအခ်ိန္ကာလမ်ိဳးမွာ
ညီညီ ဆိုတဲ႕ ကေလးေလးတစ္ေယာက္ရဲ႕ Home Alone ဇာတ္လမ္းေလးကုိအမွတ္တရျပန္ေျပာျပခ်င္ပါတယ္။
တစ္ေန႕မွာ အိမ္ကလူေတြ တလႈပ္လႈပ္နဲ႕အျပင္သြားဖို႕ျပင္ၾကေရာခင္ဗ်။
ကြ်န္ေတာ္က အဲဒီေန႕က ဘာကိုအလိုမက်လုိ႕လည္းမသိဘူး တအီအီလုပ္ေနရင္းငိုျပဲျပီးအိပ္ငုိက္ေနတာေပါ႕။
အဲဒါနဲ႕ လူၾကီးေတြက အျပင္သြားခါနီး “ဒီေကာင္႕ကို ထားခဲ႕” ဆုိျပီးေျပာသံၾကားလိုက္ ေအာ္ငိုလိုက္၊
ေနာက္ထပ္ႏို႕တစ္ဗူးေဖ်ာ္တုိက္လုိက္၊ ဆူလိုက္ ထပ္ငိုလုိက္၊ ေနာက္ဆံုးေတာ႕ ၾကိမ္လံုးနဲ႕ညားျပီး
အငိုျပဲရင္း အိပ္ေပ်ာ္သြားပါေလေရာ။
အဲဒီအခ်ိန္မွာ လူၾကီးေတြက ရုပ္ရွင္ခ်ိန္နီးေနျပီ
. . ဒီကေလးတစ္ေကာင္နဲ႕ဘယ္လိုလုပ္ရပါ႕မလဲဆုိျပီး စိတ္ညစ္ေနၾကတဲ႕အၾကပ္အတည္းျဖစ္ေနခ်ိန္ေပါ႕။
ကြ်န္ေတာ္ကလည္း ရိႈက္ၾကီးတငင္ငိုထားလို႕ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေနေလေတာ႕ လူၾကီးေတြအေရးေပၚအစည္းအေဝးထုိင္ျပီး
ဆံုးျဖတ္ခ်က္တစ္ခုခ်လိုက္ၾကတယ္ . . “အိပ္ေပ်ာ္ေနတဲ႕ညီညီ႕ကုိ အိမ္မွာထားခဲ႕မယ္” ဒီလို
. . ဒီလို . .။
သူတုိ႕ တစ္ခုသတိလြတ္သြားတာက
အိပ္ေပ်ာ္ေနလို႕အိမ္မွာထားခဲ႕တဲ႕ကြ်န္ေတာ႕ကိုေသးသယ္ေပးဖို႕ေမ႕သြားခဲ႕ၾကတာပါ။ ဒီလိုနဲ႕
ေသးေၾကာတင္းလာေတာ႕ ကြ်န္ေတာ္ႏိုးလာရင္း အေမနဲ႕အစ္မေတြကိုေအာ္ေခၚတာေပါ႕။ ဘယ္သူမွမၾကား၊
ဘယ္သူမွအနားမွာမရွိၾက၊ ေအာ္တယ္ . . ေအာ္တယ္ . . ေအာ္ေခၚတယ္။ မ်က္လံုးကအေပၚကိုၾကည္႕လုိက္၊
အခန္းအျပင္ကိုလည္းမျမင္ရ၊ ေခၚသံကုိလည္းဘယ္သူမွမၾကားၾက။ အဲဒါနဲ႕ အိပ္ခန္းထဲကေန ဧည္႕ခန္းဘက္ကိုထြက္မယ္လုပ္ေတာ႕
အခန္းအျပင္ကေန (ကေလးအျပင္ထြက္မွာစိုးလို႕) ဂလန္႕ထိုးထားခဲ႕တယ္။ ကြ်န္ေတာ္တြန္းဖြင္႕လုိ႕မရဘူး။
ကြ်န္ေတာ္ေလ ေၾကာက္လိုက္တာ . .။ ေသးေပါက္ဖို႕က
ကုတင္ေအာက္မွာ ဆီးအိုးရွိေတာ႕အဆင္ေျပတယ္။ ကိစၥျပီးျပတ္သြားတယ္။ ကိစၥမျပီးတာက ေၾကာက္တဲ႕စိတ္၊
အနားမွာလူၾကီးမရွိတဲ႕ မလံုျခံဳမႈ၊ အစိုးရိမ္လြန္ကဲမႈ နဲ႕ ညဘက္ေရာက္လုိ႕သရဲေၾကာက္ရတဲ႕အမႈကိစၥက
အဆိုးဆံုး။ ဘယ္လုိၾကိဳးစား ၾကိဳးစား ဘယ္သူမွမၾကားႏုိင္မယ္႕အတူတူ အိပ္ခန္းေထာင္႕က တံခါးၾကားမွာေထာင္ထားတဲ႕
(စုန္းမစီးတဲ႕) တံမ်က္စီးၾကမ္းကို မ၊ ကုတင္ေပၚတက္ျပီး အေပၚထပ္ကအမ်ိဳးေတြၾကားေအာင္ သူတုိ႕ရဲ႕ၾကမ္းျပင္ကိုထိုးၾကည္႕ေသးတယ္။
ဘာမွမထူးျခားဘူး။ ဒီလုိနဲ႕ ငိုရင္း ေအာ္ရင္း၊ ေအာ္ရင္း ငိုရင္း၊ ႏွပ္ေတြနဲ႕မ်က္ရည္ေတြေရာ၊
စိတ္ေတြေမာျပီး ေလာကၾကီးကတစ္ဖက္ ကြ်န္ေတာ္ကတစ္ဖက္၊ ငိုလ်က္နဲ႕ကယ္သူမရွိတဲ႕ဘဝဟာ အင္မတန္ေျခာက္ျခားဖို႕ေကာင္းလွပါတယ္။
အဲဒါနဲ႕အိမ္ကလူေတြျပန္ေရာက္လာေတာ႕ အေတာ္ညဥ္႕နက္ေနျပီ။
ကြ်န္ေတာ္က ငိုေနတုန္း။ ႏို႕ဗူးေဖ်ာ္တုိက္ေတာ႕လည္း မစုိ႕ဘူး။ ဟုိလူခ်ီလည္း မတိတ္ဘူး
. . ဒီလူခ်ီလည္း လြန္႕လြန္႕ကုိလူးေနေတာ႕ ေနာက္တစ္ေယာက္ထပ္ေခ်ာ႕ ကြ်န္ေတာ္ကမေပ်ာ႕ နဲ႕
ေနာက္ဆံုးမွာေတာ႕ ၾကိမ္လံုးနဲ႕ေနာက္တစ္ၾကိမ္ထပ္ညားေတာ႕မွ
အရသာေကာင္းေကာင္းသိသြားတဲ႕ကြ်န္ေတာ္ဟာ ေၾကာက္ရင္းနဲ႕ျပန္အိပ္ေပ်ာ္သြားပါေတာ႕တယ္။
ကေလးငယ္တစ္ေယာက္ရဲ႕ပကတိစိတ္ဟာ လူၾကီးေတြကိုခင္တြယ္တတ္တယ္။
အထူးသျဖင္႕ ငယ္ရြယ္ေသးတဲ႕အရြယ္၊ ႏို႕ဗူးစို႕တဲ႕အရြယ္ နဲ႕ လက္လႊတ္လို႕မရေသးတဲ႕အရြယ္ေတြမွာ
“ၾကင္နာယုယျခင္း-Caring” ဟာ သူတုိ႕အတြက္ ကမၻာပဲ။ ဒါကိုလူၾကီးေတြသိဖို႕လိုတယ္။ ကေလးငိုတယ္ဆိုတာက
သူေျပာျပခ်င္တာကိုစကားနဲ႕မေျပာတတ္လို႕ ငိုျပီးေျပာတာ။ ဒါက အေႏွာင္႕အယွက္လို႕ျမင္ရင္
အေႏွာင္႕အယွက္ပဲ။ “သည္းခံစရာလို႕ျမင္ရင္ ဒါဟာ ေမတၱာပဲ” ဆိုတာ ကြ်န္ေတာ္အခုအသက္ေတာ္ေတာ္ၾကီးလာေတာ႕နားလည္လာျပီ။
ဒီဘက္ေျမေရာက္မွသင္ယူမိတာေတြထဲမွာ ကေလးငယ္ကိုအိမ္ထဲမွာ၊
ကားထဲမွာ၊ အေဖာ္မပါပဲ ဒီအတိုင္းထားတစ္ေယာက္တည္းထားခဲ႕တာေတြဟာ လူ႕က်င္႕ဝတ္ဥပေဒစည္းမ်ဥ္းစည္းကမ္းေတြကိုေဖာက္ဖ်က္တာဆုိတာ
နဖူးေတြ႕ ဒူးေတြ႕သိလာမွ အင္မတန္အေရးၾကီးမွန္းသိလာတယ္။ ေရာက္ခါစကေတာ႕ ဒါက အေရးမပါတာကို
အရာလုပ္လြန္းတယ္၊ ေရွ႕တန္းတင္လြန္းတယ္၊ ဆရာၾကီးလုပ္လြန္းတယ္လို႕ထင္မိတယ္။
အမွန္က လူၾကီးေတြမွာ အမႈကိစၥေတြကမ်ား၊ ကေလးထိန္းစားရိတ္ၾကီးတာနဲ႕
အလုပ္မအားတာထက္စာရင္ ကေလးငယ္တစ္ေယာက္ရဲ႕သိမ္ငယ္စိတ္၊ ငယ္ဒဏ္ရာနဲ႕ စိတ္ေဝဒနာမရသြားေစဖို႕
စီမံထားတဲ႕ဥပေဒဆုိတာကို အခုဆို ဒီနာက်င္ေနတဲ႕အသည္းထဲကခံစားတတ္ေနပါျပီ။ တကယ္တမ္းေတာ႕
ဒီေန႕ေခတ္လူၾကီးေတြဆိုတာ အရင္တုန္းက ကေလးငယ္ဘဝေတြကေန ၾကီးျပင္းလာခဲ႕ၾကသူေတြခ်ည္းပါ။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
03-29-2019
Unicode Version:
"တွန်းသူမေ့
လဲသူသတိရဆဲ (၅)"
တစ်လောကလုံးကအခန်းတစ်ခုထဲမှာ ကိုယ်ကအပြင်မှာ (ဒါမှမဟုတ်)
ကိုယ်ကအခန်းတစ်ခုထဲမှာ တစ်လောကလုံးက အပြင်မှာ . .။ ခေါ်မကြား အော်မကြား ဘယ်လိုမှဆက်သွယ်လို့မရ
. . ငိုလို့မဝတဲ့ကလေးဘဝကအကြောင်းဟာ ကျွန်တော်ဘယ်တော့တွေးလိုက်တွေးလိုက် အပြေးလိုက်လာတဲ့အတိတ်ရဲ့အမှောင်ရိပ်လို စိုးစိတ်တိုးတိတ် တဒိတ်ဒိတ်ဖြစ်နေရတုန်းပါ။
ဘယ်သူ့ကိုမှအပြစ်မတင်ချင်ပေမဲ့
မေ့လို့မရတာကိုအပြစ်လို့သတ်မှတ်ကြမလို့လား? ကွယ်လွန်သွားပြီးဖြစ်တဲ့အာဖရိကခေါင်းဆောင်ကြီး
နယ်ဆင်မင်ဒဲလားပြောခဲ့သလို "ခွင့်လွှတ်လို့ရတယ် မေ့လို့မရဘူး" လို့ပြောရလောက်အောင်
ကျွန်တော်က တစ်ခါမှနိုင်ငံရေးအကျဉ်းမကျခဲ့ဖူးပါဘူး။ ဒါပေမဲ့
အဲဒီညဟာ ကျွန်တော့ရဲ့ကလေးဘဝရဲ့ အကျဉ်းကျညတွေထဲကတစ်ညအဖြစ်ကျန်ရစ်ခဲ့တာ အမှန်ပါ။
ငယ်ဘဝကိုပြန်ပြောရတဲ့အထဲမှာ လူကြီးတွေနဲ့အပြင်ကိုလိုက်သွားတဲ့အခါ မပြီးနိုင် မစီးနိုင် စကားတွေဖောင်ဖွဲ့နေရင်
ချီပေးထားသူရဲ့လက်ထဲမှာအိပ်ပျော်သွားရတာက သိပ်အရသာရှိတာခင်ဗျ။ ဆိုလိုတာက (အခုစာဖတ်နေသူတွေလည်းဖြစ်ဖူးကြလိမ့်မယ်) လမ်းမလျှောက်ချင်လို့ ချီခိုင်း၊ ချီတဲ့သူ လက်ညောင်းလာတော့ နောက်တစ်ယောက်ပြောင်း၊
ကလေးက အိပ်ငိုက် နဲ့ နောက်ဆုံးအိပ်ပျော်သွားရင်း အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းမသိလိုက်ဘူး။ အဲဒါက အရသာ . . အရသာ။
လူကြီးတွေက မချီနိုင်လို့အိမ်ကိုမြင်းလှည်းငှားပြန်တဲ့အခါ (တက္ကဆီမစီးနိုင်ပါ။
အဲဒီတုန်းကစျေးကြီးသဗျ) ချီထားသူရဲ့လက်ထဲကနေနိုးလာပေမဲ့ကိုယ့်ကိုချီသွားမှာကိုသိနေတာမို့လို့ အိပ်ချင်ယောင်ဆောင်ရင်း၊ အခန့်သားလေးလိုက်ပါသွားရင်း၊
အိပ်ယာပေါ်မှာအသာလေးနှပ်ရင်း သိပ်ဇိမ်ရှိလိုက်တာဗျာ။
အဲဒီညအတွက် အပြီးမအိပ်ခင် အမေက စိတ်မချလို့ သေးသယ်လိုက်တာကိုလည်း မသိချင်ဟန်ဆောင်၊
မျက်ခွံတွေကြားက လူကြီးအရိပ်အကဲကိုခိုးကြည့်၊ ပီတိတွေကဖြာ သိပ်သာယာတဲ့စည်းစိမ်အပြည့်ခံစားရတဲ့
ကလေးဘဝပေါ့ဗျာ။ သိပ်လွမ်းတာ . . သိပ်လွမ်းလိုက်တာ။
စကားမစပ် ပြောရဦးမယ်။ ကွန်တော်ငယ်စဉ်အခါက
လူကြီးတွေပင်ပန်းတဲ့အခါ အမြဲအပန်းဖြေတဲ့အရာတွေထဲမှာ ဘိုင်စကုပ်ကြည့်တာက ထိပ်ဆုံးကဗျ။
အခုခေတ်လို “ဘယ်ရုံမှာဘယ်ကားပြ” ဆိုတာ သတင်းစာမှာလိုက်ကြည့်စရာမလိုဘူး။ ရပ်ကွက်ထဲကို ကားနဲ့ပတ်ပြီးလော်စပီကာနဲ့အော်ကြတော့
လူတိုင်းပါးစပ်ဖျားမှာ ဘယ်ဇာတ်ကားထဲက ဘယ်ဇာတ်လိုက်က ဇာတ်လိုက်မကိုဘယ်လိုပြောလိုက်တာဆိုတာမျိုး၊
အစ်မတွေ အဒေါ်တွေဆိုရင် ရုပ်ရှင်ဇာတ်ကားနာမည်ဖွက်တမ်းကစားတာမျိုးကိုဘေးကအမြဲကြားနေတဲ့ကလေးအရွယ်ကျွန်တော်က
ပါးစပ်အဟောင်းသားလေးနဲ့ပေါ့ဗျာ။
တောင်ကြီးမှာမမွေးချင်နေ
တောင်ကြီးကိုရုပ်ရှင်တက်ကြည့်ဖူးသူတွေဆိုရင် တစ်မြို့လုံးကရုပ်ရှင် (၅) ရုံလုံးရဲ့နာမည်တွေကိုအလွတ်ရတယ်။ ဘာတဲ့ . . ဗန္ဓုလ၊ မြသုခ၊
မြို့တော်၊ ရိုးမ နဲ့ (နောက်တစ်ရုံကို ပဟေဠိချန်ထားပေးပါတယ်) “______” ရုံတွေအပြင်
မြို့အပြင် (အခု စူဠာမုနိဘုရားခြေတော်ရင်းကကွင်းမှာ) တူးဝမ်းတူး_212 တပ်မ (၂၁၂) တပ်ရင်းမှာ “ဆရာမနိုင် နှစ်ဆောင်ပြိုင်” စုန်းရုပ်ရှင်တို့တင်တဲ့ခေတ်၊ လူသားနဲ့ရွှေငါးနတ်မင်းသမီးတို့ချစ်ကြိုက်ကြတဲ့
အဖြူအမည်းတရုတ်ကား (ဇာတ်ကားနာမည်မမှတ်မိ) တို့မင်းမူနေတဲ့ခေတ်၊ အဲဒီအချိန်ကာလမျိုးမှာ ညီညီ ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ Home Alone ဇာတ်လမ်းလေးကိုအမှတ်တရပြန်ပြောပြချင်ပါတယ်။
တစ်နေ့မှာ အိမ်ကလူတွေ တလှုပ်လှုပ်နဲ့အပြင်သွားဖို့ပြင်ကြရောခင်ဗျ။
ကျွန်တော်က အဲဒီနေ့က ဘာကိုအလိုမကျလို့လည်းမသိဘူး တအီအီလုပ်နေရင်းငိုပြဲပြီးအိပ်ငိုက်နေတာပေါ့။
အဲဒါနဲ့ လူကြီးတွေက အပြင်သွားခါနီး “ဒီကောင့်ကို ထားခဲ့” ဆိုပြီးပြောသံကြားလိုက် အော်ငိုလိုက်၊
နောက်ထပ်နို့တစ်ဗူးဖျော်တိုက်လိုက်၊ ဆူလိုက် ထပ်ငိုလိုက်၊ နောက်ဆုံးတော့ ကြိမ်လုံးနဲ့ညားပြီး
အငိုပြဲရင်း အိပ်ပျော်သွားပါလေရော။
အဲဒီအချိန်မှာ
လူကြီးတွေက ရုပ်ရှင်ချိန်နီးနေပြီ . . ဒီကလေးတစ်ကောင်နဲ့ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး
စိတ်ညစ်နေကြတဲ့အကြပ်အတည်းဖြစ်နေချိန်ပေါ့။ ကျွန်တော်ကလည်း ရှိုက်ကြီးတငင်ငိုထားလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေတော့
လူကြီးတွေအရေးပေါ်အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြတယ် . . “အိပ်ပျော်နေတဲ့ညီညီ့ကို
အိမ်မှာထားခဲ့မယ်” ဒီလို . . ဒီလို . .။
သူတို့ တစ်ခုသတိလွတ်သွားတာက
အိပ်ပျော်နေလို့အိမ်မှာထားခဲ့တဲ့ကျွန်တော့ကိုသေးသယ်ပေးဖို့မေ့သွားခဲ့ကြတာပါ။
ဒီလိုနဲ့ သေးကြောတင်းလာတော့ ကျွန်တော်နိုးလာရင်း အမေနဲ့အစ်မတွေကိုအော်ခေါ်တာပေါ့။ ဘယ်သူမှမကြား၊ ဘယ်သူမှအနားမှာမရှိကြ၊ အော်တယ် . . အော်တယ် . . အော်ခေါ်တယ်။ မျက်လုံးကအပေါ်ကိုကြည့်လိုက်၊
အခန်းအပြင်ကိုလည်းမမြင်ရ၊ ခေါ်သံကိုလည်းဘယ်သူမှမကြားကြ။ အဲဒါနဲ့ အိပ်ခန်းထဲကနေ ဧည့်ခန်းဘက်ကိုထွက်မယ်လုပ်တော့
အခန်းအပြင်ကနေ (ကလေးအပြင်ထွက်မှာစိုးလို့) ဂလန့်ထိုးထားခဲ့တယ်။ ကျွန်တော်တွန်းဖွင့်လို့မရဘူး။
ကျွန်တော်လေ ကြောက်လိုက်တာ . .။ သေးပေါက်ဖို့က
ကုတင်အောက်မှာ ဆီးအိုးရှိတော့အဆင်ပြေတယ်။ ကိစ္စပြီးပြတ်သွားတယ်။ ကိစ္စမပြီးတာက ကြောက်တဲ့စိတ်၊
အနားမှာလူကြီးမရှိတဲ့
မလုံခြုံမှု၊ အစိုးရိမ်လွန်ကဲမှု နဲ့ ညဘက်ရောက်လို့သရဲကြောက်ရတဲ့အမှုကိစ္စက
အဆိုးဆုံး။ ဘယ်လိုကြိုးစား ကြိုးစား ဘယ်သူမှမကြားနိုင်မယ့်အတူတူ အိပ်ခန်းထောင့်က
တံခါးကြားမှာထောင်ထားတဲ့ (စုန်းမစီးတဲ့) တံမျက်စီးကြမ်းကို
မ၊ ကုတင်ပေါ်တက်ပြီး အပေါ်ထပ်ကအမျိုးတွေကြားအောင် သူတို့ရဲ့ကြမ်းပြင်ကိုထိုးကြည့်သေးတယ်။
ဘာမှမထူးခြားဘူး။ ဒီလိုနဲ့ ငိုရင်း အော်ရင်း၊
အော်ရင်း ငိုရင်း၊ နှပ်တွေနဲ့မျက်ရည်တွေရော၊ စိတ်တွေမောပြီး
လောကကြီးကတစ်ဖက် ကျွန်တော်ကတစ်ဖက်၊ ငိုလျက်နဲ့ကယ်သူမရှိတဲ့ဘဝဟာ
အင်မတန်ခြောက်ခြားဖို့ကောင်းလှပါတယ်။
အဲဒါနဲ့အိမ်ကလူတွေပြန်ရောက်လာတော့ အတော်ညဉ့်နက်နေပြီ။
ကျွန်တော်က ငိုနေတုန်း။ နို့ဗူးဖျော်တိုက်တော့လည်း မစို့ဘူး။ ဟိုလူချီလည်း မတိတ်ဘူး
. . ဒီလူချီလည်း လွန့်လွန့်ကိုလူးနေတော့ နောက်တစ်ယောက်ထပ်ချော့ ကျွန်တော်ကမပျော့ နဲ့
နောက်ဆုံးမှာတော့ ကြိမ်လုံးနဲ့နောက်တစ်ကြိမ်ထပ်ညားတော့မှ အရသာကောင်းကောင်းသိသွားတဲ့ကျွန်တော်ဟာ
ကြောက်ရင်းနဲ့ပြန်အိပ်ပျော်သွားပါတော့တယ်။
ကလေးငယ်တစ်ယောက်ရဲ့ပကတိစိတ်ဟာ လူကြီးတွေကိုခင်တွယ်တတ်တယ်။
အထူးသဖြင့် ငယ်ရွယ်သေးတဲ့အရွယ်၊ နို့ဗူးစို့တဲ့အရွယ် နဲ့ လက်လွှတ်လို့မရသေးတဲ့အရွယ်တွေမှာ “ကြင်နာယုယခြင်း-Caring” ဟာ သူတို့အတွက်
ကမ္ဘာပဲ။ ဒါကိုလူကြီးတွေသိဖို့လိုတယ်။ ကလေးငိုတယ်ဆိုတာက သူပြောပြချင်တာကိုစကားနဲ့မပြောတတ်လို့
ငိုပြီးပြောတာ။ ဒါက အနှောင့်အယှက်လို့မြင်ရင်
အနှောင့်အယှက်ပဲ။
“သည်းခံစရာလို့မြင်ရင် ဒါဟာ မေတ္တာပဲ” ဆိုတာ ကျွန်တော်အခုအသက်တော်တော်ကြီးလာတော့နားလည်လာပြီ။
ဒီဘက်မြေရောက်မှသင်ယူမိတာတွေထဲမှာ ကလေးငယ်ကိုအိမ်ထဲမှာ၊ ကားထဲမှာ၊
အဖော်မပါပဲ ဒီအတိုင်းထားတစ်ယောက်တည်းထားခဲ့တာတွေဟာ လူ့ကျင့်ဝတ်ဥပဒေစည်းမျဉ်းစည်းကမ်းတွေကိုဖောက်ဖျက်တာဆိုတာ
နဖူးတွေ့ ဒူးတွေ့သိလာမှ
အင်မတန်အရေးကြီးမှန်းသိလာတယ်။ ရောက်ခါစကတော့ ဒါက အရေးမပါတာကို
အရာလုပ်လွန်းတယ်၊ ရှေ့တန်းတင်လွန်းတယ်၊ ဆရာကြီးလုပ်လွန်းတယ်လို့ထင်မိတယ်။
အမှန်က လူကြီးတွေမှာ အမှုကိစ္စတွေကများ၊ ကလေးထိန်းစားရိတ်ကြီးတာနဲ့
အလုပ်မအားတာထက်စာရင် ကလေးငယ်တစ်ယောက်ရဲ့သိမ်ငယ်စိတ်၊ ငယ်ဒဏ်ရာနဲ့ စိတ်ဝေဒနာမရသွားစေဖို့
စီမံထားတဲ့ဥပဒေဆိုတာကို အခုဆို ဒီနာကျင်နေတဲ့အသည်းထဲကခံစားတတ်နေပါပြီ။ တကယ်တမ်းတော့
ဒီနေ့ခေတ်လူကြီးတွေဆိုတာ အရင်တုန်းက ကလေးငယ်ဘဝတွေကနေ ကြီးပြင်းလာခဲ့ကြသူတွေချည်းပါ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-29-2019
"တြန္းသူေမ႕
လဲသူသတိရဆဲ (၆)"
“ကေလးေတြကရုိးသားလို႕ ခ်စ္တယ္” လို႕ လူအမ်ားေျပာၾကတယ္။
ကေလးေတြဟာအမွန္ေျပာလို႕ ရုိးသားတယ္လို႕ေျပာရင္ေတာ႕ ပုိမွန္လိမ္႕မယ္။ ဒီ႕ထက္မွန္ေအာင္ေျပာရရင္
အမွန္ေျပာလို႕ အျပစ္ကင္းလို႕ခ်စ္ၾကတယ္ဆုိတာ ပုိအသက္ဝင္လွတယ္။ ဒါေပမဲ႕ ဒီအမွန္တရားကုိတုိင္းတာတဲ႕အခါ
တုိင္းတာသူရဲ႕ေပတံရဲ႕စံခ်ိန္စံညႊန္း နဲ႕ ေမွ်ာ္မွန္းခ်က္တို႕ဟာ အေရးၾကီးလွတယ္။ ဒီ႕အျပင္
ရုိးသားျခင္း နဲ႕ အျပစ္ကင္းျခင္းတို႕ တုိက္ရိုက္အခ်ိိဳးက်ရဲ႕လား? အျပစ္ကင္းျခင္း နဲ႕
ရိုးသားျခင္းတုိ႕ဟာ စာမ်က္ႏွာတစ္ဖက္တည္းမွာ တစ္ေလွထဲစီး ခရီးသြားေနတာေရာဟုတ္ရဲ႕လားဆုိတာေတြးရင္း
ငယ္ဘဝကိုျပန္ေျပာင္းသတိရမိပါတယ္။
(၁၉၇၈) ခုႏွစ္ေလာက္က မ.ဆ.လ ေခတ္အတြင္း ျမန္မာျပည္ၾကီးရဲ႕စီးပြားေရးကုိ
ဆုိရွယ္လစ္စံနစ္နဲ႕ေမာင္းႏွင္ေနတုန္းအခါမွာေပါ႕။ အေဖဟာ သူ႕ထက္ၾကီးတဲ႕ေဆြမ်ိဳးေတြနဲ႕
မိတ္ဖက္စီးပြားေရးလုပ္ပါတယ္။ လူေတြဟာ အိမ္ကအိမ္ရွင္မအတြက္ ဂ်ပန္ျဖစ္အခ်ိဳမႈန္႕၊ ယုံေမႊးသိုးေမႊးအေႏြးထည္
နဲ႕ ကုိယ္တိုင္ေသာက္ဖို႕ ယိုးဒယားျဖစ္လီပုိ ကုိ ပိတုန္းတံဆိပ္ကြ်တ္ကြ်တ္အိပ္နဲ႕ ထည္႕ဝယ္ရတယ္ဆုိတာ
အဲဒီေခတ္ကိုမွီသူတိုင္း သတိထားမိႏိုင္ပါတယ္။
အေဖဟာ နယ္စပ္ကအမ်ိဳးေတြတင္လႊတ္လိုက္တဲ႕ အစိုးရစစ္ေၾကာင္းလံုျခံဳေရးလမ္းေၾကာင္းနဲ႕လုိက္ပါလာတဲ႕
R.T.C ယာဥ္တန္းေတြေပၚက ယုိးဒယားျဖစ္ပစၥည္းေတြကုိ ေတာင္ၾကီးေရာက္တဲ႕အခါ လက္ခံေပးရတယ္။
ဒီလိုနဲ႕ အေဖ႕ရဲ႕စီးပြားဘက္ေတြက လုပ္ငန္းတိုးခ်ဲ႕ရင္း ကိုယ္ပုိင္ (၆) ဘီးကားေတြေထာင္လာေတာ႕
အဲဒီေခတ္အေခၚ ေအာက္ဆိုဒ္ ကုန္တင္ကားၾကီး (၅) စီး အထိ ကုန္တင္ကုန္ခ်ကိစၥေတြကိုကိုင္တြယ္ေပးရပါတယ္။
သေဘာေကာင္းတဲ႕အေဖ႕အိမ္ဟာ ရဲစခန္းကလူေတြ၊ ေထာက္လွမ္းေရးတပ္ကလူေတြ နဲ႕ ကားသမားေတြရဲ႕မိသားစုေတြအျပင္
အလုပ္ၾကမ္းထမ္းသမားေတြအတြက္ စားအိမ္ ေသာက္အိမ္ျဖစ္ေနတာေပါ႕ဗ်ာ။
တစ္ေန႕ေတာ႕ သတင္းေပးလို႕ဆိုျပီး ေအာက္ဆိုဒ္ကားပိုင္ရွင္ေတြကုိလိုက္ရွာပါသတဲ႕။
ေတာင္ၾကီး႒ာေနတာဝန္ခံျဖစ္တဲ႕ အေဖ႕ဆီကို အရင္က မိန္းမမီးဖြားမွာမို႕လုိ႕ ေငြနည္းနည္းေခ်းပါဆုိတဲ႕
ရဲ နဲ႕၊ တပ္ေျပာင္းလို႕ လိုက္ေျပာင္းရမွာ အဲဒါေျပာင္းေရႊ႕စားရိတ္မရွိလုိ႕ ေထာက္ပံ႕ေပးပါ
ဆုိတဲ႕ ေထာက္လွမ္းေရးအျပင္ ဒီျမိဳ႕မွာ အေဖကသာ သေဘာအေကာင္းဆံုးဆိုျပီးအျမဲေျပာတဲ႕ အထူးစံုစမ္းစစ္ေဆးေရး_စ.စ.စ
တို႕ဟာ ကြ်န္ေတာ္တို႕အိမ္ကိုေရာက္ခ်လာပါေရာဗ်။
အထက္ကေျပာခဲ႕သလို စားအိမ္ေသာက္အိမ္ျဖစ္ေနတာကတစ္ေၾကာင္း၊
ေငြလိုရင္အျမဲေထာက္ပံ႕ေပးေနတာကတစ္ေၾကာင္း နဲ႕ မ်က္ႏွာနာတာကတစ္ေၾကာင္းေၾကာင္႕ ေအာက္ဆုိဒ္ကားေတြကုိေရွာင္ခုိင္းထားျပီး
ဟန္ေဆာင္ပန္ေဆာင္အဖမ္းျပဖို႕ လုပ္ထားၾကတာေပါ႕။ ဒါေပမဲ႕ ကုန္သည္တို႕ရဲ႕ထံုးစံအတိုင္း
ယုတၱိရွိေအာင္ေတာ႕ ကားၾကီး (၂) စီးျပရမယ္ဆုိေတာ႕ အေဖကလည္း မတတ္သာတဲ႕အဆံုး မိတ္ဖက္ေတြကို
ေၾကးနန္းရိုက္၊ R.T-ေၾကးနန္းစကားေျပာျပီး ခြင္႕ျပဳခ်က္ရယူခဲ႕တယ္။ ဒီအထိ အားလံုးနဲ႕ညွိျပီးထားတဲ႕အတိုင္း
အလံုးစံု ကြက္တိ၊ လစ္ဟာခ်က္ ဘာမွမရွိ။
ဇာတ္ရွိန္ျမင္႕ဖို႕အခ်ိန္ေလးေရာက္လာတာက ဒီလိုဗ်။
သူတုိ႕က အိမ္ကိုေရာက္လာျပီး ကား (၁) စီးေတြ႕တယ္၊ စာရြက္စာတမ္းေတြျဖည္႕တယ္၊ စကားေတြအၾကာၾကီးေျပာေနတယ္
. . ဒီအထိက အားလံုးအဆင္ေခ်ာတုန္းပဲ။ ေနာက္ (၁) စီးကုိက်ေတာ႕ ကားေမာင္းသမားရဲ႕အိမ္မွာသြားစစ္ရမွာျဖစ္လို႕
ကားသမားအိမ္ နဲ႕ လမ္းကုိသိတဲ႕ကြ်န္ေတာ႕ကို သူတုိ႕ကားေပၚထည္႕လိုက္တယ္။ ကြ်န္ေတာ္ကလည္း
ကေလး ေလ . . သိတယ္မဟုတ္လား . . ကားစီးရမယ္ဆိုေတာ႕ ဘယ္သြားသြားလိုက္တာပဲေပါ႕။
အေဖ႕အိမ္မွာထမင္းလာစားဖူးေတာ႕ မ်က္မွန္းတန္းမိေနတဲ႕ကြ်န္ေတာ္နဲ႕
အဲဒီလူၾကီး (၃) ေယာက္နဲ႕ ကြ်န္ေတာ္နဲ႕ လမ္းမွာစကားတေျပာေျပာလိုက္လာခဲ႕တယ္။ ကားသမားအိမ္ေရာက္ေတာ႕
လိုအပ္တာေတြၾကည္႕၊ ေရး၊ မွတ္ေရးမွတ္ရာေတြလုပ္ျပီး ျပန္မယ္လုပ္ရင္း ကားေပၚျပန္တက္ၾကတယ္။
အဲဒီထဲကတစ္ေယာက္က “ညီညီ သားတုိ႕အိမ္မွာ ကား (၅) စီး ရွိတယ္မဟုတ္လား . . အဲဒီကားသမားေနတဲ႕အိမ္ကုိေရာသိလား?”
လို႕ ရုတ္တရက္ေမးေတာ႕ ကားလိုက္စီးရတာေပ်ာ္ေနတဲ႕ကြ်န္ေတာ္က “သားသား သိတယ္ . . သားသား
သိတယ္” လို႕ အားရဝမ္းသာေအာ္ရင္း ကားသမားေနာက္တစ္ေယာက္အိမ္ကုိလိုက္ျပေပးလုိက္တာေပါ႕။
စိတ္ထဲမွာ ေပ်ာ္လိုက္တာ။ သူမ်ားေတြမေျပာႏုိင္တာကို
ေျပာျပလိုက္ႏုိင္တာ၊ သူမ်ားကားနဲ႕အၾကာၾကီးလိုက္စီးရတာ၊ တစ္အိမ္ဝင္တစ္အိမ္ထြက္မုန္႕စားရတာ၊
အိမ္ကုိျပန္မေရာက္မခ်င္း ကြ်န္ေတာ္ေလ ေပ်ာ္လိုက္တာ။ အိမ္ေရာက္ေတာ႕ အဲဒီလူၾကီးေတြက အိမ္ကလူၾကီးေတြကို
ခင္ဗ်ားတုိ႕ကားစာရင္းက (၂) စီး မဟုတ္ဘူး။ (၃) စီး စာရင္း။ ေရာ႕ ဒီမွာ လက္မွတ္ထိုး
. . ဆိုျပီး ေပးေတာ႕ အိမ္ကလူေတြမ်က္လံုးျပဴးသြားၾကေရာ။
အဲဒီလူေတြျပန္သြားေေတာ႕မွ ကြ်န္ေတာ္လမ္းလိုက္ျပလို႕
ကားေနာက္ (၁) စီး အဆစ္အဖမ္းခံရတာဆိုျပီး ဆူပါေလေရာ၊ ရုိက္ပါေလေရာ၊ ဒီေလာက္လွ်ာရွည္ရေကာင္းလား?
မင္းကိုဘယ္သူက ေနာက္ကားသမားအိမ္ကိုလိုက္ပို႕ခုိင္းလို႕လဲ? သူတို႕ေျပာတုိင္း လုိက္ပို႕ေပးစရာလား?
ကေလး ကေလးလုိမေနဘူး ေနရာတကာပါတယ္ . . မသိဘူးေျပာလိုက္ပါလား . . ဆုိျပီး မိုးမႊန္သြားလိုက္တာ
စားထားတဲ႕ဘီစကြတ္ေတြေတာင္ ျပန္အန္ထြက္ေတာ႕မယ္။
တစ္ဆက္တည္း ဘယ္သူကလုိက္ျပလို႕ တတိယကားတစ္စီးအပိုပါသြားတာလဲ?
လို႕ အေဖ႕ရဲ႕စီးပြားေရးမိတ္ဘက္အမ်ိဳးေတြကေမးလို႕ “ညီညီေျပာလိုက္လို႕” ဆိုေတာ႕ ရုပ္နဲ႕ခႏၶာ
နာရံုမက ဇာတ္ပါ နာသြားတာေပါ႕ဗ်ာ။ အဲဒီအခ်ိန္ကေနစျပီး အမွန္ကုိေျပာရမွာ ကြ်န္ေတာ္ေၾကာက္သြားတယ္။
တစိမ္းေတြကိုလည္း ယံုၾကည္ဖို႕သိပ္ခက္သြားတယ္။ အထူးသျဖင္႕ အေဖ႕ထမင္းကိုလာစားျပီး အေဖ႕စီးပြားဘက္ေတြရဲ႕ကား
(အေဖပိုင္တဲ႕ကားမဟုတ္ပါ) ကုိ မလိမ္႕တပတ္လုပ္ျပီးဖမ္းသြားသူေတြကုိ သိပ္နာက်ည္းခဲ႕တယ္။
အခုအခ်ိန္မွာ တကယ္နာက်ည္းသင္႕တယ္ မနာက်ည္းသင္႕ဘူးဆိုတာက
အဓိကမက်ေတာ႕ဘူး။ အသက္ရွဴေနသ၍ကေတာ႕ ဒီလိုလူေတြနဲ႕ေတြ႕မွာပဲ။ ဒါေပမဲ႕ ကေလးတစ္ေယာက္ရဲ႕အမွန္တရားကိုေျပာလို႕အရုိက္ခံရတယ္ဆုိတာ
ကေလးတစ္ေယာက္ရဲ႕ “မွန္တာကိုေျပာျခင္း” ဆုိတဲ႕ ႏွလံုးသားႏုႏုေလးကို ဗူးသီးခူးသလို ရူးသလိုလိုနဲ႕
ဆူးနဲ႕ထုိး ခ်ိဳးခ်လုိက္တယ္ဆုိတာကိုမသိလိုက္တဲ႕လူၾကီးေတြကိုသိေစခ်င္တယ္။
တစ္ဆက္တည္း ဒီေန႕မွာအလုပ္က ဖိလစ္ပီးႏို္းလူလတ္ပုိင္းတစ္ေယာက္ေျပာတဲ႕စကားက
ဒီ အမွတ္စဥ္ (၆) အတြက္ စဥ္းစားစရာေတြဆက္တိုက္ဝင္လာေစတယ္။ သူက “ကုိကို . . လူေတြအတြက္စာအုပ္ေတြမ်ားမ်ားထုတ္လုပ္ရလို႕
သစ္ပင္မ်ားမ်ားခုတ္ရတယ္လို႕ေျပာၾကတယ္။ ျပီးေတာ႕လည္း “သစ္ပင္မခုတ္ရ” လို႕ စာအုပ္ေတြေပၚမွာေရးၾကျပန္တယ္။
သစ္ပင္နဲ႕စာအုပ္သံသရာကုိ မျပတ္လည္ေစတဲ႕ လူေတြသာ ျပန္ျပီး သံသရာလည္လိမ္႕မယ္” ပါတဲ႕။
သူ႕စကားသံသဲ႕သဲ႕ေလးအဆံုးမွာ “တြန္းသူေမ႕ လဲသူသတိရဆဲ” ဆိုတဲ႕ေခါင္းစဥ္ေလးနဲ႕ ပိုမိုအခ်ိတ္အဆက္မိသြားပါေတာ႕တယ္။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
04-05-2019
Unicode Version:
"တွန်းသူမေ့
လဲသူသတိရဆဲ (၆)"
“ကလေးတွေကရိုးသားလို့ ချစ်တယ်” လို့ လူအများပြောကြတယ်။
ကလေးတွေဟာအမှန်ပြောလို့ ရိုးသားတယ်လို့ပြောရင်တော့
ပိုမှန်လိမ့်မယ်။ ဒီ့ထက်မှန်အောင်ပြောရရင် အမှန်ပြောလို့ အပြစ်ကင်းလို့ချစ်ကြတယ်ဆိုတာ
ပိုအသက်ဝင်လှတယ်။ ဒါပေမဲ့ ဒီအမှန်တရားကိုတိုင်းတာတဲ့အခါ တိုင်းတာသူရဲ့ပေတံရဲ့စံချိန်စံညွှန်း နဲ့ မျှော်မှန်းချက်တို့ဟာ
အရေးကြီးလှတယ်။ ဒီ့အပြင် ရိုးသားခြင်း နဲ့ အပြစ်ကင်းခြင်းတို့
တိုက်ရိုက်အချိိုးကျရဲ့လား? အပြစ်ကင်းခြင်း နဲ့ ရိုးသားခြင်းတို့ဟာ စာမျက်နှာတစ်ဖက်တည်းမှာ တစ်လှေထဲစီး
ခရီးသွားနေတာရောဟုတ်ရဲ့လားဆိုတာတွေးရင်း ငယ်ဘဝကိုပြန်ပြောင်းသတိရမိပါတယ်။
(၁၉၇၈) ခုနှစ်လောက်က
မ.ဆ.လ ခေတ်အတွင်း မြန်မာပြည်ကြီးရဲ့စီးပွားရေးကို ဆိုရှယ်လစ်စံနစ်နဲ့မောင်းနှင်နေတုန်းအခါမှာပေါ့။ အဖေဟာ သူ့ထက်ကြီးတဲ့ဆွေမျိုးတွေနဲ့
မိတ်ဖက်စီးပွားရေးလုပ်ပါတယ်။ လူတွေဟာ အိမ်ကအိမ်ရှင်မအတွက် ဂျပန်ဖြစ်အချိုမှုန့်၊ ယုံမွှေးသိုးမွှေးအနွေးထည်
နဲ့ ကိုယ်တိုင်သောက်ဖို့ ယိုးဒယားဖြစ်လီပို ကို ပိတုန်းတံဆိပ်ကျွတ်ကျွတ်အိပ်နဲ့ ထည့်ဝယ်ရတယ်ဆိုတာ
အဲဒီခေတ်ကိုမှီသူတိုင်း သတိထားမိနိုင်ပါတယ်။
အဖေဟာ နယ်စပ်ကအမျိုးတွေတင်လွှတ်လိုက်တဲ့ အစိုးရစစ်ကြောင်းလုံခြုံရေးလမ်းကြောင်းနဲ့လိုက်ပါလာတဲ့
R.T.C ယာဉ်တန်းတွေပေါ်က ယိုးဒယားဖြစ်ပစ္စည်းတွေကို တောင်ကြီးရောက်တဲ့အခါ လက်ခံပေးရတယ်။
ဒီလိုနဲ့ အဖေ့ရဲ့စီးပွားဘက်တွေက လုပ်ငန်းတိုးချဲ့ရင်း ကိုယ်ပိုင် (၆) ဘီးကားတွေထောင်လာတော့
အဲဒီခေတ်အခေါ် အောက်ဆိုဒ် ကုန်တင်ကားကြီး (၅) စီး အထိ ကုန်တင်ကုန်ချကိစ္စတွေကိုကိုင်တွယ်ပေးရပါတယ်။
သဘောကောင်းတဲ့အဖေ့အိမ်ဟာ ရဲစခန်းကလူတွေ၊ ထောက်လှမ်းရေးတပ်ကလူတွေ နဲ့ ကားသမားတွေရဲ့မိသားစုတွေအပြင်
အလုပ်ကြမ်းထမ်းသမားတွေအတွက် စားအိမ် သောက်အိမ်ဖြစ်နေတာပေါ့ဗျာ။
တစ်နေ့တော့ သတင်းပေးလို့ဆိုပြီး အောက်ဆိုဒ်ကားပိုင်ရှင်တွေကိုလိုက်ရှာပါသတဲ့။ တောင်ကြီးဋ္ဌာနေတာဝန်ခံဖြစ်တဲ့
အဖေ့ဆီကို အရင်က မိန်းမမီးဖွားမှာမို့လို့ ငွေနည်းနည်းချေးပါဆိုတဲ့
ရဲ နဲ့၊ တပ်ပြောင်းလို့ လိုက်ပြောင်းရမှာ အဲဒါပြောင်းရွှေ့စားရိတ်မရှိလို့ ထောက်ပံ့ပေးပါ ဆိုတဲ့ ထောက်လှမ်းရေးအပြင် ဒီမြို့မှာ အဖေကသာ သဘောအကောင်းဆုံးဆိုပြီးအမြဲပြောတဲ့
အထူးစုံစမ်းစစ်ဆေးရေး_စ.စ.စ တို့ဟာ ကျွန်တော်တို့အိမ်ကိုရောက်ချလာပါရောဗျ။
အထက်ကပြောခဲ့သလို စားအိမ်သောက်အိမ်ဖြစ်နေတာကတစ်ကြောင်း၊
ငွေလိုရင်အမြဲထောက်ပံ့ပေးနေတာကတစ်ကြောင်း နဲ့ မျက်နှာနာတာကတစ်ကြောင်းကြောင့် အောက်ဆိုဒ်ကားတွေကိုရှောင်ခိုင်းထားပြီး ဟန်ဆောင်ပန်ဆောင်အဖမ်းပြဖို့ လုပ်ထားကြတာပေါ့။
ဒါပေမဲ့ ကုန်သည်တို့ရဲ့ထုံးစံအတိုင်း ယုတ္တိရှိအောင်တော့ ကားကြီး (၂) စီးပြရမယ်ဆိုတော့
အဖေကလည်း မတတ်သာတဲ့အဆုံး မိတ်ဖက်တွေကို ကြေးနန်းရိုက်၊ R.T-ကြေးနန်းစကားပြောပြီး ခွင့်ပြုချက်ရယူခဲ့တယ်။
ဒီအထိ အားလုံးနဲ့ညှိပြီးထားတဲ့အတိုင်း အလုံးစုံ ကွက်တိ၊
လစ်ဟာချက် ဘာမှမရှိ။
ဇာတ်ရှိန်မြင့်ဖို့အချိန်လေးရောက်လာတာက ဒီလိုဗျ။
သူတို့က အိမ်ကိုရောက်လာပြီး ကား (၁) စီးတွေ့တယ်၊ စာရွက်စာတမ်းတွေဖြည့်တယ်၊ စကားတွေအကြာကြီးပြောနေတယ်
. . ဒီအထိက အားလုံးအဆင်ချောတုန်းပဲ။ နောက် (၁) စီးကိုကျတော့ ကားမောင်းသမားရဲ့အိမ်မှာသွားစစ်ရမှာဖြစ်လို့ ကားသမားအိမ် နဲ့ လမ်းကိုသိတဲ့ကျွန်တော့ကို
သူတို့ကားပေါ်ထည့်လိုက်တယ်။ ကျွန်တော်ကလည်း ကလေး လေ . . သိတယ်မဟုတ်လား . . ကားစီးရမယ်ဆိုတော့
ဘယ်သွားသွားလိုက်တာပဲပေါ့။
အဖေ့အိမ်မှာထမင်းလာစားဖူးတော့ မျက်မှန်းတန်းမိနေတဲ့ကျွန်တော်နဲ့ အဲဒီလူကြီး (၃) ယောက်နဲ့ ကျွန်တော်နဲ့
လမ်းမှာစကားတပြောပြောလိုက်လာခဲ့တယ်။ ကားသမားအိမ်ရောက်တော့
လိုအပ်တာတွေကြည့်၊ ရေး၊ မှတ်ရေးမှတ်ရာတွေလုပ်ပြီး
ပြန်မယ်လုပ်ရင်း ကားပေါ်ပြန်တက်ကြတယ်။ အဲဒီထဲကတစ်ယောက်က “ညီညီ သားတို့အိမ်မှာ ကား (၅) စီး ရှိတယ်မဟုတ်လား . . အဲဒီကားသမားနေတဲ့အိမ်ကိုရောသိလား?”
လို့ ရုတ်တရက်မေးတော့ ကားလိုက်စီးရတာပျော်နေတဲ့ကျွန်တော်က “သားသား သိတယ် . . သားသား
သိတယ်” လို့ အားရဝမ်းသာအော်ရင်း ကားသမားနောက်တစ်ယောက်အိမ်ကိုလိုက်ပြပေးလိုက်တာပေါ့။
စိတ်ထဲမှာ ပျော်လိုက်တာ။ သူများတွေမပြောနိုင်တာကို
ပြောပြလိုက်နိုင်တာ၊ သူများကားနဲ့အကြာကြီးလိုက်စီးရတာ၊ တစ်အိမ်ဝင်တစ်အိမ်ထွက်မုန့်စားရတာ၊
အိမ်ကိုပြန်မရောက်မချင်း ကျွန်တော်လေ ပျော်လိုက်တာ။ အိမ်ရောက်တော့ အဲဒီလူကြီးတွေက အိမ်ကလူကြီးတွေကို
ခင်ဗျားတို့ကားစာရင်းက (၂) စီး မဟုတ်ဘူး။ (၃) စီး စာရင်း။ ရော့ ဒီမှာ လက်မှတ်ထိုး . . ဆိုပြီး ပေးတော့ အိမ်ကလူတွေမျက်လုံးပြူးသွားကြရော။
အဲဒီလူတွေပြန်သွားေတော့မှ ကျွန်တော်လမ်းလိုက်ပြလို့
ကားနောက် (၁) စီး အဆစ်အဖမ်းခံရတာဆိုပြီး ဆူပါလေရော၊ ရိုက်ပါလေရော၊ ဒီလောက်လျှာရှည်ရကောင်းလား? မင်းကိုဘယ်သူက နောက်ကားသမားအိမ်ကိုလိုက်ပို့ခိုင်းလို့လဲ?
သူတို့ပြောတိုင်း လိုက်ပို့ပေးစရာလား? ကလေး ကလေးလိုမနေဘူး နေရာတကာပါတယ် . . မသိဘူးပြောလိုက်ပါလား
. . ဆိုပြီး မိုးမွှန်သွားလိုက်တာ စားထားတဲ့ဘီစကွတ်တွေတောင်
ပြန်အန်ထွက်တော့မယ်။
တစ်ဆက်တည်း ဘယ်သူကလိုက်ပြလို့ တတိယကားတစ်စီးအပိုပါသွားတာလဲ?
လို့ အဖေ့ရဲ့စီးပွားရေးမိတ်ဘက်အမျိုးတွေကမေးလို့ “ညီညီပြောလိုက်လို့” ဆိုတော့ ရုပ်နဲ့ခန္ဓာ
နာရုံမက ဇာတ်ပါ နာသွားတာပေါ့ဗျာ။ အဲဒီအချိန်ကနေစပြီး အမှန်ကိုပြောရမှာ ကျွန်တော်ကြောက်သွားတယ်။ တစိမ်းတွေကိုလည်း ယုံကြည်ဖို့သိပ်ခက်သွားတယ်။
အထူးသဖြင့် အဖေ့ထမင်းကိုလာစားပြီး အဖေ့စီးပွားဘက်တွေရဲ့ကား (အဖေပိုင်တဲ့ကားမဟုတ်ပါ)
ကို မလိမ့်တပတ်လုပ်ပြီးဖမ်းသွားသူတွေကို သိပ်နာကျည်းခဲ့တယ်။
အခုအချိန်မှာ
တကယ်နာကျည်းသင့်တယ် မနာကျည်းသင့်ဘူးဆိုတာက အဓိကမကျတော့ဘူး။ အသက်ရှူနေသ၍ကတော့ ဒီလိုလူတွေနဲ့တွေ့မှာပဲ။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့အမှန်တရားကိုပြောလို့အရိုက်ခံရတယ်ဆိုတာ ကလေးတစ်ယောက်ရဲ့ “မှန်တာကိုပြောခြင်း” ဆိုတဲ့ နှလုံးသားနုနုလေးကို ဗူးသီးခူးသလို ရူးသလိုလိုနဲ့
ဆူးနဲ့ထိုး ချိုးချလိုက်တယ်ဆိုတာကိုမသိလိုက်တဲ့လူကြီးတွေကိုသိစေချင်တယ်။
တစ်ဆက်တည်း ဒီနေ့မှာအလုပ်က ဖိလစ်ပီးနို်းလူလတ်ပိုင်းတစ်ယောက်ပြောတဲ့စကားက ဒီ အမှတ်စဉ် (၆) အတွက် စဉ်းစားစရာတွေဆက်တိုက်ဝင်လာစေတယ်။ သူက “ကိုကို
. . လူတွေအတွက်စာအုပ်တွေများများထုတ်လုပ်ရလို့ သစ်ပင်များများခုတ်ရတယ်လို့ပြောကြတယ်။
ပြီးတော့လည်း “သစ်ပင်မခုတ်ရ” လို့ စာအုပ်တွေပေါ်မှာရေးကြပြန်တယ်။ သစ်ပင်နဲ့စာအုပ်သံသရာကို
မပြတ်လည်စေတဲ့ လူတွေသာ ပြန်ပြီး သံသရာလည်လိမ့်မယ်” ပါတဲ့။ သူ့စကားသံသဲ့သဲ့လေးအဆုံးမှာ “တွန်းသူမေ့ လဲသူသတိရဆဲ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပိုမိုအချိတ်အဆက်မိသွားပါတော့တယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-05-2019
"တြန္းသူေမ႕ လဲသူသတိရဆဲ (၇)"
အျမဲလုိလို ႏိုင္ငံရပ္ျခားအေၾကာင္း၊ နည္းပညာအေၾကာင္း နဲ႕ စိတ္ဓါတ္ခြန္အားေပးတဲ႕စာေတြေရးေနသူတစ္ေယာက္အဖို႕ အခုလိုငယ္ဘဝအေၾကာင္းေတြေရးလာေတာ႕ ဖတ္ရႈသူေတြ အားမလိုအားမရျဖစ္ၾတတယ္ဆိုတာ ျပန္ၾကားရတယ္။ အမွန္ပါပဲ။ အခုလို စာေလး ဘာေလးေရးတတ္တုန္း၊ ေတြးေတာဆင္ျခင္ဥာဏ္ေကာင္းေနတုန္း၊ အသိ နဲ႕ သတိတို႕ရဲ႕ ပကတိစိတ္အေျခအေနမွန္ကို ခြဲျခားပိုင္းျဖတ္ႏုိင္တုန္းအခ်ိန္ေတြမွာ လုပ္သင္႕တဲ႕အလုပ္ကိုလုပ္တာပါ။
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
"တြန္းသူေမ႕ လဲသူသတိရဆဲ (၇)"
အျမဲလုိလို ႏိုင္ငံရပ္ျခားအေၾကာင္း၊ နည္းပညာအေၾကာင္း နဲ႕ စိတ္ဓါတ္ခြန္အားေပးတဲ႕စာေတြေရးေနသူတစ္ေယာက္အဖို႕ အခုလိုငယ္ဘဝအေၾကာင္းေတြေရးလာေတာ႕ ဖတ္ရႈသူေတြ အားမလိုအားမရျဖစ္ၾတတယ္ဆိုတာ ျပန္ၾကားရတယ္။ အမွန္ပါပဲ။ အခုလို စာေလး ဘာေလးေရးတတ္တုန္း၊ ေတြးေတာဆင္ျခင္ဥာဏ္ေကာင္းေနတုန္း၊ အသိ နဲ႕ သတိတို႕ရဲ႕ ပကတိစိတ္အေျခအေနမွန္ကို ခြဲျခားပိုင္းျဖတ္ႏုိင္တုန္းအခ်ိန္ေတြမွာ လုပ္သင္႕တဲ႕အလုပ္ကိုလုပ္တာပါ။
တကယ္ျပန္စဥ္းစားၾကည္႕ရင္ ခႏၶာကိုယ္ကို ဒဏ္ရာအနာတရျဖစ္ေအာင္လုပ္ခဲ႕သူက
ေမ႕ရလြယ္တယ္။ ခံရသူဘက္က်ေတာ႕စိတ္ထဲကအဖုအထစ္ေတြကျပန္ေတြးမိလိုက္တုိုင္း နာက်င္ရတယ္။
စိတ္ထဲကဒဏ္ရာေတြကိုေပးခဲ႕သူ (တြန္းသူေတြ) က တစ္ေနရာ တစ္ေဒသကေန ေရးသူကြ်န္ေတာ္မသိေအာင္ျပန္လည္ဖတ္ရႈမိျပီး
ေနာင္တ နဲ႕ ဆင္ျခင္စရာသင္ခန္းစာေတြရသြားေစဖို႕၊ သူတုိ႕ရဲ႕ေနာက္မ်ိဳးဆက္ကေလးေတြ၊ လူငယ္ေတြကို
အခုလိုစိတ္ဒဏ္ရာမရမိေစဖို႕၊ ကြ်န္ေတာ႕အတြက္လည္း ဒီလို ၾကီးေကာင္ၾကီးမားက်မွ ထမင္းလံုးသေစၦမေျခာက္ေစဖို႕
ဒီလိုစာမ်ိဳးဆက္ေရးေနပါဦးမယ္။
ဒီစာစုလည္းတင္လိုက္ေရာ
ကြ်န္ေတာ႕အေကာင္႕မွာ သူငယ္ခ်င္း-Friend ေတြ ေျပာင္းလဲသြားမႈေတြကုိသတိထားမိတယ္။ အခုဆို
စာတကယ္ဖတ္သူေတြနဲ႕ေန႕စဥ္ထိေတြ႕ေနရတာေပ်ာ္ပါတယ္။ ကြ်န္ေတာ႕ေဆြမ်ိဳးေတြထဲကေရာ၊ ငယ္သူငယ္ခ်င္းေတြထဲကေရာ၊
ျပီးခဲ႕တဲ႕ႏွစ္၊ ျပီးခဲ႕တဲ႕လအနည္းငယ္ကသူငယ္ခ်င္းေတြရဲ႕ ကြ်န္ေတာ႕စာေတြအေပၚမွာ ခံစားမႈ-Reaction
ေတြနည္းလာတာ၊ တစ္ခ်ိဳ႕ဆုိရင္ လံုးဝမျမင္ရေတာ႕တာေတြသတိထားမိတယ္။ ထားလိုက္ပါေတာ႕ သူ႕တို႕ဘဝနဲ႕သူတို႕ကံ
. . ကြ်န္ေတာ႕ထုိက္နဲ႕ကြ်န္ေတာ႕ကံ . .။ (အခုေဆာင္းပါးမွာ သူငယ္ခ်င္းေတြရဲ႕နာမည္ေတြကိုအမွန္မသုံးခ်င္တာ
ဒီအေၾကာင္းေတြပါပါတယ္)
ကြ်န္ေတာ႕ငယ္ဘဝကို အလယ္တန္းေက်ာင္းရဲ႕သူငယ္တန္းတစ္ခုကေနစတင္ခဲ႕တယ္။
အဂၤလိပ္စာကုိ (၅) တန္းက်မွ စသင္ရတယ္။ သခ်ာၤကိုၾကိဳက္လြန္းလို႕ ပုစၦာေတြကို အျမဲလိုက္တြက္
အိမ္စာေတြအျမဲလုိက္လုပ္ခဲ႕လို႕ သခ်ာၤေတာ္တဲ႕အထဲမွာထိပ္တန္းကအျမဲ ကြ်န္ေတာ္ပါေနခဲ႕တယ္။
သခ်ာၤက်ေတာ႕ (၆) တန္းမွာစသင္ရတဲ႕ ဆရာဦးစုိးသိန္း ရဲ႕ သင္ပံု၊ ဟန္ပန္၊ ေစတနာ နဲ႕ သူ႕ကိုေၾကာက္ရတဲ႕စိတ္ေတြေၾကာင္႕
အျမဲတမ္းအလုပ္လုပ္ရတယ္။
ဘယ္ေလာက္ေတာင္ေၾကာက္လိုက္သလဲဆိုရင္ ဆရာဦးစုိးသိန္းက
ေက်ာင္းဒီဘက္ထိပ္ကလာေနတာကို ဟုိဘက္ထိပ္ကြ်န္ေတာ္တို႕အခန္းက “မဂၤလာပါဆရာ” လို႕ ႏႈတ္ဆက္ဖို႕အဆင္သင္႕ျဖစ္ေနျပီ။
သူ႕အသံက ဆူးေလဘုရားကေနလွမ္းေျပာလိုက္ရင္ တရားရံုးခ်ဳပ္ကေနအမႈစစ္ေနတဲ႕တရားသူၾကီးေကာင္းေကာင္းၾကားႏုိင္ေလာက္တဲ႕အသံမ်ိဳး။
ဆရာဟာအသင္အျပေကာင္းသလို အဆူအၾကိမ္းၾကမ္းတမ္းတယ္။
စိတ္မထင္ရင္မထင္သလိုလက္ပါတတ္လို႕ အေကာင္ၾကီးတဲ႕ (၈) တန္းေက်ာင္းသားတစ္ခ်ိဳ႕က ဆရာ႕ကို
မၾကာခဏ ခ်ဲလင္းေခၚတာခံရဖူးတယ္ . . အဲဒီေခတ္တုန္းက အဲဒီလို။ တစ္ခါတုန္းကဆုိ ဆရာ နားပန္က်င္းလိုက္တဲ႕ေက်ာင္းသားတစ္ေယာက္ေမ႕လဲသြားလို႕
ေက်ာင္းအုပ္ဆရာမၾကီးကိုင္တြယ္ေျဖရွင္းလိုက္ရဖူးတယ္။ ဒါေပမဲ႕ ဆရာသင္တဲ႕စာဟာ ေမ႕လို႕မရဘူး။
ဆရာသင္တဲ႕သခ်ာၤဟာစာမမ်ားဘူး . . (၁) ပုဒ္တြက္ထားရင္ (၁ဝ) ပုဒ္ေလာက္မွတ္မိသြားေစရမယ္
ဆိုတာမ်ိဳး ဆရာကသိပ္ေတာ္တာ။
ကြ်န္ေတာ္တို႕သူငယ္ခ်င္းေတြမုန္႕စားေက်ာင္းဆင္းရင္
အလံတိုင္နားမွာ ေဂၚလီပစ္ၾကတဲ႕အရြယ္ဆိုေတာ႕ အျမဲေဂၚလီပစ္ၾကတယ္။ ဂ်င္ေပါက္ၾကတယ္။ အဲဒီတုန္းက
ဟန္းဖုန္းလည္းမေပၚေသး၊ ေရႊေသြး၊ ေတဇ၊ မုိးေသာက္ပန္းတို႕က အေဖာ္။ မုန္႕ဖိုး (၂၅ ျပား)
ပါလာသူက သူငယ္ခ်င္းေတြၾကားမွာထင္ေပၚေက်ာ္ၾကားသူေပါ႕။
ဘာျဖစ္လို႕လည္းဆိုေတာ႕ ထိုဖူးတံုး (၁) တံုးကို
(၁ဝ ျပား) ေပးဝယ္လို႕ရတယ္ . . ဗိုက္ကိုတင္းေရာပဲ။ ပိုတဲ႕ (၁၅ ျပား) က သရက္ယုိ (၃) ထုတ္ရေသးတယ္။
ဒါေပမဲ႕ အေဆာ႕မက္တဲ႕ကြ်န္ေတာ္တုိ႕သူငယ္ခ်င္းတစ္စုဟာ မုန္႕ဖိုးရတဲ႕ပိုက္ဆံေတြကိုမုန္႕မဝယ္စားပဲ
ေဂၚလီကစားနည္းထဲ ထည္႕ပစ္ၾကတယ္။ ဒီလိုနဲ႕ကြ်န္ေတာ္တို႕သူငယ္ခ်င္းတစ္သုိက္ဆီကုိ (၁) ခါျဖစ္ရင္
(၁ဝ) သက္ေမ႕ပစ္လို႕မရတဲ႕ အျဖစ္အပ်က္က အေၾကာင္းဖန္လာပါတယ္။
တစ္ရက္ေတာ႕ ေခါင္းေလာင္းသံၾကားလုိ႕
ေက်ာင္းအလံတုိင္နားမွာေဂၚလီပစ္ျပီးေက်ာင္းေလွခါးကိုျပန္အတက္မွာ ဆရာဦးစုိးသိန္းက ေစာင္႕ၾကည္
႕ေနတာေတြ႕ျပီး ကြ်န္ေတာ္တို႕တစ္သုိက္ေၾကာက္ဒူးတုန္လုိ႕ ေလွခါးေတာင္ေကာင္းေကာင္းမတက္ရဲခဲ႕ပါ။
ေက်ာင္းအေပၚထပ္ေရာက္ျပီးသိပ္မၾကာဘူး . . လူစီ-Assembly ရွိတယ္ဆိုတာေၾကာင္႕ ေအာက္ထပ္လူစုကြက္လပ္ကိုျပန္ဆင္းရပါတယ္။
တစ္ေက်ာင္းလံုးရဲ႕ေက်ာင္းသားေတြအလယ္တည္႕တည္႕မွာ ဆရာမထိုင္တဲ႕ထုိင္ခံုတစ္လံုးခ်ထားျပီး
ဆရာဦးစုိးသိန္းက အထူးေၾကျငာစရာတစ္ခုရွိတယ္လို႕ေျပာပါတယ္။
ကြ်န္ေတာ္တို႕တစ္ေတြအသံမထြက္ရဲပါဘူး . . အသက္ေအာင္႕ထားၾကတယ္။
တစ္ေယာက္ကိုတစ္ေယာက္တံေတာင္နဲ႕တြတ္ျပီး “ဒီတစ္ခါေတာ႕ သြားျပီကြာ” ဆိုတဲ႕အထာနဲ႕ မ်က္လႊာေလးေတြခ်ထားၾကတယ္။
သိပ္မၾကာပါဘူး ဆရာက ပုိင္စုိးပိုင္နင္း ကြ်န္ေတာ႕အေဖနာမည္ကိုေခၚျပီး အေရွ႕ထြက္ခိုင္းျပီး
ခံုေပၚတက္ခုိင္းတယ္ . .
“ပထမဦးဆံုးထြက္လာဖို႕ဖိတ္ၾကားျခင္းခံ႕ရသူကေတာ႕
“ဦးစြိ-သား” ျဖစ္ပါတယ္”
သူငယ္ခ်င္းေတြစီေနတဲ႕ၾကားလမ္းေလးကေနအေရွ႕ကုိကြ်န္ေတာ္ေလွ်ာက္သြားတယ္။
ခုန္ေပၚတက္လိုက္တယ္။ အသက္ကိုေအာင္႕ထားလုိက္တယ္။ မ်က္စိကိုမွိတ္ထားလိုက္တယ္။ ခဏေလးလည္းၾကာေရာ
“အား” ၊ “အား” ၊ “အား” . . ဆိုတဲ႕အသံ (၃) ၾကိမ္ဆက္တိုက္ထြက္ေပၚလာတယ္။
ဒီအသံေတြဟာ ကြ်န္ေတာ႕ရင္ထဲကေၾကကြဲသံေတြပါ။
အီေကြတာအပူပတ္လမ္းကမေပ်ာ္ဝင္တဲ႕ေခ်ာ္ရည္ရဲ႕အသံေတြပါ။ ၾကယ္တာယာနဲ႕အလင္းနက္တြင္းမည္းၾကီးတို႕တုိက္မိတဲ႕အသံေတြပါ။
အသက္ (၁ဝ) ႏွစ္အရြယ္ေက်ာင္းသားတစ္ေယာက္ရဲ႕ေနမထိတဲ႕တင္ပါးကို (၁) လက္မပတ္လည္ၾကိမ္လံုးနဲ႕ညားေစတဲ႕ကမၻာျပိဳတဲ႕ပစ္ဒဏ္ပါ။
ဆရာဦးစုိးသိန္း တကယ္ကို အသက္ (၄ဝ) အရြယ္
သူ႕အားၾကီးနဲ႕ လက္ေမာင္းပင္႕တင္ျပီး အားကုန္လႊဲရုိက္ခဲ႕တာပါ။ ကြ်န္ေတာ္ကလူေကာင္ေသးေတာ႕
ပထမအခ်က္မွာတင္ ခံုေပၚကေနအေရွ႕ကိုဟပ္ထုိးက်မလိုျဖစ္သြားပါေသးတယ္။ သူရုိက္ခဲ႕တာ (၃)
ခ်က္တည္း။ ကြ်န္ေတာ႕ရင္ထဲမွာက်န္ခဲ႕တာ ကမၻာ (၃ဝဝ) ထက္မနည္းဘူး အခ်ိန္ကာလေတြက . .။
ေနာက္ထပ္တစ္ေယာက္ ကြ်န္ေတာ္သိပ္ခ်စ္ရတဲ႕သူငယ္ခ်င္းေဝလင္း
(အမည္လႊဲ)၊ ေနာက္တစ္ေယာက္ ေက်ာ္စြာျမင္႕ (တူးပစ္)၊ ေနာက္တစ္ေယာက္က မ်ိဳးသက္ႏုိင္ (အမည္လႊဲ)
နဲ႕ ကေလးဗုိလ္လိုအရပ္ရွည္ရွည္နဲ႕အျမဲလက္တည္႕တဲ႕ ေမာင္းေမာင္ . . ကြ်န္ေတာ္မွတ္မိတာ
ဒီ (၅) ေယာက္အရိုက္ခံရတဲ႕အထဲမွာ ကြ်န္ေတာ႕ေရွ႕ဆံုးကအရွက္ကြဲခဲ႕တာ။ ကြ်န္ေတာ္တစ္ေယာက္ကတည္းအေဖနာမည္တပ္အေခၚခံခဲ႕ရတာ။
တစ္ေက်ာင္းလံုးရဲ႕ေရွ႕ က်ား/မ သူငယ္ခ်င္းေတြအားလံုးရဲ႕ေရွ႕မွာအရိုက္ခံခဲ႕ရတာပါ။
ဆရာဦးစုိးသိန္းက ဒီေက်ာင္းသားေတြဟာေက်ာင္းမွာ
ပိုက္ဆံထည္႕တည္တဲ႕ေဂၚလီပစ္လို႕အရိုက္ခံရတာျဖစ္တယ္ . . ေနာက္ ကစားရင္ ဒီလိုထပ္အရိုက္ခံရမယ္ဆိုတာ
အားလံုးကိုေက်ေက်နပ္နပ္ၾကီးရိုက္ျပီးသြားေတာ႕မွ ေမာေမာပန္းပန္းေျပာပါတယ္။ ဆရာဒီလိုရုိက္လို႕၊
ျခိမ္းေျခာက္လို႕၊ ကြ်န္ေတာ္တို႕ (၅) ေယာက္ကိုစံျပအေနနဲ႕ဒဏ္ေပးျပလို႕ ေတာင္ၾကီး အ.လ.က
(၅) မွာ “ေဂၚလီရိုက္မႈၾကီးပေပ်ာက္သြားေလသတည္း” . . “ရႊီး” . . “ေဖ်ာင္း . . ေဖ်ာင္း
. . ေဖ်ာင္း” ေပါ႕ေလ။ ဇာတ္သိမ္းခန္းက ဒီလိုေပါ႕ . .။ ႏုိးပါကြယ္။
အရိုက္မခံရတဲ႕ေက်ာင္းသားေတြဟာ ဆရာဦးစုိးသိန္းမျမင္ေအာင္
အ.လ.က (၅) ေဘးက (အခု ဆီဆိုင္ကားဂိတ္ဖြင္႕ထားတဲ႕ေနရာ) ေမာင္းေမာင္ တို႕အိမ္ေရွ႕ကိုေရႊ႕ျပီး
သြားပစ္ၾကတယ္။ ကြ်န္ေတာ္တို႕ကစားတာမွ (၁ဝ ျပား) (ျပား ၂ဝ)။ သူတို႕ဝိုင္းေတြက ေခါင္တစ္ခ်က္ထိလိုက္ရင္
(၇ က်ပ္)၊ (၈ က်ပ္) တို႕အထိ ေၾကးေတာင္ျမင္႕လာေသးတယ္။ ဆရာဦးစိုးသိန္း ဘာေျပာလို႕ရမလဲ။
ဟုတ္တယ္ေလ။ သူေျပာတဲ႕အတိုင္း ေက်ာင္းအတြင္းမွာမကစားဘူး။
ေက်ာင္းအျပင္ သူမ်ားျခံဝန္းထဲမွာကစားတယ္။ ေက်ာင္းအခ်ိန္မကစားရဘူးေျပာတယ္ . . မကစားဘူးေလ
. . ေက်ာင္းမတက္ခင္ နဲ႕ ေက်ာင္းဆင္းတဲ႕အခ်ိန္အိမ္မျပန္ပဲ ကစားၾကတယ္။ ကြ်န္ေတာ္တို႕ကိုအသည္းအသန္ရိုက္ျပီးတဲ႕ေနာက္ပိုင္း
ထပ္အရုိက္ခံရသူေတြမၾကားရေတာ႕ဘူး။ ဟားဟား . . . သူ႕ကိုေက်ာင္းအုပ္ဆရာမၾကီးကေခၚျပီးသတိေပးတယ္ေလ။
ကြ်န္ေတာ္ေျပာခ်င္တဲ႕ယုတၱိယုတၱန္ရွိတဲ႕စဥ္းစားဆင္ျခင္ဥာဏ္-Logic
က အခုမွ လာမွာ။ ဘယ္႕ႏွယ္႕ဗ်ာ . . ဆံုးမမယ္႕သူက သူမ်ားသားသမီး၊ အသက္ (၃ဝ) ေလာက္ကြာတဲ႕ကေလးငယ္ကို
လူၾကီးအားနဲ႕ (၁) လက္မၾကိမ္လံုးနဲ႕ရိုက္ရတယ္လို႕။ ေနာက္တစ္ခုက အရွက္တရား။ အရိုက္ခံရသူေတြကရွက္စရာမဟုတ္ဘူး
. . လူအခြင္႕အေရးကိုထည္႕မစဥ္းစားပဲ သနားညွာတာစိတ္မရွိပဲ လူစိတ္မရွိေအာင္ဆံုးမသူကမွ
ရွက္စရာ။ ဆရာဦးစုိးသိန္း ရွက္မရွက္ေတာ႕မသိဘူး . . ကြ်န္ေတာ္ေတာ႕ သူ႕အစားရွက္တယ္။
သူအားေကာင္းေမာင္းသန္အာဏာထြားတုန္း အႏုိင္က်င္႕လိုက္ရလို႕ဘယ္ေလာက္ေပ်ာ္သြားခဲ႕သလဲ?
ကေလးတစ္ေယာက္ရဲ႕နာမည္ကိုမေခၚပဲ ဘာျဖစ္လို႕ ငယ္က်ိဳးငယ္နာ
အေဖနာမည္တပ္ျပီးသိကၡာခ်ရသလဲ?
ကေလးပဲ မွားတာရွိရင္ ေအးေအးေဆးေဆးေကာင္းေကာင္းမြန္မြန္ဆံုးမေပါ႕။
ဘာျဖစ္လို႕ တစ္ေက်ာင္းလံုးရဲ႕ေရွ႕မွာအားလံုးမျမင္ျမင္ေအာင္ခံုေပၚတကူးတကတက္ခုိင္းျပီးရိုက္ရသလဲ?
သူေျပာသလို (၆) တန္းႏွစ္မွာေဂၚလီရိုက္တဲ႕ကြ်န္ေတာ္
ဘာေၾကာင္႕ေခြးမျဖစ္ပဲ . . အခု အေမရိကားေရာက္လာသလဲ?
သူသိပ္ခ်ီးမႊမ္းတဲ႕ေဂၚလီမပစ္တဲ႕လက္ေရြးစင္ေက်ာင္းသားေတြဘယ္ေလာက္မ်ားေအာင္ျမင္ေနၾကသလဲ?
ေျပာခ်င္တာက ေၾကာက္ေအာင္လုပ္-ေခါင္းေဖာ္ရင္ျဖဳတ္-လႈပ္တာနဲ႕ျပဳတ္
ဆိုတဲ႕အစုိးရလက္ထက္မွာ ဒီစံနစ္ကဆရာ႕ကိုဘာေကာင္းက်ိဳးေဆာင္က်ဥ္းေပးခဲ႕ပါသလဲဆရာ?
လြန္တာရွိရင္ ဝႏၱာမိပါ ဆရာ။ ဆရာ ပင္စင္ယူျပီးေတာ႕
မိသားစုစားဝတ္ေနေရးအတြက္အလုပ္လိုလို႕ ကေမၻာဇဆရာေက်ာင္းနားမွာအလုပ္ေတာင္းတာ ကြ်န္ေတာ္သိပါတယ္ဆရာ။
ဆရာ႕တပည္႕ေတြထဲကတစ္ေယာက္ျဖစ္ခဲ႕ဖူးတဲ႕ဆရာေက်ာင္းက ဆရာ႕ကို စူဠာမုနိဘုရားေျခရင္းကသူ႕ဂိုေဒါင္ေစာင္႕ဖို႕အလုပ္ခန္႕ေပးတာလည္းကြ်န္ေတာ္ၾကားရပါတယ္ဆရာ။
ဆရာသင္ေပးတဲ႕သခ်ာၤတြက္နည္းေတြလည္း မွတ္မိသေလာက္ အေမရိကားမွာကြ်န္ေတာ္ဆက္လက္သံုးစြဲေနပါတယ္ဆရာ။
ဆရာက်န္းမာခ်မ္းသာကိုယ္စိတ္ျမဲျပီး အေၾကာက္တရားေတြကေန ကင္းေဝးပါေစေၾကာင္းဆုေတာင္းေပးပါတယ္ဆရာ။
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
04-07-2019
Unicode Version:
"တွန်းသူမေ့
လဲသူသတိရဆဲ (၇)"
အမြဲလိုလို နိုင်ငံရပ်ခြားအကြောင်း၊ နည်းပညာအကြောင်း နဲ့ စိတ်ဓါတ်ခွန်အားပေးတဲ့စာတွေရေးနေသူတစ်ယောက်အဖို့
အခုလိုငယ်ဘဝအကြောင်းတွေရေးလာတော့ ဖတ်ရှုသူတွေ အားမလိုအားမရဖြစ်တြတယ်ဆိုတာ ပြန်ကြားရတယ်။ အမှန်ပါပဲ။ အခုလို စာလေး ဘာလေးရေးတတ်တုန်း၊
တွေးတောဆင်ခြင်ဉာဏ်ကောင်းနေတုန်း၊ အသိ နဲ့ သတိတို့ရဲ့ ပကတိစိတ်အခြေအနေမှန်ကို ခွဲခြားပိုင်းဖြတ်နိုင်တုန်းအချိန်တွေမှာ လုပ်သင့်တဲ့အလုပ်ကိုလုပ်တာပါ။
တကယ်ပြန်စဉ်းစားကြည့်ရင် ခန္ဓာကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်လုပ်ခဲ့သူက
မေ့ရလွယ်တယ်။ ခံရသူဘက်ကျတော့စိတ်ထဲကအဖုအထစ်တွေကပြန်တွေးမိလိုက်တိုုင်း နာကျင်ရတယ်။
စိတ်ထဲကဒဏ်ရာတွေကိုပေးခဲ့သူ (တွန်းသူတွေ) က တစ်နေရာ တစ်ဒေသကနေ ရေးသူကျွန်တော်မသိအောင်ပြန်လည်ဖတ်ရှုမိပြီး နောင်တ နဲ့ ဆင်ခြင်စရာသင်ခန်းစာတွေရသွားစေဖို့၊
သူတို့ရဲ့နောက်မျိုးဆက်ကလေးတွေ၊ လူငယ်တွေကို အခုလိုစိတ်ဒဏ်ရာမရမိစေဖို့၊ ကျွန်တော့အတွက်လည်း
ဒီလို ကြီးကောင်ကြီးမားကျမှ ထမင်းလုံးသစ္ဆေမခြောက်စေဖို့ ဒီလိုစာမျိုးဆက်ရေးနေပါဦးမယ်။
ဒီစာစုလည်းတင်လိုက်ရော
ကျွန်တော့အကောင့်မှာ သူငယ်ချင်း-Friend တွေ ပြောင်းလဲသွားမှုတွေကိုသတိထားမိတယ်။ အခုဆို စာတကယ်ဖတ်သူတွေနဲ့နေ့စဉ်ထိတွေ့နေရတာပျော်ပါတယ်။
ကျွန်တော့ဆွေမျိုးတွေထဲကရော၊ ငယ်သူငယ်ချင်းတွေထဲကရော၊ ပြီးခဲ့တဲ့နှစ်၊ ပြီးခဲ့တဲ့လအနည်းငယ်ကသူငယ်ချင်းတွေရဲ့
ကျွန်တော့စာတွေအပေါ်မှာ ခံစားမှု-Reaction တွေနည်းလာတာ၊ တစ်ချို့ဆိုရင် လုံးဝမမြင်ရတော့တာတွေသတိထားမိတယ်။
ထားလိုက်ပါတော့ သူ့တို့ဘဝနဲ့သူတို့ကံ . . ကျွန်တော့ထိုက်နဲ့ကျွန်တော့ကံ . .။ (အခုဆောင်းပါးမှာ သူငယ်ချင်းတွေရဲ့နာမည်တွေကိုအမှန်မသုံးချင်တာ ဒီအကြောင်းတွေပါပါတယ်)
ကျွန်တော့ငယ်ဘဝကို အလယ်တန်းကျောင်းရဲ့သူငယ်တန်းတစ်ခုကနေစတင်ခဲ့တယ်။
အင်္ဂလိပ်စာကို (၅) တန်းကျမှ စသင်ရတယ်။ သချာင်္ကိုကြိုက်လွန်းလို့ ပုစ္ဆာတွေကို အမြဲလိုက်တွက်
အိမ်စာတွေအမြဲလိုက်လုပ်ခဲ့လို့ သချာင်္တော်တဲ့အထဲမှာထိပ်တန်းကအမြဲ ကျွန်တော်ပါနေခဲ့တယ်။ သချာင်္ကျတော့ (၆) တန်းမှာစသင်ရတဲ့ ဆရာဦးစိုးသိန်း ရဲ့
သင်ပုံ၊ ဟန်ပန်၊ စေတနာ နဲ့ သူ့ကိုကြောက်ရတဲ့စိတ်တွေကြောင့် အမြဲတမ်းအလုပ်လုပ်ရတယ်။
ဘယ်လောက်တောင်ကြောက်လိုက်သလဲဆိုရင် ဆရာဦးစိုးသိန်းက
ကျောင်းဒီဘက်ထိပ်ကလာနေတာကို ဟိုဘက်ထိပ်ကျွန်တော်တို့အခန်းက “မင်္ဂလာပါဆရာ” လို့ နှုတ်ဆက်ဖို့အဆင်သင့်ဖြစ်နေပြီ။
သူ့အသံက ဆူးလေဘုရားကနေလှမ်းပြောလိုက်ရင် တရားရုံးချုပ်ကနေအမှုစစ်နေတဲ့တရားသူကြီးကောင်းကောင်းကြားနိုင်လောက်တဲ့အသံမျိုး။
ဆရာဟာအသင်အပြကောင်းသလို အဆူအကြိမ်းကြမ်းတမ်းတယ်။
စိတ်မထင်ရင်မထင်သလိုလက်ပါတတ်လို့ အကောင်ကြီးတဲ့ (၈) တန်းကျောင်းသားတစ်ချို့က ဆရာ့ကို
မကြာခဏ ချဲလင်းခေါ်တာခံရဖူးတယ် . . အဲဒီခေတ်တုန်းက အဲဒီလို။ တစ်ခါတုန်းကဆို ဆရာ နားပန်ကျင်းလိုက်တဲ့ကျောင်းသားတစ်ယောက်မေ့လဲသွားလို့
ကျောင်းအုပ်ဆရာမကြီးကိုင်တွယ်ဖြေရှင်းလိုက်ရဖူးတယ်။ ဒါပေမဲ့ ဆရာသင်တဲ့စာဟာ မေ့လို့မရဘူး။ ဆရာသင်တဲ့သချာင်္ဟာစာမများဘူး
. . (၁) ပုဒ်တွက်ထားရင် (၁ဝ) ပုဒ်လောက်မှတ်မိသွားစေရမယ် ဆိုတာမျိုး ဆရာကသိပ်တော်တာ။
ကျွန်တော်တို့သူငယ်ချင်းတွေမုန့်စားကျောင်းဆင်းရင်
အလံတိုင်နားမှာ ဂေါ်လီပစ်ကြတဲ့အရွယ်ဆိုတော့ အမြဲဂေါ်လီပစ်ကြတယ်။ ဂျင်ပေါက်ကြတယ်။
အဲဒီတုန်းက ဟန်းဖုန်းလည်းမပေါ်သေး၊ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းတို့က အဖော်။ မုန့်ဖိုး (၂၅ ပြား) ပါလာသူက
သူငယ်ချင်းတွေကြားမှာထင်ပေါ်ကျော်ကြားသူပေါ့။
ဘာဖြစ်လို့လည်းဆိုတော့ ထိုဖူးတုံး (၁) တုံးကို
(၁ဝ ပြား) ပေးဝယ်လို့ရတယ် . . ဗိုက်ကိုတင်းရောပဲ။ ပိုတဲ့ (၁၅ ပြား) က သရက်ယို (၃) ထုတ်ရသေးတယ်။
ဒါပေမဲ့ အဆော့မက်တဲ့ကျွန်တော်တို့သူငယ်ချင်းတစ်စုဟာ မုန့်ဖိုးရတဲ့ပိုက်ဆံတွေကိုမုန့်မဝယ်စားပဲ
ဂေါ်လီကစားနည်းထဲ ထည့်ပစ်ကြတယ်။ ဒီလိုနဲ့ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်ဆီကို (၁)
ခါဖြစ်ရင် (၁ဝ) သက်မေ့ပစ်လို့မရတဲ့ အဖြစ်အပျက်က အကြောင်းဖန်လာပါတယ်။
တစ်ရက်တော့ ခေါင်းလောင်းသံကြားလို့ ကျောင်းအလံတိုင်နားမှာဂေါ်လီပစ်ပြီးကျောင်းလှေခါးကိုပြန်အတက်မှာ ဆရာဦးစိုးသိန်းက စောင့်ကြည်
့နေတာတွေ့ပြီး ကျွန်တော်တို့တစ်သိုက်ကြောက်ဒူးတုန်လို့ လှေခါးတောင်ကောင်းကောင်းမတက်ရဲခဲ့ပါ။
ကျောင်းအပေါ်ထပ်ရောက်ပြီးသိပ်မကြာဘူး . . လူစီ-Assembly ရှိတယ်ဆိုတာကြောင့် အောက်ထပ်လူစုကွက်လပ်ကိုပြန်ဆင်းရပါတယ်။
တစ်ကျောင်းလုံးရဲ့ကျောင်းသားတွေအလယ်တည့်တည့်မှာ ဆရာမထိုင်တဲ့ထိုင်ခုံတစ်လုံးချထားပြီး ဆရာဦးစိုးသိန်းက အထူးကြေငြာစရာတစ်ခုရှိတယ်လို့ပြောပါတယ်။
ကျွန်တော်တို့တစ်တွေအသံမထွက်ရဲပါဘူး . . အသက်အောင့်ထားကြတယ်။
တစ်ယောက်ကိုတစ်ယောက်တံတောင်နဲ့တွတ်ပြီး “ဒီတစ်ခါတော့ သွားပြီကွာ” ဆိုတဲ့အထာနဲ့ မျက်လွှာလေးတွေချထားကြတယ်။ သိပ်မကြာပါဘူး
ဆရာက ပိုင်စိုးပိုင်နင်း ကျွန်တော့အဖေနာမည်ကိုခေါ်ပြီး အရှေ့ထွက်ခိုင်းပြီး ခုံပေါ်တက်ခိုင်းတယ် . .
“ပထမဦးဆုံးထွက်လာဖို့ဖိတ်ကြားခြင်းခံ့ရသူကတော့
“ဦးစွိ-သား” ဖြစ်ပါတယ်”
သူငယ်ချင်းတွေစီနေတဲ့ကြားလမ်းလေးကနေအရှေ့ကိုကျွန်တော်လျှောက်သွားတယ်။ ခုန်ပေါ်တက်လိုက်တယ်။
အသက်ကိုအောင့်ထားလိုက်တယ်။ မျက်စိကိုမှိတ်ထားလိုက်တယ်။ ခဏလေးလည်းကြာရော “အား” ၊ “အား” ၊ “အား” . . ဆိုတဲ့အသံ (၃) ကြိမ်ဆက်တိုက်ထွက်ပေါ်လာတယ်။
ဒီအသံတွေဟာ ကျွန်တော့ရင်ထဲကကြေကွဲသံတွေပါ။
အီကွေတာအပူပတ်လမ်းကမပျော်ဝင်တဲ့ချော်ရည်ရဲ့အသံတွေပါ။ ကြယ်တာယာနဲ့အလင်းနက်တွင်းမည်းကြီးတို့တိုက်မိတဲ့အသံတွေပါ။
အသက် (၁ဝ) နှစ်အရွယ်ကျောင်းသားတစ်ယောက်ရဲ့နေမထိတဲ့တင်ပါးကို (၁) လက်မပတ်လည်ကြိမ်လုံးနဲ့ညားစေတဲ့ကမ္ဘာပြိုတဲ့ပစ်ဒဏ်ပါ။
ဆရာဦးစိုးသိန်း တကယ်ကို အသက် (၄ဝ) အရွယ် သူ့အားကြီးနဲ့
လက်မောင်းပင့်တင်ပြီး အားကုန်လွှဲရိုက်ခဲ့တာပါ။ ကျွန်တော်ကလူကောင်သေးတော့ ပထမအချက်မှာတင် ခုံပေါ်ကနေအရှေ့ကိုဟပ်ထိုးကျမလိုဖြစ်သွားပါသေးတယ်။
သူရိုက်ခဲ့တာ (၃) ချက်တည်း။ ကျွန်တော့ရင်ထဲမှာကျန်ခဲ့တာ ကမ္ဘာ (၃ဝဝ) ထက်မနည်းဘူး အချိန်ကာလတွေက . .။
နောက်ထပ်တစ်ယောက် ကျွန်တော်သိပ်ချစ်ရတဲ့သူငယ်ချင်းဝေလင်း
(အမည်လွှဲ)၊ နောက်တစ်ယောက်
ကျော်စွာမြင့် (တူးပစ်)၊ နောက်တစ်ယောက်က မျိုးသက်နိုင် (အမည်လွှဲ) နဲ့ ကလေးဗိုလ်လိုအရပ်ရှည်ရှည်နဲ့အမြဲလက်တည့်တဲ့ မောင်းမောင်
. . ကျွန်တော်မှတ်မိတာ ဒီ (၅) ယောက်အရိုက်ခံရတဲ့အထဲမှာ ကျွန်တော့ရှေ့ဆုံးကအရှက်ကွဲခဲ့တာ။ ကျွန်တော်တစ်ယောက်ကတည်းအဖေနာမည်တပ်အခေါ်ခံခဲ့ရတာ။
တစ်ကျောင်းလုံးရဲ့ရှေ့ ကျား/မ သူငယ်ချင်းတွေအားလုံးရဲ့ရှေ့မှာအရိုက်ခံခဲ့ရတာပါ။
ဆရာဦးစိုးသိန်းက ဒီကျောင်းသားတွေဟာကျောင်းမှာ ပိုက်ဆံထည့်တည်တဲ့ဂေါ်လီပစ်လို့အရိုက်ခံရတာဖြစ်တယ်
. . နောက် ကစားရင် ဒီလိုထပ်အရိုက်ခံရမယ်ဆိုတာ အားလုံးကိုကျေကျေနပ်နပ်ကြီးရိုက်ပြီးသွားတော့မှ မောမောပန်းပန်းပြောပါတယ်။ ဆရာဒီလိုရိုက်လို့၊
ခြိမ်းခြောက်လို့၊ ကျွန်တော်တို့ (၅) ယောက်ကိုစံပြအနေနဲ့ဒဏ်ပေးပြလို့ တောင်ကြီး အ.လ.က
(၅) မှာ “ဂေါ်လီရိုက်မှုကြီးပပျောက်သွားလေသတည်း” .
. “ရွှီး” . . “ဖျောင်း
. . ဖျောင်း . . ဖျောင်း” ပေါ့လေ။ ဇာတ်သိမ်းခန်းက ဒီလိုပေါ့ . .။ နိုးပါကွယ်။
အရိုက်မခံရတဲ့ကျောင်းသားတွေဟာ ဆရာဦးစိုးသိန်းမမြင်အောင်
အ.လ.က (၅) ဘေးက (အခု ဆီဆိုင်ကားဂိတ်ဖွင့်ထားတဲ့နေရာ) မောင်းမောင် တို့အိမ်ရှေ့ကိုရွှေ့ပြီး သွားပစ်ကြတယ်။ ကျွန်တော်တို့ကစားတာမှ (၁ဝ ပြား) (ပြား ၂ဝ)။ သူတို့ဝိုင်းတွေက
ခေါင်တစ်ချက်ထိလိုက်ရင် (၇ ကျပ်)၊ (၈ ကျပ်) တို့အထိ ကြေးတောင်မြင့်လာသေးတယ်။ ဆရာဦးစိုးသိန်း
ဘာပြောလို့ရမလဲ။
ဟုတ်တယ်လေ။ သူပြောတဲ့အတိုင်း ကျောင်းအတွင်းမှာမကစားဘူး။ ကျောင်းအပြင် သူများခြံဝန်းထဲမှာကစားတယ်။ ကျောင်းအချိန်မကစားရဘူးပြောတယ်
. . မကစားဘူးလေ . . ကျောင်းမတက်ခင် နဲ့ ကျောင်းဆင်းတဲ့အချိန်အိမ်မပြန်ပဲ ကစားကြတယ်။
ကျွန်တော်တို့ကိုအသည်းအသန်ရိုက်ပြီးတဲ့နောက်ပိုင်း ထပ်အရိုက်ခံရသူတွေမကြားရတော့ဘူး။
ဟားဟား . . . သူ့ကိုကျောင်းအုပ်ဆရာမကြီးကခေါ်ပြီးသတိပေးတယ်လေ။
ကျွန်တော်ပြောချင်တဲ့ယုတ္တိယုတ္တန်ရှိတဲ့စဉ်းစားဆင်ခြင်ဉာဏ်-Logic
က အခုမှ လာမှာ။ ဘယ့်နှယ့်ဗျာ . . ဆုံးမမယ့်သူက သူများသားသမီး၊
အသက် (၃ဝ) လောက်ကွာတဲ့ကလေးငယ်ကို လူကြီးအားနဲ့ (၁) လက်မကြိမ်လုံးနဲ့ရိုက်ရတယ်လို့။
နောက်တစ်ခုက အရှက်တရား။ အရိုက်ခံရသူတွေကရှက်စရာမဟုတ်ဘူး . . လူအခွင့်အရေးကိုထည့်မစဉ်းစားပဲ သနားညှာတာစိတ်မရှိပဲ လူစိတ်မရှိအောင်ဆုံးမသူကမှ ရှက်စရာ။ ဆရာဦးစိုးသိန်း ရှက်မရှက်တော့မသိဘူး . . ကျွန်တော်တော့
သူ့အစားရှက်တယ်။
သူအားကောင်းမောင်းသန်အာဏာထွားတုန်း အနိုင်ကျင့်လိုက်ရလို့ဘယ်လောက်ပျော်သွားခဲ့သလဲ?
ကလေးတစ်ယောက်ရဲ့နာမည်ကိုမခေါ်ပဲ ဘာဖြစ်လို့
ငယ်ကျိုးငယ်နာ အဖေနာမည်တပ်ပြီးသိက္ခာချရသလဲ?
ကလေးပဲ မှားတာရှိရင် အေးအေးဆေးဆေးကောင်းကောင်းမွန်မွန်ဆုံးမပေါ့။ ဘာဖြစ်လို့ တစ်ကျောင်းလုံးရဲ့ရှေ့မှာအားလုံးမမြင်မြင်အောင်ခုံပေါ်တကူးတကတက်ခိုင်းပြီးရိုက်ရသလဲ?
သူပြောသလို (၆) တန်းနှစ်မှာဂေါ်လီရိုက်တဲ့ကျွန်တော် ဘာကြောင့်ခွေးမဖြစ်ပဲ
. . အခု အမေရိကားရောက်လာသလဲ?
သူသိပ်ချီးမွှမ်းတဲ့ဂေါ်လီမပစ်တဲ့လက်ရွေးစင်ကျောင်းသားတွေဘယ်လောက်များအောင်မြင်နေကြသလဲ?
ပြောချင်တာက ကြောက်အောင်လုပ်-ခေါင်းဖော်ရင်ဖြုတ်-လှုပ်တာနဲ့ပြုတ် ဆိုတဲ့အစိုးရလက်ထက်မှာ ဒီစံနစ်ကဆရာ့ကိုဘာကောင်းကျိုးဆောင်ကျဉ်းပေးခဲ့ပါသလဲဆရာ?
လွန်တာရှိရင် ဝန္တာမိပါ ဆရာ။ ဆရာ ပင်စင်ယူပြီးတော့ မိသားစုစားဝတ်နေရေးအတွက်အလုပ်လိုလို့
ကမ္ဘောဇဆရာကျောင်းနားမှာအလုပ်တောင်းတာ ကျွန်တော်သိပါတယ်ဆရာ။ ဆရာ့တပည့်တွေထဲကတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ဆရာကျောင်းက
ဆရာ့ကို စူဠာမုနိဘုရားခြေရင်းကသူ့ဂိုဒေါင်စောင့်ဖို့အလုပ်ခန့်ပေးတာလည်းကျွန်တော်ကြားရပါတယ်ဆရာ။
ဆရာသင်ပေးတဲ့သချာင်္တွက်နည်းတွေလည်း မှတ်မိသလောက် အမေရိကားမှာကျွန်တော်ဆက်လက်သုံးစွဲနေပါတယ်ဆရာ။ ဆရာကျန်းမာချမ်းသာကိုယ်စိတ်မြဲပြီး
အကြောက်တရားတွေကနေ ကင်းဝေးပါစေကြောင်းဆုတောင်းပေးပါတယ်ဆရာ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-07-2019
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
"တြန္းသူေမ႕
လဲသူသတိရဆဲ (၈)"
ေရးေနရင္းနဲ႕ အေတြးေတြထဲကေနျပန္ထြက္လို႕မရတာ ကေလးဘဝအေၾကာင္းေတြပါပဲ။
ငယ္ငယ္တုန္းကသူမ်ားစားေနတာေတြ႕ရင္ စားခ်င္တယ္။ သူမ်ားသြားတဲ႕ေနရာေတြကုိ သြားခ်င္တယ္။
တစ္ျခားကေလးေတြလုပ္ေနတာဆိုရင္ ကိုယ္လည္းလုပ္ခ်င္တယ္။ ဒါေပမဲ႕ ဒါေတြအားလံုးက အကန္႕အသတ္နဲ႕ဆိုေတာ႕
တစ္ခုခုလုပ္ခြင္႕ရျပီဆိုရင္သိပ္ေပ်ာ္တာ။ ဒီလိုအခြင္႕အေရးေတြထဲမွာ လူသိပ္တိုးတဲ႕ႏုိင္ငံျခားရုပ္ရွင္ေတြလည္းပါသေပါ႕ဗ်ာ။
အရင္ေခတ္တုန္းက ရုပ္ရွင္ဆုိတာရုပ္ရွင္ရံုအျပင္ဘယ္ေနရာမွာမွ
ၾကည္႕ဖို႕မရွိဘူး။ ကမၻာၾကီးနဲ႕ျမန္မာႏုိင္ငံနဲ႕သံလြင္ေခ်ာင္းျခားေနတဲ႕အခါ ရုပ္ရွင္အေၾကာင္းသိခ်င္ရင္
လူၾကီးေတြငွားတဲ႕လစဥ္ထုတ္မဂၢဇင္းကုိ သူတို႕ဖတ္အျပီးေစာင္႕ရတယ္။ အဲဒီလိုအခြင္႕အေရးရဖို႕အတြက္
စာအုပ္အငွားဆုိင္မွာ လူၾကီးေတြဖတ္ဖို႕မွာထားတဲ႕စာအုပ္ကိုသြားယူေပးရင္ လမ္းေလွ်ာက္ျပန္လာရင္းၾကိဳဖတ္ရတယ္။
ကေလးဆုိေတာ႕စာအကုန္လံုးဘယ္ဖတ္ႏုိင္မလဲ။ ကာတြန္းအရုပ္ေနတြရွာဖတ္တာေပါ႕။
သူတုိ႕ဖတ္အျပီး ရုပ္ရွင္အေၾကာင္းေျပာၾကေတာ႕ သြားရည္ေတြက်လိုက္ရတာေလ။ ျပီးေတာ႕ လူၾကီးေတြနဲ႕ကပ္လုိက္ျပီးၾကည္႕ရတဲ႕
ရံုၾကီးကရုပ္ရွင္ေတြဆုိရင္ အခုအထိ တစ္သက္မေမ႕ႏုိင္ဘူး။
ေတာင္ၾကီးရဲ႕ရုပ္ရွင္ရံုေတြက ျပည္သူပိုင္မသိမ္းခင္တုန္းက
အင္မတန္ေခတ္မွီတဲ႕စက္ေတြနဲ႕တပ္ဆင္ခဲ႕တယ္လို႕ ေရွ႕မွီေနာက္မွီပုဂၢိဳလ္ေတြကေျပာျပတယ္။
အဲဒီေခတ္ကအခ်ိဳးက ျမန္မာကား (၄) ကားျပတုိင္း ႏုိင္ငံျခားကား (၁) ကားေလာက္ျပတယ္။ ဒါေၾကာင္႕
ႏုိင္ငံျခားကားျပတယ္ဆုိရင္ လူေတြက က်ိတ္က်ိတ္တိုး။ ကုလားကားဆုိရင္ ပိုလို႕သာလူမ်ားေသးတယ္။
မွတ္မွတ္ရရဆိုရင္
“ရွိဳၾကီး နဲ႕ ရွိဳေလး” ကား၊ ေခြးလိမၼာကား၊ ဂ်ပန္ကားေတြဆုိရင္ (နည္းနည္းၾကီးလာမွ)
“On the Road” တို႕ “7 Nights in Japan” နဲ႕ “Take Me Away” တို႕ သိပ္ေခတ္စားတယ္။
အဂၤလိပ္ကားေတြထဲမွာ “ငလ်င္-Earthquake” ကား၊ ကုိယ္ေပ်ာက္ကား နဲ႕ ဂ်ိန္းစ္ဘြန္း 007
ကားဆုိရင္ ရံုျပည္႕လူလွ်ံအျမဲျဖစ္တယ္။ ဒီလုိနဲ႕ ေဟာလီဝုဒ္ကစတီဗင္စပီးဘတ္ ရုိက္တဲ႕
“ငါးမန္း-JAWS” ကားရံုတင္တဲ႕အခါ . .။
အိမ္ကလူေတြနဲ႕တအုပ္ၾကီးလက္မွတ္သြားတန္းစီၾကတယ္။
လူၾကီးပိုင္းေတြက အေရွ႕ကတုိး၊ ေနရာေလးလြတ္သြားရင္ အငယ္ေတြကိုခါးၾကားေတြထဲက ၾကားထဲထုိး၊
ေရွ႕အုပ္စုကု ိထပ္တိုး၊ ၾကားျဖတ္သူေတြကိုတားမရေတာ႕ ကြ်န္ေတာ႕အိမ္ကလူၾကီးေတြလည္း ၾကားျဖတ္၊
မေလွ်ာ႕ေသာဇြဲလံု႕လ နဲ႕ ထိုင္ခံုတစ္ခုအတြက္လက္မွတ္ဝယ္ဖို႕ခ်မ္းေအးလွတဲ႕ေတာင္ၾကီးျမိဳ႕ရဲ႕ညတစ္ညကုိ
ေခြ်းတလံုးလံုးနဲ႕ေက်ာ္ျဖတ္ၾကပါတယ္။
ဒီလိုနဲ႕
လက္မွတ္ေရာင္းတဲ႕သစ္သားတန္းနားေရာက္လာလိုက္၊ အေရွ႕ပိုင္းေရာက္ေနတဲ႕အုပ္စုကျပန္တြန္းလိုက္၊
ေဘးကၾကားျဖတ္သူေယာက္်ားၾကီးေတြကတြန္းလိုက္၊ ေနာက္ဘက္ျပန္ေရာက္သြားလုိက္ နဲ႕ ကြ်န္ေတာ္တုိ႕မိသားစုတစ္ခ်ိဳ႕ကရုပ္ရွင္ရံုထဲေရာက္ေနျပီးတစ္ခ်ိဳ႕က
လက္မွတ္ေရာင္းတဲ႕နားကို မကပ္ႏုိင္ေသးပါဘူး။ အဲဒီ “ဲJAWS” ရုပ္ရွင္ကားၾကီးျပတဲ႕ေန႕က ကြ်န္ေတာ္ဟာအျပင္မွာရွိေနတုန္း
လက္မွတ္ေရာင္းတဲ႕လူတစ္ေယာက္ကအထဲကေန သံတံခါးဖြင္႕ထြက္လာျပီး . . .
“ခင္ဗ်ားတို႕ ဒီ ၃ိ/-တန္း ၄ိ/-တန္းမွာခ်ည္းတိုးမေနနဲ႕
ဟုိဘက္ျခမ္းက ၁ိ/-တန္းမွာ တံခါးဖြင္႕ေပးလိုက္ျပီ” ဆိုျပီးလာေျပာေတာ႕ အရင္သြားျပီးေနရာဦးထားမွ
. . အိမ္ကလူၾကီးေတြေနာက္ကလိုက္လာလိမ္႕မယ္ . . ဆိုတဲ႕အေတြးနဲ႕ အားလံုးထက္ဦးေအာင္ေျပးသြားလိုက္တာေပါ႕။
(အဲဒီေခတ္က ၃ိ/- တန္း ၄ိ/-တန္းၾကည္႕ႏုိင္ရင္ ေတာ္ေတာ္အဆင္႕ျမင္႕ေနျပီ)
အဲဒါနဲ႕ လူအုပ္ၾကားထဲက ေျပးထြက္၊ ရုပ္ရွင္ရံုအေနာက္ဘက္ျခမ္းကုိ
ပတ္၊ ေရေျမာင္းထဲေျခေခ်ာ္မက်ေအာင္ သတိထား၊ တစ္ပတ္ေကြ႕ျပီးတဲ႕အခါ ၁ိ/-တန္းလက္မွတ္ေရာင္းတဲ႕သံတံခါးေရွ႕ေရာက္ေတာ႕
အေမွာင္ၾကီးထဲမွာ သံအတံခါးက ပိတ္လ်က္သား။ ေနာက္ကုိလွမ္းၾကည္႕ေတာ႕ အိမ္ကဘယ္လူၾကီးမွလိုက္မလာ
. . ခဏဆက္ေစာင္႕။ သူတုိ႕လူအုပ္ၾကားထဲကထြက္မရလုိ႕ထင္တယ္ဆိုျပီး ဆက္ေစာင္႕ . . ။ ညကေမွာင္
ရံုရွင္ရံုေဒါင္႕ကရုပ္ရွင္ပိုစတာၾကီးကေလွာင္ေျပာင္ေနသေယာင္ေယာင္ . .။
မဟုတ္ေသးပါဘူး . . ငါေျပးထြက္လာတာ လူၾကီးေတြေတြ႕ေနသားပဲ
. . ဘာျဖစ္လို႕ေနာက္ က မလိုက္လာတာလဲ။ ငါ ဆက္ေစာင္႕ေနရမလား? ဟုိဘက္ ၃ိ/-တန္း ၄ိ/-တန္းကိုျပန္လုိက္သြားရမလား? ျပန္လွည္႕သြားရင္လည္း အခု ငါရထားတဲ႕ တံခါးေရွ႕ဆံုးကေနရာေလး
သူမ်ားဦးသြားမွျဖင္႕ဆိုျပီး ဇေဝဇဝါျဖစ္ေနတာ မိနစ္ပိုင္းေလးပဲၾကာတယ္ . . အေျခအေနမဟန္ဘူးဆိုျပီး
ဒီ ၃ိ/-တန္း ၄ိ/-တန္းဘက္ကုိျပန္လိုက္သြားတဲ႕အခါ . .။
ဟာ . . ဒီဘက္မွာလည္း တံခါးၾကီးပိတ္လို႕ပါလား။
အထဲမွာ ရုပ္ရွင္က ျပေနျပီ။ အေမရိကန္ငါးမန္းလည္း ကုိက္ေနေလာက္ျပီ။ အိမ္ကလူၾကီးေတြဘယ္ေရာက္သြားတာတုန္း။
အိမ္ပဲျပန္ရမလား? အျပင္မွာပဲ ရုပ္ရွင္အျပီးအထိထုိင္ေစာင္႕ရမလား? ငါးမန္းကိုက္တာမၾကည္႕ရေပမယ္႕
ေတာင္ၾကီးျမိဳ႕ရဲ႕ေဆာင္းတြင္းအေအးကိုက္လို႕အေသခံလိုက္ရမလား? ကြ်န္ေတာ္မေတြးတတ္ေတာ႕ဘူး။
ေနာက္ဆံုး ဘာမွမလုပ္တတ္ေတာ႕လို႕ ေလးလံတဲ႕ေျခလွမ္းေတြကိုအတင္းဆြဲမရင္း ၁ိ/ တန္းဘက္ကိုျပန္ထြက္လာခဲ႕တယ္။
တံခါးက ပိတ္ထားဆဲ၊ ညအေရာင္က ေမွာင္ေနဆဲ၊ ပုိစတာဆိုင္းဘုတ္ၾကီးထဲကငါးမန္းၾကီးက ေလွာင္ေနဆဲ။
အဲဒီအသက္အရြယ္တုန္းက မငုိတတ္ဘူးလို႕ ကြ်န္ေတာ္တစ္ခါမွမေျပာဖူးပါဘူး။
သိပ္ျပီး သတိၱရွိတယ္လို႕လည္း မေျပာခဲ႕ဖူးပါဘူး။ ဟုတ္တယ္ . . ကေလးအရြယ္မို႕လို႕ငိုခဲ႕တယ္။
လူၾကီးေတြမရွိေတာ႕အိမ္မျပန္တတ္ဘူး။ အေမွာင္ထဲမွာဆို ပိုဆိုးတယ္။ အထူးသျဖင္႕ ျမသုခရံုရဲ႕အေနာက္ေပါက္လမ္းၾကားေလးက
ညေမွာင္ရင္သိပ္ေၾကာက္ဖို႕ေကာင္းတာ။ ညကတိတ္ဆိတ္သေလာက္ ရင္ထဲမွာဗေလာင္ဆူေနဆဲ။ ဒါေပမဲ႕
စကားသံအက်ယ္ၾကီးတစ္ခုက ကြ်န္ေတာ႕ရင္ကိုလႈပ္ခတ္လိုက္တယ္ “ေကာင္ေလး . . တစ္ေယာက္တည္း
ဘာလို႕ငိုေနတာလဲ? မင္းလူၾကီးေတြဘယ္မွာလဲ?”
ကြ်န္ေတာ္ ဇာတ္ေၾကာင္းကုန္စင္ရွင္းျပလုိက္ေတာ႕
လက္ထဲမွာေသာ႕ေတြအမ်ားၾကီးပါတဲ႕ေသာ႕ခ်ိတ္ၾကီးတခြ်င္ခြ်င္မည္ေအာင္လမ္းေလွ်ာက္လာတဲ႕ဦးေလးၾကီးတစ္ေယာက္က
ကြ်န္ေတာ႕ကိုရုပ္ရွင္ရံုတံခါးဖြင္႕ေပးတယ္။ အထဲဝင္သြားျပီး လူၾကီးေတြကိုရွာဖို႕ေျပာတယ္။
ဒါနဲ႕ ကြ်န္ေတာ္လည္း နဂုိကတည္းကအေမွာင္ေၾကာက္ပါတယ္ဆုိမွ
ရုပ္ရွင္ရံုေမွာင္ေမွာင္ၾကီးထဲဝင္၊ ေနရာၾကည္႕လုိက္ေတာ႕ အေရွ႕မွာ ၅ဝါး တန္း၊ ျပီးေတာ႕
၁ိ/-တန္းပဲေတြ႕တယ္။ အဲဒါနဲ႕ေနရာလြတ္ေတြအမ်ားၾကီးထဲကတစ္ေနရာကုိယူျပီးဝင္ထိုင္ရင္း အေနာက္ဘက္ကုိလွည္႕ျပီး
လူၾကီးေတြကိုလွမ္းရွာတယ္။ အငိုကမတိတ္ေသးဘူး . . လူက ရွိဳက္ေနုတုန္း၊ ေၾကာက္စိတ္ေတြကေျခာက္လွန္႕ေနတုန္း။
ရုပ္ရွင္ပိတ္ကားဘက္ျပန္လွည္႕လိုက္ေတာ႕ “ဒုိင္း” ၊ “ဗြမ္း” နဲ႕ ကြ်န္ေတာ္ေသသြားျပီလား
. .?
လူကေၾကာက္ေနပါတယ္ဆုိမွ ပိတ္ကားဘက္အလွည္႕မွာ
ငါးမန္းအဟပ္နဲ႕ ကြက္တိ . . ေသရာပါေလာက္ေအာင္လန္႕လုိက္တာဗ်ာ . . ဝိဥာဥ္ပါးပါးေလးဆို
ေၾကြတာၾကာျပီ။ ေနာက္တစ္ေခါက္သာထပ္ၾကံဳရရင္ ေသတာၾကာျပီ။ ျပီးေတာ႕ ၅ဝါး တန္း နဲ႕ ၁ိ/-တန္းတို႕က
ရုပ္ရွင္ပိတ္ကားကိုေအာက္ကေနေမာ႕ၾကည္႕ရတာ။ ကြ်န္ေတာ္ထုိင္ေနတာကတစ္ေစာင္းေလး အေနာက္ကုိလူရွာေနတာနဲ႕ဆိုေတာ႕
ျပန္အလွည္႕မွာ ယူနီဗာဆယ္စတူဒီယုိက ငါးမန္းက 3D Effect နဲ႕ စ်န္ၾကြဝင္ေရာက္လာတာ အဲဒီေခတ္ကတည္းကရွိခဲ႕တာေနမယ္။
ရုပ္ရွင္ကသာဆက္ၾကည္႕ေနတာ ပိတ္ကားၾကီးကအေစာင္းၾကီး၊
ဇာတ္လမ္းကဘာမွမသိ . . အဂၤလိပ္စကားကလည္းနားမလည္ တကယ္႕ကိုတစိမ္းၾကီး၊ လန္႕ေနတာၾကာလို႕
လူကလည္းတလွပ္လွပ္နဲ႕ ခုန္ေပၚမွာတန္းလန္းၾကီး။ အဲဒီလိုဆက္ၾကည္႕ေနရင္း၊ ေတာင္စဥ္ေရမရအေတြးနက္ထဲမွာက်င္လည္ေနရင္း၊
မ်က္ရည္ေလးေတြတိတ္ခါစျပဳေတာ႕ အေနာက္ကေန လက္မည္းၾကီးတစ္ေခ်ာင္းက ကြ်န္ေတာ႕ပုခံုးကုိလွမ္းဆြဲလုိက္တယ္
. . “အမေလး . .”
လွည္႕ၾကည္႕လုိက္ေတာ႕ ရုပ္ရွင္ရံုအေပၚထပ္ေရာက္ေနတဲ႕
အိမ္ကလူၾကီးေတြကြ်န္ေတာ႕ကိုေတြ႕သြားလို႕လာေခၚတာကိုး . . ေတာ္ေသးတာေပါ႕။ အမေလးေလး အခုမွ
တကယ္႕ အမေလး . .။ သူတုိ႕နဲ႕အေပၚထပ္ခံုေတြကိုလုိက္သြားရလုိ႕ ေပ်ာ္လိုက္တာ။ ရုပ္ရွင္ရံုထဲမွာျဖစ္လို႕
စကားက်ယ္က်ယ္မေျပာရဘူး။ တိုးတုိးေျပာေတာ႕လည္း မၾကားရဘူး။
ဒါနဲ႕ အိမ္ကလူၾကီးတစ္ေယာက္က နားနားကပ္ျပီး
ၾကားေအာင္ေျပာတယ္ “နင္ ေသခ်င္ေနလို႕လား? နင္႕ကို ဘယ္သူကလွ်ာရွည္ျပီး ဟုိဘက္လက္မွတ္ေရာင္းတဲ႕ေနရာေျပးသြားခုိင္းလို႕လဲ?
ေပ်ာက္သြားရင္ဘယ္လိုလုပ္မလဲ? ေသခ်င္းဆိုးေလး။ ရုပ္ရွင္ၾကည္႕တာ ေကာင္းေကာင္းကိုမၾကည္႕ရဘူး။
သူ႕ကုိပဲ လုိက္ရွာေနရတယ္” ဆုိျပီး ေနာက္ထပ္အသံတစ္သံထြက္ေပၚလာပါတယ္ “အား . .” ကြ်န္ေတာ႕ကုိဗိုက္ေခါက္ဆြဲလိမ္လုိက္တာပါ။
ဒီတစ္ခါေတာ႕ ဘာလုပ္ရမယ္ဆိုတာကိုမသိေတာ႕ဘူး။ မ်က္ရည္ေတြဒလေဟာက်၊ ဇာတ္လမ္းက ရင္ကြဲနာက်၊
ရုပ္ရွင္ထဲက ငါးမန္းလည္းေသနတ္ထိလို႕ဒဏ္ရာရ။
အမွန္ကေတာ႕ ကြ်န္ေတာ႕အျပစ္ပါ။ လိမ္ညာတတ္တဲ႕ရုပ္ရွင္လက္မွတ္ေရာင္းသူတစ္ေယာက္ရဲ႕လွည္႕ျဖားမႈကုိ
ကေလးအရြယ္ ကြ်န္ေတာ္ကတကယ္ထင္သြားခဲဲ႕တာကုိး။ သူကေတာ႕လက္မွတ္ေရာင္းတဲ႕ေကာင္တာမွာလူေတြတုိးၾကိတ္ေနတာေလ်ာ႕သြားရင္ျပီးေရာဆိုတဲ႕သေဘာနဲ႕
တြန္းလိုက္တာ။ ကြ်န္ေတာ္ကေတာ႕ သေဘာရိုးနဲ႕ကေလးပီပီ ခပ္သြက္သြက္ေျပးသြားမိရင္း လဲက်သြားခဲ႕ရတာ။
ကေလးအရြယ္ဆိုေတာ႕ ကေလးလုိပဲေနပါတယ္။ ကေလးေလာက္ပဲ စဥ္းစားတတ္ပါတယ္။ ကေလးလိုပဲ အေပ်ာ္ၾကိဳက္ပါတယ္။
ကေလးလုိပဲ လူၾကီးမရွိရင္ မေနတတ္ပါဘူး။
ဒီကေနရခဲ႕တဲ႕သင္ခန္းစာကေတာ႕ ေျပာမျပတတ္ေအာင္ပါပဲ။
ညဘက္ဆို အိမ္ေရွ႕ကျခံၾကီးထဲကသစ္ပင္ေတြေလတုိက္ေတာ႕အပင္အခ်င္းခ်င္း ခ်က္တင္ဝင္တာကုိ သရဲထင္တယ္။
ညေအးေအးမွာ ေလေျပေသြးတဲ႕အသံကုိ သေစၦေတြေခၚတဲ႕အသံဗလံလုိ႕ထင္တယ္။ ညဘက္မီးမဖြင္႕ထားရင္တစ္ေယာက္တည္းဘယ္ေနရွာမွမသြားရဲဘူး
. . အေမွာင္ထဲမွာေၾကာက္စရာတစ္ခုခုအျမဲရွိေနတယ္လို႕ထင္ေနတယ္။ ျခင္ေထာင္ခ်ထားေပမယ္႕ လူၾကီးတစ္ေယာက္မပါရင္
တစ္ေယာက္တည္းမအိပ္ရဲဘူး။ ဒါကေတာ႕ လိမ္လည္လွည္႕ဖ်ားခံရျခင္း နဲ႕ အေျခာက္လွန္႕ခံရျခင္းတုိ႕ရဲ႕ေဘးထြက္အာနိသင္ေတြဆုိတာ
ရုပ္ရွင္လက္မွတ္ေရာင္းခဲ႕သူ (အမည္မသိ) တစ္ေယာက္ကေတာ႕ ျပန္လည္ၾကားသိနားလည္ႏုိင္မယ္မထင္ေတာ႕ပါဘူး။
ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
04-13-2019
Unicode Version:
"တွန်းသူမေ့
လဲသူသတိရဆဲ (၈)"
ရေးနေရင်းနဲ့ အတွေးတွေထဲကနေပြန်ထွက်လို့မရတာ
ကလေးဘဝအကြောင်းတွေပါပဲ။ ငယ်ငယ်တုန်းကသူများစားနေတာတွေ့ရင် စားချင်တယ်။ သူများသွားတဲ့နေရာတွေကို
သွားချင်တယ်။ တစ်ခြားကလေးတွေလုပ်နေတာဆိုရင် ကိုယ်လည်းလုပ်ချင်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက
အကန့်အသတ်နဲ့ဆိုတော့ တစ်ခုခုလုပ်ခွင့်ရပြီဆိုရင်သိပ်ပျော်တာ။ ဒီလိုအခွင့်အရေးတွေထဲမှာ လူသိပ်တိုးတဲ့နိုင်ငံခြားရုပ်ရှင်တွေလည်းပါသပေါ့ဗျာ။
အရင်ခေတ်တုန်းက ရုပ်ရှင်ဆိုတာရုပ်ရှင်ရုံအပြင်ဘယ်နေရာမှာမှ
ကြည့်ဖို့မရှိဘူး။ ကမ္ဘာကြီးနဲ့မြန်မာနိုင်ငံနဲ့သံလွင်ချောင်းခြားနေတဲ့အခါ
ရုပ်ရှင်အကြောင်းသိချင်ရင် လူကြီးတွေငှားတဲ့လစဉ်ထုတ်မဂ္ဂဇင်းကို သူတို့ဖတ်အပြီးစောင့်ရတယ်။ အဲဒီလိုအခွင့်အရေးရဖို့အတွက်
စာအုပ်အငှားဆိုင်မှာ
လူကြီးတွေဖတ်ဖို့မှာထားတဲ့စာအုပ်ကိုသွားယူပေးရင် လမ်းလျှောက်ပြန်လာရင်းကြိုဖတ်ရတယ်။
ကလေးဆိုတော့စာအကုန်လုံးဘယ်ဖတ်နိုင်မလဲ။ ကာတွန်းအရုပ်နေတွရှာဖတ်တာပေါ့။ သူတို့ဖတ်အပြီး ရုပ်ရှင်အကြောင်းပြောကြတော့
သွားရည်တွေကျလိုက်ရတာလေ။ ပြီးတော့ လူကြီးတွေနဲ့ကပ်လိုက်ပြီးကြည့်ရတဲ့ ရုံကြီးကရုပ်ရှင်တွေဆိုရင် အခုအထိ တစ်သက်မမေ့နိုင်ဘူး။
တောင်ကြီးရဲ့ရုပ်ရှင်ရုံတွေက
ပြည်သူပိုင်မသိမ်းခင်တုန်းက အင်မတန်ခေတ်မှီတဲ့စက်တွေနဲ့တပ်ဆင်ခဲ့တယ်လို့ ရှေ့မှီနောက်မှီပုဂ္ဂိုလ်တွေကပြောပြတယ်။
အဲဒီခေတ်ကအချိုးက မြန်မာကား (၄) ကားပြတိုင်း နိုင်ငံခြားကား (၁) ကားလောက်ပြတယ်။ ဒါကြောင့်
နိုင်ငံခြားကားပြတယ်ဆိုရင် လူတွေက ကျိတ်ကျိတ်တိုး။ ကုလားကားဆိုရင် ပိုလို့သာလူများသေးတယ်။
မှတ်မှတ်ရရဆိုရင် “ရှိုကြီး နဲ့ ရှိုလေး” ကား၊ ခွေးလိမ္မာကား၊ ဂျပန်ကားတွေဆိုရင်
(နည်းနည်းကြီးလာမှ)
“On the Road” တို့ “7 Nights in Japan” နဲ့ “Take Me Away” တို့ သိပ်ခေတ်စားတယ်။
အင်္ဂလိပ်ကားတွေထဲမှာ “ငလျင်-Earthquake” ကား၊ ကိုယ်ပျောက်ကား
နဲ့ ဂျိန်းစ်ဘွန်း 007 ကားဆိုရင် ရုံပြည့်လူလျှံအမြဲဖြစ်တယ်။ ဒီလိုနဲ့ ဟောလီဝုဒ်ကစတီဗင်စပီးဘတ်
ရိုက်တဲ့ “ငါးမန်း-JAWS” ကားရုံတင်တဲ့အခါ . .။
အိမ်ကလူတွေနဲ့တအုပ်ကြီးလက်မှတ်သွားတန်းစီကြတယ်။ လူကြီးပိုင်းတွေက အရှေ့ကတိုး၊ နေရာလေးလွတ်သွားရင် အငယ်တွေကိုခါးကြားတွေထဲက ကြားထဲထိုး၊
ရှေ့အုပ်စုကု ိထပ်တိုး၊ ကြားဖြတ်သူတွေကိုတားမရတော့
ကျွန်တော့အိမ်ကလူကြီးတွေလည်း ကြားဖြတ်၊ မလျှော့သောဇွဲလုံ့လ နဲ့ ထိုင်ခုံတစ်ခုအတွက်လက်မှတ်ဝယ်ဖို့ချမ်းအေးလှတဲ့တောင်ကြီးမြို့ရဲ့ညတစ်ညကို ချွေးတလုံးလုံးနဲ့ကျော်ဖြတ်ကြပါတယ်။
ဒီလိုနဲ့
လက်မှတ်ရောင်းတဲ့သစ်သားတန်းနားရောက်လာလိုက်၊
အရှေ့ပိုင်းရောက်နေတဲ့အုပ်စုကပြန်တွန်းလိုက်၊
ဘေးကကြားဖြတ်သူယောက်ျားကြီးတွေကတွန်းလိုက်၊ နောက်ဘက်ပြန်ရောက်သွားလိုက် နဲ့ ကျွန်တော်တို့မိသားစုတစ်ချို့ကရုပ်ရှင်ရုံထဲရောက်နေပြီးတစ်ချို့က လက်မှတ်ရောင်းတဲ့နားကို
မကပ်နိုင်သေးပါဘူး။ အဲဒီ “ဲJAWS” ရုပ်ရှင်ကားကြီးပြတဲ့နေ့က ကျွန်တော်ဟာအပြင်မှာရှိနေတုန်း လက်မှတ်ရောင်းတဲ့လူတစ်ယောက်ကအထဲကနေ သံတံခါးဖွင့်ထွက်လာပြီး
. . .
“ခင်ဗျားတို့ ဒီ ၃ိ/-တန်း ၄ိ/-တန်းမှာချည်းတိုးမနေနဲ့ ဟိုဘက်ခြမ်းက ၁ိ/-တန်းမှာ တံခါးဖွင့်ပေးလိုက်ပြီ” ဆိုပြီးလာပြောတော့ အရင်သွားပြီးနေရာဦးထားမှ . . အိမ်ကလူကြီးတွေနောက်ကလိုက်လာလိမ့်မယ်
. . ဆိုတဲ့အတွေးနဲ့ အားလုံးထက်ဦးအောင်ပြေးသွားလိုက်တာပေါ့။ (အဲဒီခေတ်က ၃ိ/- တန်း ၄ိ/-တန်းကြည့်နိုင်ရင်
တော်တော်အဆင့်မြင့်နေပြီ)
အဲဒါနဲ့ လူအုပ်ကြားထဲက ပြေးထွက်၊ ရုပ်ရှင်ရုံအနောက်ဘက်ခြမ်းကို ပတ်၊ ရေမြောင်းထဲခြေချော်မကျအောင် သတိထား၊
တစ်ပတ်ကွေ့ပြီးတဲ့အခါ ၁ိ/-တန်းလက်မှတ်ရောင်းတဲ့သံတံခါးရှေ့ရောက်တော့ အမှောင်ကြီးထဲမှာ သံအတံခါးက ပိတ်လျက်သား။ နောက်ကိုလှမ်းကြည့်တော့
အိမ်ကဘယ်လူကြီးမှလိုက်မလာ . . ခဏဆက်စောင့်။ သူတို့လူအုပ်ကြားထဲကထွက်မရလို့ထင်တယ်ဆိုပြီး
ဆက်စောင့် . . ။ ညကမှောင် ရုံရှင်ရုံဒေါင့်ကရုပ်ရှင်ပိုစတာကြီးကလှောင်ပြောင်နေသယောင်ယောင် . .။
မဟုတ်သေးပါဘူး . . ငါပြေးထွက်လာတာ လူကြီးတွေတွေ့နေသားပဲ
. . ဘာဖြစ်လို့နောက် က မလိုက်လာတာလဲ။ ငါ ဆက်စောင့်နေရမလား? ဟိုဘက် ၃ိ/-တန်း ၄ိ/-တန်းကိုပြန်လိုက်သွားရမလား? ပြန်လှည့်သွားရင်လည်း အခု ငါရထားတဲ့ တံခါးရှေ့ဆုံးကနေရာလေး သူများဦးသွားမှဖြင့်ဆိုပြီး ဇဝေဇဝါဖြစ်နေတာ မိနစ်ပိုင်းလေးပဲကြာတယ်
. . အခြေအနေမဟန်ဘူးဆိုပြီး ဒီ ၃ိ/-တန်း ၄ိ/-တန်းဘက်ကိုပြန်လိုက်သွားတဲ့အခါ . .။
ဟာ . . ဒီဘက်မှာလည်း
တံခါးကြီးပိတ်လို့ပါလား။ အထဲမှာ ရုပ်ရှင်က
ပြနေပြီ။ အမေရိကန်ငါးမန်းလည်း ကိုက်နေလောက်ပြီ။ အိမ်ကလူကြီးတွေဘယ်ရောက်သွားတာတုန်း။
အိမ်ပဲပြန်ရမလား? အပြင်မှာပဲ ရုပ်ရှင်အပြီးအထိထိုင်စောင့်ရမလား?
ငါးမန်းကိုက်တာမကြည့်ရပေမယ့် တောင်ကြီးမြို့ရဲ့ဆောင်းတွင်းအအေးကိုက်လို့အသေခံလိုက်ရမလား?
ကျွန်တော်မတွေးတတ်တော့ဘူး။ နောက်ဆုံး ဘာမှမလုပ်တတ်တော့လို့ လေးလံတဲ့ခြေလှမ်းတွေကိုအတင်းဆွဲမရင်း ၁ိ/
တန်းဘက်ကိုပြန်ထွက်လာခဲ့တယ်။ တံခါးက ပိတ်ထားဆဲ၊ ညအရောင်က မှောင်နေဆဲ၊
ပိုစတာဆိုင်းဘုတ်ကြီးထဲကငါးမန်းကြီးက လှောင်နေဆဲ။
အဲဒီအသက်အရွယ်တုန်းက မငိုတတ်ဘူးလို့ ကျွန်တော်တစ်ခါမှမပြောဖူးပါဘူး။ သိပ်ပြီး သတ္တိရှိတယ်လို့လည်း မပြောခဲ့ဖူးပါဘူး။ ဟုတ်တယ်
. . ကလေးအရွယ်မို့လို့ငိုခဲ့တယ်။ လူကြီးတွေမရှိတော့အိမ်မပြန်တတ်ဘူး။ အမှောင်ထဲမှာဆို ပိုဆိုးတယ်။ အထူးသဖြင့် မြသုခရုံရဲ့အနောက်ပေါက်လမ်းကြားလေးက
ညမှောင်ရင်သိပ်ကြောက်ဖို့ကောင်းတာ။ ညကတိတ်ဆိတ်သလောက်
ရင်ထဲမှာဗလောင်ဆူနေဆဲ။ ဒါပေမဲ့ စကားသံအကျယ်ကြီးတစ်ခုက
ကျွန်တော့ရင်ကိုလှုပ်ခတ်လိုက်တယ် “ကောင်လေး . . တစ်ယောက်တည်း
ဘာလို့ငိုနေတာလဲ? မင်းလူကြီးတွေဘယ်မှာလဲ?”
ကျွန်တော် ဇာတ်ကြောင်းကုန်စင်ရှင်းပြလိုက်တော့ လက်ထဲမှာသော့တွေအများကြီးပါတဲ့သော့ချိတ်ကြီးတချွင်ချွင်မည်အောင်လမ်းလျှောက်လာတဲ့ဦးလေးကြီးတစ်ယောက်က ကျွန်တော့ကိုရုပ်ရှင်ရုံတံခါးဖွင့်ပေးတယ်။ အထဲဝင်သွားပြီး လူကြီးတွေကိုရှာဖို့ပြောတယ်။
ဒါနဲ့ ကျွန်တော်လည်း နဂိုကတည်းကအမှောင်ကြောက်ပါတယ်ဆိုမှ
ရုပ်ရှင်ရုံမှောင်မှောင်ကြီးထဲဝင်၊ နေရာကြည့်လိုက်တော့ အရှေ့မှာ ၅ဝါး တန်း၊ ပြီးတော့ ၁ိ/-တန်းပဲတွေ့တယ်။ အဲဒါနဲ့နေရာလွတ်တွေအများကြီးထဲကတစ်နေရာကိုယူပြီးဝင်ထိုင်ရင်း
အနောက်ဘက်ကိုလှည့်ပြီး လူကြီးတွေကိုလှမ်းရှာတယ်။ အငိုကမတိတ်သေးဘူး . . လူက ရှိုက်နေုတုန်း၊ ကြောက်စိတ်တွေကခြောက်လှန့်နေတုန်း။
ရုပ်ရှင်ပိတ်ကားဘက်ပြန်လှည့်လိုက်တော့ “ဒိုင်း” ၊ “ဗွမ်း” နဲ့ ကျွန်တော်သေသွားပြီလား .
.?
လူကကြောက်နေပါတယ်ဆိုမှ ပိတ်ကားဘက်အလှည့်မှာ ငါးမန်းအဟပ်နဲ့ ကွက်တိ . . သေရာပါလောက်အောင်လန့်လိုက်တာဗျာ
. . ဝိဉာဉ်ပါးပါးလေးဆို ကြွေတာကြာပြီ။ နောက်တစ်ခေါက်သာထပ်ကြုံရရင် သေတာကြာပြီ။ ပြီးတော့
၅ဝါး တန်း နဲ့ ၁ိ/-တန်းတို့က ရုပ်ရှင်ပိတ်ကားကိုအောက်ကနေမော့ကြည့်ရတာ။
ကျွန်တော်ထိုင်နေတာကတစ်စောင်းလေး အနောက်ကိုလူရှာနေတာနဲ့ဆိုတော့ ပြန်အလှည့်မှာ ယူနီဗာဆယ်စတူဒီယိုက ငါးမန်းက 3D
Effect နဲ့ စျန်ကြွဝင်ရောက်လာတာ အဲဒီခေတ်ကတည်းကရှိခဲ့တာနေမယ်။
ရုပ်ရှင်ကသာဆက်ကြည့်နေတာ ပိတ်ကားကြီးကအစောင်းကြီး၊
ဇာတ်လမ်းကဘာမှမသိ . . အင်္ဂလိပ်စကားကလည်းနားမလည်
တကယ့်ကိုတစိမ်းကြီး၊ လန့်နေတာကြာလို့ လူကလည်းတလှပ်လှပ်နဲ့
ခုန်ပေါ်မှာတန်းလန်းကြီး။ အဲဒီလိုဆက်ကြည့်နေရင်း၊
တောင်စဉ်ရေမရအတွေးနက်ထဲမှာကျင်လည်နေရင်း၊ မျက်ရည်လေးတွေတိတ်ခါစပြုတော့
အနောက်ကနေ လက်မည်းကြီးတစ်ချောင်းက ကျွန်တော့ပုခုံးကိုလှမ်းဆွဲလိုက်တယ်
. . “အမလေး . .”
လှည့်ကြည့်လိုက်တော့ ရုပ်ရှင်ရုံအပေါ်ထပ်ရောက်နေတဲ့ အိမ်ကလူကြီးတွေကျွန်တော့ကိုတွေ့သွားလို့လာခေါ်တာကိုး
. . တော်သေးတာပေါ့။ အမလေးလေး အခုမှ
တကယ့် အမလေး . .။ သူတို့နဲ့အပေါ်ထပ်ခုံတွေကိုလိုက်သွားရလို့ ပျော်လိုက်တာ။ ရုပ်ရှင်ရုံထဲမှာဖြစ်လို့ စကားကျယ်ကျယ်မပြောရဘူး။
တိုးတိုးပြောတော့လည်း မကြားရဘူး။
ဒါနဲ့ အိမ်ကလူကြီးတစ်ယောက်က နားနားကပ်ပြီး
ကြားအောင်ပြောတယ် “နင် သေချင်နေလို့လား? နင့်ကို ဘယ်သူကလျှာရှည်ပြီး ဟိုဘက်လက်မှတ်ရောင်းတဲ့နေရာပြေးသွားခိုင်းလို့လဲ?
ပျောက်သွားရင်ဘယ်လိုလုပ်မလဲ? သေချင်းဆိုးလေး။ ရုပ်ရှင်ကြည့်တာ ကောင်းကောင်းကိုမကြည့်ရဘူး။
သူ့ကိုပဲ လိုက်ရှာနေရတယ်” ဆိုပြီး နောက်ထပ်အသံတစ်သံထွက်ပေါ်လာပါတယ်
“အား . .” ကျွန်တော့ကိုဗိုက်ခေါက်ဆွဲလိမ်လိုက်တာပါ။ ဒီတစ်ခါတော့ ဘာလုပ်ရမယ်ဆိုတာကိုမသိတော့ဘူး။
မျက်ရည်တွေဒလဟောကျ၊ ဇာတ်လမ်းက ရင်ကွဲနာကျ၊ ရုပ်ရှင်ထဲက ငါးမန်းလည်းသေနတ်ထိလို့ဒဏ်ရာရ။
အမှန်ကတော့ ကျွန်တော့အပြစ်ပါ။ လိမ်ညာတတ်တဲ့ရုပ်ရှင်လက်မှတ်ရောင်းသူတစ်ယောက်ရဲ့လှည့်ဖြားမှုကို ကလေးအရွယ် ကျွန်တော်ကတကယ်ထင်သွားခဲဲ့တာကိုး။
သူကတော့လက်မှတ်ရောင်းတဲ့ကောင်တာမှာလူတွေတိုးကြိတ်နေတာလျော့သွားရင်ပြီးရောဆိုတဲ့သဘောနဲ့ တွန်းလိုက်တာ။
ကျွန်တော်ကတော့ သဘောရိုးနဲ့ကလေးပီပီ ခပ်သွက်သွက်ပြေးသွားမိရင်း လဲကျသွားခဲ့ရတာ။ ကလေးအရွယ်ဆိုတော့
ကလေးလိုပဲနေပါတယ်။ ကလေးလောက်ပဲ စဉ်းစားတတ်ပါတယ်။ ကလေးလိုပဲ အပျော်ကြိုက်ပါတယ်။ ကလေးလိုပဲ
လူကြီးမရှိရင် မနေတတ်ပါဘူး။
ဒီကနေရခဲ့တဲ့သင်ခန်းစာကတော့ ပြောမပြတတ်အောင်ပါပဲ။
ညဘက်ဆို အိမ်ရှေ့ကခြံကြီးထဲကသစ်ပင်တွေလေတိုက်တော့အပင်အချင်းချင်း
ချက်တင်ဝင်တာကို သရဲထင်တယ်။ ညအေးအေးမှာ လေပြေသွေးတဲ့အသံကို သစ္ဆေတွေခေါ်တဲ့အသံဗလံလို့ထင်တယ်။
ညဘက်မီးမဖွင့်ထားရင်တစ်ယောက်တည်းဘယ်နေရှာမှမသွားရဲဘူး . . အမှောင်ထဲမှာကြောက်စရာတစ်ခုခုအမြဲရှိနေတယ်လို့ထင်နေတယ်။ ခြင်ထောင်ချထားပေမယ့် လူကြီးတစ်ယောက်မပါရင်
တစ်ယောက်တည်းမအိပ်ရဲဘူး။ ဒါကတော့ လိမ်လည်လှည့်ဖျားခံရခြင်း နဲ့ အခြောက်လှန့်ခံရခြင်းတို့ရဲ့ဘေးထွက်အာနိသင်တွေဆိုတာ ရုပ်ရှင်လက်မှတ်ရောင်းခဲ့သူ (အမည်မသိ) တစ်ယောက်ကတော့
ပြန်လည်ကြားသိနားလည်နိုင်မယ်မထင်တော့ပါဘူး။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-13-2019
No comments:
Post a Comment