ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, January 11, 2020

ပြောင်းလဲလာတဲ့ အမေရိကန် လ.ဝ.က ရဲ့ စည်းမျဉ်းအသစ်တစ်ချို့

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)


          (၂ဝ၁၉) မှာ အသက်ဝင်ခဲ့တဲ့ သမ္မတထရမ့်အစိုးရရဲ့ပြောင်းလဲမှုဥပဒေတွေထဲက (၂ဝ၂ဝ) ခုနှစ်ကိုအကျိုးသက်ရောက်စေတဲ့အချက်တွေထဲက (၄) ခု ကို ထုတ်နှုတ်ရေးသားပြပါရစေ။ ဒီအထဲမှာ အမေရိကားကိုတရားဝင်နေထိုင်နေပြီးသား အသစ်ပြောင်းရွှေ့သူ-New Immigrants တွေ မလွဲမသွေလိုက်နာရမယ့်ဥပဒေသစ်တွေပါနေပါတယ်။ နည်းနိုင်သမျှနည်းအောင်ကြိုးစားနေတဲ့ပြည်ဝင်ခွင့် နဲ့ ဆွဲထားနိုင်သမျှဆွဲဆန့်ချင်နေတဲ့လုပ်ဆောင်ပုံအဆင့်ဆင့်တွေဟာ အမေရိကန်နယ်စပ်လုံခြုံရေးဝန်ကြီးဋ္ဌာနရဲ့သြဇာကိုပိုမိုကြီးထွားလာစေပြီး တရားဝင်ပြောင်းရွှေ့လိုသူတွေရဲ့အကျိုးခံစားခွင့်-Benefit တွေကို လျှော့ချလိုပုံရပါတယ်။

 ကောက်ခံတဲ့ဝန်ဆောင်ခတွေတိုးမြင့်လာနိုင်”
          အမေရိကန် လ.ဝ.က ဟာ နိုင်ငံသားတွေအပေါ်မှာ ဝန်ဆောင်ခတွေအဆမတန်တိုးမြင့်ကောက်ခံသွားဖို့ရှိနေပါတယ်။ အထင်သာ အမြင်သာဆုံးကိုပြပါဆိုရင် နိုင်ငံသားစာမေးပွဲဖြေဖို့ဖောင်-U.S. Citizenship through Naturalization Application တင်ဖို့ ဒီနှစ်ထဲမှာ ဒေါ်လာ (၁၁ရဝ) ပေးရတော့မှာပါ။ အရင်ပေးနေရတဲ့ ဒေါ်လာ (၆၄ဝ) ထက်စာရင် (၈၃%) မြင့်တက်သွားတာဖြစ်ပါတယ်။
           နိုင်ငံရေးခိုလှုံခွင့်ဖောင်-Asylum Seekers for Their Application အတွက် ဒေါ်လာ (၅ဝ) ပေးမှ တင်ခွင့်ပြုပါတော့မယ်။ ဒီအခကြေးငွေကောက်ခံမှုဟာ တစ်ကမ္ဘာလုံးမှာ လူသားချင်းစာနာမှုကာကွယ်ရေး-Humanitarian Protection ကိုငွေပေးမှလုပ်ဆောင်ပေးတဲ့ (၄) နိုင်ငံထဲကို အမေရိကန်နိုင်ငံဝင်ရောက်လိုက်တာဖြစ်ပါတယ်။ လူသိများတဲ့နောက်တစ်ခုက EAD- Employment Authorization Document လို့ခေါ်တဲ့ အလုပ်လုပ်ပိုင်ခွင့်-Work Permit အခွန်ကို ဒေါ်လာ (၄၉ဝ) ၂ဝ% တက်လာတာပါ။
          ဒါက ဖတ်မိတဲ့ဆောင်းပါးထဲမှာပါတဲ့ တက်စျေးတစ်ချို့သာဖြစ်ပါတယ်။ လက်ရှိလုပ်နေတဲ့အမှုတွဲရဲ့ဝန်ဆောင်မှုစျေးနှုန်းတက်/မတက်ဆိုတာကိုဂဂဏဏသိချင်ရင်  ဒီနေရာ (https://www.uscis.gov/forms/our-fees) မှာဝင်ဖတ်နိုင်ပါတယ်။

နိုင်ငံသားစာမေးပွဲဖြေဖို့မေးခွန်းတွေပိုခက်လာနိုင်”
(၂ဝ၁၉) ခုနှစ်မှာ အမေရိကန်တစ်နိုင်ငံလုံးမှာကျင်းပတဲ့နိုင်ငံသားသစ်တွေကိုကြိုဆိုတဲ့ကျမ်းကျိန်ပွဲပေါင်း (၄ဝဝဝ) ကနေ လျှောက်ထားသူပေါင်း အယောက် (၈၃၄ဝဝဝ) ကို အမေရိကန်နိုင်ငံသားအဖြစ်ခံယူခွင့်ပေးခဲ့ပါတယ်။ ဒီပမာဏဟာ (၁၁) နှစ်အတွင်းမှာအမြင့်မားဆုံးဖြစ်တာနဲ့အညီ လက်ရှိသမ္မတရဲ့အထူးအာရုံစိုက်မှုကိုရရှိထားတာလည်းဖြစ်ပါတယ်။
          ဒါရဲ့အကျိုးဆက်အနေနဲ့ အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားအစိမ်းကိုင်ထားသူ-Permanent Residents တွေဟာ နိုင်ငံသားစာမေးပွဲမေးခွန်းတွေကို အရင်ထက်ပိုမိုနားလည်ဖို့လိုလာတယ်လို့သိရပြန်ပါတယ်။
           သာမန်ထက်ပိုတဲ့ အင်္ဂလိပ်စာကိုကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်ဖတ်နိုင်၊ ရေးနိုင်၊ ပြောနိုင်ဖို့လိုလာမယ့်အပြင် အမေရိကန်သမိုင်းနဲ့အစိုးရရုံးစံနစ်တွေရဲ့ဖွဲ့စည်းပုံတွေကိုသိကျွမ်းပြီးသားဖြစ်နေရပါမယ်။ ဒါမှသာ နိုင်ငံသားစာမေးပွဲကအရာရှိမေးတဲ့မေးခွန်းတွေအတွက် အဆင်သင့်ဖြစ်နေမှာပါ။ ဒါ့အပြင် လူ့ကျင့်ဝတ် နဲ့ သာမန်လူတစ်ယောက်မှာရှိသင့်ရှိအပ်တဲ့အကျင့်စရိုက်တွေကိုဆန်းစစ်နိုင်ပါသေးတယ်။
           ဒါတင်ဘယ်ကဦးမလဲ နိုင်ငံသားတစ်ယောက်မလုပ်သင့်တဲ့ အာမခံကိစ္စရပ်တွေမှာတရားခွင်ကိုရှောင်တိမ်းတာ၊ ဘဏ်စာရင်းလိမ်တာ၊ အခွန်ရှောင်တာ၊ လူမှားရိုက်ပြီးနိုင်ငံသားလျှောက်တာ စတဲ့ ဖြစ်နိုင်ခြေရှိလောက်တဲ့အရိပ်အယောင်တွေကိုအရာရှိကရှာဖွေနေမှာဖြစ်ပါတယ်။

  “အွန်လိုင်းကဖြည့်နိုင်တဲ့ဖောင် ပိုများလာနိုင်”
          လိုင်းပေါ်တက်၊ စာရွက်ကို ပရင့်ထုတ်၊ ဖောင်ဖြည့်၊ ပြန်ပို့ စတဲ့ စာရွက်-On Paper စံနစ်ကနေ အွန်လိုင်းအသုံးပြုပြီး လိုင်းပေါ်မှာတင် တစ်ခါတည်းဖြည့်သွင်းနိုင်တဲ့စံနစ်ထဲမှာ
I-485, Application to Register Permanent Residence or Adjust Status

I-765, Application for Employment Application

I-131, Application for Travel Document

I-129, Petition for a Non-immigrant Worker နဲ့

I-589, Application for Asylum and for Withholding of Removal စတဲ့ဖောင်တွေပါဝင်လာမယ်လို့ USCIS က ဆိုပါတယ်။
           ဒီပြောင်းလဲမှုက ကွန်ပျူတာအခြေခံ နဲ့ အင်္ဂလိပ်စာရသူတွေအတွက်အခွင့်အလမ်းဖြစ်ပြီး အမှုတွဲအမြန်ပြီးမြောက်နိုင်ပေမဲ့ အွန်လိုင်းသုံးစွဲမှုနဲ့ရင်းနှီးမှုမရှိသူတွေအတွက်ကျပြန်တော့ ထပ်တိုးလာတဲ့စိန်ခေါ်မှုလို့ယူဆနိုင်ပြန်ပါတယ်။

နိုင်ငံရေးခိုလှုံသူနဲ့အလုပ်လုပ်ခွင့်အတွက်ပိုခက်ခဲလာနိုင်”
          အများသိကြတဲ့အတိုင်း လက်ရှိအမေရိကန်သမ္မတရုံးအဖွဲ့ဟာ အကြောင်းအမျိုးမျိုးနဲ့နိုင်ငံရေးခိုလှုံလာသူတွေအပေါ်တင်းကြပ်တဲ့စည်းမျဉ်းသစ်တွေချမှတ်ဖို့ နဲ့ စောင့်ဆိုင်းရမယ့်အချိန်ကိုထပ်တိုးဖို့နည်းလမ်းတွေကိုရှာဖွေနေပါတယ်။
           ကြားသိရသလောက်တော့ အလုပ်လုပ်ခွင့်ရဖို့အချိန်ပိုစောင့်ရတာ၊ အမေရိကန်မြေပေါ်ကိုတရားမဝင်ရောက်လာသူတွေရဲ့အလုပ်လုပ်ခွင့်ကိုငြင်းပယ်တာ၊ ခိုလှုံခွင့်ငြင်းပယ်ခံရခြင်း-The Asylum Application Is Denied ဖြစ်ခဲ့ရင် ထုတ်ပေးထားတဲ့အလုပ်လုပ်ခွင့်-Work Permit ကို ချက်ချင်းရုပ်သိမ်းတာအပြင် USCIS ကပေးထားတဲ့ ရက် (၃ဝ) အတွင်း ပါမစ်ပြန်တင်ခွင့်ကိုပယ်ဖျက်တာ တို့ ပါဝင်မယ်လို့ အကြမ်းအားဖြင့်သိရပါတယ်။
           ခြုံငုံပြီးသုံးသပ်ရရင် အမေရိကားရောက်ဖို့အကြောင်းဖန်လာသူတစ်ယောက်ဟာ အင်္ဂလိပ်စာနဲ့ရေစက်ဆုံမိတာအကောင်းဆုံးပါ။ ဒါမှ သူ့အစိုးရ၊ သူ့ဒေသ၊ သူ့စကား နဲ့ သူ့စာကြားမှာ ဗျာမများဘဲ ပြောင်းလဲလာတဲ့စည်းမျဉ်းတွေနောက် အမြန်လိုက်နာနိုင်မှာဖြစ်ပါတယ်။ 
           တကယ်တမ်းဆန်းစစ်ကြည့်ရင်တော့ အမေရိကားဟာ ငွေစကားသိပ်ပြောပါတယ်။ ဘယ်နေရာမှာမဆို “အခွန် နဲ့ ဒဏ်ငွေ” ဒီ နှစ်မျိုးက ပုံစံအမျိုးမျိုးနဲ့စောင့်ကြိုနေပါတယ်။ ဒါကိုနားလည်ပြီး နည်းအမျိုးမျိုးနဲ့ပြောင်းရွှေ့လာမယ့် မြန်မာနိုင်ငံကချစ်မိတ်ဆွေတွေအတွက် ပြည်ဝင်ခွင့်နဲ့ဆိုင်တဲ့ဖောင်တွေကို ဒီနေရာ (https://www.uscis.gov/forms) မှာ အပြည့်အစုံ တစုတဝေးတည်းဖတ်ရှုပြီး လုပ်စရာရှိတာဆက်လုပ်နိုင်အောင် ရေးသားပြုစုပေးလိုက်ပါတယ်။ အားလုံးတစ်ယောက်မကျန်အောင်မြင်ကြပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
01-11-2020
Ref: USCIS-United States Citizenship and Immigration Services

<Zawgyi>

ေျပာင္းလဲလာတဲ႕ အေမရိကန္ ..က ရဲ႕ စည္းမ်ဥ္းအသစ္တစ္ခ်ိဳ႕

          (၂ဝ၁၉) မွာ အသက္ဝင္ခဲ႕တဲ႔ သမၼတထရမ္႕အစုိးရရဲ့ေျပာင္းလဲမႈဥပေဒေတြထဲက (၂ဝ၂ဝ) ခုႏွစ္ကိုအက်ိဳးသက္ေရာက္ေစတဲ႔အခ်က္ေတြထဲက () ခု ကို ထုတ္ႏႈတ္ေရးသားျပပါရေစ။ ဒီအထဲမွာ အေမရိကားကိုတရားဝင္ေနထုိင္ေနျပီးသား အသစ္ေျပာင္းေရႊ႕သူ-New Immigrants ေတြ မလြဲမေသြလုိက္နာရမယ္႔ဥပေဒသစ္ေတြပါေနပါတယ္။ နည္းႏိုင္သမွ်နည္းေအာင္ၾကိဳးစားေနတဲ့ျပည္ဝင္ခြင္႕ နဲ႔ ဆြဲထားႏုိင္သမွ်ဆြဲဆန္႕ခ်င္ေနတဲ့လုပ္ေဆာင္ပံုအဆင့္ဆင့္ေတြဟာ အေမရိကန္နယ္စပ္လံုျခံဳေရးဝန္ၾကီး႒ာနရဲ႕ၾသဇာကုိပိုမိုၾကီးထြားလာေစျပီး တရားဝင္ေျပာင္းေရႊ႕လုိသူေတြရဲ႕အက်ိဳးခံစားခြင္႕-Benefit ေတြကို ေလွ်ာ့ခ်လိုပံုရပါတယ္။

 ေကာက္ခံတဲ႕ဝန္ေဆာင္ခေတြတိုးျမင္႕လာႏုိင္

          အေမရိကန္ ..က ဟာ ႏုိင္ငံသားေတြအေပၚမွာ ဝန္ေဆာင္ခေတြအဆမတန္တိုးျမင့္ေကာက္ခံသြားဖို႔ရွိေနပါတယ္။ အထင္သာ အျမင္သာဆံုးကိုျပပါဆုိရင္ ႏိုင္ငံသားစာေမးပြဲေျဖဖုိ႕ေဖာင္-U.S. Citizenship through Naturalization Application တင္ဖုိ႕ ဒီႏွစ္ထဲမွာ ေဒၚလာ (၁၁၇ဝ) ေပးရေတာ႕မွာပါ။ အရင္ေပးေနရတဲ့ ေဒၚလာ (၆၄ဝ) ထက္စာရင္ (၈၃%) ျမင္႕တက္သြားတာျဖစ္ပါတယ္။
           ႏိုင္ငံေရးခုိလံႈခြင္႕ေဖာင္-Asylum Seekers for Their Application အတြက္ ေဒၚလာ (၅ဝ) ေပးမွ တင္ခြင္႕ျပဳပါေတာ့မယ္။ ဒီအခေၾကးေငြေကာက္ခံမႈဟာ တစ္ကမၻာလံုးမွာ လူသားခ်င္းစာနာမႈကာကြယ္ေရး-Humanitarian Protection ကုိေငြေပးမွလုပ္ေဆာင္ေပးတဲ့ () ႏုိင္ငံထဲကို အေမရိကန္ႏုိင္ငံဝင္ေရာက္လုိက္တာျဖစ္ပါတယ္။ လူသိမ်ားတဲ့ေနာက္တစ္ခုက EAD- Employment Authorization Document လို႕ေခၚတဲ႔ အလုပ္လုပ္ပုိင္ခြင္႕-Work Permit အခြန္ကို ေဒၚလာ (၄၉ဝ) ၂ဝ% တက္လာတာပါ။
          ဒါက ဖတ္မိတဲ႕ေဆာင္းပါးထဲမွာပါတဲ႕ တက္ေစ်းတစ္ခ်ိဳ႕သာျဖစ္ပါတယ္။ လက္ရွိလုပ္ေနတဲ႕အမႈတြဲရဲ႕ဝန္ေဆာင္မႈေစ်းႏႈန္းတက္/မတက္ဆုိတာကိုဂဂဏဏသိခ်င္ရင္  ဒီေနရာ (https://www.uscis.gov/forms/our-fees) မွာဝင္ဖတ္ႏိုင္ပါတယ္။

ႏိုင္ငံသားစာေမးပြဲေျဖဖို႕ေမးခြန္းေတြပိုခက္လာႏုိင္     
     
(၂ဝ၁၉) ခုႏွစ္မွာ အေမရိကန္တစ္ႏုိင္ငံလံုးမွာက်င္းပတဲ့ႏုိင္ငံသားသစ္ေတြကိုၾကိဳဆုိတဲ့က်မ္းက်ိန္ပြဲေပါင္း (၄ဝဝဝ) ကေန ေလွ်ာက္ထားသူေပါင္း အေယာက္ (၈၃၄ဝဝဝ) ကို အေမရိကန္ႏုိင္ငံသားအျဖစ္ခံယူခြင္႕ေပးခဲ႕ပါတယ္။ ဒီပမာဏဟာ (၁၁) ႏွစ္အတြင္းမွာအျမင္႕မားဆံုးျဖစ္တာနဲ႕အညီ လက္ရွိသမၼတရဲ႕အထူးအာရံုစုိက္မႈကိုရရွိထားတာလည္းျဖစ္ပါတယ္။
          ဒါရဲ႕အက်ိဳးဆက္အေနနဲ႕ အျမဲတမ္းေနထုိင္ခြင္႕ကဒ္ျပားအစိမ္းကိုင္ထားသူ-Permanent Residents ေတြဟာ ႏိုင္ငံသားစာေမးပြဲေမးခြန္းေတြကို အရင္ထက္ပိုမိုနားလည္ဖို႕လုိလာတယ္လို႕သိရျပန္ပါတယ္။
           သာမန္ထက္ပုိတဲ႕ အဂၤလိပ္စာကုိေကာင္းေကာင္းမြန္မြန္ မွန္မွန္ကန္ကန္ဖတ္ႏုိင္၊ ေရးႏုိင္၊ ေျပာႏုိင္ဖို႕လိုလာမယ့္အျပင္ အေမရိကန္သမုိင္းနဲ႕အစုိးရရံုးစံနစ္ေတြရဲ႕ဖြဲ႕စည္းပံုေတြကိုသိကြ်မ္းျပီးသားျဖစ္ေနရပါမယ္။ ဒါမွသာ ႏုိင္ငံသားစာေမးပြဲကအရာရွိေမးတဲ့ေမးခြန္းေတြအတြက္ အဆင္သင့္ျဖစ္ေနမွာပါ။ ဒါ႕အျပင္ လူ႕က်င္႕ဝတ္ နဲ႕ သာမန္လူတစ္ေယာက္မွာရွိသင္႕ရွိအပ္တဲ႕အက်င္႕စရုိက္ေတြကိုဆန္းစစ္ႏုိင္ပါေသးတယ္။
           ဒါတင္ဘယ္ကဦးမလဲ ႏုိင္ငံသားတစ္ေယာက္မလုပ္သင္႕တဲ့ အာမခံကိစၥရပ္ေတြမွာတရားခြင္ကိုေရွာင္တိမ္းတာ၊ ဘဏ္စာရင္းလိမ္တာ၊ အခြန္ေရွာင္တာ၊ လူမွားရိုက္ျပီးႏိုင္ငံသားေလွ်ာက္တာ စတဲ႔ ျဖစ္ႏုိင္ေျခရွိေလာက္တဲ့အရိပ္အေယာင္ေတြကိုအရာရွိကရွာေဖြေနမွာျဖစ္ပါတယ္။

 အြန္လုိင္းကျဖည္႕ႏိုင္တဲ႕ေဖာင္ ပိုမ်ားလာႏုိင္

          လိုင္းေပၚတက္၊ စာရြက္ကုိ ပရင္႕ထုတ္၊ ေဖာင္ျဖည္႕၊ ျပန္ပို႕ စတဲ႕ စာရြက္-On Paper စံနစ္ကေန အြန္လိုင္းအသံုးျပဳျပီး လိုင္းေပၚမွာတင္ တစ္ခါတည္းျဖည္႕သြင္းႏုိင္တဲ႕စံနစ္ထဲမွာ
I-485, Application to Register Permanent Residence or Adjust Status

I-765, Application for Employment Application

I-131, Application for Travel Document

I-129, Petition for a Non-immigrant Worker နဲ႕

I-589, Application for Asylum and for Withholding of Removal စတဲ႕ေဖာင္ေတြပါဝင္လာမယ္လို႕ USCIS က ဆုိပါတယ္။
           ဒီေျပာင္းလဲမႈက ကြန္ပ်ဴတာအေျခခံ နဲ႕ အဂၤလိပ္စာရသူေတြအတြက္အခြင္႕အလမ္းျဖစ္ျပီး အမႈတြဲအျမန္ျပီးေျမာက္ႏုိင္ေပမဲ႕ အြန္လိုင္းသံုးစြဲမႈနဲ႕ရင္းႏွီးမႈမရွိသူေတြအတြက္က်ျပန္ေတာ႕ ထပ္တိုးလာတဲ႕စိန္ေခၚမႈလို႕ယူဆႏုိင္ျပန္ပါတယ္။

ႏိုင္ငံေရးခုိလံႈသူနဲ႕အလုပ္လုပ္ခြင္႕အတြက္ပိုခက္ခဲလာႏုိင္

          အမ်ားသိၾကတဲ႕အတုိင္း လက္ရွိအေမရိကန္သမၼတရံုးအဖြဲ႕ဟာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ႏုိင္ငံေရးခိုလံႈလာသူေတြအေပၚတင္းၾကပ္တဲ႕စည္းမ်ဥ္းသစ္ေတြခ်မွတ္ဖို႕ နဲ႕ ေစာင္႕ဆိုင္းရမယ္႕အခ်ိန္ကိုထပ္တိုးဖို႕နည္းလမ္းေတြကိုရွာေဖြေနပါတယ္။
           ၾကားသိရသေလာက္ေတာ႕ အလုပ္လုပ္ခြင္႕ရဖို႕အခ်ိန္ပိုေစာင္႕ရတာ၊ အေမရိကန္ေျမေပၚကိုတရားမဝင္ေရာက္လာသူေတြရဲ႕အလုပ္လုပ္ခြင္႕ကိုျငင္းပယ္တာ၊ ခိုလံႈခြင္႕ျငင္းပယ္ခံရျခင္း-The Asylum Application Is Denied ျဖစ္ခဲ႕ရင္ ထုတ္ေပးထားတဲ႕အလုပ္လုပ္ခြင္႕-Work Permit ကုိ ခ်က္ခ်င္းရုပ္သိမ္းတာအျပင္ USCIS ကေပးထားတဲ႕ ရက္ (၃ဝ) အတြင္း ပါမစ္ျပန္တင္ခြင္႕ကိုပယ္ဖ်က္တာ တုိ႕ ပါဝင္မယ္လို႕ အၾကမ္းအားျဖင္႕သိရပါတယ္။
           ျခံဳငံုျပီးသံုးသပ္ရရင္ အေမရိကားေရာက္ဖို႕အေၾကာင္းဖန္လာသူတစ္ေယာက္ဟာ အဂၤလိပ္စာနဲ႕ေရစက္ဆံုမိတာအေကာင္းဆံုးပါ။ ဒါမွ သူ႕အစုိးရ၊ သူ႕ေဒသ၊ သူ႕စကား နဲ႕ သူ႕စာၾကားမွာ ဗ်ာမမ်ားဘဲ ေျပာင္းလဲလာတဲ႕စည္းမ်ဥ္းေတြေနာက္ အျမန္လိုက္နာႏုိင္မွာျဖစ္ပါတယ္။ 
           တကယ္တမ္းဆန္းစစ္ၾကည္႕ရင္ေတာ႕ အေမရိကားဟာ ေငြစကားသိပ္ေျပာပါတယ္။ ဘယ္ေနရာမွာမဆို အခြန္ နဲ႕ ဒဏ္ေငြဒီ ႏွစ္မ်ိဳးက ပံုစံအမ်ိဳးမ်ိဳးနဲ႕ေစာင္႕ၾကိဳေနပါတယ္။ ဒါကိုနားလည္ျပီး နည္းအမ်ိဳးမ်ိဳးနဲ႕ေျပာင္းေရႊ႕လာမယ္႕ ျမန္မာႏိုင္ငံကခ်စ္မိတ္ေဆြေတြအတြက္ ျပည္ဝင္ခြင္႕နဲ႕ဆုိင္တဲ႕ေဖာင္ေတြကုိ ဒီေနရာ (https://www.uscis.gov/forms) မွာ အျပည္႕အစံု တစုတေဝးတည္းဖတ္ရွဳျပီး လုပ္စရာရွိတာဆက္လုပ္ႏုိင္ေအာင္ ေရးသားျပဳစုေပးလုိက္ပါတယ္။ အားလံုးတစ္ေယာက္မက်န္ေအာင္ျမင္ၾကပါေစ။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
01-11-2020
Ref: USCIS-United States Citizenship and Immigration Services




No comments: