ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, April 16, 2015

ကမၻာျဂိဳဟ္အတြက္ဂုဏ္ယူထုိက္သည္႕ Apple ၏ လုပ္ရပ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ဒီတစ္ေခါက္ေတာ႕ Apple ရဲ႕ ေကာင္းေၾကာင္းမေျပာခင္ “ ထိန္းသိမ္းေစာင္႕ေရွာက္ေရးရံပံုေငြအဖြဲ႕ - The Conservation Fund ” အေၾကာင္း အရင္ေျပာမွ ေခါင္းစဥ္ရဲ႕လုိရင္းကို ေရာက္ပါလိမ္႕မယ္။ The Conservation Fund  အဖြဲ႕ဟာ တည္ေထာင္သက္တမ္း ( ၃ဝ ) ႏွစ္ရွိ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕ျဖစ္ျပီး ေရွ႕ပိုင္းတစ္ျခားအဖဲြ႕ေတြနဲ႕မတူတဲ႕ ခံယူခ်က္ကေတာ႕ သဘာဝေျမလြတ္ ေျမရုိင္းေတြကို မတိမ္ေကာေစေအာင္ ထိန္းသိမ္းေစရံုမက အဲဒီေျမေတြေပၚကေန စီးပြားေရးအရေသာ္၄င္း၊ လူမႈပတ္ဝန္းက်င္ကိုေသာ္၄င္း ျပန္လည္အက်ိဳးျပဳႏိုင္ေအာင္ ေဆာင္ရြက္ေနတဲ႕ အဖြဲ႕အစည္းျဖစ္ပါတယ္။ အေသးစိတ္သိႏိုင္ရန္ ( www.conservationfund.org ) မွာ ဖတ္ရႈပါ။
.
သူတို႕အဖြဲ႕သမိုင္းမွာ အထူးျခားဆံုးလုပ္ေဆာင္ႏိုင္ခဲ႕တာတစ္ခုကိုျပပါဆိုရင္ေတာ႕ လူတိုင္းလက္ဖ်ားမွာ မပါရင္မျဖစ္သေလာက္ ဆက္သြယ္ေရးကိရိယာ iPhone ထုတ္လုပ္သူ Apple ကုိ ပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းမွာ ပါဝင္လာေအာင္ ေဆာင္ရြက္ႏုိင္ခဲ႕တာပါပဲ။ ဟုတ္ပါတယ္ .. လက္ရွိမွာ ပန္းသီးကုမၸဏီ - Apple ဟာ အေမရိကန္အစုိးရဘတ္ဂ်က္ထက္ေတာင္ ေငြပိုေနသူပါ။ ဒါေၾကာင္႕ တစ္ဖက္က လုပ္ပံုကိုင္ပံုသိတယ္၊ လူသားအက်ိဳးျပဳလုပ္ငန္းေတြလုပ္တယ္၊ ရံပံုေငြလုိတယ္။ ေနာက္တစ္ဖက္က ေငြယားေလး ပိုေနတယ္၊ အလိုလိုေနရင္းကို ပန္းသီးခ်စ္သူမ်ားက ေငြၾကိဳေပးျပီး အသစ္ အသစ္ေတြကို ေတာင္းဆုိေနၾကတယ္။ အခုလို “ အလို ”  နဲ႕ “ အပို ” လက္တြဲမိသြားတဲ႕အခ်ိန္မွာ ကမၻာေျမၾကီးဟာ ပိုမိုစုိေျပဖို႕ အေၾကာင္းဆံုလာခဲ႕ျပီ ျဖစ္ပါတယ္။
.
.
---- ပန္းသီးဟာ ဥေရာပမွာ ( ၂ ) ႏုိင္ငံခြဲျပီး ေဒတာဗဟုိ႒ာန - Data Center ( ၂ ) ခု တည္ေဆာက္ေနပါတယ္။ ေဒၚလာ သန္း ( ၁၉ဝဝ ) သံုးစြဲထားတဲ႕ ဒီေနရာေတြ တည္ေဆာက္ျပီးသြားရင္ ပန္းသီးရဲ႕အြန္လိုင္းဆားဗစ္ေတြျဖစ္တဲ႕ iTune Store ၊ App Store ၊ iMessage ၊ Maps နဲ႕ Siri စတာေတြ သံုးစြဲေနတဲ႕ ဥေရာပသားေတြအတြက္ ပုိမိုေကာင္းမြန္တဲ႕ ဝန္ေဆာင္မႈေတြကုိ ေပးသြားႏိုင္မွာ ျဖစ္ပါတယ္။ ဘတ္ဂ်က္ေငြကို အိုင္ယာလန္ နဲ႕ ဒိန္းမတ္ တုိ႕ အတြင္း အညီအမွ် ခြဲေဝသံုးစြဲသြားဦးမွာပါ။ ဥေရာပတခြင္ ပန္းသီးက ဖြင္႕ေပးတဲ႕အလုပ္အကိုင္အခြင္႕အလမ္းေတြ ပြင္႕လန္းလာမွာျဖစ္လို႕ အားလံုးက ဝမ္းပန္းတသာ ၾကိဳဆိုၾကပါတယ္။ အုိင္ယာလန္အစုိးရကဆုိရင္ ပန္းသီးကခန္႕ေပးမယ္႕ သူ႕ႏိုင္ငံသား ဝန္ထမ္း ( ၃ဝဝ ) ဟာ သူ႕ႏုိင္ငံၾကံဳေတြ႕ေနရတဲ႕ အလုပ္လက္မဲ႕ႏႈန္းကို ( ၁ဝ% ) ေအာက္ ခ်ေပးႏိုင္မယ္႕ ကယ္တင္မႈ လို႕ ခ်ီးက်ဴးေျပာဆိုရတဲ႕အထိ ပန္းသီးဟာ တန္ခိုးထြားပါတယ္။


---- အသစ္တည္ေဆာက္ေနတဲ႕ ပန္းသီး႒ာနခ်ဳပ္ဟာ ေခတ္လြန္အာကာသယာဥ္တစ္စီးနဲ႕ဆင္တူတယ္လုိ႕ ေဝဖန္သံေတြ ၾကားဖူးမွာပါ။ အထပ္ေတြၾကားမွာသံုးသြားမယ္႕ “ အခင္း - Void Slabs ” ေတြဟာ တစ္ဖက္မွာ ၾကမ္းခင္းျဖစ္ျပီး ေနာက္တစ္ဖက္မွာ ေအာက္ထပ္အတြက္ မ်က္ႏွာက်က္ ျဖစ္ပါတယ္။ ႏွစ္ဖက္မ်က္ႏွာလွရဲ႕အလယ္မွာ “ အေအးေပးစံနစ္ - Cooling System ” တပ္ဆင္ထားတာက အင္မတန္ထူးျခားပါတယ္။ ေဘးပတ္ပတ္လည္မွာ ေတာေတာင္ရႈခင္းေတြ စုိေျပေအာင္ ေဆာင္ရြက္ထားရံုမက “ တစ္ပတ္လည္ၾကည္႕လုိက္တုိင္းသဘာဝကုိျမင္ႏိုင္ေစရန္ 360  ံView of Nature ” စံႏႈန္းနဲ႕ ကိုက္ညီေအာင္ ေဆာက္လုပ္ေနတာ ျဖစ္ပါတယ္။

---- Apple ဟာ ဆန္ဖရန္စစၥကုိျမိဳ႕ေတာင္ဖက္ မြန္ထေရးကမ္းေျခနားမွာ ဧရာမ “ ေနေရာင္ျခည္လယ္ကြင္း - Solar Farm ” တစ္ခုကုိ First Solar ကုမၸဏီအကူအညီ နဲ႕ တည္ေဆာက္ေနပါတယ္။ ေျမဧက ( ၁၃ဝဝ ) ျပားျပားဝပ္ေနတဲ႕ ဒီစီမံကိန္းျပီးသြားရင္ ကူပထီးႏို - Cupertino ျမိဳ႕က ပန္းသီး႒ာနခ်ဳပ္ ( အသစ္ ) တစ္ခုလံုးရဲ႕ လုိအပ္တဲ႕ လွ်ပ္စစ္စြမ္းအင္ပမာဏကို ရရွိမွာ ျဖစ္ပါတယ္။ ဒီေနရာကို ေဒၚလာ သန္း ( ၈၅ဝ ) ရင္းႏွီးတည္ေဆာက္ေနတာျဖစ္ျပီး ေရရွည္မွာ လွ်ပ္စစ္မီတာခ ပိုမိုေခြ်တာလာႏုိင္မွာျဖစ္တယ္လို႕ အမႈေဆာင္အရာရွိခ်ဳပ္ တင္ကြတ္ - Tim Cook က ေျပာဆိုထားပါတယ္။
.
အေပၚကေျပာျပခဲ႕တာေတြကုိ သာမန္ၾကည္႕ရင္ “ ေငြရွိလို႕လုပ္ႏိုင္တာပဲ .. သူ႕ဖာသာသူၾကြားတာ ငါတုိ႕နဲ႕ဘာဆိုင္လို႕လဲ ” လို႕ ထင္စရာရွိျပီး အေပၚယံေၾကာဖတ္မိသူမ်ားရဲ႕ ေဝဖန္ပစ္တင္သံကို ခံရႏိုင္ပါတယ္။ အထူးျခားဆံုးတစ္ခုကေတာ႕ သူရင္းႏွီးျမွဳပ္ႏွံတဲ႕ ေနရာ႒ာန ( ၄ ) ခု လံုးမွာ “ ျပန္လည္အသံုးျပဳစြမ္းအင္ - Renewable Energy ” စံနစ္ ပါဝင္ေနတာေၾကာင္႕  ၾကည္႕သူမ်ားသာ ျမင္ႏိုင္ပါတယ္။
.
.
အခုလည္း The Conservation Fund နဲ႕ ပူးေပါင္းျပီး မိန္းျပည္နယ္ နဲ႕ ေျမာက္ကယ္လိုလုိင္းနားျပည္နယ္ေတြမွာ ေျမလြတ္ေျမရုိင္း ဧက ( ၃၆ဝဝဝ ) ဝယ္ယူပါမယ္။ ဒီေျမထုၾကီးဟာ အေမရိကန္အေနာက္ဖက္ျခမ္းက မက္ဟတ္တန္္ျမိဳ႕ထက္ ( ၂.၅ ) ဆ က်ယ္ဝန္းျပီး အေရွ႕ဖက္ပင္လယ္ေအာ္က ဆန္ဖရန္စစၥကုိျမိဳ႕ နဲ႕ တုိင္းရင္လည္း ပိုမုိက်ယ္ဝန္းပါေသးတယ္။
.
ဒီေျမေတြေပၚကေန The Conservation Fund အကူအညီ နဲ႕ သစ္ေတာျပဳန္းတီးမႈလံုးဝမပါတဲ႕ ျပန္လည္အသံုးျပဳစကၠဴ - Recycled Paper Content ရေအာင္ ျပန္ယူဖို႕ အစီအစဥ္လည္း ပါဝင္တယ္။ အဆိုပါ သစ္ေတာေတြကေနရတဲ႕ အပ်ိဳစင္ရြက္ႏုဖိုင္ဘာ - Virgin Fiber ေတြကို အသံုးျပဳျပီး စကၠဴထုတ္ႏိုင္မယ္ျဖစ္သလို တစ္ဖက္မွာလည္း တန္ဖိုးရွိတဲ႕ ေရေျမအရင္းအျမစ္ေတြကို ေျမဆီေၾကာတင္းက်န္ရစ္ေအာင္ လုပ္ေဆာင္ခ်က္မ်ားလည္း သူတို႕ရဲ႕ထိပ္သီးလုပ္ငန္းစဥ္ေတြမွာ အပါအဝင္ဆိုတာ သိရတယ္။
.
.
Apple ဟာ သူေနာက္ဖြင္႕မယ္႕ မည္သည္႕အေဆာက္အဦမဆုိ Renewable Energy ကို ( ၁ဝဝ% ) သံုးစြဲသြားမယ္လို႕ ေၾကျငာထားတယ္။ ဒါေၾကာင္႕မုိ႕ ပန္းသီးကုမၸဏီကုိ အားေပးသမွ် သံုးစြဲသူမ်ားရဲ႕ေငြေတြဟာ သဘာဝအရင္းအျမစ္ကို ကာကြယ္ရာမွာ တစ္တပ္တစ္အား ပါဝင္ပတ္သက္မႈရွိျပီး ၾကီးမားတဲ႕အေထာက္အပံ႕ ျဖစ္တဲ႕အေၾကာင္း သတင္းေတြက ေရးသားပါတယ္။
.
ရွယ္ယာရွင္မ်ားပါဝင္တဲ႕ ဘ႑ာေရးညီလာခံတစ္ခုမွာ Tim Cook ေျပာသြားတဲ႕ ပ်က္လံုးတစ္ခုဟာ ပရိသတ္အတြက္ ရယ္စရာမျဖစ္ခဲ႕ပါဘူး။ “ ကြ်န္ေတာ္တုိ႕လက္ရွိျမင္ေနရတဲ႕ကမၻာျဂိဳဟ္ထက္ ပိုေကာင္းတဲ႕ကမၻာတစ္ခုကို တည္ေဆာက္သြားဖုိ႕ ဆက္တိုက္လုပ္ေဆာင္ေနပါတယ္။ Apple က ရာသီဥတုေျပာင္းလဲမႈ - Climate Change ျဖစ္ေနတာကုိ သိရွိပါတယ္။ ျပဳျပင္ေျပာင္းလဲဖို႕လုပ္ရမယ္႕အခါသမယ ကေတာ႕  “ အခု ”  အခ်ိန္ပဲ ျဖစ္ပါတယ္ ” လို႕ ေျပာခဲ႕တာပါ။
.
မွတ္ခ်က္။          ။ ပန္းသီးဟာ သံုးစြဲသူေတြထံကေငြယူျပီးေတာ႕ ကမၻာၾကီးပ်က္စီးမႈနည္းေအာင္ ေျမကြက္ေတြကို ကုိယ္ပိုင္ “ ဝယ္ယူ ” ျပီး အလုပ္အကိုင္သစ္ေတြ ဖန္တီးေပးတယ္။ သူ႕ဗ်ဴဟာက ပိုက္ရွာလည္း ရွာမယ္ .. ရတဲ႕ေငြေတြျပန္သံုးျပီး ေျမၾကီးကုိ ကယ္လည္းကယ္မယ္။ … ခရုိနီနည္းလမ္းနဲ႕ ပင္းရုိက္ျပီး အတင္း “ သိမ္းပိုက္ ” မယူတာကိုေတာ႕ ေလးစားစြာသင္ခန္းစာ ယူမိပါေၾကာင္း။
.
.

ရည္ညႊန္းကိုးကား : Business Insider, The Conservation Fund
.
.
Myanmar Unicode Version:
.
.
" ကမ္ဘာဂြိုဟ်အတွက်ဂုဏ်ယူထိုက်သည့် Apple ၏ လုပ်ရပ် " 
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒီတစ်ခေါက်တော့ Apple ရဲ့ ကောင်းကြောင်းမပြောခင် “ ထိန်းသိမ်းစောင့်ရှောက်ရေးရံပုံငွေအဖွဲ့ - The Conservation Fund ” အကြောင်း အရင်ပြောမှ ခေါင်းစဉ်ရဲ့လိုရင်းကို ရောက်ပါလိမ့်မယ်။ The Conservation Fund  အဖွဲ့ဟာ တည်ထောင်သက်တမ်း ( ၃ဝ ) နှစ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဖြစ်ပြီး ရှေ့ပိုင်းတစ်ခြားအဖွဲ့တွေနဲ့မတူတဲ့ ခံယူချက်ကတော့ သဘာဝမြေလွတ် မြေရိုင်းတွေကို မတိမ်ကောစေအောင် ထိန်းသိမ်းစေရုံမက အဲဒီမြေတွေပေါ်ကနေ စီးပွားရေးအရသော်၎င်း၊ လူမှုပတ်ဝန်းကျင်ကိုသော်၎င်း ပြန်လည်အကျိုးပြုနိုင်အောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အသေးစိတ်သိနိုင်ရန် ( www.conservationfund.org ) မှာ ဖတ်ရှုပါ။
.
သူတို့အဖွဲ့သမိုင်းမှာ အထူးခြားဆုံးလုပ်ဆောင်နိုင်ခဲ့တာတစ်ခုကိုပြပါဆိုရင်တော့ လူတိုင်းလက်ဖျားမှာ မပါရင်မဖြစ်သလောက် ဆက်သွယ်ရေးကိရိယာ iPhone ထုတ်လုပ်သူ Apple ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းမှာ ပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့တာပါပဲ။ ဟုတ်ပါတယ် .. လက်ရှိမှာ ပန်းသီးကုမ္ပဏီ - Apple ဟာ အမေရိကန်အစိုးရဘတ်ဂျက်ထက်တောင် ငွေပိုနေသူပါ။ ဒါကြောင့် တစ်ဖက်က လုပ်ပုံကိုင်ပုံသိတယ်၊ လူသားအကျိုးပြုလုပ်ငန်းတွေလုပ်တယ်၊ ရံပုံငွေလိုတယ်။ နောက်တစ်ဖက်က ငွေယားလေး ပိုနေတယ်၊ အလိုလိုနေရင်းကို ပန်းသီးချစ်သူများက ငွေကြိုပေးပြီး အသစ် အသစ်တွေကို တောင်းဆိုနေကြတယ်။ အခုလို “ အလို ”  နဲ့ “ အပို ” လက်တွဲမိသွားတဲ့အချိန်မှာ ကမ္ဘာမြေကြီးဟာ ပိုမိုစိုပြေဖို့ အကြောင်းဆုံလာခဲ့ပြီ ဖြစ်ပါတယ်။
.
.
---- ပန်းသီးဟာ ဥရောပမှာ ( ၂ ) နိုင်ငံခွဲပြီး ဒေတာဗဟိုဋ္ဌာန - Data Center ( ၂ ) ခု တည်ဆောက်နေပါတယ်။ ဒေါ်လာ သန်း ( ၁၉ဝဝ ) သုံးစွဲထားတဲ့ ဒီနေရာတွေ တည်ဆောက်ပြီးသွားရင် ပန်းသီးရဲ့အွန်လိုင်းဆားဗစ်တွေဖြစ်တဲ့ iTune Store ၊ App Store ၊ iMessage ၊ Maps နဲ့ Siri စတာတွေ သုံးစွဲနေတဲ့ ဥရောပသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဘတ်ဂျက်ငွေကို အိုင်ယာလန် နဲ့ ဒိန်းမတ် တို့ အတွင်း အညီအမျှ ခွဲဝေသုံးစွဲသွားဦးမှာပါ။ ဥရောပတခွင် ပန်းသီးက ဖွင့်ပေးတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာမှာဖြစ်လို့ အားလုံးက ဝမ်းပန်းတသာ ကြိုဆိုကြပါတယ်။ အိုင်ယာလန်အစိုးရကဆိုရင် ပန်းသီးကခန့်ပေးမယ့် သူ့နိုင်ငံသား ဝန်ထမ်း ( ၃ဝဝ ) ဟာ သူ့နိုင်ငံကြုံတွေ့နေရတဲ့ အလုပ်လက်မဲ့နှုန်းကို ( ၁ဝ% ) အောက် ချပေးနိုင်မယ့် ကယ်တင်မှု လို့ ချီးကျူးပြောဆိုရတဲ့အထိ ပန်းသီးဟာ တန်ခိုးထွားပါတယ်။


---- အသစ်တည်ဆောက်နေတဲ့ ပန်းသီးဋ္ဌာနချုပ်ဟာ ခေတ်လွန်အာကာသယာဉ်တစ်စီးနဲ့ဆင်တူတယ်လို့ ဝေဖန်သံတွေ ကြားဖူးမှာပါ။ အထပ်တွေကြားမှာသုံးသွားမယ့် “ အခင်း - Void Slabs ” တွေဟာ တစ်ဖက်မှာ ကြမ်းခင်းဖြစ်ပြီး နောက်တစ်ဖက်မှာ အောက်ထပ်အတွက် မျက်နှာကျက် ဖြစ်ပါတယ်။ နှစ်ဖက်မျက်နှာလှရဲ့အလယ်မှာ “ အအေးပေးစံနစ် - Cooling System ” တပ်ဆင်ထားတာက အင်မတန်ထူးခြားပါတယ်။ ဘေးပတ်ပတ်လည်မှာ တောတောင်ရှုခင်းတွေ စိုပြေအောင် ဆောင်ရွက်ထားရုံမက “ တစ်ပတ်လည်ကြည့်လိုက်တိုင်းသဘာဝကိုမြင်နိုင်စေရန် 360  ံView of Nature ” စံနှုန်းနဲ့ ကိုက်ညီအောင် ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

---- Apple ဟာ ဆန်ဖရန်စစ္စကိုမြို့တောင်ဖက် မွန်ထရေးကမ်းခြေနားမှာ ဧရာမ “ နေရောင်ခြည်လယ်ကွင်း - Solar Farm ” တစ်ခုကို First Solar ကုမ္ပဏီအကူအညီ နဲ့ တည်ဆောက်နေပါတယ်။ မြေဧက ( ၁၃ဝဝ ) ပြားပြားဝပ်နေတဲ့ ဒီစီမံကိန်းပြီးသွားရင် ကူပထီးနို - Cupertino မြို့က ပန်းသီးဋ္ဌာနချုပ် ( အသစ် ) တစ်ခုလုံးရဲ့ လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ပမာဏကို ရရှိမှာ ဖြစ်ပါတယ်။ ဒီနေရာကို ဒေါ်လာ သန်း ( ၈၅ဝ ) ရင်းနှီးတည်ဆောက်နေတာဖြစ်ပြီး ရေရှည်မှာ လျှပ်စစ်မီတာခ ပိုမိုချွေတာလာနိုင်မှာဖြစ်တယ်လို့ အမှုဆောင်အရာရှိချုပ် တင်ကွတ် - Tim Cook က ပြောဆိုထားပါတယ်။
.
အပေါ်ကပြောပြခဲ့တာတွေကို သာမန်ကြည့်ရင် “ ငွေရှိလို့လုပ်နိုင်တာပဲ .. သူ့ဖာသာသူကြွားတာ ငါတို့နဲ့ဘာဆိုင်လို့လဲ ” လို့ ထင်စရာရှိပြီး အပေါ်ယံကြောဖတ်မိသူများရဲ့ ဝေဖန်ပစ်တင်သံကို ခံရနိုင်ပါတယ်။ အထူးခြားဆုံးတစ်ခုကတော့ သူရင်းနှီးမြှုပ်နှံတဲ့ နေရာဋ္ဌာန ( ၄ ) ခု လုံးမှာ “ ပြန်လည်အသုံးပြုစွမ်းအင် - Renewable Energy ” စံနစ် ပါဝင်နေတာကြောင့်  ကြည့်သူများသာ မြင်နိုင်ပါတယ်။
.
.
အခုလည်း The Conservation Fund နဲ့ ပူးပေါင်းပြီး မိန်းပြည်နယ် နဲ့ မြောက်ကယ်လိုလိုင်းနားပြည်နယ်တွေမှာ မြေလွတ်မြေရိုင်း ဧက ( ၃၆ဝဝဝ ) ဝယ်ယူပါမယ်။ ဒီမြေထုကြီးဟာ အမေရိကန်အနောက်ဖက်ခြမ်းက မက်ဟတ်တန်မြို့ထက် ( ၂.၅ ) ဆ ကျယ်ဝန်းပြီး အရှေ့ဖက်ပင်လယ်အော်က ဆန်ဖရန်စစ္စကိုမြို့ နဲ့ တိုင်းရင်လည်း ပိုမိုကျယ်ဝန်းပါသေးတယ်။
.
ဒီမြေတွေပေါ်ကနေ The Conservation Fund အကူအညီ နဲ့ သစ်တောပြုန်းတီးမှုလုံးဝမပါတဲ့ ပြန်လည်အသုံးပြုစက္ကူ - Recycled Paper Content ရအောင် ပြန်ယူဖို့ အစီအစဉ်လည်း ပါဝင်တယ်။ အဆိုပါ သစ်တောတွေကနေရတဲ့ အပျိုစင်ရွက်နုဖိုင်ဘာ - Virgin Fiber တွေကို အသုံးပြုပြီး စက္ကူထုတ်နိုင်မယ်ဖြစ်သလို တစ်ဖက်မှာလည်း တန်ဖိုးရှိတဲ့ ရေမြေအရင်းအမြစ်တွေကို မြေဆီကြောတင်းကျန်ရစ်အောင် လုပ်ဆောင်ချက်များလည်း သူတို့ရဲ့ထိပ်သီးလုပ်ငန်းစဉ်တွေမှာ အပါအဝင်ဆိုတာ သိရတယ်။
.
.
Apple ဟာ သူနောက်ဖွင့်မယ့် မည်သည့်အဆောက်အဦမဆို Renewable Energy ကို ( ၁ဝဝ% ) သုံးစွဲသွားမယ်လို့ ကြေငြာထားတယ်။ ဒါကြောင့်မို့ ပန်းသီးကုမ္ပဏီကို အားပေးသမျှ သုံးစွဲသူများရဲ့ငွေတွေဟာ သဘာဝအရင်းအမြစ်ကို ကာကွယ်ရာမှာ တစ်တပ်တစ်အား ပါဝင်ပတ်သက်မှုရှိပြီး ကြီးမားတဲ့အထောက်အပံ့ ဖြစ်တဲ့အကြောင်း သတင်းတွေက ရေးသားပါတယ်။
.
ရှယ်ယာရှင်များပါဝင်တဲ့ ဘဏ္ဍာရေးညီလာခံတစ်ခုမှာ Tim Cook ပြောသွားတဲ့ ပျက်လုံးတစ်ခုဟာ ပရိသတ်အတွက် ရယ်စရာမဖြစ်ခဲ့ပါဘူး။ “ ကျွန်တော်တို့လက်ရှိမြင်နေရတဲ့ကမ္ဘာဂြိုဟ်ထက် ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို တည်ဆောက်သွားဖို့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ Apple က ရာသီဥတုပြောင်းလဲမှု - Climate Change ဖြစ်နေတာကို သိရှိပါတယ်။ ပြုပြင်ပြောင်းလဲဖို့လုပ်ရမယ့်အခါသမယ ကတော့  “ အခု ”  အချိန်ပဲ ဖြစ်ပါတယ် ” လို့ ပြောခဲ့တာပါ။
.
မှတ်ချက်။          ။ ပန်းသီးဟာ သုံးစွဲသူတွေထံကငွေယူပြီးတော့ ကမ္ဘာကြီးပျက်စီးမှုနည်းအောင် မြေကွက်တွေကို ကိုယ်ပိုင် “ ဝယ်ယူ ” ပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးတယ်။ သူ့ဗျူဟာက ပိုက်ရှာလည်း ရှာမယ် .. ရတဲ့ငွေတွေပြန်သုံးပြီး မြေကြီးကို ကယ်လည်းကယ်မယ်။ … ခရိုနီနည်းလမ်းနဲ့ ပင်းရိုက်ပြီး အတင်း “ သိမ်းပိုက် ” မယူတာကိုတော့ လေးစားစွာသင်ခန်းစာ ယူမိပါကြောင်း။
.
koko2yeye@gmail.com
.


ရည်ညွှန်းကိုးကား : Business Insider, The Conservation Fund

“ ကမၻာျဂိဳဟ္အတြက္ဂုဏ္ယူထုိက္သည္႕ Apple ၏ လုပ္ရပ္ ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၉ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/ym3t99b2zy21d42/NetGuide+Vol.4%2C+No.9.pdf




No comments: