ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, June 3, 2015

ဘာကိုရွာေနတာလဲ .. Reject လား Standard လား ?

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
မနက္အိပ္ရာထလိုက္တဲ႕အခ်ိန္ “ ဒီေန႕ေတာ႕ ငါဘာကို ရွာေဖြမယ္ ” ဆိုတာကုိ မိမိကိုယ္တိုင္ေမးမိၾကပါသလား? ဒါမွမဟုတ္ ဘာမွမေမးပဲ ၾကံဳခ်င္ရာၾကံဳဆုိျပီး မေရမရာျဖတ္သန္းေနၾကတာ ေန႕တိုင္းပဲလား? ဒီေမးခြန္းေတြရဲ႕အေျဖကိုေတြ႕ရွိခဲ႕ေနရာကေတာ႕ ကြ်န္ေတာ႕အလုပ္ခြင္တစ္ေနရာက ျဖစ္ပါတယ္။
.
ကုန္ပစၥည္းထုတ္လုပ္္တဲ႕လုပ္ငန္းတိုင္းမွာ ကုန္ၾကမ္းပံ႕ပုိးသူ - Vendor ၊ ကုန္ၾကမ္း - Raw Material ၊ ထုတ္လုပ္ျခင္း - Manufacturing ၊ တပ္ဆင္ျခင္း - Processing or Assembling ၊ အိပ္သြင္းထုပ္ပိုးျခင္း - Pouching ၊ ဂ်ပ္ဖါခြံသြပ္သြင္းျခင္း - Packaging ၊ တင္ပို႕ျခင္း - Shipping စတဲ႕အဆင္႕မ်ားစြာရွိၾကတယ္။ အရည္အေသြး - Quality အဓိကထားတဲ႕လုပ္ငန္းမ်ိဳးမွာ အဆင္႕ - Process တစ္ခုေျပာင္းတုိင္း ထုတ္လုပ္လိုက္သမွ်ဟာ သတ္မွတ္တဲ႕ စံခ်ိန္စံညႊန္း - Standard နဲ႕ ကိုက္ညီမႈရွိမရွိစစ္ၾကတယ္။
.
မစစ္ေဆးပဲထုတ္လုပ္ရင္ ဘာျဖစ္လာႏိုင္မလဲ? ၾကိဳက္သလိုလုပ္ မစစ္ေဆးပဲ ထြက္သေလာက္ ျဖစ္သလိုသာထုတ္လုပ္ေနရင္ေတာ႕ အရည္အေသြးမမီွတဲ႕ ပစၥည္းေတြဟာ ပစၥည္းေကာင္းေတြၾကားမွုာ ၾကြက္ျဖဴေတြၾကားမွာ ၾကြက္မဲေရာေနသလို နာမည္ေက်ာ္ၾကားတဲ႕ကုန္ပစၥည္းတစ္အုပ္စုလံုးကို အမဲဖ်က္သလို ျပန္လည္ဒုကၡေပးမွာျဖစ္ပါတယ္။ တစ္နည္းအားျဖင္႕ ေကာင္းမြန္တဲ႕အဆင္႕ရဲ႕ေအာက္တစ္ေနရာကို က်ဆင္းသြားေစသလို သံုးစြဲသူ - Consumer ေတြရဲ႕ ယံုၾကည္မႈကို တမုဟုတ္ခ်င္း ဆံုးရွံဴးသြားေစႏိုင္ပါတယ္။
.
.
အဆုိပါအားနည္းခ်က္ေတြကုိေျဖရွင္းဖို႕ ကုမၸဏီေတြက ငွားရမ္းေျဖရွင္းၾကတဲ႕ ဝန္ထမ္းအလႊာတစ္မ်ိဳးကေတာ႕ ကုန္ပစၥည္းစစ္ေဆးသူ - Quality Control Inspector မ်ားပဲ ျဖစ္ပါတယ္။ အရည္အေသြးပိုင္းမွာ ( ၂ ) မ်ိဳးထပ္ရွိျပန္တယ္။ အုပ္စုၾကီးကေတာ႕ အရည္အေသြးအာမခံျခင္း - Quality Assurance ျဖစ္ျပီး ဆင္႕ပြားကြဲထြက္လာတဲ႕ QC - Quality Control ကိုေတာ႕ လူသိပိုမ်ားပါတယ္။

.
အၾကမ္းအားျဖင္႕ QA ဟာ လုပ္ငန္းလုပ္စဥ္ေတြ အမွားအယြင္းမရွိ၊ လြဲေခ်ာ္မႈမရွိပဲထုတ္လုပ္ႏုိင္ေအာင္ ကာကြယ္ - Prevent လုပ္ထားတာျဖစ္သလို ထြက္ကုန္ - Product ေတြမွာ စံခ်ိန္မကိုက္တဲ႕ပစၥည္း - Defect ေတြပါဝင္မႈရွိမရွိကို စစ္ရတဲ႕အလုပ္ကိုေတာ႕ QC က လုပ္ပါတယ္။
.
.
ပိုရွင္းေအာင္ေျပာရရင္ ေခ်ာက္ကလက္စက္ရံုတစ္ခုမွာ ေခ်ာက္ကလက္အျဖဴထုတ္တဲ႕စက္က မွန္ကန္တဲ႕ပစၥည္းေတြသံုးျပီး ေခ်ာကလက္အျဖဴထြက္လာဖို႕ QA မွာ တာဝန္ရွိပါတယ္။ မေတာ္လို႕ ေခ်ာကလက္အညိဳေရာင္ထြက္လာရင္ QA ရဲ႕ အမွားပါ။
.
ဒါေပမယ္႕ ေခ်ာကလက္အျဖဴပဲထြက္ထြက္၊ အမည္းပဲထြက္ထြက္ အစားအေသာက္ထြက္ကုန္ထဲမွာ အမိႈက္ပါေနလား၊ သတ္မွတ္ထားတဲ႕အခ်ိဳပမာဏျပည္႕ရဲ႕လား၊ ထုတ္ပိုးမႈပါကင္တိုင္း အေပါက္အျပဲေတြပါေနသလား၊ ေခ်ာကလက္ေတြေၾကမြေနသလား စတဲ႕ ေနာက္ဆံုးထြက္ကုန္ - Final Product ေတြကုိ ဆိုင္ေတြဆီမပို႕ခင္ QC က လိုအပ္တဲ႕စမ္းသပ္မႈေတြနဲ႕ အျမဲမျပတ္စစ္ေဆးရပါတယ္။ ဒါေၾကာင္႕ ပစၥည္းတစ္ခုခုမွားလို႕ ျပန္လည္သိမ္းယူ၊ ျပည္လည္ေခၚယူျပဳျပင္ေပးရတဲ႕ Recall ကိစၥျဖစ္လာျပီဆိုရင္ QC ေတြရဲ႕ အားနည္းခ်က္ေၾကာင္႕လို႕ပဲ မွတ္ခ်က္ခ်ရမွာျဖစ္ပါတယ္။
.
.
ဒီလိုအမွားအယြင္းေတြ ဒါမွမဟုတ္ အဆင္႕မမွီထိခုိက္မႈ - Defect ေတြ ေရာင္းကုန္ေတြမွာ မပါသြားေရးဟာ QC ေတြအတြက္ အေရးၾကီးလွတယ္။ ဒါေၾကာင္႕မုိ႕ ခ်မွတ္ထားတဲ႕ စံညႊန္း - Scope နဲ႕ အညီ ကုန္ပစၥည္းမွာ ဘယ္အခ်က္နဲ႕ေတာ႕ညီရမယ္၊ ဘယ္အျပစ္မ်ိဳးကိုေတာ႕ ေတြ႕တာနဲ႕တစ္ခါတည္းပယ္ျပီး - Reject လုပ္ရမယ္ဆိုတဲ႕ ရည္ညြန္းခ်က္ - Reference အရ စစ္ေဆးရပါေတာ႕တယ္။
.
ဒါေၾကာင္႕မုိ႕ ေတြ႕သမွ် Reject ေတြပယ္ျပီးသား QC တို႕လႊြတ္လိုက္တဲ႕ပစၥည္းမ်ားဆိုရင္ေတာ႕ အရည္အေသြးေရာ အရည္အခ်င္းပါ ျပည္႕မီွတဲ႕ထြက္ကုန္ကို သံုးစြဲသူလက္ထဲ ပို႕ဖို႕ အဆင္သင္႕ျဖစ္ေနပါျပီ။ ဆုိလိုတာက QC Passed ပစၥည္းဆိုရင္ အားလံုးက တစ္ေျပးညီတည္း ဘယ္ေနရာက ေကာက္ကိုင္ၾကည္႕ကိုင္ၾကည္႕ အရည္အေသြးတူ ေခ်ာေမြ႕သပ္ရပ္တဲ႕ ပစၥည္းစစ္ ပစၥည္းမွန္ - Standard ကို ပိုင္ဆိုင္ႏုိင္ပါျပီ။
.
.
တစ္ေန႕တာ QC ရဲ႕ အလုပ္တာဝန္ေတြဟာ ရႈတ္ေထြးမ်ားျပားလွတယ္။ သံုးစြဲရတဲ႕ကိရိယာတန္ဆာပလာ - Tools and Equipment ၊ မွီျငမ္းရတဲ႕စာရြက္စာတမ္း - Document နဲ႕ တုိင္းတာစစ္ေဆးရတဲ႕စဥ္းမ်ဥ္းစည္းကမ္း - Rules ေတြေပၚမွာ အခ်ိန္ကုန္ရသလို မ်က္စိနဲ႕စစ္ေဆးျခင္း - Visual Inspection က ပိုအဓိကက်ေနျပန္ပါတယ္။ အရည္အေသြးထိခိုက္ျခင္းရဲ႕ျဖစ္ရျခင္းအေၾကာင္းရင္း - Root Cause ကုိ ရွာရတယ္။ Reject ျမင္ရင္ပယ္ျပီး ေကာင္းမြန္တဲ႕ Standard ရရင္ လႊတ္ေပးရပါတယ္။ ဘယ္အရာဝတၱဳကိုမဆို မွန္မမွန္၊ စစ္မစစ္ဆိုတာကို မ်က္စိနဲ႕ၾကည္႕ရတာမဟုတ္လား။ ဒါေပမယ္႕ လူခ်င္းမတူသလို ၾကည္႕တဲ႕မ်က္လံုးခ်င္းလည္း တူမွာမဟုတ္ပါဘူး။
.
.
.
 ဒီေလာက္အရွည္ၾကီးရွင္းျပလာရတဲ႕ QC အေၾကာင္းကိုဖတ္ျပီး မပ်င္းသြားပါနဲ႕ဦး။ ယူတတ္ရင္ ပညာျဖစ္ပါတယ္။ ကြ်န္ေတာ္ကေတာ႕ QC ကုိ ဘဝထဲယူေဆာင္လာခဲ႕တယ္။ QC ကို တန္ဖိုးထားတယ္။ နယ္ေျမသစ္မွာ ကြ်န္ေတာ္ဟာ ..
.
QA အရ လမ္းစဥ္ခ်ျပီး ေလွ်ာက္မည္႕လမ္းကို ေျဖာင္႕ေျဖာင္႕တန္း လွမ္းတယ္။
.
လက္စြဲခ်ီတက္ရမယ္႕ Tools ေတြ သယ္ေဆာင္လာတယ္။
.
အေထာက္အကူျပဳဘာသာစကားလက္နက္ Equipment နဲ႕ ေလာကၾကီးကိုလွမ္းပစ္တယ္။
.
သင္ယူေလ႕ျခင္းျဖင္႕ခိုင္မာေစတဲ႕ Document မွတ္တုိင္၊ ပညာေရးကုိ အသက္ဆက္တယ္။
.
မွီခိုအားထားရမယ္႕ဗဟုသုတရွာေဖြေရး နဲ႕ အသိပညာျဖန္႕ျဖဴးေရးမွာ စည္းကမ္း Rule ေတြ ခ်မွတ္တယ္။
.
ျမင္မိသမွ် အမွား နဲ႕ အမွန္ကို အျမင္ႏွစ္မ်ိဳးစလံုးနဲ႕ Visual Inspect လုပ္ျပီး စစ္ေဆးအေျဖရွာတယ္။
.
ျပသနာတစ္ခုခုျဖစ္ရင္ ဘယ္သူ႕ေၾကာင္႕လဲဆုိတာထက္ မူလဇစ္ျမစ္အရင္းခံ Root Cause ကုိေတြ႕ေအာင္ရွာျပီးေျဖရွင္းတယ္။
.
.
.
ဒါေပမယ္႕ ဘဝကုိရင္ဆိုင္တဲ႕အခါ လမ္းခရီးတစ္ေလွ်ာက္မွာ သာယာေျပလည္ေခ်ာေမြ႕မႈ Standard ကုိ အစဥ္ရွာမွာလား? ဖယ္ထုတ္ရမယ္႕ Reject ကုိ အရင္ရွာမွာလား ဆိုတာက ကာယကံရွင္ေတြေပၚမွာ မူတည္ပါတယ္။
.
Reject ေတြကုိပဲရွာေနသူေတြကေတာ႕ ျပသနာေတြကိုသာ အစဥ္မျပတ္ေတြ႕ေနမွာျဖစ္ျပီး စံခ်ိန္မီဘဝ Standard နဲ႕ ေဝးေနရဦးမွာပါ။
.
အရာရာကိုစိတ္ေအးခ်မ္းသာစြာနဲ႕ ဘဝကိုလြယ္ကူပံုေပၚေအာင္စဥ္းစားရင္း Standard ကို အျမဲတေစရွာေဖြမယ္ဆိုရင္ေတာ႕ လက္ရွိေန႕ရက္မ်ားဟာ ပိုမုိေနေပ်ာ္လာမွာျဖစ္ျပီး  ေမ်ွာ္လင္႕မထားတဲ႕အခက္အခဲေတြကို Reject လုပ္ ဖယ္ထုတ္ျငင္းပယ္ေက်ာ္လႊားႏိုင္မွာ မလြဲဧကန္ပါေပ။
.

koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
“ ဘာကိုရှာနေတာလဲ .. Reject လား Standard လား ? ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
မနက်အိပ်ရာထလိုက်တဲ့အချိန် “ ဒီနေ့တော့ ငါဘာကို ရှာဖွေမယ် ” ဆိုတာကို မိမိကိုယ်တိုင်မေးမိကြပါသလား? ဒါမှမဟုတ် ဘာမှမမေးပဲ ကြုံချင်ရာကြုံဆိုပြီး မရေမရာဖြတ်သန်းနေကြတာ နေ့တိုင်းပဲလား? ဒီမေးခွန်းတွေရဲ့အဖြေကိုတွေ့ရှိခဲ့နေရာကတော့ ကျွန်တော့အလုပ်ခွင်တစ်နေရာက ဖြစ်ပါတယ်။
.
ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းတိုင်းမှာ ကုန်ကြမ်းပံ့ပိုးသူ - Vendor ၊ ကုန်ကြမ်း - Raw Material ၊ ထုတ်လုပ်ခြင်း - Manufacturing ၊ တပ်ဆင်ခြင်း - Processing or Assembling ၊ အိပ်သွင်းထုပ်ပိုးခြင်း - Pouching ၊ ဂျပ်ဖါခွံသွပ်သွင်းခြင်း - Packaging ၊ တင်ပို့ခြင်း - Shipping စတဲ့အဆင့်များစွာရှိကြတယ်။ အရည်အသွေး - Quality အဓိကထားတဲ့လုပ်ငန်းမျိုးမှာ အဆင့် - Process တစ်ခုပြောင်းတိုင်း ထုတ်လုပ်လိုက်သမျှဟာ သတ်မှတ်တဲ့ စံချိန်စံညွှန်း - Standard နဲ့ ကိုက်ညီမှုရှိမရှိစစ်ကြတယ်။ 
.
မစစ်ဆေးပဲထုတ်လုပ်ရင် ဘာဖြစ်လာနိုင်မလဲ? ကြိုက်သလိုလုပ် မစစ်ဆေးပဲ ထွက်သလောက် ဖြစ်သလိုသာထုတ်လုပ်နေရင်တော့ အရည်အသွေးမမှီတဲ့ ပစ္စည်းတွေဟာ ပစ္စည်းကောင်းတွေကြားမှုာ ကြွက်ဖြူတွေကြားမှာ ကြွက်မဲရောနေသလို နာမည်ကျော်ကြားတဲ့ကုန်ပစ္စည်းတစ်အုပ်စုလုံးကို အမဲဖျက်သလို ပြန်လည်ဒုက္ခပေးမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကောင်းမွန်တဲ့အဆင့်ရဲ့အောက်တစ်နေရာကို ကျဆင်းသွားစေသလို သုံးစွဲသူ - Consumer တွေရဲ့ ယုံကြည်မှုကို တမုဟုတ်ချင်း ဆုံးရှူံးသွားစေနိုင်ပါတယ်။
.
.
အဆိုပါအားနည်းချက်တွေကိုဖြေရှင်းဖို့ ကုမ္ပဏီတွေက ငှားရမ်းဖြေရှင်းကြတဲ့ ဝန်ထမ်းအလွှာတစ်မျိုးကတော့ ကုန်ပစ္စည်းစစ်ဆေးသူ - Quality Control Inspector များပဲ ဖြစ်ပါတယ်။ အရည်အသွေးပိုင်းမှာ ( ၂ ) မျိုးထပ်ရှိပြန်တယ်။ အုပ်စုကြီးကတော့ အရည်အသွေးအာမခံခြင်း - Quality Assurance ဖြစ်ပြီး ဆင့်ပွားကွဲထွက်လာတဲ့ QC - Quality Control ကိုတော့ လူသိပိုများပါတယ်။ 
.
အကြမ်းအားဖြင့် QA ဟာ လုပ်ငန်းလုပ်စဉ်တွေ အမှားအယွင်းမရှိ၊ လွဲချော်မှုမရှိပဲထုတ်လုပ်နိုင်အောင် ကာကွယ် - Prevent လုပ်ထားတာဖြစ်သလို ထွက်ကုန် - Product တွေမှာ စံချိန်မကိုက်တဲ့ပစ္စည်း - Defect တွေပါဝင်မှုရှိမရှိကို စစ်ရတဲ့အလုပ်ကိုတော့ QC က လုပ်ပါတယ်။
.
.
ပိုရှင်းအောင်ပြောရရင် ချောက်ကလက်စက်ရုံတစ်ခုမှာ ချောက်ကလက်အဖြူထုတ်တဲ့စက်က မှန်ကန်တဲ့ပစ္စည်းတွေသုံးပြီး ချောကလက်အဖြူထွက်လာဖို့ QA မှာ တာဝန်ရှိပါတယ်။ မတော်လို့ ချောကလက်အညိုရောင်ထွက်လာရင် QA ရဲ့ အမှားပါ။ 
.
ဒါပေမယ့် ချောကလက်အဖြူပဲထွက်ထွက်၊ အမည်းပဲထွက်ထွက် အစားအသောက်ထွက်ကုန်ထဲမှာ အမှိုက်ပါနေလား၊ သတ်မှတ်ထားတဲ့အချိုပမာဏပြည့်ရဲ့လား၊ ထုတ်ပိုးမှုပါကင်တိုင်း အပေါက်အပြဲတွေပါနေသလား၊ ချောကလက်တွေကြေမွနေသလား စတဲ့ နောက်ဆုံးထွက်ကုန် - Final Product တွေကို ဆိုင်တွေဆီမပို့ခင် QC က လိုအပ်တဲ့စမ်းသပ်မှုတွေနဲ့ အမြဲမပြတ်စစ်ဆေးရပါတယ်။ ဒါကြောင့် ပစ္စည်းတစ်ခုခုမှားလို့ ပြန်လည်သိမ်းယူ၊ ပြည်လည်ခေါ်ယူပြုပြင်ပေးရတဲ့ Recall ကိစ္စဖြစ်လာပြီဆိုရင် QC တွေရဲ့ အားနည်းချက်ကြောင့်လို့ပဲ မှတ်ချက်ချရမှာဖြစ်ပါတယ်။
.
.
ဒီလိုအမှားအယွင်းတွေ ဒါမှမဟုတ် အဆင့်မမှီထိခိုက်မှု - Defect တွေ ရောင်းကုန်တွေမှာ မပါသွားရေးဟာ QC တွေအတွက် အရေးကြီးလှတယ်။ ဒါကြောင့်မို့ ချမှတ်ထားတဲ့ စံညွှန်း - Scope နဲ့ အညီ ကုန်ပစ္စည်းမှာ ဘယ်အချက်နဲ့တော့ညီရမယ်၊ ဘယ်အပြစ်မျိုးကိုတော့ တွေ့တာနဲ့တစ်ခါတည်းပယ်ပြီး - Reject လုပ်ရမယ်ဆိုတဲ့ ရည်ညွန်းချက် - Reference အရ စစ်ဆေးရပါတော့တယ်။ 
.
ဒါကြောင့်မို့ တွေ့သမျှ Reject တွေပယ်ပြီးသား QC တို့လွတ်လိုက်တဲ့ပစ္စည်းများဆိုရင်တော့ အရည်အသွေးရော အရည်အချင်းပါ ပြည့်မှီတဲ့ထွက်ကုန်ကို သုံးစွဲသူလက်ထဲ ပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဆိုလိုတာက QC Passed ပစ္စည်းဆိုရင် အားလုံးက တစ်ပြေးညီတည်း ဘယ်နေရာက ကောက်ကိုင်ကြည့်ကိုင်ကြည့် အရည်အသွေးတူ ချောမွေ့သပ်ရပ်တဲ့ ပစ္စည်းစစ် ပစ္စည်းမှန် - Standard ကို ပိုင်ဆိုင်နိုင်ပါပြီ။
.
.
တစ်နေ့တာ QC ရဲ့ အလုပ်တာဝန်တွေဟာ ရှုတ်ထွေးများပြားလှတယ်။ သုံးစွဲရတဲ့ကိရိယာတန်ဆာပလာ - Tools and Equipment ၊ မှီငြမ်းရတဲ့စာရွက်စာတမ်း - Document နဲ့ တိုင်းတာစစ်ဆေးရတဲ့စဉ်းမျဉ်းစည်းကမ်း - Rules တွေပေါ်မှာ အချိန်ကုန်ရသလို မျက်စိနဲ့စစ်ဆေးခြင်း - Visual Inspection က ပိုအဓိကကျနေပြန်ပါတယ်။ အရည်အသွေးထိခိုက်ခြင်းရဲ့ဖြစ်ရခြင်းအကြောင်းရင်း - Root Cause ကို ရှာရတယ်။ Reject မြင်ရင်ပယ်ပြီး ကောင်းမွန်တဲ့ Standard ရရင် လွှတ်ပေးရပါတယ်။ ဘယ်အရာဝတ္တုကိုမဆို မှန်မမှန်၊ စစ်မစစ်ဆိုတာကို မျက်စိနဲ့ကြည့်ရတာမဟုတ်လား။ ဒါပေမယ့် လူချင်းမတူသလို ကြည့်တဲ့မျက်လုံးချင်းလည်း တူမှာမဟုတ်ပါဘူး။ 
.
.
.
 ဒီလောက်အရှည်ကြီးရှင်းပြလာရတဲ့ QC အကြောင်းကိုဖတ်ပြီး မပျင်းသွားပါနဲ့ဦး။ ယူတတ်ရင် ပညာဖြစ်ပါတယ်။ ကျွန်တော်ကတော့ QC ကို ဘဝထဲယူဆောင်လာခဲ့တယ်။ QC ကို တန်ဖိုးထားတယ်။ နယ်မြေသစ်မှာ ကျွန်တော်ဟာ ..
.
QA အရ လမ်းစဉ်ချပြီး လျှောက်မည့်လမ်းကို ဖြောင့်ဖြောင့်တန်း လှမ်းတယ်။ 
.
လက်စွဲချီတက်ရမယ့် Tools တွေ သယ်ဆောင်လာတယ်။ 
.
အထောက်အကူပြုဘာသာစကားလက်နက် Equipment နဲ့ လောကကြီးကိုလှမ်းပစ်တယ်။
.
သင်ယူလေ့ခြင်းဖြင့်ခိုင်မာစေတဲ့ Document မှတ်တိုင်၊ ပညာရေးကို အသက်ဆက်တယ်။
.
မှီခိုအားထားရမယ့်ဗဟုသုတရှာဖွေရေး နဲ့ အသိပညာဖြန့်ဖြူးရေးမှာ စည်းကမ်း Rule တွေ ချမှတ်တယ်။
.
မြင်မိသမျှ အမှား နဲ့ အမှန်ကို အမြင်နှစ်မျိုးစလုံးနဲ့ Visual Inspect လုပ်ပြီး စစ်ဆေးအဖြေရှာတယ်။
.
ပြသနာတစ်ခုခုဖြစ်ရင် ဘယ်သူ့ကြောင့်လဲဆိုတာထက် မူလဇစ်မြစ်အရင်းခံ Root Cause ကိုတွေ့အောင်ရှာပြီးဖြေရှင်းတယ်။
.
.
.
ဒါပေမယ့် ဘဝကိုရင်ဆိုင်တဲ့အခါ လမ်းခရီးတစ်လျှောက်မှာ သာယာပြေလည်ချောမွေ့မှု Standard ကို အစဉ်ရှာမှာလား? ဖယ်ထုတ်ရမယ့် Reject ကို အရင်ရှာမှာလား ဆိုတာက ကာယကံရှင်တွေပေါ်မှာ မူတည်ပါတယ်။
.
Reject တွေကိုပဲရှာနေသူတွေကတော့ ပြသနာတွေကိုသာ အစဉ်မပြတ်တွေ့နေမှာဖြစ်ပြီး စံချိန်မီဘဝ Standard နဲ့ ဝေးနေရဦးမှာပါ။
.
အရာရာကိုစိတ်အေးချမ်းသာစွာနဲ့ ဘဝကိုလွယ်ကူပုံပေါ်အောင်စဉ်းစားရင်း Standard ကို အမြဲတစေရှာဖွေမယ်ဆိုရင်တော့ လက်ရှိနေ့ရက်များဟာ ပိုမိုနေပျော်လာမှာဖြစ်ပြီး  မျှော်လင့်မထားတဲ့အခက်အခဲတွေကို Reject လုပ် ဖယ်ထုတ်ငြင်းပယ်ကျော်လွှားနိုင်မှာ မလွဲဧကန်ပါပေ။
.

koko2yeye@gmail.com

No comments: