ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 19, 2020

ပြောင်းလဲလာတဲ့ Review ဈေးရောင်းနည်းပုံစံ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
လူတွေအိမ်ထဲမှာအနေများလို့ အွန်လိုင်းရောင်းအားတွေတဟုန်ထိုးတိုးတက်လာတဲ့ကုမ္ပဏီကြီးတွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ပလက်ဖောင်းပေါ်မှာတက်ရောင်းပေမဲ့ ရောင်းပန်းမလှတဲ့တနိုင်တပိုင်လုပ်ငန်းငယ်လေးတွေဟာ အွန်လိုင်းဈေးရောင်းတဲ့ပုံစံပြောင်းလဲလုပ်ကိုင်လာတာကို ဒီဆောင်းပါးနဲ့ဗဟုသုတမျှဝေချင်ပါတယ်။ 


          အများသိကြတဲ့အတိုင်း ကပ်ရောဂါကြောင့် ကမ္ဘာ့လူထုတော်တော်များများဟာ အိမ်မှာနေရင်းဈေးဝယ်ကြပါတယ်။
အသားစို၊ အသားခြောက်၊ လတ်လတ်ဆတ်ဆတ်သစ်သီးဝလံ နဲ့ ဆရာဝန်ညွန်ကြားမှဝယ်လို့ရတဲ့
ဆေးခန်းပေးဆေး-Prescription တွေကလွဲပြီး လိုတာမှန်သမျှ ဝယ်ကြ ခြမ်းကြပါတယ်။
ဒါကြောင့်ပဲ ဝေါမတ်၊ တားဂက်၊ ကော်စကို၊ ဟုမ်းဒီပို့ လို ကပ်ရောဂါအချိန်အတွင်းဖွင့်ခွင့်ရတဲ့စတိုးဆိုင်တွေသာမက
အမ်မဇွန်ဆိုတဲ့အွန်လိုင်းဈေးရောင်းပလက်ဖောင်း ကုန်သည်သောင်းပြောင်းဟာ
ဘဏ်အကောင့်တွေမှာ ငွေချောင်းစီးခဲ့ကြပါတယ်။


သူတို့အဆင်ပြေပေမဲ့ တကယ်မရောင်းရတဲ့၊ ရောင်းရဖို့ကြိုးစားနေတဲ့၊ ကုန်ပစ္စည်းတူပေမဲ့ နာမည်ရတံဆိပ်မဟုတ်တဲ့
လုပ်ငန်းငယ်တွေဟာ အရောင်းမြှင့်တင်ရေးတစ်မျိုးနဲ့ လူတွေအသုံးများတဲ့ Facebook ၊ Amazon နဲ့
အွန်လိုင်းငွေပေးချေမှုကုမ္ပဏီ-PayPal တို့ကိုသုံးပြီး သူတို့ပစ္စည်းအသစ်ကိုလူသုံးများအောင်လုပ်ပုံအဆင့်ဆင့်က
ဒီလိုပါ။


၁. Facebook မှာပေါ်လာတဲ့ကြော်ငြာကိုနှိပ်ပါ 

၂. Messenger မှာ စိတ်ဝင်စားတယ်-Interested လို့ မက်ဆေ့ပို့ပါ

၃. သတ်မှတ်ထားတဲ့ပစ္စည်းကို Amazon အကောင့်သုံးပြီးဝယ်ပါ

၄. အော်ဒါအတည်ဖြစ်ကြောင်းကိုအကြောင်းကြားပါ

၅. အိမ်ရောက်လာတဲ့ပစ္စည်းကို စမ်းသပ်သုံးစွဲကြည့်ပါ

၆. Review ကိုချောမွေ့အောင်ရေးပြီး 5 Stars ပေးပါ

၇. Screenshot ရိုက်ပြီး ရောင်းသူ-Vendor ကို မက်ဆင်ဂျာကနေပြန်ပို့ပါ

၈. ငွေပြန်လွဲပေးရမယ့် မိတ်ဆွေရဲ့ PayPal အကောင့် (အီးမေးလ်) ကို ပေးလိုက်ပါ

၉. Review အတည်ပြုကြောင်း (၇၂ နာရီအတွင်း) Amazon က အီးမေးလ်ပြန်လာရင်ငွေပြန်လွှဲဖို့သတိပေးပါ

၁ဝ. Vendor ပေါ်မူတည်ပြီး ၂-၅ ရက်အတွင်း PayPal ကို ငွေပြန်ဝင်လာပါမယ်

(မှတ်ချက်။  ။ ငွေပြန်ရပြီးရင် ပစ္စည်းကိုပြန် Return မလုပ်သင့်ပါ)

          ဒီဆောင်းပါးဟာ Amazon Payment ရှိသူ နဲ့ PayPal Online Bank Account
ရှိသူတွေသာဝယ်ယူနိုင်မှာဖြစ်ပြီး စိတ်ပါဝင်စားသူတွေ “စမ်းသပ်ကြဖို့တိုက်တွန်းတဲ့စာစုမဟုတ်ပါ”



အွန်လိုင်းမှာ “ကောင်းရောင်းကောင်းဝယ်လုပ်စားသူ” နဲ့ “တန်ရာတန်ကြေးပေးပြီး ပစ္စည်းအမှန်မပို့သူတွေ” ဆိုပြီး
ရှိကြမှာပါပဲ။ ဘယ်သူကမှန်ပြီးဘယ်သူကမှားတယ်ဆိုတာ
အလုပ်ကိုဘယ်သူကမှန်အောင်လုပ်သလဲဆိုတာနဲ့တိုင်းတာရပါတယ်။ မိမိကငွေအရင်ပေးလိုက်ရတော့ စိတ်ပူစရာလိုတယ်ထင်ရပေမယ့် Amazon ကဝယ်လို့ပစ္စည်းမပို့လာရင် ကိုယ့်ငွေကို Amazon က တာဝန်ယူပြီးဖြေရှင်းပေးမှာပါ။

         အားသာချက် အားနည်းချက်တွေကိုသိချင်တဲ့ကျွန်တော်ဟာ ကုန်ပစ္စည်း ၃ ခု ကို Vendor ၃ ဦးဆီက
သီးသန့်ဝယ်ကြည့်ပါတယ်။ လုပ်ဆောင်ပုံနဲ့သူတို့ရဲ့တောင်းဆိုတာကအတူတူပါပဲ။
Amazon မှာ ကောင်းမွန်တဲ့ ကြယ် ၅ ပွင့် Review တိုးပွားလာရေးသာ အဓိကဖြစ်ပါတယ်။ ဟုတ်ပါတယ် . .




ကျွန်တော်ကိုယ်တိုင် အွန်လိုင်းကပစ္စည်းဝယ်တိုင်းလည်း အရှေ့ကလူတွေဝယ်ထားတာ ဘယ်လိုသုံးကောင်းတယ်? သုံးရင်းသုံးရင်းနဲ့ဘာပြဿနာတွေတက်လာတယ်? ပြန်ပို့ရတယ် မပို့ရဘူး ဒါမျိုးတွေဖတ်ပြီးမှဝယ်ပါတယ်။ ဒီလိုဆိုတော့ အခုဈေးရောင်းနေသူတွေလို Review အတုတွေမရှိဘူးလား? ရှိနိုင်ပါတယ်။

         ပကတိဆင်ခြင်ဉာဏ်နဲ့သုံးသပ်ကြည့်ရင် ပစ္စည်းကောင်းလိုချင်ရင် ဈေးကြီးကြီးပေးဝယ်တဲ့ခေတ်လား? နာမည်ကြီးတဲ့ ကြော်ငြာကောင်းကောင်းသုံးတဲ့ ထိပ်ပိုင်းရောက်နေတဲ့ပစ္စည်းကိုချည်းဝယ်နေရတဲ့ခေတ်လား? ဘာမဆို ရက် ၃ဝ အတွင်း ပြန်ပို့ပေးနိုင်တဲ့ အမ်မဇွန်ရဲ့ဈေးဝယ်ထောင်ချောက်ထဲမှာ ပျော်ပျော်ကြီးသက်ဆင်းနေပြီးကြတဲ့နောက်မှာ ဘာကိုများထပ်ကြောက်နေရဦးမှာပါလဲလို့ မြင်မိပါတယ်။



          ဆင်ခြင်ဖို့ကတော့ ကိုယ်မလိုချင်တာကို (လက်လွန်ပြီး) မဝယ်ဖို့နဲ့ Review ရေးပြီး
(မတရား) မလုပ်စားဖို့ကိုသတိထားသင့်ပါတယ်။ YouTube ပေါ်မှာ Review ရေးပြီးဝင်ငွေရှာတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ဗီဒီယိုမှာ ဒါချည်းချည်းအချိန်ပြည့်လုပ်စားလို့
၁ လကို ဒေါ်လာ ၆ဝဝဝ လောက်တန်တဲ့ပစ္စည်းတွေအခမဲ့ရနေပေမဲ့
အိမ်မှာအသုံးမလိုတာတွေဂိုဒေါင်နဲ့အပြည့်ဖြစ်နေတာကိုသင်ခန်းစာယူနိုင်ပါတယ်။

          တကယ်တော့ Apple က iPhone ကို ဒီဇိုင်းဆွဲ၊ ပုံစံထုတ်၊ ကန်ထရိုက်နဲ့လုပ်အားခသက်သာတဲ့နိုင်ငံမှာ
Outsourcing အပ်တာ ဒီ iPhone နဲ့တွဲဖက်သုံးစွဲရမယ့် မျက်နှာပြင်ကာဗာ၊ ဖုံးခွံ၊ ဓာတ်ပုံရိုက်တုတ်၊
၃ ချောင်းထောက်တုတ်၊ အလင်းပေးတဲ့မီး၊ ခုန်ပေါ်တင်တဲ့ဒေါက်၊
ကားမောင်းဖို့ဖုန်းဒေါက် စတာတွေကို လုပ်ငန်းငယ်တွေလုပ်စားဖို့ချန်ထားပြီးသားပါ။
ဒါဟာ နောက်ပိုင်းအမေရိကားရဲ့ဈေးကွက်နည်းဗျူဟာတစ်မျိုးဖြစ်ပါတယ်။ 



   ပို့လာတဲ့မက်ဆေ့အရေးအသားတွေကိုကြည့်ရင် အင်္ဂလိပ်စကားအဓိကပြောတဲ့အင်္ဂလိပ်စာမျိုးမဟုတ်ဘဲ
အများအားဖြင့် ကျွန်တော်တို့ခေါင်းရင်းနိုင်ငံ တရုတ်ပြည်က ကုန်သည်ပေါက်စတွေလို့ခန်းမှန်းမိပါတယ်။
ရောင်းသူဟာ (အခု) ဝယ်သူကိုအခမဲ့ပေးလိုက်ရပေမဲ့ ကောင်းမွန်တဲ့ Review တစ်ခုရလိုက်ပါတယ်။
ဒီလိုနဲ့များလာတဲ့ Review တွေကိုဖတ်ပြီးနောက်ပိုင်
းလာဝယ်မဲ့သုံးစွဲသူဆီကအမြတ်ငွေကိုရှာဖွေဖို့လုပ်ဆောင်တာဖြစ်ပါတယ်။ 

          သူတို့က ပစ္စည်းတွေကိုအမေရိကန်နာမည်ကြီးပစ္စည်းတွေနဲ့ဆင်တူလိုက်ထုတ်တယ်လို့တစ်ချို့ကစွပ်စွဲကြတယ်။
တူအောင်လုပ်နိုင်ပါတယ်။ နာမည်တူအောင်မခိုးရင် အမေရိကားကလည်း တရားစွဲလို့မရပါဘူး။
တရုတ်နိုင်ငံရဲ့စက်မှုဇုံတွေမှာ ဆင်တူပစ္စည်းတွေအချိန်မရွေးဝယ်ယူတပ်ဆင်လို့ရပါတယ်။
လုပ်ငန်းအသစ်တွေလည်း အချိန်နဲ့အမျှပေါ်ထွက်လာနေပါတယ်။
Entrepreneur လို့ခေါ်တဲ့ စိတ်ကူးအသစ်နဲ့သူဌေးပေါက်စတွေဟာ ဘယ်နည်းနဲ့ဈေးရောင်းရမလဲဆိုတာ အမြဲစဉ်းစားနေတဲ့ခေတ်ဖြစ်ပါတယ်။ 

         နောက်ဆုံးအနေနဲ့ပြောပြချင်တာက ဒီလို Review Marketing Program ကို စမ်းကြည့်ရင်း
မိမိဝယ်ပေးလိုက်တဲ့ပစ္စည်းကတကယ်မကောင်းရင် တကယ်ပြန်ပို့လိုက်ပါ။
Vendor ကို အကြောင်းကြားပါ။
မကြိုက်ဘဲနဲ့မဝယ်ထားပါနဲ့။
အခမဲ့ရတိုင်း အားလုံးလက်မခံသင့်တဲ့အထဲမှာ
Amazon Review Writer အလုပ်လည်းပါတယ်ဆိုတာကို အထူးသတိပေးပါရစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
07-19-2020

<Zawgyi>

“ေျပာင္းလဲလာတဲ့ Review ေဈးေရာင္းနည္းပုံစံ” လူေတြအိမ္ထဲမွာအေနမ်ားလို႔ အြန္လိုင္းေရာင္းအားေတြတဟုန္ထိုးတိုးတက္လာတဲ့ကုမၸဏီႀကီးေတြရဲ့ေနာက္ကြယ္မွာ သူတို႔ရဲ့ပလက္ေဖာင္းေပၚမွာတက္ေရာင္းေပမဲ့ ေရာင္းပန္းမလွတဲ့တနိုင္တပိုင္လုပ္ငန္းငယ္ေလးေတြဟာ အြန္လိုင္းေဈးေရာင္းတဲ့ပုံစံေျပာင္းလဲလုပ္ကိုင္လာတာကို ဒီေဆာင္းပါးနဲ႔ဗဟုသုတမၽွေဝခ်င္ပါတယ္။ အမ်ားသိၾကတဲ့အတိုင္း ကပ္ေရာဂါေၾကာင့္ ကမၻာ့လူထုေတာ္ေတာ္မ်ားမ်ားဟာ အိမ္မွာေနရင္းေဈးဝယ္ၾကပါတယ္။ အသားစို၊ အသားေျခာက္၊ လတ္လတ္ဆတ္ဆတ္သစ္သီးဝလံ နဲ႔ ဆရာဝန္ညြန္ၾကားမွဝယ္လို႔ရတဲ့ ေဆးခန္းေပးေဆး-Prescription ေတြကလြဲၿပီး လိုတာမွန္သမၽွ ဝယ္ၾက ျခမ္းၾကပါတယ္။ ဒါေၾကာင့္ပဲ ေဝါမတ္၊ တားဂက္၊ ေကာ္စကို၊ ဟုမ္းဒီပို႔ လို ကပ္ေရာဂါအခ်ိန္အတြင္းဖြင့္ခြင့္ရတဲ့စတိုးဆိုင္ေတြသာမက အမ္မဇြန္ဆိုတဲ့အြန္လိုင္းေဈးေရာင္းပလက္ေဖာင္း ကုန္သည္ေသာင္းေျပာင္းဟာ ဘဏ္အေကာင့္ေတြမွာ ေငြေခ်ာင္းစီးခဲ့ၾကပါတယ္။ သူတို႔အဆင္ေျပေပမဲ့ တကယ္မေရာင္းရတဲ့၊ ေရာင္းရဖို႔ႀကိဳးစားေနတဲ့၊ ကုန္ပစၥည္းတူေပမဲ့ နာမည္ရတံဆိပ္မဟုတ္တဲ့ လုပ္ငန္းငယ္ေတြဟာ အေရာင္းျမႇင့္တင္ေရးတစ္မ်ိဳးနဲ႔ လူေတြအသုံးမ်ားတဲ့ Facebook ၊ Amazon နဲ႔ အြန္လိုင္းေငြေပးေခ်မႈကုမၸဏီ-PayPal တို႔ကိုသုံးၿပီး သူတို႔ပစၥည္းအသစ္ကိုလူသုံးမ်ားေအာင္လုပ္ပုံအဆင့္ဆင့္က ဒီလိုပါ။ ၁. Facebook မွာေပၚလာတဲ့ေၾကာ္ျငာကိုႏွိပ္ပါ
၂. Messenger မွာ စိတ္ဝင္စားတယ္-Interested လို႔ မက္ေဆ့ပို႔ပါ
၃. သတ္မွတ္ထားတဲ့ပစၥည္းကို Amazon အေကာင့္သုံးၿပီးဝယ္ပါ

၄. ေအာ္ဒါအတည္ျဖစ္ေၾကာင္းကိုအေၾကာင္းၾကားပါ
၅. အိမ္ေရာက္လာတဲ့ပစၥည္းကို စမ္းသပ္သုံးစြဲၾကည့္ပါ
၆. Review ကိုေခ်ာေမြ႕ေအာင္ေရးၿပီး 5 Stars ေပးပါ
၇. Screenshot ရိုက္ၿပီး ေရာင္းသူ-Vendor ကို မက္ဆင္ဂ်ာကေနျပန္ပို႔ပါ

၈. ေငြျပန္လြဲေပးရမယ့္ မိတ္ေဆြရဲ့ PayPal အေကာင့္ (အီးေမးလ္) ကို ေပးလိုက္ပါ
၉. Review အတည္ျပဳေၾကာင္း (၇၂ နာရီအတြင္း) Amazon က အီးေမးလ္ျပန္လာရင္ေငြျပန္လႊဲဖို႔သတိေပးပါ
၁ဝ. Vendor ေပၚမူတည္ၿပီး ၂-၅ ရက္အတြင္း PayPal ကို ေငြျပန္ဝင္လာပါမယ္
(မွတ္ခ်က္။ ။ ေငြျပန္ရၿပီးရင္ ပစၥည္းကိုျပန္ Return မလုပ္သင့္ပါ) ဒီေဆာင္းပါးဟာ Amazon Payment ရွိသူ နဲ႔ PayPal Online Bank Account ရွိသူေတြသာဝယ္ယူနိုင္မွာျဖစ္ၿပီး စိတ္ပါဝင္စားသူေတြ “စမ္းသပ္ၾကဖို႔တိုက္တြန္းတဲ့စာစုမဟုတ္ပါ” အြန္လိုင္းမွာ “ေကာင္းေရာင္းေကာင္းဝယ္လုပ္စားသူ” နဲ႔ “တန္ရာတန္ေၾကးေပးၿပီး ပစၥည္းအမွန္မပို႔သူေတြ” ဆိုၿပီး ရွိၾကမွာပါပဲ။ ဘယ္သူကမွန္ၿပီးဘယ္သူကမွားတယ္ဆိုတာ အလုပ္ကိုဘယ္သူကမွန္ေအာင္လုပ္သလဲဆိုတာနဲ႔တိုင္းတာရပါတယ္။ မိမိကေငြအရင္ေပးလိုက္ရေတာ့ စိတ္ပူစရာလိုတယ္ထင္ရေပမယ့္ Amazon ကဝယ္လို႔ပစၥည္းမပို႔လာရင္ ကိုယ့္ေငြကို Amazon က တာဝန္ယူၿပီးေျဖရွင္းေပးမွာပါ။ အားသာခ်က္ အားနည္းခ်က္ေတြကိုသိခ်င္တဲ့ကၽြန္ေတာ္ဟာ ကုန္ပစၥည္း ၃ ခု ကို Vendor ၃ ဦးဆီက သီးသန႔္ဝယ္ၾကည့္ပါတယ္။ လုပ္ေဆာင္ပုံ နဲ႔သူတို႔ရဲ့ေတာင္းဆိုတာကအတူတူပါပဲ။ Amazon မွာ ေကာင္းမြန္တဲ့ ၾကယ္ ၅ ပြင့္ Review တိုးပြားလာေရးသာ အဓိကျဖစ္ပါတယ္။ ဟုတ္ပါတယ္ . . ကၽြန္ေတာ္ကိုယ္တိုင္ အြန္လိုင္းကပစၥည္းဝယ္တိုင္းလည္း အေရွ႕ကလူေတြဝယ္ထားတာ ဘယ္လိုသုံးေကာင္းတယ္? သုံးရင္းသုံးရင္းနဲ႔ဘာျပႆနာေတြတက္လာတယ္? ျပန္ပို႔ရတယ္ မပို႔ရဘူး ဒါမ်ိဳးေတြဖတ္ၿပီးမွဝယ္ပါတယ္။ ဒီလိုဆိုေတာ့ အခုေဈးေရာင္းေနသူေတြလို Review အတုေတြမရွိဘူးလား? ရွိနိုင္ပါတယ္။ ပကတိဆင္ျခင္ဉာဏ္နဲ႔သုံးသပ္ၾကည့္ရင္ ပစၥည္းေကာင္းလိုခ်င္ရင္ ေဈးႀကီးႀကီးေပးဝယ္တဲ့ေခတ္လား? နာမည္ႀကီးတဲ့ ေၾကာ္ျငာေကာင္းေကာင္းသုံးတဲ့ ထိပ္ပိုင္းေရာက္ေနတဲ့ပစၥည္းကိုခ်ည္းဝယ္ေနရတဲ့ေခတ္လား? ဘာမဆို ရက္ ၃ဝ အတြင္း ျပန္ပို႔ေပးနိုင္တဲ့ အမ္မဇြန္ရဲ့ေဈးဝယ္ေထာင္ေခ်ာက္ထဲမွာ ေပ်ာ္ေပ်ာ္ႀကီးသက္ဆင္းေနၿပီးၾကတဲ့ေနာက္မွာ ဘာကိုမ်ားထပ္ေၾကာက္ေနရဦးမွာပါလဲလို႔ ျမင္မိပါတယ္။ ဆင္ျခင္ဖို႔ကေတာ့ ကိုယ္မလိုခ်င္တာကို (လက္လြန္ၿပီး) မဝယ္ဖို႔နဲ႔ Review ေရးၿပီး (မတရား) မလုပ္စားဖို႔ကိုသတိထားသင့္ပါတယ္။ YouTube ေပၚမွာ Review ေရးၿပီးဝင္ေငြရွာတဲ့အမ်ိဳးသမီးတစ္ေယာက္ရဲ့ဗီဒီယိုမွာ ဒါခ်ည္းခ်ည္းအခ်ိန္ျပည့္လုပ္စားလို႔ ၁ လကို ေဒၚလာ ၆ဝဝဝ ေလာက္တန္တဲ့ပစၥည္းေတြအခမဲ့ရေနေပမဲ့ အိမ္မွာအသုံးမလိုတာေတြဂိုေဒါင္နဲ႔အျပည့္ျဖစ္ေနတာကိုသင္ခန္းစာယူနိုင္ပါတယ္။ တကယ္ေတာ့ Apple က iPhone ကို ဒီဇိုင္းဆြဲ၊ ပုံစံထုတ္၊ ကန္ထရိုက္နဲ႔လုပ္အားခသက္သာတဲ့နိုင္ငံမွာ Outsourcing အပ္တာ ဒီ iPhone နဲ႔တြဲဖက္သုံးစြဲရမယ့္ မ်က္ႏွာျပင္ကာဗာ၊ ဖုံးခြံ၊ ဓာတ္ပုံရိုက္တုတ္၊ ၃ ေခ်ာင္းေထာက္တုတ္၊ အလင္းေပးတဲ့မီး၊ ခုန္ေပၚတင္တဲ့ေဒါက္၊ ကားေမာင္းဖို႔ဖုန္းေဒါက္ စတာေတြကို လုပ္ငန္းငယ္ေတြလုပ္စားဖို႔ခ်န္ထားၿပီးသားပါ။ ဒါဟာ ေနာက္ပိုင္းအေမရိကားရဲ့ေဈးကြက္နည္းဗ်ဴဟာတစ္မ်ိဳးျဖစ္ပါတယ္။ ပို႔လာတဲ့မက္ေဆ့အေရးအသားေတြကိုၾကည့္ရင္ အဂၤလိပ္စကားအဓိကေျပာတဲ့အဂၤလိပ္စာမ်ိဳးမဟုတ္ဘဲ အမ်ားအားျဖင့္ ကၽြန္ေတာ္တို႔ေခါင္းရင္းနိုင္ငံ တ႐ုတ္ျပည္က ကုန္သည္ေပါက္စေတြလို႔ခန္းမွန္းမိပါတယ္။ ေရာင္းသူဟာ (အခု) ဝယ္သူကိုအခမဲ့ေပးလိုက္ရေပမဲ့ ေကာင္းမြန္တဲ့ Review တစ္ခုရလိုက္ပါတယ္။ ဒီလိုနဲ႔မ်ားလာတဲ့ Review ေတြကိုဖတ္ၿပီးေနာက္ပိုင္းလာဝယ္မဲ့သုံးစြဲသူဆီကအျမတ္ေငြကိုရွာေဖြဖို႔လုပ္ေဆာင္တာျဖစ္ပါတယ္။ သူတို႔က ပစၥည္းေတြကိုအေမရိကန္နာမည္ႀကီးပစၥည္းေတြနဲ႔ဆင္တူလိုက္ထုတ္တယ္လို႔တစ္ခ်ိဳ႕ကစြပ္စြဲၾကတယ္။ တူေအာင္လုပ္နိုင္ပါတယ္။ နာမည္တူေအာင္မခိုးရင္ အေမရိကားကလည္း တရားစြဲလို႔မရပါဘူး။ တ႐ုတ္နိုင္ငံရဲ့စက္မႈဇုံေတြမွာ ဆင္တူပစၥည္းေတြအခ်ိန္မေရြးဝယ္ယူတပ္ဆင္လို႔ရပါတယ္။ လုပ္ငန္းအသစ္ေတြလည္း အခ်ိန္နဲ႔အမၽွေပၚထြက္လာေနပါတယ္။ Entrepreneur လို႔ေခၚတဲ့ စိတ္ကူးအသစ္နဲ႔သူေဌးေပါက္စေတြဟာ ဘယ္နည္းနဲ႔ေဈးေရာင္းရမလဲဆိုတာ အျမဲစဥ္းစားေနတဲ့ေခတ္ျဖစ္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ေျပာျပခ်င္တာက ဒီလို Review Marketing Program ကို စမ္းၾကည့္ရင္း မိမိဝယ္ေပးလိုက္တဲ့ပစၥည္းကတကယ္မေကာင္းရင္ တကယ္ျပန္ပို႔လိုက္ပါ။ Vendor ကို အေၾကာင္းၾကားပါ။ မႀကိဳက္ဘဲနဲ႔မဝယ္ထားပါနဲ႔။ အခမဲ့ရတိုင္း အားလုံးလက္မခံသင့္တဲ့အထဲမွာ Amazon Review Writer အလုပ္လည္းပါတယ္ဆိုတာကို အထူးသတိေပးပါရေစ။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 07-19-2020



No comments: