ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, April 5, 2020

ခပ်ခွာခွာနေရမှာက ၃ ပေ လား ၆ ပေ လား?

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO (World Health Organization) နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ-CDC (Centers for Disease Control and Prevention) [U.S.] တို့ ၂ ဖွဲ့မှာတင် လူအချင်းချင်းခပ်ခွာခွာနေဖို့/လူချဲနေဖို့ Social Distancing ဆိုတာ ဝိဝါဒကွဲနေပါတယ်။

WHO က "Maintain at least 1 meter (3 feet) distance between yourself and anyone who is coughing or sneezing." ချောင်းဆိုး/နှာချေနေသူတွေနဲ့ ၁ မီတာ (၃ ပေ) အကွာအဝေးမှာအမြဲနေပါ။ Why? ဘာကြောင့်လဲ?

When someone coughs or sneezes they spray small liquid droplets from their nose or mouth which may contain virus. ချောင်းဆိုး/နှာချေလိုက်သူတစ်ယောက်ရဲ့နှာခေါင်းနဲ့ပါးစပ်တို့ကမှုတ်ထုတ်လိုက်တဲ့လေထဲက တံတွေးအမှုန်အမွှားတွေထဲမှာ COVID-19 ဗိုင်းရပ်စ်ပိုး ပါဝင်နေနိုင်ပါတယ်။

If you are too close, you can breathe in the droplets, including the COVID-19 virus if the person coughing has the disease. သိပ်နီးကပ်တဲ့နေရာမှာရှိနေရင် အဲဒီအမှုန်အမွှားတွေကို ရှူမိလျက်သားဖြစ်သွားမှာကြောင့်ဖြစ်ပါတယ်? ဒါကိုကြည့်ပြီး WHO က ၃ ပေအကွာမှာ ချဲနေပါလို့ပြောခဲ့တာပါ။

အဓိပ္ပာယ်က ၃ ပေအတွင်း ပိုးသက်ဆင်းနိုင်တယ်။ ဒါကြောင့် လွတ်ရင် ရပြီ။ နောက်ကိစ္စနောက်ရှင်း ဆိုတဲ့ သဘောမျိုးဖြစ်မနေဘူးလား။ ဒါက WHO.

CDC အပြောအရ The best way to prevent illness is to avoid being exposed to this virus. အကောင်းဆုံးနည်းလမ်းက ဖျားနေပြီး ဗိုင်းရပ်စ်ကိုက်နေတဲ့လူကိုရှောင်ဖို့ပဲ . . လို့ တည့်တည့်ရေးပါတယ်။

The virus is thought to spread mainly from person-to-person. အဆိုပါဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် လူ ကနေ လူဆီကို (လူအချင်းချင်း) ကူးစက်တတ်တယ်။
Between people who are in close contact with one another (within about 6 feet). ၆ ပေအကွာမှာရှိတဲ့ Contact ရှိတဲ့လူအချင်းချင်းကြားမှာ (ကူးစက်တတ်) ပါတယ်တဲ့။

Some recent studies have suggested that COVID-19 may be spread by people who are not showing symptoms. နောက်ပိုင်းတစ်ချို့လေ့လာတွေ့ရှိချက်တွေအရ COVID-19 ဟာ ရောဂါလက္ခဏာမပြသူတွေကြောင့်လည်း ဆက်လက်ပြန့်ပွားနိုင်တယ်လို့ အကြံပြုတင်ပြထားပါတယ်။ ဒါက အမေရိကန် CDC.

တကယ့်လက်တွေ့မြေပြင်မှာ၊ ဈေးဝယ်စင်တာမှာ၊ အလုပ်ခွင်မှာ၊ ဆေးရုံ ဆေးပေးခန်းမှာ၊ အမေရိကားရဲ့ဘယ်နေရာမှာမဆို ၆ ပေ အဝေးကနေ ခပ်ခွာခွာနေကြတယ်။ လူအများမှတ်မိအောင် 6-Ft Rule ဆိုပြီး စည်းကမ်းထုတ်ကြတယ်။ ဒါပေမဲ့ အာရှနိုင်ငံတစ်ချို့ နဲ့ မြန်မာနိုင်င်ငံမှာတော့ ၃ ပေအခွာက မှန်တယ်ထင်နေကြတုန်းပဲ။

သတင်းတစ်ခုထဲမှာဆိုရင် အဝေးပြေးကားကြီးတွေရပ်နားရာစားသောက်ဆိုင်မှာ ထိုင်စားခုံတွေထားပြီးရောင်းချခွင့်မရတာကိုစာနာပြီး ကားပါကင်နားမှာ ခုံလေးတွေကို ၃ ပေစီဝါးလုံးနဲ့တန်းပြီးနာခိုစားသောက်စေပါသတဲ့။

စဉ်းစားကြည့်ပါ . . မိမိရှေ့မှာစားစရာပါဆယ်ဖွင့်ရင်း၊ တပ်ထားတဲ့ Mask ဖြုတ်ရင်း၊ ဇွန်းနဲ့အစားအသောက်ကိုကော်ရင်း၊ ရောဂါကိုကြိဆိုမယ့် ပါးစပ်ပေါက်ကြီးကိုဖွင့်ရင်း စားတော့မယ့်ဟန်ကိုဆက်ပြီး မျက်စိထဲမြင်အောင်ကြည့်ကြည့်ပါ။

ဘယ်သူကရောဂါကိုသယ်ဆောင်နေမှန်းမသိ၊ မိမိထိုင်နေတဲ့အရှေ့ကလေထဲမှာ ရောဂါပိုးပြန်လွင့်နေ/မလွင့်နေမှန်းမသိ၊ ပိုးသတ်ထားခြင်းမရှိတဲ့ဟင်းလင်းပြင်ထဲမှာ ထမင်းထိုင်စားဖို့က တစ်ယောက်နဲ့တစ်ယောက်က ၃ ပေ အကွာမှာ။

မဖြစ်ရင်တော့ အကုန်လုံးကောင်းပါတယ်။ ဘယ်သူမှ ဘာမှသိလိုက်မှာမဟုတ်သလို ဘယ်အကြောင်းအရာကိုမှလည်း အရေးတယူလုပ်ဖော်ပြစရာရှိလိုက်မှာမဟုတ်ပါဘူး။ သူတပါးစီးပွားရေးလုပ်နေတာကို ဝေဖန်လိုခြင်း မလိုမုန်းထားခြင်းစိတ်လုံးဝမရှိပါ။ ဒါပေမဲ့ ၆ ပေ အခွာလေးနဲ့စီမံရင်တော့ အားလုံးအတွက်ပိုမိုဘေးကင်းလုံခြုံစေတာအမှန်ပါ။

တကယ်တော့ လူအချင်းချင်းနီးကပ်စွာနေထိုင်တာ၊ အခုလို ရောဂါဆန်းပြန့်နှံ့လွယ်တဲ့အချိန်မှာ လူအချင်းချင်းခပ်ခွာခွာနေတာဟာ လူသားတို့ရဲ့ရွေးချယ်မှုပါ။ မိမိရဲ့ရွေးချယ်မှုကနေ သူတစ်ပါးထံကရောဂါပိုးလက်ခံရရှိလိုက်တာက တန်လို့လား? တစ်ခြားဘက်ကနေပြန်တွေးကြည့်တော့လည်း မိမိရဲ့ရွေးချယ်မှုကနေ သူတစ်ပါးကိုရောဂါပိုး ဆင့်ပွား/ပေးကမ်း/ဖြန့်ချိလိုက်ရတာကရော တန်လို့လား?

အကြောင်းရင်းက တစ်ခုပဲရှိတယ်။ အခုလိုခေတ်ကြီးထဲမှာ ဖျားနေ၊ နာနေ၊ နှာဆေးနေ၊ ချောင်းဆိုးနေသူတွေဟာ လူတောထဲသွားဖို့သိပ်ခက်ကြတယ်။ သွားနေ လာနေသူတွေထဲမှာ မိမိကိုယ်တိုင်ရောဂါပိုးကပ်ငြိသူဖြစ်မဖြစ်ဆိုတာကိုမသိသူတွေအများကြီးပဲ။ ဒါကြောင့် ရောဂါတွေကူးကြတာ။

မြန်မာနိုင်ငံဟာ ရောဂါပိုးစစ်ဆေးဖို့လူဦးရေအများကြီးကျန်နေတဲ့နိုင်ငံတွေထဲမှာတစ်နိုင်ငံအပါအဝင်ဖြစ်တယ်။ အင်ပြည့် အားပြည့် တားဆီးဖို့ရုန်းကန်နေရတဲ့နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်တယ်။ ကာကွယ်ဆေးတွေနဲ့ရောဂါပိုးသတ်နိုင်ဖို့အလှမ်းဝေးနေသေးတဲ့နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်တယ်။

ဒါကြောင့် မြန်မာနိုင်ငံသားချစ်မိတ်ဆွေတွေ မိမိထံကို (ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားမှန်းကိုယ်တိုင်မသိသူ) ဘယ်သူ့ဆီကမှရောဂါပိုး မရောက်ရှိလာအောင် ၆ ပေ အကွာကနေ ရှောင်ခွာကြရပါလိမ့်မယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-05-2020


<Zawgyi>

"ခပ္ခြာခြာေနရမွာက ၃ ေပ လား ၆ ေပ လား?"

ကမၻာ့က်န္းမာေရးအဖြဲ႕-WHO (World Health Organization) နဲ႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ကာကြယ္ေရးစင္တာ-CDC (Centers for Disease Control and Prevention) [U.S.] တို႔ ၂ ဖြဲ႕မွာတင္ လူအခ်င္းခ်င္းခပ္ခြာခြာေနဖို႔/လူခ်ဲေနဖို႔ Social Distancing ဆိုတာ ဝိဝါဒကြဲေနပါတယ္။ WHO က "Maintain at least 1 meter (3 feet) distance between yourself and anyone who is coughing or sneezing." ေခ်ာင္းဆိုး/ႏွာေခ်ေနသူေတြနဲ႔ ၁ မီတာ (၃ ေပ) အကြာအေဝးမွာအျမဲေနပါ။ Why? ဘာေၾကာင့္လဲ? When someone coughs or sneezes they spray small liquid droplets from their nose or mouth which may contain virus. ေခ်ာင္းဆိုး/ႏွာေခ်လိုက္သူတစ္ေယာက္ရဲ့ႏွာေခါင္းနဲ႔ပါးစပ္တို႔ကမႈတ္ထုတ္လိုက္တဲ့ေလထဲက တံေတြးအမႈန္အမႊားေတြထဲမွာ COVID-19 ဗိုင္းရပ္စ္ပိုး ပါဝင္ေနနိုင္ပါတယ္။ If you are too close, you can breathe in the droplets, including the COVID-19 virus if the person coughing has the disease. သိပ္နီးကပ္တဲ့ေနရာမွာရွိေနရင္ အဲဒီအမႈန္အမႊားေတြကို ရႉမိလ်က္သားျဖစ္သြားမွာေၾကာင့္ျဖစ္ပါတယ္? ဒါကိုၾကည့္ၿပီး WHO က ၃ ေပအကြာမွာ ခ်ဲေနပါလို႔ေျပာခဲ့တာပါ။ အဓိပၸာယ္က ၃ ေပအတြင္း ပိုးသက္ဆင္းနိုင္တယ္။ ဒါေၾကာင့္ လြတ္ရင္ ရၿပီ။ ေနာက္ကိစၥေနာက္ရွင္း ဆိုတဲ့ သေဘာမ်ိဳးျဖစ္မေနဘူးလား။ ဒါက WHO. CDC အေျပာအရ The best way to prevent illness is to avoid being exposed to this virus. အေကာင္းဆုံးနည္းလမ္းက ဖ်ားေနၿပီး ဗိုင္းရပ္စ္ကိုက္ေနတဲ့လူကိုေရွာင္ဖို႔ပဲ . . လို႔ တည့္တည့္ေရးပါတယ္။ The virus is thought to spread mainly from person-to-person. အဆိုပါဗိုင္းရပ္စ္ဟာ အဓိကအားျဖင့္ လူ ကေန လူဆီကို (လူအခ်င္းခ်င္း) ကူးစက္တတ္တယ္။ Between people who are in close contact with one another (within about 6 feet). ၆ ေပအကြာမွာရွိတဲ့ Contact ရွိတဲ့လူအခ်င္းခ်င္းၾကားမွာ (ကူးစက္တတ္) ပါတယ္တဲ့။ Some recent studies have suggested that COVID-19 may be spread by people who are not showing symptoms. ေနာက္ပိုင္းတစ္ခ်ိဳ႕ေလ့လာေတြ႕ရွိခ်က္ေတြအရ COVID-19 ဟာ ေရာဂါလကၡဏာမျပသူေတြေၾကာင့္လည္း ဆက္လက္ျပန႔္ပြားနိုင္တယ္လို႔ အႀကံျပဳတင္ျပထားပါတယ္။ ဒါက အေမရိကန္ CDC. တကယ့္လက္ေတြ႕ေျမျပင္မွာ၊ ေဈးဝယ္စင္တာမွာ၊ အလုပ္ခြင္မွာ၊ ေဆး႐ုံ ေဆးေပးခန္းမွာ၊ အေမရိကားရဲ့ဘယ္ေနရာမွာမဆို ၆ ေပ အေဝးကေန ခပ္ခြာခြာေနၾကတယ္။ လူအမ်ားမွတ္မိေအာင္ 6-Ft Rule ဆိုၿပီး စည္းကမ္းထုတ္ၾကတယ္။ ဒါေပမဲ့ အာရွနိုင္ငံတစ္ခ်ိဳ႕ နဲ႔ ျမန္မာနိုင္င္ငံမွာေတာ့ ၃ ေပအခြာက မွန္တယ္ထင္ေနၾကတုန္းပဲ။ သတင္းတစ္ခုထဲမွာဆိုရင္ အေဝးေျပးကားႀကီးေတြရပ္နားရာစားေသာက္ဆိုင္မွာ ထိုင္စားခုံေတြထားၿပီးေရာင္းခ်ခြင့္မရတာကိုစာနာၿပီး ကားပါကင္နားမွာ ခုံေလးေတြကို ၃ ေပစီဝါးလုံးနဲ႔တန္းၿပီးနာခိုစားေသာက္ေစပါသတဲ့။ စဥ္းစားၾကည့္ပါ . . မိမိေရွ႕မွာစားစရာပါဆယ္ဖြင့္ရင္း၊ တပ္ထားတဲ့ Mask ျဖဳတ္ရင္း၊ ဇြန္းနဲ႔အစားအေသာက္ကိုေကာ္ရင္း၊ ေရာဂါကိုႀကိဆိုမယ့္ ပါးစပ္ေပါက္ႀကီးကိုဖြင့္ရင္း စားေတာ့မယ့္ဟန္ကိုဆက္ၿပီး မ်က္စိထဲျမင္ေအာင္ၾကည့္ၾကည့္ပါ။ ဘယ္သူကေရာဂါကိုသယ္ေဆာင္ေနမွန္းမသိ၊ မိမိထိုင္ေနတဲ့အေရွ႕ကေလထဲမွာ ေရာဂါပိုးျပန္လြင့္ေန/မလြင့္ေနမွန္းမသိ၊ ပိုးသတ္ထားျခင္းမရွိတဲ့ဟင္းလင္းျပင္ထဲမွာ ထမင္းထိုင္စားဖို႔က တစ္ေယာက္နဲ႔တစ္ေယာက္က ၃ ေပ အကြာမွာ။ မျဖစ္ရင္ေတာ့ အကုန္လုံးေကာင္းပါတယ္။ ဘယ္သူမွ ဘာမွသိလိုက္မွာမဟုတ္သလို ဘယ္အေၾကာင္းအရာကိုမွလည္း အေရးတယူလုပ္ေဖာ္ျပစရာရွိလိုက္မွာမဟုတ္ပါဘူး။ သူတပါးစီးပြားေရးလုပ္ေနတာကို ေဝဖန္လိုျခင္း မလိုမုန္းထားျခင္းစိတ္လုံးဝမရွိပါ။ ဒါေပမဲ့ ၆ ေပ အခြာေလးနဲ႔စီမံရင္ေတာ့ အားလုံးအတြက္ပိုမိုေဘးကင္းလုံျခဳံေစတာအမွန္ပါ။ တကယ္ေတာ့ လူအခ်င္းခ်င္းနီးကပ္စြာေနထိုင္တာ၊ အခုလို ေရာဂါဆန္းျပန႔္ႏွံ့လြယ္တဲ့အခ်ိန္မွာ လူအခ်င္းခ်င္းခပ္ခြာခြာေနတာဟာ လူသားတို႔ရဲ့ေရြးခ်ယ္မႈပါ။ မိမိရဲ့ေရြးခ်ယ္မႈကေန သူတစ္ပါးထံကေရာဂါပိုးလက္ခံရရွိလိုက္တာက တန္လို႔လား? တစ္ျခားဘက္ကေနျပန္ေတြးၾကည့္ေတာ့လည္း မိမိရဲ့ေရြးခ်ယ္မႈကေန သူတစ္ပါးကိုေရာဂါပိုး ဆင့္ပြား/ေပးကမ္း/ျဖန႔္ခ်ိလိုက္ရတာကေရာ တန္လို႔လား? အေၾကာင္းရင္းက တစ္ခုပဲရွိတယ္။ အခုလိုေခတ္ႀကီးထဲမွာ ဖ်ားေန၊ နာေန၊ ႏွာေဆးေန၊ ေခ်ာင္းဆိုးေနသူေတြဟာ လူေတာထဲသြားဖို႔သိပ္ခက္ၾကတယ္။ သြားေန လာေနသူေတြထဲမွာ မိမိကိုယ္တိုင္ေရာဂါပိုးကပ္ၿငိသူျဖစ္မျဖစ္ဆိုတာကိုမသိသူေတြအမ်ားႀကီးပဲ။ ဒါေၾကာင့္ ေရာဂါေတြကူးၾကတာ။ ျမန္မာနိုင္ငံဟာ ေရာဂါပိုးစစ္ေဆးဖို႔လူဦးေရအမ်ားႀကီးက်န္ေနတဲ့နိုင္ငံေတြထဲမွာတစ္နိုင္ငံအပါအဝင္ျဖစ္တယ္။ အင္ျပည့္ အားျပည့္ တားဆီးဖို႔႐ုန္းကန္ေနရတဲ့နိုင္ငံေတြထဲကတစ္နိုင္ငံျဖစ္တယ္။ ကာကြယ္ေဆးေတြနဲ႔ေရာဂါပိုးသတ္နိုင္ဖို႔အလွမ္းေဝးေနေသးတဲ့နိုင္ငံေတြထဲကတစ္နိုင္ငံျဖစ္တယ္။ ဒါေၾကာင့္ ျမန္မာနိုင္ငံသားခ်စ္မိတ္ေဆြေတြ မိမိထံကို (ဗိုင္းရပ္စ္ပိုးသယ္ေဆာင္ထားမွန္းကိုယ္တိုင္မသိသူ) ဘယ္သူ႔ဆီကမွေရာဂါပိုး မေရာက္ရွိလာေအာင္ ၆ ေပ အကြာကေန ေရွာင္ခြာၾကရပါလိမ့္မယ္။ ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 04-05-2020

No comments: