ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 24, 2015

စိန္တစ္လံုးလို႕ေတြးျပီးစားလိုက္တယ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
အိမ္နီးနားခ်င္းတုိင္းျပည္ကလူမ်ိဴးတစ္ခ်ိဳ႕စုျပီး အသီးတစ္မ်ိဳးကို အေျမွာင္းေလးေတြစိတ္၊ ျငဳပ္သီးမႈန္႕နီနီရဲရဲျဖဴး၊  ဆားနဲ႕လူးျပီး ႏွယ္ေနတာေတြ႕ေတာ႕ စပ္စုခ်င္တဲ႕စိတ္ တဖြားဖြားေပၚလာတယ္။ အလုပ္လာလက္တက္ၾကတယ္သာဆုိတယ္ .. လုပ္ေနၾကတာက သူတို႕မီးဖိုေခ်ာင္မွာသူတို႕ ခ်က္-ျပဳတ္-ႏႊာ-လွီး ေနတဲ႕အတုိင္းပဲ။ စားပြဲအနီးကျဖတ္သြားသူတိုင္းကုိ သြားေရက်ေလာက္ေအာင္ ဆြဲေဆာင္မႈရွိေနတဲ႕ အစားအေသာက္ကေတာ႕ ျမန္မာအေခၚ “ သရက္သီးေမာင္းေမာင္းသည္ ” ပဲ ျဖစ္ပါတယ္။ သူတို႕လူမ်ိဳးေတြနဲ႕ ျမန္မာ႕အစားအေသာက္ ေတာ္ေတာ္နီးစပ္ပံုရတယ္။ လာအို၊ ထုိင္း၊ ေျမာင္ နဲ႕ ကေမၻာဒီးယားလူမ်ိဳး တုိ႕ဆိုတာ ေရွးျမန္မာမ်ားနဲ႕ အလြမ္းသင္႕ခဲ႕ၾကသူေတြမဟုတ္လား။
.
တစ္ပတ္တစ္ပတ္ တရုတ္ဆိုင္မွာေစ်းသံုးေတာ႕  သရက္သီးဂ်ပ္ဖါေတြကို Pallet လိုက္ ကုန္တင္ကားၾကီးေတြ လာပို႕တာေတြ႕ျမင္ေနရတယ္။ ( ၁ ) ပဲလက္ ဆုိရင္ ဂ်ပ္ဖါ ( ၇ဝ ) ေလာက္ စီစီရီရီထပ္ျပီး Plastic Wrap နဲ႕ ပတ္ထားတာကုိ ဆုိင္က မကၠဆီကန္အလုပ္သမားေတြက ျပန္ေျဖေနၾကပါတယ္။ တစ္ဖါခ်င္းဆီမွာ အနားေဒါက္ေတာင္႕ေတာင္႕ဂ်ပ္ဖါေတြက သရက္သီးတစ္လံုး မတ္တပ္ရပ္လို႕ လြတ္ရံုေလးမုိ႕ ျခင္းၾကားကြက္ဒီဇုိင္းအတိုင္း အေပၚကေန ပါကင္တိတ္ၾကည္နဲ႕ ကပ္ေနၾကတယ္။ ျပီးသြားတဲ႕အခါမွာ သရက္သီးဂ်ပ္ဖါကို ထိပ္ပုိင္းကဒ္ဖါအေပါက္ေလးကေန လက္ႏွစ္ေခ်ာင္းေလာက္ႏိႈက္ျပီးဆြဲမမလား၊ တိတ္ကပ္ထားတဲ႕မ်က္ႏွာျပင္ကေန လက္ငါးေခ်ာင္းနဲ႕ စံုမမလား လြယ္ကူစြာသယ္ယူသြားႏုိင္ပါျပီ။
.
.
ဆက္ျပီးေလ႕လာၾကည္႕လိုက္တဲ႕အခါ ဒီ ကယ္လီဖိုးနီးယားဖက္မွာ သရက္သီးျဖစ္ထြန္းတယ္ဆိုတာ သိရတယ္။ အမွန္တကယ္ေစ်းကြက္ထဲဝင္လာကေတာ႕ မကၠဆီကုိႏုိင္ငံကပါ။ ေစ်းွွဆုိင္ေတြမွာလည္း “ Produce of Mexico ” ကိုပဲ ေတြ႕ရတယ္။ အရင္တစ္ႏွစ္ေလာက္ကေတာ႕ ဖိလစ္ပိုင္ကေနဝင္တဲ႕ သရက္သီးေတြ စားခဲ႕ဖူးတယ္။ ေနာက္ပိုင္း မုန္တုိင္းအၾကီးစားေတြဝင္ျပီးတဲ႕ေနာက္ အဲဒီႏိုင္ငံက သရက္သီးေတြ ေျခရာေပ်ာက္သြားျပန္တယ္။

.
သရက္သီးမွာ အမွ်င္ဓါတ္ၾကြယ္ဝစြာ ပါရွိတယ္။ သို႕ေသာ္လည္း အခ်ိဳမ်ိဳး - Sweet ၊ အခ်ဥ္မ်ိဳး -  Acidic ၊ ပန္းနံ႕ - Floral ၊ ဇီးသီးႏြယ္ - More Plum နဲ႕ မက္မြန္ႏြယ္ - Peach-Like ဆိုျပီး ခြဲျခားၾကတယ္။ လတ္လတ္ဆတ္ဆတ္အခြံႏႊာလွီးျဖတ္ထားတဲ႕ ပန္းကန္ထဲက သရက္သီးတံုးေလးေတြဟာ စားခ်င္စဖြယ္ျဖစ္ျပီး လူတိုင္းကို ဆြဲေဆာင္ပါလိမ္႕မယ္။ ဒီ႕ထက္ပိုဆြဲေဆာင္ေစမွာက ခႏၶာကိုယ္အတြက္လုိအပ္တဲ႕ အမွ်င္ဓါတ္ နဲ႕ သၾကားဓါတ္ ျဖစ္ပါတယ္။
.
ဒီေနရာမွာ သရက္သီးကုိ အသား ( တစ္ရွဴး ၊ ယွက္သား ) – Texture နဲ႕ ( ၃ ) မ်ိဳး ခြဲျပန္တယ္။ ေခ်ာ္တြဲလဲ - Slippery ၊ ႏူးညံ႕ - Smooth နဲ႕ အမွ်င္ၾကြယ္ဝ - Fibrous ဆိုျပီး မွတ္စရာမ်ားလွတယ္။ ကဲ .. ျမန္မာႏုိင္ငံကသရက္သီးေတြကို ဘယ္စာရင္းထဲသြင္းမလဲ မေျပာခင္ ဒီ အေမရိကားမွာေတြ႕တဲ႕ သရက္သီး ( ၂ ) မ်ိဳးကို ေလ႕လာၾကည္႕ရေအာင္..။
.
.
မ်ားစြာေသာမ်ိဳးစိတ္ေတြထဲက အေမရိကားမွာေတြ႕ရမ်ားတဲ႕ သရက္သီးမ်ိဳးေတြထဲမွာ ေတာ္မီ - Tommy Atkins ၊ ဟက္ဒင္း - Haden ၊ အားထာအုဖို - Ataulfo ( Ath-ah-uhl-foe ) ၊ ခိတ္ - Keitt နဲ႕ ကင္႕ - Kent အမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။ မျမင္ဖူးတဲ႕ သရက္သီးေတြနဲ႕ သူ႕အေခၚအေဝၚေတြကို ျမန္မာ႕နည္းျမန္မာ႕ဟန္နဲ႕ ကြ်န္ေတာ္ ( ၂ ) အုပ္စု ခြဲျပီး မွတ္သားထားမိပါတယ္။ Atlaulfo သီးကို ဖယ္ထားျပီး က်န္တာအားလံုးက “ ပါးနီကြက္ပါတဲ႕မခ်စ္စု ” လို႕ နာမည္ေပးထားမိတယ္။ ဒါဆို က်န္တဲ႕တစ္မ်ိဳးက ကြ်န္ေတာ္အၾကိဳက္ဆံုး “ စိန္တစ္လံုး ” ဆုိတာ ရိပ္မိေလာက္ျပီေပါ႕ေနာ္။
.
.
ခ်ိဳရဲထူးကဲလွတဲ႕ သရက္သီးဟာ က်န္းမာေရးအတြက္ေကာင္းတာဟုတ္ရဲ႕လားလုိ႕ သံသယျဖစ္သူေတြ ရွိၾကတယ္။ အေနေတာ္ေလးလွီးထားတဲ႕ ဖန္ခြက္ ( ၁ ) ခြက္စာ သရက္သီးစိတ္ေတြမွာ ကယ္လိုရီ ( ၁ဝဝ ) ပါဝင္တယ္လို႕ ဆိုပါတယ္။ ဒါဟာ လူတစ္ေယာက္ရဲ႕ တစ္ေန႕ရွိသင္႕ ရွိအပ္ မွီဝဲအပ္တဲ႕ ဗုိက္တာမင္စီ - Vitamin C ကြက္တိ ျဖစ္တယ္လို႕လည္း ေျပာျပၾကတယ္။
.
ဒီ႕အျပင္ အပိုအေနနဲ႕ မံုလာဥနီမွာ ရတတ္တဲ႕ ဗုိက္တာမင္ေအ - Vitamin A ဓါတ္ ( ၃၅% ) ကိုလည္း ဒီပမာဏသရက္သီးကေန လက္ေဆာင္ေပးပါဦးမယ္။ ဒါထက္ပိုျပီးေျပာရရင္ ခႏၶာကုိယ္အတြက္လုိအပ္တဲ႕ အစာေခ်ဖ်က္ဓါတ္ - Fiber ရဲ႕ ( ၁၂% ) ပါဝင္ပါေသးတယ္။ ေဆးဘက္ဝင္ဓါတ္ေတြျဖစ္တဲ႕ B6 ၊ B9 ၊ ေသြးေၾကာအားျဖည္႕ဓါတ္ - Folic Acid ကိုပါ ရရွိေစတယ္။ ဒါေပမယ္႕ စားသံုးသူဟာ ဆီးခ်ိဳေဝဒနာရွင္ျဖစ္ခဲ႕ရင္ အဆိုပါသရက္သီးအျဖည္႕ျဖည္႕ထားတဲ႕ဖန္ခြက္ရဲ႕ တစ္ဝက္ပမာဏမွာ အခ်ိဳဓါတ္ - Sugar ( ၁၁ ) ဂရမ္ ပါဝင္တယ္ဆုိတာကို သတိထားရပါမယ္။
.
.


.
.
အေရွ႕မွာေျပာခဲ႕တဲ႕ ပါးနီကြက္မခ်စ္စုအုပ္စုမွာ ပါဝင္တဲ႕သရက္သီးေတြကုိ ဖေလာ္ရီဒါ၊ အလယ္ပိုင္း နဲ႕ ေတာင္ပိုင္းအေမရိက နဲ႕ ကယ္လီဖိုးနီးယား တုိ႕မွာ ထြက္ရွိၾကတယ္။ ျပည္ပႏိုင္ငံေတြအေနနဲ႕ ဖိလစ္ပင္း ၊ မကၠဆီကုိ နဲ႕ ၾသစေတးလ်တို႕ကေန ဝင္ေရာက္ ေစ်းကြက္ေနရာယူပါတယ္။ အသီးအမ်ားစုဟာ တုတ္တုတ္ခိုင္ခိုင္ ဝဝပုပုမ်ိဳးျဖစ္ျပီး ျမန္မာႏုိင္ငံက “ ရင္ကြဲသီး ” လို ရွည္ရွည္ေမ်ာေမ်ာ အသီးမ်ိဳးက ေတြ႕ရခဲတယ္။ အေရာင္က အစိမ္း နဲ႕ အနီ စပ္ၾကားမ်ိဳးပါ။
.
အၾကိဳက္ဆံုး စိန္တစ္လံုးပံုစံ ဖိလစ္ပုိင္သီးက အရသာပိုေကာင္းျပီး ဒီတစ္ႏွစ္မွာေတာ႕ မကၠဆီကုိ ရွန္ပိန္သီး - Champagne တစ္ျဖစ္လဲ အားထာအုဖုိသီး နဲ႕ ႏွစ္ပါးသြားေနခဲ႕႔ရပါတယ္။ ဒီအလံုးမ်ိဳးက စိန္တစ္လံုးလို အဝါေရာင္ ဝင္းေနပါတယ္။
.
.
ျမန္မာႏုိင္ငံမွာ သရက္သီးမွည္႕မမွည္႕က ဘယ္လိုစမ္းသပ္သလဲေတာ႕မသိပါ။ အေမရိကားမွာေတာ႕ လက္နဲ႕ဖိၾကည္႕ ႏွိပ္ၾကည္႕ရပါတယ္။ အေရာင္က တစ္ဝါထဲဝါေနေတာ႕ မွည္႕ရင္႕မႈကုိ မွန္းလို႕မရႏိုင္ပါဘူး။ အိမ္မွာထားတဲ႕အခါ၊ ဂ်ပ္ဖါခြံထဲထည္႕ထားတဲ႕အခါ အညွာကိုေထာင္ထားမွ သက္တမ္းပိုခံမွာ ျဖစ္ပါတယ္။
.
ႏိုင္ငံျခားေရာက္ျမန္မာေတြ သင္ယူသင္႕တဲ႕အထဲမွာ သရက္သီးႏႊာပံုလည္း ပါေစခ်င္တယ္။ ဒီဘက္မွာေတာ႕ ဘယ္သူမွ အခြံကုိ စိတ္ရွည္လက္ရွည္ႏႊာျပီး ျမန္မာေတြလုပ္ေနက် ကိုယ္လံုးတီးသရက္သီးကုိ လက္တစ္ဖက္ကကိုင္၊ ေနာက္လက္တစ္ဖက္က ဓါးနဲ႕စိတ္မယ္ဆုိျပီး မလုပ္ၾကပါဘူး။ ျပီးေတာ႕ သရက္သီးအေစးေလာင္မွာစိုးလို႕ အရင္းနားလွီးထုတ္ျပီး ေရစိမ္ထားတာမ်ိဳး၊ ျမန္ျမန္မွည္႕ေအာင္လို႕ ဆန္အုိးထဲထည္႕ထားတာမ်ိဳး မလုပ္ၾကပါဘူး။ ဒါျဖင္႕ရင္ သရက္သီးဘယ္လိုခြဲၾကပါသလဲ ..?
.
.
အသားမ်ားတဲ႕ မ်က္ႏွာျပင္ႏွစ္ဖက္ အေကာင္းရေအာင္ လွီးျဖတ္လိုက္ပါ။ ရလာတဲ႕ အခြံပါသရက္သီးျခမ္းကို လွန္ျပီး အတြင္းသားကုိ ဇယားကြက္၊ ေလ႕ေထာင္႕ကြက္၊ စတုရန္းကြက္ပံုစံ “ ဓါးရာ ” ေပးပါ၊ အေရးအၾကီးဆံုးက ေအာက္ကအခြံကုိ မလွီးပဲ ခ်န္ထားရမွာ ျဖစ္ပါတယ္။ ( ၂ ) ျခမ္းလံုး ပံုစံေပးျပီးတဲ႕အခါ သရက္သီးျခမ္းရဲ႕ အခံုးဖက္ကေနျပီး လက္မနဲ႕တြန္းလိုက္ပါ။ ဒီအခါမွာ စားခ်င္႕စဖြယ္ ညီညီညာညာ သရက္သီးတံုးေလးေတြဟာ စြင္႕ကားျပီး စားသံုးသူအလုိက် အစားခံဖုိ႕ ေစာင္႕ေမွ်ာ္ေနပါလိမ္႕မယ္။
.
စိတ္တိုင္းမက်လို႕ ဇြန္းနဲ႕ကေလာ္ထုတ္ျပီး စားမယ္ဆုိရင္လည္း သေဘာရွိပါပဲ။ ျမန္မာႏိုင္ငံကအတုိင္း သရက္သီးအေစ႕ နဲ႕ ေဘးသားကိုေတာ႕ အိမ္ေတြမွာပဲ စုတ္ယူစားသံုးၾကမယ္ ထင္ပါတယ္။ အမွ်င္မ်ားတဲ႕အတြက္ အလုပ္ခြင္ေတြမွာေတာ႕ စားတာ မေတြ႕ဖူးပါဘူး လႊင္႕ပစ္ၾကတယ္။
.
.
စာေစာင္တစ္ခုမွာဆုိရင္ ပန္းသီး၊ လိေမၼာ္သီး နဲ႕ ငွက္ေပ်ာသီးစားလို႕ ညည္းေငြ႕လာတဲ႕အခါ သရက္သီးကို အလွည္႕ေပးသင္႕တယ္လို႕ ေရးသားပါတယ္။ အေနာက္ႏုိင္ငံေတြမွာ သရက္သီးကို အခ်ိဳတည္အေနနဲ႕စားရရံု အားမရလို႕ အဓိကလက္သုပ္ - Salad ေတြမွာ ထည္႕စားၾကတယ္။ ဒီႏိုင္ငံေရာက္ ေရႊျမန္မာေတြကေတာ႕ သရက္ျပား၊ သရက္မွ်င္၊ သရက္ခ်ဥ္၊ သရက္ယုိ၊ သရက္စပ္၊ သရက္သီးသနပ္ တုိ႕ကို မက္ေမာလြန္းလို႕ အလံုပိတ္ထုပ္ပိုးခိုင္းျပီး ျမန္မာလူၾကံဳေတြနဲ႕ တကူးတက မွာၾကတယ္။
.
.
တစ္ခုသတိေပးခ်င္တာကေတာ႕ အားေဆးသံုးစြဲမႈပါ။ အသီးေတြလည္းစား၊ အားေဆးလည္းစား၊ အခ်ဥ္ေတြလည္းေသာက္ နဲ႕ ကုိယ္႕ရဲ႕ဇီဝခႏၶာမွာ လိုအပ္တဲ႕ဓါတ္ေတြ မတန္တဆျဖည္႕ေပးေနမိတယ္လုိ႕ မထင္မိဘူးလား..? ဒါကို သတိခ်ပ္မိရင္ ကိုယ္ရဲ႕ ေန႕စဥ္လိုအပ္ခ်က္ ဗုိက္တာမင္ကို ခ်င္႕ခ်ိန္လို႕ရပါတယ္။ ဆီးခ်ိဳသမားကလည္း လိုအပ္တဲ႕အခ်ိဳဓါတ္ကို တိုင္းဆလို႕ရပါတယ္။ ကြ်န္ေတာ္ကေတာ႕ အရသာမမွီေပမယ္႕ လက္လွမ္းမွီေနတဲ႕ အားထာအုဖို - Ataulfo သရက္သီးကုိပဲ စိန္တစ္လံုးအမွတ္နဲ႕ ႏွစ္ႏွစ္ကာကာ စားသံုးေနရပါေၾကာင္း အလြမ္းေျဖမိပါေတာ႕တယ္။
.
.
ရည္ညႊန္းကိုးကား - The Costco Connection
.
.
သရက္သီးခြဲစားနည္း YouTube : https://www.youtube.com/watch?v=BB8HRgAFg3k
.

အေနာက္ႏုိင္ငံသရက္သီးမ်ိဳးစိပ္ေလ႕လာႏုိင္႔ရန္ : https://www.google.com/search?q=kent+mango&es_sm=122&biw=1242&bih=585&source=lnms&tbm=isch&sa=X&ei=0jdiVaDdOIfQtQW3ag&sqi=2&ved=0CAYQ_AUoAQ#tbm=isch&q=mango+types
.
.
.
Myanmar Unicode Version:
.
.
“ စိန်တစ်လုံးလို့တွေးပြီးစားလိုက်တယ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အိမ်နီးနားချင်းတိုင်းပြည်ကလူမျိူးတစ်ချို့စုပြီး အသီးတစ်မျိုးကို အမြှောင်းလေးတွေစိတ်၊ ငြုပ်သီးမှုန့်နီနီရဲရဲဖြူး၊  ဆားနဲ့လူးပြီး နှယ်နေတာတွေ့တော့ စပ်စုချင်တဲ့စိတ် တဖွားဖွားပေါ်လာတယ်။ အလုပ်လာလက်တက်ကြတယ်သာဆိုတယ် .. လုပ်နေကြတာက သူတို့မီးဖိုချောင်မှာသူတို့ ချက်-ပြုတ်-နွှာ-လှီး နေတဲ့အတိုင်းပဲ။ စားပွဲအနီးကဖြတ်သွားသူတိုင်းကို သွားရေကျလောက်အောင် ဆွဲဆောင်မှုရှိနေတဲ့ အစားအသောက်ကတော့ မြန်မာအခေါ် “ သရက်သီးမောင်းမောင်းသည် ” ပဲ ဖြစ်ပါတယ်။ သူတို့လူမျိုးတွေနဲ့ မြန်မာ့အစားအသောက် တော်တော်နီးစပ်ပုံရတယ်။ လာအို၊ ထိုင်း၊ မြောင် နဲ့ ကမ္ဘောဒီးယားလူမျိုး တို့ဆိုတာ ရှေးမြန်မာများနဲ့ အလွမ်းသင့်ခဲ့ကြသူတွေမဟုတ်လား။
.
တစ်ပတ်တစ်ပတ် တရုတ်ဆိုင်မှာဈေးသုံးတော့  သရက်သီးဂျပ်ဖါတွေကို Pallet လိုက် ကုန်တင်ကားကြီးတွေ လာပို့တာတွေ့မြင်နေရတယ်။ ( ၁ ) ပဲလက် ဆိုရင် ဂျပ်ဖါ ( ၇ဝ ) လောက် စီစီရီရီထပ်ပြီး Plastic Wrap နဲ့ ပတ်ထားတာကို ဆိုင်က မက္ကဆီကန်အလုပ်သမားတွေက ပြန်ဖြေနေကြပါတယ်။ တစ်ဖါချင်းဆီမှာ အနားဒေါက်တောင့်တောင့်ဂျပ်ဖါတွေက သရက်သီးတစ်လုံး မတ်တပ်ရပ်လို့ လွတ်ရုံလေးမို့ ခြင်းကြားကွက်ဒီဇိုင်းအတိုင်း အပေါ်ကနေ ပါကင်တိတ်ကြည်နဲ့ ကပ်နေကြတယ်။ ပြီးသွားတဲ့အခါမှာ သရက်သီးဂျပ်ဖါကို ထိပ်ပိုင်းကဒ်ဖါအပေါက်လေးကနေ လက်နှစ်ချောင်းလောက်နှိုက်ပြီးဆွဲမမလား၊ တိတ်ကပ်ထားတဲ့မျက်နှာပြင်ကနေ လက်ငါးချောင်းနဲ့ စုံမမလား လွယ်ကူစွာသယ်ယူသွားနိုင်ပါပြီ။
.
.
ဆက်ပြီးလေ့လာကြည့်လိုက်တဲ့အခါ ဒီ ကယ်လီဖိုးနီးယားဖက်မှာ သရက်သီးဖြစ်ထွန်းတယ်ဆိုတာ သိရတယ်။ အမှန်တကယ်ဈေးကွက်ထဲဝင်လာကတော့ မက္ကဆီကိုနိုင်ငံကပါ။ ဈေးွွဆိုင်တွေမှာလည်း “ Produce of Mexico ” ကိုပဲ တွေ့ရတယ်။ အရင်တစ်နှစ်လောက်ကတော့ ဖိလစ်ပိုင်ကနေဝင်တဲ့ သရက်သီးတွေ စားခဲ့ဖူးတယ်။ နောက်ပိုင်း မုန်တိုင်းအကြီးစားတွေဝင်ပြီးတဲ့နောက် အဲဒီနိုင်ငံက သရက်သီးတွေ ခြေရာပျောက်သွားပြန်တယ်။

.
သရက်သီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါရှိတယ်။ သို့သော်လည်း အချိုမျိုး - Sweet ၊ အချဉ်မျိုး -  Acidic ၊ ပန်းနံ့ - Floral ၊ ဇီးသီးနွယ် - More Plum နဲ့ မက်မွန်နွယ် - Peach-Like ဆိုပြီး ခွဲခြားကြတယ်။ လတ်လတ်ဆတ်ဆတ်အခွံနွှာလှီးဖြတ်ထားတဲ့ ပန်းကန်ထဲက သရက်သီးတုံးလေးတွေဟာ စားချင်စဖွယ်ဖြစ်ပြီး လူတိုင်းကို ဆွဲဆောင်ပါလိမ့်မယ်။ ဒီ့ထက်ပိုဆွဲဆောင်စေမှာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမျှင်ဓါတ် နဲ့ သကြားဓါတ် ဖြစ်ပါတယ်။
.
ဒီနေရာမှာ သရက်သီးကို အသား ( တစ်ရှူး ၊ ယှက်သား ) – Texture နဲ့ ( ၃ ) မျိုး ခွဲပြန်တယ်။ ချော်တွဲလဲ - Slippery ၊ နူးညံ့ - Smooth နဲ့ အမျှင်ကြွယ်ဝ - Fibrous ဆိုပြီး မှတ်စရာများလှတယ်။ ကဲ .. မြန်မာနိုင်ငံကသရက်သီးတွေကို ဘယ်စာရင်းထဲသွင်းမလဲ မပြောခင် ဒီ အမေရိကားမှာတွေ့တဲ့ သရက်သီး ( ၂ ) မျိုးကို လေ့လာကြည့်ရအောင်..။
.
.
များစွာသောမျိုးစိတ်တွေထဲက အမေရိကားမှာတွေ့ရများတဲ့ သရက်သီးမျိုးတွေထဲမှာ တော်မီ - Tommy Atkins ၊ ဟက်ဒင်း - Haden ၊ အားထာအုဖို - Ataulfo ( Ath-ah-uhl-foe ) ၊ ခိတ် - Keitt နဲ့ ကင့် - Kent အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ မမြင်ဖူးတဲ့ သရက်သီးတွေနဲ့ သူ့အခေါ်အဝေါ်တွေကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကျွန်တော် ( ၂ ) အုပ်စု ခွဲပြီး မှတ်သားထားမိပါတယ်။ Atlaulfo သီးကို ဖယ်ထားပြီး ကျန်တာအားလုံးက “ ပါးနီကွက်ပါတဲ့မချစ်စု ” လို့ နာမည်ပေးထားမိတယ်။ ဒါဆို ကျန်တဲ့တစ်မျိုးက ကျွန်တော်အကြိုက်ဆုံး “ စိန်တစ်လုံး ” ဆိုတာ ရိပ်မိလောက်ပြီပေါ့နော်။
.
.
ချိုရဲထူးကဲလှတဲ့ သရက်သီးဟာ ကျန်းမာရေးအတွက်ကောင်းတာဟုတ်ရဲ့လားလို့ သံသယဖြစ်သူတွေ ရှိကြတယ်။ အနေတော်လေးလှီးထားတဲ့ ဖန်ခွက် ( ၁ ) ခွက်စာ သရက်သီးစိတ်တွေမှာ ကယ်လိုရီ ( ၁ဝဝ ) ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ တစ်နေ့ရှိသင့် ရှိအပ် မှီဝဲအပ်တဲ့ ဗိုက်တာမင်စီ - Vitamin C ကွက်တိ ဖြစ်တယ်လို့လည်း ပြောပြကြတယ်။
.
ဒီ့အပြင် အပိုအနေနဲ့ မုံလာဥနီမှာ ရတတ်တဲ့ ဗိုက်တာမင်အေ - Vitamin A ဓါတ် ( ၃၅% ) ကိုလည်း ဒီပမာဏသရက်သီးကနေ လက်ဆောင်ပေးပါဦးမယ်။ ဒါထက်ပိုပြီးပြောရရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အစာချေဖျက်ဓါတ် - Fiber ရဲ့ ( ၁၂% ) ပါဝင်ပါသေးတယ်။ ဆေးဘက်ဝင်ဓါတ်တွေဖြစ်တဲ့ B6 ၊ B9 ၊ သွေးကြောအားဖြည့်ဓါတ် - Folic Acid ကိုပါ ရရှိစေတယ်။ ဒါပေမယ့် စားသုံးသူဟာ ဆီးချိုဝေဒနာရှင်ဖြစ်ခဲ့ရင် အဆိုပါသရက်သီးအဖြည့်ဖြည့်ထားတဲ့ဖန်ခွက်ရဲ့ တစ်ဝက်ပမာဏမှာ အချိုဓါတ် - Sugar ( ၁၁ ) ဂရမ် ပါဝင်တယ်ဆိုတာကို သတိထားရပါမယ်။
.
.



.
.
အရှေ့မှာပြောခဲ့တဲ့ ပါးနီကွက်မချစ်စုအုပ်စုမှာ ပါဝင်တဲ့သရက်သီးတွေကို ဖလော်ရီဒါ၊ အလယ်ပိုင်း နဲ့ တောင်ပိုင်းအမေရိက နဲ့ ကယ်လီဖိုးနီးယား တို့မှာ ထွက်ရှိကြတယ်။ ပြည်ပနိုင်ငံတွေအနေနဲ့ ဖိလစ်ပင်း ၊ မက္ကဆီကို နဲ့ ဩစတေးလျတို့ကနေ ဝင်ရောက် ဈေးကွက်နေရာယူပါတယ်။ အသီးအများစုဟာ တုတ်တုတ်ခိုင်ခိုင် ဝဝပုပုမျိုးဖြစ်ပြီး မြန်မာနိုင်ငံက “ ရင်ကွဲသီး ” လို ရှည်ရှည်မျောမျော အသီးမျိုးက တွေ့ရခဲတယ်။ အရောင်က အစိမ်း နဲ့ အနီ စပ်ကြားမျိုးပါ။
.
အကြိုက်ဆုံး စိန်တစ်လုံးပုံစံ ဖိလစ်ပိုင်သီးက အရသာပိုကောင်းပြီး ဒီတစ်နှစ်မှာတော့ မက္ကဆီကို ရှန်ပိန်သီး - Champagne တစ်ဖြစ်လဲ အားထာအုဖိုသီး နဲ့ နှစ်ပါးသွားနေခဲ့ရပါတယ်။ ဒီအလုံးမျိုးက စိန်တစ်လုံးလို အဝါရောင် ဝင်းနေပါတယ်။
.
.
မြန်မာနိုင်ငံမှာ သရက်သီးမှည့်မမှည့်က ဘယ်လိုစမ်းသပ်သလဲတော့မသိပါ။ အမေရိကားမှာတော့ လက်နဲ့ဖိကြည့် နှိပ်ကြည့်ရပါတယ်။ အရောင်က တစ်ဝါထဲဝါနေတော့ မှည့်ရင့်မှုကို မှန်းလို့မရနိုင်ပါဘူး။ အိမ်မှာထားတဲ့အခါ၊ ဂျပ်ဖါခွံထဲထည့်ထားတဲ့အခါ အညှာကိုထောင်ထားမှ သက်တမ်းပိုခံမှာ ဖြစ်ပါတယ်။
.
နိုင်ငံခြားရောက်မြန်မာတွေ သင်ယူသင့်တဲ့အထဲမှာ သရက်သီးနွှာပုံလည်း ပါစေချင်တယ်။ ဒီဘက်မှာတော့ ဘယ်သူမှ အခွံကို စိတ်ရှည်လက်ရှည်နွှာပြီး မြန်မာတွေလုပ်နေကျ ကိုယ်လုံးတီးသရက်သီးကို လက်တစ်ဖက်ကကိုင်၊ နောက်လက်တစ်ဖက်က ဓါးနဲ့စိတ်မယ်ဆိုပြီး မလုပ်ကြပါဘူး။ ပြီးတော့ သရက်သီးအစေးလောင်မှာစိုးလို့ အရင်းနားလှီးထုတ်ပြီး ရေစိမ်ထားတာမျိုး၊ မြန်မြန်မှည့်အောင်လို့ ဆန်အိုးထဲထည့်ထားတာမျိုး မလုပ်ကြပါဘူး။ ဒါဖြင့်ရင် သရက်သီးဘယ်လိုခွဲကြပါသလဲ ..?
.
.
အသားများတဲ့ မျက်နှာပြင်နှစ်ဖက် အကောင်းရအောင် လှီးဖြတ်လိုက်ပါ။ ရလာတဲ့ အခွံပါသရက်သီးခြမ်းကို လှန်ပြီး အတွင်းသားကို ဇယားကွက်၊ လေ့ထောင့်ကွက်၊ စတုရန်းကွက်ပုံစံ “ ဓါးရာ ” ပေးပါ၊ အရေးအကြီးဆုံးက အောက်ကအခွံကို မလှီးပဲ ချန်ထားရမှာ ဖြစ်ပါတယ်။ ( ၂ ) ခြမ်းလုံး ပုံစံပေးပြီးတဲ့အခါ သရက်သီးခြမ်းရဲ့ အခုံးဖက်ကနေပြီး လက်မနဲ့တွန်းလိုက်ပါ။ ဒီအခါမှာ စားချင့်စဖွယ် ညီညီညာညာ သရက်သီးတုံးလေးတွေဟာ စွင့်ကားပြီး စားသုံးသူအလိုကျ အစားခံဖို့ စောင့်မျှော်နေပါလိမ့်မယ်။
.
စိတ်တိုင်းမကျလို့ ဇွန်းနဲ့ကလော်ထုတ်ပြီး စားမယ်ဆိုရင်လည်း သဘောရှိပါပဲ။ မြန်မာနိုင်ငံကအတိုင်း သရက်သီးအစေ့ နဲ့ ဘေးသားကိုတော့ အိမ်တွေမှာပဲ စုတ်ယူစားသုံးကြမယ် ထင်ပါတယ်။ အမျှင်များတဲ့အတွက် အလုပ်ခွင်တွေမှာတော့ စားတာ မတွေ့ဖူးပါဘူး လွှင့်ပစ်ကြတယ်။
.
.
စာစောင်တစ်ခုမှာဆိုရင် ပန်းသီး၊ လိမ္မော်သီး နဲ့ ငှက်ပျောသီးစားလို့ ညည်းငွေ့လာတဲ့အခါ သရက်သီးကို အလှည့်ပေးသင့်တယ်လို့ ရေးသားပါတယ်။ အနောက်နိုင်ငံတွေမှာ သရက်သီးကို အချိုတည်အနေနဲ့စားရရုံ အားမရလို့ အဓိကလက်သုပ် - Salad တွေမှာ ထည့်စားကြတယ်။ ဒီနိုင်ငံရောက် ရွှေမြန်မာတွေကတော့ သရက်ပြား၊ သရက်မျှင်၊ သရက်ချဉ်၊ သရက်ယို၊ သရက်စပ်၊ သရက်သီးသနပ် တို့ကို မက်မောလွန်းလို့ အလုံပိတ်ထုပ်ပိုးခိုင်းပြီး မြန်မာလူကြုံတွေနဲ့ တကူးတက မှာကြတယ်။
.
.
တစ်ခုသတိပေးချင်တာကတော့ အားဆေးသုံးစွဲမှုပါ။ အသီးတွေလည်းစား၊ အားဆေးလည်းစား၊ အချဉ်တွေလည်းသောက် နဲ့ ကိုယ့်ရဲ့ဇီဝခန္ဓာမှာ လိုအပ်တဲ့ဓါတ်တွေ မတန်တဆဖြည့်ပေးနေမိတယ်လို့ မထင်မိဘူးလား..? ဒါကို သတိချပ်မိရင် ကိုယ်ရဲ့ နေ့စဉ်လိုအပ်ချက် ဗိုက်တာမင်ကို ချင့်ချိန်လို့ရပါတယ်။ ဆီးချိုသမားကလည်း လိုအပ်တဲ့အချိုဓါတ်ကို တိုင်းဆလို့ရပါတယ်။ ကျွန်တော်ကတော့ အရသာမမှီပေမယ့် လက်လှမ်းမှီနေတဲ့ အားထာအုဖို - Ataulfo သရက်သီးကိုပဲ စိန်တစ်လုံးအမှတ်နဲ့ နှစ်နှစ်ကာကာ စားသုံးနေရပါကြောင်း အလွမ်းဖြေမိပါတော့တယ်။
.
koko2yeye@gmail.com
.
ရည်ညွှန်းကိုးကား - The Costco Connection
.
.
သရက်သီးခွဲစားနည်း YouTube : https://www.youtube.com/watch?v=BB8HRgAFg3k
.

အနောက်နိုင်ငံသရက်သီးမျိုးစိပ်လေ့လာနိုင့်ရန် : https://www.google.com/search?q=kent+mango&es_sm=122&biw=1242&bih=585&source=lnms&tbm=isch&sa=X&ei=0jdiVaDdOIfQtQW3ag&sqi=2&ved=0CAYQ_AUoAQ#tbm=isch&q=mango+types
.
“ စိန္တစ္လံုးလို႕ေတြးျပီးစားလိုက္တယ္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေမလ ( ၂၈ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃၆ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/bj79ubt9b0thpz8/NetGuide+Vol.4%2C+No.36%282%29.pdf



No comments: