ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ကျွန်တော်တို့
ရွှေမြန်မာတွေ ဘို စကားမပီလို့ စိတ်မညစ်ပါနဲ့။ ငါးပိစားကြီးလာသူ မြေပြန့်သားတွေ၊ ဆန်နီစားကြီးလာတဲ့
တိုင်းရင်းသားတွေ၊ ပဲပုပ်စားကြီးလာတဲ့ ရှမ်းနွယ်ဝင်တွေ နဲ့ ထိုဖူးနွေးနဲ့မနက်စာကိုနှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့
တောင်ပေါ်သားတွေ ဘို လို မပီတာ မဆန်းပါဘူး။ ဘာသာစကားဆိုတာ ကြိမ်ဖန်များစွာ လေ့ကျင့်ယူမှ
ကျွမ်းကျင်ရတဲ့ကိစ္စပါ။
.
ဘို
တွေရော တစ်ပါးသူဘာသာစကားရဲ့အသံထွက်တွေပီပါသလား? ကျွန်တော်ဆန်းစစ်ကြည့်တယ် .. စောင့်ကြည့်တယ်။
သူတို့လျှာဖျားမှာလည်း မြန်မာအသံထွက် ခက်နေတာကို သိလာရတယ်။ ဥပမာ မြန်မာ - Myanmar ကို
ကျွန်တော်တို့က မြန်မာလို့ထွက်ပေမယ့် သူတို့က “ မြာ အ် မာ ” ဖြစ်နေသလိုပေါ့။ ဆက်လေ့လာကြည့်ရအောင်။
.
တစ်ညနေ
အလုပ်ဆင်းခါနီးမှာ မြန်မာကောင်လေးတစ်ယောက် နဲ့ လုပ်ဖော်ကိုင်ဖက် ထရီးဇာ - Teresa လို့အမည်ရတဲ့
လူမည်းအမျိုးသမီးတို့ အလုပ်ဆင်းကဒ်ပြား ရိုက်ခါနီး အငြင်းတစ်ခုပွားနေတယ်။ တစ်ဖြည်းဖြည်း
လမ်းလျှောက်လာရင်း ထရီးဇာ က မြန်မာကောင်လေးပြောတာနားမလည်တဲ့အခါတိုင်း မင်းတို့လူမျိုးတွေ
ငါတို့ရဲ့အင်္ဂလိပ်အသံထွက်တာကို နားမလည်ဘူးလို့ ပြောလာခဲ့တဲ့ပုံ ရပါတယ်။