ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, March 12, 2016

ရန္ကုန္ေလဆိပ္မွ တိတ္တဆိတ္ထြက္ခြာ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ရန္ကုန္ေလဆိပ္ကို ျပန္ေရာက္တာဒီတစ္ေခါက္မွာ ရွားရွားပါးပါး ရာသီဥတုက အေအးလိႈင္းျဖတ္တာနဲ႕ၾကံဳတယ္လုိ႕ ေျပာရလိမ္႕မယ္။ ျမိဳ႕ေနလူထုေတြကိုၾကည္႕လိုက္ေတာ႕ သူတုိ႕ကုိယ္ေပၚမွာဝတ္ထားတဲ႕ လက္ရွည္အက်ီၤေလာက္ သူတုိ႕ရဲ႕စိတ္ေတြမရွည္ၾကတာကိုေတာ႕ အထူးသတိထားမိတယ္။ မဂၤလာဒံုကိုခ်ည္းကပ္လာရင္း နိမ္႕နိမ္႕ကေလးပ်ံလာတဲ႕ေလယာဥ္ဟာ ေျပးလမ္းကတၱရာရဲ႕ငိုညည္းသံနဲ႕အတူ ကြ်န္ေတာ႕ရဲ႕ပူေနတဲ႕စိတ္အစဥ္ကို ဒံုးဒံုးခ်ေစႏုိင္ခဲ႕ပါတယ္။
.
ေလယာဥ္ေပၚက အထုတ္ဆြဲလာတဲ႕ကြ်န္ေတာ႕ကုိ အမ်ိဳးသမီးဝန္ထမ္းငယ္ေလးက ဆက္သြားရမယ္႕လမ္းကိုျပေပးပါတယ္။ ဘီးမပါတဲ႕ လက္ဆြဲကယ္ရီကုိဆြဲ၊ ေက်ာပိုးအိတ္ကုိ အေရွ႕ရင္ဘတ္နဲ႕ကပ္လ်က္လြယ္လို႕ စက္ေလွခါးကေနဆင္းခဲ႕တယ္။ ေလယာဥ္ေပၚကေပးလိုက္တဲ႕ အခြန္ေၾကျငာစာရြက္မွာ အခ်က္အလက္လိုေနတဲ႕ကြ်န္ေတာ္ဟာ “ စံုစမ္းရန္ ”  ေကာင္တာမွာ ေဘာပင္ေလးျပီး ျပည္႕စံုေအာင္ျဖည္႕လိုက္တယ္။ ျပီးေတာ႕ ခပ္လွမ္းလွမ္းက လူေတြတန္းစီေနတဲ႕ လူဝင္မႈၾကီးၾကပ္ေရးေကာင္တာေတြဆီ ဆက္ထြက္ခဲ႕ပါတယ္။
.
.
ခဏေလးမတ္တပ္ရပ္စီ၊ ေဘးဘီကလူေတြကိုၾကည္႕၊ ပတ္ဝန္းက်င္ကိုေလ႕လာ၊ ေလဆိပ္ကအင္တာနက္ကုိ ဖုန္းထဲကဝိုင္ဖိုင္ကြန္ယက္မွာလိုက္ရွာ၊ အုပ္စုလိုက္ခရီးသြားကုမၸဏီေတြရဲ႕ေခါင္းေဆာင္ေတြရဲ႕စကားသံကုိနားစြင္႕ လုပ္ေနရင္းနဲ႕ ကြ်န္ေတာ႕အလွည္႕ေရာက္လာပါတယ္။ ေကာင္တာေရွ႕ကုိေရာက္တဲ႕အခါ ျမန္မာႏုိင္ငံကူးလက္မွတ္ကိုင္ထားတဲ႕ ျမန္မာႏိုင္ငံသားမို႕လို႕ ကြ်န္ေတာ္တန္းစီတဲ႕ေနရာမွားေနတယ္လို႕  ေျပာပါတယ္။ ဒါနဲ႕ ႏိုင္ငံသားသီးသန္႕စစ္ေဆးတဲ႕ေကာင္တာရဲ႕ငါးမ်က္လံုးကင္မရာေရွ႕မွာဝင္ရပ္လိုက္ေတာ႕ ကြ်န္ေတာ႕ကိုလာၾကိဳေနသူေတြကို အသင္႕ေတြ႕ရပါတယ္။
.
ကယ္ရီအထုတ္ေတြစက္ထဲျဖတ္ေတာ႕ လူကတစ္ေယာက္တည္းနဲ႕ပစၥည္းေတြကမ်ားလိုက္တာလို႕ X Ray စက္ကိုင္သမားက ေျပာပါတယ္။ ဒါနဲ႕ အေကာက္ခြန္အရာရွိေတြေရွ႕မွာ ဖြင္႕ေဖာက္ျပဖို႕ လွည္းကိုေရႊ႕သြားခုိင္းတယ္။ ပထမတစ္ထုတ္ကုိေဖာက္လိုက္ေတာ႕ အားေဆးေတြပါလို႕ ရွာရွာေဖြေဖြေမးခြန္းေတြ အေမးခံရတယ္။ “ အစ္ကုိတုိ႕ကလည္းဗ်ာ .. ျမန္မာႏုိင္ငံမျပန္တာၾကာလုိ႕ လက္ေဆာင္ေပးဖို႕ ဒီေလာက္ေတာ႕ ပါမွာေပါ႕ ” လို႕ ေျပာလိုက္ေတာ႕ သူတုိ႕ဘက္ကေလွ်ာ႕သြားပါတယ္။ သူ႕ရဲ႕အထက္လူၾကီးထပ္ေရာက္လာျပီး အၾကမ္းဖ်ဥ္းေမးျမန္းျပီး အေကာက္ခြန္ေကာင္တာကေန ထြက္ခြာလာႏိုင္ခဲ႕ပါျပီ။

.
.
ေလဆိပ္အေဆာက္အဦရဲ႕ပလက္ေဖာင္းမွာေတာ႕ မတူညီတဲ႕ရာသီဥတုက မ်ားျပားလွတဲ႕အငွားကားငွားသမားမ်ားနဲ႕အတူ ဆီးၾကိဳႏႈတ္ဆက္ပါတယ္။ တစ္ခ်ိန္တည္း ေလေရာင္ပူျပင္းတဲ႕ၾကားထဲက တစ္ခ်က္တစ္ခ်က္ပင္႕တုိက္လာတဲ႕ဖုန္ေလေတြက မ်က္ႏွာကိုလာတိုးပါတယ္။ ေလဆိပ္အထြက္ေပါက္က ကုန္းအျမင္႕ေလးမွာတည္ထားတာဆုိေတာ႕ ဒါ သဘာဝက်ပါတယ္။ ခရီးသည္ေတြကို အထုတ္သယ္ေပးရမလား? ေရြးဖို႕အထုတ္သယ္ေပးရမလား? ကားငွားမလား? ဆုိတဲ႕ “ မဟာရန္ကုန္ဆန္မႈၾကီး ” က ဒီတစ္ေခါက္မွာ ေတာ္ေတာ္ေလ်ာ႕က်သြားတာကိုေတာ႕ ႏွစ္သက္မိတယ္။
.
မလာခင္ကတည္းက အြန္လိုင္းေပၚမွာနီးစပ္ခဲ႕တဲ႕ ျမိဳ႕ေတာ္ရန္ကုန္ရဲ႕ကားလမ္းၾကပ္မႈကို ကြ်န္ေတာ္မအံ႕ၾသမိေတာ႕ပါဘူး။ ဒါေပမယ္႕ ဒီလိုကားပိတ္ေနတဲ႕ၾကားက လူေတြလမ္းေပၚမွာအလုပ္လုပ္တတ္ေအာင္ သင္ေပးတဲ႕အစုိးရကို ခ်ီးက်ဴးမိတယ္။ အခုဆို လူေတြဟာ ဘယ္ခရီးမဆို အခိ်န္ ( ၂ ) ဆ အကုန္ခံသြားရတယ္ဆိုတာ တြက္ခ်က္ျပီးမွ အျပင္ထြက္ၾကတယ္။
.
ဒါေပမယ္႕ မင္းသားေခ်ာအေယာင္ေဆာင္တစ္ျဖစ္လဲ လက္ကိုင္ဖုန္းလုိင္းေစ်းေလွ်ာ႕ေရာင္းေပးတဲ႕ မၾကာမီသြားၾကမယ္႕သူ အုပ္ခ်ဳပ္သူလူတစ္စုရဲ႕ေစတနာတုိ႕ေၾကာင္႕ ျပည္သူတုိ႕သြားေလရာ ပူစပ္ပူေလာင္ကားေတြေပၚမွာ ဘက္ထရီမကုန္မခ်င္း၊ ဖုန္းေဘမကုန္မခ်င္း မစုိ႕မပို႕ကြန္နက္ရွင္ၾကားထဲမွာ ကိုယ္႕နည္းကိုယ္႕ဟန္အသက္ဆက္ၾကရတယ္။ ဒီလုိနဲ႕ ကြ်န္ေတာ္တည္းမယ္႕ျမိဳ႕တြင္းကို တစ္နာရီေက်ာ္ၾကာတဲ႕အခါမွ ေရာက္ပါတယ္။ အထက္ကေျပာခဲ႕သလုိပဲ ကြ်န္ေတာ္ အမိေျမသို႕ေကာင္းမြန္စြာေရာက္ရွိေၾကာင္း သတင္းပို႕မႈကို ပိတ္ေနတဲ႕ကားလမ္းေပၚကေန ျပီးေျမာက္ေအာင္ အဆက္အသြယ္လုပ္ႏုိင္ခဲ႕တယ္။
.
.
ဒါကေတာ႕ ေလဆိပ္ကေန ျမိဳ႕ထဲဝင္တဲ႕အေတြ႕အၾကံဳပါ။ ေလဆိပ္မွာ အင္တာနက္ဆားဗစ္ကုမၸဏီ - ISP ( Internet Service Provider ) ေတြကေပးတဲ႕ အင္တာနက္က လုိင္းဘားေလးေပၚရံုတစ္မယ္ပါပဲ။ ျမင္သာျမင္မၾကင္ရတဲ႕ လမင္းေပၚကသႏၱာေက်ာက္တန္းေတြလို ေဖြးေဖြးျဖဴေနေပမယ္႕ Facebook တက္မရ၊ Viber ဖြင္႕မရျဖစ္ခဲ႕တာ အမွန္ပါ။ ( ၄ ) ႏွစ္ေလာက္မေရာက္တာၾကာသူအေနနဲ႕ ျမန္မာႏုိင္ငံက ေစ်းသက္သာတဲ႕ဆင္းကဒ္ ကြ်န္ေတာ႕မွာမပါတာ အဆန္းေတာ႕မဟုတ္ပါဘူး။ ဒါေပမယ္႕ ရန္ကုန္သူ ရန္ကုန္သားေတြကုိင္တဲ႕လက္ကိုင္ဖုန္းအားလံုးနီးပါးမွာ အင္တာနက္ျပန္လႊင္႕လုိ႕ရတဲ႕ Data Tethering ပါေတာ႕ ရန္ကုန္ျမိဳ႕ရဲ႕ျပည္လမ္းမေပၚမွာတင္ ဖုန္းကဒ္မပါပဲ အင္တာနက္ေပၚေရာက္ခဲ႕တယ္။ ေလဆိပ္ကအခမဲ႕ ဝိုင္ဖိုင္ကပို႕ေပးခဲ႕လုိ႕ေတာ႕ မဟုတ္ရပါ။
.
အျပန္ခရီးစဥ္မွာ ပိတ္ေနတဲ႕ခံုးေက်ာ္တံတားတည္ေဆာက္မႈက ဘုရားေရွ႕က ဖင္ခုထုိင္ေနတဲ႕ ျခေသၤ႕ရုပ္ထုၾကီးအတုိင္းပါပဲ .. တုပ္တုပ္မွမလႈပ္ပါဘူး။ ဒါနဲ႕ လမ္းကေန ေလဆိပ္ရုံးကို ကားလမ္းၾကပ္လို႕အခ်ိန္အနည္းငယ္ေနာက္က်မယ္႕အေၾကာင္း ဖုန္းဆက္ရေသးတယ္။ ဒါေပမယ္႕ ကြ်န္ေတာ္စီးမယ္႕အျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္းက ေလယာဥ္ထြက္ခ်ိန္ ( ၁ ) နာရီေနာက္က်မွာမုိ႕ အခ်ိန္ကိုက္ျဖစ္သြားတယ္လုိ႕ ေျပာရပါမယ္။ ဒါနဲ႕ အခု အသစ္ဖြင္႕တဲ႕ေလဆိပ္အေဆာက္အဦၾကီးကို ကားပါကင္ကြင္းေတြဘက္ တစ္ပတ္ပတ္ျပီး ျပည္ပထြက္ခြာဝင္ေပါက္ကို ရွာရတယ္။
.
.
ေရာက္တာနဲ႕ လုိက္ပို႕သူမ်ားက ဧည္႕သည္ႏႈတ္ဆက္တဲ႕ေနရာအထိဝင္ဖို႕ မွတ္ပံုတင္နဲ႕စာရင္းေပးသြင္းတဲ႕အခ်ိန္ ကြ်န္ေတာ္က အထုတ္ေတြကိုလွည္းေပၚတင္ျပီး အေကာက္ခြန္႒ာနကို ထပ္မံျဖတ္သန္းရပါတယ္။ အဲဒီအခါမွာလည္း လူတစ္ေယာက္တည္း အထုတ္ကအမ်ားၾကီးဆိုျပီး ထပ္ေျပာျပန္ပါတယ္။ အခုက ထြက္ခြာ႒ာနဘက္က စက္ကိုျဖတ္ေနတာပါ။ ဒါနဲ႕  “ ဘာျဖစ္လို႕လဲ ” လုိ႕ ကြ်န္ေတာ္ကေမးလိုက္တယ္။ အဲဒီေတာ႕မွ စက္ကိုင္ဝန္ထမ္းက ဘာမွမျဖစ္ပါဘူးလို႕ ျပန္ေျပာတယ္။ ေလေၾကာင္းလိုင္းကခြင္႕ျပဳလို႕ အပိုထုတ္ေပါင္ပိုခေပးျပီးသယ္တာကို ေလဆိပ္ဝန္ထမ္းက ၾကားဝင္ခံစားေနရတာကိုေတာ႕ မၾကည္႕ရက္စရာပါ။
.
အရင္ကြ်န္ေတာ္ ( ၂ဝဝ၉ ) ခုႏွစ္သြားကတည္းကျမင္ခဲ႕တဲ႕ ျမန္မာစကားေရာ တရုတ္စကားေရာေျပာႏုိင္တဲ႕ ဝန္ထမ္းအမ်ိဳးသမီးေလးကို China Airlines ေကာင္တာမွာ ျပန္ေတြ႕ရတယ္။ ဒီေနရာက လက္မွတ္ကိစၥတို႕၊ ေပါင္ခ်ိန္အထုတ္ခ်ိန္ကိစၥတုိ႕၊ လူဝင္မႈၾကီးၾကပ္ေရး နဲ႕ ႏုိင္ငံကူးလက္မွတ္စိစစ္ေရးတို႕ကုိ လုပ္ရပါတယ္။ ဒါေၾကာင္႕ ျမန္မာဝန္ထမ္းပိုမ်ားတယ္။ သိပ္မၾကာခင္ ေလယာဥ္ထြက္ခ်ိန္နီးလာျပီမုိ႕ စာရြက္စာတမ္းမ်ား နဲ႕ ရံုးသံုးပစၥည္းေတြကိုလွည္းငယ္ေလးတစ္ခုေပၚတင္ျပီး ေလယာဥ္မတက္ခင္နားေနရတဲ႕ အခန္းစီကို အုပ္စုလိုက္ ေကာင္တာပိတ္ျပီး ထြက္သြားၾကပါတယ္။ ဒါနဲ႕ လိုက္ပို႕သူမ်ားကို ႏႈတ္ဆက္ျပီး ကြ်န္ေတာ္ ေလဆိပ္အေပၚထပ္က သတင္းပို႕ေကာင္တာကို တက္လွမ္းခဲ႕တယ္။
.
.
ႏိုင္ငံကူးလက္မွတ္၊ အေမရိကန္ႏုိင္ငံဂရင္းကဒ္ နဲ႕ ေလယာဥ္တက္လက္မွတ္ ( ၂ ) ေစာင္တုိ႕ကိုလဲျပီး အေကာက္ခြန္႒ာနကို ေရာက္ျပန္ပါတယ္။ ခါးမွာ၊ အိတ္ထဲမွာ၊ ေဘာင္းဘီအိတ္ထဲမွာ၊ အိတ္ကပ္ထဲမွာပါသမွ် နဲ႕ ကင္မရာ၊ လက္ကိုင္ဖုန္း၊ လက္ေတာ႕ကြန္ပ်ဴတာ စတာေတြကို သူတို႕ေပးထားတဲ႕ ေကာ္ဗန္းထဲထည္႕ျပီး စက္ငယ္ေလးကို ထပ္ျဖတ္ရပါတယ္။ ႏိုင္ငံျခားေလေၾကာင္းလိုင္းစီးဖူးသူမ်ားကေတာ႕ ခါးပတ္ခြ်တ္ရတဲ႕အထာကို ရင္းႏွီးကြ်မ္းဝင္ျပီးသားျဖစ္မွာပါ။
.
အေမရိကန္ႏုိင္ငံကအထြက္ဆိုရင္ေတာ႕ စီးထားတဲ႕ရွဴးဖိနပ္ကိုပါ ခြ်တ္ရပါတယ္။ အနီးနားမွာ တစ္ကုိယ္ေရတကာယစစ္ေဆးမယ္႕ လံုျခံဳေရးကိရိယာကိုင္ထားတဲ႕ အမ်ိဳးသမီးဝန္ထမ္းငယ္ေလး ေစာင္႕ေနတာကို ေတြ႕ရတယ္။ သူ႕ေဘးမွာေတာ႕ အိတ္ေဆာင္ဓါး၊ ဂက္စ္မီးျခစ္ နဲ႕ ခြ်န္ထက္တဲ႕အရာေတြ နဲ႕ တားျမစ္ထားတဲ႕ပစၥည္းေတြကို အမ်ားျမင္ေအာင္ ငါးေလွာင္အိမ္လုိ မွန္ေသတၱာၾကီးနဲ႕ သိမ္းဆည္းျပထားတာကေတာ႕ ေတာ္ေတာ႕ကိုၾကည္႕မေကာင္းစရာ ျဖစ္ရပါတယ္။
.
ဒါနဲ႕ စစ္ေဆးေရးကိစၥအျပီးမွာ ေလွခါးတစ္ဆင္႕ဆင္းလိုက္တဲ႕အခါ ထုိင္ဖို႕ျပင္ေနတဲ႕ကြ်န္ေတာ႕ကို ေလေၾကာင္းဝန္ထမ္းတစ္ေယာက္က “ ဒီေနရာမွာေစာင္႕ရမွာမဟုတ္ေသးဘူး ” ဆိုျပီး လာေခၚပါတယ္။ ေက်ာပိုးအိတ္တစ္လံုး၊ ကင္မရာအိတ္တစ္လံုး နဲ႕ ဘီးမပါတဲ႕ ( ၁၅ ) ေပါင္ကယ္ရီအိတ္ဆြဲထားတဲ႕ကြ်န္ေတာ႕ကို ေလဆိပ္ရဲ႕အစြန္ဆံုးအခန္း ( ၅ ) ကို ေခၚသြားပါတယ္။ ျပီးရင္ ေအာက္တစ္ထပ္ကိုျပန္ဆင္းခိုင္းတယ္။ ျပီးေတာ႕ “ အဲဒီမွာေစာင္႕ပါ ” တဲ႕ .. ဒါပါပဲ။ သူ႕ကိစၥျပီးသြားျပီေလ။
.
.
နားေနခန္းထဲကိုဆင္းလိုက္တယ္ဆိုရင္ပဲ ကြ်န္ေတာ္ ေတာ္ေတာ္အသက္ရွဴၾကပ္သြားတယ္။ ထုိင္ဝမ္ႏုိင္ငံကုိသြားမယ္႕ေလယာဥ္ကိုစီးရမွာျဖစ္လုိ႕ တရုတ္လူမ်ိဳးအမ်ားၾကီးကုိေတြ႕ရတယ္ .. ေက်ာင္းသားအရြယ္ေတြ၊ ကေလးငယ္ေတြ၊ စံုတြဲေတြ၊ မိဘလူၾကီးေတြ နဲ႕ အေရာင္အေသြးစံုတဲ႕လက္ဆြဲအိတ္မ်ိဳးစံုေတြေၾကာင္႕မဟုတ္ပါဘူး။ လူမ်ားသေလာက္ မဆံ႕အဆံ႕သြတ္သြင္းထားတဲ႕ အခန္းကက်ဥ္းလြန္းလုိ႕ပါ။
.
ကြ်န္ေတာ္အပါအဝင္ လူအေယာက္ ( ၂ဝ ) ေလာက္ ထုိင္စရာေနရာမရွိလို႕ မတ္တပ္ရပ္ေနရတယ္။ ဒါကလည္း ကြ်န္ေတာ႕အတြက္ အေၾကာင္းမဟုတ္ေသးပါဘူး .. ( ၁၆ ) ႏွစ္သားကတည္းက ( ၉ ) ကားတုိးစီးျပီး ရန္ကုန္တကၠသိုလ္တက္လာခဲ႕သူပဲ။ အခုလို တန္းလန္းၾကီးျဖစ္ေနတာေလာက္ကေတာ႕ အေပ်ာ႕ပါ။
.
ခက္တာက ဒီေနရာမွာ က်ဥ္းရၾကပ္ရတဲ႕ၾကားထဲ အင္တာနက္က မရတာပါ။ သိတဲ႕အတုိင္း ေလနဲ႕အသက္မရွင္ အြန္လုိင္းနဲ႕အသက္ရွင္ေနသူအဖို႕ ဖုန္းကဒ္မွမပါလာရင္ အင္တာနက္ဆုိတာ မရႏုိင္ပါဘူး။ ေလဆိပ္ကိုအေထာက္အပံ႕ေပးထားတဲ႕ အင္တာနက္ကုမၸဏီတုိ႕ရဲ႕ဝုိင္ဖုိင္ကလည္း သံုးစားလို႕ရဖုိ႕ ေတာ္ေတာ္စိတ္ရွည္ရမယ္႕ပံုပါ။ အခေပးအင္တာနက္ဝုိင္ဖိုင္လုိင္းကိုေတြ႕လိုေတြ႕ျငား ရွာပါေသးတယ္။ ဖုန္းေပၚမွာ ဆက္သြယ္မႈဘားေလး တစ္ဘားေလာက္ပဲျပေနတာက ျပသနာပါ။ ဒါေၾကာင္႕ ႏုိင္ငံတစ္ကာကိုထြက္မယ္႕သူေတြကို ဘာေၾကာင္႕ ဒီလိုအခန္းက်ဥ္းေလးရဲ႕မေျပလည္မႈေတြၾကားထဲပို႕သလဲဆုိတာကို ကြ်န္ေတာ္ဆက္စဥ္းစားေပမယ္႕ အေျဖမရခဲ႕ပါဘူး။
.
.
အခ်ိန္ေရာက္လို႕ ေလယာဥ္အဆင္သင္႕ျဖစ္တဲ႕အခါ အေခၚလႊတ္ဖယ္ရီကား ေရာက္လာပါတယ္။ ေလယာဥ္စီးခရီးသည္အမ်ားစုေမွ်ာ္လင္႕ထားသလုိ လမ္းေလွ်ာက္ရင္းေလယာဥ္ေပၚတန္းေရာက္သြားတဲ႕ Sky Bridge မဟုတ္ပါဘူး။ ဒါနဲ႕ တရုတ္လူမ်ိဳးေလယာဥ္ဝန္ထမ္းအမ်ိဳးသမီးေတြကေခၚမွ ျမန္မာႏုိင္ငံသားကြ်န္ေတာ္ဟာ ရန္ကုန္ေလဆိပ္ထဲက ေရးႏုိးကားၾကီးေပၚတက္ျပီးမွ ေလယာဥ္ေပၚကိုေရာက္ပါတယ္။ အဲဒီအခ်ိန္က်မွ ရန္ကုန္ေလဆိပ္ထဲမွာ မြန္းၾကပ္ခဲ႕ရတဲ႕ ေရာင္စံုခရီးသည္မ်ားဟာ  ျမန္မာအေငြ႕အသက္ေပ်ာက္ျပီး တရုတ္ေလယာဥ္မယ္ေတြရဲ႕လက္ထဲကို သက္ဆင္းရပါေတာ႕တယ္။
.
ဇာတ္လမ္းေလးက သိပ္မထူးျခားေပမယ္႕ တစ္ေခါက္ဆိုတစ္ေခါက္ ပိေတာက္ဆိုပိေတာက္ အမွတ္ရေနေစတာက အမိျမန္မာႏုိင္ငံက ရန္ကုန္ေလဆိပ္ပါ။ ကြ်န္ေတာ္ဟာ ျမန္မာပီပီ အရာရာကို သည္းခံတတ္ရမယ္ဆိုတာ သင္ယူခဲ႕ျပီးသားပါ။ နယ္ျခားေျမေဝးမွာ ႏွစ္အနည္းငယ္ေနရံုနဲ႕ ေဆြးမ်ိဳးေမ႕သူတစ္ေယာက္လည္းမဟုတ္ပါဘူး။ ေအာက္ေျခလြတ္ဖို႕ေနေနသာသာ ေန႕စဥ္နဲ႕အမွ် ဖတ္လိုက္ရတဲ႕ အြန္လိုင္းက ျမန္မာသတင္းေတြ၊ Facebook သတင္းေတြဆိုတာ အမိျမန္မာႏုိင္ငံကို သတိတရရွိလြန္းလို႕ပါ။
.
.
ဒါေပမယ္႕ ( ၂ဝ၁၆ ) ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ရန္ကုန္ေလဆိပ္ကုိျမင္တဲ႕အတိုင္းေျပာရရင္ ႏုိင္ငံရပ္ျခားနဲ႕ဆက္ဆံရတဲ႕ ျမန္မာ႕ဝန္ထမ္းေတြရဲ႕ အရည္အေသြးကိုျမွင္႕တင္ေပးဖို႕ လိုအပ္ေနေသးတယ္လို႕ ခံစားရပါတယ္။ အျခားတစ္ဖက္မွာ နည္းပညာပံ႕ပုိးမႈ နဲ႕ ေဖာက္သည္ခရီးသြားေတြကိုဆက္ဆံတဲ႕ ဝန္ထမ္းရဲ႕ဧည္႕ဝတ္ေက်ပြန္မႈတုိ႕ကို အထူးျဖည္႕ဆည္းသင္႕ပါတယ္။ ျမန္မာ႕ျပည္တြင္းမွာ ေဒါင္က်က် ျပားက်က် ခရီးသြားေနရင္ေတာ႕ လက္ရွိရန္ကုန္ေလဆိပ္ဟာ အေကာင္းစားျဖစ္ေနဦးမွာပါ။
.
သုိ႕ေသာ္လည္း ႏုိင္ငံတကာကုိတိုးခ်ဲ႕ေနတဲ႕၊ အျပည္ျပည္ဆိုင္ရာကို ခရီးသည္ေတြဖိတ္ေခၚခ်င္ေနတဲ႕ ျမန္မာ႕ခရီးသြားလုပ္ငန္းတိုးတက္ဖို႕ဆုိရင္ ရန္ကုန္ေလဆိပ္ရဲ႕ဝန္ေဆာင္မႈဟာ မျမင္႕မားတဲ႕အဆင္႕မွာေနေနရစ္သလို အရည္အေသြးျပည္႕ဝမႈအားနည္းတဲ႕ဝန္ထမ္းမ်ားနဲ႕ေမာင္းႏွင္ေနတဲ႕ယႏၱရားေလာက္နဲ႕ ေက်နပ္ေနဖို႕မသင္႕ေတာ႕ပါဘူး။ အေဆာက္အဦဆိုတာေငြရွိရင္ေဆာက္လို႕ရသလို အသစ္ဆိုရင္ လူစိတ္ဝင္စားမႈ ျမင္႕တက္လာမွာ အေသအခ်ာပါ။
.
.
ဒါေၾကာင္႕ ဘယ္ေလာက္ပင္ ေငြကုန္ေၾကးက်ခံျပီး ယခုလို ေလဆိပ္သစ္ကိုဖြင္႕လွစ္သည္ျဖစ္ေစ၊ မည္သည္႕အစုိးရလက္ထက္ မည္သည္႕ေငြရွင္ေၾကးရွင္ေတြ နဲ႕ မည္ကဲ႕သို႕စာခ်ဳပ္စာတမ္းမ်ားနဲ႕ ေဆာက္လုပ္ခဲ႕သည္ျဖစ္ေစ ဧည္႕လာဖို႕ အိမ္ရွင္ေတြရဲ႕ပ်ဴငွာမႈ နဲ႕ တာဝန္ေက်မႈတို႕က ပုိအေရးပါတယ္လို႕ ယူဆပါတယ္။ ဒါေၾကာင္႕ “ ေလဆိပ္သစ္ဖြင္႕တယ္ဆိုရံု ” ေလဆိပ္ဝင္ေပါက္ ထြက္ေပါက္တံခါးေတြကိုခ်ည္းဖြင္႕ရမွာ မဟုတ္ပါဘူး။
.
ပူေလာင္တဲ႕ရန္ကုန္ျမိဳ႕ရဲ႕ေလဆိပ္ဝန္ထမ္းမ်ားရဲ႕ ထစ္ကနဲဆိုျငိဳျငင္တတ္တဲ႕စိတ္ဓါတ္ကုိပါ အေအးဘက္ေရာက္ေအာင္ “ ဖြင္႕ ” ေပးဖို႕ မပါမျဖစ္လုပ္ေဆာင္သင္႕ပါတယ္။ တစ္ဆက္တည္းမွာ တစ္ျခားကမၻာမွာေန႕စဥ္သံုးျပီး အသားက်ေနတဲ႕ေလဆိပ္ဝန္ေဆာင္မႈမ်ိဳးကိုလည္း ျမန္မာ႕ဝန္ထမ္းမ်ားကုိ အထူးေလ႕က်င္႕ေပးဖို႕လိုအပ္ေနတဲ႕အေၾကာင္း ေစတနာအားျဖင္႕ ေရးသားလိုက္ရပါတယ္။
.
ခင္လ်က္
.
03-12-2016
.
.
.
Myanmar Unicode Version:
.
.
“ ရန်ကုန်လေဆိပ်မှ တိတ်တဆိတ်ထွက်ခွာ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ရန်ကုန်လေဆိပ်ကို ပြန်ရောက်တာဒီတစ်ခေါက်မှာ ရှားရှားပါးပါး ရာသီဥတုက အအေးလှိုင်းဖြတ်တာနဲ့ကြုံတယ်လို့ ပြောရလိမ့်မယ်။ မြို့နေလူထုတွေကိုကြည့်လိုက်တော့ သူတို့ကိုယ်ပေါ်မှာဝတ်ထားတဲ့ လက်ရှည်အကျီၤလောက် သူတို့ရဲ့စိတ်တွေမရှည်ကြတာကိုတော့ အထူးသတိထားမိတယ်။ မင်္ဂလာဒုံကိုချည်းကပ်လာရင်း နိမ့်နိမ့်ကလေးပျံလာတဲ့လေယာဉ်ဟာ ပြေးလမ်းကတ္တရာရဲ့ငိုညည်းသံနဲ့အတူ ကျွန်တော့ရဲ့ပူနေတဲ့စိတ်အစဉ်ကို ဒုံးဒုံးချစေနိုင်ခဲ့ပါတယ်။
.
လေယာဉ်ပေါ်က အထုတ်ဆွဲလာတဲ့ကျွန်တော့ကို အမျိုးသမီးဝန်ထမ်းငယ်လေးက ဆက်သွားရမယ့်လမ်းကိုပြပေးပါတယ်။ ဘီးမပါတဲ့ လက်ဆွဲကယ်ရီကိုဆွဲ၊ ကျောပိုးအိတ်ကို အရှေ့ရင်ဘတ်နဲ့ကပ်လျက်လွယ်လို့ စက်လှေခါးကနေဆင်းခဲ့တယ်။ လေယာဉ်ပေါ်ကပေးလိုက်တဲ့ အခွန်ကြေငြာစာရွက်မှာ အချက်အလက်လိုနေတဲ့ကျွန်တော်ဟာ “ စုံစမ်းရန် ”  ကောင်တာမှာ ဘောပင်လေးပြီး ပြည့်စုံအောင်ဖြည့်လိုက်တယ်။ ပြီးတော့ ခပ်လှမ်းလှမ်းက လူတွေတန်းစီနေတဲ့ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေဆီ ဆက်ထွက်ခဲ့ပါတယ်။
.
.
ခဏလေးမတ်တပ်ရပ်စီ၊ ဘေးဘီကလူတွေကိုကြည့်၊ ပတ်ဝန်းကျင်ကိုလေ့လာ၊ လေဆိပ်ကအင်တာနက်ကို ဖုန်းထဲကဝိုင်ဖိုင်ကွန်ယက်မှာလိုက်ရှာ၊ အုပ်စုလိုက်ခရီးသွားကုမ္ပဏီတွေရဲ့ခေါင်းဆောင်တွေရဲ့စကားသံကိုနားစွင့် လုပ်နေရင်းနဲ့ ကျွန်တော့အလှည့်ရောက်လာပါတယ်။ ကောင်တာရှေ့ကိုရောက်တဲ့အခါ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားတဲ့ မြန်မာနိုင်ငံသားမို့လို့ ကျွန်တော်တန်းစီတဲ့နေရာမှားနေတယ်လို့  ပြောပါတယ်။ ဒါနဲ့ နိုင်ငံသားသီးသန့်စစ်ဆေးတဲ့ကောင်တာရဲ့ငါးမျက်လုံးကင်မရာရှေ့မှာဝင်ရပ်လိုက်တော့ ကျွန်တော့ကိုလာကြိုနေသူတွေကို အသင့်တွေ့ရပါတယ်။
.
ကယ်ရီအထုတ်တွေစက်ထဲဖြတ်တော့ လူကတစ်ယောက်တည်းနဲ့ပစ္စည်းတွေကများလိုက်တာလို့ X Ray စက်ကိုင်သမားက ပြောပါတယ်။ ဒါနဲ့ အကောက်ခွန်အရာရှိတွေရှေ့မှာ ဖွင့်ဖောက်ပြဖို့ လှည်းကိုရွှေ့သွားခိုင်းတယ်။ ပထမတစ်ထုတ်ကိုဖောက်လိုက်တော့ အားဆေးတွေပါလို့ ရှာရှာဖွေဖွေမေးခွန်းတွေ အမေးခံရတယ်။ “ အစ်ကိုတို့ကလည်းဗျာ .. မြန်မာနိုင်ငံမပြန်တာကြာလို့ လက်ဆောင်ပေးဖို့ ဒီလောက်တော့ ပါမှာပေါ့ ” လို့ ပြောလိုက်တော့ သူတို့ဘက်ကလျှော့သွားပါတယ်။ သူ့ရဲ့အထက်လူကြီးထပ်ရောက်လာပြီး အကြမ်းဖျဉ်းမေးမြန်းပြီး အကောက်ခွန်ကောင်တာကနေ ထွက်ခွာလာနိုင်ခဲ့ပါပြီ။
.
.
လေဆိပ်အဆောက်အဦရဲ့ပလက်ဖောင်းမှာတော့ မတူညီတဲ့ရာသီဥတုက များပြားလှတဲ့အငှားကားငှားသမားများနဲ့အတူ ဆီးကြိုနှုတ်ဆက်ပါတယ်။ တစ်ချိန်တည်း လေရောင်ပူပြင်းတဲ့ကြားထဲက တစ်ချက်တစ်ချက်ပင့်တိုက်လာတဲ့ဖုန်လေတွေက မျက်နှာကိုလာတိုးပါတယ်။ လေဆိပ်အထွက်ပေါက်က ကုန်းအမြင့်လေးမှာတည်ထားတာဆိုတော့ ဒါ သဘာဝကျပါတယ်။ ခရီးသည်တွေကို အထုတ်သယ်ပေးရမလား? ရွေးဖို့အထုတ်သယ်ပေးရမလား? ကားငှားမလား? ဆိုတဲ့ “ မဟာရန်ကုန်ဆန်မှုကြီး ” က ဒီတစ်ခေါက်မှာ တော်တော်လျော့ကျသွားတာကိုတော့ နှစ်သက်မိတယ်။
.
မလာခင်ကတည်းက အွန်လိုင်းပေါ်မှာနီးစပ်ခဲ့တဲ့ မြို့တော်ရန်ကုန်ရဲ့ကားလမ်းကြပ်မှုကို ကျွန်တော်မအံ့ဩမိတော့ပါဘူး။ ဒါပေမယ့် ဒီလိုကားပိတ်နေတဲ့ကြားက လူတွေလမ်းပေါ်မှာအလုပ်လုပ်တတ်အောင် သင်ပေးတဲ့အစိုးရကို ချီးကျူးမိတယ်။ အခုဆို လူတွေဟာ ဘယ်ခရီးမဆို အချိန် ( ၂ ) ဆ အကုန်ခံသွားရတယ်ဆိုတာ တွက်ချက်ပြီးမှ အပြင်ထွက်ကြတယ်။
.
ဒါပေမယ့် မင်းသားချောအယောင်ဆောင်တစ်ဖြစ်လဲ လက်ကိုင်ဖုန်းလိုင်းဈေးလျှော့ရောင်းပေးတဲ့ မကြာမီသွားကြမယ့်သူ အုပ်ချုပ်သူလူတစ်စုရဲ့စေတနာတို့ကြောင့် ပြည်သူတို့သွားလေရာ ပူစပ်ပူလောင်ကားတွေပေါ်မှာ ဘက်ထရီမကုန်မချင်း၊ ဖုန်းဘေမကုန်မချင်း မစို့မပို့ကွန်နက်ရှင်ကြားထဲမှာ ကိုယ့်နည်းကိုယ့်ဟန်အသက်ဆက်ကြရတယ်။ ဒီလိုနဲ့ ကျွန်တော်တည်းမယ့်မြို့တွင်းကို တစ်နာရီကျော်ကြာတဲ့အခါမှ ရောက်ပါတယ္။ အထက်ကပြောခဲ့သလိုပဲ ကျွန်တော် အမိမြေသို့ကောင်းမွန်စွာရောက်ရှိကြောင်း သတင်းပို့မှုကို ပိတ်နေတဲ့ကားလမ်းပေါ်ကနေ ပြီးမြောက်အောင် အဆက်အသွယ်လုပ်နိုင်ခဲ့တယ်။
.
.
ဒါကတော့ လေဆိပ်ကနေ မြို့ထဲဝင်တဲ့အတွေ့အကြုံပါ။ လေဆိပ်မှာ အင်တာနက်ဆားဗစ်ကုမ္ပဏီ - ISP ( Internet Service Provider ) တွေကပေးတဲ့ အင်တာနက်က လိုင်းဘားလေးပေါ်ရုံတစ်မယ်ပါပဲ။ မြင်သာမြင်မကြင်ရတဲ့ လမင်းပေါ်ကသန္တာကျောက်တန်းတွေလို ဖွေးဖွေးဖြူနေပေမယ့် Facebook တက်မရ၊ Viber ဖွင့်မရဖြစ်ခဲ့တာ အမှန်ပါ။ ( ၄ ) နှစ်လောက်မရောက်တာကြာသူအနေနဲ့ မြန်မာနိုင်ငံက ဈေးသက်သာတဲ့ဆင်းကဒ် ကျွန်တော့မှာမပါတာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်သူ ရန်ကုန်သားတွေကိုင်တဲ့လက်ကိုင်ဖုန်းအားလုံးနီးပါးမှာ အင်တာနက်ပြန်လွှင့်လို့ရတဲ့ Data Tethering ပါတော့ ရန်ကုန်မြို့ရဲ့ပြည်လမ်းမပေါ်မှာတင် ဖုန်းကဒ်မပါပဲ အင်တာနက်ပေါ်ရောက်ခဲ့တယ်။ လေဆိပ်ကအခမဲ့ ဝိုင်ဖိုင်ကပို့ပေးခဲ့လို့တော့ မဟုတ်ရပါ။
.
အပြန်ခရီးစဉ်မှာ ပိတ်နေတဲ့ခုံးကျော်တံတားတည်ဆောက်မှုက ဘုရားရှေ့က ဖင်ခုထိုင်နေတဲ့ ခြင်္သေ့ရုပ်ထုကြီးအတိုင်းပါပဲ .. တုပ်တုပ်မှမလှုပ်ပါဘူး။ ဒါနဲ့ လမ်းကနေ လေဆိပ်ရုံးကို ကားလမ်းကြပ်လို့အချိန်အနည်းငယ်နောက်ကျမယ့်အကြောင်း ဖုန်းဆက်ရသေးတယ်။ ဒါပေမယ့် ကျွန်တော်စီးမယ့်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းက လေယာဉ်ထွက်ချိန် ( ၁ ) နာရီနောက်ကျမှာမို့ အချိန်ကိုက်ဖြစ်သွားတယ်လို့ ပြောရပါမယ်။ ဒါနဲ့ အခု အသစ်ဖွင့်တဲ့လေဆိပ်အဆောက်အဦကြီးကို ကားပါကင်ကွင်းတွေဘက် တစ်ပတ်ပတ်ပြီး ပြည်ပထွက်ခွာဝင်ပေါက်ကို ရှာရတယ်။
.
.
ရောက်တာနဲ့ လိုက်ပို့သူများက ဧည့်သည်နှုတ်ဆက်တဲ့နေရာအထိဝင်ဖို့ မှတ်ပုံတင်နဲ့စာရင်းပေးသွင်းတဲ့အချိန် ကျွန်တော်က အထုတ်တွေကိုလှည်းပေါ်တင်ပြီး အကောက်ခွန်ဋ္ဌာနကို ထပ်မံဖြတ်သန်းရပါတယ်။ အဲဒီအခါမှာလည်း လူတစ်ယောက်တည်း အထုတ်ကအများကြီးဆိုပြီး ထပ်ပြောပြန်ပါတယ်။ အခုက ထွက်ခွာဋ္ဌာနဘက်က စက်ကိုဖြတ်နေတာပါ။ ဒါနဲ့  “ ဘာဖြစ်လို့လဲ ” လို့ ကျွန်တော်ကမေးလိုက်တယ်။ အဲဒီတော့မှ စက်ကိုင်ဝန်ထမ်းက ဘာမှမဖြစ်ပါဘူးလို့ ပြန်ပြောတယ်။ လေကြောင်းလိုင်းကခွင့်ပြုလို့ အပိုထုတ်ပေါင်ပိုခပေးပြီးသယ်တာကို လေဆိပ်ဝန်ထမ်းက ကြားဝင်ခံစားနေရတာကိုတော့ မကြည့်ရက်စရာပါ။
.
အရင်ကျွန်တော် ( ၂ဝဝ၉ ) ခုနှစ်သွားကတည်းကမြင်ခဲ့တဲ့ မြန်မာစကားရော တရုတ်စကားရောပြောနိုင်တဲ့ ဝန်ထမ်းအမျိုးသမီးလေးကို China Airlines ကောင်တာမှာ ပြန်တွေ့ရတယ်။ ဒီနေရာက လက်မှတ်ကိစ္စတို့၊ ပေါင်ချိန်အထုတ်ချိန်ကိစ္စတို့၊ လူဝင်မှုကြီးကြပ်ရေး နဲ့ နိုင်ငံကူးလက်မှတ်စိစစ်ရေးတို့ကို လုပ်ရပါတယ်။ ဒါကြောင့် မြန်မာဝန်ထမ်းပိုများတယ်။ သိပ်မကြာခင် လေယာဉ်ထွက်ချိန်နီးလာပြီမို့ စာရွက်စာတမ်းများ နဲ့ ရုံးသုံးပစ္စည်းတွေကိုလှည်းငယ်လေးတစ်ခုပေါ်တင်ပြီး လေယာဉ်မတက်ခင်နားနေရတဲ့ အခန်းစီကို အုပ်စုလိုက် ကောင်တာပိတ်ပြီး ထွက်သွားကြပါတယ်။ ဒါနဲ့ လိုက်ပို့သူများကို နှုတ်ဆက်ပြီး ကျွန်တော် လေဆိပ်အပေါ်ထပ်က သတင်းပို့ကောင်တာကို တက်လှမ်းခဲ့တယ်။
.
.
နိုင်ငံကူးလက်မှတ်၊ အမေရိကန်နိုင်ငံဂရင်းကဒ် နဲ့ လေယာဉ်တက်လက်မှတ် ( ၂ ) စောင်တို့ကိုလဲပြီး အကောက်ခွန်ဋ္ဌာနကို ရောက်ပြန်ပါတယ်။ ခါးမှာ၊ အိတ်ထဲမှာ၊ ဘောင်းဘီအိတ်ထဲမှာ၊ အိတ်ကပ်ထဲမှာပါသမျှ နဲ့ ကင်မရာ၊ လက်ကိုင်ဖုန်း၊ လက်တော့ကွန်ပျူတာ စတာတွေကို သူတို့ပေးထားတဲ့ ကော်ဗန်းထဲထည့်ပြီး စက်ငယ်လေးကို ထပ်ဖြတ်ရပါတယ်။ နိုင်ငံခြားလေကြောင်းလိုင်းစီးဖူးသူများကတော့ ခါးပတ်ချွတ်ရတဲ့အထာကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။
.
အမေရိကန်နိုင်ငံကအထွက်ဆိုရင်တော့ စီးထားတဲ့ရှူးဖိနပ်ကိုပါ ချွတ်ရပါတယ်။ အနီးနားမှာ တစ်ကိုယ်ရေတကာယစစ်ဆေးမယ့် လုံခြုံရေးကိရိယာကိုင်ထားတဲ့ အမျိုးသမီးဝန်ထမ်းငယ်လေး စောင့်နေတာကို တွေ့ရတယ်။ သူ့ဘေးမှာတော့ အိတ်ဆောင်ဓါး၊ ဂက်စ်မီးခြစ် နဲ့ ချွန်ထက်တဲ့အရာတွေ နဲ့ တားမြစ်ထားတဲ့ပစ္စည်းတွေကို အများမြင်အောင် ငါးလှောင်အိမ်လို မှန်သေတ္တာကြီးနဲ့ သိမ်းဆည်းပြထားတာကတော့ တော်တော့ကိုကြည့်မကောင်းစရာ ဖြစ်ရပါတယ်။
.
ဒါနဲ့ စစ်ဆေးရေးကိစ္စအပြီးမှာ လှေခါးတစ်ဆင့်ဆင်းလိုက်တဲ့အခါ ထိုင်ဖို့ပြင်နေတဲ့ကျွန်တော့ကို လေကြောင်းဝန်ထမ်းတစ်ယောက်က “ ဒီနေရာမှာစောင့်ရမှာမဟုတ်သေးဘူး ” ဆိုပြီး လာခေါ်ပါတယ်။ ကျောပိုးအိတ်တစ်လုံး၊ ကင်မရာအိတ်တစ်လုံး နဲ့ ဘီးမပါတဲ့ ( ၁၅ ) ပေါင်ကယ်ရီအိတ်ဆွဲထားတဲ့ကျွန်တော့ကို လေဆိပ်ရဲ့အစွန်ဆုံးအခန်း ( ၅ ) ကို ခေါ်သွားပါတယ်။ ပြီးရင် အောက်တစ်ထပ်ကိုပြန်ဆင်းခိုင်းတယ်။ ပြီးတော့ “ အဲဒီမှာစောင့်ပါ ” တဲ့ .. ဒါပါပဲ။ သူ့ကိစ္စပြီးသွားပြီလေ။
.
.
နားနေခန်းထဲကိုဆင်းလိုက်တယ်ဆိုရင်ပဲ ကျွန်တော် တော်တော်အသက်ရှူကြပ်သွားတယ်။ ထိုင်ဝမ်နိုင်ငံကိုသွားမယ့်လေယာဉ်ကိုစီးရမှာဖြစ်လို့ တရုတ်လူမျိုးအများကြီးကိုတွေ့ရတယ် .. ကျောင်းသားအရွယ်တွေ၊ ကလေးငယ်တွေ၊ စုံတွဲတွေ၊ မိဘလူကြီးတွေ နဲ့ အရောင်အသွေးစုံတဲ့လက်ဆွဲအိတ်မျိုးစုံတွေကြောင့်မဟုတ်ပါဘူး။ လူများသလောက် မဆံ့အဆံ့သွတ်သွင်းထားတဲ့ အခန်းကကျဉ်းလွန်းလို့ပါ။
.
ကျွန်တော်အပါအဝင် လူအယောက် ( ၂ဝ ) လောက် ထိုင်စရာနေရာမရှိလို့ မတ်တပ်ရပ်နေရတယ်။ ဒါကလည်း ကျွန်တော့အတွက် အကြောင်းမဟုတ်သေးပါဘူး .. ( ၁၆ ) နှစ်သားကတည်းက ( ၉ ) ကားတိုးစီးပြီး ရန်ကုန်တက္ကသိုလ်တက်လာခဲ့သူပဲ။ အခုလို တန်းလန်းကြီးဖြစ်နေတာလောက်ကတော့ အပျော့ပါ။
.
ခက်တာက ဒီနေရာမှာ ကျဉ်းရကြပ်ရတဲ့ကြားထဲ အင်တာနက်က မရတာပါ။ သိတဲ့အတိုင်း လေနဲ့အသက်မရှင် အွန်လိုင်းနဲ့အသက်ရှင်နေသူအဖို့ ဖုန်းကဒ်မှမပါလာရင် အင်တာနက်ဆိုတာ မရနိုင်ပါဘူး။ လေဆိပ်ကိုအထောက်အပံ့ပေးထားတဲ့ အင်တာနက်ကုမ္ပဏီတို့ရဲ့ဝိုင်ဖိုင်ကလည်း သုံးစားလို့ရဖို့ တော်တော်စိတ်ရှည်ရမယ့်ပုံပါ။ အခပေးအင်တာနက်ဝိုင်ဖိုင်လိုင်းကိုတွေ့လိုတွေ့ငြား ရှာပါသေးတယ်။ ဖုန်းပေါ်မှာ ဆက်သွယ်မှုဘားလေး တစ်ဘားလောက်ပဲပြနေတာက ပြသနာပါ။ ဒါကြောင့် နိုင်ငံတစ်ကာကိုထွက်မယ့်သူတွေကို ဘာကြောင့် ဒီလိုအခန်းကျဉ်းလေးရဲ့မပြေလည်မှုတွေကြားထဲပို့သလဲဆိုတာကို ကျွန်တော်ဆက်စဉ်းစားပေမယ့် အဖြေမရခဲ့ပါဘူး။
.
.
အချိန်ရောက်လို့ လေယာဉ်အဆင်သင့်ဖြစ်တဲ့အခါ အခေါ်လွှတ်ဖယ်ရီကား ရောက်လာပါတယ်။ လေယာဉ်စီးခရီးသည်အများစုမျှော်လင့်ထားသလို လမ်းလျှောက်ရင်းလေယာဉ်ပေါ်တန်းရောက်သွားတဲ့ Sky Bridge မဟုတ်ပါဘူး။ ဒါနဲ့ တရုတ်လူမျိုးလေယာဉ်ဝန်ထမ်းအမျိုးသမီးတွေကခေါ်မှ မြန်မာနိုင်ငံသားကျွန်တော်ဟာ ရန်ကုန်လေဆိပ်ထဲက ရေးနိုးကားကြီးပေါ်တက်ပြီးမှ လေယာဉ်ပေါ်ကိုရောက်ပါတယ်။ အဲဒီအချိန်ကျမှ ရန်ကုန်လေဆိပ်ထဲမှာ မွန်းကြပ်ခဲ့ရတဲ့ ရောင်စုံခရီးသည်များဟာ  မြန်မာအငွေ့အသက်ပျောက်ပြီး တရုတ်လေယာဉ်မယ်တွေရဲ့လက်ထဲကို သက်ဆင်းရပါတော့တယ်။
.
ဇာတ်လမ်းလေးက သိပ်မထူးခြားပေမယ့် တစ်ခေါက်ဆိုတစ်ခေါက် ပိတောက်ဆိုပိတောက် အမှတ်ရနေစေတာက အမိမြန်မာနိုင်ငံက ရန်ကုန်လေဆိပ်ပါ။ ကျွန်တော်ဟာ မြန်မာပီပီ အရာရာကို သည်းခံတတ်ရမယ်ဆိုတာ သင်ယူခဲ့ပြီးသားပါ။ နယ်ခြားမြေဝေးမှာ နှစ်အနည်းငယ်နေရုံနဲ့ ဆွေးမျိုးမေ့သူတစ်ယောက်လည်းမဟုတ်ပါဘူး။ အောက်ခြေလွတ်ဖို့နေနေသာသာ နေ့စဉ်နဲ့အမျှ ဖတ်လိုက်ရတဲ့ အွန်လိုင်းက မြန်မာသတင်းတွေ၊ Facebook သတင်းတွေဆိုတာ အမိမြန်မာနိုင်ငံကို သတိတရရှိလွန်းလို့ပါ။
.
.
ဒါပေမယ့် ( ၂ဝ၁၆ ) ခုနှစ် ဖေဖော်ဝါရီလအထိ ရန်ကုန်လေဆိပ်ကိုမြင်တဲ့အတိုင်းပြောရရင် နိုင်ငံရပ်ခြားနဲ့ဆက်ဆံရတဲ့ မြန်မာ့ဝန်ထမ်းတွေရဲ့ အရည်အသွေးကိုမြှင့်တင်ပေးဖို့ လိုအပ်နေသေးတယ်လို့ ခံစားရပါတယ်။ အခြားတစ်ဖက်မှာ နည်းပညာပံ့ပိုးမှု နဲ့ ဖောက်သည်ခရီးသွားတွေကိုဆက်ဆံတဲ့ ဝန်ထမ်းရဲ့ဧည့်ဝတ်ကျေပွန်မှုတို့ကို အထူးဖြည့်ဆည်းသင့်ပါတယ်။ မြန်မာ့ပြည်တွင်းမှာ ဒေါင်ကျကျ ပြားကျကျ ခရီးသွားနေရင်တော့ လက်ရှိရန်ကုန်လေဆိပ်ဟာ အကောင်းစားဖြစ်နေဦးမှာပါ။
.
သို့သော်လည်း နိုင်ငံတကာကိုတိုးချဲ့နေတဲ့၊ အပြည်ပြည်ဆိုင်ရာကို ခရီးသည်တွေဖိတ်ခေါ်ချင်နေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ဆိုရင် ရန်ကုန်လေဆိပ်ရဲ့ဝန်ဆောင်မှုဟာ မမြင့်မားတဲ့အဆင့်မှာနေနေရစ်သလို အရည်အသွေးပြည့်ဝမှုအားနည်းတဲ့ဝန်ထမ်းများနဲ့မောင်းနှင်နေတဲ့ယန္တရားလောက်နဲ့ ကျေနပ်နေဖို့မသင့်တော့ပါဘူး။ အဆောက်အဦဆိုတာငွေရှိရင်ဆောက်လို့ရသလို အသစ်ဆိုရင် လူစိတ်ဝင်စားမှု မြင့်တက်လာမှာ အသေအချာပါ။
.
.
ဒါကြောင့် ဘယ်လောက်ပင် ငွေကုန်ကြေးကျခံပြီး ယခုလို လေဆိပ်သစ်ကိုဖွင့်လှစ်သည်ဖြစ်စေ၊ မည်သည့်အစိုးရလက်ထက် မည်သည့်ငွေရှင်ကြေးရှင်တွေ နဲ့ မည်ကဲ့သို့စာချုပ်စာတမ်းများနဲ့ ဆောက်လုပ်ခဲ့သည်ဖြစ်စေ ဧည့်လာဖို့ အိမ်ရှင်တွေရဲ့ပျူငှာမှု နဲ့ တာဝန်ကျေမှုတို့က ပိုအရေးပါတယ်လို့ ယူဆပါတယ်။ ဒါကြောင့် “ လေဆိပ်သစ်ဖွင့်တယ်ဆိုရုံ ” လေဆိပ်ဝင်ပေါက် ထွက်ပေါက်တံခါးတွေကိုချည်းဖွင့်ရမှာ မဟုတ်ပါဘူး။
.
ပူလောင်တဲ့ရန်ကုန်မြို့ရဲ့လေဆိပ်ဝန်ထမ်းများရဲ့ ထစ်ကနဲဆိုငြိုငြင်တတ်တဲ့စိတ်ဓါတ်ကိုပါ အအေးဘက်ရောက်အောင် “ ဖွင့် ” ပေးဖို့ မပါမဖြစ်လုပ်ဆောင်သင့်ပါတယ်။ တစ်ဆက်တည်းမှာ တစ်ခြားကမ္ဘာမှာနေ့စဉ်သုံးပြီး အသားကျနေတဲ့လေဆိပ်ဝန်ဆောင်မှုမျိုးကိုလည်း မြန်မာ့ဝန်ထမ်းများကို အထူးလေ့ကျင့်ပေးဖို့လိုအပ်နေတဲ့အကြောင်း စေတနာအားဖြင့် ရေးသားလိုက်ရပါတယ်။
.
ခင်လျက်
.
03-12-2016


No comments: