ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
|
.
.
ပုံထဲက
ခွေးလေးကို တွေ့ခဲ့တာ ဒီနေ့မနက် အဝတ်လျှော်သွားတုန်းကပေါ့။ ဘိုမ တစ်ယောက်က အဝတ်ခြင်းတောင်း
( ၂ ) ခု ကို အဝတ်လျှော်စက်တွေနား လာထားရင်း ကားထဲမှာ ကလေးကျန်သေးတယ်လို့ တစ်ယောက်ထဲပြောနေသံ
ကြားရတယ်။ သူ ကားနားပြန်သွားပြီး ခေါ်လာတာ ခုနကပြောတဲ့ သူ့ကလေးက လူမဟုတ်ပဲ အိမ်မွေး
Labrador Retriever ခွေး အမျိုးအစား ဖြစ်နေပါတယ်။
.
.
ခွေးလေးကလည်း
သူ့သခင်ထိုင်ဆိုတဲ့နေရာထိုင် လှဲဆိုတဲ့နေရာလှဲ စကားနားထောင်တဲ့ပုံပါပဲ။ စကားမစပ် ခွေးအမျိုးအစားကို
အင်္ဂလိပ်လို Breed လို့ခေါ်ပါတယ်။ တွေ့ရဖန်အများဆုံးခွေးထဲမှာ ဒီအမျိုးအစားပါပါတယ်။ အလွယ်တကူ
Labrador လို့ခေါ်သလို အတိုကောက် Lab လို့ခေါ်သူတွေလဲ ရှိတယ်။ ဒီခွေးအမျိုးအစားဟာ အားကစားခွေးလို့တင်စားလေ့ရှိတယ်။
တစ်နည်းအားဖြင့် ကစားမက်တယ်။ သင်ပေးရလွယ်ကူသလို လူကြီးသူမတွေကို အိမ်စောင့်ပေးတဲ့အလုပ်လုပ်သူတွေဖြစ်တယ်။
တစ်ချို့ဆိုရင် သခင်ကို ဆေးသောက်ဖို့သတိပေးတတ်တဲ့အထိ အချိန်ကိုက်သတိပေးတတ်လို့ ဆေးကုခွေးလို့တင်စားခေါ်ဝေါ်ကြသလို
မျက်မမြင်တွေရဲ့ လက်ရုံးအဖော်မွန်လည်း ဖြစ်ကြတယ်။