ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, November 17, 2019

(၂ဝ၁၉) မှာ လျှော့ဖြစ်တဲ့အလုပ်တွေ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

  (၂ဝ၁၉) ခုနှစ်မှာ ကျွန်တော်လျှော့ပေါ့လုပ်ဆောင်ခဲ့တဲ့အလုပ်တွေရှိပါတယ်။ အဲဒီထဲမှာ ကျွန်တော့ကိုယ်ပိုင်ကိစ္စတွေပါမယ်၊ မိသားစုကိစ္စတွေပါမယ်၊ အများအတွက်ရည်ရွယ်လုပ်ဆောင်ရင်း လျှော့လာတဲ့အလုပ်တွေပါမယ် အားလုံးဟာ သူ့နေရာနဲ့သူ အကြောင်းရှိနေပါတယ်။

  လူတွေအမြင်သာဆုံးကတော့ အခုနောက်ပိုင်း ကျွန်တော်စာရေးကျဲလာတာကိုပါ။ စာရေးဆရာကြီးတွေ၊ အသိပညာရှင်တွေ၊ ပညာရပ်ဆိုင်ရာထိပ်သီးပုဂ္ဂိုလ်ကြီးတွေ နဲ့ အင်တာနက်ပေါ်မှာစာရေးပြီးကျော်ကြားနေသူတွေက စာကို ဘယ်လိုရေးမှန်းတော့ကျွန်တော်သေသေချာချာမသိဘူး။ စာရေးဖို့အားထုတ်ရင်းပျော်ရွှင်ရတာလား၊ ပျော်ရွှင်လို့အားမထုတ်ပဲစာရေးနေကြတာလားဆိုတာကို ကျွန်တော်ဉာဏ်မမှီပါ။ ကျွန်တော့အတွက်ကတော့ စာရေးတယ်ဆိုတာ “စိတ်တံခါးကိုဖွင့်ထားခြင်း” အချင်းအရာတစ်ခုပါ။ စာရေးနေတဲ့အချိန် ကျွန်တော့ခန္ဓာကိုယ်မှာ အသိဉာဏ်တရားတွေကြိုက်သလိုဝင်လာနိုင်တယ်။ ဆင်ခြင်ဉာဏ်တရားတွေကြိုက်သလိုချယ်လှယ်နိုင်ကြပါတယ်။

  ဖတ်ချင်တာကိုဖတ်ပြီး ကျွန်တော်တွေးထားသလောက် ဖတ်ချင်သူတွေကိုပြန်လည်မျှဝေချင်တဲ့စိတ်ဟာ တစ်နေ့တစ်နေ့မှာ အကြိမ်ပေါင်းများစွာဖြစ်ပေါ်ပါတယ်။ ဒီအတွေးတွေကို စကားလုံးဘဝကူးပြောင်းဖို့ ကွန်ပျူတာရှေ့ရောက်မှ အကောင်အထည်ဖော်နိုင်ပါတယ်။ လူတစ်ချို့လို ဖုန်းနဲ့စာရိုက်တာအဆင်မချောတဲ့ကျွန်တော်ဟာ ကွန်ပျူတာဖွင့်ဖို့အချိန်အရင်ထက်နည်းပါးလာတာကြောင့် စာရေးနည်းပါးလာခြင်းဖြစ်ပါတယ်။

  နောက်အကြောင်းရင်းတစ်ခုကလည်း အကောင်းထဲကအဆိုးလို့ဆိုရမလား . . ဖောင့်ရွေးပြီးရေးနေကျလက်ကွက်တွေက စံနစ်တစ်ခုအပေါ်အပြောင်းအလဲမှာ ကျွန်တော့လက်ချောင်းတွေရဲ့ စာလုံးတည်နေရာတွေကိုကွက်တိရှာဖွေနိုင်ခြင်း နဲ့ စဉ်းစားစရာမလိုပဲစာရိုက်နိုင်စေတဲ့စိတ်သဏ္ဍန်ကို ကန့်သတ်လာပါတယ်။ ပြီးတော့ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးကြား၊ ဖုန်းတစ်လုံးနဲ့တစ်လုံးကြား အမှတ်မှားတဲ့လက်ကွက်တွေကြောင့် စာရေးတာ ခြားလာတာဖြစ်ပါတယ်။

  နောက်တစ်ခုက အဝေးကလူတွေကို အင်တာနက်ကနေအင်တာဗျူးလုပ်တာလျော့နည်းလာတာပါ။ ဒီအတွက် နှစ်ဦးနှစ်ဘက်အဆင်ပြေမယ့်အချိန်တစ်ခုကိုချိန်းဆိုရတာ၊ အကြောင်းအရာအပေါ်ဆွေးနွေးရတာ၊ မေးခွန်းအတွက်အချိန်ပေးရတာတွေ စတဲ့ အင်တာဗျူးတစ်ခုအတွက်စီစဉ်ရတာတွေအားလုံးအတွက် သီတင်းပတ်တစ်ပတ်ထက်မက အမြဲကြာရှည်ပါတယ်။ အများလေ့လာနိုင်ဖို့ မျိုးစေ့ချခဲ့နိုင်ပေမဲ့လည်း ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကျွန်တော်အချိန်တွေထပ်စုရပါဦးမယ်။

  ကိုယ်တိုင်တစ်ယောက်ထဲစကားပြောပြီး ဗီဒီယိုအတိုလေးတွေလုပ်ရတာ ဒီဘက် (၂ဝ၁၉) မှာ နည်းလာပါတယ်။ အဓိကကတော့ အင်တာနက်မှာအတွေ့များလာတဲ့ဗီဒီယိုတွေလို အရည်အသွေးကောင်းတဲ့ဗီဒီယိုတွေလုပ်ချင်လို့ အတင်နည်းလာတာဖြစ်ပါတယ်။ အစကတော့ Facebook LIVE ကနေလွှင့်သမျှ ကောင်းကောင်းဆိုးဆိုး ငြိမ်ငြိမ်လှုပ်လှုပ် မဖြုတ်ပဲတင်ထားလေ့ရှိခဲ့တယ်။ ဒါတွေက နောက်ပိုင်းအချိန်ကြာလာတဲ့အခါပြန်ကြည့်မိပြီး ထူးထူးခြားခြားသတင်းစကားမပေးနိုင်တာကိုအားမရလို့ LIVE ရိုက်တာကိုလျော့ပါးလုပ်ဆောင်လာတာဖြစ်ပါတယ်။

  နောက်ဆုံးတစ်ခုက အမေရိကားအကြောင်းတွေကိုအကြံပေးတာလျော့နည်းလာပါတယ်။ အခုဆိုရင် ကျွန်တော်သိတဲ့အမေရိကားရဲ့နေရာဒေသတစ်ချို့မှာ (၁ဝ) နှစ်အတွင်း တိုးလာတဲ့လူဦးရေဟာ အဆ (၃ဝ) လောက်ရှိပါတယ်။ ကျွန်တော်နေတဲ့ပင်လယ်အော်ဒေသမှာ အရင်က မြန်မာတွေစုစည်းတဲ့ပွဲတွေဟာ လက်ချိုးလိုက်ရေနေရပေမဲ့ အခုဆိုရင် သူ့အစုလေးနဲ့သူ၊ သူ့ဆွေမျိုးနဲ့သူ၊ ဘာသာရေးပွဲတွေ၊ အထိမ်းအမှတ်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ အဆင်မပြတ်တွေ့လာရတာတွေဟာ နှစ်တိုင်းမြန်မာတွေဘယ်လောက်တောင်ပြောင်းရွှေ့လာနေကြသလဲဆိုတာသိသာနေပါတယ်။

DV ပေါက်ပြီးရောက်လာသူတွေ၊ ဆွေမျိုးတွေခေါ်လို့ရောက်လာသူတွေ၊ ခရီးသွားဟန်လွှဲရောက်လာပြီး မပြန်တော့ပဲ အလုပ်လုပ်နေသူတွေ နဲ့ ကျောင်းသားဗီဆာနဲ့ရောက်လာပြီးအခြေချသူတွေဟာ နေရာတိုင်း မြို့တိုင်းလိုလိုမှာ သူ့ဇာတ်လမ်းနဲ့သူ့ဖြေရှင်းနည်းနဲ့ သက်ဝင်လှုပ်ရှားနေကြပါတယ်။ အရင်ကလို တရားမဝင်လာပြီးအလုပ်လုပ်တာကိုအားမပေးပါဘူးလို့ဖြေနေရုံနဲ့ သူတို့မေးတဲ့မေးခွန်းတွေဟာရပ်တန့်မသွားကြပါဘူး။

  အင်တာနက်ကတစ်ချို့အဖွဲ့-Public Group တွေမှာ ကျွန်တော်အမြဲပြောခဲ့သလိုပဲ “အရင်ရောက်နေသူတွေက နောက်လာမယ့်သူတွေကို ပြန်ကူညီကြ” ဆိုတဲ့အတိုင်း ရောက်လာသူများတဲ့အခါ လူဟောင်းတွေက သိပ်ပြောပြစရာမလိုတော့ပါဘူး။ အင်တာနက်မှာစာရေးပြောပြတာလည်း ထိုနည်းအတို်င်းပါပဲ။ စာဖတ်အားကောင်းပြီး အများနားလည်နိုင်အောင်ရေးပြတတ်ရင် စာရေးသူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

  ဒါကြောင့် တစ်ခုခုဆိုရင် အကောင်အထည်ပေါ်ပြီးမှာသာ လူအများကိုပြောပြချင်တဲ့စိတ်လေးတွေမွေးဖို့ကျွန်တော်ကြိုးစားနေပါတယ်။ အများအတွက်လုပ်တယ်ဆိုပေမဲ့ မိသားစုအရေးက ကျွန်တော့အတွက် နံပါတ်တစ်ဖြစ်ပါတယ်။ ကျွန်တော့အနွံအတာတွေ ခံပေးတယ်။ ကျွန်တော်ရူးသွပ်ခဲ့သမျှ သူတို့တွေက သည်းခံပေးတယ်။ မပြည့်ဝတဲ့ကျွန်တော့ကို လူလိုသူလိုတွေးတတ် တောတတ် စဉ်းစားဆင်ခြင်တတ်အောင် နည်းလမ်းမှန်မှန်ပြပေးကြတယ်။

           သူတို့လေးတွေရဲ့ဘဝအဆင်ပြေဖို့ ထိုက်တန်တဲ့အချိန်တွေပေးဖို့ ကျွန်တော်ရင်းနှီးမြှုပ်နှံရပါမယ်။ ဒါကြောင့် မိသားစုကိုအချိန်ပေးတယ်။ အားရင် စာဖတ်တယ်။ အားတက်စေမယ့်စကားတွေနားထောင်တယ်  တွေးတယ်။ အင်တာနက်မှာအရေးနည်းလာပေမဲ့ စိတ်ထဲမှာတော့ အမြဲရေးနေပါတယ်။ နောက်ပိုင်းအစီအစဉ်ရှိလာရင်လည်း ထပ်မံအသိပေးပါဦးမယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
11-17-2019

<Zawgyi>

“(၂ဝ၁၉) မွာ ေလွ်ာ႕ျဖစ္တဲ႕အလုပ္ေတြ”
          (၂ဝ၁၉) ခုႏွစ္မွာ ကြ်န္ေတာ္ေလွ်ာ႕ေပါ႕လုပ္ေဆာင္ခဲဲ႕တဲ႕အလုပ္ေတြရွိပါတယ္။ အဲဒီထဲမွာ ကြ်န္ေတာ႕ကိုယ္ပိုင္ကိစၥေတြပါမယ္၊ မိသားစုကိစၥေတြပါမယ္၊ အမ်ားအတြက္ရည္ရြယ္လုပ္ေဆာင္ရင္း ေလွ်ာ႕လာတဲ႕အလုပ္ေတြပါမယ္ အားလံုးဟာ သူ႕ေနရာနဲ႕သူ အေၾကာင္းရွိေနပါတယ္။

           လူေတြအျမင္သာဆံုးကေတာ႕ အခုေနာက္ပုိင္း ကြ်န္ေတာ္စာေရးက်ဲလာတာကိုပါ။ စာေရးဆရာၾကီးေတြ၊ အသိပညာရွင္ေတြ၊ ပညာရပ္ဆိုင္ရာထိပ္သီးပုဂၢိဳလ္ၾကီးေတြ နဲ႕ အင္တာနက္ေပၚမွာစာေရးျပီးေက်ာ္ၾကားေနသူေတြက စာကုိ ဘယ္လိုေရးမွန္းေတာ႕ကြ်န္ေတာ္ေသေသခ်ာခ်ာမသိဘူး။ စာေရးဖုိ႕အားထုတ္ရင္းေပ်ာ္ရႊင္ရတာလား၊ ေပ်ာ္ရႊင္လို႕အားမထုတ္ပဲစာေရးေနၾကတာလားဆုိတာကို ကြ်န္ေတာ္ဥာဏ္မမွီပါ။ ကြ်န္ေတာ႕အတြက္ကေတာ႕ စာေရးတယ္ဆုိတာ “စိတ္တံခါးကိုဖြင္႕ထားျခင္း” အခ်င္းအရာတစ္ခုပါ။ စာေရးေနတဲ႕အခ်ိန္ ကြ်န္ေတာ႕ခႏၶာကိုယ္မွာ အသိဥာဏ္တရားေတြၾကိဳက္သလိုဝင္လာႏိုင္တယ္။ ဆင္ျခင္ဥာဏ္တရားေတြၾကိဳက္သလိုခ်ယ္လွယ္ႏိုင္ၾကပါတယ္။

          ဖတ္ခ်င္တာကုိဖတ္ျပီး ကြ်န္ေတာ္ေတြးထားသေလာက္ ဖတ္ခ်င္သူေတြကိုျပန္လည္မွ်ေဝခ်င္တဲ႕စိတ္ဟာ တစ္ေန႕တစ္ေန႕မွာ အၾကိမ္ေပါင္းမ်ားစြာျဖစ္ေပၚပါတယ္။ ဒီအေတြးေတြကုိ စကားလံုးဘဝကူးေျပာင္းဖို႕ ကြန္ပ်ဴတာေရွ႕ေရာက္မွ အေကာင္အထည္ေဖာ္ႏိုင္ပါတယ္။ လူတစ္ခ်ိဳ႕လို ဖုန္းနဲ႕စာရိုက္တာအဆင္မေခ်ာတဲ႕ကြ်န္ေတာ္ဟာ ကြန္ပ်ဴတာဖြင္႕ဖို႕အခ်ိန္အရင္ထက္နည္းပါးလာတာေၾကာင္႕ စာေရးနည္းပါးလာျခင္းျဖစ္ပါတယ္။

          ေနာက္အေၾကာင္းရင္းတစ္ခုကလည္း အေကာင္းထဲကအဆိုးလို႕ဆိုရမလား . . ေဖာင္႕ေရြးျပီးေရးေနက်လက္ကြက္ေတြက စံနစ္တစ္ခုအေပၚအေျပာင္းအလဲမွာ ကြ်န္ေတာ႕လက္ေခ်ာင္းေတြရဲ႕ စာလံုးတည္ေနရာေတြကုိကြက္တိရွာေဖြႏိုင္ျခင္း နဲ႕ စဥ္းစားစရာမလိုပဲစာရုိက္ႏုိင္ေစတဲ႕စိတ္သ႑န္ကို ကန္႕သတ္လာပါတယ္။ ျပီးေတာ႕ ကြန္ပ်ဴတာတစ္လံုးနဲ႕တစ္လံုးၾကား၊ ဖုန္းတစ္လံုးနဲ႕တစ္လံုးၾကား အမွတ္မွားတဲ႕လက္ကြက္ေတြေၾကာင္႕ စာေရးတာ ျခားလာတာျဖစ္ပါတယ္။

          ေနာက္တစ္ခုက အေဝးကလူေတြကို အင္တာနက္ကေနအင္တာဗ်ဴးလုပ္တာေလ်ာ႕နည္းလာတာပါ။ ဒီအတြက္ ႏွစ္ဦးႏွစ္ဘက္အဆင္ေျပမယ္႕အခ်ိန္တစ္ခုကုိခ်ိန္းဆိုရတာ၊ အေၾကာင္းအရာအေပၚေဆြးေႏြးရတာ၊ ေမးခြန္းအတြက္အခ်ိန္ေပးရတာေတြ စတဲ႕ အင္တာဗ်ဴးတစ္ခုအတြက္စီစဥ္ရတာေတြအားလံုးအတြက္ သီတင္းပတ္တစ္ပတ္ထက္မက အျမဲၾကာရွည္ပါတယ္။ အမ်ားေလ႕လာႏုိင္ဖို႕ မ်ိဳးေစ႕ခ်ခဲ႕ႏိုင္ေပမဲ႕လည္း ဆက္လက္လုပ္ေဆာင္ႏုိင္ဖို႕ ကြ်န္ေတာ္အခ်ိန္ေတြထပ္စုရပါဦးမယ္။

          ကုိယ္တိုင္တစ္ေယာက္ထဲစကားေျပာျပီး ဗီဒီယိုအတုိေလးေတြလုပ္ရတာ ဒီဘက္ (၂ဝ၁၉) မွာ နည္းလာပါတယ္။ အဓိကကေတာ႕ အင္တာနက္မွာအေတြ႕မ်ားလာတဲ႕ဗီဒီယိုေတြလို အရည္အေသြးေကာင္းတဲ႕ဗီဒီယိုေတြလုပ္ခ်င္လို႕ အတင္နည္းလာတာျဖစ္ပါတယ္။ အစကေတာ႕ Facebook LIVE ကေနလႊင္႕သမွ် ေကာင္းေကာင္းဆုိးဆိုး ျငိမ္ျငိမ္လႈပ္လႈပ္ မျဖဳတ္ပဲတင္ထားေလ႕ရွိခဲ႕တယ္။ ဒါေတြက ေနာက္ပိုင္းအခ်ိန္ၾကာလာတဲ႕အခါျပန္ၾကည္႕မိျပီး ထူးထူးျခားျခားသတင္းစကားမေပးႏုိင္တာကုိအားမရလို႕ LIVE ရုိက္တာကုိေလ်ာ႕ပါးလုပ္ေဆာင္လာတာျဖစ္ပါတယ္။

          ေနာက္ဆံုးတစ္ခုက အေမရိကားအေၾကာင္းေတြကိုအၾကံေပးတာေလ်ာ႕နည္းလာပါတယ္။ အခုဆုိရင္ ကြ်န္ေတာ္သိတဲ႕အေမရိကားရဲ႕ေနရာေဒသတစ္ခ်ိဳ႕မွာ (၁ဝ) ႏွစ္အတြင္း တုိးလာတဲ႕လူဦးေရဟာ အဆ (၃ဝ) ေလာက္ရွိပါတယ္။ ကြ်န္ေတာ္ေနတဲ႕ပင္လယ္ေအာ္ေဒသမွာ အရင္က ျမန္မာေတြစုစည္းတဲ႕ပြဲေတြဟာ လက္ခ်ိဳးလိုက္ေရေနရေပမဲ႕ အခုဆုိရင္ သူ႕အစုေလးနဲ႕သူ၊ သူ႕ေဆြမ်ိဳးနဲ႕သူ၊ ဘာသာေရးပြဲေတြ၊ အထိမ္းအမွတ္ပြဲေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြ အဆင္မျပတ္ေတြ႕လာရတာေတြဟာ ႏွစ္တိုင္းျမန္မာေတြဘယ္ေလာက္ေတာင္ေျပာင္းေရႊ႕လာေနၾကသလဲဆုိတာသိသာေနပါတယ္။

          DV ေပါက္ျပီးေရာက္လာသူေတြ၊ ေဆြမ်ိဳးေတြေခၚလို႕ေရာက္လာသူေတြ၊ ခရီးသြားဟန္လႊဲေရာက္လာျပီး မျပန္ေတာ႕ပဲ အလုပ္လုပ္ေနသူေတြ နဲ႕ ေက်ာင္းသားဗီဆာနဲ႕ေရာက္လာျပီးအေျခခ်သူေတြဟာ ေနရာတိုင္း ျမိဳ႕တုိင္းလိုလိုမွာ သူ႕ဇာတ္လမ္းနဲ႕သူ႕ေျဖရွင္းနည္းနဲ႕ သက္ဝင္လႈပ္ရွားေနၾကပါတယ္။ အရင္ကလို တရားမဝင္လာျပီးအလုပ္လုပ္တာကိုအားမေပးပါဘူးလို႕ေျဖေနရံုနဲ႕ သူတို႕ေမးတဲ႕ေမးခြန္းေတြဟာရပ္တန္႕မသြားၾကပါဘူး။

          အင္တာနက္ကတစ္ခ်ိဳ႕အဖြဲ႕-Public Group ေတြမွာ ကြ်န္ေတာ္အျမဲေျပာခဲ႕သလိုပဲ “အရင္ေရာက္ေနသူေတြက ေနာက္လာမယ္႕သူေတြကို ျပန္ကူညီၾက” ဆုိတဲ႕အတုိင္း ေရာက္လာသူမ်ားတဲ႕အခါ လူေဟာင္းေတြက သိပ္ေျပာျပစရာမလိုေတာ႕ပါဘူး။ အင္တာနက္မွာစာေရးေျပာျပတာလည္း ထိုနည္းအတုိ္င္းပါပဲ။ စာဖတ္အားေကာင္းျပီး အမ်ားနားလည္ႏိုင္ေအာင္ေရးျပတတ္ရင္ စာေရးသူတစ္ေယာက္ျဖစ္လာႏုိင္ပါတယ္။

          ဒါေၾကာင္႕ တစ္ခုခုဆုိရင္ အေကာင္အထည္ေပၚျပီးမွာသာ လူအမ်ားကိုေျပာျပခ်င္တဲ႕စိတ္ေလးေတြေမြးဖို႕ကြ်န္ေတာ္ၾကိဳးစားေနပါတယ္။ အမ်ားအတြက္လုပ္တယ္ဆုိေပမဲ႕ မိသားစုအေရးက ကြ်န္ေတာ႕အတြက္ နံပါတ္တစ္ျဖစ္ပါတယ္။ ကြ်န္ေတာ႕အႏြံအတာေတြ ခံေပးတယ္။ ကြ်န္ေတာ္ရူးသြပ္ခဲ႕သမွ် သူတို႕ေတြက သည္းခံေပးတယ္။ မျပည္႕ဝတဲ႕ကြ်န္ေတာ႕ကို လူလိုသူလိုေတြးတတ္ ေတာတတ္ စဥ္းစားဆင္ျခင္တတ္ေအာင္ နည္းလမ္းမွန္မွန္ျပေပးၾကတယ္။

           သူတို႕ေလးေတြရဲ႕ဘဝအဆင္ေျပဖို႕ ထိုက္တန္တဲ႕အခ်ိန္ေတြေပးဖို႕ ကြ်န္ေတာ္ရင္းႏွီးျမွဳပ္ႏွံရပါမယ္။ ဒါေၾကာင္႕ မိသားစုကုိအခ်ိန္ေပးတယ္။ အားရင္ စာဖတ္တယ္။ အားတက္ေစမယ္႕စကားေတြနားေထာင္တယ္  ေတြးတယ္။ အင္တာနက္မွာအေရးနည္းလာေပမဲ႕ စိတ္ထဲမွာေတာ႕ အျမဲေရးေနပါတယ္။ ေနာက္ပိုင္းအစီအစဥ္ရွိလာရင္လည္း ထပ္မံအသိေပးပါဦးမယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
11-17-2019


          

 

No comments: