ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, October 9, 2016

ေက်ာင္းသားထုကုိေျပာခ်င္တဲ႕ ဆရာ႕ကိုယ္စားစကားေတြ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္ေရးတဲ႕စာေတြကို တစ္စိတ္တစ္ပိုင္းဖတ္မိျပီး အသိတစ္ခုခုရသြားရင္ ( ဘယ္အပိုင္းကိုဖတ္မိတယ္၊ ဘာကိုသိသြားတယ္ဆုိတာျပန္ေျပာျပရင္ ) အတုိင္းမသိဝမ္းသာရပါတယ္။ ကြ်န္ေတာ္နဲ႕ သူငယ္ခ်င္း - Friend ျဖစ္ေနသူေတာ္ေတာ္မ်ားမ်ားရဲ႕ တံု႕ျပန္သံေတြကို ျပန္ၾကားရေလ႕ သိပ္မရွိတဲ႕အခါ တစ္ခါတစ္ခါ စာေရးရတာ အားငယ္ရတယ္။ ဒါေပမယ္႕ လက္မက်ိဳးသ၍ ဆက္ေရးမယ္ဆုိျပီး အေရွ႕ကိုဆက္ခ်ီတက္ပါတယ္။
.
စာဖတ္သူတစ္ခ်ိဳ႕က အားရွိမယ္႕စာေတြကိုေထာက္ျပတယ္။ အသိပညာထက္စာရင္ ရသစာေပ ေရးပါလား တဲ႕..။ ဒါေပမယ္႕ စာေရးဆရာလို႕ဆုိရေလာက္ေအာင္ ကြ်န္ေတာ႕စာေတြကို ပံုႏွိပ္ေပၚေရာက္ေအာင္မစြမ္းေသးတာမုိ႕ ကြ်န္ေတာ္ဟာ ေဆာင္းပါးေလးေတာက္တုိမယ္ရေရးဖူးရံံု၊ မေရးတတ္ေရးတတ္ ေလွ်ာက္ေရးရံုအဆင္႕သာရွိေသးတာကို ဝန္ခံပါရေစ။
.
.
ဒါေပမယ္႕ ျမန္မာျပည္သူေတြမွာ ဘက္ေပါင္းစံုကေန အကူအညီေတြလိုေနတယ္။ ဆင္းရဲသားေအာက္ေျခလူတန္းစားကေန ဟိုးအျမင္႕ပ်ံလူကံုထန္ေတြအထိ လိုအပ္ခ်က္ေတြ ရွိေနၾကတယ္။ အလယ္အလတ္လူတန္းစားေတြ နဲ႕ လက္လုပ္လက္စားေတြပါမက်န္ အထူးလိုအပ္ေနတာကေတာ႕ ျမန္မာႏုိင္ငံျပန္လည္ထူေထာင္ေရးအတြက္ “ မွန္ကန္တဲ႕ပညာသင္ၾကားေရးစံနစ္ ” ပါပဲ။
.
ျမန္မာႏိုင္ငံမွာ အကြ်မ္းဝင္တဲ႕စာသင္စံနစ္က ဆရာကသင္ တပည္႕ကလိုက္မွတ္ရင္း တစ္ေယာက္ကေပး တစ္ေယာက္ကယူသလို Give and Take ပံုစံက အံဝင္ခြင္က်ျဖစ္တာ ၾကာေနပါျပီ။ ဒါေပမယ္႕ ကမၻာမွာ စာကိုဘယ္လုိသင္ေနၾကတယ္ဆုိတာကိုေလ႕လာၾကည္႕တဲ႕အခါ ျမန္မာနဲ႕မတူတာေတြ ျပင္ပကမၻာမွာ ဘာေတြလုပ္ေနၾကတယ္ဆုိတာေတြကို ေျပာခ်င္မိတယ္။

.
.
အဓိက ႏိုင္ငံတကာမွာသင္တဲ႕စာက စာဖတ္အား - Reading ကို အေျခခံပါတယ္။ ကုိယ္ပုိင္ဖတ္ရႈေလ႕လာျခင္း - Self Study ေပၚမွာ ေဇာင္းေပးနည္းလမ္းေပးၾကတယ္။
.
ေနာက္ပိုင္းမွာ နည္းပညာေတြ လက္ကိုင္ဖုန္းေပၚကို တစ္လွိမ္႕လွိမ္႕တက္လာတဲ႕အခါ ဖုန္းထဲမွာစာဖတ္ၾကတယ္။ ဒီနည္းလမ္းေၾကာင္႕ စာဖတ္ဖို႕ ဖတ္စာအုပ္အေလးၾကီးကိုသယ္သြားစရာမလိုပဲ အေသအခ်ာဖတ္မယ္႕စာမ်က္ႏွာတစ္ခ်ိဳ႕ကို ဓါတ္ပံုရုိက္ျပီး လမ္းသြားရင္းနဲ႕ဖတ္တယ္္။ ကားစီးရင္းဖတ္တယ္။ ရထားစီးရင္း စာက်က္တယ္။
.
.
စာက်က္တဲ႕ေနရာမွာ လြယ္ကူေအာင္ စိတ္ဝင္စားစရာနည္းတာေတြကုိေရွာင္ျပီး အဓိကအေၾကာင္းအရာေတြကို Summarize  လုပ္ျပီး ကဒ္ထူျပား - Flashcards ေတြေပၚမွာ ေခါင္းစဥ္ေလးေတြကူးျပီးမွတ္တယ္။
.
တစ္ခုေလာက္စဥ္းစားလိုက္၊ ေနာက္တစ္ခုထပ္ၾကည္႕လုိက္၊ အေျဖမရရင္ အိပ္ကပ္ထဲက ကဒ္ျပားကုိထုတ္ျပီး ျပန္တိုက္ၾကည္႕လိုက္ နဲ႕ အေမရိကားမွာ အကုန္ျမန္လွတဲ႕အခ်ိန္ေတြၾကားမွာ စာသင္ခန္းနဲ႕အိမ္စာၾကား ခ်ိန္ထုိးေဆာင္ရြက္ၾကတယ္။
.
.
သိေတာ္မူၾကတဲ႕အတိုင္း အေမရိကားမွာ က်ဴရွင္ ယူေလ႕ယူထ မရွိၾကပါဘူး။ စာသင္ခန္းျပင္ပေရာက္လာရင္ ေပးလုိက္တဲ႕အိမ္စာျပီးဖို႕က ေက်ာင္းသားရဲ႕တာဝန္ပဲ။
.
ဒါကိုျပီးေအာင္လုပ္မွ ေနာက္သင္မယ္႕စာကိုလုိက္ႏုိင္မယ္။ သူငယ္ခ်င္းေတြၾကားမွာ မ်က္ႏွာမငယ္ရေအာင္ စာသင္ခန္းမွာ ဆရာနဲ႕ေဆြးေႏြးတဲ႕အခါ ပါဝင္ဆင္ႏႊဲၾကတယ္။ ေက်ာင္းသားလႈပ္ရွားမႈ - Inter Act ေတြမွာ ဝိုင္းဖြဲ႕ေဆာင္ရြက္ၾကတယ္။ သူတုိ႕တစ္ေတြဟာ
.
.
သူငယ္ခ်င္းေတြနဲ႕ အုပ္စုဖြဲ႕ျပီး အြန္လိုင္း - Skype ကေန စာကိစၥေဆြးေႏြးတယ္။  
.
Facebook Group ေတြမွာ တစ္ေယာက္သိတာကို ပို႕စ္တင္ျပီး မွ်ေဝတယ္။
.
Facebook Messenger မွာ Group လုပ္ျပီး ကုိယ္အရင္သိတဲ႕သတင္းအခ်က္အလက္ေတြကို တင္တယ္။
.
Google ကေနအခမဲ႕သံုးရတဲ႕ Google Drive Storage မွာ ကိုယ္ေရးထားတဲ႕အက္ေဆးေတြ၊ အဆုိင္းမင္႕ေတြကို Cloud ေပၚမွာ တင္သိမ္းထားတယ္။
.
တစ္ေယာက္ေယာက္ကုိ ကုိယ္႕စာ ရွယ္ခ်င္ရင္ Google Cloud မွာ သူ႕အီးေမးလ္လိပ္စာထည္႕လိုက္တာနဲ႕ ေရာက္သြားျပီ။ ဒီလိုနည္းေတြနဲ႕ စာကိုလုပ္လာၾကတယ္။
.
.
ဒီတစ္ေလာမွာ ျမန္မာႏုိင္ငံကေက်ာင္းဆရာတစ္ေယာက္က သူ႕ေက်ာင္းသားေတြကုိ အမွတ္ရေစမယ္႕စာေလးေတြေရးေပးဖုိ႕ ကြ်န္ေတာ႕ကုိေတာင္းဆုိလာပါတယ္။
.
ဘာေရးရမယ္ဆုိတာ ကြ်န္ေတာ္ေသေသခ်ာခ်ာမသိေသးခင္ ေက်ာင္းဆရာ နဲ႕ သူ႕ေက်ာင္းသားေတြကို ကြ်န္ေတာ္ေမးခြန္းေတြအရင္ေမးၾကည္႕ခ်င္ပါတယ္။
.
.
လက္ကိုင္ဖုန္းကိုယ္စီရွိၾကတဲ႕ျမန္မာေက်ာင္းသားေတြဆုိေတာ႕ လိုင္းေပၚမွာ Viber ကေန Group Chat လုပ္ျပီး အိမ္စာအေၾကာင္းေဆြးေႏြးဖို႕ တုိက္တြန္းဖူးပါသလား?
.
Facebook Group မွာေရာ လွ်ိဳ႕ဝွက္အဖြဲ႕ - Secret Group ေတြ သီးသန္႕ဖြဲ႕ျပီးေတာ႕ အိမ္စာအေၾကာင္းေဆြးေႏြးဖို႕ သင္ေပးဖူးပါျပီလား?
.
Facebook Messenger မွာ စိတ္တူကိုယ္တူသူငယ္ခ်င္းတို႕ စာအတူတူလုပ္ဖို႕ အားေပးဖူးပါသလား?
.
Google ရဲ႕ Gmail ကေန အီးေမးလ္ နဲ႕ စာအဆက္အသြယ္လုပ္ျပီး ေက်ာင္းဆရာကို အိမ္စာပို႕ခုိင္းဖူးပါသလား?
.
အေကာင္႕တစ္ခုရွိရင္ အတုိင္းအတာတစ္ခုအထိအခမဲ႕ရတဲ႕ Google Drive ( Cloud Storage ) ရဲ႕ သံုးပံုသံုးနည္း နဲ႕ သံုးရေကာင္းမွန္းသိေအာင္ အသိအမွတ္ျပဳ ေျပာဆုိဖူးပါသလား? ဆုိတာေတြကိုပါ။
.
.
အြန္လိုင္းမွာ အင္တာနက္ဖုိးအကုန္ခံျပီး ဒါမ်ိဳးေတြကို အေမရိကန္ေကာ်င္းသားေတြက လုပ္ၾကတယ္။ သူတုိ႕လည္းေပ်ာ္ခ်င္တာပါပဲ .. ေပ်ာ္လည္းေပ်ာ္ၾကပါတယ္။ ဒါေပမယ္႕ အိမ္စာမျပီးသူေတြကို ျပီးေအာင္လုပ္ဖို႕တုိက္တြန္းၾကတယ္။ စာေနာက္က်ရင္ ခံရမယ္႕ဒဏ္အစား အိပ္ေရးပ်က္ခံျပီး အိမ္စာတင္ၾကတယ္။
.
ပန္းဥယ်ာဥ္မွဴးကေတာ႕ ပန္းတိုင္းလန္းေအာင္ ပ်ိဳးေထာင္လိုက္မွာပါပဲ။ ဒါေပမယ္႕ ေလအဆင္းမွာ ရနံ႕သင္းမသင္းကေတာ႕ ပန္းပြင္႕ေတြရဲ႕ကုိယ္ရည္ကုိယ္ေသြးက အဆံုးအျဖတ္ေပးသြားမွာပါ။ ဒါေၾကာင္႕ သိပ္မသိ သိပ္မတတ္တဲ႕ ကြ်န္ေတာ္ဟာ မကြ်မ္းက်င္တဲ႕က႑ေတြမွာ ဆရာဝင္မလုပ္ခ်င္ပါဘူး။ သို႕ေသာ္လည္း ေက်ာင္းသားမိခင္ ေက်ာင္းသားဖခင္တစ္ေယာက္အေနနဲ႕ မိမိသားသမီးေတြလိုခံစားျပီး ေျပာျပခ်င္တာေလးေတြရွိတယ္။ ဒါေၾကာင္႕
.
.
.
1.. ေက်ာင္းမွာ စာေတာ္သူေတြကို ေရြးေပါင္းပါ ( လူမုိက္ နဲ႕ မေပါင္းရ )
.
.
2.. အေပါင္းအသင္းကိစၥထက္ အိမ္စာကိုအရင္ျပီးေအာင္လုပ္ပါ ( အိမ္စာတင္ဖို႕မမွီခိ်န္မွာ ကိုယ္႕အခ်ိန္ေတြကုိယူသံုးသြားတဲ႕သူငယ္ခ်င္းက ပုန္းေနမွာေသခ်ာပါတယ္ )
.
.
3.. ဘယ္မူးယစ္ေဆးဝါးကိုမွ ေယာင္လုိ႕ေတာင္ သြားမစမ္းပါနဲ႕ ( “ ငါစိတ္ႏုိ္င္ပါတယ္ကြာ ” ဆုိတာ  အလကားေျပာတာ .. မယံုၾကည္ပါနဲ႕ )
.
.
4.. ဆယ္တန္းမေအာင္ခင္ကတည္းက ကုိယ္ဘာကိုဝါသနာပါတာလဲဆုိတာ အရင္ရွာထားပါ ( ေနာက္မွ ဇေဝဇဝါျဖစ္ရင္ ကုိယ္႕ရဲ႕ႏုပ်ိဳမႈ နဲ႕ အခ်ိန္ေတြက ျပန္မရပါဘူး )
.
.
5.. ဖတ္စာအုပ္နည္းနည္းပုိဖတ္ေပးပါ ( ဆရာေတြ နဲ႕ သင္ျပမႈအရင္းအျမစ္ - Educational Reference Source ေတြက ဖတ္စာအုပ္ကိုပဲ တစ္ဝဲလည္လည္ ညြန္းဆိုပါတယ္ )
.
.
6.. လူမႈကြန္ယက္ကို အခ်ိန္တစ္ဝက္ခြဲျပီး ပညာေရးနဲ႕သက္ဆိုင္တဲ႕ ရွာေဖြမႈ - Research လုပ္ပါ ( Facebook မွာ အဂၤလိပ္လိုဖတ္စရာအမ်ားၾကီးရွိပါတယ္ )
.
.
7.. လူမႈအသင္းအဖြဲ႕ေတြကုိ ကူညီပါ ( အတန္းေက်ာင္းေတြျပီးသြားလို႕ လူ႕ဘဝထဲဝင္တဲ႕အခါ ေျပာဆုိဆက္ဆံေရး - Communication က အေရးၾကီးလွတယ္ )
.
.
8.. ေႏြရာသီေက်ာင္းပိတ္ရက္ေတြမွာ အလုပ္သင္ပါ ( စားဝတ္ေနေရးအတြက္ အလုပ္ၾကိဳသင္ထားျခင္းအားျဖင္႕ စိတ္အာရံုပ်ံ႕လြင္႕မႈ နဲ႕ ပ်က္စီးရာပ်က္စီးေၾကာင္းကိုေရာက္သြားဖို႕ အခြင္႕အေရးနည္းပါးေစပါတယ္ )
.
.
9.. ရည္းစားကိစၥ ခဏထားခဲ႕ပါဦး ( ကုိယ္တုိင္ပညာတတ္ထားျပီးမွရွာ အသိပညာၾကြယ္ဝတဲ႕ၾကင္ယာကိုရဖို႕ အလားအလာပိုရွိပါတယ္ )
.
.
10.. မိဘ နဲ႕ ဆရာသမားေတြကို ရုိေသေလးစားရင္း မိမိကုိးကြယ္ရာဘာသာကို ျမတ္ႏုိးတန္ဖိုးထား လိုက္နာပါ ( မိဘေတြက ကိုယ္႕ကုိ လူျဖစ္ေအာင္ေမြးတယ္္။ ဆရာက ပညာတတ္ျဖစ္ေအာင္သင္တယ္။ ဘုရား၊ တရား၊ သံဃာ က မေကာင္းတာမလုပ္ဖို႕သြန္သင္ေပးတယ္ ) ..

ဆိုတဲ႕အခ်က္ေတြကို ေစတနာျမစ္ဖ်ားခံျပီး ဆရာ နဲ႕ ေက်ာင္းသားထုကိုယ္စား သတင္းစကားပါးလိုက္ပါရေစ။
.
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
10-09-2016
.
.
.
Unicode Version:
.
.
“ ကျောင်းသားထုကိုပြောချင်တဲ့ ဆရာ့ကိုယ်စားစကားတွေ ”
.
ကျွန်တော်ရေးတဲ့စာတွေကို တစ်စိတ်တစ်ပိုင်းဖတ်မိပြီး အသိတစ်ခုခုရသွားရင် ( ဘယ်အပိုင်းကိုဖတ်မိတယ်၊ ဘာကိုသိသွားတယ်ဆိုတာပြန်ပြောပြရင် ) အတိုင်းမသိဝမ်းသာရပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်း - Friend ဖြစ်နေသူတော်တော်များများရဲ့ တုံ့ပြန်သံတွေကို ပြန်ကြားရလေ့ သိပ်မရှိတဲ့အခါ တစ်ခါတစ်ခါ စာရေးရတာ အားငယ်ရတယ်။ ဒါပေမယ့် လက်မကျိုးသ၍ ဆက်ရေးမယ်ဆိုပြီး အရှေ့ကိုဆက်ချီတက်ပါတယ်။
.
စာဖတ်သူတစ်ချို့က အားရှိမယ့်စာတွေကိုထောက်ပြတယ်။ အသိပညာထက်စာရင် ရသစာပေ ရေးပါလား တဲ့..။ ဒါပေမယ့် စာရေးဆရာလို့ဆိုရလောက်အောင် ကျွန်တော့စာတွေကို ပုံနှိပ်ပေါ်ရောက်အောင်မစွမ်းသေးတာမို့ ကျွန်တော်ဟာ ဆောင်းပါးလေးတောက်တိုမယ်ရရေးဖူးရုံ၊ မရေးတတ်ရေးတတ် လျှောက်ရေးရုံအဆင့်သာရှိသေးတာကို ဝန်ခံပါရစေ။
.
.
ဒါပေမယ့် မြန်မာပြည်သူတွေမှာ ဘက်ပေါင်းစုံကနေ အကူအညီတွေလိုနေတယ်။ ဆင်းရဲသားအောက်ခြေလူတန်းစားကနေ ဟိုးအမြင့်ပျံလူကုံထန်တွေအထိ လိုအပ်ချက်တွေ ရှိနေကြတယ်။ အလယ်အလတ်လူတန်းစားတွေ နဲ့ လက်လုပ်လက်စားတွေပါမကျန် အထူးလိုအပ်နေတာကတော့ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် “ မှန်ကန်တဲ့ပညာသင်ကြားရေးစံနစ် ” ပါပဲ။
.
မြန်မာနိုင်ငံမှာ အကျွမ်းဝင်တဲ့စာသင်စံနစ်က ဆရာကသင် တပည့်ကလိုက်မှတ်ရင်း တစ်ယောက်ကပေး တစ်ယောက်ကယူသလို Give and Take ပုံစံက အံဝင်ခွင်ကျဖြစ်တာ ကြာနေပါပြီ။ ဒါပေမယ့် ကမ္ဘာမှာ စာကိုဘယ်လိုသင်နေကြတယ်ဆိုတာကိုလေ့လာကြည့်တဲ့အခါ မြန်မာနဲ့မတူတာတွေ ပြင်ပကမ္ဘာမှာ ဘာတွေလုပ်နေကြတယ်ဆိုတာတွေကို ပြောချင်မိတယ်။
.
.
အဓိက နိုင်ငံတကာမှာသင်တဲ့စာက စာဖတ်အား - Reading ကို အခြေခံပါတယ်။ ကိုယ်ပိုင်ဖတ်ရှုလေ့လာခြင်း - Self Study ပေါ်မှာ ဇောင်းပေးနည်းလမ်းပေးကြတယ်။
.
နောက်ပိုင်းမှာ နည်းပညာတွေ လက်ကိုင်ဖုန်းပေါ်ကို တစ်လှိမ့်လှိမ့်တက်လာတဲ့အခါ ဖုန်းထဲမှာစာဖတ်ကြတယ်။ ဒီနည်းလမ်းကြောင့် စာဖတ်ဖို့ ဖတ်စာအုပ်အလေးကြီးကိုသယ်သွားစရာမလိုပဲ အသေအချာဖတ်မယ့်စာမျက်နှာတစ်ချို့ကို ဓါတ်ပုံရိုက်ပြီး လမ်းသွားရင်းနဲ့ဖတ်တယ်။ ကားစီးရင်းဖတ်တယ်။ ရထားစီးရင်း စာကျက်တယ်။
.
.
စာကျက်တဲ့နေရာမှာ လွယ်ကူအောင် စိတ်ဝင်စားစရာနည်းတာတွေကိုရှောင်ပြီး အဓိကအကြောင်းအရာတွေကို Summarize  လုပ်ပြီး ကဒ်ထူပြား - Flashcards တွေပေါ်မှာ ခေါင်းစဉ်လေးတွေကူးပြီးမှတ်တယ်။
.
တစ်ခုလောက်စဉ်းစားလိုက်၊ နောက်တစ်ခုထပ်ကြည့်လိုက်၊ အဖြေမရရင် အိပ်ကပ်ထဲက ကဒ်ပြားကိုထုတ်ပြီး ပြန်တိုက်ကြည့်လိုက် နဲ့ အမေရိကားမှာ အကုန်မြန်လှတဲ့အချိန်တွေကြားမှာ စာသင်ခန်းနဲ့အိမ်စာကြား ချိန်ထိုးဆောင်ရွက်ကြတယ်။
.
.
သိတော်မူကြတဲ့အတိုင်း အမေရိကားမှာ ကျူရှင် ယူလေ့ယူထ မရှိကြပါဘူး။ စာသင်ခန်းပြင်ပရောက်လာရင် ပေးလိုက်တဲ့အိမ်စာပြီးဖို့က ကျောင်းသားရဲ့တာဝန်ပဲ။
.
ဒါကိုပြီးအောင်လုပ်မှ နောက်သင်မယ့်စာကိုလိုက်နိုင်မယ်။ သူငယ်ချင်းတွေကြားမှာ မျက်နှာမငယ်ရအောင် စာသင်ခန်းမှာ ဆရာနဲ့ဆွေးနွေးတဲ့အခါ ပါဝင်ဆင်နွှဲကြတယ်။ ကျောင်းသားလှုပ်ရှားမှု - Inter Act တွေမှာ ဝိုင်းဖွဲ့ဆောင်ရွက်ကြတယ်။ သူတို့တစ်တွေဟာ
.
.
သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး အွန်လိုင်း - Skype ကနေ စာကိစ္စဆွေးနွေးတယ်။ 
.
Facebook Group တွေမှာ တစ်ယောက်သိတာကို ပို့စ်တင်ပြီး မျှဝေတယ်။
.
Facebook Messenger မှာ Group လုပ်ပြီး ကိုယ်အရင်သိတဲ့သတင်းအချက်အလက်တွေကို တင်တယ်။
.
Google ကနေအခမဲ့သုံးရတဲ့ Google Drive Storage မှာ ကိုယ်ရေးထားတဲ့အက်ဆေးတွေ၊ အဆိုင်းမင့်တွေကို Cloud ပေါ်မှာ တင်သိမ်းထားတယ်။
.
တစ်ယောက်ယောက်ကို ကိုယ့်စာ ရှယ်ချင်ရင် Google Cloud မှာ သူ့အီးမေးလ်လိပ်စာထည့်လိုက်တာနဲ့ ရောက်သွားပြီ။ ဒီလိုနည်းတွေနဲ့ စာကိုလုပ်လာကြတယ်။
.
.
ဒီတစ်လောမှာ မြန်မာနိုင်ငံကကျောင်းဆရာတစ်ယောက်က သူ့ကျောင်းသားတွေကို အမှတ်ရစေမယ့်စာလေးတွေရေးပေးဖို့ ကျွန်တော့ကိုတောင်းဆိုလာပါတယ်။
.
ဘာရေးရမယ်ဆိုတာ ကျွန်တော်သေသေချာချာမသိသေးခင် ကျောင်းဆရာ နဲ့ သူ့ကျောင်းသားတွေကို ကျွန်တော်မေးခွန်းတွေအရင်မေးကြည့်ချင်ပါတယ်။
.
.
လက်ကိုင်ဖုန်းကိုယ်စီရှိကြတဲ့မြန်မာကျောင်းသားတွေဆိုတော့ လိုင်းပေါ်မှာ Viber ကနေ Group Chat လုပ်ပြီး အိမ်စာအကြောင်းဆွေးနွေးဖို့ တိုက်တွန်းဖူးပါသလား?
.
Facebook Group မှာရော လျှို့ဝှက်အဖွဲ့ - Secret Group တွေ သီးသန့်ဖွဲ့ပြီးတော့ အိမ်စာအကြောင်းဆွေးနွေးဖို့ သင်ပေးဖူးပါပြီလား?
.
Facebook Messenger မှာ စိတ်တူကိုယ်တူသူငယ်ချင်းတို့ စာအတူတူလုပ်ဖို့ အားပေးဖူးပါသလား?
.
Google ရဲ့ Gmail ကနေ အီးမေးလ် နဲ့ စာအဆက်အသွယ်လုပ်ပြီး ကျောင်းဆရာကို အိမ်စာပို့ခိုင်းဖူးပါသလား?
.
အကောင့်တစ်ခုရှိရင် အတိုင်းအတာတစ်ခုအထိအခမဲ့ရတဲ့ Google Drive ( Cloud Storage ) ရဲ့ သုံးပုံသုံးနည်း နဲ့ သုံးရကောင်းမှန်းသိအောင် အသိအမှတ်ပြု ပြောဆိုဖူးပါသလား? ဆိုတာတွေကိုပါ။
.
.
အွန်လိုင်းမှာ အင်တာနက်ဖိုးအကုန်ခံပြီး ဒါမျိုးတွေကို အမေရိကန်ကော်င်းသားတွေက လုပ်ကြတယ်။ သူတို့လည်းပျော်ချင်တာပါပဲ .. ပျော်လည်းပျော်ကြပါတယ်။ ဒါပေမယ့် အိမ်စာမပြီးသူတွေကို ပြီးအောင်လုပ်ဖို့တိုက်တွန်းကြတယ်။ စာနောက်ကျရင် ခံရမယ့်ဒဏ်အစား အိပ်ရေးပျက်ခံပြီး အိမ်စာတင်ကြတယ်။
.
ပန်းဥယျာဉ်မှူးကတော့ ပန်းတိုင်းလန်းအောင် ပျိုးထောင်လိုက်မှာပါပဲ။ ဒါပေမယ့် လေအဆင်းမှာ ရနံ့သင်းမသင်းကတော့ ပန်းပွင့်တွေရဲ့ကိုယ်ရည်ကိုယ်သွေးက အဆုံးအဖြတ်ပေးသွားမှာပါ။ ဒါကြောင့် သိပ်မသိ သိပ်မတတ်တဲ့ ကျွန်တော်ဟာ မကျွမ်းကျင်တဲ့ကဏ္ဍတွေမှာ ဆရာဝင်မလုပ်ချင်ပါဘူး။ သို့သော်လည်း ကျောင်းသားမိခင် ကျောင်းသားဖခင်တစ်ယောက်အနေနဲ့ မိမိသားသမီးတွေလိုခံစားပြီး ပြောပြချင်တာလေးတွေရှိတယ်။ ဒါကြောင့်
.
.
.
1.. ကျောင်းမှာ စာတော်သူတွေကို ရွေးပေါင်းပါ ( လူမိုက် နဲ့ မပေါင်းရ )
.
.
2.. အပေါင်းအသင်းကိစ္စထက် အိမ်စာကိုအရင်ပြီးအောင်လုပ်ပါ ( အိမ်စာတင်ဖို့မမှီချိန်မှာ ကိုယ့်အချိန်တွေကိုယူသုံးသွားတဲ့သူငယ်ချင်းက ပုန်းနေမှာသေချာပါတယ် )
.
.
3.. ဘယ်မူးယစ်ဆေးဝါးကိုမှ ယောင်လို့တောင် သွားမစမ်းပါနဲ့ ( “ ငါစိတ်န်ိုင်ပါတယ်ကွာ ” ဆိုတာ  အလကားပြောတာ .. မယုံကြည်ပါနဲ့ )
.
.
4.. ဆယ်တန်းမအောင်ခင်ကတည်းက ကိုယ်ဘာကိုဝါသနာပါတာလဲဆိုတာ အရင်ရှာထားပါ ( နောက်မှ ဇဝေဇဝါဖြစ်ရင် ကိုယ့်ရဲ့နုပျိုမှု နဲ့ အချိန်တွေက ပြန်မရပါဘူး )
.
.
5.. ဖတ်စာအုပ်နည်းနည်းပိုဖတ်ပေးပါ ( ဆရာတွေ နဲ့ သင်ပြမှုအရင်းအမြစ် - Educational Reference Source တွေက ဖတ်စာအုပ်ကိုပဲ တစ်ဝဲလည်လည် ညွန်းဆိုပါတယ် )
.
.
6.. လူမှုကွန်ယက်ကို အချိန်တစ်ဝက်ခွဲပြီး ပညာရေးနဲ့သက်ဆိုင်တဲ့ ရှာဖွေမှု - Research လုပ်ပါ ( Facebook မှာ အင်္ဂလိပ်လိုဖတ်စရာအများကြီးရှိပါတယ် )
.
.
7.. လူမှုအသင်းအဖွဲ့တွေကို ကူညီပါ ( အတန်းကျောင်းတွေပြီးသွားလို့ လူ့ဘဝထဲဝင်တဲ့အခါ ပြောဆိုဆက်ဆံရေး - Communication က အရေးကြီးလှတယ် )
.
.
8.. နွေရာသီကျောင်းပိတ်ရက်တွေမှာ အလုပ်သင်ပါ ( စားဝတ်နေရေးအတွက် အလုပ်ကြိုသင်ထားခြင်းအားဖြင့် စိတ်အာရုံပျံ့လွင့်မှု နဲ့ ပျက်စီးရာပျက်စီးကြောင်းကိုရောက်သွားဖို့ အခွင့်အရေးနည်းပါးစေပါတယ် )
.
.
9.. ရည်းစားကိစ္စ ခဏထားခဲ့ပါဦး ( ကိုယ်တိုင်ပညာတတ်ထားပြီးမှရှာ အသိပညာကြွယ်ဝတဲ့ကြင်ယာကိုရဖို့ အလားအလာပိုရှိပါတယ် )
.
.
10.. မိဘ နဲ့ ဆရာသမားတွေကို ရိုသေလေးစားရင်း မိမိကိုးကွယ်ရာဘာသာကို မြတ်နိုးတန်ဖိုးထား လိုက်နာပါ ( မိဘတွေက ကိုယ့်ကို လူဖြစ်အောင်မွေးတယ်။ ဆရာက ပညာတတ်ဖြစ်အောင်သင်တယ်။ ဘုရား၊ တရား၊ သံဃာ က မကောင်းတာမလုပ်ဖို့သွန်သင်ပေးတယ် ) ..

ဆိုတဲ့အချက်တွေကို စေတနာမြစ်ဖျားခံပြီး ဆရာ နဲ့ ကျောင်းသားထုကိုယ်စား သတင်းစကားပါးလိုက်ပါရစေ။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
10-09-2016


No comments: