ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, February 2, 2018

စိတ္ထဲမွာေျပာတဲ႕စကားကုိ ကိုယ္တြင္းနည္းျပအျဖစ္ေျပာင္းလုိက္ပါ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

"စိတ္ထဲမွာေျပာတဲ႕စကားကုိ ကိုယ္တြင္းနည္းျပအျဖစ္ေျပာင္းလုိက္ပါ"
"Transform Your Inner Critic Into An Inner Coach"

. အေမရိကန္စာေရးဆရာ ဂ်ိမ္းစ္အယ္လန္ - James Allen ေျပာတဲ႕စကားက သံေဝဂရစရာေကာင္းပါတယ္။ သူက . .

"လူသားတစ္ေယာက္ဟာ သူေတြးတဲ႕အတိုင္းမလြဲမေသြျဖစ္တယ္ - A Man Is Literally What He Thinks" ဆုိတဲ႕စကားက သတိထားစရာသိပ္ေကာင္းလြန္းေနတယ္။ (ဒီေနရာမွာ A Man ဆုိတဲ႕အသံုးအႏႈန္းက ေယာက္်ားတစ္ေယာက္ကုိေျပာတာမဟုတ္ပဲ လူသားအမ်ိဳးအႏြယ္တစ္ခုလံုးကုိေဖာ္က်ဴးပါတယ္)
.
. သူလုပ္ထားတဲ႕သုေတသနထဲက သာမန္လူ - Average Person ဆုိတာက မိတ္ေဆြတုိ႕ / ကြ်န္ေတာ္တို႕အပါအဝင္ ေန႕စဥ္လႈပ္ရွားရုန္းကန္ေနရသူအားလံုးကုိေျပာတာပါ။ သူ႕ေတြ႕ရွိခ်က္အရ လူသားေတြဟာ တစ္ေန႕မွာ မိမိကိုယ္မိမိ အၾကိမ္ (၅ဝဝဝဝ) စိတ္ထဲကေနစကားေျပာပါသတဲ႕ . .။
.
.
. တစ္ဆက္တည္း စိတ္ပညာေတြ႕ရွိခ်က္တစ္ခုကုိကုိးကားျပီး စိတ္ထဲကေနေျပာတဲ႕စကား - Self-Talk အားလံုးရဲ႕ (၈ဝ%) ဟာ အဆိုးျမင္အလုပ္ - Negative-Things ေတြျဖစ္ေနျပန္ပါတယ္။ ဥပမာ -
.
.
.
I shouldn't have said that -
ငါဒီစကားမေျပာလုိက္မိရင္အေကာင္းသား

.
They don't like me -
သူတုိ႕ ငါ႕ကိုမၾကိဳက္ဘူး
.
.
I'm never going to be able to pull this off -
ငါဟာဘယ္ေတာ႕မွ ဒါကိုရပ္ႏုိင္မွာမဟုတ္ဘူး
.
.
I don't like the way my hair looks today -
ဒီေန႕ငါ႕ဆံပင္ဘယ္လုိျဖစ္ေနတယ္မသိဘူး
.
.
That other team is going to kill us -
တစ္ဘက္အသင္းက ငါတုိ႕ကုိအေသေဆာ္ျပီကြ
.
.
I can't dance -
ငါ ကႏုိင္မွာမဟုတ္ဘူး
.
.
I'll never be a good skater -
စကိတ္စီးသမားေကာင္းတစ္ေယာက္ ငါျဖစ္လာမွာမဟုတ္ဘူး
.
.
I'm not a speaker -
ငါဟာ စကားေကာင္းေကာင္းေျပာတတ္သူတစ္ေယာက္မဟုတ္ဘူး
.
.
I'll never lose this weight -
ငါေတာ႕ ဒီတစ္သက္ ဝိတ္က်ေတာ႕မွာမဟုတ္ဘူး
.
.
I can't ever seem to get organized -
ငါဟာ ဘယ္ေတာ႕မွ အစီအစဥ္တက်မလုပ္တတ္ဘူး
.
.
I'm always late -
ငါေတာ႕ ေနာက္က်ျပန္ျပီ . . ဆုိတာမ်ိဳးပါ။
.
.
. တကယ္ေတာ႕ လူေတြမွာ စကားတစ္ခြန္းအျပင္ကိုေျပာထြက္ဖို႕ရာ အတြင္းပိုင္းစိတ္မွာအရင္ၾကံစည္ေလ႕ရွိပါတယ္။ ဒါေၾကာင္႕ ေကာင္းတဲ႕ကုန္ၾကမ္းနဲ႕ထုတ္လုပ္ရင္ ေကာင္းမြန္တဲ႕ပစၥည္းထြက္လာႏုိင္တဲ႕သာဓကကုိယူျပီး အတြင္းတစ္ေနရာကေန ေကာင္းမြန္တဲ႕အေတြးကုိေတြးျပီး ေကာင္းမြန္တဲ႕အလုပ္လုိက္တြဲပါႏုိင္ရင္ ေကာင္းျခင္းမဂၤလာေတြျဖစ္လာမွာအမွန္ပါဆုိတာကို စာေရးသူက ေထာက္ျပထားပါတယ္။
.
. "What if you replace any victim language in your thoughts with the language of empowerment" ဆုိတဲ႕ နီတိအပိုင္းေလးကုိလည္းဖတ္ၾကည္႕ပါဦး။
.
.
. တကယ္လုိ႕သာ ကြ်န္ေတာ္တုိ႕ရဲ႕ဒုကၡကိုညည္းညဴတဲ႕ဘာသာစကား - Victim Language ကေန ခြန္အားရွိေစတဲ႕သာသာစကား / အားတက္ေစတဲ႕အေျပာစကား - Language of Empowerment ေတြအျဖစ္ေျပာင္းလဲႏုိင္မယ္ဆိုရင္ မိတ္ေဆြရဲ႕ရုန္းကန္ေနရတဲ႕ဘဝေတြဟာ တမုဟုတ္ခ်င္းေျပာင္းလဲသြားႏုိင္တယ္ဆုိတာကုိသိေစခ်င္ပါတယ္။
.
.
. ဒါေၾကာင္႕
.
ငါ ဒီစကားမေျပာဘူး -
.
သူတုိ႕ငါ႕ကုိၾကိဳက္တယ္ - သူတုိ႕ငါ႕ကိုလုိလားတယ္ -
.
ဒီမေကာင္းတဲ႕ကိစၥကိုငါရပ္တန္းကရပ္မယ္ - . . စသျဖင္႕
.
. မိတ္ေဆြတို႕စိတ္ကုိ မိတ္ေဆြတို႕အားေပးျပီး မိမိကိုယ္တြင္းမွာ အနီးကပ္ၾကီးၾကပ္ေပးေနတဲ႕နည္းျပတစ္ေယာက္ရွိတယ္ဆုိတဲ႕စိတ္မ်ိဳးေမြးသင္႕ပါတယ္။
.
. ဒီအေတြးအေခၚဟာ ကမၻာ႕စာအုပ္ဖတ္သူအမ်ားစုရဲ႕ဘဝကုိေျပာင္းေပးခဲ႕တဲ႕နည္းတူ ကြ်န္ေတာ္တုိ႕ျမန္မာစာဖတ္သူတို႕ရဲ႕ဘဝေတြ ရပ္တန္႕မေနပဲ တစ္ဆင္႕ထက္တစ္ဆင္႕တိုးတက္ဖို႕အတြက္ စဥ္းစားေတြးေခၚအၾကံျပဳလိုက္ပါတယ္။
.
.
. ေအာက္ Comment ေတြမွာ မိတ္ေဆြရဲ႕ Victim Language ကေန Language of Empowerment ကို ေျပာင္းေပးသြားတဲ႕ အက်င္႕ေကာင္းေလးတစ္ခုခုကုိ ေရးခ် ခ်န္ထားေပးခဲ႕မယ္ဆုိရင္ေတာ႕ ဒီစာစု နဲ႕ မိတ္ေဆြတုိ႕ရဲ႕ Comment ေတြကိုဖတ္မိသူ ရာေပါင္းမ်ားစြာအက်ိဳးရွိသြားေစႏုိင္တဲ႕အေၾကာင္း သတင္းေကာင္းလက္ေဆာင္ ပါးလုိက္ပါရေစ။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 02-02-2018
.
Ref: "The Success Principles" by "Jack Canfield"

.
.
Unicode Version:
.
.
"စိတ်ထဲမှာပြောတဲ့စကားကို ကိုယ်တွင်းနည်းပြအဖြစ်ပြောင်းလိုက်ပါ"
"Transform Your Inner Critic Into An Inner Coach"
. အမေရိကန်စာရေးဆရာ ဂျိမ်းစ်အယ်လန် - James Allen ပြောတဲ့စကားက သံဝေဂရစရာကောင်းပါတယ်။ သူက . .

"လူသားတစ်ယောက်ဟာ သူတွေးတဲ့အတိုင်းမလွဲမသွေဖြစ်တယ် - A Man Is Literally What He Thinks" ဆိုတဲ့စကားက သတိထားစရာသိပ်ကောင်းလွန်းနေတယ်။ (ဒီနေရာမှာ A Man ဆိုတဲ့အသုံးအနှုန်းက ယောက်ျားတစ်ယောက်ကိုပြောတာမဟုတ်ပဲ လူသားအမျိုးအနွယ်တစ်ခုလုံးကိုဖော်ကျူးပါတယ်)
.
. သူလုပ်ထားတဲ့သုတေသနထဲက သာမန်လူ - Average Person ဆိုတာက မိတ်ဆွေတို့ / ကျွန်တော်တို့အပါအဝင် နေ့စဉ်လှုပ်ရှားရုန်းကန်နေရသူအားလုံးကိုပြောတာပါ။ သူ့တွေ့ရှိချက်အရ လူသားတွေဟာ တစ်နေ့မှာ မိမိကိုယ်မိမိ အကြိမ် (၅ဝဝဝဝ) စိတ်ထဲကနေစကားပြောပါသတဲ့ . .။
.
.
. တစ်ဆက်တည်း စိတ်ပညာတွေ့ရှိချက်တစ်ခုကိုကိုးကားပြီး စိတ်ထဲကနေပြောတဲ့စကား - Self-Talk အားလုံးရဲ့ (၈ဝ%) ဟာ အဆိုးမြင်အလုပ် - Negative-Things တွေဖြစ်နေပြန်ပါတယ်။ ဥပမာ -
.
.
.
I shouldn't have said that -
ငါဒီစကားမပြောလိုက်မိရင်အကောင်းသား

.
They don't like me -
သူတို့ ငါ့ကိုမကြိုက်ဘူး
.
.
I'm never going to be able to pull this off -
ငါဟာဘယ်တော့မှ ဒါကိုရပ်နိုင်မှာမဟုတ်ဘူး
.
.
I don't like the way my hair looks today -
ဒီနေ့ငါ့ဆံပင်ဘယ်လိုဖြစ်နေတယ်မသိဘူး
.
.
That other team is going to kill us -
တစ်ဘက်အသင်းက ငါတို့ကိုအသေဆော်ပြီကွ
.
.
I can't dance -
ငါ ကနိုင်မှာမဟုတ်ဘူး
.
.
I'll never be a good skater -
စကိတ်စီးသမားကောင်းတစ်ယောက် ငါဖြစ်လာမှာမဟုတ်ဘူး
.
.
I'm not a speaker -
ငါဟာ စကားကောင်းကောင်းပြောတတ်သူတစ်ယောက်မဟုတ်ဘူး
.
.
I'll never lose this weight -
ငါတော့ ဒီတစ်သက် ဝိတ်ကျတော့မှာမဟုတ်ဘူး
.
.
I can't ever seem to get organized -
ငါဟာ ဘယ်တော့မှ အစီအစဉ်တကျမလုပ်တတ်ဘူး
.
.
I'm always late -
ငါတော့ နောက်ကျပြန်ပြီ . . ဆိုတာမျိုးပါ။
.
.
. တကယ်တော့ လူတွေမှာ စကားတစ်ခွန်းအပြင်ကိုပြောထွက်ဖို့ရာ အတွင်းပိုင်းစိတ်မှာအရင်ကြံစည်လေ့ရှိပါတယ်။ ဒါကြောင့် ကောင်းတဲ့ကုန်ကြမ်းနဲ့ထုတ်လုပ်ရင် ကောင်းမွန်တဲ့ပစ္စည်းထွက်လာနိုင်တဲ့သာဓကကိုယူပြီး အတွင်းတစ်နေရာကနေ ကောင်းမွန်တဲ့အတွေးကိုတွေးပြီး ကောင်းမွန်တဲ့အလုပ်လိုက်တွဲပါနိုင်ရင် ကောင်းခြင်းမင်္ဂလာတွေဖြစ်လာမှာအမှန်ပါဆိုတာကို စာရေးသူက ထောက်ပြထားပါတယ်။
.
. "What if you replace any victim language in your thoughts with the language of empowerment" ဆိုတဲ့ နီတိအပိုင်းလေးကိုလည်းဖတ်ကြည့်ပါဦး။
.
.
. တကယ်လို့သာ ကျွန်တော်တို့ရဲ့ဒုက္ခကိုညည်းညူတဲ့ဘာသာစကား - Victim Language ကနေ ခွန်အားရှိစေတဲ့သာသာစကား / အားတက်စေတဲ့အပြောစကား - Language of Empowerment တွေအဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင် မိတ်ဆွေရဲ့ရုန်းကန်နေရတဲ့ဘဝတွေဟာ တမုဟုတ်ချင်းပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသိစေချင်ပါတယ်။
.
.
. ဒါကြောင့်
.
ငါ ဒီစကားမပြောဘူး -
.
သူတို့ငါ့ကိုကြိုက်တယ် - သူတို့ငါ့ကိုလိုလားတယ် -
.
ဒီမကောင်းတဲ့ကိစ္စကိုငါရပ်တန်းကရပ်မယ် - . . စသဖြင့်
.
. မိတ်ဆွေတို့စိတ်ကို မိတ်ဆွေတို့အားပေးပြီး မိမိကိုယ်တွင်းမှာ အနီးကပ်ကြီးကြပ်ပေးနေတဲ့နည်းပြတစ်ယောက်ရှိတယ်ဆိုတဲ့စိတ်မျိုးမွေးသင့်ပါတယ်။
.
. ဒီအတွေးအခေါ်ဟာ ကမ္ဘာ့စာအုပ်ဖတ်သူအများစုရဲ့ဘဝကိုပြောင်းပေးခဲ့တဲ့နည်းတူ ကျွန်တော်တို့မြန်မာစာဖတ်သူတို့ရဲ့ဘဝတွေ ရပ်တန့်မနေပဲ တစ်ဆင့်ထက်တစ်ဆင့်တိုးတက်ဖို့အတွက် စဉ်းစားတွေးခေါ်အကြံပြုလိုက်ပါတယ်။
.
.
. အောက် Comment တွေမှာ မိတ်ဆွေရဲ့ Victim Language ကနေ Language of Empowerment ကို ပြောင်းပေးသွားတဲ့ အကျင့်ကောင်းလေးတစ်ခုခုကို ရေးချ ချန်ထားပေးခဲ့မယ်ဆိုရင်တော့ ဒီစာစု နဲ့ မိတ်ဆွေတို့ရဲ့ Comment တွေကိုဖတ်မိသူ ရာပေါင်းများစွာအကျိုးရှိသွားစေနိုင်တဲ့အကြောင်း သတင်းကောင်းလက်ဆောင် ပါးလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 02-02-2018
.
Ref: "The Success Principles" by "Jack Canfield"

No comments: